အခန်း (၁၂၀)
Vol. 9 Ch. 120
အကိုကြီးခြောက် ထပ်ပြီး အားသုံးတော့မဲ့ အချိန်မှာပဲ လင်းဖေးဟန် ရုတ်တရက် လွှတ်ပေးလိုက်သည်။ အားတွေက တန်ပြန် ဖြစ်သွားပြီး အကိုကြီးခြောက် အနောက်ကို ခြေလှမ်းများစွာ စုတ်သွားခဲ့သည်။ သူ့ရဲ့ ညီငယ်တစ်ယောက်က အနောက်က ထိန်းပေး လိုက်လို့သာ မဟုတ်ရင် မြေပြင်ပေါ် လဲကျ သွားမှာပင်။ အကိုကြီးခြောက် ပိုပြီး ဒေါကန် လာရသည်။
လုမုံ့ဟန်သည် မျက်လုံးပင် မှိတ်ထားပြီး ကျရောက်မဲ့ ရိုက်ချက်ကို စောင့်စားနေခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ သူမ စိတ်ကူးထားသလို နာကျင်မှုကြီး ကျမလာခဲ့ပေ။ မျက်လုံး ဖွင့်လိုက်ချိန်မှာ လင်းဖေးဟန်ကို မြင်လိုက်ရတော့ သူမ အံ့သြ သွားခဲ့သည်။
“ ရှင်ကယ်လိုက်တာလား?”
လုမုံ့ဟန် အံ့သြနေသည်။ ဘယ်သူကမှ ဝန်ဆောင်မှုပေးတဲ့ မိန်းမတစ်ယောက် အတွက်နဲ့ အကိုကြီးခြောက်ကို ရန်စရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူမအရှေ့က သူကတော့ လုပ်ခဲ့သည်။
လင်းဖေးဟန် ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး လုမုံ့ဟန်ကို ပြောလိုက်သည်။
“ စိတ်မပူနဲ့ ငါရှိနေရင် ဘယ်သူမှ မင်းကို အနိုင်ကျင့်လို့မရဘူး!”
ဒီကမ္ဘာရဲ့ အကျင့်မကောင်းတဲ့ နတ်ဘုရားက သူ့ရဲ့ရုတ်တရက် ပေါ်လာမှုကြောင့် ဇာတ်လမ်းတွေ ပြောင်းပစ်နေတယ်လို့ သူ ခံစားချက် ရနေသည်။ ဒါကြောင့် ဒီနေရာမှာ မပေါ်လာသင့်တဲ့ လုမုံ့ဟန်ကို ပေါ်လာခိုင်းခဲ့တာပဲ။
ဇာတ်လိုက်မ ရှိတဲ့နေရာမှာ သေချာပေါက် ဇာတ်လိုက်လဲ ရှိနေမှာပင်။
ဒီလို ဟန်ထုတ်ရမဲ့ ဇာတ်ဝင်ခန်းမျိုးမှာ ဇာတ်လိုက် ယဲ့ဖန်းကို မထုတ်စရာ အကြောင်းမရှိတာ အသိအသာကြီးပဲလေ။
ယဲ့ဖန်းက အခုချိန်မှာ KTV ရဲ့ ထောင့်တစ်ခုမှာ ရှိနေလောက်ပြီး အခုလိုကိစ္စကို သူမြင်သွားတော့ အကိုကြီးလျိုကို ရှေ့ထွက်ပြီး သေအောင်ရိုက်နှက်ပြီးတာနဲ့ လုမုံ့ဟန်ကို နောက်ဆုံးကယ်တင် လိုက်တာနဲ့ပဲ အဆုံးသတ်မှာ။
ဒါပေမဲ့ အခုတော့ လင်းဖေးဟန် ရှိနေပြီလေ။ သူ တန်းပြီး ကြားဝင်ပေးမည်။
လင်းဖေးဟန် တိုးတက်သွားတဲ့ ဇာတ်ကြောင်းကို ကောင်းမွန်စွာ မှန်းဆလိုက်သည်။
ယဲ့ဖန်းက တစ်ကယ်လဲပဲ ဟွမ်လောင်ပနဲ့ အတူ လေးထပ်မြောက်က အခန်းတစ်ခုမှာ သီချင်း ဆိုနေခဲ့တာပင်။ သူ အနည်းငယ် စိတ်ဓာတ် ကျနေခဲ့သည်။
လင်းဖေးဟန်က အခု ဒုတိယထပ်တွင် ရှိသည်။
လင်းဖေးဟန် ရှိမနေခဲ့ရင် လုမုံ့ဟန်ကို အကိုကြီးခြောက်က ခေါ်သွားခဲ့မှာပင်။ လှေကားမှာ ပိုက်ဆံရှင်းဖို့ ထွက်လာတဲ့ ယဲ့ဖန်းနဲ့ ဆုံကြလိမ့်မည်။ ယဲ့ဖန်းက သူ့ရဲ့ အစွမ်းတွေကို ထုတ်ပြရမဲ့ ဇာတ်ကြောင်း ဖြစ်ပေမဲ့ အခု ယဲ့ဖန်းနဲ့ လုမုံ့ဟန် မဆုံလိုက် ရတော့ လုမုံ့ဟန်က ဇာတ်လိုက်ယဲ့ဖန်းအတွက် မဟုတ်တော့ဘူး။
ယဲ့ဖန်း လှေကားကနေ ဆင်းလာရင်း နှာချေလိုက်သည်။
သူ အံ့သြနေသည်။ သူ ဒီနေရာက ဖြတ်သွားချိန်မှာ တစ်ခုခု ဖြစ်သင့်သလို ခံစားနေရသည်။ ဘာလို့ သူအမြဲတမ်း တစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရတာလဲ?
