← Chapters

ရုတ်တရက်ပြောင်းလဲမှု

Vol. 20 Ch. 332

ရုတ်တရက်ပြောင်းလဲမှု

Vol. 20 Ch. 332

လျောင်ကောဟိုင်က ယန်မိသားစုနဲ့ အချိတ်အဆက်ရပြီးတော့ အရမ်းယုံကြည်မှုရှိနေခဲ့သည်။ သူ့ရဲ့စီးပွားဖက်က ယန်စစ်မင်ရဲ့အဖေဖြစ်နေလို့ ယန်စစ်မင်ကို ဆက်ကြောက်စရာမလိုတော့ပေ။

ယန်စစ်မင်က အခုသူ့ကို ဘာလုပ်နိုင်မှာတဲ့လဲ?

ဒါကြောင့် သူက လောလောဆယ် ဟိုတယ်မှာ ချစ်သူတစ်ယောက်နဲ့ ပျော်ရွှင်စွာနေနေသည်။

သူ့ချစ်သူနဲ့ sex လုပ်တော့မည်အပြုမှာပဲ သူ့အတွင်းရေးမှူးဆီကနေ ရုတ်တရက် ဖုန်းတစ်ကောလ်ရလိုက်သည်။

အတွင်းရေးမှူးမီရဲ့အသံက အရမ်းစိုးရိမ်နေပြီးတော့ သူမက

“ဥက္ကဌLလျောင်၊ ဥက္ကဌဘယ်မှာလဲ? ကုမ္ပဏီမှာ တစ်ခုခုကြီးကြီးမားမားဖြစ်နေပြီ!”

လျောင်ကောဟိုင်ကမျက်မှောင်ကျုံ့ပြီး နားမလည်တဲ့ပုံနဲ့မေးလိုက်သည်။

“ကြီးကြီးမားမား? မင်းဘာကိုဆိုလိုတာလဲ?”

ဒါပေမယ့် သူက ယန်ယီကျင်းနဲ့ပူးပေါင်းမှုကို တွေးမိလိုက်ပြီး ကျယ်ကျယ်လောင်လောင်ရယ်မောကာ

“တကယ့်ကို ကြီးကြီးမားမားတစ်ခုဖြစ်ခဲ့တာလေ။ ငါတို့ကုမ္ပဏီက ချင်းချန်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့ စပ်တူလုပ်ငန်းတစ်ခုရခဲ့တယ်။ ဒါတကယ့်အပေးအယူကြီးပဲ!”

ပြီးနောက် သူက စိတ်မရှည်စွာနဲ့

“ကောင်းပြီ ဘာကိစ္စမှမရှိဘူးဆိုရင် ငါ့ကိုမနှောင့်ယှက်နဲ့ဦး”

အတွင်းရေးမှူးမီက ခနလောက် တိတ်ဆိတ်သွားသည်။ ပြီးနောက် သူမက လိုရင်းကိုပဲသွားလိုက်သည်။

“ဒါရိုက်တာလျောင် အဲ့ဒါမဟုတ်ဘူး။ ကျွန်မတို့ကုမ္ပဏီရဲ့ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်တွေက ဖော်ထုတ်ခံလိုက်ရတယ်။ ကုမ္ပဏီက ဖြိုချရေးအတွင်းမှာ မှန်ကန်တဲ့ကျင့်ဝတ်တွေကို မလိုက်နာခဲ့ဘူးတဲ့။ ကျွန်မတို့က မပြောပလောက်တဲ့လျော်‌ကြေးပဲပေးခဲ့ပြီး သေဆုံးမှုအနည်းငယ်ကိုတောင် ကြုံတွေ့စေခဲ့သေးတယ်တဲ့။

ပြီးတော့ အခွန်ဌာနကလူတွေ ဒီကိုရောက်နေတယ်။ ကျွန်မတို့ကုမ္ပဏီက အခွန်ရှောင်မှုနဲ့ ငွေစာရင်းလိမ်လည်ထားမှုတွေအတွက် အပြစ်ရှိတယ်လို့ သူတို့ပြောနေကြတယ်။ သူတို့လောလောဆယ် ကျွန်မတို့ကို စာရင်းစစ်နေတယ်။

ကျွန်မတို့က အင်တာနက်ရဲ့ထရန်းဒင်းပေ့ခ်ျမှာတောင် ရောက်နေပြီ!”

