← Chapters

အခန်း (၁၁၆)

Vol. 9 Ch. 116

အခန်း (၁၁၆)

Vol. 9 Ch. 116

လင်းဖေးဟန်ရဲ့ အကြည့်တွေက မန်နေဂျာ မလေးရဲ့ လှပတဲ့မျက်နှာတွင်သာ ရစ်ဝဲနေပြီး နူးညံ့တဲ့အသံနဲ့ မေးလိုက်သည်။

“ ဒီ KTV မှာ မင်းလို အလှလေး ရှိလား?”

လင်းဖေးဟန်ရဲ့ ခန့်ညားလှတဲ့ မျက်နှာကို ကြည့်မိပြီး မန်နေဂျာမလေး မထိန်းနိုင်စွာ မှင်သက်နေခဲ့သည်။

နေ့တိုင်း သူမ မရေမတွက်နိုင်တဲ့ ပိုက်ဆံရှိတဲ့သူ တွေကို ဝန်ဆောင်မှုပေးရသည်။ သူမကို အသားယူကြတာမျိုး ရှိခဲ့တာတောင်မှ အခု လင်းဖေးဟန်လိုမျိုးရင်ထဲ နင့်နေအောင် လုပ်နိုင်တဲ့သူ မရှိခဲ့ဖူးပေ။

ဒါပေမဲ့ မန်နေဂျာမလေး ခပ်မြန်မြန်ပဲ ပြန်တုံ့ပြန်လိုက်သည်။ လင်းဖေးဟန်ရဲ့ အဝေးကို အနည်းငယ် သွားလိုက်သည်။ သူမရဲ့ မျက်နှာသည် ရှက်သွေးဖြာနေခဲ့သည်။

“ သခင်လေး ကျွန်မတို့က ဒီမှာ အတည်အတံ့ စီးပွားရေးလုပ်နေတာပါ”

မန်နေဂျာမလေးရဲ့ မျက်နှာပေါ်က ရှက်သွေး ဖြာနေပုံကိုကြည့်ပြီး လင်းဖေးဟန် စိတ်ပျော်သွားသည်။ အနောက်က ခေါင်းဆောင်ငယ်တောင်မှ မန်နေဂျာမလေးကို တောက်လောင်နေတဲ့ မျက်လုံးများနဲ့ မနေနိုင်စွာ စိုက်ကြည့်နေခဲ့တာပင်။

လင်းဖေးဟန် ရယ်မောလိုက်ပြီး

“ စီးပွားရေးကတော့ အတည်အတံ့ ဟုတ်တာပေါ့။ ဒါပေမဲ့ လူကကော အတည်လား ဘာလား ငါမသိဘူး”

မန်နေဂျာမလေး ထပ်မံ တုန်လှုပ်သွားရကာ

“သခင်လေးက စနောက်တာ တစ်ကယ် တော်တာပဲ။ သခင်လေးတို့ နှစ်ယောက်မှာ သီးသန့်နေရာတွေ ဘာတွေ ရှိလားမသိဘူး”

ခေါင်းဆောင်ငယ် ချက်ချင်း ဖြေပေးလိုက်သည်။

“ မရှိဘူး။ ငါတို့အတွက် ဈေးအကြီးဆုံး အဆင့်မြင့် သီးသန့်အခန်းသာ ပြင်ပေးလိုက်။ သခင်လေးလင်းအတွက် ဈေးအကြီးဆုံး အခန်းကပဲ သင့်တော်တယ်”

လင်းဖေးဟန် ခေါင်းညိတ်လိုက်သည်။

“မှန်တယ်။ အကောင်းဆုံးဖြစ်ဖို့မလိုဘူး၊ ဈေးအကြီးဆုံးဖြစ်ရမယ်။ ငါ သခင်လေး လင်း အပေါ်ဆုံးအရာက ငွေပဲ”

လင်းဖေးဟန်ရဲ့ ချမ်းသာမှုကြီးကြောင့် မန်နေဂျာမလေး မျက်လုံးတွေပင် ဝေဝါးသွားသလို ခံစားလိုက်ရသည်။ ဒါက ကောင်းကင်ဘုံရဲ့ သားတော်လေးပဲ။ ယင်ကျောင်း KTV ရဲ့ မန်နေဂျာနဲ့အထက် တာဝန်ကျသူတွေက ဧည့်ဝန်ဆောင်မှု မပေးရဘူးဆိုတဲ့ စည်းကမ်းကြောင့်သာ မဟုတ်ရင် သူမဒီနေ့ လင်းဖေးဟန်အနောက်ကို လိုက်သွားပြီးနေပြီ။

ထို့နောက်တွင် မန်နေဂျာမလေးက မိတ်ဆတ် ပေးလာသည်။

“ ဇိမ်ခံမှုအတွက် အကောင်းဆုံး အခန်းတွေက ထျန်းပေါင်အခန်းနဲ့ အမြင့်ဆုံး အခန်းဆိုပြီး ရှိပါတယ်။ အမြင့်ဆုံးအခန်းက ယူထားပြီးပြီမို့ ထျန်းပေါင်အခန်းကို သွားပြီး ဖျော်ဖြေမှုလေး ကြည့်ဖို့ ဘယ်လိုနေပါသလဲ?”

