ဓားမြှောင်
Vol. 20 Ch. 341
ချန်မိသားစုက အရမ်းရက်စက်လိမ့်မယ်လို့ ရှောင်လင်းယွင် ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
သားတစ်ယောက်အကျိုးအတွက်နဲ့ သူတို့သုံးယောက်ကို သေအောင် အဆိပ်သောက်ဖို့ တကယ်ကြီးကြံစည်ခဲ့ကြသည်။
ကံကောင်းစွာနဲ့ပဲ ရှောင်လင်းယွင်က သတိဝီရိယရှိသည်။ မဟုတ်ရင် သူမက အစတည်းက ကြက်စွပ်ပြုတ်ကို သောက်ပြီးနေလောက်ပြီ။
ဒါပေမယ့် သူမကို ကြောက်လန့်စေအောင် ချန်မိသားစုက အဆိပ်ခတ်ထားတဲ့စွပ်ပြုတ်ကိုသောက်ဖို့ သူမမိသားစုကို တကယ်ဖိအားပေးနေခဲ့သည်။
မာမေ့ရှင်း ရဲ့အမူအယာက သိသိသာသာ အန္တရာယ်ပြုမယ့်ပုံပေါက်လာသည်။
သူမက
"ရှောင်လင်းယွင် ငါပြောမယ်။ နင်မသောက်ချင်လည်း ဒီကြက်စွပ်ပြုတ်ကို သောက်ရမယ်"
အဲ့ဒီအချိန်မှာ သူမက တိုက်ရိုက်ပဲထေ့ငေါ့ကာ
"နင်ကြက်စွပ်ပြုတ်ကိုသောက်ရင် နင့်သမီးနှစ်ယောက်ကို လွှတ်ပေးမယ်လို့ ငါနင့်ကို ကတိပေးတယ်။ ဒါနင်လိုချင်တာပဲမလား?"
ဒါက တကယ့်ကိုပဲ ရှောင်လင်းယွင်အလိုရှိတာဖြစ်သည်။ ဒါပေမယ့်လည်း ချန်မိသားစုမှာ အန္တရာယ်ပြုမယ့်အကြောင်းရင်း ရှိတာသေချာသည်။
ကြက်စွပ်ပြုတ်ကို ဆေးခပ်ကောင်း ခတ်ထားနိုင်သည်။ သူမ စွပ်ပြုတ်ကိုသောက်ပြီး သေသွားရင် သူမသမီးနှစ်ယောက်လည်း ချန်မိသားစုလက်ထဲ ရောက်သွားလိမ့်မည်။ ပြီးနောက်မှာ ရှောင်လင်းယွင်စိတ်ထဲ တစ်စုံတစ်ခုပေါ်လာသည်။
'ချန်ဖေပင်းရဲ့ရည်းစားက သားတစ်ယာက်နဲ့ကိုယ်ဝန်ရနေတာ။ သားရဲ့အနာဂတ်အတွက် ချန်မိသားစုက ငါ့သမီးနှစ်ယောက်ကို အသက်ရှင်ခွင့်ပြုမှာမဟုတ်ဘူး။ အဲ့ဒီတော့ သူတို့ပစ်မှတ်က ငါမဟုတ်ဘဲ ငါ့သမီးတွေပဲဖြစ်ရမယ်'
၎င်းကိုတွေးရင်း ရှောင်လင်းယွင်က အထိတ်တလန့်ဖြစ်သွားသည်။
သူမက သူမသမီးနှစ်ယောက်ကို ချက်ချင်းပဲ နောက်မှာကာလိုက်ပြီး သတိရှိနေတဲ့အမူအယာနဲ့
"မာမေ့ရှင်း ရှင့်အကြံကို ဂရုမစိုက်ခင် ကျွန်မသေပစ်မယ်"
မာမေ့ရှင်းရဲ့မျက်နှာထားက အေးစက်သွားပြီးတော့
