← Chapters

သဘောတူစာချုပ်

Vol. 20 Ch. 334

သဘောတူစာချုပ်

Vol. 20 Ch. 334

Zမြို့က ကမ္ဘာလှည့်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဒေဝါလီခံလိုက်ရပြီးတော့ ရှောင်ထိုက်ယန်က နောက်တစ်ကြိမ် မြေငှားစာချုပ်အတွက် ထပ်လျှောက်လိုက်သည်။ ဒီတစ်ကြိမ်တော့ လျှောက်လွှာကို ရှောရှောရှူရှူလက်ခံလိုက်ကြသည်။

Zမြို့ကငလျင်ကြီးက ရှင်းယင်ခရိုင်နဲ့ ရှင်းအန်းမြို့ကို တသိမ့်သိမ့်‌ဖြစ်စေခဲ့သည်။

ထောင်ယွမ်ရွာရဲ့တည်ဆောက်ပြုပြင်မှုကြောင့် ငလျင်ကြီးဖြစ်ခဲ့ကြောင်း လူတွေကောင်းကောင်းနားလည်ကြသည်။ အရာရှိအသစ်တော်တော်များများ ရာထူးတိုးခံလိုက်ရသည်။ သူတို့က ကျွမ်းကျင်တဲ့လူတွေဖြစ်ပြီး လူထုရဲ့အပေါင်းပါတွေဖြစ်သည်။

ဒါပေါ့ သူတို့က ထက်လည်းထက်မြက်တယ်လေ။

ငလျင်က ဒီဖြစ်ရပ်ရဲ့နောက်ကွယ်က တစ်စုံတစ်ယောက်ကြောင့်လို့ သူတို့သတိပြုမိခဲ့ကြသည်။

ဒါကဘာကိုဆိုလိုတာလဲ?

လူတော်တော်များများ အဖြေကိုသိကြသည်။ ထောင်ယွမ်ရွာက သေးငယ်ပြီး မထင်မရှားဖြစ်ပုံပေါ်ပေမယ့် ၎င်းကို အရေးပါတဲ့လူတစ်ယောက်က ကာကွယ်ပေးနေသည်။

ရွာသူကြီးက တောင်စာချုပ်တွေကို တာဝန်ရှိသူတွေကို ပေးလိုက်သည်။ ဒီတစ်ကြိမ်တော့ ဘာပြင်ပကုမ္ပဏီမှမပါပေ။ ၎င်းက ထောင်ယွမ်ရွာရဲ့ အတွင်းကိစ္စဖြစ်သည်။ ဒါကြောင့် တာဝန်ရှိသူတွေက ၎င်းကို မြန်မြန်ဆန်ဆန်ပဲခွင့်ပြုခဲ့ကြသည်။

ရွာသူကြီးက သက်ဆိုင်တဲ့ပစ္စည်းတွေနဲ့ ခွင့်ပြုချက်သတိပေးစာကို ရှောင်ကျန်းယန်ရဲ့အိမ်ကို လာပို့ရင်း ဝင်ထိုင်လိုက်သည်။

ရေနွေးကြမ်းနည်းနည်းသောက်ပြီးတော့ သူက ပျော်ရွှင်စွာနဲ့

"ဒီတစ်ကြိမ်တော့ ဒါက အရမ်းချောချောမွေ့မွေ့ပြီးသွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး"

ရှောင်လင်းယွီက မျက်ခုံးပင့်လိုက်သည်။ ပြီးနောက် သူမက သူမအတွက် ပန်းသီးအခွံခွာပေးနေတဲ့ ကုန်းထျန်းဟောက်ကို ကြည့်လိုက်ပြီး ရွာသူကြီးကို ပြုံးပြီးတော့

"ဒါကောင်းတာပဲလေ"

အဲ့ဒီအချိန်မှာ သူမ ခနလောက်ရပ်တန့်လိုက်ပြီး ရွာသူကြီးကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ကာ လေးနက်တဲ့မျက်နှာထားနဲ့

"ရွာသူကြီး ဒီစာချုပ်ကို ခွင့်ပြုလိုက်မှတော့ ကျွန်မ ငှားရမ်းတာအသေးစိတ်ကို ဆွေးနွေးချင်တယ်။ လယ်ငှားတုန်းကလိုပဲ ကျွန်မ သုံးနှစ်တစ်ကြိမ်ပေးဖို့ စီစဉ်ထားတယ်။ သုံးနှစ်တစ်ကြိမ် ငှားရမ်းခက ၂၀ရာခိုင်နှုန်းတက်မယ်။ မြေငှားစာချုပ်က နှစ်သုံးဆယ်ကြာမယ်။ ဘယ်လိုသဘောရလဲ?"