မန်နေဂျာမလေးသည် မေးခွန်းထုတ်နေသော မျက်လုံးများဖြင့် လင်းဖေးဟန်နဲ့ ခေါင်းဆောင်ငယ်ကို တစ်လှည့်ဆီ ကြည့်လိုက်သည်။

လင်းဖေးဟန် ဘာမှတောင် မပြောရသေး၊ ခေါင်းဆောင်ငယ်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

“ ငါတို့ရဲ့ သခင်လေးလင်းက မင်းတို့ရဲ့ KTV ကို မျက်နှာသာပေးပြီး ရောက်လာခဲ့တာ။ သူပြောသွားတာ မကြားဘူးလား? ဈေးအကြီးဆုံးဖြစ်ရမယ်။ အကောင်းဆုံး မဟုတ်ဘူး။ ဘယ်သူက လုပ်ရဲကိုင်ရဲနဲ့ အမြင့်ဆုံးအခန်းကို ယူရဲရတာလဲကွ? သူတို့ကို အခု ထွက်ခိုင်းလိုက်။ မြင့်မြတ်တဲ့ သခင်လေးလင်းပဲ အမြင့်ဆုံးအခန်းကို ယူနိုင်မယ်!”

“ဒါက..” မန်နေဂျာမလေး အနည်းငယ် အခက်တွေ့နေခဲ့သည်။

အမြင့်ဆုံးအခန်းကို ဘိုကင်တင်နိုင်တဲ့သူက ချမ်းသာတဲ့သူနဲ့ အထက်တန်းစားများသာ ရှိသည်။ သူမ ဖောက်သည်ကို စိတ်တိုသွားအောင် မလုပ်ချင်ဘူး။

ခေါင်းဆောင်ငယ်ရဲ့ စကားတွေကို ကြားပြီး လင်းဖေးဟန် မျက်မှောင်ကြုတ်သွားသည်။ ဒီလူ နည်းနည်း အနိုင်ကျင့်ရာ ကျနေပြီ!

ပြောရရင် ငါဒီကို အပျော်ရှာဖို့ပဲလာခဲ့တာပဲ။ ဘာကိစ္စ ပြဿနာ ရှာနေရမှာလဲ?

လင်း​ဖေးဟန် လက်ယမ်းပြလိုက်ပြီး ခေါင်းဆောင်ငယ်ကို ဆူလိုက်သည်။

“ ငါတို့ဒီကိုပျော်ဖို့လာတာ၊ အခုလို ကိစ္စအတွက်နဲ့ ရန်ဖြစ်ဖို့ မလိုဘူး။ မန်နေဂျာ လမ်းပြပါ”

“ဟုတ်ကဲ့ပါ။ နှစ်ယောက်လုံး ဒီဘက်ပါရှင့်”

ထိုစကားကိုကြားပြီးနောက်မှာ မန်နေဂျာမလေး နောက်ဆုံး စိတ်သက်သာရာရသွားပြီး လင်းဖေးဟန်ကို မတူညီစွာ ကြည့်လိုက်သည်။

ဒီလောက်ချောတဲ့ ယောက်ျား! ဘဝင်လဲ လုံးဝ မဟပ်ဘူး! လုံးဝကို လူငယ်တွေရဲ့ စံပြ ပုဂ္ဂိုလ်ပဲ။

လင်းဖေးဟန်ကို ရိုကျိုးစွာ ကြွရောက်ဖို့ လက်ဟန်ပြလိုက်ပြီးနောက်မှာ မန်နေဂျာမလေးက မေးလိုက်သည်။

“ သခင်လေး ဒီကို ပထမဆုံး ရောက်ဖူးတာ ပါလား?”

မန်နေဂျာမလေးသည် ရည်ရွယ်ပြီးဖြစ်ဖြစ်၊ မရည်ရွယ်ပဲဖြစ်ဖြစ် လင်းဖေးဟန်ကို မြူဆွယ်သော အကြည့်ဖြင့် မကြာခဏ ကြည့်လာသည်။

“သခင်လေး ကားပါကင်က အထူးထုတ် Lincoln ကားက ရှင့်ကားမလား? ကားကတစ်ကယ် အရှည်ကြီးပဲ!”

လင်းဖေးဟန် ရယ်လိုက်သည်။

မင်းက ကားရဲ့အရှည်ကို ပြောနေတာလား?

