အထိတ်တလန့်ဖြစ်စေသော
Vol. 20 Ch. 331
ကျန့်ဝမ်လီရဲ့နားမလည်တဲ့အကြည့်ကို ယွဲ့ချီလင်ကမြင်တော့ သူ့ပါးစပ်အစွန်းတွေ အနည်းငယ်ကွေးတက်သွားကာ ပျယ်ရယ်ပြုတဲ့အပြုံးတစ်ခုလုပ်ပြီး အေးစက်စက်အသံနဲ့
“မင်းဘယ်သူလဲဆိုတာ ဒါမှမဟုတ် မင်းအထောက်အထားကဘာလဲဆိုတာ ငါစိတ်မဝင်စားဘူး။ အခုချက်ချင်းထွက်သွားလိုက်တော့!”
ဒါကိုကြားတော့ ကျန့်ဝမ်လီ မပြောနဲ့ ဟုန်ချင်နဲ့ လျိုကျန်းတို့ရဲ့စိတ်တွေတောင် ဒေါသတွေတောက်လောင်ကုန်သည်။
ဒါပေမယ့်လည်း လျိုကျန်းက သူ့ဒေါသကို မပြလိုက်ပေ။
၎င်းအစား သူကအေးစက်စွာပြုံးလိုက်ပြီး ဟုန်ချင်ကိုပြောလိုက်သည်။
“လက်ထောက်ခေါင်းဆောင်ဟုန်၊ ဒီနေရာမှာ ဖုံးကွယ်ထားတဲ့စွမ်းရည်တွေအများကြီးရှိမှန်း ကျွန်တော်မသိခဲ့ဘူး။ ရွာသားလေးတစ်ယောက်ကတောင် ခရိုင်ခေါင်းဆောင်တွေကို မလေးစားဖို့ သင်ယူနိုင်တာပဲ။ သူတို့က ခင်ဗျားကို မျက်နှာချင်းတောင်မဆိုင်ဘူး”
ဟုန်ချင်လည်း အရမ်းရှက်ရွံ့သွားသည်။ ဒီလိုဆင်းရဲတဲ့ရွာမှာ လမ်းပိတ်ဆို့မှုတစ်ခုကြုံရလိမ့်မယ်လို့ သူလည်းတကယ် မျှော်လင့်မထားမိပေ။ သူ့ဒေါသက ချက်ချင်း မိုးပေါ်ထိုးတက်သွားသည်။
ဒါပေမယ့်လည်း သူအရင်ဆုံး လျိုကျန်းကိုနှစ်သိမ့်လိုက်ပြီး
“အကြီးအကဲလျို၊ စိတ်အေးအေးထားပြီး ဘေးကနေကြည့်ပါဦး။ ကျွန်တော် အဲ့ဒီလူတွေနဲ့ သွားညှိလိုက်မယ်”
ပြီးနောက် သူက ယွဲ့ချီလင်ရဲ့ကားဆီလျှောက်သွားပြီး မည်းမှောင်နေတဲ့မျက်နှာနဲ့ သူတို့ကို အော်လိုက်သည်။
“မင်းကဘယ်သူလဲ? မင်းဘယ်လိုလုပ် ရှင်းယင်ခရိုင်ရဲ့ စီးပွားရေးတည်ဆောက်ပြုပြင်မှုကို တားဆီးရဲတာလဲ? မင်းအတွက် ဘာကကောင်းလဲဆိုတာသိရင် ကားကို မြန်နိုင်သမျှအမြန်ဆုံး မောင်းသွားလိုက်တော့။ မဟုတ်ရင်တော့ မင်းတို့ကို တရားဝင်စီးပွားရေးကိုနှောင့်ယှက်မှုနဲ့ တရားစွဲပြီး အကုန်လုံးကိုဖမ်းပစ်မယ်”
ယွဲ့ချီလင်ကပြုံးပြီးတော့
“လက်ထောက်ခေါင်းဆောင်ဟုန်၊ ကျေးဇူးပြုပြီး ခင်ဗျားလူတွေကိုခေါ်လိုက်ပါ။ ကျွန်တော့်ညီအစ်ကိုတွေဒီမှာစောင့်နေမယ်။ ဒါပေမယ့်...”
