← Chapters

ပြန်လည်ပေါင်းဆုံပွဲ

Vol. 20 Ch. 336

ပြန်လည်ပေါင်းဆုံပွဲ

Vol. 20 Ch. 336

တောင်စာချုပ်အခြေကျသွားပြီးတော့ မြေပဲနဲ့ ပဲပိစပ်တွေအတွက် ရိတ်သိမ်းချိန်ရောက်လာသည်။ ဒါပေမယ့်လည်း ရှောင်မိသားစုကို ပိုစိတ်လှုပ်ရှားစေတာက အဘိုးရှောင်၊ အဘွားရှောင်၊ ဦးလေးရှောင်နဲ့တခြားသူတွေ ထောင်ယွမ်ရွာကို ပြန်လာကြခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ဆယ်နှစ်လောက်တုန်းက‌ ရှောင်လင်းယွီရဲ့ ဦးလေးအကြီးဆုံး ရှောင်ကျင်းယန်က အပြင်ဘက်မှာ စီးပွာရေးလုပ်ဖို့ ရွာကထွက်သွားခဲ့သည်။ သူ့စီးပွားရေးအောင်မြင်လာပြီး သူ့မိသားစုလည်းကြီးပွားလာသည်။

ဘိုးဘိုးနဲ့ ဘွားဘွားရှောင်က သူနဲ့အတူနေဖို့ ပြောင်းသွားကြသည်။

သူတို့က Lunar နှစ်သစ်ကူးအတွက် နှစ်တိုင်းပြန်လာကြသည်။ ၎င်းက ဘိုးဘိုးနဲ့ ဘွားဘွားရှောင်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်သည်။ မိသားစုက နှစ်သစ်ကူးအတွက် ပြန်လည်စုပေါင်းရမည်။

ဒီနှစ်တော့ သူတို့ရဲ့အကြီးဆုံးမြေးလေး ရှောင်လင်းယဲ့က Imperial တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီး Zမြို့က သိပ္ပံမှာ ထိပ်တန်းအမှတ်ရသူဖြစ်ခဲ့သည်။ ဒါက ရှောင်မိသားစုအတွက် ရွှင်လန်းဖွယ်ကာလပဲဖြစ်သည်။ သူတို့ဘယ်လောက်ပဲအလုပ်များများ ဂုဏ်ပြုစားသောက်ပွဲအတွက် အပြေးပြန်လာကြသည်။

လူတွေအများကြီးပြန်လာတော့ မေမေရှောင်က ရှောင်လင်းယဲ့ရဲ့ အကြီးဆုံးဦးလေးနဲ့ ဒုတိယအကြီးဆုံးဦးလေးတို့ရဲ့အိမ်တွေကို ပြီးခဲ့တဲ့ရက်အနည်းငယ်က သန့်ရှင်းနေခဲ့သည်။ စောင်တွေကို လျှော်ပြီးလို့ လှန်းပြီးသွားပြီတောင်ဖြစ်သည်။

ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်က ဘိုးဘေးပိုင်အိမ်မှာပဲနေကြသည်။ လူကြီးတွေက အတိတ်ကို တသသဖြစ်နေကြသည်။ ၎င်းက အိမ်အိုကြီးတစ်ခုဖြစ်ပေမယ့်လည်း ရှောင်ကျန်းယန်နဲ့ သူ့ညီအစ်ကိုတွေက ပြန်ပြင်ထားတဲ့အတွက် ၎င်းက သစ်လွင်နေသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ ရှောင်ပေါင်းထိုရဲ့မြေး ယဲ့အာ၊ မင်းကောင်းကောင်းလုပ်ခဲ့တာပဲကွ!”

ရှောင်မိသားစုရဲ့ခြံဝင်းထဲတွင် အသက်ခုနစ်ဆယ်ထဲရောက်နေပြီဖြစ်တဲ့ အဘိုးကြီးက သူ့မြေးကို ချီးမွမ်းနေသည်။ အဘိုးက နည်းနည်းမျက်တွင်းကျနေတဲ့ပုံပေါ်ပေမယ့်လည်း သူ့အမူအယာကတော့ အားမာန်ပြည့်နေသည်။ သူခရီးရှည်ကြီးလာခဲ့ရတယ်လို့တောင် ဘယ်သူမှမသိနိုင်ချေ။

“ဒါရှင့်ရဲ့မြေးတင်မဟုတ်ဘူးလေ!”

