← Chapters

ရူးနှမ်းမှု

Vol. 20 Ch. 338

ရူးနှမ်းမှု

Vol. 20 Ch. 338

သူမအရင်ဘဝတုန်းက ရှောင်ထုန်ရဲ့သေဆုံးမှုပြီးတဲ့နောက်မှာ ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်တို့ အမြန်ပြန်လာခဲ့ကြသည်။ သူတို့ရှောင်လင်းယွီကို နှစ်သိမ့်နေတုန်း သူမ ဝမ်းကွဲညီမ ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်က သတ်သေသွားခဲ့သည်။ သူတို့က ပိုးသတ်ဆေးတွေသောက်ပြီးသေသွားခြင်းဖြစ်သည်။ သူတို့မြေးမနှစ်ယောက်ကပါ ဒုက္ခရောက်ခဲ့ရသည်။

ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်တို့က သူတို့ဒေါသတွေကို ကြံ့ကြံ့ခံပြီး ချန်မိသားစုကို အမြန်ပြန်သွားခဲ့သည်။ ဒါပေမယ့်လည်း ချမ်မိသားစုက ရှောင်မိသားစုကို အကြောင်းမကြားဘဲ သဂြိုလ်လိုက်တဲ့အတွက် ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်ကို သူတို့တွေ့ခွင့်တောင်မရလိုက်ပေ။

ဒါ‌ပေါ့ ရှောင်လင်းယွင်က သတ်သေသွားတယ်လို့ ရှောင်မိသားစုက မယုံပေ။ သူမက နှိပ်စက်မှုတွေကို လေးနှစ်လောက် ကြံ့ကြံ့ခံလာတာလေ။ သူမက ဘာလို့ ရုတ်တရက်ကြီး သတ်သေရမှာလဲ?

သူတို့က ချန်မိသားစုကို ရှင်းပြချက်တစ်ခုပေးစေချင်ကြသည်။

ရှောင်လင်းယွင်က ချန်မိသားစုကို သားတစ်ယောက်မွေးမပေးနိုင်တဲ့အတွက် အပြစ်ရှိတယ်လို့ခံစားနေရကြောင်း ချန်မိသားစုကပြောခဲ့သည်။

ဒါကြောင့် သူမသမီးနှစ်ယောက်ကိုခေါ်သွားပြီး သူမအမှားကိုပေးဆပ်ဖို့ ဒီလောကကြီးကို ထွက်ခွာသွားခဲ့တာတဲ့။

ဒါပေါ့ ရှောင်မိသားစုက ဒီလိုရယ်စရာ‌အကြောင်းပြချက်မျိုးကို မယုံကြည်ပေ။ သူတို့မှာ ရဲစခန်းကိုသွားပြီး ချန်မိသားစုက ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်ကို သတ်ခဲ့ကြောင်း တိုင်တန်းတာကလွဲရင် ရွေးချယ်စရာမရှိခဲ့ပေ။

ဒါပေမယ့်လည်း ရဲတွေက ရှောင်မိသားစုကို အသရေဖျက်မှုနဲ့ ဖမ်းလိုက်သည်။ သူတို့လဝက်လောက် အချုပ်ခံလိုက်ရသည်။

ရှောင်မိသားစုက အိမ်ပြန်ရောက်တော့ သူတို့မိသားစုတံခါးရှေ့မှာ ထားထားတဲ့ အရိုးပြာအိုးသုံးလုံးကို မြင်လိုက်ရသည်။ အရိုးပြာအိုးသုံးလုံးက ကွဲကြေနေပြီး ပြာတွေက နေရာအနှံ့ဖြစ်နေသည်။ ရှောင်မိသားစု ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည်။

ချန်မိသားစုက အရမ်းအကြင်နာကင်းပြီး လူမဆန်လိမ့်မယ်လို့ သူတို့ဘယ်တုန်းကမှ မတွေးမိကြပေ။ အမေနဲ့ သမီးတွေကို သတ်ပြီးတာတောင် သူတို့က ဒီလိုမျိုး ဆက်ဆံနေကြသေးသည်။ လေကတိုက်လာပြီး ပြာတွေက နေရာအနှံ့ အစိတ်စိတ်အမြွှာမြွှာလွင့်သွားသည်။

