အခန်း (၁၁၈)
Vol. 9 Ch. 118
“ မင်းဒီမှာ ဘာလုပ်နေသေးတာလဲ? မြန်မြန် မစ္စတာလင်းအနားကို သွားပြီး အရက်ငှဲ့ပေးလေ!”
“ မင်း ပိုက်ဆံရှာချင်သေးရဲ့လား? မင်း ကန်းနေတာလား!”
လင်းဖေးဟန် ခေါင်းဆောင်ငယ်ကို စိတ်ကျေနပ်စွာကြည့်လိုက်သည်။ တစ်ကယ်ကို ဒီလူက သူ့အတွက် အကောင်းဆုံး အစေအပါးပဲ။ အရမ်း သင့်တော်တယ်။ သူပြောချင်တာကို တန်းပြောသွားတာပဲ။
ဒါပေမဲ့ သူ့ရဲ့အနေအထားနဲ့ကျ ကောင်မလေးတွေကို ထိုသို့ ဆူလို့မကောင်းဘူးလေ။
ခေါင်ဆောင်ငယ်ရဲ့ ဘေးက ကောင်မလေးက အမြန်ဝင်ပြောလိုက်သည်။
“မစ္စတာလင်း စိတ်မဆိုးပါနဲ့”
“ ကျွန်မက ဒုံဝမ်းမှာ ပုံမှန်ကျတဲ့ လေ့ကျင့်ရေးကို ကျင့်ခဲ့တဲ့ တော့ပ်စတားပဲ။ ကျွန်မတို့ဆိုင်မှာ ဒုံဝမ်းကို လေ့ကျင့်ဖို့ သွားခဲ့တဲ့ သူက ငါးယောက်ပဲ ရှိပါတယ်”
“ ကျွန်မတို့ လေ့ကျင့်ခဲ့ရတဲ့ အတွက် လက်တွေ့လဲ ဆင်းခဲ့ရပါတယ်။ ပရော်ဖက်ရှင်နယ်ကျတဲ့ အပြုအမူတွေ အားလုံးကို ကျွန်မတို့ အကုန် တွေ့ကြုံထား ပြီးသားပါ”
“ ဒါပေမဲ့ ဒီညီမလေးက မနေ့ကမှ ရောက်ပြီး ကျွန်မနဲ့လဲ သိပ်မရင်းနီးသေးပါဘူး။ သူမက အပျိုပဲ ရှိသေးတာမို့ ထိပ်ဆုံးတန်းထဲ ဝင်သွားခဲ့တာပါ”
ထိုကောင်မလေးသည် ခေါင်းဆောင်ငယ်ကို အသီးတစ်လုံး ခွံ့ကျွေးလိုက်ကာ အပြုံးလေးနဲ့ ပြောလိုက်သည်။
“ အခုလို အပျိုလေးတွေကို ဒုံဝမ်းမှာ လေ့ကျင့်ဖို့အတွက် မပို့ပါဘူး။ ပို့လိုက်ရင် လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို လုပ်ရမှာ ဖြစ်တဲ့အတွက် အဲ့လိုဆို ကျွန်မတို့နဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ ဒါဆို KTV အတွက် ဆုံးရှုံးမှု ဖြစ်သွားမှာလေ”
“ သူဋ္ဌေးက ဒီလိုအပျိုလေးတွေကို ငွေရှာဖို့ သီးသန့်ထားပါတယ်။ အခု သူဋ္ဌေးတွေက ဒါမျိုးကြိုက်ကြတယ်လေ”
ထိုကောင်မလေး ပြုံးပြီး သူမရဲ့ ခြေထောက်တွေကို လင်းဖေးဟန် မြင်ရအောင် ပြလိုက်သည်။ ဆွဲဆောင်မှုရှိရှိ ကြည့်လိုက်ကာ
“ အခုနောက်ပိုင်း သူဋ္ဌေးတွေက ဘာဖြစ်ကြလဲ မသိပါဘူး။ ဘာမှမသိတဲ့သူကို လိုချင်ကြပြီး နာကျင်မှုကြောင့် ငိုတာကို မြင်ချင်ကြတယ်လေ။ သန့်စင်တဲ့ အသစ် စက်စက်လေးတွေကို သူတို့ကိုယ်တိုင် လေ့ကျင့်ပေးချင်ကြတာ”
