← Chapters

ငွေသား

Vol. 20 Ch. 335

ငွေသား

Vol. 20 Ch. 335

သုံးရက်ကြာပြီးတော့ ရှောင်လင်းယွီက ဘဏ်ကနေ ငွေငါးသန်းကျော်‌ကျော် ယူလာခဲ့သည်။

ရှင်းအန်းမြို့ကဘဏ်မှာ အဲ့လောက်ငွေမရှိပေ။ ဒါကြောင့် သူတို့ခရိုင်မြို့ကို ပိုက်ဆံထုတ်ဖို့ ချိန်းဆိုမှုတစ်ခုလုပ်ဖို့အတွက် ခရိုင်ကိုသွားခဲ့ရသည်။

ထုတ်ယူတာက အရမ်းလျှို့ဝှက်သည်။ ဘယ်သူမှ ဘာမှသတိမပြုမိလိုက်ကြပေ။ ပြီးတော့ သူတို့ရွာဆီ ပိုက်ဆံတွေ ပြန်သယ်လာခဲ့ကြသည်။

“ဝိုး ဒါငွေတွေအများကြီးပဲ!”

ရှောင်လင်းယွီ‌ကငွေတွေနဲ့ပြန်လာပြီ‌ဆိုတဲ့သတင်းကို ရွာသားတွေကြားလိုက်တော့ လူတိုင်း ရွာကော်မတီမှာ စုရုံးခဲ့ကြသည်။ သတင်းကြားတော့ တချို့သူတွေက သူတို့အလုပ်ကနေတောင် ပြန်လာခဲ့ကြသည်။ ပြီးနောက်မှာ ငွေတွေကို လူတစ်ယောက်ချင်းစီ ခွဲပေးမည်ဖြစ်သည်။

လူတစ်ယောက်ကို ယွမ် ခုနစ်ထောင်ကနေ ရှစ်ထောင်ရမည်။ ဒါကြောင့် မိသားစုတစ်ခုမှာ လူနှစ်ယောက်ရှိရင် တစ်သောင်းခွဲရနိုင်သည်။ ၎င်းက များပြားတဲ့ငွေပမာဏဖြစ်သည်။

စင်ပေါ်မှာ ပိုက်ဆံအထပ်လိုက်ကြီးရှိနေသည်။ ၎င်းက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလှသည်။

“ငါ့ဘဝမှာ ငွေတွေအများကြီးကို မမြင်ဖူးဘူး!”

“ငါရောပဲ! ဘဏ်အလုပ်သမားတွေက ဒါမျိုးကို မြင်ဖူးတာဖြစ်မှာပေါ့!”

“တကယ့်ကိုပဲ ငါတို့ရွာထဲက ဘယ်သူက ဒီလောက်ပိုက်ဆံအများကြီးရှိမှာလဲ?”

“ရှောင်လင်းယွီတော့ အရင်က ဒါတွေကို မြင်ဖူးလောက်တယ်။ ပြီးတော့ သူက မြို့ကြီးမှာအလုပ်လုပ်ခဲ့ဖူးတယ်လေ”

“နင်ပြောတာမှန်တယ်”

တစ်ယောက်က ထောက်ခံလိုက်သည်။

“ရှောင်လင်းယွီက ဒီတောင်ရွာလေးမှာပဲ ပိတ်မိနေတဲ့ ငါတို့လိုလူတွေလိုမဟုတ်ဘဲ ကမ္ဘာကြီးကိုမြင်ဖူးတယ်”

“ဒါကငါးသန်းထက်တောင်ပိုတယ်။ ငါဒါတွေအားလုံးကို အိမ်ယူသွားပြီး သူတို့အပေါ်မှာ အိပ်နေချင်တယ်။ ငါ့အိမ်မက်ထဲမှာ ရယ်နေရင်း နိုးလာမိမယ်ထင်တယ်”

“နင်ကစိတ်ကူးယဉ်ရတာကြိုက်တာပဲဟ!”