အိမ်နီးချင်း‌တွေက ကြောက်ရွံ့ပြီး နိမိတ်မကောင်းတာလို့ ခံစားမိခဲ့ကြသည်။ သူတို့က ရှောင်မိသားစုကို ချက်ချင်းပြောင်းပေးဖို့ တောင်းဆိုခဲ့ကြသည်။ အရင်က ရှောင်မိသားစုက အိမ်ငှားနေခဲ့ခြင်းဖြစ်တာကြောင့် မြေရှင်ကကြောက်ရွံ့ပြီး သူတို့ကို ချက်ချင်းပြောင်းခိုင်းခဲ့သည်။

ဒါ့ပြင် သူက ရှောင်မိသားစုကို လျော်ကြေးပေးဖို့လည်း တောင်းဆိုခဲ့သည်။

ပြာတွေက နောင်အနာဂတ်မှာ သူ့အိမ်ကို ငှားလို့မရ‌တော့ဘူးလို့ ဆိုလိုနေသည်။ ၎င်းက သူ့ကို ဆုံးရှုံးမှုကြီးဖြစ်စေသည်။

ရှောင်မိသားစုက အဖက်ဖက်မှ ထိုးနှက်ခြင်းကို ခံခဲ့ကြရလေသည်။

ဘာပဲဖြစ်ဖြစ် ရှောင်မိသားစုက အရိုးပြာအိုးသုံးလုံးဝယ်ခဲ့ပြီး သူတို့တတ်နိုင်သလောင် ပြာတွေပြန်စုထားခဲ့သည်။ သူတို့ ထောင်ယွမ်ရွာကို ပြန်ကြတော့မည်။

ဒါပေမယ့်လည်း ဘတ်စ်ဒရိုင်ဗာတွေအားလုံးက သူတို့ကို ယာဉ်ပေါ်ကို မတတ်ခိုင်းခဲ့ပေ။ ပြာတွေက နိမိတ်မကောင်းတာကို ဆိုလိုသည်။ ကုန်ကားမောင်းတဲ့သူတစ်ယောက်က သူတို့ကို လိုက်ပို့ပေးချင်ခဲ့သည်။ ပြီးတော့ မတန်တဆဈေးတောင်းခဲ့သည်။

ရှောင်မိသားစုမှာ ပေးဖို့ကလွဲရင် ရွေးချယ်စရာမရှိခဲ့ပေ။ မိသားစုတစ်ခုလုံး ထောင်ယွမ်ရွာကို ပြန်ပြောင်းခဲ့ကြသည်။

ရှောင်လင်းယွင်ရဲ့သေဆုံးမှုအပြီး တစ်လကြာတော့ ချန်ဖေပင်းက နောက်ထပ်အမျိုးသမီးအသစ်တစ်ယောက်ကို လက်ထပ်လိုက်ပြီလို့ ရှောင်မိသားစု ကြားခဲ့ရသည်။

ခန်လင်းမြို့မှာ ရှောင်မိသားစု ဘာမှမလုပ်နိုင်ပေ။ ‌ဒါပေမယ့် ထောင်ယွမ်ရွာကိုပြန်ရောက်တော့ ရှောင်မိသားစုတစ်ခုလုံးဆီကနေ အားပေးနှစ်သိမ့်မှုရခဲ့သည်။

ရှောင်မိသားစုက ဒီကိစ္စကို တရားရုံးကို တင်ခဲ့သည်။ ဒီအမှုအခင်းက နှစ်ဝက်ကျော်ကျော်ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာတော့ အမှန်တရားထွက်ပေါ်လာသည်။

ရှောင်မိသားစုက ချန်မိသားစုကို တရားစွဲလိုက်တော့ ၎င်းက သတင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ၎င်းက လူတော်တော်များများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။

ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ဇာတ်လမ်းကို သူတို့ကြားတော့ ချက်ချင်း ရှောင်မိသားစုကို အားပေးခဲ့ကြသည်။ လူထုက ရဲတွေကို ဖိအားပေးခဲ့သည်။ တချို့လူတွေက ရှောင်မိသားစုကိုကူညီဖို့ ရှေ့နေတွေခန့်ဖို့တောင် ကူညီခဲ့ကြသေးသည်။ အဆုံးမှာတော့ အမှန်တရားထွက်လာခဲ့သည်။

ရှောင်မိသားစုက ရှောင်ထုန်ရဲ့သေဆုံးမှုကြောင့် ထောင်ယွမ်ရွာကို ပြန်လာနေတုန်း ချန်မိသားစုက အစားအစာထဲမှာ ပိုးသတ်ဆေးတွေထည့်ဖို့ အခွင့်အရေးယူခဲ့ကြောင်း ထွက်လာခဲ့သည်။ သူမသမီးနှစ်ယောက်ကိုကာကွယ်ဖို့ ရှောင်လင်းယွင်က ချန်မိသားစုရဲ့ လူမဆန်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို တောင့်ခံခဲ့သည်။ ဒါပေမယ့် သူမ ထွက်မသွားချင်ခဲ့ပေ။

ရှောင်လင်းယွင်ကို ထွက်သွားအောင်ဖိအားပေးဖို့ ချန်မိသားစုက ရှောင်လင်းယွင်ကို ကျွန်တစ်ယောက်လို ဆက်ဆံခဲ့ပြီး စေခိုင်းခဲ့သည်။ သူ့သမီးနှစ်ယောက်ကလည်း အစေခံတွေနဲ့ အတူတူပဲဖြစ်သည်။ ရှောင်လင်းယွင်က အိမ်အလုပ်တွေအားလုံး လုပ်ရသည်။ သူတို့အလုပ်တွေလုပ်ပြီးတော့ အကျန်တွေကိုသာစားရသည်။ ဒါပေမယ့်လည်း အချိန်အများစုမှာ ချန်မိသားစုက သူတို့ကို အကြွင်းအကျန်တွေတောင် မကျွေးချင်ကြပေ။ သူတို့က အကျန်တွေကို ခွေးတွေဆီ ထည့်ပစ်သည်။

ဒါပေမယ့် ရှောင်လင်းယွင်က သူမသမီးနှစ်ယောက်ကို သေတဲ့အထိ အဆာမခံစေပေ။ သူတို့က အကျန်တွေကို ပစ်လိုက်မှတော့ သူမ နောက်ထပ်စားစရာချက်သည်။ ဘာထမင်းမှမရှိရင် သူမ ဆန်အိုးကို ထုရိုက်ပစ်သည်။ ဘာအစားအစာမှမရှိရင် သူမ ရေခဲသေတ္တာကို ထုရိုက်သည်။

နောက်ဆုံးမှာတော့ ချန်မိသားစုက အကျန်သုံးခုကို ချန်ထားခဲ့ကြသည်။

၎င်းက နှစ်များစွာ ဆက်ဖြစ်နေခဲ့သည်။ နောက်ဆုံးမှာ ချန်မိသားစု‌သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းရင်းက ‌ချန်ဖေပင်းနဲ့ ဌာနအကြီးအကဲတို့ရဲ့သမီးနဲ့အတူ ကိုယ်ဝန်ကိစ္စကို ဦးတည်သွားခဲ့လို့ဖြစ်သည်။ ၄င်းက ယောက်ျားလေးတစ်ယောက်ဖြစ်သည်။

ချန်မိသားစုက ဒီအကြောင်းကြားပြီးတော့ အရမ်းပျော်ရွှင်ခဲ့ကြသည်။ သူတို့ကသားလိုချင်ရင် သူမက တရားဝင်ခေါင်းစဉ်တစ်ခုလိုချင်ကြောင်း မိန်းကလေးကပြောခဲ့သည်။ မဟုတ်ရင် သူမကိုယ်ဝန်ဖျက်ချပစ်လိုက်မည်ပင်။