၎င်းကိုပြောရင်း သူ့အပြုံးကပျောက်ကွယ်သွားသည်။ သူ့မျက်နှာထားက လေးနက်လာပြီး တည်ငြိမ်တဲ့ အမူအယာနဲ့
“ခင်ဗျားက သင့်တော်တဲ့နည်းလမ်းတွေကို မလိုက်နာဖို့ မရမကတောင်းဆိုပြီး အိမ်တွေကိုဖြိုချဖို့ ရွာထဲကို ဝင်ချင်တယ်ဆိုရင်တော့ ကျုပ်တို့သုံးယောက်ကို အရင်ကျော်ဖြတ်ရမယ်”
လူသုံးယောက်က သူတို့ကားတွေကို တချိန်တည်း ဟွန်းတီးလိုက်ကြသည်။
ထေ့ငေါ့တဲ့ပုံစံနဲ့ပြောလိုက်တာနဲ့ ယွဲ့ချီလင်ရဲ့မျက်လုံးတွေက လျိုကျန်းဆီ စူးစူးနစ်နစ်ရောက်သွားသည်။
“ကျုပ်ပြောမယ် ခေါင်းဆောင်လျို၊ ခင်ဗျားတို့ဘော့စ်လျောင်ကောဟိုင်ကို ခေါ်လိုက်တာကောင်းမယ်။ သူဆက်သွားနေရင် အကျိုးဆက်တွေရှိလာလိမ့်မယ်”
ကျန့်ဝမ်လီက ဘာမှမခံစားလိုက်ရပေမယ့် ဟုန်ချင်နဲ့ လျိုကျန်းတို့ကတော့ ရှော့ခ်ရသွားခဲ့သည်။
‘ဒီလူက ငါတို့ကိုသိတယ်လား? မဟုတ်ဘူး သူငါတို့ကိုသိရုံတင်မကသေးဘဲ ငါတို့ဘော့စ်လျောင်ကောဟိုင်ကိုလည်းသိနေတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?’
ဒါပေမယ့်လည်း လျိုကျန်းက ဒါအကြောင်း မစဉ်းစားနိုင်ခင်မှာ ယွဲ့ချီလင်က သူ့ကို နောက်ထပ် အရမ်းအံ့ဩဖွယ်တစ်ခုပေးလိုက်သည်။
ယွဲ့ချီလင်က
“ပြီးတော့ ခေါင်းဆောင်လျို၊ ယန်မိသားစုရဲ့ခေါင်းဆောင်ကို သူ့ကျောထောက်နောက်ခံအနေနဲ့ တွေ့ပြီးနောက်မှာလည်း အရာအားလုံးက အဆင်ပြေပြီး ကောင်းမွန်နေမှာမဟုတ်ဘူးလို့ ဥက္ကဌလျောင်ကိုပြောလိုက်ဦး။
အဲ့ဒါအပြင် သခင်ကြီးယန်နဲ့ ယန်စစ်မင်ကို လေးစားတဲ့အနေနဲ့ ယန်ယီကျင်းရဲ့အမှားကို ကျော်သွားလိုက်ပါမယ်လို့ ကျုပ်မာစတာကပြောလိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် သူ့အသိပြန်ဝင်လာဖို့ ငြင်းဆိုနေသေးရင်တော့ ကျုပ်မာစတာက ဘယ်သူ့မျက်နှာမှထောက်တော့မှာမဟုတ်ဘူး”
၎င်းက လျိုကျန်းရဲ့မျက်နှာထားကို ပြင်းပြင်းထန်ထန်ပြောင်းလဲသွားစေသည်။ သူကအလိုလို နောက်နည်းနည်းဆုတ်လိုက်ပြီး ယွဲ့ချီလင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
‘သူဘာကိုဆိုလိုတာလဲ? သူ့မာစတာက ဥက္ကဌလျောင်နဲ့ မာစတာယန်ကြားက ပူးပေါင်းမှုကိုသိတာလား? အဲ့လိုပဲဖြစ်ရမယ်! မဟုတ်ရင် ဘာလို့သူတို့ဒီမှာ လာပိတ်နေမှာလဲ?’