သူ့အတွင်းရေးမှူးဆီက တင်ပြချက်ကိုကြားတော့ လျောင်ကောဟိုင်လက်ထဲကဖုန်းက ဒေါင်ခနဲမြည်သံတစ်ခုနဲ့ မြေကြီးပေါ်ကျသွားသည်။ သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး မျက်နှာက ဖြူဖပ်လာသည်။ သူ့အမူအယာက ကြောက်လန့်နေပြီး မသက်မသာဖြစ်နေသည်။

‘ဘာလို့ဒီကိစ္စတွေက ရုတ်တရက် ဖော်ထုတ်ခံလိုက်ရတာလဲ? ဒါတွေက ခုထက်ထိ အဆင်ပြေနေသေးတာပဲကို!'

လျောင်ကောဟိုင်က၎င်းကို မယုံကြည်နိုင်ပေ။

သူ့အခန်းထဲက ကွန်ပျူတာကို ချက်ချင်းဖွင့်လိုက်ပြီး သတင်းချန်နယ်ကို သွားလိုက်သည်။ ချက်ချင်းပဲ သူထရန်းဒင်းလစ်စ်ကို မြင်လိုက်ရသည်။

ပထမဆုံးထရန်ဖြစ်နေတဲ့သတင်းက

“ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုတိုးတက်ရေးကုမ္ပဏီက မကောင်းဆိုးဝါးပဲ”

လျောင်ကောဟိုင်ရဲ့လက်တွေက အောက်သို့ဆက်ဆွဲကြည့်ရင်း တုန်ရီလာသည်။ ဆောင်းပါးကိုမြင်တော့ သူ့သူငယ်အိမ်တွေ ပြင်းပြင်းထန်ထန် ကျုံ့ဝင်လာသည်။

သူ့ကုမ္ပဏီက ဒေသခံလယ်သမားတွေကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနာမည်နဲ့ အဆုံးစွန်ထိ ဘယ်လိုဖိအားပေးခဲ့‌ကြောင်းကို အပြည့်အစုံဖော်ပြထားသည်။ လယ်သမားတွေက ခုခံမှုလုပ်ခဲ့တဲ့အတွက် သူ့ကုမ္ပဏီက ခန့်ထားတဲ့လူမိုက်တွေကြောင့် တချို့လယ်သမားတွေ သေသည်အထိ အရိုက်ခံခဲ့ရသည်။ ပုံတွေလည်းရှိနေပြီး ၎င်းတို့အားလုံးက ကြောက်မက်ဖွယ်ပင်။

လျောင်ကောဟိုင်ရဲ့စိတ်က ဗလာနတ္ထိဖြစ်သွားသည်။

‘ဒါဘယ်တုန်းကဖြစ်ခဲ့တာလဲ? ပြီးတော့ ဒီပုံတွေက ဘယ်ကလာတာလဲ?'

ချက်ချင်းဆိုသလိုပဲ သူ့ကျောရိုးအထိ အေးစိမ့်မှုတစ်ခု စီးဆင်းသွားတာကို ခံစားလိုက်ရသည်။ မမြင်ရတဲ့လက်တစ်ခုက ဒီအရာတွေအားလုံးကို ထိန်းချုပ်နေတာကို သူခံစားမိလိုက်သည်။ ကျေးဇူးတင်စွာပဲ လျောင်ကောဟိုင်မှာ နှစ်ချီအတွေ့အကြုံတွေရှိသည်။ သူမြန်မြန်ပဲ စိတ်အေးအေးထားလိုက်သည်။