ထိုအချိန်မှာ ဟွမ်လောင်ပလဲ အခုတင် ဈေးညှိပြီးသော ကောင်မလေးကို လက်မောင်းထဲမှာခေါ်ပြီး လျှောက်လာခဲ့သည်။
“ အကိုကြီးယဲ့ ဘာဖြစ်လို့လဲ? အဲ့ဒီအကြောင်းကို တွေးနေတုန်းပဲလား? ငါ့ရဲ့ညီတွေ မသိတတ်ခဲ့တာပါ။ သူတို့ကို သငိခန်းစာလဲ ပေးပြီးသွားပါပြီ။ အဆင်မပြေ သေးရင် ငါ့လက်ထဲက ဒါလေးကို ပေးမယ်လေ”
ပြောပြီးတာနဲ့ ဟွမ်လောင်ပက သူ့လက်ထဲက ကောင်မလေးကို ယဲ့ဖန်းဘက် တွန်းပို့ဖို့ ပြင်လိုက်သည်။
ထိုကောင်မလေးကလဲ ပျော်ရွှင်စွာဖြင့်
“ ချောမောတဲ့အကိုကြီး ကျွန်မက ဒီနေ့ ရှင့်အပိုင်ပဲ”
ထိုကောင်မလေးက ဘယ်သူနဲ့ ဖြစ်ဖြစ် ဂရုမစိုက်ပါချေ။ ခွေးတစ်ကောင် ဖြစ်နေရင်တောင် ပိုက်ဆံပေးသရွေ့ အဆင်ပြေသည်။
ယဲ့ဖန်းရဲ့ မျက်နှာထက်မှာ ရွံရှာရိပ် ပေါ်လာပြီး ခပ်မြန်မြန် လက်ယမ်းပြလိုက်သည်။
“ ငါဒီကို စိတ်အပန်းဖြေဖို့ပဲ လာခဲ့တာ။ ထားလိုက်တော့။ ဒါပေမဲ့ငါမင်းကို သတိတော့ ပေးရမယ်။ လောင်ပ မင်းအနာဂတ်မှာ ဒါမျိုးကိစ္စတွေကို ပိုထိန်းသိမ်းရမယ်။ မင်းက နည်းနည်းအားနည်းသေးတယ်လို့ ငါထင်တယ်”
ယဲ့ဖန်းက အံ့သြဖွယ် သမားတော်မို့ ဟွမ်လောင်ပရဲ့ ကိုယ်ခန္ဓာ အခြေအနေကို မြင်နိုင်သည်။ ဟွမ်လောင်ပလဲ အနည်းငယ် အံ့သြသွားခဲ့သည်။ သူ အားနည်းနေတာကို အကိုကြီးယဲ့ ဘယ်လို သိသွားတာလဲ? ပုံမှန်ဆို သူ မိနစ် နှစ်ဆယ်၊ သုံးဆယ်လောက် ပြီးတာတောင်မှ အားကောင်းနေတတ်သည်။ အခုတော့ ဆယ်မိနစ်လောက်ပဲ ခံတော့ပြီး ပြီးတာနဲ့ ခွေးတစ်ကောင်လို ဒူးမခိုင်တော့ပေ။
ဟွမ်လောင်ပ ကြောင်အ နေဆဲဖြစ်သည်။ ယဲ့ဖန်း ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်ပြီး
“ဟုတ်ပြီ သွားကြစို့”
ထို့နောက်မှာ သူတို့တွေ ထွက်သွားလိုက်ကြသည်။
ထိုအချိန် လင်းဖေးဟန်တို့ အခန်းထဲတွင် လုမုံ့ဟန်အရှေ့၌ လင်းဖေးဟန် တည်ငြိမ်စွာ ကာပြီး ရပ်ထားသည်။ သူ ဂရုမစိုက်ဟန်နဲ့ အကိုကြီးခြောက်ကို ပြောလိုက်သည်။
“ သွားစမ်း!”