ယွဲ့ချီလင်ရဲ့စကားတွေကိုကြားတော့ ဟုန်ချင် မျက်မှောင်ကျုံ့လိုက်သည်။ သူအရမ်း နားမလည်နိုင်ဖြစ်သွားသည်။
‘ဒီလူတွေက ဘယ်သူတွေလဲ? ပြီးတော့ ဘာလို့သူတို့တွေ အများကြီးသိနေရတာလဲ? ထောင်ယွမ်ရွာမှာ အရေးပါတဲ့လူတစ်ယောက် ဘယ်တုန်းကရောက်လာတာလဲ? ဘာလို့ ငါဘာမှမကြားလိုက်ရတာလဲ”
ဒါပေါ့ ဟုန်ချင်ကလည်း ဒီပုဂ္ဂိုလ်က ဟန်ဆောင်နေတာလို့ပဲ သံသယရှိသည်။ သူတို့က ဖြိုချရေးအစီအစဉ်နဲ့ပက်သက်ပြီး မကျေနပ်ကြလို့ ပိုများတဲ့လျော်ကြေးလိုချင်နေကြသည်။
ဒါပေမယ့် ဒီလူတွေက တကယ်ပဲ ငါတို့ကို အမှန်ပြောနေတာဆိုရင်ရော?
ဟုန်ချင်ရဲ့စိတ်က နှစ်ခွဖြစ်နေသည်။
ဒါပေမယ့်လည်း ကျန့်ဝမ်လီက ယွဲ့ချီလင်ရဲ့စကားတွေထဲက သတိပေးမှုကို မကြားလိုက်ပေ။ ဒီလူက ဟန်ဆောင်နေရုံပဲလို့ သူတကယ်တွေးလိုက်သည်။ သူက မှောင်မိုက်နေတဲ့မျက်နှာနဲ့ ခက်ထန်စွာနဲ့
“မင်းတို့ခေတ်နောက်ပြန်ဆွဲနေတဲ့ ရွာသားတွေ၊ ငါတို့ကိုခြိမ်းခြောက်ရဲတာလား? ငါတို့ဘယ်သူတွေမှန်း မင်းတို့သိလား? မင်းတို့ဘယ်သူ့ကို ပြောနေမှန်းရော သိကြလား?”
သူ့ကိုလူရွှင်တော်တစ်လိုမျိုး ယွဲ့ချီလင်ကကြည့်လိုက်သည်။
သူက အေးစက်စွာနဲ့
“ဒါပေါ့ မင်းတို့ဘယ်သူမှန်း ငါသိတယ်။ မင်းတို့ထဲကတစ်ယောက်က လက်ထောက်ခေါင်းဆောင်ဟုန်ချင်။ ပြီးတော့ တခြားတစ်ယောက်က Zမြို့ရဲ့ ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ထောင်ယွမ်ရွာရဲ့ တည်ဆောက်ပြုပြင်ရေးပရောဂျက် အထွေထွေမန်နေဂျာလျိုကျန်း။ ပြီးတော့ မင်းက ရုံးကို ရောက်တာသုံးနာရီတောင်မရှိသေးတဲ့ ကောင်စီခေါင်းဆောင် ကျန့်ဝမ်လီ”
ကျန့်ဝမ်လီကဒါကိုကြားတော့ ကြက်သေသေသွားသည်။
သူက မယုံနိုင်စွာနဲ့
“မင်းဒါတွေအားလုံးဘယ်လိုသိနေတာလဲ?”
ဒီတစ်ကြိမ်တော့ သူ့နှလုံးက နည်းနည်းပိုမြန်မြန်ခုန်လာသည်။ သူ့ရဲ့ တရားဝင်ရာထူးက မမြင့်သေးပေမယ့်လည်း ပါးနပ်တဲ့လူတစ်ယောက်အနေနဲ့တော့ ထည့်တွက်နိုင်သည်။ သူက မတုံးအပေ။ ဒီလူက သူတို့အထောက်အထားတွေကို အရမ်းသာမန်ကာလျှံကာ ရွတ်ပြတာကိုကြားတော့ သူကြောက်သွားသည်။
ဒီလူတွေက အင်အားကောင်းတဲ့နောက်ခံကနေလာသည်။ သူတို့မှာ အားလုံးကို ရှင်းရှင်းလင်းလင်းစုံစမ်းနိုင်တဲ့ အင်အားရှိသည်။
ယွဲ့ချီလင်က ကျန့်ဝမ်လီကိုလျစ်လျူရှုလိုက်သည်။ ၎င်းအစား သူက ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ လျိုကျန်း ကိုကြည့်လိုက်ပြီး စိတ်မဝင်စားစွာနဲ့
“အကြီးအကဲလျို၊ အရင်တာဝန်ရှိတဲ့လူလီကျားမင်က ကားအက်ဆီးဒင့်ဖြစ်ထားတယ်လို့ ကျုပ်တို့ကြားတယ်။ သူကစိုးရိမ်နေရတုန်းပဲ။ သူပိုများသက်သာလာပလား?...ကျုပ်သိချင်မိတယ်”