"ရှောင်လင်းယွင် ငါနင့်ကိုလမ်းကောင်းကောင်းပေးခဲ့တယ်။ ဒါပေမယ့် နင်ကဒါကိုလက်မခံဘူးပေါ့။ ဒီလိုဆိုမှတော့ နင်ငါတို့ကို ထပ်အပြစ်တင်လို့မရတော့ဘူး။
ဒါကအကောင်းဆုံးပဲ။ နင်ငရဲကိုသွားရင် နင်တို့သုံးယောက်လုံး တစ်ယောက်နောက်တစ်ယောက်လိုက်လို့ရတယ်။ ဒါအရမ်း ဝမ်းနည်းစရာပဲ"
မာမေ့ရှင်းရဲ့စကားတွေကိုကြားပြီး ရှောင်လင်းယွင်ရဲ့မျက်နှာထားက ရုတ်တရက်ပြောင်းလဲသွားပြီတော့ ကြောက်ရွံ့ပြီး မသက်မသာဖြစ်တဲ့ပုံပေါ်နေသည်။ သူမက ကျယ်လောင်စွာနဲ့ အော်ဟစ်လိုက်ပြီး
"ရှင်လုပ်ရဲလား! ရှင် ကျွန်မတို့သုံးယောက်လုံးကို သတ်ပစ်ရင် ရှင့်အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
သူမက ထူးထူးခြားခြား သတိဝီရိယရှိနေပြီး သူမနောက်က သမီးတွေကို တင်းတင်းကျပ်ကျပ်ကာကွယ်ပေးထားသည်။ သူမမျက်လုံးတွေက ရုတ်တရက် တံခါးဆီရောက်သွားသည်။
သူမ ထွက်ပြေးရမည်။ ချန်မိသားစုကတကယ်ပဲ သားတစ်ယောက်ရှေ့ရေးအတွက် သူတို့သုံးယောက်ကို သတ်ပစ်မလားဆိုတာ သူမသိချင်မိသည်။ ၎င်းက အရမ်းတော့မဖြစ်နိုင်ပေ။ လူသတ်တာက ဥပဒေကိုဆန့်ကျင်သည်။ ၎င်းကို သေဒဏ်အထိ ချမှတ်လို့ရသည်။
သူတို့သုံးယောက်ကို တစ်ခါတည်းသတ်ပစ်လောက်တဲ့ထိ ချန်မိသားစုက မျက်နှာပြောင်တိုက်ပါ့မလား?
ဒါပေမယ့်လည်း လူတွေရဲ့စိတ်က ခန့်မှန်းရခက်သည်။ အရင်ကတော့ ချန်မိသားစုက ဘာပဲလုပ်လုပ် သူမအံ့ဩမနေခဲ့ပေ။
ရှောင်လင်းယွင်က သူမခေါင်းကိုငုံ့လိုက်ပြီး ညင်သာစွာနဲ့ သူမသမီးနှစ်ယောက်ကို
"ကလေးတို့ နားထောင်ကြ။ ခနနေရင် သမီးတို့ ပင်မတံခါးဆီပြေးသွားရမယ်။ တံခါးဖွင့်ပြီး ချက်ချင်းပြေးတော့။ နားလည်ရဲ့လား?"
ချန်လုလုက နားမလည်တဲ့ပုံနဲ့
"ဘာလို့လဲ မေမေ? သမီးနဲ့ ညီမလေးက မစားရသေးဘူးလေ။ သမီးတို့ဗိုက်ဆာတယ်"
ရှောင်လင်းယွင်ရဲ့မျက်လုံးတွေက စိတ်ဒုက္ခတွေနဲ့ ဖြတ်ပြေးသွားသည်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ သူမရဲ့ဦးစားပေးက သူတို့လုံခြုံမှုဖြစ်သည်။
"ကလေးတို့ အမေ့ကိုနားထောင်။ အမေတို့ ဒီနေရာကနေထွက်သွားပြီးရင် နောက်ကျ အမေတို့ ကြိုက်သလိုစားလို့ရတယ်။ ဟုတ်ပြီလား?"
