← Chapters

ရှောင်လင်းယွင်

Vol. 20 Ch. 337

ရှောင်လင်းယွင်

Vol. 20 Ch. 337

ချန်ချိုးယင်းနဲ့သူ့သမီးက ဒီမေးခွန်းတွေမေးတော့ ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်တောင် တိတ်ဆိတ်ပြီး စိုးရိမ်ကုန်သည်။

ဒါက ရှောင်ကျန်းယန်နဲ့ တခြားသူတွေကို ပိုလို့တောင် စိုးရိမ်စေခဲ့သည်။ ရှောင်ကျန်းယန်က စိုးရိမ်စွာနဲ့

“အဖေ အမေ၊ ယွင်အာဘာဖြစ်လို့လဲ?”

ရှောင်ကျင်းယန်နဲ့ သူ့မိန်းမက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ဒီအချိန်မှာ ဘာပြောရမှန်း မသိကျချေ။ ပြီးတော့ သူတို့ရဲ့ ဒုတိယညီက ပျော်ပွဲရွှင်ပွဲတစ်ခု လုပ်နေတာလေ။ သူတို့ ဒီအချိန်အခါကို မဖျက်ဆီးလိုက်ချင်ပေ။ ယွင်အာရဲ့ကိစ္စက လူတိုင်းရဲ့ခံစားချက်အပေါ်ကို သက်ရောက်စေလိမ့်မည်။

သူတို့ ထောင်ယွမ်ရွာကိုပြန်မလာခင် ယဲ့အာရဲ့ ဂုဏ်ပြုပွဲပြီးမှ ယွင်အာရဲ့ကိစ္စကို ပြောမယ်လို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒါပေမယ့်လည်း ဒုတိယညီလေးရဲ့မိသားစုက အရမ်းအမြင်စူးရှမယ်လို့ သူတို့မထင်ထားခဲ့ကြပေ။ သူတို့ဘာမှမပြောရသေးပေမယ့် သူတို့တွေက ပြဿနာကို ရိပ်စားမိနေပြီ။

ရှောင်ကျင်းယန် တုံ့ဆိုင်းနေတုန်းမှာပဲ ဘိုးဘိုးရှောင်က ရုတ်တရက် လေးနက်တဲ့မျက်နှာထားနဲ့

“ယွင်အာက ကွာရှင်းတော့မယ်!”

“ကွာရှင်းမယ်?”

ရှောင်ကျန်းယန်နဲ့ တခြားသူတွေ ရှော့ခ်ရသွားသည်။

“ဒါပေမယ့် အဖေ ဘာလို့လဲ? ယွင်အာမှာ ကလေးနှစ်ယောက်ရှိတယ်လေ”

ဘွားဘွားရှောင်က ဒေါသတကြီးနဲ့

“အဲ့ဒါကြောင့်ပဲလေ! ချန်မိသားစုက ဟာသပဲ။ ယွင်အာမှာ သမီးနှစ်ယောက်ရှိနေတော့ သူတို့က ကွာရှင်းဖို့ ဖိအားပေးကြတယ်။ ပြီးတော့ သူတို့က သူ့ကို ဘာမှမယူဘဲ ထွက်သွားစေချင်တာ!”

ရှောင်ကျန်းယန်က ချက်ချင်း ဝင်ထောက်လိုက်သည်။

“ကလေးနှစ်ယောက်အတွက်ကရော? သူတို့ကို ယွင်အာနဲ့ထားမှာလား?”

ဘွားဘွားရှောင်ပြောသလိုအရ ချန်မိသားစုက သမီးတွေထက် သားတွေကို ပိုတန်ဖိုးထားသည်။ ဒါကြောင့် လုပ်ထုံးလုပ်နည်းအရ သူတို့က ရှောင်လင်းယွင်ကို သမီးတွေကို ပြန်ခေါ်သွားစေချင်လိမ့်မည်။ ပြီးတော့ ချန်ဖေပင်းကလည်း သမီးနှစ်ယောက်နဲ့ဆို ပြန်လက်ထပ်တာမှာ ဒုက္ခရောက်လိမ့်မည်။

“မဟုတ်ဘူး!”

