← Chapters

အခန်း (၁၁၇)

Vol. 9 Ch. 117

အခန်း (၁၁၇)

Vol. 9 Ch. 117

လင်းဖေးဟန်ရဲ့ လက်ရှိအနေအထားအရ မြင်မြင်သမျှ ဘာကိုမဆို စားချင်နေလောက် အတဲ့အထိတော့ သူ ဆာလောင်မနေခဲ့ပေ။

“ နောက်တစ်ခေါက်မှပေါ့။ ဒီအကြောင်း နောက်တစ်ခေါက်မှ ပြောကြတာပေါ့!”

လင်းဖေးဟန် ချက်ချင်းပဲ သူ့ရဲ့လက်မောင်းကိုပါ ပြန်ဆွဲယူလိုက်သည်။

ဒါကိုမြင်တော့ မန်နေဂျာမလေးသည် ခေါင်းဆောင်ငယ်ကို အထွန့်တက်စွာ ကြည့်လိုက်သည်။ ထိုအကြည့် တစ်ချက်ကြောင့် ခေါင်းဆောင်ငယ် ဓာတ် လိုက်သွားရတော့သည်။

ဒီနေရာရဲ့ ဈေးက မြင့်ရတဲ့ အကြောင်းအရင်း ရှိသည်။ သူ အခုရလိုက်တဲ့ ရှော့ရမှုက ယွမ် တစ်ရာ နှစ်ရာတန် ပန်းရောင်မီးနဲ့ လုံးဝကို နှိုင်းယှဥ်လို့ မရဘူး။

“ သခင်လေး ဒီဘက်ကို ကြွပါရှင့်”

မန်နေဂျာမလေး ရွေးစရာမရှိတော့ဘဲ အတင်းအကျပ် မပူဆာတော့ပေ။

နေရာကို ရောက်တဲ့အခါမှာ မန်နေဂျာမလေးက တံခါးဖွင့်ပေးလိုက်ပြီး လင်းဖေးဟန် ဝင်ဖို့ ရိုကျိုးစွာ လက်ဟန်ပြုလိုက်သည်။

လင်းဖေးဟန် အခန်းထဲ ဝင်ပြီးနောက်မှာ အခန်းရဲ့အပြင်အဆင်ကို မလေးစားဘဲ မနေနိုင်ပေ။

“ မဆိုးပါဘူး။ ဒီက အပြင်အဆင်က အဆင့်အတန်းမြင့်သားပဲ!”

ထူးခြားကောင်းမွန်တဲ့ အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး လင်းဖေးဟန် ဆိုဖာမှာ ခြေချိတ် ထိုင်လိုက်သည်။

“ သခင်လေး ဘာသောက်ချင်ပါသလဲ?”

လင်းဖေးဟန် မီနူးစာရွက်ကို ကြည့်လိုက်ချိန်မှာ 1888 ယွမ်ကနေ 58888 ယွမ်အထိ ရှိတာကို မြင်လိုက်သည်။

လင်းဖေးဟန် 58888ယွမ် တန်ကို မရွေးလိုက်ပေ။ ဘယ်လိုပဲပြောပြော လူနှစ်ယောက်စာပဲ ဖြစ်တဲ့အတွက် အနည်းငယ် ဖြုန်းရာကျသည်လေ။ ထိုပိုက်ဆံကို နောက်မှ ဂိမ်းထဲမှာ စကင် ဝယ်ပစ်လိုက်မယ်။

ထိုအချိန်မှာ လင်းဖေးဟန် 38888ယွမ်တန် ဟင်းပွဲကိုပဲ ပုံမှန်လို မှာလိုက်ပြီး ခေါင်းဆောင်ငယ်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်ငယ် ချက်ချင်း အထာပေါက် သွားသည်။

“ မန်နေဂျာ ငါကြားတာ မင်းတို့ဆီမှာ ပစ္စည်းကောင်းတွေ ရှိတယ်ဆို? ထိပ်ဆုံးတန်းတွေလေ? အဲ့ဒီကောင်မလေး တွေကိုမစ္စတာလင်း မြင်ရအောင်လို့ ဖိတ်ခဲ့လို့ ရမလား?”