ရှောင်လင်းယွင်က ချော့ပြောလိုက်သည်။
လုလု နဲ့ ရို့ရို့က သူတို့အမေဆိုလိုတာကို နားမလည်ပေ။ ဒါပေမယ့် သူတို့က အမြဲတမ်းလိမ္မာတဲ့ကလေးတွေဖြစ်ခဲ့ပြီး သူတို့အမေကို နားထောင်ကြသည်။
"ဟုတ်ကဲ့ပါ"
လုလုနဲ့ ရို့ရို့က ခေါင်းညိတ်လိုက်သည်။
ရှောင်လင်းယွင်က သူတို့ခေါင်းတွေကိုထိလိုက်ပြီး ပြုံးကာ၊ "အမေ့သမီးလေးတွေကအမြဲတမ်း အရမ်းဉာဏ်ကောင်းတာပဲ။ မှတ်ထားနော် အမေအော်တာနဲ့ သမီးတို့ အရှေ့တံခါးဆီအမြန်ဆုံးပြေးသွားကြ။ ဟုတ်ပြီနော်?"
ရှောင်လင်းယွင်နဲ့ သူ့သမီးတွေက အသံတိုးတိုးလေးနဲ့ပြောနေတဲ့အတွက် မာမေ့ရှင်း က သူတို့ကိုမကြားရပေ။ ဒါပေမယ့်လည်း မာမေ့ရှင်းက သူတို့အတွေးတွေကို ဖတ်လို့ရသည်။
သူမက ထေ့ငေါ့လိုက်ပြီး
"ရှောင်လင်းယွင် ထွတ်ပြေးဖို့ မစဉ်းစားနဲ့။ နင်ထွက်ပြေးတာကို တားဖို့ တံခါးတွေနဲ့ ပြတင်းပေါက်တွေကို လော့ချပြီးသား။ နင်လုံးဝထွက်ပြေးလို့မရဘူး"
ရှောင်လင်းယွင်က နှလုံးခုန်ရပ်မတတ်ဖြစ်သွားသည်။ သူမမျက်နှာက ဖြူဖပ်လာသည်။
သူမသမီးနှစ်ယောက်ရဲ့ပခုံးကို ကိုင်ထားတဲ့လက်တွေက မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာသည်။
သူတို့...သူတို့က တကယ်အကြင်နာမဲ့တာပဲ!
မာမေ့ရှင်းက ရက်ရက်စက်စက်ပဲ ဆက်ပြောလိုက်သည်။ "လာပြီးတော့ ကြက်စွပ်ပြုတ်ကိုသောက်ချေ"
ပြီးနောက် သူမအော်လိုက်သည်။
"နင်တို့တွေဘာလို့ အခန်းထဲမှာ ပုန်းနေတာလဲ? လာကူဦးလေ!"
သူမပြောပြီးသွားတာမဲ့ အခန်းတံခါးတွေက ပွင့်လာသည်။ ထွက်လာတဲ့လူတွေက ချန်တာ့ဝေ့၊ ချန်ဖေပင်းနဲ့ ချန်လီရန် တို့ဖြစ်သည်။ သူတို့အားလုံးက ရက်စက်မယ့်ပုံပေါ်နေသည်။
သူတို့ဝင်လာတာနဲ့ ရှောင်လင်းယွင်နဲ့ သူမသမီးနှစ်ယောက်က အလိုလိုနောက်ဆုတ်လိုက်ကြသည်။
မာမေ့ရှင်းက
"နင်တို့နှစ်ယောက် ဘာလို့အဲ့ဒီမှာ ရပ်နေသေးတာလဲ? မြန်မြန်လာပြီး ကောင်မနဲ့ သူ့ဟာမလေးတွေကို ကြက်စွပ်ပြုတ်တိုက်ကြလေ"
အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က ချန်ဖေပင်းကိုကြည့်လိုက်ပြီး ဒေါသတကြီးမေးလိုက်သည်။
"ချန်ဖေပင်း ရှင်တကယ် ကျွန်မတို့သုံးယောက်ကို သတ်ပစ်ချင်တာလား? လုလုနဲ့ ရို့ရို့က ရှင့်သမီးအရင်းတွေနော်။ ကျွန်မတို့ လင်မယားဖြစ်လာတာ ဒီလောက်ကြာနေပြီ။ ရှင်အရမ်းရက်စက်မှဖြစ်မှာလား?"