တစ်ယောက်က ရယ်မောလိုက်သည်။

လူတွေက စနောက်ပြီး ပျော်ရွှင်နေကြသည်။

“ကောင်းပြီလေ သူကတကယ်ကြီးစိတ်ကူးယဉ်နေတာတော့လည်းမဟုတ်ပါဘူး”

တစ်ယောက်က ထောက်ပြလိုက်သည်။

“ဟုတ်တယ် နင့်မိသားစုမှာ လူခြောက်ယောက်တောင်ရှိတာပဲ။ အဲ့ဒီတော့နင့်မိသားစုက ယွမ်၄၀၀၀၀ကျော်ကျော်ရမှာပေါ့”

“နင့်မိသားစုမှာ လူတွေပိုရှိရင် ပိုပိုက်ဆံရနိုင်မှာပဲ”

“အမှန်ပဲ”

“ငါတို့ဆယ်စုနှစ်တွေအများကြီး စုဆောင်းခဲ့ပေမယ့် ယွမ်၁၀၀၀၀လောက်ပဲရကြတယ်။ ဒါပေမယ့် ငါတို့တောင်ကုန်းတချို့ပဲငှားဖို့လိုပြီး ဒါတွေထက် ပိုရနိုင်တယ်”

ရွာသားတွေက တကယ်ပျော်ရွှင်နေကြသည်။

“ဒါနဲ့ ဒီပိုက်ဆံအများကြီးနဲ့ နင့်ဘာလုပ်ဖို့စဉ်းစားထားလဲ?”

“ဒါက ငါ့အကြီးဆုံးသားရဲ့မိန်းမအတွက် စေ့စပ်လက်ဆောင်ပဲ။ ပြီးတော့ ငါတို့တိုက်အိမ်တစ်လုံးဆောက်မယ်”

ဒီအချိန်အတွင်းမှာ အိမ်ယာဈေးကွက်က တက်မသွားသေးပေ။ ကျေးလက်ဘက်မှာအိမ်တစ်လုံးဆောက်ဖို့ အရမ်းမကုန်ကျချေ။ ဒါပေမယ့်လည်း သုံးနှစ်ကြာပြီးရင်တော့ ကျေးလက်ဘက်မှာ အိမ်တစ်လုံးဆောက်တာဆိုရင်တောင် စရိတ်က မိုးထိုးသွားလိမ့်မည်။

ဒီအချိန်မှာ ကျေးလက်ဘက်က သုံးတွဲဗီလာဆောက်တာဆိုရင်တောင် ယွမ်၄၀၀၀၀ဝန်းကျင် ပဲကုန်ကျလိမ့်မည်။ ဒါပေမယ့် သုံးနှစ်ကြာပြီးရင်တော့ ကျေးလက်က တစ်ထပ်အိမ်တစ်လုံးပဲဆိုရင်တောင် ယွမ်၂၀၀၀၀၀ဝန်းကျင် ကုန်ကျတော့မည်။ မြို့က အိမ်ယာတန်ဖိုးဆိုရင် ပိုတောင်မြင့်လိမ့်ဦးမည်။ ၎င်းက အိမ်ယာရှုပ်ထွေးမှုကို ဖန်တီးခဲ့သည်။

ဈေးက ပိုမြင့်တက်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့် လူတွေက အိမ်တွေပိုဝယ်လာကြသည်။ ဈေးကွက်ဝယ်လိုအားကြောင့် တန်ဖိုးက ပိုမြင့်တက်လာသည်။ ၎င်းက ကြောက်စရာကောင်းတဲ့စက်ဝန်းတစ်ခုပဲဖြစ်သည်။

ဒါပေါ့

ရွာသားတွေက ဒီကိစ္စတွေအားလုံးအကြောင်းကို မသိကြဘူးလေ။

သူတို့ပိုက်ဆံရရင် စုဆောင်းတာကလွဲပြီးတော့ သူတို့ကလေးတွေ လက်ထပ်ဖို့နဲ့ အိမ်တစ်လုံးဆောက်ဖို့ အလိုရှိကြသည်။

မြို့မှာအိမ်တစ်လုံးဝယ်ဖို့ တော်တော်များများမစဉ်းစားကြပေ။

“ငါ့မိသားစုကကြီးတယ် ငါတော်တော်များတဲ့ငွေရသင့်တယ်။ ငါအိမ်တစ်လုံးဆောက်ပြီး ငါ့အကြီးဆုံးသားအတွက် မိန်းမတစ်ယောက်ရှာဖို့ ပြင်ဆင်ပေးမယ်”

