ဘယ်သူလဲ?
Vol. 20 Ch. 333
ကုန်းထျန်းဟောက်က ဖုန်းကိုင်ပြီးတော့ ရှောင်မိသားစုဆီပြန်လာခဲ့သည်။
ရှောင်မိသားစုမှာ ရွာသူကြီးနဲ့ ရှောင်ကျန်းယန်ရဲ့မိသားစုနဲ့ရင်းနှီးတချို့သူတွေအပါအဝင် အဲ့ဒီမှာ လူများနေခဲ့သည်။
ကုန်းထျန်းဟောက် ခြံထဲဝင်လာတာနဲ့ ရွာသူကြီးက စိတ်လှုပ်ရှားစွာဖြင့်
“သခင်လေးကုန်း အခုအခြေအနေကဘယ်လိုလဲ?”
နောက်ထပ်ဖြိုချရေးအဖွဲ့တစ်ခု ရွာကိုလာနေခဲ့ကြောင်း ကုန်းထျန်းဟောက်က ရွာသူကြီးကိုပြောပြလိုက်သည်။ သူတို့က မတူတဲ့အုပ်စုတစ်ခုဖြစ်ပေမယ့် အတူတူပဲ ကြမ်းကြုတ်ခက်ထန်ကြသည်။ လျော်ကြေးကလည်း အရင်ကနဲ့ အတူတူပဲဖြစ်သည်။
ရွာသူကြီးက ဒါကိုကြားတော့ သူချက်ချင်း ဒေါသထွက်သွားသည်။
ဒါပေမယ့်လည်း တရွာလုံးစည်းလုံးနေသရွေ့ ပြဿနာကို လွယ်လွယ်ကူကူဖြေရှင်းနိုင်လိမ့်မယ်လို့ ကုန်းထျန်းဟောက်က ပြောထားခဲ့သည်။ သူလိုနေတဲ့စည်းလုံးမှုက ရွာသားတွေအားလုံး အိမ်မှာပဲနေပြီး ရွာဝင်ပေါက်ကနေ ဝေးဝေးနေဖို့ဖြစ်သည်။
ဒီတစ်ကြိမ်မှာ ဖြိုချရေးအဖွဲ့မှာ မြို့ကတာဝန်ရှိသူတွေလည်းပါလာသည်။ သူတို့က ရွာသားတွေကို လွယ်လွယ်ကူကူကြောက်ရွံ့အောင် လှုံ့ဆော်ပေးနိုင်ပြီး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ဖိအားပေးနိုင်သည်။
၎င်းက ကုန်းထျန်းဟောက်ကို ဒုက္ခပိုဖြစ်စေလိမ့်မည်။ ပြီးတော့ ကုန်းထျန်းဟောက်က သူ့ရဲ့တကယ့် အထောက်အထားကို မပြသေးပေ။ သူက ရွာသားတွေကို တာဝန်ရှိသူတွေကို ကြောက်ရွံ့မှုကြောင့် သူ့ကို အားမလျော့စေလိုပေ။ ဒါကြောင့် သူက ၎င်းအစား သူတို့ကို အိမ်မှာနေစေလိုက်သည်။
သူတို့ဖြိုချရေးအဖွဲ့ကိုမြင်ချင်တယ်ဆိုရင် အဝေးကနေပဲကြည့်နိုင်မည်။
အမှန်တကယ်တော့ သူ့မိန်းမနဲ့ အဘိုးကြောင့်သာမဟုတ်ရင် ကုန်းထျန်းဟောက်က အနှောင့်အယှက်အဖြစ်ခံမှာမဟုတ်ပေ။ ဒါပေမယ့် ဒါက သူ့မိန်းမရဲ့ မွေးရပ်မြို့ဖြစ်မှတော့ သူ၎င်းကို ကာကွယ်ရမည်။
.......
ကိစ္စက အခြေကျသွားပြီ။
ရွာသားတွေကဘာမှမသိပေ။ ပြီးတော့ ဖြိုချရေးအဖွဲ့ကလည်း ဆုတ်ခွာသွားပြီဖြစ်သည်။
ကုန်းထျန်းဟောက်က ရွာသူကြီးကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးနဲ့
“သူတို့ပြန်သွားကြပြီ စိတ်မပူပါနဲ့တော့။ နောင်ကျရင် ဘာဖြိုချရေးအဖွဲ့မှ ရှိမှာမဟုတ်တော့ဘူး”
ဒါကိုကြားလိုက်တော့ ရွာသူကြီးနဲ့ ရှောင်ကျန်းယန်က အံ့ဩသွားသည်။ သူတို့မေးလိုက်ကြသည်။
“တကယ်ပဲလား?”