ယန်လျိုက ရုတ်တရက် ငိုလိုက်သည်။

“သူတို့က သူ့သမီးတွေကို ယွင်အာကိုခေါ်သွားခွင့်မပြုဘူး!”

“ဒါပေမယ့် ဘာလို့လဲ?”

မေမေရှောင်က နားမလည်တဲ့ပုံနဲ့ မေးလိုက်သည်။

“သူတို့မိသားစုက သမီးမိန်းကလေးတွေကြောင့် သူ့ကို မကြိုက်တာမဟုတ်ဘူးလား? ဒါဆို ဘာလို့ သူတို့က ကလေးတွေကို ခေါ်ထားမှာလဲ?”

ရှောင်လင်းယွင်က ကွာရှင်းပြီးရင် သူမသမီးတွေနဲ့ ထွက်လာရလိမ့်မည်။ သူတို့ကို အထင်အမြင်သေးတဲ့ ချန်မိသားစုနဲ့ သူတို့ကို မထားခဲ့ပေ။

ရှောင်ကျန်းယန်က ညိုမည်းနေတဲ့မျက်နှာနဲ့

“အစ်ကိုကြီး ချန်မိသားစုက ဘာကိုလိုချင်တာလဲ?”

ရှောင်ကျင်းယန်က

“သူတို့က ကလေးနှစ်ယောက်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို လိုချင်တာ။ ဒါမှ သူတို့ကို အဝေးပို့ပစ်လို့ရမှာ။ ယွင်အာက ကလေးတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို ရသွားတာနဲ့ သူတို့သားကို အတောမသတ်ဘဲအပူကပ်နေမှာ စိုးရိမ်နေတာ။ ဒါက သူတို့သားရဲ့အနာဂတ်ကို ထိခိုက်စေလိမ့်မယ်လေ။ ဒါကြောင့် သူတို့ နောက်ပိုင်းဒုက္ခအားလုံးကို ဖြတ်ပစ်ဖို့ ကြိုးစားနေတာ”

“ဘာရယ်?”

ရှောင်ကျင်းယန်ရဲ့ စကားကိုကြားပြီး ရှောင်ကျန်းယန်နဲ့ တခြားသူတွေရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားသည်။

“သူတို့ဘယ်လိုလုပ် အရမ်းအကြင်နာကင်းရတာလဲ?”

ဘိုးဘိုးရှောင်နဲ့ တခြားသူတွေ တိတ်ဆိတ်နေခဲ့သည်။

ရှောင်လင်းယွီက အဲ့ဒီအချိန်မှာ မေးလိုက်သည်။

“ချန်ဖေပင်းကရော? သူ့သဘောထားက ဘယ်လိုလဲ?”

ချန်ဖေပင်းလို့ပြောလိုက်တာနဲ့ ဘိုးဘိုးရှောင်နဲ့ တခြားသူတွေရဲ့ မျက်နှာထားတွေက ပိုပြီးအကျည်းတန်လာသည်။

“သူ့မှာဘာသဘောထားရှိနိုင်မှာလဲ? အဲ့ဒီခွေးကောင်! သူယွင်အာနဲ့ရှိတုန်းက သူ့တစ်ဘဝလုံး ကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ်လို့ ကတိပေးခဲ့တာ။ ဒါပေမယ့် ယွင်အာ သမီးနှစ်ယောက်မွေးပြီးတော့ သူ့ကို ကျွန်တစ်ယောက်ထက်တောင် ပိုဆိုးဆိုးရွားရွားဆက်ဆံသေးတယ်!”