သူပထမဆုံးလုပ်ဖို့လိုတဲ့အရာက သတင်းတွေကို ထိန်းချုပ်ဖို့ဖြစ်သည်။ မြေကြီးပေါ်က သူ့ဖုန်းကို ချက်ချင်းကောက်လိုက်ပြီး အတွင်းရေးမှူးမီကို ခေါ်လိုက်သည်။

“အတွင်းရေးမှူးမီ သတင်းတွေကိုထိန်းဖို့ လူထုချိတ်ဆက်မှုတွေကို ချက်ချင်းခေါ်လိုက်။ ဘယ်လောက်ဈေးပဲဖြစ်ဖြစ် သူတို့ ဒီထရန်ဒင်းဖြစ်နေတဲ့အကြောင်းအရာတွေကို ပိတ်ချပစ်ရမယ်”

လျောင်ကောဟိုင်ကစိုးရိမ်တကြီးနဲ့ပြောလိုက်သည်။

အတွင်းရေးမှူးမီက သက်ပြင်းချလိုက်သည်။

“ဥက္ကဌလျောင် အဲ့ဒါအသုံးမဝင်ဘူး။ သတင်းတွေထွက်လာတုန်းက ကျွန်မ ပီအာဌာနကိုရောက်ပြီးပြီ။ ပီအာလူတွေက သတင်းဆိုဒ်ကိုဆက်သွယ်ပြီးတော့ ဖုံးဖိတာကိုဝယ်ချင်နေတာ”

“ဒါပေမယ့်လည်း တခြားတစ်ဖက်က သတင်းတွေကို လွှင့်ဖို့ အထက်ကနေ အမိန့်ရပြီးပြီလို့ပြောတယ်။ ကျွန်မတို့ဘယ်လောက်ပဲပေးပေး သူတို့ကမပြောင်းမလဲပဲ”

အတွင်းရေးမှူးမီကလည်း နောင်တတွေနဲ့ပြည့်နေသည်။

အစောတုန်းက သူမ ဒေဝါလီခံရတာကို အမှတ်တမဲ့ကြားတော့ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဒါပေမယ့်လည်း သိပ်မကြာခင်ပဲ သူတို့ကုမ္ပဏီက ချင်းချန်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့ စပ်တူလုပ်ငန်းတစ်ခုရခဲ့ကြောင်း ဥက္ကဌလျောင်ဆီက မက်ဆေ့ခ်ျရခဲ့သည်။

ဒီလိုဆိုရင်တော့ သူတို့ကုမ္ပဏီက ဆက်လက်တောက်ပဦးမည်။ ဒါ့ကြောင့် သူမရဲ့ နှုတ်ထွက်စာစောင်ကို တိတ်တ်တ်လေးရုပ်သိမ်းထားလိုက်သည်။ ဒါပေမယ့်လည်း ကိစ္စတွေက အရမ်းမြန်မြန်ဆန်ဆန်ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ?

ကုမ္ပဏီရဲ့အ‌ဆုံးသတ်က ဥက္ကဌလျောင်ရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်နေခဲ့သည်။ ဒေဝါလီခံရတာက ဒီတစ်ကြိမ်တော့အမှန်တကယ်ပဲလို့ အတွင်းရေးမှူးမီက ခံစားချက်ရလိုက်သည်။

ဥက္ကဌလျောင်က ချင်းချန်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့ စပ်တူလုပ်ခွင့်ရလိုက်တဲ့အချိန်မှာပဲ ပထမဆုံးသတိပေးစာကို ကြေညာခဲ့သည်။

လျောင်ကောဟိုင်ကို ခုခံဖို့ Zမြို့ကဘယ်သူကမှ ပရိယာယ်မကြွယ်ကြပေ။ အကြောင်းမှာ ၎င်းက ယန်မိသားစုကိုပါ ဆန့်ကျင်သည်လို့ ဆိုလိုနေ၍ဖြစ်သည်။

ဒါပေမယ့်လည်း ၎င်းက ဖြစ်ပွားခဲ့တုန်းပဲ!