“ ကျွန်မသာ အသက်အနည်းငယ် ကြီးသွားလို့ မဟုတ်ရင် ဆေးရုံသွားပြီး အပျိုဖြစ်အောင် ပြန်ပြုပြင်လိုက်တယ်”
ထိုကောင်မလေးသည် ဝမ်းနည်းစွာ ပြောလိုက်သည်။
“ ဒါပေမဲ့ ကျွန်မက အသက်ကြီးသွားတော့ ဒီလို မိန်းမငယ်လေးတွေကို မယှဥ်နိုင်တော့ဘူး”
“ ဆိုင်ကသာ သူမကို လဲပေးလိုက်ရရင် အခုလိုလှပတဲ့ အပျိုလေး ရှိတော့မှာ မဟုတ်ဘူး”
လင်းဖေးဟန် သူ့အရှေ့က ကျောင်းသူလေးကို ကြည့်လိုက်သည်။ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ကိုကြည့်တာနဲ့တင် သူမကို အကောင်းဆုံးလို့ ပြောလို့ရနေပြီ။ ဟို ကောင်မလေးကျတော့ အနည်းငယ်လဲ အသက်ကြီးနေပြီး သူမရဲ့ အသားအရေက အရမ်းမကောင်းတော့ဘူး။ သာမာန်သူတွေ ကြားက အကောင်းဆုံးပဲ ဖြစ်နိုင်တော့သည်။
မိတ်ကပ်နဲ့ မျက်နှာကို ပြုပြင်လို့ရတောင် ပုံပန်းသွင်ပြင်ကိုတော့ မပြောင်းလဲ နိုင်ဘူး။
နိုက်ကလပ်တွေမှာ တွေ့ရတဲ့ ကောင်မလေးတွေရဲ့ ကိုယ်ခန္ဓာပေါ်မှာ အထူးအနံ့တစ်ခု ရှိသည်။ သူတို့ရဲ့ ကိုယ်ပေါ်ကနေ ‘မိန်းမပျက်’ အနံ့ရနေပြီး သူတို့ရဲ့စကားတွေကလဲ မယုံရဘဲ ပေါ့ပျက်ပျက် နိုင်သည်။
“ မစ္စတာလင်း ဘယ်လိုတွေးပါသလဲ?”
ခေါင်းဆောင်ငယ် မေးလိုက်သည်။ သူ့အမြင်တွင် ထိုကောင်မလေးမျိုးက ဒီနေရာကိုလာဖို့ လုံးဝ မသင့်တော်လှဘူး။ အပျော်လဲပျက်ပြီး ကျေနပ်မှုကိုလဲ မပေးနိုင်ဘူး။ သူ့လက်မောင်းကြားက ကောင်မလေးကို ရှိရတာမှ ပိုကောင်းသေးသည်!
လင်းဖေးဟန် မျက်မှောင်ကြုတ်သွားသည်။ ချက်ချင်းပဲ သူ့ခေါင်းထဲ အတွေးတစ်ခု ပေါ်လာပေမဲ့ ထိုအတွေးနဲ့ပတ်သတ်ပြီး သူ မသေချာပေ။
လင်းဖေးဟန် လက်ယမ်းပြလိုက်ပြီး
“ မင်းဘာမင်း ကစားနေပါ။ ငါ့ကို မပူနဲ့”
ထို့နောက်မှာ လင်းဖေးဟန် ကောလိပ်ကျောင်းသူလေးကို ကြည့်လိုက်သည်။ သူမသည် ကိုယ့်ကိုယ်ကို အလွန်ထိန်းချုပ် ကန့်သတ်ထားပြီး ခေါင်းပင် မဖော်ဘဲ အင်္ကျီ အနားစကို ဆော့နေသည်။
လင်းဖေးဟန် အချီကြီး ပေါက်သွားသလို ခံစားလိုက်ရသည်။
