အချိန်မီ
Vol. 20 Ch. 344
ချန်တာ့ဝေ့နဲ့ ချန်ဖေပင်းက တံခါးအပြင်ဘက်မှာ ရပ်နေတဲ့လူတွေအများကြီးကို မယုံနိုင်စွာနဲ့ ကြည့်လိုက်သည်။ သူတို့ ဒီလူတွေကိုမြင်ရလိမ့်မယ်လို့ မျှော်လင့်မထားပေ။
"မင်း...မင်းတို့ပဲ!"
ချန်တာ့ဝေ့က သူ့အိမ်ထဲကို ရုတ်တရက်ရောက်လာတဲ့ ရှောင်မိသားစုဝင်တွေကိုကြည့်ရင်း မျက်လုံးတွေ ပြူးသွားသည်။
ဒါက ယုံဖို့ခက်လှသည်။
"မင်းတို့က..."
ချန်တာ့ဝေ့က သူတို့ကို ထိုးလိုက်ကာ အံ့ဩထိတ်လန့်စွာဖြင့် အထစ်အထစ်နဲ့ပြောလိုက်သည်။
ရှောင်မိသားစုရဲ့ ရုတ်တရက် ရောက်ရှိလာမှုက ချန်မိသားစုကိုတင်မဟုတ်ဘဲ ရှောင်လင်းယွင်ကိုလည်း အံ့ဩသွားစေခဲ့သည်။ သူမ မိဘတွေနဲ့ အဘိုးအဘွားတွေက ထောင်ယွမ်ရွာကို ပြန်သွားခဲ့မှန်း သူမသိသည်။
ဒါဆိုရင် သူတို့ဘယ်လိုလုပ်ဒီကို မြန်မြန်ဆန်ဆန်ကြီး ရောက်လာရတာလဲ?
ဒါမှမဟုတ် သူတို့က လုံးဝကို မသွားရသေးတာလား?
ပြီးနောက်မှာပဲ ရှောင်လင်းယွင်က သူမအဖေရဲ့ဘေးမှာ ရပ်နေတဲ့ ဆွေမျိုးတွေကိုမြင်တော့ ၎င်းကို ပယ်ချလိုက်တော့သည်။
ရှင်းရှင်းလင်းလင်းကိုပဲ သူမမိဘတွေ ပြန်လာခဲ့တာဖြစ်သည်။
မဟုတ်ရင် သူမဦးလေးတွေနဲ့ အဒေါ်တွေက ဘာလို့ဒီမှာ ရှိနေမှာလဲ?
"မင်းတို့ခွေးကောင်တွေ!"
ရှောင်လင်းယွင် ဒီကိစ္စတွေကို ဝေခွဲမရသေးခင်မှာပဲ ဒေါသထွက်နေတဲ့အသံတစ်ခု ပေါ်လာသည်။
ရှောင်မိသားစုက ယောက်ျားအချို့က ချက်ချင်း တည့်တည့်မတ်မတ်သွားလိုက်ကြပြီး ချန်တာ့ဝေ့နဲ့ ချန်ဖေပင်းကို အဝေးကို တွန်းထုတ်လိုက်ကြသည်။ ရှောင်လင်းယဲ့က ငယ်ရွယ်ပြီးတော့ ခြေမြန်လက်မြန်ရှိသည်။ သူ့ရဲ့အစ်မဝမ်းကွဲက ဒီလိုအနိုင်ကျင့်ခံနေရတာကိုမြင်တော့ သူဒေါသထွက်သွားသည်။ သူက ချန်ဖေပင်းရဲ့မျက်နှာကို တစ်ချက်ထိုးလိုက်ပြီး အလွန်အမင်းဒေါသတကြီး ဆဲရေးလိုက်သည်။
"ချန်ဖေပင်း၊ ခင်ဗျားက လုံးဝ လူမဟုတ်ဘူး။ ခင်ဗျားက တိရစ္ဆာန်ပဲ။ မဟုတ်သေးဘူး ခင်ဗျားက တိရစ္ဆာန်ထက်တောင် ပိုဆိုးသေးတယ်။ ခင်ဗျား အသိစိတ်ကဘယ်မှာလဲ? ခင်ဗျားက ကိုယ့်မိန်းမနဲ့ သမီးကို ပြန်သတ်ရလောက်အောင်အထိ ရူးနေတာပဲ"
ရှောင်ကျင်းယန်က လာရောက်ပြီးတော့ ရှောင်လင်းယွင်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
သူက စိုးရိမ်စွာနဲ့
"ယွင်အာ၊ သမီးအဆင်ပြေလား?"
ရှောင်လင်းယွင်က သူမရဲ့ခေါင်းကိုခါလိုက်ပြီး
"အဖေ သမီးအဆင်ပြေပါတယ်"
ပြီးနောက် သူမအသိပြန်ဝင်လာပြီး ကြောက်လန့်နေတဲ့ သူမရဲ့သမီးနှစ်ယောက်ကို မြင်လိုက်သည်။ သူမက အော်လိုက်ပြီးတော့
"လုလု ရို့ရို့၊ သမီးတို့အဆင်ပြေတယ်နော်။ အဘိုးက ဒီမှာ အမေတို့ကိုကယ်ဖို့ ရောက်နေပြီ"
"အဘိုး!"