ချန်ဖေပင်းက သူ့သမီးနှစ်ယောက်ကိုကြည့်လိုက်ပြီး ရှောင်လင်းယွင်ကို ကြည့်လိုက်သည်။ သူမက မျက်တွင်းတွေချောင်နေသည်။ သူမက သူပထမဆုံး သူမကိုစမြင်တုန်းကလောက် မလှတော့ပေ။
ချန်ဖေပင်းက အနည်းငယ်တုံ့ဆိုင်းပြီးတော့ တွန့်ဆုတ်နေသည်။ ပြီးတော့လည်း သူအရင်က ရှောင်လင်းယွင်ကို ချစ်ခဲ့သည်။ တစ်ချိန်တုန်းက သူတို့မှာ ကြည်နူးစရာအချိန်တွေ ရှိခဲ့သည်။ ဒါကိုတွေးရင်း ချန်ဖေပင်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံပေါ်နေခဲ့သည်။
ဒါကိုမြင်ပြီး မာမေ့ရှင်း ကအရမ်းဒေါသထွက်သွားသည်။
သူမက ကျယ်လောင်စွာနဲ့ "သား နင်ဘာလို့တုံ့ဆိုင်းနေတာလဲ? သူတို့သုံးယောက် မပျောက်ကွယ်သွားဘူးဆိုရင် ချန်မိသားစုက နင့်လက်ထဲမှာ ကျဆုံးသွားလိမ့်မယ်။ နင်သူ့ကို တရားဝင်ခေါင်းစဉ်ပေးမှ ကောချူးချူးက နင့်သားကို မွေးပေးဖို့သဘောတူထားတာ။ မဟုတ်ရင် သူကလေးကို ဖျက်ချလိုက်လိမ့်မယ်"
ချန်ဖေပင်းက သူ့အမေကို လှည့်ကြည့်လိုက်ပြီး တစ်ခုခုပြောချင်နေသလိုမျိုး ပါးစပ်ဟလိုက်သည်။
မာမေ့ရှင်းက ရှောင်လင်းယွင်ကို ထိုးပြလိုက်ပြီး
"သား ဒီမိန်းမအိုကြီးကိုကြည့်ဦး! ဘယ်လိုလုပ်နင်နဲ့တန်မှာလဲ? သူကအရမ်းရုပ်ဆိုးနေပြီ။
ပြီးတော့ ကောင်မနှစ်ယောက်ကိုလည်းကြည့်ဦး။ သူတို့က မဲညစ်ပြီး အကျည်းတန်နေတာ။ သူတို့က ချန်မိသားစုကလို့တောင် မထင်ရဘူး။
သား နင်အခု စိတ်ပျော့နေလို့မရဘူး။ မှတ်ထား၊ နင်က ဆေးရုံက နင့်အဖေရဲ့ရာထူးကို ဆက်ခံရဦးမှာ။ နင်ဒါကိုမလုပ်ရင် နင့်အနာဂတ် နင့်သား နင့်အရာအားလုံးပျောက်သွားမှာ"
ကောချူးချူးက ခရိုင်ကျန်းမာရေးဌာနက သမီးဖြစ်သည်။
ကောချူးချူးနဲ့ ချန်ဖေပင်း လက်ထပ်ပြီးရင် ချန်တာ့ဝေ့က ဒါရိုက်တာအနေနဲ့ ရာထူးတိုးခံရမယ်လို့ ဒါရိုက်တာကောက ကတိပေးထားသည်။
ချန်ဖေပင်းက ကျန်းမာရေးဌာနဒါရိုက်တာအနေနဲ့ ကျန်းမာရေးဌာနကို ရွှေ့ပြောင်းခံရမည်။
ကောချူးချူးက သားတစ်ယောက်နဲ့ ကိုယ်ဝန်ရှိနေသည်။ ဒါက ချန်မိသားစုအတွက် ကောင်းတဲ့အရာဖြစ်သည်။
ဒါပေမယ့်လည်း အဲ့ဒါဖြစ်လာဖို့ဆို ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်က အရင်ဆုံး ပျောက်ကွယ်သွားမည်။ ပြီးတော့ ဒါက သူတို့သားကိုလည်း အစိုးရပေါ်လစီကနေတစ်ဆင့် အကျိုးရှိစေလိမ့်မည်။
ကောချူးချူးကတော့ သူမကိုယ်သူမ မိထွေးအဖြစ်ခံမှာ မဟုတ်ပေ။ သူ့အမေရဲ့စကားတွေကိုကြားတော့ အစကစိတ်ရှုပ်သွားတဲ့ ချန်ဖေပင်း က ချက်ချင်း ပြတ်သားပြီး အကြင်နာကင်းတဲ့ အမူအယာဖြစ်သွားသည်။