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီးတော့
“တကယ်ပါ!”
ရှိနေတဲ့လူတိုင်း အရမ်းပျော်ရွှင်သွားကြသည်။
“ဒါကောင်းတာပဲ!”
သူတို့အိမ်တွေကို ဆုံးရှုံးရမှုကို ဆက်ပြီး စိုးရိမ်ဖို့မလိုတော့ချေ။ သူတို့ဖြိုချရေးကို သဘောတူလိုက်မယ်ဆိုရင် လျော်ကြေးရှိပေမယ့်လည်း အသက်ရှင်ဖို့ မြေကိုမှီခိုနေရတဲ့ လယ်သမားတွေအဖို့တော့ ပိုက်ဆံကမလုံလောက်ပေ။
တစ်ချိန်တည်းမှာပဲ ဟုန်ချင်က ခရိုင်ကနေ သူ့ကိုချက်ချင်းဆုတ်ခွာခိုင်းတဲ့ အမိန့်ရလိုက်ပြီး လျိုကျန်းက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီဆိုတဲ့သတင်းကို ရလိုက်သည်။
၎င်းက လျိုကျန်းအတွက် ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သလိုပဲဖြစ်သည်။ သိပ်မကြာသေးခင်ကပင် သူကဘဝင်ခိုက်နေခဲ့ပြီး သူ့ကိုယ်သူ လီကျားမင်ထက်တော်ကြောင်း ယုံကြည်နေသည်။ ဒါပေမယ့်လည်း နောက်ခနတွင်းမှာပဲ ကုမ္ပဏီရုံးချုပ်က ဒေဝါလီခံလိုက်ရပြီဆိုတဲ့သတင်းကို ရလိုက်သည်။ သူ့အနာဂတ် ဖျက်ဆီးခံလိုက်ရပြီမှန်း သိလိုက်သည်။
ကုမ္ပဏီရဲ့ဒေဝါလီခံရမှုနောက်က ဒီလူတွေရဲ့ဆရာပဲ ဖြစ်ရမည်။
လျိုကျန်းက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့လောက်အောင်ကို ကြောက်ရွံ့နေသည်။
ယွဲ့ချီလင်က ထေ့ငေါ့ပြီး မေးလိုက်သည်။
“ဒါရိုက်တာလျို၊ ခင်ဗျားဘော့စ်ကို စောစောသတင်းပို့လိုက်ပါလို့ ကျုပ်ပြောသားပဲ။ ဒါပေမယ့် ခင်ဗျားက ကျုပ်တို့နဲ့အချိန်ဖြုန်းဖို့ပဲလုပ်နေတာကိုး။ ဒါအကျိုးဆက်ပဲ။ ကျုပ်မာစတာက ခင်ဗျားဘော့စ်ကို စိတ်မရှည်ဖြစ်ပြီး ကိုင်တွယ်ပေးလိုက်တာ”
ယွဲ့ချီလင်က ဖြိုချရေးအဖွဲ့ကို အော်လိုက်သည်။
“မင်းတို့အိမ်ပြန်လို့ရပြီ! မင်းတို့ကုမ္ပဏီက သွားပြီ။ မင်းတို့ဘော့စ်ကြီး ဒုက္ခရောက်နေပြီ! ဘာလို့ဒီမှာ ဆက်အချိန်ဖြုန်းနေဦးမှာလဲ?”
ဖြိုချရေးအဖွဲ့ဝင်တွေက အချင်းချင်းကြည့်လိုက်ပြီးးနောက် သူတို့ရဲ့ ခေါင်းဆောင်မန်နေဂျာ လျိုကျန်းကို ကြည့်လိုက်သည်။ သူ့မျက်နှာက ဖြူဆုတ်နေပြီး ခန္ဓာကိုယ်က ယိမ်းထိုးနေလေသည်။
ခနကြာပြီးတော့ ဖြိုချရေးအဖွဲ့ခေါင်းဆောင်က လာပြီးတော့
“အကြီးအကဲလျို၊ ကျွန်တော်တို့ အိမ်တွေကို ဆက်ဖြိုချဦးမှာလား?”