ထိုစကားကို ကြားတော့ မန်နေဂျာမလေး အနည်းငယ်တော့ ဝမ်းနည်းသွားသည်။

သေချာပေါက်ကို သခင်လေးက ငါ့ကို မကြိုက်ဘဲ အဲ့ဒီထိပ်တန်းဆိုတဲ့ ဟာမတွေကို လာကြည့်တာပဲ။ အဲ့ဒီဟာမလေးတွေတော့ ကံကောင်းသွားတယ်။

ဒါပေမဲ့ မန်နေဂျာမလေးသည် ဒေါ်သသံ မပေါက်စေဘဲ ဖြေးဖြေးလေး ပြောလိုက်သည်။

“ ဟုတ်ကဲ့ပါ သခင်လေး ကျေးဇူးပြုပြီး ခဏစောင့်ပါနော်။ ကျွန်မ ကောင်မလေးတွေကို ခေါ်ခဲ့ပါ့မယ်”

ထို့နောက်မှာ မန်နေဂျာမလေးသည် ခဏ ရပ်သွားပြီး လင်းဖေးဟန်နဲ့ ခေါင်းဆောင်ငယ်ကို တစ်လှည့်ဆီ ကြည့် လိုက်သည်။

“ ကျွန်မတို့ဆီမှာ ထိပ်တန်းကောင်မလေး တစ်ယောက်ရှိပါတယ်။ သူမက ကောလိပ်ကျောင်းသူပဲ ရှိသေးပြီး သာမာန်ကျောင်းသူလေးပါ။ အပျိုလေးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီကောင်မလေးက ပြင်းထန်တဲ့ စိတ်ဓာတ်ရှိပြီး သေချာ မလေ့ကျင့် ပေးရသေးပါဘူး။ သခင်လေး ကြိုးစားကြည့်ချင်မလား သိချင်ပါတယ်?”

လင်းဖေးဟန် ပြုံးလိုက်ပြီး

“ ကိစ္စမရှိဘူး ငါတို့ဒီကို ကမ္ဘာကြီးကို ကြည့်ဖို့ လာရုံတင်ပဲ။ သူမကို ကြည့်ဖို့ခေါ်ခဲ့လိုက်ပါ”

“ဟုတ်ကဲ့ပါ”

လင်း​ဖေးဟန် ကမ္ဘာကြီးကို ကြည့်ဖို့သက်သက် လာတယ်ဆိုတာကို မန်နေဂျာမလေး လုံးဝ မယုံပေ။ ကမ္ဘာကြီးကို ကြည့်ဖို့လာတဲ့ ဘယ်သူကများ တန်းပြီး ထိပ်တန်းကောင်မလေးကို ခေါ်ခိုင်းလို့လဲ?

လင်းဖေးဟန် ထိုကောင်မလေးကို မကိုင်တွယ်နိုင်လို့ စိတ်ဝင်စားမှု ပျောက်သွားမှာ စိုးတာမို့ မန်နေဂျာမလေး တစ်ခါထဲ ပြောပြလိုက်သည်။

“ ဒီလိုပါ သခင်လေးလင်း ကျွန်မတို့ KTV က အတူသောက်ပေးဖို့ပဲ အကုန်လုံးကို တာဝန် ပေးထားတာပါ။ ကျန်တဲ့ကိစ္စက သခင်လေး ကိုယ်တိုင် ပြောကြည့်လိုက်ပါ”

ခေါင်းဆောင်ငယ် ရယ်လိုက်ပြီး

“ မန်နေဂျာစိတ်မပူပါနဲ့ ငါတို့ဒီလိုနေရာနဲ့ ရင်းနီးပါတယ်။ လူတွေအများကြီးနဲ့ မိတ်ဆက်ပေးဖို့မလိုဘူး။ သခင်လေးလင်း အတွက် မင်း ပိုပြင်ဆင်ပေးလိုက်ပါ။ ငါ့အတွက် ပြင်ဆင်ပေးလို့လဲရတယ်။ ငါက ထူးခြားတဲ့သူမျိုးတွေ ကြိုက်တယ်။ အထူးသဖြင့် မင်းလို ခပ်ပြည့်ပြည့် သူတွေပေါ့ ဟီးဟီး”

“ နားလည်ပါပြီ ကျေးဇူးပြုပြီး ခဏစောင့်ပါ”

ခေါင်းဆောင်ငယ်ရဲ့ စကားကို နားထောင်ပြီး နောက်မှာ မန်နေဂျာမလေး အနည်းငယ် ကူကယ်ရာမဲ့သွားတာမို့ ချက်ချင်း လှည့်ထွက် သွားလိုက်သည်။

မကြာခင်မှာ မန်နေဂျာမလေးသည် ကျောင်းသူလေးနဲ့ ဆွဲဆောင်မှုရှိလှသော ကောင်မလေးများကို ခေါ်လာခဲ့သည်။

လင်းဖေးဟန် သူ့အရှေ့မှာ ရပ်နေတဲ့ ကျောင်းသူလေးကို ကြည့်လိုက်သည်။ ဒါပေမဲ့ သူကြည့်မိလေလေ တစ်ခုခု မှားယွင်းနေသလို ခံစားရလေလေပဲ။