အင်း ငါ့ညီလေးလဲ တော်တော်ရှည်တယ်။

ထို့နောက်မှာ မန်နေဂျာမလေးသည် လှေကား တပ်လိုက်ရ၍ အရမ်း ပင်ပန်းသွားဟန် ဆောင်လိုက်ကာ လင်းဖေးဟန်ရဲ့ လက်မောင်းကို ခိုတွဲလိုက်သည်။ လင်းဖေးဟန်ရဲ့ လက်မောင်းကို ပွတ်သပ် နေလိုက်ပြီး

“ သခင်လေး ဒီကိုရောက်တဲ့အခါမှာ အတူသောက်ပေးဖို့ အဖော်လိုသေးလား? ရှင်လိုရင် စည်းကမ်းဖောက်ပြီး ကျွန်မ တစ်ကယ်လာသောက်ပေးလို့ ရတယ်။ ရှင် ကျွန်မကို ဘယ်လိုတွေးလဲ?”

ဆွဲဆောင်မှုရှိသော မန်နေဂျာမလေးကို လင်းဖေးဟန် တစ်ချက်ကြည့်လိုက်သည်။ ဒါပေမဲ့ ဘာမှ မပြော​ပေ။

သူဒီကို အပျော်လာရှာတာ မှန်ပေမဲ့ တွေ့သမျှ သူတိုင်းနဲ့ အိပ်ယာထဲသွားမှာ မဟုတ်ဘူး။

ဘေးမှာရှိနေတဲ့ ခေါင်းဆောင်ငယ်သည် မနာလိုတဲ့ မျက်လုံးများနဲ့ ကြည့်နေပြီး မန်နေဂျာမလေး သူ့လက်မောင်းသာ လာဖက် လိုက်ပါတော့ဟု ဆုတောင်းမိတော့သည်။

လင်းဖေးဟန် ဘာမှပြန်မပြောလာတာကို တွေ့တော့ မန်နေဂျာမလေး အမြန်ပြောလိုက်သည်။

“ ကျွန်မတို့မှာ မန်နေဂျာတွေက ဧည့်သည်လက်မခံရသလို အတူ မသောက်ရဘူးဆိုတဲ့ စည်းကမ်း ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်မက ကောင်းမွန်တဲ့အိမ်က ဖြစ်ပြီး ခန္ဓာကိုယ်က သန့်ရှင်းပါတယ်။ ရှင် လိုချင်ရင် ဒီည ကျွန်မက ရှင့်အပိုင်ပဲ”

မန်နေဂျာမလေးသည် ဒီအခွင့်အရေးကို လက်လွတ်မခံချင်ပေ။ ဒီ KTV ကို လာသမျှ သူတိုင်းက အဘိုးကြီးတွေ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သတ်လတ်ပိုင်းအရွယ်တွေ ကြည့်ပင်။ အဲ့လိုမှမဟုတ်ရင် ချမ်းသာတဲ့ ဘဝင်မိုးခိုက်နေတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသား လူငယ်တွေဖြစ်သည်။ ထို့အပြင် အဲ့ဒီလူတွေက လင်းဖေးဟန်လောက် ချောတာ တစ်ယောက်မှ မရှိဘူး။

သူမရဲ့အရှေ့က သူက အပျော်ရှာချင်ရုံ သက်သက်ပဲဖြစ်ပြီး အရပ်လဲရှည်၊ ချမ်းလဲ ချမ်းသာတဲ့ အပြင် ချောမောတဲ့သူ့ကိုယ်သူ အရက်အတူသောက်တဲ့ မိန်းကလေး တစ်ယောက်ကို ပေးချင်နေပုံမရှိဘူး။

“ ရေနဲ့နီးတဲ့သူက လ ကို အရင်မြင်ရတယ်” ဆိုတဲ့အတိုင်းပဲ သူမသာ အခွင့်အရေးကို ယူနိုင်ပြီး ဒီလူကို အပိုင်ဆွဲလိုက်နိုင်ရင် အရင်ဘဝရဲ့ ကုသိုလ်ကောင်းကျိုး လုပ်ခဲ့တာတွေ နောက်ဆုံးအကျိုးထူးပြီ လို့ကို ပြောရမှာဖြစ်သည်။

သခင်လေးရဲ့ အမွေခံကိုသာ မွေးပေးလိုက်နိုင် လို့ကတော့ သူမအတွက် ဘဝပေါင်းများစွာ ထိုင်စားဖို့ လောက်သွားမှာပင်။

လင်းဖေးဟန် ရယ်လိုက်သည်။

“ အိုး အဲ့လိုလား?”