ယန်လျိုကအရမ်း ဒေါသတကြီးပြောလိုက်သည်။

“တစ်ခေါက်တုန်းက ယွင်အာက ကိုယ်ဝန်ဆောင်တာကနေ ပြန်သက်သာလာ‌တော့ သူ့ကို လမ်းပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ တရင်းတနှီးဖြစ်နေတာ ငါမြင်လိုက်တယ်။

အဲ့ဒီအချိန်က ငါသူ့ကို မေးခွန်းမထုတ်ခဲ့ဘူး။ အဲ့ဒီအစား သူအိမ်ပြန်လာတော့ ငါသူ့ကို စကားပြောဖို့ ဆွဲခေါ်လိုက်တယ်။ သူက သူယွင်အာကို မလိမ်ပါဘူးလို့ ငါ့ကိုကျိန်ပြောတယ်။ မိန်းကလေးက သူ့ရဲ့ရပ်ဝေးဆွေမျိုးဖြစ်ပြီးတော့ သူတို့ကရင်းနှီးတယ်တဲ့။

သူ့မှာ ကာကွယ်ရမယ့် သူ့ဂုဏ်သတင်းရှိလို့ သူ့အိမ်ထောင်ရေးကို မဖျက်ဆီးဘူးတဲ့”

ယန်လျိုက ဒီ‌အကြောင်းပြောနေရင်း မျက်ရည်တွေကျလာသည်။ သူမနဲ့ သူမယောက်ျားမှာ ကလေးတစ်ယောက်ပဲရှိသည်။ သူတို့က သူမကို နှစ်နှစ်ကာကာချစ်ကြပြီး ဘယ်သူမှ အနိုင်ကျင့်ခွင့်မပြုပေ။ ဒါကြောင့် သူတို့သမီးရဲ့အိမ်ထောင်ရေးကို အရမ်းစီစီစစ်စစ်ရွေးချယ်ခဲ့ကြသည်။

သူမအတွက် အကောင်းဆုံးယောက်ျားကို ရွေးပေးခဲ့တယ်လို့ သူတို့ထင်ခဲ့ကြသည်။ ဒါပေမယ့်လည်း အဆုံးမှာတော့ သူတို့အကုန် အရူးလုပ်ခံလိုက်ရသည်။ အခု သူတို့ပိုက်ဆံရော တခြားဘာကိုမှ မလိုချင်ပေ။

ကလေးမလေးနှစ်ယောက်အတွက် ထိန်းသိမ်းစောင့်ရှောက်ခွင့်ကိုပဲ သူတို့လိုချင်သည်။

ပြီးနေက် အဒေါ်ရှောင်က ဆက်ပြီးတော့

“ဒါပေမယ့် သုံးလကြာပြီးတော့ ချန်ဖေပင်းရဲ့အချစ်ဇာတ်က မြို့မှာ စပြန့်လာတယ်။ ငါတို့သူ့ကို မေးမြန်းချင်ခဲ့တယ်။ ဒါပေမယ့်လည်း ဒီဟာတွေက အတင်းအဖျင်းသက်သက်ပဲလေ။ ငါတို့မှာ ဘာလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့သက်သေမှမရှိဘူး။

ဒါကြောင့် ငါတို့သမီးကိုတွေ့ချင်ယောင်ဆောင်ပြီး ချန်မိသားစုကို သွားခဲ့တယ်။

ဒါပေမယ့် ငါတို့ရောက်သွားတော့ ယွင်အာက အိမ်အလုပ်တွေအားလုံးကို တစ်ယောက်တည်းလုပ်ပြီး သမီးနှစ်ယောက်ကို ထိန်းနေတာကို မြင်လိုက်ရတယ်။ ကောင်မလေးတွေက လနည်းနည်းပဲရှိသေးတာ။ ယွင်အာက သူတို့ကို ညဘက်မှာကြည့်ရပြီး နေ့ဘက်မှာ အိမ်ကိုသန့်ရှင်းရေးလုပ်ရတယ်။ ငါတို့နှလုံးသားတွေ ကြေမွသွားတာပဲ။

ချန်ဖေပင်း ရဲ့မိဘတွေက ငါတို့ကိုမြင်တော့ သူတို့က ငါတို့သမီးကိုတင်ကျွေးထားရတယ်လို့ပြောတယ်။ သူက အလဟာသနှစ်ခုကို မွေးပေးခဲ့တယ်တဲ့။ ငါတို့သမီးက ချန်မိသားစုကို အလှောင်ခံရစေတယ်တဲ့။ ဒါကြောင့် သူ့ကို သူတို့အစေခံလုပ်ဖို့ အပြစ်ပေးထားတာတဲ့။