အရှေ့က ကျောင်းသူလေးက ရုပ်မလှလို့လား၊ ခန္ဓာကိုယ် ဆွဲဆောင်လို့ မရှိလို့လား ဆိုတော့လဲ မဟုတ်နေဘူး။

အရှေ့က ကျောင်းသူလေးကို စာကြောင်း တစ်ခုနဲ့ ဖော်ပြနိုင်သည်။ (တော်တော်လေး လှတယ်)

ဒီကောင်မလေးက ကောင်းမွန်တဲ့ ခန္ဒာကိုယ်နဲ့ အလှတရားရှိတဲ့ ထိပ်တန်းကောင်မလေးပဲ။

သူမရဲ့ အရပ်ကလဲ 1.7 မီတာလောက် ရှိသည်။ ရှည်သွယ်သွယ် ခြေတံရှည်များက သူမရဲ့ လည်ပင်းဖြူလေးကဲ့သို့ သွယ်လျပြီး ဆွဲဆောင်မှုရှိသည်။ အနက်ရောင် ဆံနွယ်ရှည်များက ပုခုံးထက်မှာ ဝဲဖြာနေသည်။

လင်းဖေးဟန်ရဲ့ မျက်လုံးတွေက သူမကို မြင်တာနဲ့ လက်သွားရသည်။ ပြောရရင် အခုလို အလှမျိုးက လုရွှယ်ယင်နဲ့ နှိုင်းယှဥ်လို့ပင် ရသည်။

သူမရဲ့ ပုံပန်းသွင်ပြင်ကိုက အထက်တန်းကျသည်။ ထို့အပြင် သူမရဲ့ ခန္ဒာကိုယ်ကနေ စာအုပ်နံ့ပြင်းပြင်းကို ရနေရသည်။

ပျက်ဆီးနေတဲ့ KTV မှာ ရှင်သန်နေရတဲ့ ဘဝနဲ့ လုံးဝ မအပ်စပ်လှပေ။

ကောင်မလေးသည် အပြာဖျော့ဂါဝန်လေးကို ဝတ်ထားသည်။ ဘေးအိမ်က ကောင်မလေး ဇာတ်ရုပ်နဲ့ ပိုပြီးတောင် ဆင်တူနေသေးသည်။

လင်းဖေးဟန် မနေနိုင်စွာ မျက်မှောင်ကြုတ် သွားသည်။ ဒါက တော့ပ်စတားဆိုတဲ့သူလား?

အနည်းငယ် ကွဲပြားတာပဲ။

ဒီကောင်မ​လေးက အလှဆုံးလို့ ပြောတာကို လင်းဖေးဟန် ယုံသည်။ ဒါပေမဲ့ ဒီကောင်မလေးက ဘယ်သူ့ရဲ့ ခြေရာလက်ရာ ထိတွေ့ခြင်းကိုမှ မခံထားရတဲ့ အလှဆုံး ကောင်မလေး ဆိုတာတော့ မယုံဘူး။

ဒီကောင်မလေးရဲ့ ပုံစံက စွန်းရှင်းယွဲ့နဲ့ လုရွှယ်ယင်တို့ ပေါင်းစပ်ထားသည်လို့ ပြောရသည်။ စွန်းရှင်းယွဲ့ရဲ့ သန့်စင်ခြင်းမျိုး ရှိသလို လုရွှယ်ယင်ကဲ့သို့ ထူးခြားသည့် ပင်ကိုယ်ဟန်ရှိသည်။

လင်းဖေးဟန် အရှေ့က ကျောင်းသူလေးကို အကြာကြီး စိုက်ကြည့်နေခဲ့ပြီး ဘာမှ မပြောခဲ့ပေ။ ဘေးက ခေါင်းဆောင်ငယ်သည် လင်းဖေးဟန်ကို သံသယရှိစွာ ကြည့်လိုက်ပြီး အသံနိမ့်နဲ့မေးလိုက်သည်။

“ မစ္စတာလင်း သူမကို ကြိုက်လို့လား?”

“ မကြိုက်ဘူးဆိုရင် လူလဲရအောင်လေ”

လင်းဖေးဟန် ဘာမှ မပြောပြန်သေးတာကို တွေ့တော့ ခေါင်းဆောင်ငယ် မနေနိုင်တော့ပေ။ သူ စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်သည်။

“ မစ္စတာလင်း?”

လင်းဖေးဟန် အသိပြန်ကပ်သွားပြီး လက်ယမ်း ပြလိုက်သည်။

“ ဟုတ်ပြီ! ဒီတစ်ယောက်ကို ရွေးတာပေါ့!”

