← Chapters

အခန်း (၁၂၅)

Vol. 9 Ch. 125

အခန်း (၁၂၅)

Vol. 9 Ch. 125

လုမုံ့ဟန်ကို အကျိုးအကြောင်းပြောပြ ပေးပြီးသွားတော့ သူမ နောက်ဆုံး စိတ်သက်သာ သွားခဲ့သည်။

ထို့နောက်မှာ လင်းဖေးဟန် မေးလိုက်သည်။

“ မင်း ဆေးရုံမှာ နေချင်လား? ဒါမှမဟုတ် ငါ ကျောင်းကို ပြန်လိုက်ပို့ပေးရမလား?”

လုမုံ့ဟန် ခဏလောက် တွေးပြီးနောက်မှာ နူးညံ့စွာ ပြောလိုက်သည်။

“ ကျောင်းကိုပဲ ပြန်ရအောင်။ မနက်ဖြန် အတန်းတက်ရအုံးမှာဆိုတော့လေ။ ဒီနေ့ ဒေါ်လေးက ဆေးရုံလာစောင့်ပေးမယ် ပြောတယ်။ မနက်ဖြန်ကျမှ မေမေ့ကို လာကြည့်တော့မယ်”

လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး

“ဒါဆို သွားစို့”

ဒီတစ်ခေါက်မှာ လင်းဖေးဟန်သည် ဈေးကြီးသည့် Lincoln ကို မစီးလာဘဲ သာမာန် Audi A8 ကိုပဲ စီးလာခဲ့သည်။

ရိုးရိုးသားသားပြောရရင် Audi A8 ရဲ့ ဈေးကမကောင်းဘူး။ ဘာလို့လဲသိလား?

ဘာလို့ဆို Audi A8 ရဲ့ ပုံစံက A6 နဲ့ တူပြီး A6 က ရောင်းကောင်းလို့ပဲ။ A6 ရောင်းကောင်းရခြင်းကလဲ A8နဲ့တူပြီး ဈေးသက်သာလို့လေ။

အားသောင်သည် ကားမောင်းမလို့ပေမဲ့ လိမ္မာပြနေတဲ့ ခေါင်းဆောင်ငယ်ဆီက အတွန်းခံလိုက်ရသည်။

“မစ္စတာလင်း အကိုကြီးအားသောင် ကျွန်တော် လုပ်လိုက်ပါ့မယ်”

ခေါင်းဆောင်ငယ်က ပါးနပ်ပြီး အားသောင်လို တုံးတိကြီးမဟုတ်ပေ။ ဒါကြောင့်မို့ လင်းဖေးဟန်နဲ့ လုမုံ့ဟန်တို့နှစ်ယောက်ထဲ အတူရှိနိုင်မဲ့ အခွင့်အရေးကို နှောက်ယှက် လာမှာမဟုတ်ဘူး။ ဒါ့အပြင် ခေါင်းဆောင်ငယ်က လင်း​ဖေးဟန်ကို ‘ကျွန်တော် နားလည်ပါတယ်’ အကြည့်တောင် ပေးလိုက်သေးသည်။

လင်းဖေးဟန် ပြုံးကာ လက်ယမ်းပြလိုက်သည်။

“ ကောင်းပြီလေ!”

ထို့နောက်မှာ ကားစမောင်းပြီး လုမုံ့ဟန်ရဲ့ တက္ကသိုလ်ကို သွားလိုက်ကြသည်။

“ အကိုကြီးလင်း ဒီမှာပါ”

လုမုံ့ဟန်သည် ကားရှေ့မှာရပ်ကာ လင်းဖေးဟန်ကို ခံစားချက်တို့ ရောထွေးနေတဲ့ မျက်နှာနဲ့ကြည့်လာသည်။

“ အကိုကြီးလင်း ကျေးဇူးအရမ်းတင်ပါတယ်”

လင်း​ဖေးဟန် မပျော်တော့သလို ဟန်ဆောင်ကာပြောလိုက်သည်။

“ မင်းကိုကြည့်၊ ကျေးဇူးထပ်မတင်နဲ့လို့ ငါမပြောထားဘူးလား? အရမ်းထူးဆန်းသလို ခံစားရတယ်။ မင်းလိုတာရှိရင် ငါ့ကိုခေါ်လိုက်နော်။ ဟုတ်ပြီလား?”