အဲ့ဒီအချိန်မှာ ငါတို့အရမ်းဒေါသထွက်သွားပြီး ယွင်အာကိုဆွဲပြီး ကလေးနှစ်ယောက်ကို အိမ်ပြန်ခေါ်လာချင်ခဲ့တယ်။ “ဒါပေမယ့်လည်း ချန်မိသားစုက မကောင်းတဲ့လူတွေနဲ့ မိသားစုပဲ။ သူတို့က ကလေးမလေးတွေကို ငါတို့မယူခင် ဆွဲထားတယ်။ ယွင်အာ အိမ်ကထွက်သွားတာနဲ့ သူက ချန်မိသားစုရဲ့ ချွေးမမဟုတ်တော့ဘူးလို့ပြောတယ်။ သူ့သမီးတွေကိုလည်း ဆက်တွေ့ရမှာ မဟုတ်တော့ဘူးတဲ့။ အဲ့ဒီ ချန်ဖေပင်းက ဘေးမှာပဲရပ်နေပြီး ဖြစ်ပုံကို ကြည့်နေခဲ့တာ”

“ခွေးကောင်တွေ!”

ရှောင်လင်းယဲ့က ထူးထူးခြားခြားစိတ်ဆိုးသွားသည်။

“ချန်ဖေပင်းက ယောက်ျားမှဟုတ်ရဲ့လား?”

“ဘာလို့ ကျွန်မတို့ကို အခုမှပြောပြတာလဲ?”

ချန်ချိုးယင်းက ဒေါသထွက်သွားသည်။

“ကျွန်မသာသိခဲ့ရင် ကျွန်မလည်း ချန်မိသားစုကိုရှင်းပြချက်တစ်ခုတောင်းဖို့ သွားရှာမိခဲ့မှာပဲ”

ရှောင်လင်းယွီက

“အကြီးဆုံးဒေါ်လေး၊ ကလေးတွေ လေးလတုန်းက ဒါဖြစ်ခဲ့တာလို့ အဒေါ်ပြောတယ်မလား။ ဒါဆိုရင် ဘာလို့ သူတို့က အခုမှ ကွာရှင်းချင်ရတာလဲ?”

“ဒါပေါ့ အဲ့ဒါက‌လောလောလတ်လတ်မှ ဖြစ်တာမဟုတ်ဘူးလေ!”

ယန်လျို ကဒေါသတကြီးနဲ့

“အဲ့ဒီအချိန်က ငါတို့ကွာရှင်းချင်တယ်လို့ သူတို့‌ကိုပြောပြီးသား။ ဒါပေမယ့်လည်း ချန်မိသားစုက မိန်းကလေးတွေကိုသဘောမကျတဲ့တိုင် သူတို့ကို လွှတ်မပေးဘူး။ ဒါကြောင့် ကွာရှင်းတာက နှစ်ချီကြာနေတာ။ ပြီးခဲ့တဲ့လေးနှစ်ကျော်တုန်းက ယွင်အာက ချန်မိသားစုကနေ မထွက်ရဲခဲ့ဘူး။ သူထွက်လာလိုက်တာနဲ့ သူ့သမီးတွေကို ထပ်မတွေ့ရတော့မှာ ကြောက်နေတာ။

ဒါကြောင့် သူ့သမီးတွေကို ကာကွယ်ဖို့အတွက်နဲ့ အဆုံးမရှိညှင်းဆဲခံနေတာ”

ရှောင်လင်းယွီက ခနလောက်တိတ်ဆိတ်သွားပြီးတော့

“ကလေးမလေးတွေကို ခိုးထုတ်လို့ရမယ့် အခွင့်အရေးလေးဘာလေး မရှိဘူးလား?”

