← Chapters

မတော်တဆ

Vol. 20 Ch. 329

မတော်တဆ

Vol. 20 Ch. 329

ယန်စစ်မင်က ထောင်ယွမ်ရွာကို ရောက်ပြီးသွားပြီး ဖြိုချရေးအဖွဲ့က ထောင်ယွမ်ရွာမှာ လမ်းကြောင်းတားဆီးမှုတစ်ခုကြုံခဲ့ရတာကို လျောင်ကောဟိုင်မသိခဲ့ပေ။

လျောင်ကောဟိုင်က ယန်စစ်မင်ရဲ့ သတိပေးမှုနဲ့ ရင်ဆိုင်ရင်း အရမ်းအလုပ်များနေခဲ့သည်။

ဖြိုချရေးအဖွဲ့က သူတို့တွေ့ရှိမှုတွေကို လီကျားမင်ကိုတင်ပြခဲ့သည်။ လီကျားမင်ကအက်ဆီးဒင့်တစ်ခုဖြစ်သွားပြီး သူ့အသက်အတွက် ဆေးရုံမှာ တိုက်ပွဲဝင်နေရသည်။

ဒါက သတင်းကွင်းဆက် ဘယ်လိုပျက်စီးသွားလဲဆိုတာဖြစ်သည်။

Forklift တွေနဲ့ တခြားပစ္စည်းတွေကိုရောင်းပြီးတော့ ကပ္ပတိန်ဟူရဲ့အဖွဲ့က ပျောက်သွားကြသည်။

လျောင်ကောဟိုင်ရဲ့ရှူထောင့်အရ ကပ္ပတိန်ဟူရဲ့အဖွဲ့ ဒါတွေအားလုံးကိုလုပ်ခဲ့တာက သူတို့ကုမ္ပဏီက ယန်စစ်မင်အပေါ် ဘယ်လိုအမှားလုပ်လိုက်လဲဆိုတာကို ကြားသွားကြ၍ဖြစ်သည်။ သူတို့ ကြောက်သွားပြီး လူစုကွဲသွားသည်။

ဒါကြောင့်ပဲ ယန်စစ်မင်အပြင် တခြားအကောင်ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရဦးမယ်ဆိုတာကို လျောင်ကောဟိုင်ကမသိခဲ့ချေ။

ဒါပေါ့ ဖြိုချရေးအဖွဲ့ ထောင်ယွမ်ရွာမှာ ဘာတွေကြုံခဲ့ရတယ်ဆိုတာကိုလည်း လျောင်ကောဟိုင်က ယန်ယီကျင်းကိုမပြောနိုင်ဘူးလေ။ သူက ယန်စစ်မင်ကို အမှတ်တမဲ့ အမှားလုပ်မိလိုက်တယ်ဆိုတဲ့အကြောင်းကိုပဲ ပြောခဲ့သည်။

ဒါ့ကြောင့် ထောင်ယွမ်ရွာမှာ တခြားအရေးပါတဲ့လူတစ်ယောက်ရှိတာကို ယန်ယီကျင်းကမသိပေ။ သိခဲ့ရင်တော့ သူလျောင်ကောဟိုင်နဲ့ ပူးပေါင်းမှာမဟုတ်ပေ။

ယန်ယီကျင်းက လျောင်ကောဟိုင်ရဲ့ဖုန်းကို ချလိုက်ပြီးတော့ သူ့မျက်ခုံးတွေက အတူတူတပြေးတည်းဖြစ်သွားသည်။

လျောင်ကောဟိုင်ပြောပုံအရတော့ သူ့သား ယန်စစ်မင်ကလွဲရင် သူ့ကို ထောင်ယွမ်ရွာတည်ဆောက်ပြုပြင်တာကိုတားဆီးဖို့ တခြားအင်အားကြီးတဲ့လူမရှိချေ။ ဒါပေမယ့်လည်း သူ့သားရဲ့သတိပေးချက်က အသေအချာ တစ်ခုခုကိုဆိုလိုနေသည်။

ယန်ယီကျင်းက ၎င်းအကြောင်း တွေးတောလိုက်သည်။

သူ့သားရဲ့မိန်းကလေးသူငယ်ချင်းမှာ တခြားနောက်ခံများ ရှိနေတာများလား?

ဒါပေမယ့်လည်း အဲ့ဒါသာအမှန်ဆိုရင် လျောင်ကောဟိုင်ကသိမှာပေါ့။

သိခဲ့ရင်တော့ ထောင်ယွမ်ရွာကိုဖျက်ဆီးဖို့ ဖြိုချရေးအဖွဲ့တစ်ဖွဲ့ပို့ဖို့ သူဘယ်လိုလုပ်သတ္တိရှိပါ့မလဲ?