“ အွန်း” လုမုံ့ဟန် ခေါင်းညိတ်ပြလိုက်သည်။

လုမုံ့ဟန် ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးသည်။ ဘက်စ်ကတ်ဘောလုံးကို ကိုင်ထားတဲ့ ကောလိပ်ကျောင်းသားတစ်ယောက် အပြေး ရောက်လာခဲ့သည်။ လင်းဖေးဟန်ရဲ့ ဂရုမစိုက်တဲ့ ရုပ်ကိုမြင်တဲ့အခါမှာ ထိုကောင်လေးက ဒေါသထွက်သွားပြီး

“ လုမုံ့ဟန် သူဘယ်သူလဲ?”

“ မင်းငါနဲ့ဖြတ်လိုက်တာ သူ့ကြောင့်မလား? ဟမ်? မင်းက သူဋ္ဌေးတွေရဲ့ စာရင်းထဲ ရောက်နေပြီလို့ သူများတွေပြောကြတာကို ငါမယုံခဲ့ဘူး။ မင်းကို ဒီလိုမိန်းမ ဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး!”

ထိုစကားတွေကို ကြားတဲ့အခါမှာ လုမုံ့ဟန် ရှုတ်ထွေးသွားပြီး အေးစက်စွာ မေးလိုက်သည်။

“ ချမ်ကျွမ်း နင်ဘာတွေလာပြောနေတာလဲ? ငါနင်နဲ့လမ်းခွဲခဲ့တာက အကိုကြီးလင်းနဲ့ ဘာမှ မဆိုင်ဘူး။ ငါတို့မှာ တူညီမှု လုံးဝ မရှိလို့ လမ်းခွဲခဲ့တာပဲ။ ဒီကိစ္စက အကိုကြီးလင်းနဲ့ ဘာမှမဆိုင်ဘူး။ နင် အဓိပ္ပါယ်မရှိတာတွေ ဆက်မပြောဖ်ို့ ငါအကြံပေးလိုက်မယ်”

ချမ်ကျွမ်းထိုစကားကို ကြားတဲ့အခါမှာ မျက်နှာကို မဲ့လိုက်သည်။

“ အရေးမပါဘူးဟုတ်လား? အရမ်းတွေ ရင်းရင်းနီးနီးနဲ့ အကိုကြီးလင်းလို့တောင် ခေါ်နေသေးတယ်။ မင်း သူ့ရဲ့ကားထဲကနေ တောင် ထွက်လာတာကို အရေးမပါဘူး ဟုတ်လား? ငါ့ကို စောက်ရူးထင်နေလားမင်း!”

ချမ်ကျွမ်းရဲ့ မျက်လုံးများသည် မီးတောက်နေခဲ့သည်။ လုမုံ့ဟန်ကို လက်ကောက်ဝတ်ကနေ ဆွဲယူလိုက်ပြီး ပြောလိုက်သည်။

“ မုံ့ဟန် မင်းမှာ ပိုက်ဆံမရှိဘူးမလား? ငါ့မိသားစုက အရမ်းချမ်းသာတယ်။ သူ မောင်းလာတဲ့ကားက တစ်သန်းလောက်ပဲ တန်တာ။ ငါ့မိသားစုမှာ သူ့ထက်တောင် ပိုဈေးကြီးသေးတဲ့ ပြိုင်ကားတွေ အများကြီး ရှိတယ်။ သူမင်းကို ပေးနိုင်တာကို ငါလဲ ပေးနိုင်တယ်။ မင်းသူ့ဆီကနေ ထွက်သွားသင့်တယ်။ သူကမင်းကိုမချစ်ဘူး။ ငါတစ်ယောက်ပဲ မင်းကို အချစ်နိုင်ဆုံးဆိုတာ မင်းသိပါတယ်”

“ သူကဒီတိုင်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားတစ်ယောက်ပဲ။ ငါပြောတာယုံ၊ သူမင်းကို ကစားချင်နေရုံတင်။ မင်းကို ကစားလို့ဝသွားရင် မင်းကို တုံ့ဆိုင်းမှုမရှိ ဖယ်ထုတ်ပစ်လိုက်မှာ”

လုမုံ့ဟန် ချမ်ကျွမ်းရဲ့ လက်ကနေ ရုန်းထွက်လိုက်ပြီး လင်းဖေးဟန်အနောက်ကို အပြေးသွားကာ အော်ဟစ်လိုက်သည်။

“ ချမ်ကျွမ်း နင်အရမ်း ကလေးမဆန်လို့ ရမလား? ထွက်သွားတော့။ ငါတို့အေးဆေး လမ်းခွဲရအောင်!”

