← Chapters

အခန်း (၁၁၉)

Vol. 9 Ch. 119

အခန်း (၁၁၉)

Vol. 9 Ch. 119

လုမုံ့ဟန်!

လင်းဖေးဟန် ချက်ချင်း မှတ်မိသွားခဲ့သည်။

သူမက ဝတ္ထုရဲ့ ဇာတ်လိုက်မတွေထဲက တစ်ယောက်ပဲ။

လုမုံ့ဟန်က အမေ တစ်ယောက်ထဲက ပျိုးထောင်ခြင်း ခံရတဲ့ သမီးလေးဖြစ်သည်။ သူမကို ပျိုးထောင်ပေးရတဲ့အတွက် ကြာရှည်တဲ့ ပင်ပန်းမှုဒဏ်ကြောင့် သူမ အမေက အိပ်ယာထဲ လှဲသွားခဲ့သည်။ အသက် ငယ်ငယ်တည်းက သိတတ်ခဲ့သော လုမုံ့ဟန်က အမေ့ရဲ့အိမ်အလုပ်တွေကို ကူလုပ်ပေးလေ့ ရှိသည်။ ကျောင်းအတွက်လဲ အချိန်ပိုင်းလုပ်ပြီး ပိုက်ဆံစုခဲ့သည်။

ဒါပေမဲ့ ဒါကလုံးဝကို ပုံမှန်မဟုတ်ဘူး။ လုမုံ့ဟန်က အခု KFC မှာ ဖြစ်ဖြစ်၊ McDonald မှာ ဖြစ်ဖြစ် ကြက်ကြော် ကြော်နေသင့်တာ မဟုတ်ဘူးလား? ဒီလိုနေရာကို ဘာလို့ ရောက်လာရတာလဲ?

ဒါပေမဲ့ လင်း​ဖေးဟန် တစ်ချက်သာ တွေးလိုက်ပြီး အကြာကြီး အတွေးထဲ မနစ်မြော နေခဲ့ပေ။ ဒီအချိန်မှာ သူဘာကို တွေးဖို့မှ အချိန်မပေးနိုင်နေဘူး။

လင်းဖေးဟန် သူမကို မသိသလို ဟန်ဆောင်ပြီး မေးလိုက်သည်။

“ အဆင်ပြေတယ်။ မကြောက်ပါနဲ့။ မင်းနာမည် ဘယ်လိုခေါ်လဲ?”

“ကျွန်မ နာမည်က လုမုံ့ဟန်ပါ”

လုမုံ့ဟန်ရဲ့ စကားဆုံးတာနဲ့ ကျယ်လောင်သော ‘ဘန်း’ ဆိုတဲ့အသံနဲ့အတူ တံခါးပွင့်သွားသည်။ လုမုံ့ဟန်နဲ့ စကားပြောမလို့ လုပ်နေတဲ့ လင်းဖေးဟန်ပင် ကြောင်သွားသည်။

ခေါင်းပေါ်မှာ ကျားပုံ၊ ဒါမှမဟုတ် နဂါးပုံ တက်တူးထိုးထားတဲ့ လူတစ်အုပ်ကို သူ မြင်လိုက်ရသည်။

သန်မာတဲ့ လူတစ်အုပ်သည် သောက်လို့ မကုန်သေးသော အရက်ပုလင်းများကို လက်တွင် ကိုင်ထားသည်။ တယိမ်းတယိုင်နဲ့ အရှိန်ပြင်းစွာ လင်း​ဖေးဟန် ရှိနေတဲ့ အခန်းထဲကို ပြေးဝင်လာကြသည်။

တစ်ခဏအတွင်းမှာ အခန်းတစ်ခုလုံး အရက်နံ့တွေ ပြည့်သွားသည်။

ဝန်ဆောင်မှုပေးရတဲ့ ကောင်မလေးသည် ကြောက်လန့်စွာ အော်ဟစ်ရင်း ခေါင်းဆောင်ငယ်ရဲ့ လက်မောင်းထဲ ရောက်သွားခဲ့သည်။

ထိုအမူးသမားတွေကို ကြည့်လိုက်ရုံနဲ့တင် သူတို့အားလုံး လုမုံ့ဟန်ဆီ လာနေမှန်း သိနိုင်သည်။

တစ်ခဏအတွင်းမှာ အရက်သမားတွေက လုမုံ့ဟန်ရဲ့ ပတ်ပတ်လည်ကို ဝန်းရံ လိုက်ကြသည်။ သူမကို ဆာလောင်နေတဲ့ မျက်လုံးများနဲ့ ကြည့်နေကြသည်။

“ ဟဟ ညီမလေး လာပါ။ နည်းနည်းလောက် သောက်ရအောင်။ ဒါဆို အကိုကြီးတို့က မင်းကို တစ်နပ်ကျွေးမယ်!”