စီးပွားရေးလောကမှာ လျောင်ကောဟိုင်ရဲ့ဂုဏ်သတင်းက သိပ်မကောင်းပေ။ ရှင်းရှင်းပြောရရင်တော့ သူက နိုင်ရာစားတစ်ယောက်ဖြစ်သည်။

လျောင်ကောဟိုင်က နောက်ခံမရှိတဲ့လူ ဒါမှမဟုတ် သူ့ထက်နိမ့်ကျတဲ့နောက်ခံရှိတဲ့လူတွေကို မျက်နှာချင်းဆိုင်ရင် မောက်မာပြီး ရက်စက်သည်။ သူတို့ ခေါင်းပုံဖြတ်ခံနေရတဲ့အချိန်မှာလည်း ဒီလူတွေက ဘာမှမလုပ်နိုင်ဘူးလေ။

ဒါပေမယ့်လည်း သူ့ထက်ပိုဩဇာရှိတဲ့လူတွေကို မျက်နှာချင်းဆိုင်ရင်တော့ လျောင်ကောဟိုင်က ပြုံးနေတဲ့ကြောင်တစ်ကောင်လိုပဲဖြစ်သည်။ သူက သူတို့ကို ဘယ်တော့မှမဆန့်ကျင်ပေ။ သူ တည်ဆောက်ရေးပရောဂျက်တစ်ခုခုစချင်တဲ့အချိန်တိုင်း ပစ်မှတ်တည်နေရာရဲ့ နောက်ခံကိုစုံစမ်းဖို့ သူ့လူတွေကို လွှတ်သည်။ သူက မြေကို လွယ်လွယ်ရနိုင်လား မရနိုင်လားဆိုတာကြည့်ဖို့ ဒါကိုလုပ်ခြင်းဖြစ်သည်။

ထောင်ယွမ်ရွာအတွက်လည်း အခြေအနေအတူတူပဲဖြစ်သည်။

၎င်းကိုတွေးရင်း ယန်ယီကျင်းက သူ့ခေါင်းကိုခါလိုက်ပြီး သူ အလွန်အကျွံတွေးတောနေတယ်လို့ ခံစားလိုက်ရသည်။

ယန်စစ်မင်ရဲ့သတိပေးချက်ကြောင့် သူအတော်လေးပဟေဠိဖြစ်သွားတယ်ဆိုပေမယ့်လည်း ယန်စစ်မင်က သူ့မိန်းကလေးသူငယ်ချင်းကိုကာကွယ်ဖို့အတွက်ပဲ အသံထွက်လာတယ်လို့ သူယုံသည်။

၎င်းက ထောင်ယွမ်ရွာမှအကျိုးအမြတ်ကိုကို တစ်ခြားတစ်ယောက်နဲ့ဝေမျှရမယ်လို့ ဆိုလိုပေမယ့်လည်း လျောင်ကောဟိုင်က သက်သာရာရသွားသည်။ ဒါပေမယ့်လည်း ဒါက လုံးဝလက်လျှော့တာထက်တော့ သာသေးသည်။

ယန်ယီကျင်းက ယန်မိသားစုအောက်က နောက်ထပ်ကုမ္ပဏီတစ်ခု ချင်းချန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့နာမည်နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနဲ့ ပူးပေါင်းခဲ့သည်။

ယန်ယီကျင်းက လျောင်ကောဟိုင်နဲ့ ပူးပေါင်းမှုကို ဆွေးနွေးဖို့ တစ်စုံတစ်ယောက်ကို လွှတ်ခဲ့သည်။

လျောင်ကောဟိုင်တစ်ယောက် ပြန်ပြီး တက်ကြွလာခဲ့သည်။

စီးပွားရေးလောကကတော့ လျောင်ကောဟိုင်သည် ယန်မိသားစုရဲ့ခေါင်းဆောင် ယန်ယီကျင်း နဲ့ ရင်းနှီးဖို့ဆောင်ရွက်နေမှန်း သိသွားကြပြီဖြစ်သည်။ သူတို့က လျောင်ကောဟိုင်နားမှာ ဝိုင်းအုံလာပြီး ယန်မိသားစုနဲ့ရင်းနှီးဖို့ သူ့ကိုအသုံးချဖို့ ကြိုးစားနေကြသည်။

လျောင်ကောဟိုင်က အရမ်းသတိရှိတဲ့လူတစ်ယောက် ဖြစ်သည်။ ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်တာကနေ သူ့ကိုတားဆီးနေတာက ယန်စစ်မင်တစ်ယောက်တည်းပဲလို့ သူအမြဲတွေးခဲ့သည်။