လင်းဖေးဟန် အနည်းငယ် စိတ်ပါနေခဲ့သည်။ သူ မန်နေဂျာမလေးကို ကြည့်လိုက်သည်။ ဒီ မန်နေဂျာမလေးက လုရွှယ်ယင်လောက် မကျော့ရှင်းသလို၊ စုရှင်းယွဲ့လောက်လဲ မသန့်စင်ပေမဲ့ လျှို့ရှင်းယာနဲ့ နှိုင်းယှဥ်လို့ ရတဲ့ ကိုယ်လုံးနဲ့ သီးခြားခံစားချက်ကို ပေးစွမ်း နိုင်သည်။

တစ်ခါတစ်လေမှာ မင်းနေ့တိုင်း တစ်မျိုးထဲ စားနေရင် ရိုးအီတတ်ဖူးတယ်မလား? သင့်တော်သလို ပြောင်းလဲ စားသောက်ပေးဖို့ လိုတယ်လေ။

ထိုအချိန်မှာ ဒီကိုရောက်လာရတဲ့ တစ်ကယ့် အကြောင်းအရင်းကို ရုတ်တရက် ခေါင်းဆောင်ငယ် အမှတ်ရသွားသည်။ သူ မနေနိုင်စွာ အသက်တစ်ချက် အရင် ရှုသွင်းလိုက်သည်။ ပြဿနာ တက်တော့မလို့..

လင်းဖေးဟန်သာ အခု မန်နေဂျာမလေးနဲ့ ဓားသိုင်းကစားလိုက်ရင် မနက်ကျရင် သေချာပေါက်သူ့ကို အပြစ်တင်တော့မှာ။

ခေါင်းဆောင်ငယ် ခြောက်ကပ်ကပ် ခြောင်းဟန့် လိုက်ပြီး လင်းဖေးဟန် နားနားကပ်ကာ ပြောလိုက်သည်။

“ မစ္စတာလင်း တော့ပ်စတား”

တစ်ကယ်တော့ သူလဲ လင်းဖေးဟန်နဲ့ အတူလိုက်လာပြီး တော့ပ်စတားဆိုတာ ဘယ်လိုမျိုးလဲ တွေ့ချင်နေခဲ့တာ ဖြစ်သည်။ အရင်တုန်းက ရထားဘူတာတွေ အောက်က ပန်းရောင်အလင်းတစ်ချို့ အောက်မှာ ယွမ် တစ်ရာ နှစ်ရာလောက်သုံးပြီးပဲ အပျော်ရှာ နိုင်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ အခု မတူတော့ ဘူးလေ။ သူ အရင်လို အမြင်ကျဥ်းနေလို့ မရတော့ဘူး။

ခေါင်းဆောင်ငယ်ရဲ့ သတိပေးစကားကို ကြားလိုက်မှ လင်းဖေးဟန် ရုတ်ချည်း အမှတ်ရသွားပြီး သူ့ရဲ့မျက်လုံးတွေ လင်းသွားသည်။

သူ့အရှေ့က မန်နေဂျာမလေးကို ကြည့်ရင်း သူထပ်ပြီး စိတ်မလှုပ်ရှားလာတော့ပေ။

သူ့အရှေ့က ဒီကောင်မလေးရဲ့ တော်လှတဲ့ မြူဆွယ်တဲ့စကေးကို တစ်ကယ်ပဲ အသိအမှတ် ပြုသင့်သည်။ သူ့ရဲ့ဓားကိုတောင် ထုတ်မိတော့မလို့!

ဓားဆိုတာမျိုးက ထိုက်တန်တဲ့သူနဲ့ တွေ့မှသာ ထုတ်သင့်သည်။

ဘာလို့ဆို ဓားထုတ်လိုက်မိရင် သွေးထွက် တတ်တယ်လေ!

သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသား တစ်ယောက်ပဲ။ သူ ဒီတစ်ခေါက် လောကအလယ်ကို ထွက်လာရခြင်းက တော့ပ်စတားကို ရှာဖို့ပဲ၊ မန်နေဂျာနဲ့ ဓားသိုင်း ကျင့်ဖို့မဟုတ်ဘူး။

မန်နေဂျာက ကြည့်လို့ကောင်းပြီး လှပပြီး တော့ပ်စတားနဲ့ ယှဥ်နိုင်ရင်တောင် ဘာလုပ် ရမှာလဲ?

ချမ်းသာတဲ့ ဒုတိယမျိုးဆက် လူငယ် တစ်ယောက်က KTV ကို လာပြီး အပေါ်ထပ်ကို မသွားဘဲ လူတွေကိုတောင် မကြည့်သွားရဘဲ မန်နေဂျာဆီမှာ တန်းပြီး ပါသွားတယ်လို့ သတင်းထွက်သွားရင် ဟာသ ဖြစ်သွားမှာပေါ့။

All Chapters