← Chapters

အခန်း (၁၂၃)

Vol. 9 Ch. 123

အခန်း (၁၂၃)

Vol. 9 Ch. 123

လင်း​​ဖေးဟန်း တည့်ပဲ ပြောလိုက်သည်။

“ ငါဒါတွေ ဂရုမစိုက်ဘူး။ ငါအခု VIP ခန်း လိုချင်တယ်။ မင်းရအောင် လုပ်ပေးနိုင်မလားပြော?”

လင်းဖေးဟန်ဆိုတာ ဗီလိန်ကြီးပဲ။ ဗီလိန် တစ်​ယောက်က ကျိုးကြောင့်သင့်ဖို့ လိုသေး လို့လား?

“ လုပ်ပေးလို့ ရပါတယ်။ ကျွန်တော် အခုပဲ စီစဥ်ပေးပါ့မယ်”

အားသောင်ရဲ့ လ​က်စာ မိပြီးနောက်မှာ ဆေးရုံဒါရိုက်တာ ချက်ချင်း အသိစိတ် ဝင်ပြီး လျင်မြန်စွာ ခေါင်းညိတ်လာခဲ့သည်။

“ စီစဥ်လို့ရတယ်ဆိုမှတော့ မင်းဘာလို့ မြန်မြန် မသွားသေးတာလဲ? ငါမင်းကို သယ်သွားပေးဖို့ ထိုင်စောင့်နေတာလား?”

ဓားတစ်လက်လို စူးရှနေတဲ့ လင်းဖေးဟန်ရဲ့ မျက်လုံးများသည် ဆေးရုံဒါရိုက်တာကို ကြောက်ဖို့ကောင်းလောက်အောင် စိုက်ကြည့် နေခဲ့သည်။

“ ဟုတ်ကဲ့ ကျွန်တော် အခုသွားလိုက် ပါ့မယ်”

ဒါရိုက်တာ ချက်ချင်းပဲ ပြေးသွားတော့သည်။

ထိုအချိန်မှာ လုမုံ့ဟန်သည် လင်း​​ဖေးဟန်ကို အံ့သြစွာ ကြည့်နေခဲ့သည်။

မယုံကြည်နိုင်တဲ့ မျက်လုံးများနဲ့ ဖြစ်သည်။

ဆေးရုံဒါရိုက်တာရဲ့ အရင်တုန်းက သူမနဲ့ သူမအမေအပေါ် ဆက်ဆံပုံက ထိုသို့ မဟုတ်ပေ။ ထိုသူက မောက်မာပြီး လူတွေကို အမြဲအထင်သေးသည်။ ပိုက်ဆံမရှိရင် သူမ အမေကို လမ်းပေါ် လွှင့်ပစ်မယ်လို့တောင် ပြောခဲ့တာပင်။ အခု လင်းဖေးဟန် အရှေ့မှာ ရပ်နေခဲ့သလိို ရိုကျိုးလှတဲ့ သူတစ်ယောက် မဟုတ်ခဲ့ဘူး။

လင်းဖေးဟန် ရယ်မောလိုက်သည်။

“ မင်းကို ရယ်စေမိလို့ ဆောရီးပါ။ ဒီလို လူတွေက ကောင်းကောင်းပြောလို့မရဘူး။ သင်ခန်းစာ တစ်ခုလောက်ပေးလိုက်မှ ရိုးရိုးသားသား ဖြစ်လာကြတာ”

လုမုံ့ဟန်ရဲ့ အံ့သြတကြီးဖြစ်မှုများကို လင်းဖေးဟန် ဘေးမဲ့ပေးထားလိုက်သည်။

လုမုံ့ဟန်ရဲ့ မိခင်ဖြစ်သူအနားကို လင်း​ဖေးဟန် ဖြေးညှင်းစွာ လျှောက်သွားလိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

ကံကောင်းစွာနဲ့ ဘယ်ဘက် ဦးနှောက်ရဲ့ သွေးကြောတစ်ခု ပိတ်သွားရုံသာဖြစ်သည်။ သူ့အတွက် ဒါက ပြဿနာကြီး မဟုတ်ပေ။ အပ်တစ်ချောင်းနဲ့တင် ဖြေရှင်းလိုက်လို့ ရသည်။

ဒါပေမဲ့ လင်း​ဖေးဟန် လုံးဝကို မကုသချင် ခဲ့ပေ။ ဒီအခွင့်အရေးကို သုံးပြီး လုမုံ့ဟန် သူ့အပေါ်ကို အကြွေးအကြီးကြီး တင်နေအောင် လုပ်ပြီး ကျေးဇူးပြန်ဆပ်စေလိုသည်။