သူက ရှောင်လင်းယွင်ကိုကြည့်လိုက်ပြီး အေးစက်စွာနဲ့
"ရှောင်လင်းယွင် ငါ့ကိုအပြစ်မတင်ပါနဲ့။ မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် သမီးနှစ်ယောက်မွေးပေးခဲ့တဲ့ မင်းကိုမင်းပဲတင်လိုက်။
မင်းနဲ့ ကလေးမလေးနှစ်ယောက်ရဲ့ တည်ရှိမှုက ချန်မိသားစုရဲ့အနာဂတ်ကို လုံးဝပိတ်ဆို့ထားမှာ။ မင်းတို့က ချန်မိသားစု ထွန်းတောက်ဖို့အတွက် သေပေးရမယ်"
ရှောင်လင်းယွင်က အရမ်းကြံရာမရဖြစ်လာသည်။ သူမ ချန်ဖေပင်းကို မမှီခိုနိုင်တော့ပေ။
သူမက ချက်ချင်းအော်ပြောကာ
"ကလေးတို့ ပြေးတော့!"
ချန်လုလုနဲ့ ချန်ရို့ရို့က နားထောင်ကြသည်။ သူတို့က ပင်မတံခါးပေါက်တည့်တည့်ဆီပြေးသွားကြသည်။
မာမေ့ရှင်းကကြည့်လိုက်ပြီးတော့ ပျက်ရယ်ပြုကာ
"ကောင်မစုတ်လေးတွေ နင်တို့လွတ်မယ်ထင်နေတာလား?"
သို့နှင့် သူမနဲ့ ချန်လီရန်က ကလေးနောက်ကို အမြန်လိုက်သွားပြီးတော့ သူတို့ကို မြန်မြန်ဆန်ဆန်ဖမ်းယူလိုက်သည်။
"လုလု ရို့ရို့!"
ရှောင်လင်းယွင်က သူမသမီးနှစ်ယောက် အဖမ်းခံလိုက်ရတာကိုမြင်ပြီး သူမမျက်လုံးထဲမှာ စိတ်ပျက်မှုတွေနဲ့ အော်လိုက်သည်။
ဒီလိုနဲ့ သူမက ချန်တာ့ဝေ့ နဲ့ ချန်ဖေပင်း ဝို့လက်ထဲနေ ထွက်ပြေးပြီး မာမေ့ရှင်း နဲ့ ချန်လီရန်တို့ဆီသွားကာ သူတို့လက်ထဲက ကလေးတွေကို လုယူဖို့ ကြိုးစားခဲ့သည်။ ဒါပေမယ့်လည်း သူမက ခြေနှစ်လှမ်းလောက်ပဲ ရုန်းလာနိုင်ခဲ့ပြီး ချန်ဖေပင်း က သူမကိုထပ်ဆွဲထားလိုက်သည်။
ချန်ဖေပင်းက လူငယ်လေးတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတစ်ယောက်ထပ်တော့ ပိုအင်အားကြီးနေဆဲပင်။ ရှောင်လင်းယွင်ကို တစ်ခါလွှတ်လိုက်ပြီးတော့ သူတူညီတဲ့အမှားတစ်ခုကို ထပ်မလုပ်တော့ပေ။
ရှောင်လင်းယွင်က ရုန်းကန်နေခဲ့သည်။ ရှောင်လင်းယွင်ရဲ့မျက်နှာက စိတ်ပျက်မှုတွေနဲ့ ပြည့်နေခဲ့ပေမယ့် သူမကပိုပြီး ဒေါသထွက်နေခဲ့သည်။ သူမ ကျယ်လောင်စွာပဲ ဆဲဆိုလိုက်သည်။
"မကောင်းဆိုးဝါးလူအုပ်စု၊ ငါတို့သေသွားရင်တောင် တစ္ဆေအနေနဲ့ပြန်လာပြီး လက်စားချေမှာ"
မာမေ့ရှင်းက လုံးဝဂရုမစိုက်ပေ။ အဲ့ဒီအစား သူမက ထေ့ငေါ့ပြီးတော့ ပျက်ရယ်ပြုကာ
"ရှောင်လင်းယွင် နင်အသက်ရှင်နေတုန်းက ငါ့ကျွန်ပဲလေ။ နင်သေသွားရင်လည်း ငါ့ကိုအလုပ်အကျွေးပြုဖို့ ပြန်လာမှာပဲ"
ပြီးနောက် သူမက ဇွန်းအပြည့်ကြက်စွပ်ပြုတ်ကိုယူလိုက်ပြီး လုလုရဲ့ပါးစပ်ထဲကို လောင်းထည့်လိုက်သည်။
"မဟုတ်ဘူး!"