မိန်းကလေးက ချန်ဖေပင်း ကိုချစ်သည်။ သူက လက်ထပ်ထားတဲ့ယောက်ျားတစ်ယောက်ဖြစ်လည်း သူမဂရုမစိုက်ပေ။ ဒါပေမယ့် အခုသူမက ကိုယ်ဝန်ရှိနေတော့ သူမစိတ်ခံယူချက်က ပြောင်းသွားသည်။ သူမရဲ့ကလေးကို ဂုဏ်တစ်ခုတော့ပေးရမည်။

ချန်ဖေပင်းက လက်ထပ်ပြီးနေပြီ။ သူ့ရဲ့မယားငယ်အနေနဲ့ သူမကလေးမွေးလိုက်ရင် သူမမျက်နှာက ဘယ်လိုဖြစ်သွားမှာလဲ?

ပြီးတော့ ချန်ဖေပင်းမှာက သမီးနှစ်ယောက်လည်း ရှိနေသည်။ ခရိုင်ရဲ့တစ်ဦးတည်းသောကလေးမူဝါဒက သူမကို ညှာတာမှာမဟုတ်ပေ။

ချန်မိသားစုက ဒါကိုကြားတော့ စိုးရိမ်သွားခဲ့သည်။ ရှောင်လင်းယွင်က ကွာရှင်းချင်ခဲ့သည်။ဘယ်လိုပဲဖြစ်ဖြစ် သူမ ကလေးနှစ်ယောက်ကိုလည်း အတူခေါ်သွားချင်ခဲ့သည်။

သူမ ဘာလို့ဒီလိုလုပ်ရတာလဲ?

နောင်ကျရင် ချန်ဖေပင်းကို ပိုက်ဆံပိုတောင်းဖို့သူတို့ကို အသုံးချရန်ဖြစ်သည်။ ဒါ့ပြင် ကွာရှင်းပြီးရင်တောင် ကောင်မလေးတွေက ‌ချန်ဖေပင်းဟာတွေပဲဖြစ်နေလိမ့်ဦးမည်။ ၎င်းက အစိုးရမူဝါဒတွေကြောင့် ချန်မိသားစုရဲ့တကယ့်မြေးကို ထိခိုက်စေလိမ့်မည်။

ချန်ဖေပင်းရဲ့မိဘတွေက မြေးတစ်ယောက် မျှော်လင့်ခဲ့ပေမယ့် သူတို့မြေးမနှစ်ယောက်က လမ်းမှာပိတ်နေသည်။ သူတို့ရဲ့တည်ရှိမှုက သူတို့မြေးက အစိုးရရဲ့အထောက်အပံ့ကို မရနိုင်ဘူးလို့ ဆိုလိုနေခြင်းဖြစ်သည်။

ထည့်သွင်းစဉ်းစားမှုတွေအများကြီးပြီးတဲ့နောက်မှာ အကောင်းဆုံးဖြေရှင်းနည်းက ကလေးမလေးနှစ်ယောက်ကို သတ်ပစ်လိုက်ဖို့ဖြစ်သည်။ ကောင်မလေးနှစ်ယောက်ကို သတ်ရတာလွယ်ပေမယ့် ရှောင်လင်းယွင်ကိုသတ်ရတာတော့ လွယ်မှာမဟုတ်ချေ။ သူမသမီးတွေသေသွားတာနဲ့ ချန်မိသားစုနဲ့ ရင်ဆိုင်ဖို့ သူမကအသက်ကိုတောင် စွန့်စားလိမ့်မည်။

ဒါကြောင့် အရာအားလုံးကို အကောင်းမွန်ဆုံးအဆုံးသတ်ဖြစ်သွားတာ သေချာစေရန် သူတို့သုံးယောက်လုံးကို သတ်ပစ်ဖို့ ချန်မိသားစုက ဆုံးဖြတ်ခဲ့သည်။ ပြီးနောက်မှာ သူတို့က ၎င်းကို သတ်သေတာနဲ့တူအောင်လုပ်လိုက်ကြသည်။

ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်ရဲ့ကိစ္စ ဖော်ထုတ်ခံရပြီးတဲ့နောက်မှာ လူထုဒေါသက အထွတ်ထိပ်ကို ရောက်သွားသည်။ ချန်မိသားစုက ယဉ်ယဉ်လေးရူးနေတာပဲ။ သားတစ်ယောက်နဲ့ မြေးတစ်ယောက်အတွက် သူတို့ချွေးမနဲ့ မြေးမတွေကို တကယ်ကြီးသတ်ပစ်လိုက်သည်။

ချန်ဖေပင်း၊ ချန်ဖေပင်း ရဲ့မိဘတွေနဲ့ ချန်ဖေပင်း ရဲ့အစ်မတို့ အဖမ်းခံလိုက်ရသည်။ သူတို့ ဥပဒေကိုရင်ဆိုင်ရသည်။ ဒါဖြစ်တဲ့အချိန်မှာ ရှောင်လင်းယွီက ပူဆွေးမှုတွေနဲ့ ရီဝေဝေဖြစ်နေတုန်းရှိသေးသည်။ သူမဝမ်းကွဲညီမ ဘာဖြစ်သွားမှန်း သူမမသိခဲ့ချေ။

သူမ ၎င်းကိုသိလိုက်တဲ့အချိန်မှာ အမှုက ဖြေရှင်းပြီးသွားပြီဖြစ်သည်။ ထိုကိစ္စက သူမကို စိတ်ပျက်အားငယ်အောင်ပိုလုပ်မိစေမှာစိုးပြီး ရှောင်လင်းယွီကို ဘယ်သူမှဘာမှမပြောခဲ့ကြပေ။

တစ်ချိန်တည်းမှာပဲ ရှောင်လင်းယွီက ထောင်ယွမ်ရွာကနေထွက်လာပြီး Zမြို့ကို ပြန်လာခဲ့သည်။ ရှောင်ထုန်ရဲ့အရိပ်အယောင်တွေကိုရှောင်ဖို့ သူမအိမ်မပြန်ရဲပေ။

သူမရဲ့လုပ်ငန်းခွင်မှာ အမြင့်ကို အရမ်းထိုးတက်သွားသည်။ ဖြည်းဖြည်းချင်း ရှောင်လင်းယွင်နဲ့ပက်သက်တဲ့ကိစ္စတွေကိုလည်း သူမမေ့လျော့လာသည်။ သူမပြန်လည်မွေးဖွားမှုပြီးတော့ သူမက အိမ်ကို ကြောက်လန့်ပြီး မသက်မသာဖြစ်နေတဲ့စိတ်နဲ့ လယ်ဆီပြန်လာခဲ့သည်။

သူမကိုယ်ဝန်ရပြီးတော့ သူမရဲ့မိသားစုက သူမကို နိုင်ငံ့ရတနာလေးလိုဆက်ဆံပြီး ဘာကိုမှမစိုးရိမ်စေပေ။ ဒါ့ပြင် ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကိုလည်း မျက်စိရှင်ရှင်ထားရသည်။ ဒါပေမယ့် ဒါပေါ့ ဒါက တစ်ဖက်သတ်ယှဉ်ပွဲပဲလေ။ သူမရဲ့အကြီးဆုံးဦးလေးသာပြန်မလာခဲ့ဘူးဆိုရင် ရှောင်လင်းယွီက သူမဝမ်းကွဲညီမအကြောင်းကို လုံးဝမေ့နေလောက်မည်ဖြစ်သည်။

မတူတာကတော့ ဒီတစ်ကြိမ်မှာ သူတို့က ရှောင်ထုန်ရောက်ရှိလာခြင်းကြောင့် ပြန်လာတာမဟုတ်ဘဲ ယဲ့အာရဲ့ရလဒ်ကောင်းတွေကို ဂုဏ်ပြုပေးဖို့ ပြန်လာတာပဲဖြစ်သည်။

ရှောင်လင်းယွီက အရမ်းစိုးရိမ်နေသည်။ တစ်ချိန်တည်းမှာပဲ သူမအရမ်းလည်း မသိုးမသန့်ဖြစ်သွားပြီး နောင်တကြီးစွာရလိုက်သည်။ သူမပြန်မွေးဖွားလာကတည်းက သူမမိသားစုရဲ့ကံကြမ္မာကို ပြောင်းလဲခဲ့သည်။

သူမဝမ်းကွဲညီမရဲ့ကိစ္စကို ဘယ်လိုလုပ် စိတ်ထဲမှာသတိမမူမိလိုက်ရတာလဲ?