လျိုကျန်းက ထိတ်လန့်နေတဲ့ငှက်တစ်ကောင်လိုမျိုး ထခုန်လိုက်သည်။ သူအရမ်းကြောက်နေပြီး ကြက်သီးမွေးညင်းထနေသည်။ သူက အဖွဲ့ခေါင်းဆောင်ကို အံ့အားသင့်ဒေါသတကြီးစွာကြည့်လိုက်ပြီး ကျယ်လောင်စွာနဲ့
“ဘာဖြိုချရေးလဲ? ငါတို့ကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီကွ။ ငါတို့ဒီအိမ်တွေကို ဖြိုချရင် ဒါအတွက် ဘယ်သူကပေးမှာလဲ? မင်းပေးမှာလား?”
ဖြိုချရေးအဖွဲ့ရဲ့ ကပ္ပတိန်ဟန်က ဒါကိုကြားတော့ ရှော့ခ်ရသွားလေသည်။ သူတို့နဲ့လုပ်ငန်းတူ ကုမ္ပဏီတစ်ခုဒေဝါလီခံရမှုကို ဘေးကနေကြားခဲ့ရကာ ဒါက သူတို့ကုမ္ပဏီဖြစ်လိမ့်မယ်လို့တော့ မထင်ခဲ့ပေ။
ဒါသာအမှန်ဆိုရင် သူတို့လစာတွေက ဘာဖြစ်သွားမှာလဲ?
သူတို့က ဘာမှမဟုတ်တာအတွက် အလုပ်လုပ်ပေးနေတာလား?
ကပ္ပတိန်ဟန်ရဲ့စိတ်ထဲမှာ ဒေါသလှိုင်းတစ်ခု လိမ့်တက်လာသည်။ ချက်ချင်းပဲ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဟူဟန်ဆန်းကိုတွေးမိလိုက်သည်။
သူတို့ဘော့စ်ကြီးက ထောင်ယွမ်ရွာက အရေးပါတဲ့လူတစ်ယောက်ကို အမှားလုပ်ခဲ့ပြီး ကုမ္မဏိဒေဝါလီခံရဖို့ အချိန်သိပ်မလိုတော့ကြောင်း ဟူဟန်ဆန်းဆီက သူကြားခဲ့သည်။ ဟူဟန်ဆန်းက ကြိုသိနေပြီး ဖြိုချရေးကိရိယာတွေကို ဈေးနိမ့်နိမ့်နဲ့ ရောင်းချခဲ့သည်။ ပြီးတော့ သူ့အဖွဲ့က ပိုက်ဆံယူပြီး ထွက်သွားခဲ့သည်။
ကပ္ပတိန်ဟန်ရဲ့အဖွဲ့လည်း တစ်ပုံစံတည်းပဲ အဆုံးသတ်တော့မည်။ ကပ္ပတိန်ဟန်က သူ့နှုတ်ခမ်းတွေကို စေ့ထားလိုက်ပြီး အံ့ဩပြီးဒေါသထွက်နေတဲ့ လျိုကျန်းကိုလျစ်လျူရှုလိုက်သည်။
သူ့လက်ကိုယမ်းပြလိုက်ပြီး ကျယ်လောင်စွာနဲ့
“ညီအစ်ကိုတို့ ဒီနေ့ဘာဖြိုချရေးမှမရှိဘူးတဲ့။ သွားကြရအောင်!”