သတင်းတွေဖော်ထုတ်မှု၊ အခွန်စာရင်းစစ်နဲ့ စတာတွေဖြစ်သည်။ သူတို့အားလုံးကို ဂရုတစိုက်ကို စီစဉ်ထားခဲ့သည်။

အတွင်းရေးမှူးမီက အဲ့နေ့က ကြားခဲ့တဲ့ကိစ္စတွေရဲ့သတိပေးခံခဲ့ရသည်။ သူမဘော့စ်က အရေးပါတဲ့လူတစ်ယောက်ကို အမှားပြုလုပ်ခဲ့သည်။ ပြီးတော့ အရေးပါတဲ့ပုဂ္ဂိုလ်က လျောင်ကောဟိုင်ရဲ့ကုမ္ပဏီကို ဒေဝါလီခံရအောင်လုပ်မည်ဟူ၍ဖြစ်သည်။

အတွင်းရေးမှူးမီက အရေးကြီးပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာကို သိချင်မိခဲ့သည်။

တူညီစွာပဲ လျောင်ကောဟိုင်လည်း တူညီတဲ့အရာကိုပဲ သိချင်နေခဲ့သည်။ သူ့စိတ်ထဲမှာပေါ်လာတဲ့ တစ်ခုတည်းသောနာမည်က ယန်စစ်မင်ဖြစ်သည်။ ဒါပေမယ့်လည်း ၎င်းကအဓိပ္ပာယ်မရှိပေ။

ယန်စစ်မင်က သူက သူ့အဖေနဲ့အလုပ်လုပ်နေမှန်းသိတယ်လေ။

ဒါဆိုဘာလို့ ဒါကိုလုပ်ရမှာလဲ?

ထောင်ယွမ်ရွာကမိန်းမက သူ့အဖေထက်ပိုအရေးကြီးတာလား?

သူ့အဖေကို ဒီမိန်းမအတွက် ဆန့်ကျင်လိုက်မှာလား?

လျောင်ကောဟိုင်မှာ မှန်းဆနေဖို့ အချိန်မရှိပေ။ သူချက်ချင်းပဲ နောက်ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။ သူခေါ်နေတဲ့လူက ဒါပေါ့ သူ့ရဲ့‌လက်ရှိပါတနာ ယန်ယီကျင်း ပဲလေ။

ယန်ယီကျင်းက သူ့ရုံးမှာထိုင်ပြီး နဖူးကို ပွတ်နေသည်။ သူက ဆိုးရွားတဲ့‌အခြေအနေတစ်ခုမှာရှိနေမှန်း သိသာသည်။

လင်းလီဟွေ့နဲ့တခြားသူတွေ ရုတ်တရက် အဖမ်းခံလိုက်ရပြီး သူတို့က လာဘ်ပေးလာဘ်ယူလုပ်နေကြတယ်ဆိုတဲ့သတင်းပို ခုလေးတင်ရလိုက်သည်။

ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ။ အမျိုးမျိုးသောအစိုးရဌာနခေါင်း‌ဆောင်တွေက သူ့ကုမ္ပဏီကို လာခဲ့ကြသည်။ သူတို့က အခွန်ဌာန၊ စက်မှုနဲ့ ကုန်သွယ်ဌာနတွေနဲ့ တခြားအစရှိတာတွေက ဖြစ်သည်။

သူတို့က အဲ့ဒီမှာ ‘သာမန်လုပ်ငန်း’ အတွက် ရှိနေကြခြင်းဖြစ်သည်။ ယန်ယီကျင်းက Zမြို့မှာ အင်အားရှိပေမယ့် ဒီအရာရှိတွေကို စော်ကားရလောက်တဲ့အထိတော့ မရူးမိုက်ပေ။ သူက သူတို့ကို ဧည့်သည်ကောင်းတွေလိုမျိုး ဆက်ဆံခဲ့သည်။

ကျေးဇူးတင်စွာပဲ သူ့မှာ သူတို့နဲ့ အဆက်အသွယ်များစွာရှိခဲ့ပြီး ဒါ့ကြောင့် ဒီခေါင်းဆောင်တွေနဲ့ ရင်းနှီးနေသည်။ သူက သူတို့နဲ့စကားပြောနေတော့ အံ့ဩဖွယ်သတင်းကို သိလိုက်ရသည်။ ၎င်းမှာ ဒီသာမန်လုပ်ငန်းကို လုပ်ဖို့ အမိန့်ပေးတဲ့ သူတို့အထက်လူကြီးဖြစ်သည်။

သူတို့အထက်လူကြီးကဘယ်သူလဲ?