“ရှိခဲ့တာပေါ့။ ဒါပေမယ့် ငါတို့မအောင်မြင်ခဲ့ဘူး”

ဘွားဘွားရှောင်က သက်ပြင်းချလိုက်သည်။

“ချန်မိသားစုက ငါတို့မြို့မှာ ဩဇာကောင်းတယ်လေ။ ငါတို့ကောင်မလေးတွေကို အပြင်ခေါ်ထုတ်လာတဲ့အချိန်မှာ ချန်မိသားစုက ‌ငါတို့နောက်ကို လူမိုက်တစ်အုပ် လွှတ်လိုက်တယ်။ ငါတို့က လူကုန်ကူးသမားတွေလို့ပြောပြီး ရိုက်ပစ်မယ်တဲ့။ ငါတို့လဝက်လောက် ရဲတွေထိန်းသိမ်းတာတောင် ခံခဲ့ရသေးတယ်။

ဒါကပထမဆုံး သတိပေးတာပဲလို့ ချန်မိသားစုက ငါတို့ကိုပြောတယ်။ ငါတို့ထပ်လုပ်ရင် ငါတို့ကို ဆယ်နှစ်ကျော်ကျော် ထောင်ထဲထည့်ပစ်မယ်လို့ပြောတယ်။ ငါတို့ထောင်ထဲရောက်နေတုန်း သူတို့ကောင်မလေးတွေကို လုပ်ချင်သလိုလုပ်ပစ်လိုက်နိုင်တယ်လေ”

ဘွားဘွားရှောင်က သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး

“ချန်မိသားစုက အင်အားကြီးပြီး ဩဇာကောင်းတယ်။ သူတို့က လွယ်လွယ်ကူကူပဲ ဒီပြစ်မှုတွေကို ငါတို့ပေါ် ပုံချလိုက်နိုင်တယ်။ ကောင်မလေးနှစ်ယောက် တကယ်အဝေးပို့ခံလိုက်ရရင် ငါတို့ သူတို့ကို ဘယ်လိုရှာရတော့မှာလဲ?

မဟုတ်ရင်လည်း ကလေးမလေးနှစ်ယောက်ရဲ့ အကျိုးအတွက် ငါတို့မျက်နှာပျက်တာကို တောင့်ခံရမှာပဲ။ အထူးသဖြင့် ယွင်အာက ကလေးနှစ်ယောက်ဆီကနေ အကြည့်မခွာရဲဘူး”

“အဲ့ဒီတိရစ္ဆာန်တွေ!”

ဒါကိုကြားပြီး ရှောင်ကျန်းယန်က ဒေါသတကြီးပြောလိုက်သည်။

“သူတို့ကတကယ်ပဲ အရမ်းဥပဒေမဲ့တာပဲ။ ရဲတွေက ဘာမှမလုပ်ဘူးလား?”

ဘိုးဘိုးရှောင်က

“ချန်မိသားစုက ဒေသခံမိသားစုလေ ပြီးတော့ ငါတို့က ဘေးလူတွေလေ။ ဘယ်သူမှ မပါဝင်ချင်ကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါကတကယ်‌တော့မိသားစုကိစ္စလေ။ အဲ့ဒီတော့ ဘယ်သူမှ ကြားမဝင်ကြဘူး”

ဘွားဘွားရှောင်နဲ့ တခြားသူတွေပြောတာကြားပြီး ရှောင်လင်းယွီက စိုးရိမ်သွားသည်။ သူမက စိုးရိမ်တကြီးနဲ့

“ဦးလေးနဲ့ အဒေါ်၊ ယွင်အာနဲ့ ကလေးမလေးနှစ်ယောက်ကို ဒီကိုပြန်ခေါ်ဖို့ ခန်လင်းမြို့ကို ကျွန်မတို့ အခုသွားမှဖြစ်မယ်။ ချန်မိသားစုနဲ့ အတူတူနေဖို့ သူတို့အတွက် အရမ်းအန္တရာယ်များလွန်းတယ်”

ရှောင်လင်းယွီက တစ်စုံတစ်ခုကို မှတ်မိသွားသည်။ ရှောင်လင်းယွင်က ဒီအချိန်အတွင်းမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့သည်။

မိခင်ရော သမီးနှစ်ယောက်ပါ အိမ်မှာ သတ်သေသွားကြခြင်းပင်!

***

All Chapters