ရွာသူကြီးက ခေါင်းညိတ်ပြီးတော့

"ဒီကိစ္စကို ရွာကိုယ်စားလှယ်တွေအားလုံးက လက်ခံပြီးပြီပဲ။ ငှားရမ်းခကို အိမ်ထောင်စုက လူအရေအတွက်ပေါ်မူတည်ပြီး ခွဲ‌မယ်"

ဒီကိစ္စနဲ့ဆက်စပ်ပြီးတော့ ရှောင်လင်းယွီမှာ အလိုလိုဘာပြဿနာမှကိုမရှိပေ။ သူမက တစ်ဦးတည်းသောငှားသူလေ။ ငှားရမ်းခကို ဘယ်လိုခွဲမယ်ဆိုတာက သူမကိစ္စမဟုတ်ပေ။

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ပြီး

"အဆင်ပြေပါတယ်။ တောင်ခြောက်လုံးမှာ မြေမူ၁၁၃၀၆ရှိတယ်။ တစ်မူအတွက်ငှားရမ်းခက ၁၅၀ပဲ။ ဒီတော့ သုံးနှစ်တိုင်းအတွက် စုစုပေါင်းက ၅၀၈၇၇၀၀။ မှန်ရဲ့လား ရွာသူကြီး?"

'ရွာသူကြီးက ဂဏန်းအရေအတွက်ကိုကြားတော့ အံ့ဩသွားသည်။ ဒါက ငါးသန်းထက်တောင်ပိုပြီး ရှောင်လင်းယွီက ဒါကို တစ်ထိုင်တည်းပေးဖို့ စဉ်းစားထားတာလေ။

ရှောင်မိသားစုမှာ ပိုက်ဆံတွေအများကြီးရှိတာလား?

ရှောင်လင်းယွီက ရွာသူကြီးရဲ့ သင်္ကာမကင်းမှုကနေမြင်လိုက်သည်။

"ရွာသူကြီး ကျွန်မမှာ အခုအဲ့လောက်ပိုက်ဆံတွေ မရှိသေးပါဘူး။ ဒါကြောင့် ကျွန်မ ဘဏ်ကနေ ချေးငွေလေးသန်းယူလာတာ"

ရွာသူကြီးက အံ့ဩသွားပြီး စူးစမ်းစွာမေးလိုက်သည်။

"ဘဏ်ချေးငွေ? အဲ့ဒါကဘာလဲ?"

သူက ဘဏ်ချေးငွေအကြောင်းသိပေမယ့် သူသိသလောက်တော့ ဘဏ်က စီးပွားရေးအတွက်သာ ချေးငွေပေးတာဖြစ်သည်။

သူတို့က လယ်သမားတစ်ယောက်ကို ချေးငွေပေးပါ့မလား?

ရှောင်လင်းယွီက ပြုံးပြီးတော့

"တချို့အချက်အလက်တွေပြသရွေ့ ဘဏ်က ရွာသူကြီးရဲ့ ပိုင်ဆိုင်မှုအခြေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုပရောဂျက်ရဲ့ အလားအလာပေါ်မူတည်ပြီး ချေးငွေပမာဏတချို့ပေးတယ်လေ။ ဒါပေါ့ ဒါက ဘဏ်က ချေးငွေယူတဲ့သူက ချေးငွေပြန်ပေးမယ်လို့ ယုံကြည်တဲ့အခြေအနေမျိုးမှာပဲလေ"

ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။

ရှောင်လင်းယွီက ထပ်ပြီးတော့

"ဒါပေါ့ ဒါကချေးငွေဆိုတော့ အတိုးပမာဏတချို့လည်း သေချာပေါက်ရှိတယ်။ ဥပမာပြောရရင် ကျွန်မချေးငွေအတွက် အတိုးက တစ်နှစ်ကို ၄.၃၅ရာခိုင်နှုန်းလေ။ တနည်းပြောရရင်တော့ ကျွန်မက တစ်နှစ်ကို ယွမ်၁၇၀၀၀၀ဝန်းကျင်ပေးရမှာပေါ့"

"ကောင်းပြီလေ"

ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ၎င်းကမတန်ဘူးလို့ ခံစားရသည်။ ဒါက အလကားနေရင်း‌ပေးရသည့် ယွမ်၁၀၀၀၀၀ဖြစ်သည်။ ဒါပေါ့ သူကဘာချေးငွေမှမယူတော့ ၎င်းကို ထပ်တလဲလဲတွေးမနေတော့ပေ။

သူက ပြုံးပြီး

"လင်းယွီ မင်းကတကယ် သတ္ထိခဲပဲ။ ငါဒီလို ချေးငွေကြီးမျိုးကို ယူရဲမှာမဟုတ်ဘူး"

ရှောင်လင်းယွီက ခေါင်းခါလိုက်ပြီးတော့

"ကျွန်မမှာ ရွေးစရာမရှိဘူးလေ။ ရွာသူကြီး ကျွန်မကို မလှောင်လိုက်ပါနဲ့"

ပြီးနောက် ရှောင်လင်းယွီက

"ရွာသူကြီး ကျွန်မ ပိုက်ဆံအားလုံးကို ငွေသားနဲ့ပဲပေးသင့်တယ်လို့ထင်လား? ဒါမှမဟုတ် ကျွန်မတို့ ရွာသားတွေကို ဘဏ်ကတ်တစ်ခုလောက်စာရင်းသွင်းထားဖို့ ဖျောင်းဖျသင့်တယ်လို့ထင်လား? ဘဏ်ကတ်တစ်ခုလုပ်ဖို့ဆို သူတို့မှတ်ပုံတင်တွေနဲ့ ဘဏ်ကိုသွားပြီး အကောင့်တစ်ခုဖွင့်ဖို့လိုတယ်"

ရွာသူကြီးက ခနလောက်တွေးလိုက်ပြီးတော့

"သူတို့အမြင်တွေကို ရွာသားတွေကို ငါမေးကြည့်လိုက်ရင်ရော?"

ရှောင်လင်းယွီက ထပ်ပြီးတော့

"ရွာသူကြီး အဲ့ဒါအရင် ကျွန်မသတိပေးစရာတစ်ခုရှိတယ်။ ကျွန်မတို့ ကတ်တွေသုံးမယ်ဆိုရင် အိမ်ထောင်စု၁၈၀လုံး ကတ်တွေသုံးဖို့လိုတယ်။ တစ်ယောက်ယောက်က မလုပ်ချင်ဘူးဆိုရင် ငွေသားနဲ့ပဲထုတ်ပေးလိုက်ပြီး ရွာလူကြီးတွေကို ခွဲခိုင်းလိုက်တာက ကျွန်မအတွက် ပိုအဆင်ပြေမယ်လို့ထင်တယ်"

ဒါကိုကြား‌ပြီးနောက် ရွာသူကြီးက ၎င်းကို ထပ်စဉ်းစားလိုက်ပြီး 

"ဒီလိုဆိုရင်တော့ ငါတို့ငွေသားနဲ့သွားတာပဲကောင်းမယ်ထင်တယ်။ ပြီးတော့ ရွာထဲက လူတော်တော်များများက ဘဏ်ကတ်တစ်ခုကို ဘယ်လိုသုံးရမလဲမသိကြဘူး။ သူတို့က ကတ်တွေက မလုံခြုံဘဲ စိတ်ချရမှုမရှိဘူးလို့ ထင်နေကြတာ။ လူတွေ ဒါကို အထွန့်တက်ကြလိမ့်မယ်"