ရှောင်လင်းယွင်က ကယောင်ချောက်ခြားနဲ့အော်လိုက်သည်။
စွပ်ပြုတ်ကို လုလုရဲ့ပါးစပ်ခဲအထည့်ခံလိုက်ရတော့ သူမရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရသည်။ ပြီးနောက် သူမ ဇွန်းက မြေကြီးပေါ်ကို ပြုတ်ကျသွားတဲ့အသံကိုကြားလိုက်ရသည်။
အဲ့ဒီအချိန်မှာ ချန်မိသားစုဝင်အားလုံးက သတ်လက်လွတ်ကြောက်ရွံ့သွားခဲ့ကြသည်။
ရှောင်လင်းယွင်လည်း အံ့အားသင့်သွားခဲ့သည်။
"အား!"
မာမေ့ရှင်းက ရုတ်တရက် အဖြတ်ခံလိုက်ရတဲ့ သူမလက်ကို အုပ်ထားလိုက်ပြီး နာကျင်စွာနဲ့ အော်ဟစ်လိုက်သည်။
"အား ငါ့လက်၊ ငါ့လက်!"
သွေးတွေက အဖြတ်ခံလိုက်ရတဲ့လက်ကောက်ဝတ်ကနေ တစိမ့်စိမ့်ကျလာသည်။ ကြမ်းပြင်ပေါ်က ကျိုးနေတဲ့လက်ရဲ့ဘေးမှာ အေးစက်ပြီး မည်းမှောင်နေတဲ့အလင်းနဲ့ ဓားမြှောင်တစ်ခုရှိနေသည်။
ဒီပြောင်းလဲမှုကြောင့် လူတိုင်း ကြောက်ရွံ့သွားကြသည်။ ဓားမြှောင်တစ်ခု ဘာလို့ရုတ်တရက် ပျံဝင်လာမှန်း သူတို့ဘယ်သူမှမသိချေ။ ၎င်းက မာမေ့ရှင်း ရဲ့လက်ကောက်ဝတ်ကို ဖြတ်ပစ်ခဲ့သည်။
ချန်တာ့ဝေ့က ခနလောက်တုံ့ဆိုင်းနေပြီး အရင်ဆုံးတုံ့ပြန်လိုက်သည်။ သူက ရုတ်တရက် ကြောက်ကြောက်လန့်လန့်နဲ့ အနားကိုကြည့်လိုက်ပြီး စိုးရိမ်တကြီးနဲ့
"ဘယ်သူလဲ? ဘယ်ကောင်လဲ?"
မတော်တဆအားလုံးကိုကာကွယ်ဖို့ သူတို့ တံခါးတွေနဲ့ ပြတင်းပေါက်တွေအားလုံးကို ပိတ်ထားခဲ့ပြီးဖြစ်သည်။
ဒါဆိုရင် ဓားမြှောင်ကဘယ်ကလာတာလဲ?
သရဲရှိနေတာလား?