သူ့ဘေးက ဖော်ရွေတဲ့ပုံနဲ့ အမျိုးသမီးကြီးက ပြုံးပြီးပြောလိုက်သည်။

“ရှောင်ယဲ့ မင်းကတကယ်တော်ပါတယ်။ ဒါပေမယ့် စိတ်ကြီးမဝင်လိုက်နဲ့ဦး။ မင်းဆက်ကြိုးစားဖို့လိုတယ်။ နားလည်ရဲ့လား?”

ရှောင်လင်းယဲ့က သူ့အဘိုးဘွားတွေ၊ သူ့ဦးလေးနဲ့ တခြားသူတွေကိုမြင်တော့ အရမ်းပျော်ရွှင်သွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး

“ဒါပေါ့ အဘွားရ!”

အကြီးဆုံးဦးလေး ရှောင်ကျင်းယန်ကလည်း သူ့ပခုံးကို ပျော်ပျော်ရွှင်ရွှင် ပုတ်လိုက်ပြီး

“ယဲ့အာ မင်းကငါတို့ကိုဂုဏ်ယူရအောင်လုပ်လိုက်တာပဲ။ ရှောင်မိသားစုက အနာဂတ်ကျရင် မင်းကိုမှီခိုရတော့မယ်!”

ရှောင်လင်းယဲ့က သူ့ခေါင်းနောက်ဘက်ကို ထိလိုက်ပြီး ရှက်ရှက်နဲ့

“ဦးလေး ဒီတာဝန်က အရမ်းများမနေဘူးလညး?”

ဦးလေးရှောင်ရဲ့ အမူအယာကပြောင်းသွားပြီး

“ဘာကများနေလို့လဲ? မင်းက ရှောင်မိသားစုရဲ့ အကြီးဆုံးမြေးပဲ။ ဒီတော့ ဒီတာဝန်ကို ခေါင်းခံရမှာပေါ့!”

သူဒါကိုပြောရင်း ဦးလေးရှောင်ရဲ့မျက်နှာထားက အနည်းငယ်မှောင်မိုက်သွားပြီး အနည်းငယ်စိုးရိမ်ပုံပေါ်နေသည်။ ၎င်းက ချက်ချင်းပျောက်ကွယ်သွားလိုက်ပေမယ့်လည်း ရှောင်လင်းယွီကတော့ သတိထားမိလိုက်သည်။

ရှောင်ကျန်းယန်က ပြုံးပြီးတော့

“အစ်ကိုကြီး မင်းပြန်လာပြီး ပထမဆုံးလုပ်တာက ယဲ့အာကိုခြောက်နေတာပဲ။ ရှောင်မိသားစုက လူတိုင်း ကောင်းမွန်ပါတယ်။ မိသားစုတိုးတက်အောင် ကျွန်တော်တို့အားလုံး လုပ်နေကြတာပဲ”

အဲ့ဒီအချိန်မှာ ရှောင်မင်ယန်းကပြုံးပြီး

“အစ်ကိုကြီး ယဲ့အာက ငါတို့ဂုဏ်ယူရအောင်လုပ်ပြီးပါပြီ”

“ငါတို့ထဲကတစ်ယောက်ယောက် Imperial တက္ကသိုလ်ကို ဝင်ခွင့်ရမယ်လို့များ မင်းတွေးဖူးလို့လား? ယဲ့အာမတိုင်ခင်တော့ ငါတို့‌ခရိုင်ထဲကတစ်ယောက် Imperial တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တာ ဆယ်စုနှစ်ကျော်ကျော်ကြာပြီလို့ ကြားဖူးတယ်။ Imperial တက္ကသိုလ်က တရုတ်မှာ နံပါတ်တစ်တက္ကသိုလ်ပဲ။ ဝင်ခွင့်ဖြေကြည့်တာ အနည်းဆုံးခုနစ်သန်းလောက်ရှိပေမယ့် ကျောင်း‌သား နှစ်ထောင်သုံးထောင်လောက်ကိုပဲ Imperial တက္ကသိုလ်ကလက်ခံတယ်။

ဒါ့ကြောင့် ယဲ့အာက ငါတို့ကို အရမ်းဂုဏ်ယူရအောင်လုပ်ပြီးနေပြီ!”