ဒီကမ္ဘာရဲ့ နတ်ဘုရားက ငါ့အတွက် ဆက်တိုက်ကို ကျွင်းတူးပေးနေတာလေ။
ဒီတစ်ခေါက် ငါ့ရဲ့နားချိန်လေးမှာ အေးဆေးလေး အနားယူချင်မိပြီး အပျော်ရှာချင်မိတာကို ငါ့ရဲ့အရှေ့တည့်တည့်ကို ကျွင်းအကြီးကြီး ပို့ပေးလိုက်မယ်လို့ မထင်ထားမိဘူး။ ငါသာ သတိမထားမိရင် ပြုတ်ကျတော့မလို့။
ဒီကျောင်းသူလေးရဲ့ ပုံစံက လုံးဝကို ဆန္ဒ မရှိနေပုံပဲ။ ဝတ္ထုတွေရဲ့ ဇာတ်ကြောင်းမျိုး အရဆို ဒီကျောင်းသူလေးက သူမရဲ့ မိဘတွေ အပြင်းအထန် နေမကောင်းနေလို့ဖြစ်ဖြစ်၊ အရေးကြီးခွဲစိတ်မှုအတွက် ငွေလိုလို့ ဖြစ်ဖြစ်၊ ဒါပေမဲ့ သူမရဲ့မောင်လေးက အပြင်မှာ အကြွေး အများကြီးတင်ခဲ့တဲ့အတွက် သူမရဲ့ ခန္ဓာကိုယ်နဲ့ ပေးဆပ်ဖို့ ဖြစ်လာရတယ်ပေါ့။
ဇာတ်ကြောင်းကသာ ထိုသို့ဖြစ်နေခဲ့ရင် ငါ့လို ဒုတိယမျိုးဆက် သူဋ္ဌေးသားက အခုလို အလှလေးကိုမြင်တော့ သေချာပေါက် မထိန်းချုပ်နိုင်ဘဲ သူမနဲ့ ဓားသိုင်းကျင့်ချင် သွားမယ်။
ကောင်မလေးက လက်ခံမဲ့အစား အသေပဲ ခံပစ်လိုက်မယ်။ သူမရဲ့ ဝန်ဆောင်မှုပဲ ပေးမှာ ခန္ဓာကိုယ်မရောင်းဘူး ဘာညာ ပြောမယ်ပေါ့။ ဒါပေမဲ့ ငါက မရပ်ပေးဘူး။
အဲ့ဒီမှာ ယဲ့ဖန်းက ရုတ်တရပ်ပေါ်လာပြီး ငါ့ကို ထိုးကြိတ်ပြီး ကန်မယ်။ ကျောင်းသူလေးကို အန္တာရယ်ကနေ ကယ်တင်ပေးလိုက်မယ်။
အဲ့ဒီနောက်မှာ ကျောင်းသူက သူမကို အချိန်မှီ ကယ်တင်ပေးခဲ့တဲ့အတွက် ယဲ့ဖန်းကိုကျ ကြွေသွားပြီး သူမကိုယ်သူမ စတေးလိုက်မယ်။
ဒီဇာတ်ကြောင်းအရ လင်းဖေးဟန်ကတော့ သေချာပေါက် မျက်နှာဖြတ်ရိုက်ခံရမဲ့နေရာမှာ ကစားပေးရလိမ့်မည်။
ကျောင်းသူလေးကလဲ လင်းဖေးဟန်အပေါ် လုံးဝကို အထင်မကြီးခဲ့ဘူး။
ဝတ္ထုထဲမှာ ယင်ကျောင်း KTV မှာ အမျိုးသမီးဇာတ်လိုက် တစ်ယောက်ယောက် အလုပ်လုပ်တယ်ဆိုပြီး မရေးထားတဲ့အတွက် သူမက ဇာတ်ရန်တစ်ယောက်ယောက်ပဲ ဖြစ်ရမည်။ ဒါပေမဲ့ လင်းဖေးဟန် သူ့ခေါင်းထဲက ခံစားချက်ကို ဖော်ပြလို့ကို မရတော့ပေ။
ဘယ်လို ဟာသမျိုးလဲ? လက်ရှိ လင်းဖေးဟန်ကို အရင်လင်ဖေးဟန်နဲ့ တူမယ်များ မှတ်နေလား?
ဒီလောက်ကြီးတဲ့ တွင်းထဲကို သူသေချာ ခုန်ချရမှာလား?