၎င်းက မြို့တော်မှ လူတွေဖြစ်သည်။

ယန်ယီကျင်းကလည်း မြို့တော်က ခေါင်းဆောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်သည်။ သူ့ကုမ္ပဏီကိုစစ်ဆေးဖို့ သူတို့လူတွေလွှတ်ချင်လားဆိုတာကို သူသိလိမ့်မည်။

ချက်ချင်းပဲ သူက မြို့တော်ကြီးက သူ့အဆက်အသွယ်ကို ခေါ်ဆိုလိုက်သည်။ သူ့အဆက်အသွယ်က လင်းလီဟွေ့နဲ့တခြားလူနည်းနည်းက လာဘ်‌ပေးလာဘ်ယူမှုနဲ့ အဖမ်းခံလိုက်ရ‌ကြောင်းပြောသည်။

အဲ့ဒါပြီးနောက်မှာပဲ ယန်ယီကျင်းရဲ့လက်အောက်ကလူက ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက နာမည်ကြီးနေကြောင်း တင်ပြခဲ့သည်။

ယန်ယီကျင်းက သတင်းတွေကို စစ်ဆေးကြည့်လိုက်သည်။ သူအချိန်တော်တော်ကြာ မျက်မှောင်ကျုံ့လိုက်သည်။ သူ့စိတ်ထဲမှာ ခပ်ရေးရေးခံစားချက်ဆိုးတစ်ခုရှိနေသည်။

သူ့သားယန်စစ်မင် သူ့ကိုပေးထားတဲ့ သတိပေးချက်ကို ပြန်တွေးမိလိုက်သည်။

အဲ့ဒီအချိန်တုန်းက သူက ဂရုမစိုက်ခဲ့ပေ။ ဒါပေမယ့် အခုတော့ သူ၎င်းအကြောင်းကို တွေးတောနေသည်။

ဒါက သူတို့ရဲ့ ထောင်ယွမ်ရွာကို တည်ဆောက်ပြုပြင်လိုတဲ့ရည်ရွယ်ချက်အတွက် ဂယက်ရိုက်မှုအလုံးစုံဖြစ်သည်။ တစ်နည်းအားဖြင့်တော့ ကိစ္စတွေက အရမ်းတိုက်ဆိုင်လွန်းသည်။

ထောင်ယွမ်ရွာအ‌ကြောင်းမေးဖို့ သူ့သားယန်စစ်မင်ကို ခေါ်တော့မလို့မှာပဲ လျောင်ကောဟိုင်ကသူ့ကို ခေါ်လာသည်။

ယန်ယီကျင်းက ခနလောက်တွေးလိုက်ပြီး သူ့ဖုန်းကို ပြန်ဖြေလိုက်သည်။

“‌ဥက္ကဌယန် ကျွန်တော့်ကုမ္ပဏီကိုကယ်ပါဦး!”

လျောင်ကောဟိုင်က စတင်အသနားခံလာသည်။

“ကျွန်တော့်ကုမ္ပဏီအကြောင်းသတင်းတွေကို ဖုံးဖို့ ဝက်ဆိုဒ်အသစ်တွေကို ဥက္ကဌ ဖိအားကူပေးစေချင်တယ်”

ယန်ယီကျင်းက အေးစက်စွာနဲ့ပြောလိုက်သည်။

“လျောင်ကောဟိုင်၊ သတင်းအားလုံးက အမှန်ပဲလား?”