သူက ဒါကို ပိုစောစောမှတ်မိလိုက်ရင် သူမ ဝမ်းကွဲညီမကိုကယ်ပြီးနေလောက်ပြီ။ သူမအရင်ဘဝမှာ သူမဝမ်းကွဲညီမနဲ့ သူ့သမီးတွေ ဘယ်လိုအသတ်ခံခဲ့ရလဲဆိုတာကိုတွေးရင်း ရှောင်လင်းယွီရဲ့နှလုံးသားက တုန်လှုပ်လာသည်။

သူမက စိုးရိမ်စွာနဲ့

“အကြီးဆုံးဦးလေး၊ ကျွန်မတို့ အခုပဲ ခန်လင်းမြို့ကို ပြန်ဖို့လိုတယ်။ ဝမ်းကွဲညီမနဲ့ သူ့သမီးတွေက စိုးရိမ်ဖွယ်အန္တရာယ်ဖြစ်နေပြီ”

ရှောင်လင်းယွီရဲ့စကားကိုကြားတော့ လူတိုင်းရဲ့အမူအယာတွေ ပြောင်းလဲသွားသည်။

ဦးလေးရှောင်က ချက်ချင်းပင်

“ယွီအာ မင်းဘာကိုဆိုလိုတာလဲ? ယွင်အာက ဘာလို့အန္တရာယ်ရှိရမှာလဲ?”

ရှောင်လင်းယွီက

“ချန်မိသားစုက ရူးနေတာ။ သူတို့မြေးအကျိုးအတွက်နဲ့ ယွင်အာကို စွန့်လွှတ်ပစ်လိမ့်မယ်။ ပုံမှန်ဆိုရင်တော့ ဦးလေးတို့အဲ့ဒီမှာရှိနေလို့ သူတို့စနိုးစနောင့်ဖြစ်နေမှာ။ ဒါပေမယ့် အခုဦးလေးတို့က ခန်လင်းမြို့ကထွက်လာတော့ ချန်မိသားစုက ဒီအခွင့်အရေးကို ယူလိမ့်မယ်”

“ဒီအခွင့်အရေးကိုယူမယ်?”

ရှောင်ကျန်းယန်က မျက်မှောင်ကျုံ့ပြီး မယုံကြည်နိုင်စွာမေးလိုက်သည်။

“ယွီအာ ချန်မိသားစုက ယွင်အာနဲ့ သူ့သမီးတွေကို သတ်ပစ်လိမ့်မယ်လို့ ပြောချင်တာလား?”

ရှောင်လင်းယွီက အရမ်းစိုးရိမ်နေပြီး ကြောက်ကြောက်လန့်လန့်နဲ့

“သူတို့သတ်ပစ်မှာ သမီးတို့အခုဘာလုပ်သင့်လဲ? သမီးတို့ အခုပြေးသွားလည်း အချိန်မီ မလုပ်နိုင်လောက်ဘူး”

သယ်ယူပို့ဆောင်ရေးစနစ်က အခုတိုးတက်လာပြီဆိုရင်တောင် ထောင်ယွမ်ရွာကနေ ခန်လင်းမြို့ကိုရောက်ဖို့ အနည်းဆုံးတစ်ရက်တော့ အချိန်ယူရသည်။ ချန်မိသားစုက မြန်မြန်ဆန်ဆန်လှုပ်ရှားလိမ့်မည်။ ဒီဟာ ပိုစောစောပြီးသွားလေလေ သူတို့အတွက် ပိုအကျိုးရှိလေလေဖြစ်သည်။

လူသတ်မှုတွေပြီးရင် သူတို့က အသတ်ခံရသူတွေကို မီးသဂြိုလ်စက်မှာ သဂြိုလ်လိုက်လိမ့်မည်။

“ဒါပေမယ့် ဒါကလူသတ်တာလေ! ချန်မိသားစုက တကယ်ပဲဒါကို လုပ်ပါ့မလား?”