အကိုကြီးခြောက်၏ မျက်နှာသည် ခက်ထန်နေသည်။ အခုချိန်မှာ သူသည် လင်းဖေးဟန်ကို အရက်ရှိန်ကြောင့် ပိုပြီး စိတ်တိုနေရပြီး ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
“ မင်းကဘာကောင်လဲကွ? ငါဘယ်သူလဲ မင်းသိလား? ငါက ဖန်းချန်း တစ်ဧရိယာလုံးရဲ့ ခေါင်းဆောင်ရဲ့ လက်အောက်က သူပဲ။ မင်းကို အခုငါသိသွားပြီ”
“ မင်းကတစ်ကယ်ကို သေလမ်းရှာနေတာပဲ! ငါ့ရဲ့ကိစ္စကောင်းကို ဖျက်ဆီးရဲတယ်”
မောက်မာတာပဲ။ လုံးဝကို မောက်မာပြ နေတယ်!
မင်း ဟွမ်လောင်ပအကြောင်းကို မပြောခဲ့ရင် ငါမင်းကို ချမ်းသာပေးကောင်း ပေးအုံးမှာ။ အခုမင်းက သူ့နာမည်ပါ ထုတ်ပြောလိုက်တဲ့ အတွက် ငါမင်းကို သတ်မှ ဖြစ်တော့မယ်!
“ Fuck You!”
အကိုကြီးခြောက် အခုလောက် တစ်ခါမှ ဒေါသ မထွက်ဖူးပေ။ သူ အရက်ပုလင်းကို ဆွဲယူပြီး အားနဲ့ လင်းဖေးဟန်ရဲ့ ခေါင်းကို ရိုက်ပစ်လိုက်သည်။
လင်းဖေးဟန်ရဲ့ အနောက်က လုမုံ့ဟန် အော်ဟစ်လိုက်ပြီး သူမရဲ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ ဒါပေမဲ့ သူမ သတ္တိတွေ စုစည်းပြီး သတိပေးလိုက်သည်။
“ သတိထား”
လုမုံ့ဟန်ရဲ့ အသံက တုန်ယင်နေခဲ့သည်။
လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးမိသွားပြီး
“ မကြောက်ပါနဲ့”
လင်းဖေးဟန်ရဲ့ အသံမှာ မှော်အစွမ်းတွေ ရှိနေသလိုပဲ။ လုမုံ့ဟန် အကြောင်းအရင်း မရှိ စိတ်သက်သာ သွားခဲ့သည်။ သူမကို အခု အကိုကြီးခြောက် ဆွဲခေါ်သွားရင်တောင် ကြောက်မှာ မဟုတ်တော့ဘူး။
လင်းဖေးဟန် ခပ်မြန်မြန်ပဲ အကိုကြီးခြောက်ရဲ့ လက်ကောက်ဝတ်ကနေ ဖမ်းလိုက်သည်။ လက်ကောက်ဝတ်က မျက်သွားတာမို့ အော်သံတစ်ခုအပြီးမှာ အရက်ပုလင်းလဲ အောက်ကို ပြုတ်ကျသွားရသည်။ လင်းဖေးဟန် ပုလင်းကို ကျန်လက်တစ်ဖက်နဲ့ ဖမ်းလိုက်သည်။
“ ဘန်း!”
အသံကျယ်တစ်ခုရဲ့အပြီးမှာ အရက်ပုလင်းလဲ အစိတ်စိတ်ကွဲသွားရသလို အကိုကြီးခြောက်ရဲ့ ခေါင်းမှလဲ သွေးတွေ ချက်ချင်းစီးကျလာခဲ့သည်။ ထိုသူသည် မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
ကျန်တဲ့ညီငယ်တွေ လန့်ကုန်ကြပြီး အကိုကြီးခြောက်ကို အမြန်ပြေးထူကာ ဒဏ်ရာကို စစ်ဆေးလိုက်ကြသည်။
အကိုကြီးခြောက်သည် အော်ဟစ်နေပြီး ဒေါသထွက်လွန်းလို့ သူ နာကျင်မှုကိုတောင် မခံစားရတော့ပေ။ သူ့ရဲ့ ညီငယ်တွေကို တွန်းလွှတ်ကာ ဆဲတော့သည်။
“ မင်းတို့အဲ့မှာ ဘာရပ်လုပ်နေကြသေးလဲ? ငါ့အတွက် သွားရိုက်ကြစမ်း!”