အဲ့ဒီအချိန်မှာ လုလုနဲ့ ရို့ရို့က ရုတ်တရက်ပြေးသွားလိုက်ကြပြီး ရှောင်ကျင်းယန်ရဲ့ပေါင်တစ်ဖက်ကို ဖက်လိုက်ကြသည်။ သူတို့ရဲ့မျက်နှာသေးသေးလေးတွေက အရမ်းဖြူဖပ်နေသည်။ သူတို့က ရှောင်ကျင်းယန်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာ ငိုလိုက်သည်။
"အဘိုး သမီးတို့ကြောက်တယ်!"
ရှောင်ကျင်းယန်က ချက်ချင်း ဒူးကွေးချလိုက်ပြီး သူ့မြေးမနှစ်ယောက်ကို သူ့လက်ထဲမှာ ထည့်ထားလိုက်သည်။ မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေလျက်ဖြင့်
"ကလေးတို့ မကြောက်ကြနဲ့။ မင်းတို့ကိုကယ်ဖို့ အဘိုးဒီမှာရှိတယ်"
ဒါကိုပြောပြီးတော့ ရှောင်ကျင်းယန်က သူ့ခေါင်းကို မြှောက်လိုက်ပြီး ချန်ဖေပင်း ကို အရမ်းဒေါသတကြီး ကြည့်လိုက်သည်။
သူက တည်ငြိမ်တဲ့အသံနဲ့ မေးကာ
"ချန်ဖေပင်း၊ မင်းစောက်ရူးကောင်။ ဒါမင်းငါ့သမီးနဲ့ ငါ့မြေးတွေကို ဘယ်လိုဆက်ဆံလိုက်လဲဆိုတာလား? တစ်ယောက်က မင်းမိန်းမဖြစ်ပြီးတော့ တခြားနှစ်ယောက်က မင်း သမီးအရင်းတွေလေ။ မွေးတောင်မလာသေးတဲ့ သားတစ်ယောက်ရဲ့အကျိုးအတွက် မင်းမိန်းမနဲ့ သမီးတွေကို သတ်ချင်တာလား? မင်း... မင်းက လုံးဝလူမဟုတ်ဘူး"
ရှောင်မိသားစုတစ်စုလုံး တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။
လူတွေအများကြီးတစ်ခါထဲဝင်လာတာကို ချန်တာ့ဝေ့ နဲ့ ချန်ဖေပင်းတို့မြင်တော့ သူတို့တစ်ကိုယ်လုံး ယိမ်းထိုးသွားပြီး မျက်နှာထားတွေလည်း အရမ်းအကျည်းတန်ကုန်သည်။
"ယွင်အာ လုလု ရို့ရို့ မင်းတို့တွေ အဆင်ပြေကြလား?"
တခြားသူတွေက အိမ်ထဲဝင်လာတာနဲ့ ရှောင်လင်းယွင်နဲ့ ကလေးတွေဆီ ချက်ချင်းပြေးသွားလိုက်ကြသည်။
ရှောင်လင်းယွင်က သူမမိသားစုကိုမြင်တော့ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားသွားခဲ့သည်။
သူမက
"အမေ အဘိုး အဘွား၊ ဘာလို့အစောကြီး ပြန်လာကြတာလဲ?"
ယန်လျိုက ငိုလိုက်ပြီး သူမကိုယ်သူမ အပြစ်တင်ကာ
"ယွင်အာ ဒါအကုန် အမေ့အမှားတွေပါ။ အမေ သမီးတို့သုံးယောက်ကို ဒီမှာထားခဲ့ပြီး သမီးတို့မိသားစု အသက်တွေဆုံးစေတော့မလို့"
ရှောင်လင်းယွင်က သူမခေါင်းကို ခါပြီးတော့
"အမေ အမေဘာလို့အပြစ်တင်နေတာလဲ? ချန်မိသားစုက အရမ်းရူးနေလိမ့်မယ်လို့ သမီးတို့တစ်ယောက်မှ မှမသိဘဲ"
ဘွားဘွားရှောင်က
"ချန်မိသားစုအားလုံးက ရူးနေတာပဲ"
နောက်ဆုံးကျတော့ ချန်တာ့ဝေ့က ပိုလူကြီးဆန်ပြီး အတွေ့အကြုံရှိသည်။ သူ့ရဲ့စိတ်တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီးတဲ့နောက်မှာ သူ့ကိုယ်သူ မြန်မြန်ဆန်ဆန်စိတ်လျှော့လိုက်သည်။
ပြီးနောက် သူက မှုန်ကုပ်နေတဲ့မျက်နှာနဲ့ ပြုံးကာ
"ခမည်းခမက်တို့ ဘာလို့ဒီရောက်နေကြတာလဲ? လာမယ်ဆိုတာကို ကျုပ်တို့ကို ဘာလို့အကြောင်းမကြားလိုက်တာလဲ?"
***