လုမုံ့ဟန်က ထိုလူ့အနောက်ကို ပြေးသွားတာကို မြင်လိုက်ရတော့ ချမ်ကျွမ်းရဲ့ ရင်ဘတ်ထဲ အောင့်သွားသည်။ သူ စိတ်တိုစွာ အော်ဟစ် လိုက်သည်။

“ လုမုံ့ဟန် မင်းက သူတောင်းစား သာသာပဲ။ ငွေရဖို့အတွက်နဲ့ ဒါမျိုးကိစ္စကိုပါ လုပ်ရဲတယ်။ နောက်ဆုံးတော့ မင်းက ခွေးမပဲ!”

ထိုစကားကို ကြားတော့ လင်း​ဖေးဟန် မျက်မှောင်ကြုတ်သွားသည်။ ဒီကောင်က လက်သီးတောင်းနေတာပဲ။ လမ်းခွဲပြီးနောက်မှာ အကြောင်းအရင်း မရှိ ရည်းစားဟောင်းနဲ့ ရန်လာဖြစ်နေသည်။ တစ်ကယ်ကို ယောက်ျားစစ်လို့ ပြောလို့မရဘူး။

လုမုံ့ဟန် ကျယ်လောင်စွာ အော်လိုက်သည်။

“ ချမ်ကျွမ်း နင့်ပါးစပ်ကိုပိတ်ထား။ အကိုကြီးလင်းက အဲ့လိုလူမဟုတ်ဘူး။ ပြီး ငါနင်နဲ့ဘာမှမဆိုင်တော့ဘူး။ ငါတို့ လမ်းခွဲ ပြီးသွားပြီ။ ငါ တစ်ခြားတစ်ယောက်ကို ရှာတွေ့ခဲ့ရင်တောင် နင်နဲ့ဘာမှမဆိုင်ဘူး”

ချမ်ကျွမ်းရဲ့ တစ်ကိုယ်လုံး တုန်သွားပြီး မီးပွင့်မတတ် မျက်လုံးများနဲ့ တစ်လုံးချင်း ပြောလိုက်သည်။

“ လုမုံ့ဟန် ငါမင်းကို သူ့အနားက ထွက်သွားဖို့ ပြောနေတယ်!”

“ လုမုံ့ဟန် မင်းငါ့ကိုဒီလိုလုပ်လို့ မရဘူး။ သူမင်းကို ပေးနိုင်တာကို ငါလဲပေးနိုင်တယ်။ ငါမင်းအပေါ် မကောင်းလို့လား?”

ပြောပြီးတာနဲ့ ချမ်ကျွမ်း လှုပ်ရှားလိုက်ကာ လင်းဖေးဟန်အနောက်က လုမုံ့ဟန်ကို ဆွဲခေါ် လိုက်သည်။

လင်းဖေးဟန် အရှေ့ကနေ ကာလိုက်ပြီး

“ အတန်းဖော်လေး မင်းကို စိတ်လျော့ဖို့ ငါပြောချင်တယ်။ အချစ်ဆိုတာ တစ်ဖက်ထဲက လုပ်လို့ရတဲ့အရာ မဟုတ်ဘူးလေ။ အတင်းအကျပ် ရယူထားတဲ့ ဖရဲသီးက မချိုဘူး။ သူမမင်းကို အခုမှ မကြိုက်တော့တာပဲ”

“ ဒါ့အပြင် ငါကအခု လုမုံ့ဟန်ရဲ့ ကောင်လေးပဲ။ ငါ့ကိုလေးစားသမှုပြုပြီး မင်းလုပ်နေတာ ရပ်လိုက်မလား? ယောက်ျား တစ်ယောက်အနေနဲ့ လွှတ်ချပြီး အသီးသီး လမ်းခွဲရင် ရှေ့ဆက်သွားရမှာ မဟုတ်ဘူးလား?”

“မင်းကို လေးစားချမယ် ဟုတ်လား? စောက်ချီးတဲ့မှ!”

စိတ်တိုနေတဲ့ ချမ်ကျွမ်းက လင်းဖေးဟန်ကို လုံးဝ မကြောက်ပေ။ သူက ဘက်စ်ကတ်ဘော ကစားသမားမို့ လင်းဖေးဟန်ထက် ခေါင်းတစ်လုံးလောက် မြင့်သည်။ ဒါ့အပြင် နှစ်ယောက်လုံးက ဒုတိယမျိုးဆက် သူဋ္ဌေးသားများဖြစ်သည်။ ဒီတော့ အလှလေးကို ဘယ်အပါခံနိုင်ပါ့မလဲ?