လျိုကျန်း အရမ်းကြောက်သွားပြီး သူ့မျက်နှာတောင် ချက်ချင်းလက်ငင်းဖြူဆုတ်သွားသည်။ ပြီးတော့ အနောက်သို့နည်းနည်း ယိမ်းထိုးသွားသည်။ သူလာတုန်းက ခန့်ခန့်ညားညားပေမယ့် အခုတော့ ငိုက်စိုက်ကျနေသည်။
သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ခုခုမေးချင်ပေမယ့် သူ့လည်ချောင်းထဲမှာ တစ်ခုခုတစ်နေသလိုမျိုးနဲ့ သူအသံမထွက်လိုက်နိုင်ပေ။
ယွဲ့ချီလင်က ဂရုမစိုက်ပေ။
ကြမ်းကြုတ်တဲ့လေသံနဲ့ သူကအေးစက်စွာဖြင့် ဆက်ပြောလေသည်။
“ခေါင်းဆောင်လျို၊ ခင်ဗျားရဲ့ဥက္ကဌလျောင်ဆီ ကျုပ်စကားတွေကို မြန်နိုင်သမျှ အမြန်ဆုံး လက်ဆင့်ကမ်းပေးဖို့ အကြံပေးမယ်။ မဟုတ်ရင်တော့...”
ယွဲ့ချီလင်ကသူ့လက်ကိုမြှောက်လိုက်ပြီး လက်က နာရီကိုကြည့်လိုက်သည်။ သူက တစ်ယောက်ယောက်သေဖို့ကို စာစီနေတဲ့ သေမင်းပဲ။
“မဟုတ်ရင်တော့ ပိုကြာသွားလို့ရှိရင်၊ ကျုပ်မာစတာရဲ့ ပူပူနွေးနွေးဒေါသနဲ့တော့ မင်းတို့ဘော့စ်ကုမ္ပဏီ ဒေဝါလီခံလိုက်ရလိမ့်မယ်”
ယွဲ့ချီလင် ဒါကိုပြောလိုက်တဲ့အချိန်မှာ လျိုကျန်းကချက်ချင်း တုံ့ပြန်လိုက်သည်။ သူ့အိတ်ကပ်ထဲက ဖုန်းကိုယူလိုက်ပြီး ချက်ချင်း ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။
ဖုန်းရသွားတော့ သူက အထိတ်တလန့်နဲ့အော်လိုက်သည်။
“ဘော့စ် ထောင်ယွမ်ရွာကို ကျွန်တော်တို့သွားထိတာကို သတိပေးနေတဲ့ တစ်ယောက်ရှိနေတယ်။ မဟုတ်ရင် ကျွန်တော်တို့ကုမ္ပဏီကို ဒေဝါလီခံရအောင်လုပ်ပစ်မယ်တဲ့”
ဒါပေမယ့်လည်း တခြားဘက်က လျော့ရဲစွာ ပြန်ဖြေလိုက်သည်။
“အရမ်းနောက်ကျသွားပြီ”
ထို့နောက် လျိုကျန်းက ဖုန်းအသံကိုပဲ ကြားလိုက်ရသည်။
လျိုကျန်းက ဖုန်းကို မူးမူးမိုက်မိုက်နဲ့ကြည့်လိုက်သည်။
“အရမ်းနောက်ကျသွားပြီ!”
‘သူကဘာကိုဆိုလိုတာလဲ? ဒါက သူတို့အခု ထောင်ယွမ်ရွာကို မထိသင့်ဘူးလို့ဆိုလိုတာလား? ဒါမှမဟုတ် ကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီလား?'
ယွဲ့ချီလင်ရဲ့နားတွေက အရမ်းပါးသည်။ လျိုကျန်းက ဖုန်းစပီကာဖွင့်မထားလိုက်ပေမယ့်လည်း ယွဲ့ချီလင်ကအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်သည်။
သူက တခစ်ခစ်ရယ်လိုက်ပြီ။
“ကျုပ်ရဲ့မာစတာမှာ လက်တစ်ဆစ်လောက်စိတ်ပဲရှိတယ်လို့ပြောသားပဲ။ မင်းနောက်ကျသွားပြီ။ ပြီးတော့ သူကသူ့အကွက်ကိုတောင်လုပ်လိုက်ပြီ”
ဟုန်ချင်ကဒါကိုကြားတော့ သူက ကြက်သေသေသွားပြီး၊ “မင်း...မင်းဒါကဘာကိုဆိုလိုတာလဲ?”