ရှောင်လင်းယွီက ခေါင်းညိတ်ပြီးတော့

"အိုခေ ကျွန်မ သုံးရက်နေရင် ငွေသားထုတ်ပေးလိုက်မယ်။ ကျွန်မ ပမာဏကြောင့် ချိန်းဆိုထားတာကို ရှေ့တိုးရလိမ့်ဦးမယ်"

လျှောက်လွှာကို ဒီဟာမတိုင်ခင် လက်ခံလား မခံဘူးလားဆိုတာ ရှောင်လင်းယွီမသိချေ။ ဒါကြောင့် သူမဘဏ်ကို အကြောင်းမကြားထားခဲ့ပေ။ ဒါပေမယ့် အခုဒါကို ခွင့်ပြုလိုက်ပြီဆိုမှတော့ သူမ ဒါကို အမြန်ဆုံးအပြီးသတ်လိုက်ချင်သည်။

ရွာသူကြီးကလည်း အရမ်းပျော်နေသည်။

"ဒါကောင်းတာပဲ။ ဒီသုံးရက်အတွင်းမှာ မိသားစုတစ်ခုစီ ငွေဘယ်လောက်ရမလဲဆိုတာကို ငါတွက်ကြည့်ထားလို့ရတယ်"

ဒီငွေကို လူအရေအတွက်ပေါ်မူတည်ပြီး ခွဲလိမ့်မည်။ ငှားခက ၁.၈သန်းပတ်လည်ပဲရှိပြီး ၎င်းကို လူ ခြောက်ရာကနေ ခုနစ်ရာကြား ဝေခွဲလိမ့်မည်။ ထောင်ယွမ်ရွာတွင် လူတစ်ဆယ်ကနေ နှစ်ဆယ်ကြား မိသားစုကြီးတွေ များစွာရှိသည်။

"နင်ကြားလိုက်လား? ရှောင်လင်းယွီက ငါတို့ရွာက အဲ့ဒီတောင်တွေကို ငှားထားတယ်။ ပြီးတော့ ငှားရမ်းခက တစ်ယောက်ကို ၇၆၀၀ယွမ်ထက်ပိုတယ်"

"ရွာသူကြီးက လူတိုင်းကို အကြောင်းကြားပြီးပြီလေ။ ငါဒါကိုယုံတောင်မယုံနိုင်ဘူး။ လူတစ်ယောက်ကို ၇၀၀၀ထက်တောင်ပိုတယ်။ ဒါကအဲ့လောက်ကြီးများလိမ့်မယ်လို့ ငါတို့ဘယ်တုန်းကမှ မတွေးခဲ့မိဘူး"

"ဖြိုချရေးအဖွဲ့က လာပြီး ငါတို့ကို တစ်ယောက်ယွမ်၅၀၀၀ပေးတော့ အဲ့ဒါကအရမ်းများနေပြီလို့တောင် ငါတို့တွေးခဲ့တာ။ ရှောင်လင်းယွီကို တောင်တွေငှားလိုက်တာကနေ ငါတို့ပိုရလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ"

"အမှန်ပဲ ပြီးတော့ သုံးနှစ်ကြာပြီးရင် ငှားရမ်းခက ‌တိုးတောင်လာဦးမှာ။ ယှဉ်ကြည့်ရင် ဖြိုချရေးအဖွဲ့က ငါတို့ကို တစ်ကြိမ်ပဲပေးပြီး ငါတို့မြေတွေကို တသက်လုံးယူသွားမှာ။ ကံကောင်းလို့ ငါတို့သဘောမတူလိုက်မိဘူး"

"တချို့တွေက ယွမ်၅၀၀၀ကအရမ်းများတယ်လို့တွေးခဲ့ပေမယ့် အဲ့ဒါက ကုမ္ပဏီကရမယ့် အကျိုးအမြတ်နဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး"

"ဟုတ်တာပေါ့ အဲ့ဒီလူတွေက အကြောင်းတစ်ခုကြောင့် သူဌေးကြီးတွေဖြစ်နေတာလေ။ ငါတို့က ငါတို့ရှေ့က အကျိုးအမြတ်တွေကိုပဲရောင်းနိုင်ပြီး အနာဂတ်ကို မရောင်းနိုင်တဲ့ လယ်သမားတွေလေ"

"နင်ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ရှောင်လင်းယွီက ပိုက်ဆံတွေအများကြီးကို ဘယ်ကရတာလဲ? သူက အသီးအရွက်တွေနဲ့ စတော်ဘယ်ရီတွေရောင်းပြီး ပိုက်ဆံတွေအများကြီးရသွားတာလား?"