“ ဟဟ ညီမလေးက အကိုကြီးတို့ကို မျက်နှာသာ မပေးဘူးလား? ဒီတစ်ခေါက် အကိုကြီးတို့က ညီမလေးအတွက် သီးသန့် လာခဲ့တာနော်”

ဒီသန်မာတဲ့သူတွေက လုမုံ့ဟန်ကို ပြဿနာ ရှာချင်နေကြတာပဲ!

ခေါင်းဆောင် အရက်သမား၏ မျက်နှာထက်တွင် နက်ရှိုင်းသော ချိုင့်တွင်းတွေ စုဝေးနေတဲ့ ကျောက်ပေါက်မာကြီးများရှိပြီး အဝါရောင် သွားတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ မြင်လိုက်တာနဲ့တင်ကို လူတွေကို စိတ်ကုန်သွားစေလောက်သည်။

ခေါင်းဆောင် အရက်သမားရဲ့ မျက်လုံးများက မှုန်ဝါးဝါး ဖြစ်နေပေမဲ့ လုမုံ့ဟန်ရဲ့ ကောက်ကြောင်းပေါ်မှာသာ အကြည့်ရောက် နေပြီး အလွန်စိတ်လှုပ်ရှားနေပုံ ပေါ်သည်။

ထိုအချိန်မှာ မန်နေဂျာမလေးလဲ အ​မြန်ရောက် လာခဲ့သည်။ ဒေါက်ဖိနပ်နဲ့ အမြန်ပြေး လာရတဲ့ သူမ ဘယ်နှစ်ကြိမ်တောင် ခြေထောက်ခွေခဲ့မိမှန်း မသိတော့ပေ။ သူမ စိတ်လှုပ်ရှားနေလွန်းလို့ နာကျင်မှုကိုတောင် မခံစားနေခဲ့ရဘူး။

ဒီထဲမှာရှိနေတဲ့ သူတွေက ဒီလူမိုက်တွေ နှောက်ယှက်လို့ရတဲ့ သူတွေမဟုတ်ဘူး။ လင်းဖေးဟန်ကို စိတ်တိုအောင် လုပ်ရမဲ့အစား သူမ ဒီလူမိုက်တွေကို စိတ်တိုအောင် လုပ်ပစ်လိုက်မည်။

မန်နေဂျာသည် လူမိုက်ကြီးရဲ့အရှေ့ကို သွားကာ လက်ဆွဲပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“ အကိုကြီးလျို ဘာလုပ်နေတာပါလဲ? လုမုံ့ဟန်က အခု တာဝန်ကျနေပါတယ်။ အကိုကြီးလျိုဘာလို့ တစ်ခြားတစ်ယောက်နဲ့ မလဲရမှာလဲ? ကျွန်မတို့ဆီမှာ လုမုံ့ဟန်ထက် ကြည့်ကောင်းတဲ့သူတွေတောင် ရှိသေးတယ်”

“ Fuck You! ခွေးမ! ထွက်သွားစမ်း”

ခေါင်းဆောင် ဖြစ်တဲ့ အကိုကြီးလျိုဆိုသူက မန်နေဂျာရဲ့ ဆံပင်ကနေ ဆောင့်ဆွဲပြီး လက်ပြန် ရိုက်ချလိုက်သည်။

မန်နေဂျာ အော်ပြီးမြေပြင်ပေါ် လဲကျသွားသည်။ သူမ မျက်နှာထက်တွင် နီရဲဖောင်းကားနေသော လက်ရာကြီးရှိသည်။

“ Fuck! ခွေးမက အပျော်ကိုလာဖျက်နေတာ၊ စောက်ရမ်းစိတ်တိုဖို့ ကောင်းတယ်။အချိန်ရရင် ငါတို့ညီကိုတွေ မင်းကိုပါ ကောင်းကောင်း ပြုစု ပေးမယ်”

“ ဒါပေမဲဲ့ဒီနေ့တော့ မဟုတ်ဘူး။ ဒီနေ့ ငါလုမုံ့ဟန်ကိုပဲ လိုချင်တယ်။ ငါ့ကိုတားတဲ့ကောင်တွေ အပိုင်းပိုင်း ခုတ်ပစ်မိရင် ငါ့လာအပြစ်မတင်နဲ့ပဲ!”

ပြောနေရင်းနဲ့ ခေါင်းဆောင်သည် ဆိုဖာမှာ စကားပြောရင်း၊ ရယ်မောကာ ထိုင်နေတဲ့ လင်းဖေးဟန်ကို ကြောက်မက်ဖွယ် ကြည့်လိုက်သည်။ ထို့နောက်တွင် အေးစက်စွာဖြင့်

“ ငါဒီကောင်မလေးကို ကြိုက်တယ်။ သူမငါ့ကို တစ်ညလုံး အဖော်ပြုပေးရမယ်။ မင်းမှာ ငြင်းဆိုချက်ရှိလား?”

လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ

“ ငြင်းဆိုချက်လား? အများကြီးရှိတာပေါ့!”

ပြုံးနေပေမဲ့ လင်းဖေးဟန်ရဲ့ အကြည့်ထဲတွင် လူသတ်ရိပ်တို့ သန်းနေသည်။

တစ်ချိန်ထဲမှာ လုမုံ့ဟန်လဲ ပြောလိုက်သည်။

“ ငါနင့်ကို အဖော်မလုပ်ဘူး ထွက်သွား!”

လုမုံ့ဟန်မှာ ပိုက်ဆံမရှိဘူးဆိုပေမဲ့ ဂုဏ်သိက္ခာ မရှိသူတော့ မဟုတ်ဘူး။ KTVမှာ သဘောတူညီမှု လုပ်ခဲ့တုန်းတည်းက သူမ အရက်သောက်တဲ့အချိန်နဲ့ သီချင်းဆိုတဲ့ အချိန်ပဲ အဖော်ပြုပေးမှာဖြစ်ပြီး မကစားဘူးဆိုတဲ့အချက်ကို သေချာ ရှင်းလင်းအောင် လုပ်ထားသည်။

အဲ့ဒီညစ်ပတ်တဲ့ ဧည့်သည်တွေ သူမကို အနည်းငယ်ထိတွေ့တာကို သည်းခံနိုင်သေးပေမဲ့ သူတို့နဲ့ အပြင်ထွက်မှာ မဟုတ်ဘူး။

ဒါသူမရဲ့ နောက်ဆုံး လိုက်လျောနိုင်စွမ်းပဲ။

အကိုကြီးခြောက် ထိုစကားများကို ကြားတဲ့အခါမှာ အလွန်ဒေါသ ထွက်သွားသည်။ သူက အကိုကြီးခြောက်ဖြစ်ပြီး ဖန်းချန်း ဧရိယာရဲ့ ဟွမ်လောင်ပနဲ့လဲ ရင်းနီးတဲ့သူဖြစ်သည်။ သူ့နာမည်ကြားရင် မျက်နှာသာ မပေးရတဲ့သူ ဘယ်သူရှိလို့လဲ? အခု လင်းဖေးဟန်နဲ့ လုမုံ့ဟန် နှစ်ယောက်လုံးက သူ့ကို ငြင်းလိုက်တာမို့ အသိအသာကို ဒါသူ့မျက်နှာကို ဖြတ်ရိုက်လိုက် တာပဲ။

အကိုကြီးခြောက်သည် လုမုံ့ဟန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ဆဲတော့သည်။

“ မင်းက ဝန်​ဆောင်မှုပေးရတဲ့ စောက်ခွေးမပဲ။ ဒီတော့မင်း သူများတွေကို အဖော်ပြုပေးရမယ်။ ဒီနေရာကို ရောက်လာပြီးမှ ဖြူစင်ချင်ယောင် ဆောင်ပြနေတာလား?”

“မင်း ပိုက်ဆံလိုနေတာ မဟုတ်ဘူးလား? ငါ ယွမ်တစ်သောင်းပေးမယ်။ မင်း ကောင်းကောင်း ပြုစုရင် ငါ တစ်သိန်းထပ်ပေးလို့ ရတယ်”

အကိုကြီးခြောက် ရယ်လိုက်သည်။ ထို့နောက်တွင် သူ့မျက်နှာက တစ်ဖန် ပြန်အေးစက်သွားပြန်သည်။ ဒီ အကိုကြီးခြောက်ဆိုတဲ့သူက မျက်နှာပြောင်းတဲ့ ပညာသင်နေတာလားလို့ကို လင်း​ဖေးဟန် တွေးမိသွားသည်။

“ ငါ့ကိုစိတ်တိုအောင် မလုပ်ဖို့ မင်းကို အကြံပေးလိုက်မယ်။ ငါ စိတ်တိုရင် မိန်းကလေးလဲ ရိုက်တတ်တယ်နော်!”

