← Chapters

အခန်း (၁၂၂)

Vol. 9 Ch. 122

အခန်း (၁၂၂)

Vol. 9 Ch. 122

ယင်ကျောင်း KTV ရဲ့ စားသောက်ဆိုင်တွင် လင်းဖေးဟန်ဆီကနေ အညိုမဲစွဲသည်အထိ အရိုက်ခံထားရတဲ့ အကိုကြီးခြောက်က စားပွဲရှေ့ မတ်တပ်ရပ်နေခဲ့သည်။

ယဲ့ဖန်း မျက်မှောင်ကြုတ်သွားတာ

“ မင်း ဘာဖြစ်လာတာလဲ?”

မင်းရဲ့ လူတစ်ယောက် အရိုက်ခံလိုက်ရတာက မင်းမျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ။ ဖန်းချန်း ဧရိယာကိုလာပြီး ဘယ်သူက အရမ်းရဲတင်း ရဲတာလဲ?

ထိုအချိန်မှာ စောင့်ကြည့်ကင်မရာကို စစ်ဆေးပြီးတဲ့ ဟွမ်လောင်ပသည် အနားကို ပြန်ရောက်လာခဲ့သည်။ ယဲ့ဖန်းကို ဒေါသထွက်နေတဲ့ မျက်နှာနဲ့ကြည့်ကာ ပြောလိုက်သည်။

“ အဲ့လူက လင်းဖေးဟန်ဆိုတာ ငါ တွေ့ခဲ့ပြီ အကိုကြီးယဲ့။ ငါတို့ရဲ့ ပိုင်နက်ထဲထိပါ လာပြီး အဲ့ကောင် ပြဿနာရှာရဲနေတယ်!”

“ အကိုကြီးယဲ့ အမိန့်သာပေးလိုက်ပါ။ ညီကိုတွေအကုန်လုံး လင်းဖေးဟန်ကို ကြည့်မရနေခဲ့တာ ကြာပြီ။ ဒီလင်းဖေးဟန်က ဒီတစ်ခေါက် တော်တော်လွန်သွားပြီ!”

“ ဟုတ်တယ်။ သူ့ကို သွားတိုက်ကြမယ်”

“သတ်ပစ်မယ်!”

“ လူအခုပဲ စုလိုက်ရအောင်”.

ဟွမ်လောင်ပရဲ့ အနောက်က လိုက်လာတဲ့ လူမိုက်နှစ်ယောက်က လင်းဖေးဟန်နဲ့ စာရင်း ရှင်းချင်နေကြတာမို့ ဒေါသထွက်စွာ အော်ဟစ်လိုက်ကြသည်။

“ လင်းဖေးဟန် မင်း!”

ယဲ့ဖန်းရဲ့မျက်လုံးတွေ ဒေါသကြောင့် နီရဲနေခဲ့သည်။ ဒီနေ့က တစ်ကယ်ကို စိတ်ပျက်ဖို့ ကောင်းတဲ့နေ့ပဲ။

မဟုတ်ဘူး။ အတိအကျပြောရရင် ကျင်းပိုင်မြို့ကို စရောက်တည်းက အဲ့ဒီ လင်းဖေးဟန်ဆိုတဲ့သူက အနောက်ကနေ တောက်လျှော​က်လိုက်ပြီး သူ့ကို ဆန့်ကျင်နေခဲ့တာပဲ။

ယဲ့ဖန်း မခံမရပ်နိုင်ဖြစ်နေကြတဲ့ လက်အောက်ငယ်သားများကို ကြည့်ကာ လက်ယမ်းပြလိုက်သည်။ ထို့နောက်တွင် တည်ငြိမ်အောင် ကြိုးစားလိုက်ကာ

“ စိတ်မလှုပ်ရှားနဲ့။ စိတ်မရှည်မှု အနည်းငယ်ကြောင့် ကိစ္စကြီးကို ဖျက်ဆီး ပစိနိုင်တယ်။ လင်းဖေးဟန်က လင်းမိသားစုရဲ့ သခင်လေးပဲ။ လင်းမိသားစုက ကျင်းပိုင်မြို့မှာ အခြေတည်နေတာ ကြာခဲ့ပြီ။ ငါတို့လို အမှောင်ထဲက လူတစ်ချို့က သူတို့ကို ဘယ်လို ဆွဲချနိုင်အုံးမှာလဲ?”

“ အခုလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းက ငါတို့ကိုယ်ငါတို့ သန်မာအောင် လုပ်ဖို့ပဲ။ ငါတို့ မနက်ဖြန် နှင်းဆီနီကို သွားတွေ့တဲ့အခါမှာ တစ်ခါထဲ ငါတို့လက်အောက် သွင်းခဲ့မယ်။ တစ်ခါထဲနဲ့ ကျင်းပိုင်မြို့ရဲ့ မြေအောက်လောက တစ်ခုလုံးကို ငါတို့ သိမ်းပိုက်မယ်”

“ အဲ့တာပြီးရင် လင်းဖေးဟန်ကို သတ်ရုံတင် မကပဲ လင်းမိသားစုကိုပါ ဖျက်ဆီးပစ်ပြီး ကျင်းပိုင်မြို့ရဲ့ ဘုရင်အစစ် ဖြစ်လာအောင် လုပ်မှာ!”

နောက်တစ်ရက်မှာ အားသောင်က ကားမောင်းနေခဲ့ပြီး ခေါင်းဆောင်ငယ်သည် ပင်ပန်းနေသော မျက်နှာနဲ့ လိုက်ပါလာခဲ့သည်။ ဝန်ဆောင်မှုပေးတဲ့ ကောင်မလေးနဲ့ မနက်အထိ ဓားသိုင်းကျင့်ခဲ့ရတာမို့ အခု သူ တော်တော် ပင်ပန်းနေခဲ့ပြီဖြစ်သည်။

ဓားသိုင်းကျင့်ချင်ရင် သင့်တော်တဲ့သူ ရှာရမယ်ဆိုတဲ့စကားက တစ်ကယ်မှန်သည်။ အဆင့်မြင့် KTV က ရထားဘူတာရုံ အောက်ကနဲ့ တစ်ကယ်ကို ကွာခြားလှသည်။ အခုမှပဲ လူက ရှင်သန်နိုင်သွားတော့သည်။

ရေခဲနဲ့ မီးလိုပဲ အစွန်းနှစ်ဖက်ကနေ အရမ်းမိုက်သည်!

ခေါင်းဆောင်ငယ် မေးလိုက်လေသည်။

“ မစ္စတာလင်း အဲ့ဒီ လုမုံ့ဟန်ဆိုတဲ့ ကောင်မလေးရဲ့ အမေကို တစ်ကယ် သွားတွေ့မှာလား?”

လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတွေ တွန့်သွားသည်။ ဒီလူက တော်တော်တုံးတာပဲ။ သူဘာတွေ ပြောနေတာလဲ? တစ်ကယ်ကို စကားပြောပေါက်က ဆဲနေသလိုပဲ။

ခေါင်းဆောင်ငယ် တစ်ခုခု မှားယွင်းနေတာကို မခံစားမိဘဲ ဆက်ပြောလိုက်သည်။

“ မစ္စတာလင်း ဒါကလုံးဝ မလိုအပ်ဘူးလို့ ထင်တယ်။ သူမ အမေက မစ္စတာလင်းရဲ့ အကူအညီတောင်းရဲလောက်တဲ့အထိ ကိုယ့်ကိုယ်ကို ဘဝင်မမြင့်နိုင်ဘူးလို့ ထင်တာပဲ”

ခေါင်းဆောင်ငယ် ဆက်ပြောနေပြန်သည်။

“ လုမုံ့ဟန်က တစ်ကယ်လှတာ ကျွန်တော် ဝန်ခံပါတယ်။ သူမနဲ့ ကစားချင်တယ်ဆိုရင်လဲ ဘာလို့ ဆေးကုသစရိတ် တစ်ချို့ပဲ မပေး လိုက်တာလဲ?”

“ သူမအမေရဲ့ ဆေးကုစရိတ်က ယွမ်သုံးသိန်းလို့ ပြောခဲ့တာမလား? ငါးသိန်း ပေးလိုက်မယ်လေ၊ ဒါဆို လုံလောက်ပြီပေါ့”

“ အချိန်ကျလာတဲ့အခါမှာ ဒီပိုက်ဆံက မင်းကို ထောက်ပံ့ပေးတာလို့ ပြောလိုက်ရင် ကောင်မလေးလဲ အရမ်းပျော်သွားမယ် ထင်တယ်”

“ မစ္စတာလင်း အခုလိုလုပ်ရင် ဘာကိုမှ မရဘဲ ကျေးဇူးပါ ဆိုတဲ့ စကားနဲ့ပဲ အဆုံးသတ် သွားရလိမ့်မယ်နော်”

လင်းဖေးဟန် ခေါင်းဆောင်ငယ်ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောလိုက်ပေ။ ဒီကောင်က အရမ်းကို ပုတ်သိုးနေတာပဲ။ သူနဲ့တူညီတာ တစ်စက်မှ မရှိဘူး။

လင်းဖေးဟန် ဘာမှ မပြောလာတာကို တွေ့တော့ ခေါင်းဆောင်ငယ် ဆက်ပြောလိုက်သည်။

“ မစ္စတာလင်း ပုံပြင်တစ်ခု ကြားဖူးလား?”