ချမ်ကျွမ်း အလွန်အမင်းကို မမျှတသလို ခံစားနေရသည်။ လင်းဖေးဟန်ရဲ့ မျက်နှာ တည့်တည့်ကို လက်သီးတစ်လုံး ပစ်သွင်း လိုက်တော့သည်။

“ အား!”

လုမုံ့ဟန် ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။

အသံတစ်ချက်အပြီးမှာ လင်းဖေးဟန်က ချမ်ကျွမ်း သတိလွတ်နေချိန်ကို အခွင့်အရေးယူပြီး မျက်နှာကို ရိုက်ချလိုက်သည်။

ချမ်ကျွမ်း နောက်ကို နှစ်လှမ်းလောက် ဆုတ်သွားချိန်မှာ မြေကြီးပေါ် လဲသည်အထိ လင်းဖေးဟန် ကန်ချပေးလိုက်သည်။

“ မရှက်ပါနဲ့။ မင်းကအရိုက်ခံသင့်တာပဲ မလား? မင်း စကားနောက်တစ်လုံး ထပ်​ပြောခဲ့ရင် မင်း အဖေအစား ငါမင်းကို သင်ခန်းစာပေးပေးရလဲ စိတ်ထဲမရှိဘူး။ ထွက်သွားတော့!”

လင်းဖေးဟန် အေးစက်စွာ ငေါက်လိုက်သည်။

ချမ်ကျွမ်းကသာ ကျောင်းသား ဟုတ်မနေခဲ့ရင် ကောင်းကောင်းလေး ရိုက်နှက်ပေးလိုက်မှာပင်။

ချမ်ကျွမ်းသည် မြေကြီးပေါ် လဲကျနေခဲ့သည်။ လုမုံ့ဟန်က သူ့ကိုလုံးဝ လျစ်လျူရှုပြီး လင်းဖေးဟန်ကို ဒဏ်ရာရသွားလား မေးနေတာ မြင်တော့ သူပိုပြီး ဒေါသ ထွက်သွားရပြန်သည်။

ချမ်ကျွမ်းရဲ့ ပုံစံက အလွန်ကို ကြောက်မက်ဖွယ် ဖြစ်နေပြီး ရက်စက်စွာ ပြောလိုက်သည်။

“ ကောင်းပြီ အရမ်းကောင်းတယ်။ မင်းက တော်တယ်ပေါ့? ငါ့ကိုစောင့်နေလိုက်!”

ချမ်ကျွမ်း ကြမ်းတမ်းတဲ့စကားတွေ ပြောပြီးတာနဲ့ ထွက်သွားခဲ့သည်။

ထိုအချိန်မှာ လုမုံ့ဟန်က အမြန်ရှင်းပြလာသည်။

“မစ္စတာလင်း သူက ကျွန်မရဲ့ ရည်းစားဟောင်းပါ။ ကျွန်မတို့ ဗီဒီယိုတွေကနေ တစ်ဆင့်တွေ့ခဲ့ကြတာ။ ပညာသင်ဖို့ ငွေရှာတဲ့အနေနဲ့ ကျွန်မက တစ်ခါတစ်လေ ဗီဒီယိုအတိုတွေ တင်တဲ့ ပလက်ဖောင်းမှာ live လွှင့်တတ်တယ်။ ကျွန်မတို့ တစ်ခါတစ်လေ အတူဆော့ကြပြီး အချင်းချင်း သိသွားခဲ့ကြတာ”

“ အစက သူက ကျွန်မအပေါ် အရမ်းကောင်းပေးပြီး နောက်ကျ အကျိုးအကြောင်းလဲမရှိသလို သူ့ရဲ့ ဒေါသကလဲ မထိန်းချုပ်ထားဘူး။ တစ်ရက်မှာ ကျွန်မကိုပါ ရိုက်နှက်ခဲ့တယ်။ ဒါကြောင့် လမ်းခွဲလိုက်တာပဲ”

လုမုံ့ဟန် ဘာကြောင့် လင်းဖေးဟန်ကို ရှင်းပြနေမိလဲဆိုတာ မသိတော့ပေ။

လင်းဖေးဟန် ပြန်ဖြေလိုက်သည်။

“ ဘာမှမဖြစ်ပါဘူး။ ငါလဲ လူငယ်တစ်ယောက်မို့ နားလည်ပါတယ်။ သမီးရည်းစားဆိုတာ ဒီလိုပဲ ပြတ်လိုက် တွဲလိုက်ပဲပေါ့”

All Chapters