ပြောပြီးတာနဲ့ အကိုကြီးလျိုက သူ့ရဲ့ ထန်းရွက်လောက် နီးနီး ကြီးမားတဲ့ လက်ဝါးကို ဖြန့်ပြလိုက်ပြီး ရန်လိုစွာ ကြည့်လိုက်သည်။ လုမုံ့ဟန်ကို သူ ပညာပေးချင်နေပြီ။

ဆိုရိုးရှိသည်လေ။ အပင်ငယ်ကို အညွန့်မချိုးပေးရင် ဖြောင့်တန်းစွာ မကြီးထွားသလို မိန်းမ တစ်ယောက်ကလဲ အရိုက်မခံရရင် သက်တောင့်သက်သာဇုန်ထဲက ထွက်ရဲမှာမဟုတ်ဘူး။

သူ အခုလို အသစ်လေးနဲ့ မကစားဖူးလို့ မဟုတ်ပေ။ အခုလိုမျိုး ချောမောတဲ့ အသစ်လေးနဲ့ မကစားဖူးတာပင် ဖြစ်သည်။

တစ်ကယ်တော့ မိန်းမဆိုတာ အကုန် အတူတူပဲ။ ကိုယ့်ကိုယ်ကို ရောင်းစားနေကြပြီးမှ ဘယ်လောက် ဖြူစင် နိုင်မှာမလို့လဲ?

သူတို့က သံသယဝင်စရာမလိုအောင် ငွေမှာ တန်းတန်းစွဲ ဖြစ်နေကြတာ။ ကျေနပ်လောက်အောင် ငွေရနေသရွေ့ လိုချင်သလို ကစားပေးလိမ့်မည်။

မင်းသိရမှာက ငါမင်းကို ပေးထားတာ ယွမ်တစ်သိန်းကွ။ အဲ့တာကဘာကိစ္စ မလောက်ရမှာလဲ? မင်းက အဲ့လောက်တောင် မတန်ဘူး!

ဒီလိုအခြေအနေမျိုးမှာ အင်အားသုံးပြီး ကြမ်းတမ်းစွာ မျက်နှာကို ဖြတ်ရိုက်ပေးလိုက်မှ သူမလိုလူတွေက အသိဝင်မှာ!

ဒါဆိုရင် မနာခံချင်ရင်တောင် သူမ နာခံလာ လိမ့်မယ်။ အဲ့ကျမှ မေ့လဲအောင်ရိုက်ပြီးဖြစ်ဖြစ်၊ ဆေးခတ်ပြီးဖြစ်ဖြစ် ငါကြိုက်သလို ကစားလို့ ရပြီ။

အသိအသာကို အကိုကြီးခြောက်က ထိုအကွက်ကို သုံးချင်နေတာဖြစ်သည်။

အတိတ်မှာတုန်းက သူ့ဆီက ငွေချေးပြီး အဆုံးမှာ ပိုက်ဆံ ပြန်မဆပ်တဲ့သူတွေ အများကြီးရှိသည်။ တစ်ယောက်ချင်းဆီကို ရိုက်ပေးပြီး ရေချိုးခန်းမှာ ဖျော်ဖြေဖို့ ထားထားခဲ့သည်။

အခုလဲ သူမ ဒီနေ့ မလက်ခံသေးရင် မနက်ဖြန်ကျ ပိုပြီးပြင်းအောင် ရိုက်ပေးလိုက်မယ်။ ကောလိပ်ကျောင်းသူ ဆိုတာ လောကကြီးကို တွေ့ကြုံဖူးတာ မဟုတ်ဘူး။ သူ့ရဲ့ခြောက်လှန့်မှုတွေကို သည်းခံနိုင်မှာလဲ မဟုတ်ဘူး။ အဆုံးကျရင် နာနာခံခံနဲ့ သူ့စိတ်ကြိုက် ခြယ်လှယ်ခံရမှာပဲ။

“ဘတ်!”

ရိုက်ချက်က လုမုံ့ဟန်ဆီကို ရောက်မသွားခဲ့ဘဲ လင်းဖေးဟန်ဆီမှာ အဖမ်းခံလိုက်ရသည်။ လင်းဖေးဟန်ရဲ့ အာကြီးတဲ့ လက်ဖဝါးကြီးက အကိုကြီးခြောက်ရဲ့ လက်ကောက်ဝတ်ကနေ ချုပ်ထားခဲ့သည်။

အကိုကြီးခြောက် ခဏတော့ ကြောင်သွားသည်။ ထို့နောက်တွင် လင်းဖေးဟန်ကို ကြောက်စရာကောင်းအောင် စိုက်ကြည့်ပေးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ မျက်နှာဖြူကောင်! မင်းငါ့ကို တားရဲတယ်! သေလမ်းရှာနေတာလားကွ?”

အကိုကြီးခြောက် ပြန်ရုန်းဖို့ကြိုးစားလိုက်သည်။ ဒါပေမဲ့ ပြုတ်တူ တစ်ချောင်းလို သန်မာတဲ့ လင်းဖေးဟန်ရဲ့ လက်တွေက သူ့လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းထားတာမို့ ရုန်းလို့မရခဲ့ပေ။

All Chapters