ဆေးရုံဒါရိုက်တာက အလွန်အသုံးဝင်သည်။ မကြာခင်မှာပဲ လုမုံ့ဟန်ရဲ့ အမေကို သာမာန် အခန်းကနေ VIP ခန်းကို ပြောင်းရွှေ့ပေး လိုက်သည်။

VIP အဆောင်က သာမာန်ခန်းထက် အများကြီးပိုကောင်းသည်။ ကြမ်းပြင်၊ ခေါင်းမိုး၊ ပြတင်းပေါက်အစ အဆင့်အတန်း မြင့်လှပြီး အခန်းတစ်ခုလုံး နေရောင်လေး ဖြာကျနေသည်။ အခန်းတစ်ခုလုံး အနွေးဓာတ်လေးက လွှမ်းခြုံထားကာ အတွင်းရှိ ပရိဘောဂများသည် ကြယ်ငါးပွင့် ဟော်တယ်နီးနီး ကောင်းမွန်သည်။ လိုချင်တာ မှန်သမျှ အကုန်ရှိသည်။

လုမုံ့ဟန် ဆေးရုံရဲ့ VIP ခန်းဆိုတာကို မမြင်ဖူးသလို ကြားတောင် မကြားမိခဲ့ပေ။

လုမုံ့ဟန် သူမရဲ့ မျက်လုံးများ ပြူးကျယ်နေပြီး လင်းဖေးဟန်ကို ရှုတ်ထွေးစွာ ကြည့်လိုက်သည်။

“ မစ္စတာလင်း… ဒီ.. ဒီအခန်းက အရမ်း ဈေးကြီးမှာပဲ။ ဒီဟာက တစ်ရက်ကို..ဘယ်လောက်တောင် ပေးရမှာလဲဟင်?”

လုမုံ့ဟန် နှုတ်ခမ်းကိုက်လျက်နဲ့ လင်းဖေးဟန်ကို စိုက်ကြည့်နေခဲ့သည်။

လင်းဖေးဟန် ရယ်မိသွားသည်။ ထို့နောက်မှာ လက်ယမ်းပြကာ ပြုံးပြလိုက်ပြီး

“ ဒါကို စိတ်မပူပါနဲ့။ အခုအချိန်မှာ အရေးအကြီးဆုံးက မင်းအမေကို ကုသဖို့ ပဲလေ”

“ ကျေးဇူးပါ မစ္စတာလင်း”

လုမုံ့ဟန် ကိုယ်ကို ညွတ်ပြီးပါ ကျေးဇူး တင်လိုက်သည်။

ဒါပေမဲ့ လင်း​ဖေးဟန် ခပ်မြန်မြန်ပဲ သူမကို တွဲလိုက်ကာ မပျော်တော့သလို ဟန်ဆောင် လိုက်ပြီး

“ ငါမင်းရဲ့အမေကို ကူညီပေးခဲ့တာက မင်းရဲ့ မိဘအပေါ် တာဝန်ကျေတဲ့နေရာမှာ ခံစား သွားရလို့ပဲ။ ဒါကြောင့် မင်းအခုလို လုပ်ဖို့ မလိုပါဘူး”

“ ပြီးတော့ မင်းငါ့ကို မစ္စတာလင်းလို့ ထပ်ခေါ်ဖို့လဲ မလိုတော့ဘူး။ အဲ့ဒါက အရမ်း ယဥ်ကျေးလွန်းနေတယ်။ ငါ့အကြောင်း မသိတဲ့သူက ငါက ကောင်းကောင်း မသင်ကြားခံထားရတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားလို့ပဲ မြင်ကြတယ်။ ငါက မင်းထက် နှစ်အနည်းပဲ ကြီးတာ။ မင်း စိတ်မရှိရင် ငါ့ကို အကိုကြီးလင်းလို့ ခေါ်လို့ရတယ်”

“ ဟုတ်ဒါဆိုလဲ ကျေးဇူးပါနော် အကိုကြီးလင်း”

လုမုံ့ဟန် ရင်ထဲထိသွားကာ ခေါင်းညိတ်လာသည်။

လင်း​ဖေးဟန်ရဲ့ နှုတ်ခမ်းထောင့်က အပေါ်ကို အနည်းငယ် တက်သွားခဲ့သည်။ သူ့ရဲ့ အစီအစဥ်က ပထမတစ်ဆင့်တော့ အောင်သွားပြီ။

ပြောကြတဲ့ စကားတစ်ခု ရှိသည်။ အရင်ဆုံး ညီမလို့ခေါ်တယ်..ထို့နောက်မှာ ညီမလေး။ ဒီလိုနဲ့နောက်ဆုံးမှာတော့ မိန်းမဖြစ်သွားတယ်ဆိုပြီး။