ပြီးနောက် ဖြိုချရေးအဖွဲ့က အလျင်စလိုပဲ ထွက်ခွာသွားကြသည်။
လျိုကျန်းနဲ့တခြားနှစ်ယောက်က ကြက်သေသေပြီး ကျန်ခဲ့လေသည်။ ပြီးနောက် ဟုန်ချင်က လျိုကျန်းကိုလျစ်လျူရှုကာ သူ့ကားထဲကို ခုန်ဝင်ပြီးတော့ မောင်းထွက်သွားသည်။ ကျန့်ဝမ်လီ နဲ့ လျိုကျန်းတို့သာကျန်ရစ်ခဲ့တော့သည်။
ကျန့်ဝမ်လီက ဝေခွဲမရဖြစ်နေတဲ့အမူအယာနဲ အနားပတ်လည်ကို ကြည့်လိုက်သည်။ သူဘာလုပ်ရမှန်း မသိချေ။ ဒါပေမယ့်လည်း သူ့မှာ ဆိုးရွားတဲ့စိတ်ထင့်မှုတစ်ခုရှိနေသည်။ သူတို့က အဖွဲ့လိုက်ကြီး အားနဲ့မာန်နဲ့ ရောက်ချလာခဲ့ပေမယ့် သူတို့အားလုံး ကြောက်စိတ်မွှန်ပြီး ထွက်သွားခဲ့ကြသည်။
အခု ကျန့်ဝမ်လီ နဲ့ လျိုကျန်း နဲ့ ဇိမ်ခံကားသုံးစီးပဲ ကျန်ရှိတော့သည်။ ကျန့်ဝမ်လီက အရမ်းစဥ်းစားတတ်သည်။ သူ ယွဲ့ချီလင်ကို မေးခွန်းမထုတ်တော့ချေ။ ကျန့်ဝမ်လီက လျိုကျန်းဆီလျှောက်သွားလိုက်ပြီး ဂရုတစိုက်နဲ့
“အကြီးအကဲလျို၊ ခင်ဗျားအဆင်ပြေလား?”
ဒါပေမယ့်လည်း လျိုကျန်းက သူ့ကိုရူးနေသလိုမျိုး စိုက်ကြည့်လိုက်သည်။ လျိုကျန်းက လှည့်ထွက်ပြီး သူ့ကားဆီပြေးသွားလိုက်သည်။ သူမောင်းထွက်သွားသည်။
ကျန့်ဝမ်လီက
“…”
‘ငါအဲ့လောက်ကြောက်စရာကောင်းနေတာလား?’
အားလုံးထွက်သွားကြလေပြီ။ သူလည်း ဆက်နေစရာလည်းအကြောင်းမရှိတော့ပေ။ ဒါပေမယ့်လည်း သူလှည့်ကြည့်လိုက်ပြီး ဘာယာဉ်မှမကျန်တော့တာကို သဘောပေါက်သွားသည်။ သူက ဟုန်ချင်ရဲ့ကားနဲ့ လာခဲ့ခြင်းဖြစ်ကာ သူတို့က သူ့ကို စွန့်ပစ်ခဲ့ကြသည်။
ကျန့်ဝမ်လီက ဘေးပတ်လည်ကိုကြည့်လိုက်ပြီး သူ့ရှေ့က ဇိမ်ခံကားသုံးစီးကိုပဲ တွေ့လိုက်သည်။ နွားလှည်းတစ်စီးလောက်တောင်မရှိပေ။ ကျန့်ဝမ်လီက ယွဲ့ချီလင် ဆီလျှောက်မသွားမီ ခနတုံ့ဆိုင်းနေသည်။ ပြီးနောက် သူက တရားဝင်အမိန့်အာဏာကိုပြသလိုက်ပြီး ထောင်လွှားမှုအနည်းငယ်နဲ့
“ငါ့ကိုမြို့ပြန်ပို့ပေး!”
လူသုံးယောက်က သူတို့ကားတွေကို လှည့်မောင်းထွက်သွားရင်း ပြန်ဖြေပေးလိုက်ကြသည်!
......
ကိစ္စကြီးတစ်ခု Zမြို့မှာ ဖြစ်ပွားခဲ့သည်။
၎င်းက မက်ဂနီကျု့ ၈ရှိတဲ့ ငလျင်တစ်ခုက စီးပွားရေးနဲ့ နိုင်ငံရေးအသိုက်အဝန်းမှာ ဖြစ်ပွားခဲ့သလိုမျိုးဖြစ်သည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းပြီး အံ့ဩစရာကောငးသည်။
ပထမဆုံးအနေနဲ့ ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက Zမြို့မှာ နည်းနည်းနာမည်ရှ်ိတယ်လို့ ထည့်တွက်ကြသည်။ ဒါပေမယ့် ကုမ္ပဏီက အကြွေးသန်း၃၀၀နဲ့ အချိန်တိုအတွင်းမှာပဲ ဒေဝါလီချခံလိုက်ရသည်။
ဘော့စ်က ဟိုတယ်တစ်ခုကနေ လွတ်မြောက်ဖို့ ကြိုးစားနေတုန်း အဖမ်းခံလိုက်ရတယ်လို့ ကောလဟာလထွက်ခဲ့သည်။ သူက စီးပွားရေးရာဇဝတ်မှုတွေပါ ပါဝင်ခဲ့ရုံတင်မကဘဲ တရားမဝင်အကျပ်ကိုင်မှုတွေ၊ လူသတ်မှုနဲ့ တခြားများပြားတဲ့ ပြစ်မှုတွေမှာ ပါဝင်ခဲ့သည်။ ရာဇဝတ်မှုတွေက အရမ်းပြင်းထန်ပြီး Zမြို့ကိုတောင် တုန်လှုပ်သွားစေခဲ့သည်။
လျောင်ကောဟိုင်ရဲ့ဂုဏ်သတင်းက ညတွင်းချင်းပဲ ကျဆင်းသွားသည်။
ဒုတိယအနေနဲ့ ယန်မိသားစုရဲ့ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကလည်း စစ်ဆေးခံနေရသည်။ Zမြို့မှာ ခေါင်းဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ယန်ဂရုက အမြဲတမ်းကျင့်ဝတ်သိက္ခာနဲ့ခေါင်းဆောင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း လူတိုင်းသိကြသည်။
ဒါဆိုရင် သူတို့က ဘာလို့ရုတ်တရက်ကြီး စုံစမ်းစစ်ဆေးမှုရဲ့ ခေါင်းစဉ်ဖြစ်လာတာလဲ?