လင်းဖေးဟန် ဘာမှ မပြောပေမဲ့ ကားမောင်းနေတဲ့ အားသောင်က စိတ်ဝင်စားစွာ မေးလာသည်။

“ ဘာပုံပြင်လဲ?”

သူ့ကို တစ်စုံတစ်ယောက်က အဖက်လုပ်တာကို မြင်လိုက်ရတော့ ခေါင်းဆောင်ငယ် ဆက်ပြောတော့သည်။

“ ချောမောတဲ့ ကောင်လေး တစ်ယောက်က လှပတဲ့မိန်းကလေးကို ကယ်တင်ပြီးတဲ့အခါမှာ ထိုကောင်မလေးက ပြောလိုက်တယ်။ ကျွန်မမှာ ရှင့်ကို ပေးဆပ်ဖို့ ကျွန်မရဲ့ ခန္ဓာကိုယ်ကလွဲရင် မရှိတော့ပါဘူးတဲ့”

“ အကယ်လို့ ရုပ်ဆိုးတဲ့ ကောင်လေး ဖြစ်နေရင်ကော?”

အားသောင် မေးလိုက်သည်။

“ ရုပ်ဆိုးနေခဲ့ရင် လှပတဲ့ကောင်မလေးက ကျေးဇူးပါ၊ ကျွန်မရှင့်ကို ဘယ်လို ပြန်ပေးဆပ်ရမယ်တောင် မသိတော့ပါဘူး လို့ပြောလိမ့်မယ်။ နောက်ဘဝကျရင် ကျွန်မ နွားဖြစ်ဖြစ်၊ မြင်းဖြစ်ဖြစ် ရှင့်အိမ်မှာ ပြန်လာမွေးပါ့မယ်တဲ့”

ထိုစကားကို ကြားတော့ လင်းဖေးဟန် အေးစက်စွာ ပြောလိုက်သည်။

“ မင်းငါ့ကို ဘယ်လိုထင်နေတာလဲ? ငါ့ကို မချောဘူးလို့ ပြောလိုက်တာလား?”

“ အာ.. ဒါက..”

ခေါင်းဆောင်ငယ် ပြောပြချင်ဇောအားကြီးပြီး အနောက်မှာ ထိုင်နေတဲ့ လင်း​ဖေးဟန်ကိုပင် မေ့သွားခဲ့တာဖြစ်သည်။

လင်းဖေးဟန် ဆူလိုက်တော့သည်။

“ပိတ်ထားစမ်း!”

ခေါင်းဆောင်ငယ် အနေခက်စွာ ရယ်လိုက်ပြီး

“ မစ္စတာလင်း ကျွန်တော် ဒီတိုင်းပြောလိုက် မိတာပါ။ မစ္စတာလင်းက အရမ်းချောတာပေါ့။ လုမုံ့ဟန် မစ္စတာလင်းရဲ့ လက်မောင်းထဲ ဝင်သွားတာ ကြာလောက်ပြီလို့တောင် ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ ကောင်မလေးက ငယ်သေးတော့ ထုတ်ပြောရမှာ မရဲလို့ဖြစ်ပါလိမ့်မယ်”

“ ရပြီ အချိန်ဖြုန်းနေတာရပ်တော့။ အားသောင် အရှိန်တင်ပြီး ဆေးရုံကိုသာမောင်း”

လုမုံ့ဟန်ကို သူဘာကြောင့် မရယူ ချင်ရမှာလဲ? ဒါပေမဲ့ သူက ဗီလိန်တစ်ယောက်မို့ မဖြစ်နိုင်ဘူးဆိုတာ သိပြီးသားပါ။ ယဲ့ဖန်းသာ ဆိုရင်တော့ ဖြစ်နိုင်သည်။ လုမုံ့ဟန် ယဲ့ဖန်းရဲ့ လက်မောင်းထဲကို တစ်ကယ်ပဲ ပစ်ဝင်သွား နိုင်လောက်သည်။ သူကတော့ စိတ်ကူးယဥ်ရုံသာ တတ်နိုင်သည်လေ။

နာရီဝက်လောက် ကားမောင်ပြီးနောက်မှာ နောက်ဆုံးတော့ ဆေးရုံကို ရောက်လာခဲ့ပြီ။

“ ရောက်ပါပြီ”

ပုံမှန်အဆောင်ထဲကို ဝင်လိုက်တဲ့အခါမှာ လင်းဖေးဟန် မျက်မှောင်ကြုတ်သွား ခဲ့သည်။

လင်းဖေးဟန် ရောက်လာတာကို လုမုံ့ဟန် မြင်တော့ အမြန်မတ်တပ်ရပ်လိုက်ကာ လင်းဖေးဟန်ကို လေးစားစွာ နှုတ်ဆက်လာသည်။