လင်းဖေးဟန်ကြောင့် ဆေးရုံဘက်က အမြန် လှုပ်ရှားလာပြီး သိပ်မကြာခင်မှာပဲ လုမုံ့ဟန်ရဲ့ အမေက ခွဲစိတ်ခန်းထဲ ဝင်သွားခဲ့သည်။

တံခါးပေါက်ရှိ မီးနီလေး လင်းလာသည်။ ထိုအရာသည် မီးနီသက်သက် မဟုတ်ပေ၊ လုမုံ့ဟန်ရဲ့ နှလုံးသားထဲ စွဲနေသည့် ခဲ တစ်လုံးပင် ​ဖြစ်သည်။

လုမုံ့ဟန် ဆေးရုံကော်ရစ်ဒါရှိ ထိုင်ခုံလေးတွင် သွားထိုင်လိုက်သည်။ သူမ ဆက်ပြီး မထိန်း ထားနိုင်တော့ဘူး။ ထိုင်ခုံမှာထိုင်နေရင်း မျက်ရည်များ စီးကျလာခဲ့သည်။ တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းနေတဲ့ ဆေးရုံ ကော်ရစ်ဒါတစ်လျှောက်မှာ တိုးညှင်းတဲ့ ရှိုက်သံသေးသေးလေးကို အထင်သား ကြား နေရသည်။

လင်း​​ဖေးဟန် အသင့်ပြင်ထားသည်။ ခွဲစိတ်တာ မအောင်မြင်သွားရင်တောင်မှ သူ့ရဲ့ ဆေးပညာကို သုံးပြီး လုမုံ့ဟန်ရဲ့ အမေကို သေမင်းဂိတ်ဝကနေ သူပြန်ခေါ်ပေးလို့ ရသည်။

ဒါပေမဲ့ ထိုအကြောင်းကို လုမုံ့ဟန်ကို မပြောပြထားတာမို့ သူမ မသိပေ။ သူ အခု ပြောလိုက်ရင်တောင် သူမယုံမှာ မဟုတ်ဘူး။ နောက်ဆုံးတော့ သူတို့ အချင်းချင်း အရမ်းမှ မရင်းနီးကြသေးတာပဲ။

လုမုံ့ဟန်ရဲ့ ခေါင်းထဲမှာ အခု ရှိနေတာဆိုလို့ သူမ အမေက သူမကြီးပြင်းလာတဲ့ တစ်လျှောက်လုံး ပြင်းထန်တဲ့ မုန်တိုင်းကြားက ကြက်အမေကြီး တစ်ကောင်လို သူမရဲ့ လုံခြုံမှုအတွက် အကောင်းဆုံး ကြိုးစား ပေးခဲ့သည်ဆိုတာပင်။

ဒါပေမဲ့ သူမ အခုထိ ဘွဲ့လဲမရသေးသလို သူမ အမေလဲ ကောင်းမွန်စွာ မပျော်ရွှင်ရသေးဘူး။ အခုတော့ သေမင်းနှုတ်ခမ်းဝမှာ ရောက်နေရသည်!

ခွဲစိတ်မှုသာ ကျရှုံးခဲ့ရင် သူမ အမေကို စောင့်ကြိုနေမဲ့အရာက သေဆုံးခြင်းပဲ ဖြစ်လိမ့်မည်။

လုမုံ့ဟန် တွေးတောင် မတွေးကြည့်ရဲပေ။ ခွဲစိတ်မှု မအောင်မြင်ခဲ့ရင် ဆိုတဲ့ ရလဒ်ကို တွေးမိတာနဲ့ သူမ ဗုန်းဗုန်းလဲတော့မလို ခံစားရသည်။

လုမုံ့ဟန် တုန်ယင်နေပြီး ဆက်လက် မငြင်းဆိုတော့ပေ။ လင်းဖေးဟန်ရဲ့ လက်မောင်း အတွင်းကို ဝင်ကာ တစ်သိမ့်သိမ့် ငိုပါတော့သည်။

ထိုအချိန်မှာ သူမအနေနဲ့ ခဏတာ မှီခိုဖို့ သန်မာတဲ့ လက်မောင်းတစ်စုံ လိုအပ်နေခဲ့တာ ဖြစ်နိုင်သည်။

အချိန်အကြာကြီး စောင့်ပြီးနောက်မှာ ဆေးရုံ တံခါးပေါ်က မီးနီက နောက်ဆုံးတော့ အစိမ်းရောင် ပြောင်းသွားခဲ့ပြီ။

ဆေးရုံတံခါး ပွင့်တာကို မြင်တာနဲ့ လုမုံ့ဟန် အရှေ့ကို အပြေးရောက်သွားတော့သည်။

“ ဒေါက်တာ ကျွန်မ အမေ ဘယ်လိုနေလဲ? ခွဲစိတ်တာ အောင်မြင်လား?”