“စတုတ္ထအစ်ကိုပြောတာမှန်တယ်”

အကြီးဆုံးဒေါ်လေး ယန်လျိုကပြုံးပြီးတော့

“ယဲ့အာ မင်းစိတ်ထဲမှာ အရမ်းကြီးဝန်ပိမထားပါနဲ့။ မင်းဦးလေးကမင်းအတွက် အကောင်းဆုံးကိုပဲလိုချင်ပေမယ့် အရမ်းကြီးဖိအားတွေမထားနဲ့”

ရှောင်လင်းယဲ့က ခေါင်းညိတ်ပြီးတော့

“ဟုတ်ကဲ့ပါ အကြီးဆုံးဒေါ်လေး”

ရှောင်လင်းယွီ အနားပတ်လည်ကိုကြည့်လိုက်ပြီး နားမလည်တဲ့ပုံနဲ့

“အကြီးဆုံးဦးလေး ဒေါ်လေး။ ယွင်အာဘယ်မှာလဲ?”

ယွင်အာက ရှောင်ကျင်းယန်နဲ့ ယန်လျို တို့ရဲ့အကြီးဆုံးသမီး ရှောင်လင်းယွင်ဖြစ်သည်။ ရှောင်လင်းယွင်က ရှောင်လင်းယွီထက် တစ်နှစ်ငယ်သည်။

ရှောင်ကျင်းယန်နဲ့ ယန်လျိုက စောစောလက်ထပ်ထားပေမယ့်လည်း သူတို့လက်ထပ်ပြီး နှစ်များစွာကြာတဲ့တိုင် ကလေးမရှိကြပေ။ သူတို့ခန္ဓာကိုယ်တွေကို စစ်ဆေးကြည့်ခဲ့သည်။ ၎င်းက ယန်လျိုက ကိုယ်ဝန်လွယ်ဖို့ အခက်အခဲရှိနေတယ်လို့ ပြသခဲ့သည်။ ဒါပေမယ့်လည်း ရှောင်မိသားစုက ကြင်နာခဲ့ပြီး ယန်လျို အတွက် ခက်ခဲအောင်မလုပ်ခဲ့ပေ။ ဒါ့ပြင် ဘွားဘွားရှောင်က တရုတ်ဆရာဝန်ကြီးတစ်ယောက်ဆီပြဖို့ သူ့အကြီးဆုံးချွေးမကို ခေါ်သွားခဲ့သည်။

ဆရာဝန်က သူမခန္ဓာကိုယ်ကို ထိန်းညှိဖို့ ယန်လျိုအတွက် ဆေးတွေညွှန်ကြားပေးလိုက်သည်။ တစ်နှစ်ကြာပြီးတော့ ယန်လျိုက သူမရဲ့ပထမဆုံးကလေး ရှောင်လင်းယွင်ကို မွေးခဲ့သည်။ ဒီအချိန်အတွင်းမှာ ရှောင်ကျန်းယန်နဲ့ ချန်ချိုးယင်းတို့ လက်ထပ်လိုက်ကြသည်။ သူတို့က ချက်ချင်း ရှောင်လင်းယွီကို မွေးခဲ့ကြသည်။

ဒါကြောင့် ရှောင်ကျင်းယန်က ရှောင်ကျန်းယန်ထက် အရင်လက်ထပ်ထားသည့်တိုင် သူတို့အကြီးဆုံးကလေးက အသက်သိပ်မကွာရခြင်းဖြစ်သည်။

ယန်လျိုက ရှောင်လင်းယွင်ကိုရပြီး‌ ဒုတိယနှစ်မှာ နောက်ထပ်သမီးတစ်ယောက် ရှောင်လင်းလင်ကိုမွေးခဲ့သည်။ ဒါပေမယ့်လည်း ရှောင်လင်းလင်ခုနစ်လမှာ ရုတ်တရက်ကြီး အဖျားတက်ခဲ့သည်။

အဲ့ဒီအချိန်မှာ လမ်းခင်းထားတာမရှိသေးပေ။ သူတို့နွားလှည်းနဲ့ ရှင်းအန်းမြို့ကိုရောက်တော့ ကောင်မလေးရဲ့အဖျားက ၄၁ဒီဂရီကိုတောင် ရောက်နေပြီဖြစ်သည်။ ဒါပေမယ့်လည်း မြို့ဆေးရုံက ကလေးတစ်ယောက်ရဲ့ပြင်းထန်တဲ့အဖျားကိုကုသဖို့ အစွမ်းအစမရှိချေ။ သူတို့က ခရိုင်ဆေးရုံကိုပြောင်းဖို့ ပြောခဲ့ကြသည်။

ဒါပေမယ့်လည်း ၎င်းက ညလယ်ခေါင်ဖြစ်နေပြီး သူတို့မှာ ကားလည်းမရှိချေ။ နောက်ဆုံးမှာတော့ သူတို့ကိုကူညီမယ့် မြို့ဘတ်စ်တစ်စီးကို ရခဲ့ကြသည်။ သူက ရှင်းအန်းမြို့ကို မောင်းပို့ပေးခဲ့သည်။