မန်နေဂျာ စိတ်သက်သာရာရသွားပြီး ကျောင်းသူလေးကို တန်းပြီး ပို့ပေး လိုက် တော့သည်။

“ နင်အခုထိ ဒီမှာဘာလုပ်နေသေးတာလဲ? ဘေးမှာထိုင်ပြီး သီချင်းကူရွေးပေးလိုက်လေ!”.

မန်နေဂျာမလေးသည် ထို့နောက်တွင် လင်းဖေးဟန်ဘက်ကို လှည့်ပြီး ရိုကျိုးစွာ မေးလိုက်သည်။

“ သခင်လေး သူမက မနေ့ကမှ အင်တာဗျူးဖြေထားပြီး ဒီနေ့မှ စရောက်တာပါ။ သခင်လေးက သူမရဲ့ ပထမဆုံး ဖောက်သည်ပါပဲ။ သူမ ဒါတွေနဲ့ သိပ်ပြီးမရင်းနီးသေးဘူး။ အနည်းငယ် မဖော်ရွေရာ ကျသွားတာမျိုးရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်။ သူမ ကိုယ်စား တောင်းပန်ပါတယ်”

“ မကျေနပ်တာရှိရင် ကျွန်မကို အချိန်မရွေး ခေါ်လို့ရပါတယ်။ အချိန်ကောင်းလေး ရဖို့ ဆုတောင်းပါတယ်”

“ ကောင်းပြီး ဆင်းနှင့်ပါ!”

လင်းဖေးဟန် လက်ယမ်းပြပြီး မန်နေဂျာမလေးကို ထွက်သွားခိုင်းလိုက်သည်။

မထွက်သွားခိုင်းလိုက်ရင် ထိုင်များ ကြည့် နေမလားပဲ?

မန်နေဂျာမလေး ထွက်သွား​ပြီးနောက်မှာ သူနဲ့ တစ်မီတာလောက် အဝေးမှာ ထိုင်နေတဲ့ ကျောင်းသူလေးကို ကြည့်ပြီး လင်းဖေးဟန်ပင် အနည်းငယ် ရှက်လာသည်။

ဒါက အတူသောက်ပေးတဲ့ အဖော်ရော ဟုတ်ရဲ့လား? ဘယ်ဝန်ဆောင်မှု ပေးတဲ့သူက ဖောက်သည်ရဲ့ တစ်မီတာလောက် အဝေးမှာ သွားထိုင်နေလို့လဲ? ဖောက်သည်နဲ့ အသားချင်း ပူးကပ်နေအောင် ထိုင်ကြပြီး တစ်ခန္ဓာထဲ ဖြစ်တဲ့နီးနီးကို ကပ်နေကြတာလေ။

ဘာမှမပြောဘဲ ခေါင်းဆောင်ငယ်ကိုသာ ကြည့်လိုက်တော့။ ထိုအချိန်မှာ ခေါင်းဆောင်ငယ်ကို အရက်ထည့်ပေးနေတဲ့ ခပ်လန်းလန်းအမကြီးဆို သူမရဲ့တင်ပါးက ခေါင်းဆောင်ငယ်ရဲ့ ပေါင်ပေါ်ပင် ရောက်နေပြီ။ ခေါင်းဆောင်ငယ်အနောက်က လိုက်ပြီး အီစီကလီ လုပ်ပေးနေသည်။

လင်းဖေးဟန် အနည်းငယ် စိတ်ရှုတ်စွာ မျက်မှောင်ကြုတ်သွားသည်။

“ မင်း ဒုံဝမ်းမှာ လေ့ကျင့်းရေး မဆင်းခဲ့ ရဘူးလား? ဒုံဝမ်းရဲ့ လေ့ကျင့်ရေးဆင်းထားတဲ့ ရလဒ်ကဒါလား? မင်း ဒုံဝမ်းမှာ ဘယ်လို လှည့်စားမှုတွေ ကစားလာတာလဲ?”

လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ ခေါင်းဆောင်ငယ်က ချက်ချင်းပဲ ကျောင်းသူလေးကို လှည့်ကြည့်လာသည်။ ထို့နောက်တွင် စားပွဲပေါ်ရှိ အသီးတစ်ခုကို ယူကာ ကျောင်းသူဘက်ကို ပစ်လိုက်ပြီး ကြောက်မက်ဖွယ် စိုက်ကြည့်ပေးလိုက်ကာ

“ မင်းကို ဒီမှာပျော်ပါးပေးဖို့ ခေါ်ထားတာ။ ဇွန်ဘီတစ်ကောင်လို ထိုင်ခိုင်းဖို့ မဟုတ်ဘူး”

All Chapters