ဒါပေမယ့်လည်း အခုသူက ယန်စစ်မင်ရဲ့အဖေနဲ့ ပူးပေါင်းမှုတစ်ခု ရလိုက်တဲ့အတွက် ဆက်မကြောက်တော့ပေ။

ဒါပေါ့ သူယန်စစ်မင်ကို အကြောင်းရင်းမရှိဘဲနဲ့တော့ မဆန့်ကျင်ဘူးလေ။ ပြီးတော့ ၎င်းက သူ့ကို ကောင်းမွန်စေမှာမဟုတ်ပေ။

ဘယ်သူကပိုအရေးကြီးတာလဲ။ သားလား စီးပွားရေးပါတနာလား?

အဖြေကတော့ရှင်းသည်။

ယန်မိသားစုက သူတို့ကိုယ်သူတို့ပဲကြည့်မှန်း လူတိုင်းသိသည်။

လျောင်ကောဟိုင်သာ ယန်စစ်မင်ကို ရည်ရွယ်ချက်ရှိရှိအမှားလုပ်လိုက်ရင် သူ့ရဲ့စီးပွားရေးပါတနာအသစ်ကိုပါ ဆန့်ကျင်ပြီးသားဖြစ်သွားမည်။ ဒါဆိုရင် သူတကယ်သေလိမ့်မည်။

နွားဘုရင်ငယ်လေးရဲ့ပိုင်ရှင်က ယန်စစ်မင်ရဲ့မိတ်ဆွေမှန်း ယန်ယီကျင်းဆီကနေ သူသိခဲ့ပြီးတော့ လျောင်ကောဟိုင်က မိန်းကလေးရဲ့ အချက်အလက်တွေကို စုံစမ်းဖို့ ချက်ချင်းလူတွေလွှတ်ခဲ့သည်။ ၎င်းက လုပ်ဖို့ မခက်ခဲပေ။

မိန်းကလေးက ဟွေ့ချင်ဂရုသိမ်းယူမှုဖြစ်ရပ်အတွက် နာမည်ကြီးသည်။ ထိုမိန်းကလေးနာမည်က ရှောင်လင်းယွီမှန်း လျောင်ကောဟိုင်သိသွားသည်။ သူမက အရင်က Zမြို့မှာလုပ်ပေမယ့် လယ်စိုက်ဖို့ အိမ်ကိုပြန်သွားခဲ့သည်။

လျောင်ကောဟိုင်က ရှောင်လင်းယွီဆီမှာ သူကြောက်ရွံ့သင့်တာ ဘာမှမတွေ့ခဲ့ပေ။

သူမက ယန်စစ်မင်ရဲ့ အကာအကွယ်ဖြစ်နိုင်ပေမယ့် သူ့မှာ ယန်စစ်မင်အဖေရဲ့အထောက်အပံ့ရှိသည်။

လျောင်ကောဟိုင်က ယန်စစ်မင်ကို လိုက်လျောတဲ့အနေနဲ့ ရှောင်လင်းယွီကို အပိုလျော်ကြေးတချို့ပေးမယ်လို့ ဆုံးဖြတ်ခဲ့သည်။

တခြားရွာသားတွေအတွက်ရော?

သူတို့က သူတို့အမှိုက်တွေလိုပဲ ဆက်ဆံခံရမှာပေါ့။

.....

ကုန်းထျန်းဟောက်သည်တော့ သူ့လက်အောက်ငယ်သားဆီကနေ တင်ပြချက်ကိုရတော့ သူ့မျက်နှာက စိတ်ပျက်သွားသည်။ ဒါပေမယ့် နောက်တော့ အေးစက်တဲ့အပြုံးတစ်ခု သူ့မျက်နှာမှာပေါ်လာသည်။

လျောင်ကောဟိုင်က အရမ်းပေါ့ပေါ့ဆဆနိုင်မယ်လို့ သူမျှော်လင့်မထားခဲ့မိပေ။ ပြီးတော့ထပ်ပြီး ဒါကလည်းကောင်းတဲ့အရာတစ်ခုပဲလေ။

သူ လျောင်ကောဟိုင်နဲ့ ပြိုင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ကုန်းထျန်းဟောက်ကို အကြင်နာကင်းလို့ဆိုပြီး ဘယ်သူမှအပြစ်မတင်နိုင်ပေ။

လျောင်ကောဟိုင်က အရင်ငတုံးဖြစ်တာလေ။ သူ လျောင်ကောဟိုင်ကို အခွင့်အရေးတစ်ခုပေးခဲ့သားပဲ။ တည်ဆောက်ပြုပြင်ရေးကို တစ်နေရာရာမှာတွေ့ခဲ့ရင်တော့ သူအသက်ရှင်မှာပေါ့။ ဒါပေမယ့်လည်း ဒီလူက သေခြင်းတရားကို မလျှော့တမ်း ဖိတ်ခေါ်နေသည်။

ကုန်းထျန်းဟောက်က နောက်ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။

“ယွမ်ဟန်...”