ယွဲ့ချီလင်ကသူ့လက်တွေကိုဖြန့်လိုက်ပြီး
“တကယ်တော့ ဒါကဘာမှမဟုတ်သေးဘူး။ လျိုကျန်း ရဲ့ရုံးချုပ် ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တရားဝင်ဒေဝါလီခံလိုက်ရရုံတင်”
“ဘာရယ်?”
ဒါကိုကြားတော့ ဟုန်ချင်ရဲ့မျက်လုံးတွေ မယုံကြည်နိုင်စွာနဲ့ ပြူးသွားသည်။
သူက အံ့ဩစွာနဲ့
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက Zမြို့မှာ အရမ်းကြီးတဲ့ကုမ္ပဏီကြီးတစ်ခုလေ။ ဒါကဘယ်လိုလုပ် အရမ်းလွယ်လွယ်ကူကူဒေဝါလီခံလိုက်ရမှာလဲ?
ပိုအရေးကြီးတာက ဒီကုမ္ပဏီက ခရိုင်ကောင်စီနဲ့ အချိတ်အဆက်ရှိသည်။ ကုမ္ပဏီဒေဝါလီခံလိုက်ရရင် သူတို့သတင်းတော့ရမှာပဲ။
ယွဲ့ချီလင်ကထေ့ငေါ့ပြီးတော့
“ကျုပ်မာစတာအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ကျုပ်ကိုမယုံရင် ဖုန်းခေါ်ပြီး မေးကြည့်လိုက်ပေါ့”
ဒါပေမယ့် ဟုန်ချင်မခေါ်သေးခင်မှာပဲ သူ့ဖုန်းမြည်လာသည်။
ဟုန်ချင်က ဖုန်းမြည်သံကိုကြားတော့ သူ့စိတ်က ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူ့မှာ မသက်မသာဖြစ်ဖွယ်စိတ်ထင့်မှုတစ်ခု ရှိနေသည်။ သူ ဖုန်းကိုမကိုင်ရဲပေ။
ယွဲ့ချီလင်ကသူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး ပြုံးကာ
“လက်ထောက်ခေါင်းဆောင်ဟုန်၊ ခင်ဗျား ဘာလို့ဖုန်းမကိုင်တာလဲ? ဒီဖုန်းက ခင်ဗျားကို အံ့ဩစရာတစ်ခုပေးမှာမလို့များလား!”
ဟုန်ချင်ရဲ့လက်တွေက ထိန်းချုပ်လို့မရဘဲ ဖုမ်းကိုကိုင်လိုက်တဲ့အချိန်မှာ တုန်ခါနေခဲ့သည်။ ခေါ်ဆိုသူနံပါတ်က သူ့လက်ထောက်မှန်း ပြနေသည်။ သူ့စိတ်က အနည်းငယ်သက်သာရာရသွားသည်။
“ဟယ်လို...”
“လက်ထောက်ခေါင်းဆောင်ဟုန်၊ မကောင်းတစ်ခုခုတော့ဖြစ်နေပြီ။ ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီဆိုတဲ့သတိပေးစာကို ကျွန်မတို့အခုပဲရတယ်။ ထောင်ယွမ်ရွာတည်ဆောက်ပြုပြင်ရေးပရောဂျက်ကို ချက်ချင်းရပ်မှဖြစ်မယ်။
ပြီးတော့ ခေါင်းဆောင်လင်က ခေါင်းဆောင်ကိုခရိုင်ကို မြန်နိုင်သမျှအမြန်ဆုံးပြန်လာခဲ့ဖို့လည်း ကျွန်မကိုပြောခိုင်းလိုက်တယ်။ အရေးပေါ်အစည်းအဝေးကျင်းပဖို့ရှိတယ်တဲ့”
ဟုန်ချင်ရဲ့အတွင်းရေးမှူးက အော်ပြောလိုက်သည်။
ဒုန်း!
ဟုန်ချင်ရဲ့ဖုန်းက မြေကြီးပေါ်ကို ပြုတ်ကျသွားတော့သည်။
***