၎င်းက တော်တော်များများကို ပဟေဠိဖြစ်စေခဲ့သည်။
နောက်ဆုံးဖြစ်ပြီး အပြင်းထန်ဆုံးကိစ္စက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့တိုးတက်ရေးကုမ္ပဏီရဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့သူတွေ စုံစမ်းစစ်ဆေးခံနေရသည်။ ၎င်းထဲတွင် လင်းလီဟွေ့ လည်းပါဝင်သည်။
ယန်မိသားစုရဲ့ခေါင်းဆောင်အနေနဲ့ ယန်ယီကျင်းက အလိုလိုကို လိမ္မာပါးနပ်သည်။ သူအစက်လေးတွေကို နှိပ်လိုက်ပြီးတော့ ထောင်ယွမ်ရွာရဲ့တည်ဆောက်ပြုပြင်မှုနဲ့ဆိုင်တဲ့ဖြစ်ပွားမှုတွေကို သိရှိခဲ့သည်။ သူ့ကုမ္ပဏီက ထောင်ယွမ်ရွာက သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုကြောင့် ပစိမှတ်ထားခံနေရသည်။
ယန်ယီကျင်းက မျက်မှောင်ကျုံ့ပြီး သူ့သားကို ခေါ်ဆိုလိုက်သည်။
“သား ထောင်ယွမ်ရွာမှာနေတဲ့ ဘော့စ်ကြီးကဘယ်သူလဲ?”
ယန်ယီကျင်းက စိတ်ဝင်စားစွာ မေးလိုက်သည်။
ယန်စစ်မင်ကပြုံးပြီးတော့
“အဖေ အခုကျွန်တော် အဖေ့ကိုမလိမ်မှန်း သိပြီပေါ့။ ကံကောင်းစွာပဲ ကျွန်တော်တို့က အမြဲတမ်းဥပဒေကိုလိုက်နာတဲ့ စီးပွားရေးသမားကောင်းတွေဖြစ်ခဲ့တယ်။ မဟုတ်ရင်တော့ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ယန်မိသားစုတစ်ခုလုံး အဖျက်ဆီးခံလိုက်ရမှာတော့ ကြောက်မိသား”
ယန်ယီကျင်းက အံ့အားသင့်စွာနဲ
“ဒါကအဲ့လောက်တောင်ပြင်းထန်တာလား?”
“ဟုတ်တယ်!”
ယန်စစ်မင်က ခေါင်းညိတ်ပြီးတော့
“အဖေ ထောင်ယွမ်ရွာနဲ့ပက်သက်ပြီး ဘာမှလောဘမတက်ပါနဲ့တော့။ ကျွန်တော်တို့ အဲ့ဒီနေရာကို ယူလို့မရဘူး!”
ထိုသို့ပြောပြီး ယန်စစ်မင်က တိုက်ရိုက်ဖုန်းချသွားခဲ့သည်။
ယန်ယီကျင်းက
“ဒီကောင်ကတော့လေ၊ အဲ့ဒီတောင်ရွာလေးမှာနေနေတဲ့ ဒီဘော့စ်ကြီးကဘယ်သူလဲဆိုတာ ငါ့ကိုပြောမသွားဘူး”
***