“ သတ်ပစ်လိုက် ချန်ကျန်း။ ကောင်းကင်ပြိုကျမယ်ဆိုရင်တောင် ငါမင်း အနောက်မှာ ရှိမယ်”
ညီငယ်တွေ အားလုံး လက်နက်ကောက်ကိုင်ပြီး လင်းဖေးဟန်ကို ချဥ်းကပ်လိုက်ကြသည်။
ခေါင်းဆောင်ငယ်ကလဲ တော်တော်လေး အသုံးဝင်ပါသည်။ သူ ကြောက်နေပေမဲ့ ပုလင်းတစ်ခုကို ကောက်ဆွဲပြီး လင်းဖေးဟန် အရှေ့မှ ရပ်လိုက်သည်။ တုန်ယင်နေတဲ့ အသံနဲ့
“ မစ္စတာ..လင်း.. သွား…သွားလိုက်ပါ။ ကျွန်..ကျွန်တော် ကာထား…ပေး..”
ခေါင်းဆောင်းငယ် အလွန်ကို ကြောက်ရွံ့နေခဲ့သည်။ သူဘယ်သူ့ကို အပြစ်လုပ်မိထားလို့လဲ? သူဒီကို ကမ္ဘာကြီးကို ကြည့်ရှုရုံတင် လာခဲ့တာလေ။ ဟွမ်လောင်ပရဲ့ လူတွေနဲ့တိုးနေမယ် မထင်ထားခဲ့ဘူး။
အခုလို လူချင်းတွေ့ဖို့ဆိုတာ တစ်သောင်းပုံ တစ်ပုံလောက်ပဲ အခွင့်အရေး ရှိတာကို အခု သူ့ကျမှ တည့်ကို လာတိုးနေတော့သည်။
နောက်တစ်ခေါက်ကျ သူလဲ ညီကိုတွေ ခေါ်လာခဲ့ရမည်။
ခေါင်းဆောင်ငယ် အနည်းငယ်ပင် ဝမ်းနည်း လာရသည်။ နောက်တစ်ခေါက် ဆိုတာကော ရှိပါအုံးမလား?
ဒါပေမဲ့ သူ အရမ်းကြောက်နေလဲ ထွက်ပြေးလို့ မရဘူး။ အခုက သစ္စာရှိမှုကို ပြရမဲ့အချိန်ပဲ။
အလွန်တုန်လှုပ်တတ်ပြီး အကြောက်ကြီးတဲ့ ခေါင်းဆောင်ငယ်က ဒီအချိန်မှာ သတ္တိတွေ ရှိနေလိမ့်မည်လို့ လင်းဖေးဟန် မထင်ထားမိ ခဲ့ပေ။
ထိုအချိန်မှာ လင်းဖေးဟန် ခေါင်းဆောင်ငယ်ကို ဘေးကို ဆွဲဖယ်လိုက်ပြီး ပြောလိုက်သည်။
“ ဒီကိစ္စအတွက် မင်းကို မလိုအပ်ဘူး။ သူတို့က သာမာန်လူမိုက်တစ်အုပ်ပဲ။ မင်းကိုမလိုဘူး”
ပြောပြီးတာနဲ့လင်းဖေးဟန် တန်းပြီး လှုပ်ရှား လိုက်သည်။ ခေါင်ဆောင်ငယ် သူ့အရှေ့က ပုံရိပ်တစ်ခုက ရုတ်တရက် ပျံသွားပြီး နောက်ဆက်တွဲ ‘ဘန်းဘန်းဘန်း’ ဆိုတဲ့ အသံတွေ ကြားလိုက်တာကိုပဲ ခံစားလိုက်ရသည်။ ဘာတွေ ဖြစ်နေမှန်း အဖြေမရှာနိုင်ခင်မှာပဲ အကိုကြီးခြောက်ရဲ့ လူတွေ မြေကြီးပေါ်ပြုတ်ကျသွားပြီး ညည်းတွားနေတာကို မြင်လိုက်ရသည်။
ငါ ယဲ့ဖန်းကိုတောင် ယှဥ်နိုင်တယ်။ သာမာန်လူမိုက် တစ်အုပ်လောက်ဆို ပြောမနေနဲ့တော့။