"ငါ ရွာသူကြီးဆီကကြားတာတော့ ရှောင်လင်းယွီက ဘဏ်ကနေ လေးသန်းဝန်းကျင်ချေးငွေယူထားတယ်တဲ့"

"ဟင်? ‌ဘဏ်ချေးငွေ? အဲ့ဒါဘာကြီးလဲ?"

"ရွာသူကြီးပြောတာတော့ အဲ့ဒါက ဘဏ်ကနေပိုက်ဆံချေးတာကို ပြောတာတဲ့"

"ဟမ် ဘဏ်မှာ ပိုက်ဆံအပ်လို့ရမှန်းတော့ ငါသိတယ်လေ။ သူတို့ဆီကနေ ပိုက်ဆံချေးလို့ရမှန်းတော့ ငါမသိခဲ့ဘူး"

"ဒါကြောင့် လင်းယွီကအရမ်းထက်မြက်နေတာကိုး!"

"ဟုတ်တယ် သူက ဘဏ်ကနေ ငွေချေးဖို့လောက်ထိတောင် အရမ်းလည်တယ်။ ငါတို့က အဲ့ဒီလိုဖြစ်နိုင်မှန်းတောင် မသိခဲ့ဘူး"

ထိုအချိန်တွင် တစ်ယောက်က ရုတ်တရက်

"အမ် ငါ့အကြီးဆုံးကလေးကို သူ့ပညာရေးအတွက် ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ပြီ"

"နေပါဦး နင့်အကြီး‌ဆုံးကလေးက မိန်းကလေးမဟုတ်ဘူးလား? နင်ဘာလို့ အဲ့လိုလုပ်မှာလဲ? သူက ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ပြုမယ့်ဥစ္စာ။ ဒါအဓိပ္ပာယ်မရှိတာပဲ"

"ဘယ်လိုလုပ်အဓိပ္ပာယ်မရှိရမှာလဲ? ရှောင်ကျန်းယန်ရဲ့သမီးကိုကြည့်လေ! သူ့မိသားစုက အခု သန်းကြွယ်သူ‌ဌေးဖြစ်နေပြီ။ ရှောင်လင်းယွီက သူလက်ထပ်ပြီးရင် ပိုက်ဆံတွေအကုန်သယ်သွားမယ်ထင်လို့လား? သူ့မိဘတွေနဲ့ အနည်းဆုံး တစ်ဝက်တော့ ချန်ခဲ့မှာပဲမလား?"

"နင်မှန်တယ် ရှောင်လင်းယွီက အမြဲတမ်း သားသမီးဝတ်ကျေတယ်"

"ငါ့သမီးလည်း ရှောင်လင်းယွီလို အရည်အချင်းရှိလာနိုင်ရင် ငါဘာလို့ သူ့ကိုမပျိုးထောင်ပေးရမှာလဲ?"

"မှန်တယ် သမီးတစ်ယောက်က သားတွေထက်ပိုမကောင်းဘူးဆိုရင်တောင် သူတို့လောက်တော့ကောင်းနိုင်တာပဲ"

"ငါ့ရှောင်လန်လည်း အတူတူပဲ..."

ညတွင်းချင်းပဲ ထောင်ယွမ်ရွာက မိန်းမမုန်းတီးခြင်းက လျော့ပါးသွားသည်။ အနာဂတ်မှာ ထောင်ယွမ်ရွာက အရမ်းအလားအလာရှိတဲ့အမျိုးသမီးကြယ်ပွင့်လေးတွေကို တကယ်ပျိုးထောင်ပေးလိမ့်မည်။

ဒါပေါ့ ဒါက နောက်အချိန်တစ်ခုအတွက် ဇာတ်လမ်းတစ်ခုပဲလေ..

***

All Chapters