"ငါ့လက်! သား အမေ့ကို မြန်မြန်ဆေးရုံခေါ်သွား!"
မာမေ့ရှင်းက ကြောက်လန့်ပြီး နာကျင်စွာနဲ့ အော်လိုက်သည်။
"အား ဒါအရမ်းနာတယ်။ ဒါငါ့ကိုသတ်နေတာပဲ။ ငါ့ကိုမြန်မြန်ဆေးရုံပို့ပေးပါ!"
အဲ့ဒီအချိန်မှာ သူမက သူမရဲ့ကိုယ်ပိုင်ဘေးကင်းရေးကိုပဲ ဂရုစိုက်တော့သည်။
ချန်ဖေပင်းက သွေးနီနီတွေစီးကျလာတာကိုမြင်လိုက်ပြီး အရမ်းကြောက်သွားကာ နောက်ကိုနည်းနည်းပြန်ဆုတ်လိုက်သည်။ သူ့မျက်နှာက ဖြူဖပ်သွားသည်! သူ့စိတ်တွေ ဗလာနတ္ထိဖြစ်သွားသည်။
သူ့အမေကို ရှေးဦးသူနာပြုပေးရအောင်တောင် သူမလှုပ်ရှားခဲ့ပေ။
"ဟားဟား"
အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က ရုတ်တရက်အကျယ်ကြီး ထရယ်လိုက်သည်။
"ဟားဟား မာမေ့ရှင်း။ ဒါကံကြမ္မာပဲ။ ရှင်က မကောင်းတာတွေအများကြီးလုပ်ခဲ့တော့ ကောင်းကင်ဘုံကတောင် မရပ်တည်ပေးနိုင်တော့ဘူး။ ဓားမြှောင်တစ်ချောင်ကျလာပြီး ရှင့်လက်ကိုဖြတ်သွားတယ်"
အမှောင်ထဲကလူက ရှောင်လင်းယွင်ရဲ့စကားတွေကိုကြားပြီးတော့ ပါးစပ်အစွန်းဖျားတွေ ကွေးတက်သွားသည်။
ဓားမြှောင်ကိုပစ်လိုက်တာက သူဖြစ်သည်။ ကောင်းကင်ဘုံက တစ်စုံတစ်ယောက် မဟုတ်ပေ။
ဒါပေမယ့်လည်း အဲ့ဒီလူရဲ့မှောင်မိုက်နေတဲ့မျက်နှာက ရှောင်လင်းယွင်ကို ဒီလိုမျိုးမြင်လိုက်တော့ ကရုဏာအရိပ်အယောင်တွေပေါ်လာသည်။
ကောင်မလေးက ချန်ဖေပင်းနဲ့ သူ့မိသားစုလိုမျိုး စက်ဆုပ်ဖို့ကောင်းတဲ့လူတွေကိုတွေ့ဖို့ အများကြီးဝေဒနာခံစားခဲ့ရသည်။
ဒီတစ်ကြိမ်တော့ ရှောင်လင်းယွင်က ယောက်ျားနှစ်ယောက်ရဲ့လက်ကနေ ဘာအားစိုက်ထုတ်မှုမှမပါဘဲ လွတ်သွားသည်။ သူမကရယ်မောလိုက်ပြီး မျက်လုံးထဲမှာ မျက်ရည်တွေနဲ့အတူ
"မာမေ့ရှင်း ဒီလက်မရှိဘဲ။ ရှင်နောင်ကျရင် မသန်မစွမ်းကြီး ဖြစ်နေတော့မှာ။ ရှင့်ယောက်ျား ချန်တာ့ဝေ့က ရှင့်ကို စက်ဆုပ်သွားလိမ့်မယ်။ ပြီးရင် သူမယားငယ်တစ်ယောက်ရှာပြီး နောက်ထပ်သားတစ်ယောက်ယူလိမ့်မယ်။ ရှင်ကတော့ အစားမောင်းထုတ်ခံလိုက်ရလိမ့်မယ်!"
အဲ့ဒီလူရဲ့ပါးစပ်အစွန်းဖျားတွေကွေးတက်သွားပြန်သည်။
'ထွက်ပြေးရမယ့်အစား သူမက လက်စားပြန်ချေဖို့ နေနေတာလား?'