.......

ဟူဟန်ဆန်းက သူ့ရဲ့ဖြိုချရေးအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ဒါကြောင့် လျောင်ကောဟိုင်က နောက်ထပ်အဖွဲ့တစ်ခု ရှာရတော့မည်။ ကျေးဇူးတင်စွာပဲ သူ့ကုမ္ပဏီမှာ ဖြိုချရေးအဖွဲ့တစ်ဖွဲ့ထက် ပိုရှိသည်။

မြို့ကောင်စီက ဖြိုချရေးအဖွဲ့ကို မျက်စိမှိတ်ထားဖို့ ဆုံးဖြတ်ခဲ့သည်။ ၎င်းက အထက်ပိုင်းက ခွင့်ပြုပေးထားတဲ့ ပရောဂျက်ဖြစ်သည်။ သူတို့ မကျေမနပ်ဖြစ်ကြပေမယ့်လည်း တစ်ခုခုလုပ်ဖို့ သူတို့ကအရမ်း နိမ့်လွန်းနေသည်။

နောက်ဆုံးတစ်ကြိမ်မှာ မြို့ကောင်စီက တည်ဆောက်ပြုပြင်ရေးသတိပေးစာကို ရတဲ့အချိန်ပတ်လည်မှာပဲ ကုမ္ပဏီက ထောင်ယွမ်ရွာကို ဖြိုချရေးအဖွဲ့တစ်ခုပို့ခဲ့ပြီးဖြစ်သည်။ မြို့ကောင်စီမှာ ပြန်ပြောဖို့ အချိန်တောင်မရလိုက်ပေ။ သူတို့တစ်ခုခုလုပ်ချင်တဲ့အချိန်မှာ ဖြိုချရေးအဖွဲ့က ဆုတ်ခွာသွားပြီဆိုတဲ့သတင်းကို ကြားလိုက်ရသည်။

အမှန်အတိုင်းဆိုရင် ‌မြို့ကောင်စီက သက်သာရာရသွားခဲ့သည်။ အကြောင်းမှာ ထောင်ယွမ်ရွာဖြိုချရေးအတွက် စီစဉ်မှုတွေက လွယ်လွယ်ကူကူကျိုးကြောင်းမဆီလျော်ဘူးဆိုတာကို သူတို့သိခဲ့ကြလို့ဖြစ်သည်။

ဒါပေမယ့်လည်း အထက်ပိုင်းက အကုန်လုံးကို ခွင့်ပြုထားမှတော့ သူတို့ဘာလုပ်နိုင်မှာတဲ့လဲ?

ကံကောင်းစွာပဲ ဖြိုချရေးအဖွဲ့က ဆုတ်ခွာသွားခဲ့သည်။

မဟုတ်ရင် သူတို့ ရွာသားတွေကို ဘယ်လိုနှစ်သိမ့်ရပါ့မလဲ?

ဒါပေမယ့်လည်း သူတို့ကြောက်လန့်သွားတာက တိုက်ပွဲပြီးသွားပြီးသိပ်မကြာခင်မှာပဲ နောက်ထပ်ဖြိုချရေးအဖွဲ့တစ်ခုက ထောင်ယွမ်ရွာကို ဖျက်ဆီးဖို့ ပြန်လာခဲ့သည်။

ဖြိုချရေးရဲ့သတိပေးစာကို သူတို့ရတော့ မြို့ကောင်စီက ထပ်မံတိတ်ဆိတ်သွားပြန်သည်။

“ဘာတွေဖြစ်နေတာလဲ?”