“ငါ့မိသားစုလည်း အတွေးတူတူပဲ။ ဒါပေမယ့်လည်း ငါတို့အိမ်ကပြင်ပြီးတုန်းပဲရှိသေးတာ။ ပြီးတော့ထပ်ပြီး ငါ့အငယ်ဆုံးသားလည်း လက်ထပ်ဖို့လိုတယ်။ ငါတို့ သူ့ကို အိမ်တစ်လုံးဆောက်ပေးဖို့ စီစဉ်ထားတယ်။ ဒါမှ သူ့မိန်းမနဲ့အတူတူ ပြောင်းနေနိုင်မှာလေ!”

ရွာသားတွေက ပျော်ရွှင်ပီတိဖြစ်နေကြသည်။ ကြွယ်ဝမှုတွေက မိုးပေါ်က ကျလာသည်။ ဒီပိုက်ဆံတွေနဲ့ဆို သူတို့ ကိစ္စတော်တော်များများကို ဆက်စိုးရိမ်ဖို့ မလိုတော့ပေ။

သူတို့ဆွေးနွေးနေတုန်း ရွာသူကြီးနဲ့ ရှောင်လင်းယွီတို့ ရောက်လာသည်။ ရွာသူကြီးက စင်မှာ နေရာယူလိုက်အြီး အသံချဲ့စက်ရကနေ အော်ကာ

“အားလုံးပဲ တိတ်တိတ်နေကြ!”

ဒီတစ်ကြိမ်တော့ လူတိုင်းက သူတို့အရင်ကလုပ်သလိုမဟုတ်ဘဲ စည်းစည်းလုံးလုံး စုပေါင်းလိုက်ကြသည်။ ဆူညံနေတဲ့နေရာက ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူတိုင်းက ရွာသူကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။

ဒါပေါ့ ရွာသူကြီးလည်း အရမ်းစိတ်လှုပ်ရှားနေတာပဲ။ သူ့လေသံက ပျော်ရွှင်နေသည်။

“ရွာအစည်းအဝေးတစ်ခုက အရမ်းအောင်အောင်မြင်မြင်သွားလိမ့်မယ်လို့ ငါအရင်ကမတွေးဖူးဘူး။ ငြိမ်သက်ဖို့ငါပြော‌နေရင် အရင်က လူတွေ အာရုံမရှိကြဘူး။ ကောင်းပြီလေ ငါအချိန်မဖြုန်းတော့ဘူး။

အဓိကအကြောင်းအရာဆီပဲသွားရအောင်။

ဒီအစည်းအဝေးရဲ့ရည်ရွယ်ချက်ကဘာာလဲဆိုတာ လူတိုင်းသိမယ်ထင်တယ် ဟုတ်ရဲ့လား?”

“ဟုတ်ပါတယ်”

အားလုံး ပြိုင်တူပြောလိုက်ကြသည်ာ

“ဒီလိုဆိုရင် ငါလုပ်ငန်းစဉ်ဆီ တိုတိုတုတ်တုတ်ပဲသွားလိုက်မယ်”

ရွာသူကြီးက ပြောလိုက်သည်။

“ဒီအစည်းအဝေးရဲ့ရည်ရွယ်ချက်က ရှောင်လင်းယွီရဲ့ တောင်တွေရဲ့အငှားစာချုပ်က ငှားရမ်းခတွေကို ခွဲယူဖို့ပဲ။ ငွေကို အိမ်ထောင်တစ်ခုရဲ့ ပါဝင်သူအရေအတွက်ပေါ်မူတည်ပြီး ခွဲမယ်”

“မွေးကင်းစ ဒါမှမဟုတ် လောလောလတ်လတ်လက်ထပ်ထားတဲ့ချွေးမဆိုရင်တောင် သူတို့ရဲ့ မျှတတဲ့ဝေစုကိုရမယ်။ ငါတို့ရွာမှာ အိမ်ထောင်စု၁၈၆ခုနဲ့ လူ၆၆၄ယောက်ရှိတယ်။ အဲ့ဒီတော့ လူတစ်ယောက်စီက ၇၆၆၂ယွမ်ဆီရမယ်။

ပိုက်ဆံကို အိမ်ထောင်စုတစ်ခုစီ ခွဲပေးလိုက်မယ်။ ဒါကြောင့် မင်းတို့ပိုက်ဆံကိုယူဖို့အတွက် စင်ဆီလာဖို့ ကိုယ်စားလှယ်တစ်ယောက်ဆီလွှတ်လိုက်ပါ”

“ကောင်းပါပြီ!”