"တကယ်တော့ ကျွန်မမှားသွားတာ။ မွန်မြတ်ပြီး ဩဇာရှိတဲ့ ချန်တာ့ဝေ့မှာ မယားငယ်တစ်ယောက်နဲ့ သားတစ်ယောက် ရှိနေပြီးသားလေ။ သားက ဆယ်နှစ်တောင်ရောက်နေပြီ။ သူက ချန်တာ့ဝေ့ နဲ့အရမ်းတူတယ်"
ရှောင်လင်းယွင်က ဆက်ပြီးတော့ ပျက်ရယ်ပြုကာ
"ရှင်က ချန်မိသားစုအတွက် အရမ်းစိုးရိမ်နေတုန်း ရှင့်ရဲ့စံပြယောက်ျားက ရှင့်ကိုအိမ်ကနေမောင်းထုတ်ဖို့ သူ့မယားငယ်နဲ့အတူတူ ကြံနေတာ။
ဒါပေမယ့် ဒါက ရှင့်လိုစုန်းမမျိုးအတွက် ကိစ္စကြီးမဟုတ်ပါဘူးလေ။ ရှင့်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ ကလေးနှစ်ယောက်ရှိပြီးသားပဲ။ ရှင်သူတို့နဲ့ နေလို့ရသေးတာပဲ"
"အဓိပ္ပာယ်မရှိတာ!"
မာမေ့ရှင်းရဲ့ဒဏ်ရာက သွေးတွေဆက်ထွက်နေတုန်းဖြစ်ပေမယ့် စကားလုံးတွေက သူမအဖို့ ပိုနာကျင်နေသည်။ သူမ ရှောင်လင်းယွင်ကို မယုံကြည်ချင်ပေ။
ဒါပေမယ့်လည်း သူမ လက်ကိုဆုံးရှူံးသွားကတည်းက ချန်တာ့ဝေ့ က သူမကို ဥပေက္ခာပြုပြီး ကြည့်နေတာကို သတိပြုမိလိုက်သည်။
"ရှင့်ရဲ့ယောက်ျားကောင်းကြီးကိုမေးကြည့်လေ။ ပြီးရင် ကျွန်မက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာဟုတ်မဟုတ်ဆိုတာကို ရှင်သိသွားမှာပေါ့"
ရှောင်လင်းယွင်က ပြောလိုက်သည်။
"ကောင်မ ငါနင့်ကို သေတဲ့အထိလုပ်ပစ်မယ်!"
မာမေ့ရှင်းက သူမရဲ့ပြတ်သွားတဲ့လက်ကောက်ဝတ်က နာကျင်မှုကို လျစ်လျူရှုလိုက်ပြီး ရှောင်လင်းယွင်ကို တဟုန်ထိုး ဝင်တိုက်လိုက်သည်။
အဲ့ဒီအချိန်မှာ ချန်ဖေပင်းက နောက်ဆုံးမှာ အသိပြန်ဝင်လာခဲ့သည်။
သူက ချက်ချင်းပဲ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ လက်ပြတ်ကိုကောက်လိုက်ပြီး
"အမေ သွားမယ်။ သားအမေ့ကို ဆေးရုံလိုက်ပို့ပေးမယ်"
ချန်တာ့ဝေ့နဲ့ ချန်လီရန်တို့လည်း တုံ့ပြန်လိုက်ကြသည်။
လောလောဆယ် အရေးအကြီးဆုံးအရာက မာမေ့ရှင်းရဲ့လက်ကိုကယ်ဖို့ဖြစ်သည်။
ဒါပေမယ့်လည်း ချန်လီရန်က အေးအေးဆေးဆေးနဲ့
"ချန်ဖေပင်း၊ ဒီကောင်မသုံးယောက်ကို အရင်ကိုင်တွယ်လိုက်
ဒါက သူတို့ကိုသတ်ဖို့ တစ်ခုတည်းသောအခွင့်အရေးပဲ"
ချန်ဖေပင်းက အံ့ဩသွားသည်။
"အစ်မ?"
***