“ မစ္စတာလင်း”

စကားပင် မပြောနိုင်လောက်အောင် အားနည်းနေသော လုမုံ့ဟန်ရဲ့ အမေ့ကို ကြည့်ပြီး လင်းဖေးဟန် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။

“ ဟုတ်ပြီ မင်းထိုင်ပြီး အန်တီ့ကိုပဲ ဂရုစိုက် ပေးလိုက်ပါ။ စိတ်မပူနဲ့ ငါကျန်တာကို ရှင်းလိုက်မယ်”

လင်းဖေးဟန် လုမုံ့ဟန်ရဲ့ အမေဖြစ်သူကိုပါ ခေါင်းညိတ်ပြလိုက်​ပြီး

“ အန်တီ စိတ်မပူပါနဲ့ ဒါအသေးစား ဖျားနာမှုလေးပါပဲ။ အန်တီမကြာခင် သက်သာ သွားမှာပါ”

လင်းဖေးဟန် နောက်လှည့်ပြီး အားသောင်ကို မှာလိုက်သည်။

“ အားသောင် ဆေးရုံမှူးကို သွားခေါ်ခဲ့”

“ ဟုတ်ကဲ့ သခင်လေး”

ဒီကိစ္စကို အားသောင်ကိုပဲ ခိုင်းရမည်။ ခေါင်းဆောင်ငယ်က မောက်မာပြီး သြဇာ ပြတတ်လွန်းတာမို့ ဒီကိစ္စကိုလုံးဝ သေချာ လုပ်နိုင်မှာ မဟုတ်ဘူး။

အားသောင်ဆီက ခေါ်ခံလိုက်ရတော့ ဆေးရုံ ဒါရိုက်တာခမျာ ဆရာဝန်ကုတ်တောင် ထပ်ဝတ်ချိန် မရလိုက်​ပေ။ အဆောင်ခန်းထဲ အပြေးသွားလိုက်ကာ လင်းဖေးဟန်ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။

“ မစ္စတာလင်း ကျွန်တော်တို့ ဆေးရုံကို ရောက်လာတာ ဆေးရုံအတွက် တစ်ကယ်ကို ဂုဏ်ယူစရာပါပဲ။ မစ္စတာလင်း လာမှာများ ကျွန်တော့်ကို ကြိုမပြောထားလိုက်ဘူးဗျာ”

ဆေးရုံဒါရိုက်တာသည် လင်းဖေးဟန် စိတ်တိုအောင် မလုပ်ရဲပါချေ။

လင်း​ဖေးဟန်လို လူကို သူတစ်ကယ် မစော်ကားရဲဘူး။

လင်းဖေးဟန် ခပ်ဖြေးဖြေးပဲ ပြောလိုက်သည်။

“ ဒီအခန်းက လူနာကို VIP ခန်းကို ချက်ချင်း ပြောင်းပေးသင့်တယ်။ ဆေးရုံရဲ့ အကောင်းဆုံး ပစ္စည်းတွေကိုပဲ သုံးပေးပြီး ငါ့အတွက် ဆရာဝန်ကောင်းတစ်ယောက်ပါ ရှာပေးပါ။ ကျသမျှ ငါရှင်းမယ်”

ဆေးရုံ ဒါရိုက်တာ အနည်းငယ် အခက်တွေ့သွားသည်။

“ မစ္စတာလင်း.. ကျွန်တော်တို့ ဆေးဝါး အထောက်အပံ့နဲ့ အကောင်းဆုံး ဆရာဝန် စီစဥ်ပေးလို့ရပါတယ်။ ဒါပေမဲ့… VIP ဆောင်က လူပြည့်နေလို့ပါဗျ။ အခု.. ရွှေ့ဖို့ ခဲယဥ်းပါအုံးမယ်”

လင်းဖေးဟန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘေးမှာရပ်နေတဲ့ အားသောင်က ဆေးရုံ ဒါရိုက်တာရဲ့ လက်မောင်းကို အားနဲ့ ရိုက်လိုက်သည်။ နာသွားပေမဲ့ ဆေးရုံ ဒါရိုက်တာ ကျယ်လောင်စွာ မအော်ရဲ​ပေ။

သူ ထိန်းထားရမည်။ သူက ဆေးရုံဒါရိုက်တာပဲ။ သူ အော်လိုက်မိရင် လူတွေရဲ့အာရုံကို ဆွဲဆောင်မိသွားလိမ့်မယ်။ လူတွေ မြင်သွားရင် သူ့ရဲ့ဂုဏ်ပုဒ်အတွက် မကောင်းဘူး!

All Chapters