ရှောင်လင်းယဲ့က သူ့မျက်လုံးတွေကို မယုံကြည်နိုင်စွာနဲ့ ပြူးလိုက်သည်။

ရှောင်လင်းယွီက ကျယ်လောင်စွာနဲ့

“သူတို့က လူသတ်တာကို သတ်သေတာအနေနဲ့ ဖုံးကွယ်လိုက်ရင်ရော?”

“သတ်သေတာ?!”

ဒါကို လူတိုင်းကြားတော့ သူတို့မျက်နှာတွေ ဖြူဖပ်သွားပြီး ကြောက်ရွံ့ပုံပေါ်နေကြသည်။ အထူးသဖြင့် ရှောင်ကျင်းယန်နဲ့ သူ့မိန်းမဖြစ်သည်။ သူတို့က ချန်မိသားစုနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်လာခဲ့သည်။ ဒါကြောင့် ထိုလူများ၏ စိတ်ထားကို ကောင်းကောင်းကြီးသိသည်။

ရှောင်လင်းယွီရဲ့ခန့်မှန်းချက်က အမှန်ဖြစ်နိုင်သည်။ ရှောင်လင်းယွီပြောတာက ဖြစ်လာနိုင်သည်။

အ‌ဒေါ်ရှောင်က ချက်ချင်း စိုးရိမ်ပြီး ငိုလိုက်သည်။

“ကျွန်မတို့ ချက်ချင်းပြန်သွားရမယ်”

“ဟုတ်တယ်!”

အားလုံး သဘောတူလိုက်သည်။

လူသတ်မှုခန့်မှန်းချက်နဲ့ ဆက်စပ်ပြီးတော့ ရှောင်လင်းယွင်ကို အဲ့ဒီအရူးတွေနဲ့မိသားစုနဲ့ အတူတူထားခဲ့တာက အမြော်အမြင်မရှိမှန်း သူတို့သဘောပေါက်လိုက်ကြသည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီစိုးရိမ်တာက အခုသူတို့ပြေးသွားရင်တောင် ၎င်းက အရမ်းနောက်ကျနေလောက်ပြီ။

ခန်လင်းမြို့ကနေ ထောင်ယွမ်ရွာကို ပြောင်းဖို့ ဘိုးဘိုးရှောင်နဲ့ တခြားလူတွေအဖို့ တစ်နေကုန်ကြာသည်။

“ငါတို့ဘာလုပ်ကြမလဲ? ငါတို့အခုဘာလုပ်ကြမလဲ?”

အဲ့ဒီအချိန်မှာ သူတို့အထက်က ဆူညံသံတစ်ခုကိုကြားလိုက်ရလေသည်။ ပြီးနောက် တစ်ယောက်ယောက်အော်နေတာကို သူတို့ကြားလိုက်ကြသည်။

“အဲ့ဒါဘာကြီးလဲ?”

“လေယာဉ်တစ်စင်းလား? အဲ့ဒါလေယာဉ်နဲ့တူတယ် ငါတီဗီမှာမြင်ဖူးတယ်။ အဲ့ဒါလေယာဉ်အသေးပဲ”

“မဟုတ်ဘူး မင်းမှားနေပြီ။ အဲ့ဒါလေယာဉ်အသေးမဟုတ်ဘူး။ အဲ့ဒါကို ဟယ်လီကော်ပတာလို့ခေါ်တယ်”

ရှောင်လင်းယွီက အပေါ်ကိုကြည့်လိုက်ပြီး လေထဲမှာ ဟယ်‌လီကော်ပတာတစ်စင်းရစ်ဝဲနေတာကိုမြင်လိုက်သည်။ အစတော့ ရှောင်လင်းယွီက အနည်းငယ်နားမလည်နိုင်ဖြစ်သွားသည်။

“ဒီဟယ်လီကော်ပတာက ဘယ်ကရောက်လာတာလဲ?"