ကံမကောင်းစွာပဲ သူတို့ဆေးရုံကိုရောက်တော့ အရမ်းနောက်ကျနေခဲ့ပြီဖြစ်သည်။ ရှောင်လင်းလင်က အဖျားပြင်းကြောင့် ဆုံးပါးသွားခဲ့ရသည်။

ဒါက အမြဲတမ်း ရှောင်မိသားစုအတွက် နာကျင်စရာအချိန်တစ်ခု ဖြစ်ခဲ့သည်။ အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက သုံးနှစ်တောင်မရှိသေးပေ။ ဒါပေမယ့်လည်း ရှောင်မိသားစုက ဒါကိုပြောတဲ့အချိန်တိုင်း သူတို့မျက်လုံးထဲမှာ ကြီးမားတဲ့ဝမ်းနည်းမှုတွေ ရှိနေခဲ့သည်။

ဒါပြီးတော့ ယန်လျိုမှာ နောက်ထပ်ကလေး ထပ်မရှိတော့ပေ။ ဒါကြောင့် ရှောင်လင်းယွင်က သူတို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သည်။

ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင် ထောင်ယွမ်ရွာကနေထွက်လာတဲ့ အဓိကအကြောင်းရင်းက သူတို့မြေး‌မ ရှောင်လင်းယွင်ကြောင့်ဖြစ်သည်။

ရှောင်လင်းယွင် အထက်တန်းကျောင်းကနေ ဘွဲ့ရပြီးတော့ သူမ သူနာပြုကျောင်းတစ်ကျောင်းကို သွားခဲ့သည်။

ရှောင်ကျင်းယန်နဲ့ သူ့မိန်းမက သူတို့သမီး ပညာသင်နေတဲ့မြို့ကို ပြောင်းသွားခဲ့သည်။ သူတို့က အသီးဆိုင်တစ်ခုဖွင့်ရင်း စောစောထပြီး နောက်ကျတဲ့ထိ အလုပ်လုပ်ကြသည်။ သူတို့သမီးကို ကြည့်ရှုရင်း အရမ်းအလုပ်များခဲ့ကြသည်။

ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်က သူတို့မြေးမအတွက် စိတ်မကောင်းဖြစ်ခဲ့ကြသည်။ ဒါကြောင့် သူတို့ အတူတူသွားပြီး သူတို့မြေးမကို ထိန်းဖို့ သူတို့အကြီးဆုံးသားကို ကူညီခဲ့ကြသည်။ ဒါ့ပြင် သူတို့ ဆိုင်မှာလည်း ကူညီခဲ့ကြသည်။

ရှောင်လင်းယွင် ဘွဲ့ရပြီးတော့ အလုပ်သင်သူနာပြုအနေနဲ့ နောက်ထပ်ခရိုင်ဆေးရုံတစ်ခုမှာ အခန့်ခံခဲ့ရသည်။ အလုပ်သင်ကာလပြီးတော့ သူမ တရားဝင်‌သူနာပြုတစ်ယောက်အနေနဲ့ အဲ့ဒီဆေးရုံမှာ နေခဲ့သည်။ သူမမှာ ပိုကောင်းတဲ့မြို့ကိုပြောင်းနိုင်တဲ့ အခြေအနေရှိခဲ့ပေမယ့် သူမ အလုပ်သင်ကာလအတွင်းမှာ ဆရာဝန်ငယ်ငယ်တစ်ယောက်ပိုးတာ ခံခဲ့ရသည်။

ရှောင်လင်းယွင် ပထမဆုံး ဆေးရုံကိုစဝင်တော့ သူမ ဆယ့်ရှစ်နှစ်သာရှိသေးသည်။ သူမ အရွယ်ကောင်းမှာရှိခဲ့သည်။ သူမကို လိုက်နေတဲ့ဆရာဝန်က ငယ်ရွယ်၊ ချောမောပြီး နှစ်လိုဖွယ်ကောင်းသည်။ သူက သူမထက် ခုနစ်နှစ်ပိုကြီးသည်။ ပြီးတော့ သူ့အဖေက ခရိုင်ဆေးရုံရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သည်။

ဒါပေမယ့်လည်း ရှောင်လင်းယွီကို တကယ်ဆွဲဆောင်လိုက်တဲ့အရာက အဲ့ဒီအမျိုးသားရဲ့ အကျင့်စာရိတ္တဖြစ်သည်။ သူက သူမကို အမြဲတမ်းရယ်မောအောင်လုပ်သည်။