စီးပွားရေးသမားတွေက အကျိုးအမြတ်နည်းလမ်းတွေအတွက် တစ်ခါတစ်ရံမှာ မတက်သာတဲ့အဆုံး လက်သီးပုန်းထိုးရသည်။ ဒါပေမယ့်လည်း လူသေဆုံးမှုတွေကိုဖြစ်စေရင်တောင် ၎င်းက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုဖြစ်သည်။ ပြိးတော့ သတင်းတွေအရ သေသွားတဲ့လူက အနည်းဆုံးဆယ်ယောက်ရှိသည်!

အခြေခံအားဖြင့်တော့ လျောင်ကောဟိုင်တည်ဆောက်ခဲ့တဲ့ နေရာတစ်ခုစီမှာ ရွာသား နှစ်ယောက် သုံးယောက် သေဆုံးခဲ့သည်။

ဒါက....ရူးနှမ်းတာပဲ!

ယန်ယီကျင်းက စီးပွားရေးသမားဖြစ်ပေမယ့် ကိုယ်ကျင့်တရားကောင်းသည်။ သူက အကျိုးအမြတ်အတွက် လူမသတ်ပေ။

လျောင်ကောဟိုင်က အကုန်လုံးကို အလိုလိုငြင်းဆိုလိုက်သည်။

“ဥက္ကဌယန် အဲ့ဒါအမှန်မဟုတ်ဘူး။ တစ်ယောက်ယောက်က ကျွန်တော့်ကို အမှုဆင်ဖို့ကြိုးစားနေတာ။ အဲ့ဒါအကုန် အတုယောင်တွေ။ ဥက္ကဌယန် ဥက္ကဌ ကျွန်တော့်ကိုကူညီဖို့လိုတယ်။ မဟုတ်ရင်တော့ ကျွန်တော့်ကုမ္ပဏီတကယ် အဆုံးသတ်သွားလိမ့်မယ်!”

“တစ်ယောက်ယောက်က မင်းကို အမှုဆင်ဖို့ကြိုးစားတယ်?”

ယန်ယီကျင်းကထပ်ပြောကာ နောက်တစ်ကြိမ်မေးလိုက်သည်။

“အဲ့ဒါဆိုငါ့ကိုပြောပြ ဘယ်သူမင်းကို အမှုဆင်နေတာလဲ?”

“အဲ့ဒါ ယန်...”

လျောင်ကောဟိုင်က သူက ယန်စစ်မင်ရဲ့အဖေကို ပြောနေတာမှန်း သဘောမပေါက်သွားမီ ယန်စစ်မင်ရဲ့နာမည်ကို လွှတ်ခနဲထွက်တော့မလိုဖြစ်သွားသည်။

လျောင်ကောဟိုင်က အသနားခံနေသည်။

“ဒါရိုက်တာယန် ကျွန်တော့်ဒီကိစ္စကို နောက်မှပြောလို့မရဘူးလား? ကျွန်တော့်ကုမ္ပဏီကို အရင်ဆုံးကယ်ပေးပါ့လား?”

ယန်ယီကျင်းက ယန် ဆိုတဲ့စကားကိုကြားတော့ လျောင်ကောဟိုင်က ကိုယ့်ကိုကိုယ်ကာဖို့ သူ့သားကို ဆွဲထည့်ချင်နေမှန်း သိခဲ့သည်။

ယန်ယီကျင်း စိတ်တိုသွားတော့သည်။

သူက အေးစက်စက်နဲ့

“ငါ့မှာအခု အရေးကြီးကိစ္စရှိတယ်။ မင်းဒါကိုမင်းဟာမင်း လုပ်လို့ရတာပဲ”

၎င်းကိုပြောပြီးနောက် သူဖုန်းကိုချလိုက်ပြီး လျောင်ကောဟိုင်ကို ဆက်ပြီး အာရုံမစိုက်တော့ပေ။

လျောင်ကောဟိုင်သည်လည်း သူ့ဖုန်းကိုကိုင်ရင်းစိတ်ပျက်နေမိတော့သည်။

***

All Chapters