ပြီးနောက် သူမမျက်လုံးတွေ မယုံနိုင်စွာနဲ့ ပြူးထွက်လာသည်။

‘ဟယ်လီကော်ပတာတစ်စင်း? သူများလား?'

သူမတွေးတောနေတုန်းမှာပဲ ကုန်းထျန်းဟောက်က ရှောင်လင်းယွီတို့ ခြံထဲကိုဝင်လာသည်။ ရှောင်လင်းယွီရဲ့ ထင်မြင်ချက်ကိုကြားပြီးတော့ ရှောင်မိသားစုဝင်တွေက ဟော့ပေါ့အိုးထဲက ကြောင့်ကြနေတဲ့ပုရွက်ဆိတ်တွေလို စိုးရိမ်ကုန်သည်။

‌ဘိုးဘိုးရှောင်နဲ့ တခြားသူတွေက ရထားနဲ့ပြန်လာခဲ့သည်။ ရထားစီးတာက ခုနစ်နာရီကြာသည်။ ရထားနဲ့ပြန်သွားတာက နောက်ထပ်ခုနစ်နာရီကြာဦးမည်။ ပြီးတော့ ညဉ့်နက်ကြီးမှာ ဘာရထားမှမရှိချေ။ ကားနဲ့ဆို ဆယ်နာရီကျော်ကျော်ကိုကြာလိမ့်မည်။

ယန်လျိုက စိတ်ပူပြီး ရူးမတတ်ဖြစ်နေသည်။

ရှောင်လင်းယွီက ကုန်းထျန်းဟောက် ဝင်လာတာကိုမြင်တော့ သူမမျက်လုံးတွေ ဝင်းလက်သွားသည်။ ၎င်းက ကုန်းထျန်းဟောက်ရဲ့မျက်ခုံးတွေကို စူးစမ်းလိုစိတ်နဲ့ ပင့်သွားစေခဲ့သည်။

ရှောင်လင်းယွီက အရင်က သူ့ကိုမြင်ရတာနဲ့ပက်သက်ပြီးတော့ ဘယ်တုန်းကမှ အရမ်းစိတ်ပါဝင်စားမှုမရှိခဲ့ပေ။ ဒါပေမယ့်လည်း သူ့လက်အောက်ငယ်သားတွေအစီရင်ခံထားတဲ့ အခြေအနေကိုတွေးမိတော့ ကုန်းထျန်းဟောက်က သူမကိုစနောက်မယ့်အတွေးကို ရပ်တန့်လိုက်သည်။

ရှောင်လင်းယွီက စိုးရိမ်တကြီးမေးလိုက်သည်။

“ကုန်းထျန်းဟောက် ဒီဟယ်လီကော်ပတာက ရှင့်ဟာလား?”

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီးတော့

“ဟုတ်တယ် ကိုယ့်ဟာလေ”

ရှောင်လင်းယွီက ဒါကိုကြားတော့ သူမမျက်လုံးမှာ အသနားခံနေတဲ့အကြည့်နဲ့ သူ့အင်္ကျီလက်စကို ချက်ချင်းဆွဲလိုက်သည်။

သူမက

“ကုန်းထျန်းဟောက် ကျွန်မရှင့်ကို အကူအညီတစ်ခုလောက်တောင်းလို့ရမလား? ကျွန်မဝမ်းကွဲညီမကိုရှာဖို့ ခန်လင်းမြို့ကိုခေါ်သွားပေးလို့ရမလား? သူ့မိသားစုက အန္တရာယ်ကျ...”

ရှောင်လင်းယွီက ဆက်မပြောရဲပေ။

ကုန်းထျန်းဟောက်က သူမလက်ဖမိုးကို ပုတ်ပေးလိုက်ပြီး

“ယွီအာ မစိုးရိမ်ပါနဲ့။ ကိုယ်ကမင်းအတွက်ဆို ရာချီ ဒါမှမဟုတ် ထောင်ချီပြီး လုပ်ပေးချင်တာပါ။ကိုယ်မင်းကို အခုပဲ အဲ့ဒီကို ခေါ်သွားမယ်”

“ကျေးဇူးပါ!”

***

All Chapters