ရှောင်လင်းယွင်က ရှောင်မိသားစုရဲ့ မျိုးရိုးဗီဇကောင်းကို ဆက်ခံလေသည်။ သူမ အသားအရေကဖြူဆွတ်ပြီး သူမကလှပသည်။ သူမ သူနာပြုကျောင်းမှာတုန်းက သူမအလှကြောင့် လူတွေက အထင်ကြီးခဲ့ကြသည်။

ဒါပေါ့ သူမကိုလိုက်နေကြတဲ့ လူများစွာရှိသည်။ သူတို့တော်တော်များများကလည်း ချမ်းသာပြီး ဩဇာရှိတဲ့မိသားစုတွေကလာကြသည်။

ဒါပေမယ့်လည်း သူမ မိဘတွေက စည်းကမ်းကြီးသည်။ သူမဆယ့်ရှစ်နှစ်မတိုင်ခင် ရည်းစားထားခွင့်မပြုပေ။ ဒါကြောင့် သူမမှာ ဘာအချစ်ဇာတ်လမ်းမှမရှိပေ။ သူမရဲ့ပထမဆုံးအချစ်ဇာတ်လမ်းက သူမဆယ့်ရှစ်နှစ်တုန်းက အမျိုးသားဖြစ်သည်။

“ဟုတ်သားပဲ ယွင်အာနဲ့ ဖေပင်းဘယ်မှာလဲ? ဘာလို့ နင်တို့နဲ့ လိုက်မလာတာလဲ?”

ချန်ချိုးယင်းက မေးလိုက်သည်။

ဒေါ်လေးလျိုရဲ့မျက်လုံးတွေက ခနလောက်မှောင်မိုက်သွားခဲ့သည်။ ဒါပေမယ့် မကြာခင်မှာပဲ သူမကပြုံးပြီးတော့၊

“ယွင်အာရဲ့ကလေးနှစ်ယောကက် ငယ်သေးတယ်လေ။ ဒါကြောင့် သူတို့ဒီလောက်အဝေးကြီး ခရီးမသွားနိုင်ဘူး”

ချန်ချိုးယင်းက မျက်မှောင်ကျုံ့လိုက်သည်။

“သူ့ကလေးတွေက ငါးနှစ်နဲ့‌ ခြောက်နှစ်လေ။ ဒါနွေရာသီအားလပ်ရက်ပဲ။ ဒါသူတို့အိမ်ပြန်လာဖို့ အသင့်တော်ဆုံးအချိန်ပဲလေ။

ပြီးတော့လည်း သူတို့တကယ် ကလေးတွေကို ခေါ်မလာရဲဘူးဆိုရင် ယွင်အာနဲ့ ဖေပင်း က ကလေးတွေကို ခနစောင့်ရှောက်ဖို့ သူတို့အဘွားကို ပြောလို့ရတာပဲ။ သူတို့ နင်တို့နဲ့ ပြန်လာလို့ရတယ်လေ”

ယန်လျိုက နှုတ်ခမ်းတွေကို ကွေးလိုက်သည်။ သူမအမူအယာက တည်ငြိမ်ပြီး အနည်းငယ်စိုးရိမ်ပုံပေါ်နေသည်။ သူမ ဘယ်လိုဖြေရမှန်းမသိချေ။

ချန်ချိုးယင်းက တစ်ခုခုမှားနေတာကို ချက်ချင်းသတိပြုမိလိုက်သည်။

“ဒါမဟုတ်သေးဘူး အစ်ကိုကြီး အစ်မကြီး၊ ယွင်အာတစ်ခုခုဖြစ်လို့လား?”

ချန်ချိုးယင်းက အရမ်းလေးလေးနက်နက်နဲ့ ပြတ်ပြတ်သားသားမေးလိုက်သည်။

“ဟုတ်တယ် ဦးလေးနဲ့အဒေါ်၊ ယွင်အာတစ်ခုခုဖြစ်လို့လား?”

ရှောင်လင်းယွီက ထပ်မေးလိုက်သည်။

၎င်းက ရှောင်လင်းယွီရဲ့ မှတ်ဉာဏ်ကို တစ်ခုခုအစပျိုးလိုက်သည်။ သူမအရင်ဘဝက ဒီအချိန်အတွင်းမှာ သူမ ဝမ်းကွဲရှောင်လင်းယွင်မှာ မကောင်းတာတစ်ခုခုဖြစ်ခဲ့သည်။

***

All Chapters