မြို့ကောင်စီခေါင်းဆောင် ဖန်ရှို့ဟုန်က မျက်မှောင်ကျုံ့ပြီး ဒေါသတကြီးနဲ့ပြောလိုက်သည်။

“သူတို့က တရွာလုံးကို ဒီလိုမျိုး ဖျကိဆီးပစ်ချလိုက်တော့မလို့လား? ရွာကို နေရာရွှေ့ပြောင်းဖို့တောင်ဘာမှလုပ်မထားဘူး”

တခြားအဖွဲ့ဝင်တွေကလည်း သတိပေးစာကနေဖတ်မိတော့ သူတို့လည်း မခံမရပ်နိုင်ဖြစ်သွားသည်။

“မရဘူး ငါဒီတစ်ကြိမ်တော့ သဘောမတူနိုင်ဘူး”

ဖန်ရှို့ဟုန်က အမိအရပြောလိုက်သည်။

“သူတို့ရွာကို ဖြိုချချရင်တော့ အဆင်ပြေပေမယ့် သူတို့ မျှတပြီး ကျိုးကြောင်းဆီ‌လျော်တဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ လာမှဖြစ်မှာပေါ့။ ဒါကအနိုင်ကျင့်နေတာပဲ။ ရွာသားတွေကို ခေါင်းပုံဖြတ်ဖို့တော့ သူတို့ကို ငါကူညီမပေးဘူး”

အရင်တခေါက်က အရာအားလုံးက မြန်မြန်ဆန်ဆန်ကြီးဖြစ်ပျက်သွားလို့ သူတို့မှာ ဖြိုချရေးသတိပေးစာကို ဖတ်ဖို့တောင် အချိန်မရလိုက်ပေ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူတို့ တူညီနဲ့အမှားမျိုးမလုပ်ပေ။

အစည်းအဝေးခန်းထဲကလူတွေ သဘောတူလိုက်ကြသည်။

“ဟုတ်တယ် ဒါက သိသိသာသာခေါင်းပုံဖြတ်နေတာပဲ။ ငါတို့ဒါတွေကို သဘောတူလိုက်ရင် ရွာသားတွေကို ဘယ်လိုဖြေရပါ့မလဲ?”

“ရွာသားတစ်ယောက်ကို ယွမ်၅၀၀၀? သူတို့ဘာလို့ ဒီလိုဟာမျိုးနဲ့တောင်လာနိုင်ကြတာလဲ? လယ်သမားတွေက ဆင်းရဲနိုင်ပေမယ့် သူတို့မှာ မြေတွေရော အိမ်တွေရောရှိတယ်။ သူတို့က သူတို့မြေတွေနဲ့ အိမ်တွေကိုဝယ်ဖို့ ၅၀၀၀ကို သုံးချင်ပါ့မလား? ‌ဒါကဟာသပဲ!”

“၅၀၀၀? လယ်သမားတွေက တစ်နှစ်ဆို ဒါထက်‌တောင်ပိုစုနိုင်သေးတယ်”

လူတိုင်းက ဖြိုချရေးအဖွဲ့ရဲ့ ယုတ္တိမရှိမှုကို ဆွေးနွေးနေခဲ့ကြသည်။

‌ဒါပေမယ့် သဘောတူတဲ့လူတွေလည်းရှိသည်။

“လျော်ကြေးက နည်းနည်းနိမ့်တယ်။ ဒါပေမယ့် ထောင်ယွမ်ရွာကိုသာတကယ် ခရီးသွားနေရာအဖြစ်နဲ့ တည်ဆောက်ပြုပြင်လိုက်ရင် ဒါက ‌ရွာသားတွေနဲ့ ကျွန်တော််တို့အဖို့ သိသိသာသာ ကောင်းမွန်တဲ့အကျိုးတွေဖြစ်လိမ့်မယ်”

“ငါတို့မြို့က ကျော်ကြားလာမှာ။ ဒါက တစ်မြို့လုံးရဲ့ စားသုံးမှုနဲ့ စီးပွားရေးတိုးတက်မှုကို ထိန်းချုပ်လိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကုမ္ပဏီကလည်း ရွာသားတွေကို ခရီးသွားနယ်မြေမှာ အလုပ်တွေပေးဖို့ ကတိပြုခဲ့တယ်”

“အမှန်ပဲ ရွာသားတွေရဲ့ဘဝတွေက ပိုပြီးတော့ပဲကောင်းလာမှာ”

ဒီကိစ္စနဲ့စပ်လျဉ်းပြီးတော့ အုပ်စုကြီးနှစ်ခုရှိနေသည်။ ဒါပေမယ့်လည်း မြို့ကောင်စီခေါင်းဆောင်က သဘောမတူမှတော့ အစီအစဉ်က မအောင်မြင်သေးပေ။

.......

ဟုန်ချင်ကတော့ ဒီကိစ္စကို သိရှိသွားပြီး သူ့မျက်နှာက ဒေါသတွေနဲ့ ညိုမဲနေခဲ့သည်။

“ဖန်ရှို့ဟုန်က ငါ့ကိုစိန်ခေါ်ရဲတယ်လား?”

***

All Chapters