ရှိနေတဲ့လူတိုင်း အရမ်းစည်းစည်းလုံးလုံး ပြန်ဖြေလိုက်ကြသည်။

“အခု ရှောင်လင်းယွီ၊ လူတိုင်းကို စကားနည်းနည်းလောက်ပြောပေးပါဦး!”

ရွာသူကြီးက အသံချဲ့စက်ကို ရှောင်လင်းယွီရှေ့ ‌ထားပေးလိုက်သည်။

ရှောင်လင်းယွီက သူမဘေးမှာရပ်နေတဲ့ ကုန်းထျန်းဟောက်နဲ့အတူ စင်ပေါ်မှာထိုင်လိုက်သည်။

ရှောင်လင်းယွီက ရှိနေတဲ့ရွာသားတွေကိုကြည့်လိုက်ပြီး အရမ်းတည်တည်ငြိမ်ငြိမ်နဲ့

“ကျွန်မ အရင်အစည်းအဝေးတွေမှာ တောင်တွေအတွက် စာချုပ်တွေနဲ့ သဘောတူညီမှုတွေကို ဆွေးနွေး‌ပြီးပါပြီ။ အဲ့ဒီတော့ ကျွန်မ အဓိကအချက်တွေဆီပဲ ထပ်သွားလိုက်ပါ့မယ်။ ကျွန်မ တောင်တွေကို အနှစ်သုံးဆယ်ငှားပါမယ်။

ဒီနှစ်သုံးဆယ်အတွင်းမှာ တောင်ခြောက်လုံးက ကျွန်မအပိုင်ပါပဲ။

ရွာသားတွေက တိရစ္ဆာန်အစာတွေရှာဖို့ တောင်တွေကိုသွားလို့ရပါတယ်။ ဒါပေမယ့် စုဆောင်းရှာဖွေတာက တစ်ကိုယ်ရည်သုံးအတွက်ပဲ ဖြစ်ပါတယ်။ ကျွန်မ ရှာတွေ့လို့ရှိရင်

ဥပမာအနေနဲ့...

တစ်ယောက်ယောက်က အပြင်လူတွေကိုရောင်းဖို့ သစ်ခုတ်နေလို့ရှိရင် ပြင်းထန်တဲ့ဖိုင်းကြေးတွေနဲ့ ဒဏ်ခတ်တာတွေရှိပါမယ်။

ဒါပေါ့ ဒါတွေကို စာချုပ်မှာရေးပြီးသားပါ။ ပြီးတော့ အရင်အစည်းအဝေးတွေမှာလည်း အရေးတယူပြောပြီးပါပြီ။

အိမ်ထောင်စုကိုယ်စားလှယ်တွေ စာချုပ်မှာလက်မှတ်ထိုးပြီးရင် ငှားရမ်းခ ရပါလိမ့်မယ်။ ရှင်တို့ လက်မှတ်နဲ့ လက်ဗွေကို နှိပ်ပြီးတာနဲ့ ဒါက‌စာချုပ်နဲ့ အကြောင်းအရာတွေကို သဘောတူလိုက်ပြီလို့ ဆိုလိုတာပါပဲ”

အောက်ကတစ်ယောက်က ကျယ်လောင်စွာနဲ့ပြောလိုက်သည်။

“လင်းယွီ ငါတို့အားလုံးဒါကိုသိတယ်”

ရှောင်လင်းယွီကခေါင်းညိတ်လိုက်ပြီး

“ကောင်းပြီလေ ဒါဆိုရင် အခုငွေသားတွေစပေးကြတာပေါ့..”

***

All Chapters