သူမက ပြစ်မျိုးမှဲ့မထင် လှလွန်းတယ် ဆိုပေမဲ့ သူမကို အတင်းအကျပ် ရယူလောက်တဲ့အထိ လှနေတာမျိုး မဟုတ်ဘူး။
အဲ့ဒါထက် သူ မနက်ဖြန်ကျရင် လျှို့ရှင်းယာ နဲ့ပဲ ဓားသိုင်းကို အကြိမ်ရေ တစ်ချို့ ကျင့်ရအုံးမှာပင်။
အခုအတွက် သူ ဆန့်ကျင်ဘက်ကိုပဲ လုပ်သင့်သည်။ ဗီလိန်အနေနဲ့ ဇာတ်လိုက်ရဲ့ လမ်းကြောင်းကို လုယူပစ်ပြီး ဇာတ်လိုက်အတွက် လမ်းမရှိအောင် လုပ်ရမည်။
လင်းဖေးဟန် စိတ်ထဲမှ ကြိတ်တွေးနေခဲ့သည်။ ဒီဇာတ်ရန်လေးပါ သူ့ကိုလက်ခံသွားရင် ယဲ့ဖန်း ပိုပြီး စိတ်တိုသွားလောက်မလား?
ဇာတ်ရန်လေးတွေက အမျိုးသမီး ဇာတ်လိုက်တွေလို သူ့ကို ပွိုင့် မပေးနိုင်ဘူး ဆိုပေမဲ့လဲ… သူမ လှတယ်လေ!
တစ်ချိန်ထဲမှာ လင်းဖေးဟန် စိတ်သက်သာ ရာရသွားသည်။ ကံကောင်းလို့ သူ့ရဲ့လက်တွေ ခြေတွေကို ကျောင်းသူလေးအပေါ်မှာ တံဆိပ်မခတ်နှိပ်ထားမိလို့ပဲ။ မဟုတ်ရင် အဝါရောင်မြစ်ထဲ ဆင်းဆေးတောင် ဘယ်လိုမှ ဖျောက်ဖြတ်လို့ရမှာ မဟုတ်ဘူး။
လင်းဖေးဟန် ကျောင်းသူလေးကို ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ မင်း တစ်ခွက်လောက် သောက်ချင်လား?”
လင်းဖေးဟန် သူမအတွက် ဝိုင်တစ်ခွက်ကို ခပ်ဖြည်းဖြည်းပဲ ထည့်ပေးလိုက်ပြီး အလျင်စလို မထိတွေ့ခဲ့ပေ။
“ ကျေးဇူးပါ!”
ကျောင်းသူသည် ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး သူမရဲ့အကာအကွယ်တွေကို အနည်းငယ် ချလိုက်သည်။ ဒီလူကို ကြည့်ရတာ ဘေးက လူလောက် အပေါစား မဆန်ဘူး။
လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးကာ ဆေးလိပ် မီးညှိလိုက်သည်။
ဆေးလိပ်ငွေ့တွေ ထွက်လာပြီးအဲ့ဒါက ကျောင်းသူလေးကို ချောင်းဆိုးသွားစေသည်။
ထိုအချိန်မှာ ကျောင်းသူသည် သူမရဲ့ လက်သေးသေးလေးများနဲ့ မျက်နှာနဲ့ နှာခေါင်းကို ကာထားရင်း မျက်မှောင်ကြုတ် နေခဲ့သည်။
ကြည့်လို့လှလိုက်တာ….
လင်းဖေးဟန် အနည်းငယ် မှင်သက်နေခဲ့သည်။ ထို့နောက်မှာ ဆေးလိပ်ကို ဖယ်ပေးလိုက်ပြီး
“ ဆောရီး မင်း ဆေးလိပ်နံ့မခံနိုင်မှန်း မသိလို့”
လင်းဖေးဟန် တောင်းပန်လိုက်သည်။
“ ရပါတယ်။ ကျွန်မဒီလောက် မနုပါဘူး။ ဆက်သောက်ပါ”
အနည်းငယ် အလျော့ပေးခံလိုက်ရတော့ ကျောင်းသူလေးက လင်းဖေးဟန်ကို ပြုံးပြကာ နူးညံ့စွာ ပြောလာခဲ့သည်။
“ ဒင်! စနစ်မှ အသိပေးချက်။ ဇာတ်လိုက်မ လုမုံ့ဟန်ရဲ့ ဇာတ်လိုက်ပေါ်အမြင်က အမှတ်၂မှတ် မြင့်သွားပါတယ်။ ပွိုင့် ၂၀ ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်”