မက်စ်ချွတ်ပြီးနောက်မှာ ဆရာဝန်က အသက်ရှုသွင်းလိုက်ပြီး ပြောလိုက်သည်။

“ စိတ်ချလက်ချ နားလိုက်ပါတော့ မိသားစုဝင်။ လူနာက အခု အဆင်ပြေသွားပါပြီ။ ဒါပေမဲ့ သူမရဲ့ ဦးနှောက််ဘယ်ဘက်ခြမ်းက သွေးကြောထုံးက အရမ်းခိုင်နေတယ်။ အခု ကျွန်တော်တို့ အရေးကြီးတဲ့ အထုံးတွေကိုပဲ ရှင်းခဲ့ပြီး ကျန်တာတွေက ရှင်းဖို့ လိုနေပါသေးတယ်”

“ ဒီလိုဆိုရင် ဆက်ပြီးကုန်ကျစရိတ်တွေ များအုံးမှာပါ။ ယွမ်ငါးသိန်းလောက် ကျနိုင်တယ်။ ဒုတိယအကြိမ် ခွဲစိတ်မှု အတွက် အချိန်မှီ ငွေရှာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်”

ထိုစကားကို ကြားတဲ့အခါမှာ လုမုံ့ဟန်ရဲ့ မျက်နှာက ချက်ချင်း ဖြူစွတ်သွားသည်။

“ ဒေါက်တာ ခွဲစိတ်တာက ပြီးသွားပြီ မဟုတ်ဘူးလား? ဘာလို့ ဒုတိယတစ်ကြိမ် ခွဲစိတ်ဖို့လိုတာလဲ?”

ဒေါက်တာက ဆက်ရှင်းပြလိုက်သည်။

“ ကျွန်တော်ပြောတာကို မရှင်းတာဖြစ်ပါ လိမ့်မယ်။ ဒီလိုပါ။ မင်းရဲ့အမေက သာမာန်ဘဝမှာ အချိန်ခဏတော့ နေနိုင်မှာပါ။ ဒါပေမဲ့ သွေးကြောတွေ ရှုတ်နေခဲ့တာမို့ အချိန်ကြာလာရင် သွေးမစီးနိုင်ဘဲ ထပ်ပြီးထပ်ပြီး စုဆောင်းမိသွားရင် အစောကလို အခြေအနေမျိုး ပြန်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒီထက်တောင် ဆိုးနိုင်ပါသေးတယ်”

“ ဒုတိယတစ်ကြိမ် ခွဲစိတ်မှုလုပ်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ အခု အနောက်နိုင်ငံတွေရဲ့ ဆေးပညာက တော်တော်လေး တိုးတက်နေပါပြီ။ မိုက်ခရို စက်ရုပ် နည်းပညာကို အသုံးချ ကုသခဲ့ရင် မင်းအမေရဲ့ သွေးကြောတွင်းသွေးခဲခြင်း ပြဿနာကို အမြစ်ပြတ်ရှင်းနိုင်မှာပါ။ ဒါပေမဲ့ အဲ့လိုဆို ငွေက ပိုတောင်ကုန်အုံးမှာ”

“ ကျွန်တော့်ရဲ့ ကုသနည်းအတိုင်း လိုက်နာရင်တော့ ရှင်းလင်းတာ လုံးဝ အမြစ်ပြတ်တဲ့အထိ မဟုတ်ခဲ့တောင် မင်းအမေရဲ့ ဘဝအတွက် အထောက်အကူ ဖြစ်မှာပါ။ ပြီးတော့ အရမ်းလဲ ကုန်ကျမှာ မဟုတ်ဘူး”

လုမုံ့ဟန် မြေပြင်ပေါ်တောင် လဲကျတော့မတတ် ဖြစ်လာရသည်။

ကံကောင်းစွာနဲ့ လင်းဖေးဟန် အမြန် ဝင်ထိန်းထားပေးလို့ပင်။

လင်း​ဖေးဟန် ချက်ချင်းပဲ ဆရာဝန်ကို မေးလိုက်သည်။

“ ဒေါက်တာ ငါ အားလုံးပေးမယ်။ အကောင်းဆုံး အနောက်တိုင်း ကုထုံးနဲ့ ကုလိုက်ပါ။ ငွေအကုန်ပေးမယ်”

All Chapters