ကြက်သားစွပ်ပြုတ်
Vol. 20 Ch. 339
ယွမ်မင်ရဲ့တင်ပြချက်ကို ကုန်းထျန်းဟောက်ကြားပြီးတော့ ရှောင်လင်းယွီရဲ့ဝမ်းကွဲညီမ ရှောင်လင်းယွင်အကြောင်းကို စုံစမ်းဖို့ သူချက်ချင်းလူလွှတ်လိုက်သည်။
ပြီးနောက် သူ့ရဲ့ အနီးဆုံးအခြေစိုက်ကနေ ဟယ်လီကော်ပတာကြီးတစ်ခုကို မြန်မြန်ဆန်ဆန်ပြင်ဆင်လိုက်သည်။ ၎င်းက လူဒါဇင်ထက်ပို ထိုင်လို့ရသည်။
ကုန်းထျန်းဟောက်က စိုးရိမ်နေတဲ့ ရှောင်လင်းယွီကို နှစ်သိမ့်လိုက်ပြီး
“ယွီအာ စိတ်မပူပါနဲ့။ မင်းဝမ်းကွဲညီမကို စောင့်ကြည့်ဖို့ ကိုယ်လူတွေလွှတ်ပြီးပြီ။ မင်းညီမ အဆင်ပြေမှာပါ”
သူမက ရိုးသားစွာနဲ့
“ကျေးဇူးတင်ပါတယ်!”
ဒါပေမယ့်လည်း သူမညီမအတွက် စိုးရိမ်နေသေးသည်။
သူမ ကုန်းထျန်းဟောက်ကိုကြည့်လိုက်ပြီး ခိုင်ခိုင်မာမာနဲ့
“ကုန်းထျန်းဟောက် ကျွန်မ ခန်လင်းမြို့ကိုသွားမယ်!”
ကုန်းထျန်းဟောက်ရဲ့စူးရှတဲ့မျက်လုံးတွေက သူမကို ခနလောက်စိုက်ကြည့်လိုက်ပြီးတော့ ခေါင်းညိတ်ကာ
“ကောင်းပြီ ကိုယ်မင်းနဲ့လိုက်ခဲ့မယ်!”
ကုန်းထျန်းဟောက်ရဲ့အကူအညီနဲ့ဆိုရင် ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်က သူမအရင်ဘဝကလို အချည်းနှီးမသေဘူးလို့ ရှောင်လင်းယွီယုံကြည်သည်။
ကုန်းထျန်းဟောက်နဲ့ ပိုင်းလော့ကလွဲရင် အုပ်စုထဲက လူအားလုံးက ဟယ်လီကော်ပတာပေါ် ပထမဆုံး ရောက်ဖူးခြင်းဖြစ်သည်။ ပုံမှန်အခြေအနေမျိုးမှာဆိုရင်တော့ လူတော်တော်များများ ကြောက်နေကြလောက်သည်။
ဒါပေမယ့် အခုတော့ တစ်မိသားစုလုံးက ရှောင်လင်းယွင်အတွက် ပိုစိုးရိမ်နေသည်။ ပျံသန်းတာနဲ့ပက်သက်ပြီး ဘယ်သူမှ ကြောက်လန့်တာ စိုးရိမ်နေတာတွေ မဖြစ်ခဲ့ပေ။
ခန်လင်းမြို့တွင် ချန်တာ့ဝေ့၊ မာမေ့ရှင်းနဲ့ သူတို့ကလေးတွေဖြစ်တဲ့ ချန်ဖေပင်း နဲ့ ချန်လီရန်တို့က ဟိုတယ်တစ်ခုတွင် ပူးပေါင်းကြံစည်နေကြသည်။
ချန်တာ့ဝေ့က အစွန်းနားမှာ ဆေးလိပ်သောက်နေပြီး သူ့မျက်ခုံးတွေက တင်းတင်းကျပ်ကျပ်တသားတည်းဖြစ်နေသည်။ ချန်ဖေပင်းကလည်း မျက်နှာမှာ သနားတဲ့အရိပ်အယောင်နဲ့ မျက်မှောင်ကျုံ့နေသည်။ ချန်လီရန်ကတော့ သူမဖုန်းနဲ့ ဆော့နေခဲ့သည်။
အဲ့ဒီအချိန်မှာ မာမေ့ရှင်းက
“ဖေပင်း နင်အဲ့ဒီကောင်မအတွက် ခံစားချက်တွေရှိနေတုန်းလား?”
ချန်ဖေပင်း ကသူ့ခေါင်းကို ခါလိုက်ပြီးတော့
“အမေ ကျွန်တော် ရှောင်လင်းယွင်အတွက် ခံစားချက်ရှိနေတာမဟုတ်ဘူး။ လုလုနဲ့ ရို့ရို့က ကျွန်တော့်သမီးအရင်းတွေမိုလို့လေ။ ကျွန်တော်... ကျွန်တော် ဒါကိုမလုပ်နိုင်ဘူး”
မာမေ့ရှင်းရဲ့မျက်နှာထားက အကြင်နာကင်းတဲ့ပုံပေါက်သွားသည်။
သူမက
“ချန်ဖေပင်း နင်ဒါကိုနားလည်ရမယ်။ နင့်သမီးနှစ်ယောက်ကို ထားချင်ရင် သားမရှိတာကို ရင်ဆိုင်ရမယ်”
“ဘာလို့လဲ? ချူးချူးက ကျွန်တော့်သားကို လွယ်ထားရပြီလေ”
ချန်ဖေပင်းက မျက်မှောင်ကျုံ့လိုက်သည်။
မာမေ့ရှင်းက ချန်ဖေပင်းကို တုံးအတဲ့အတွက် တကယ်အလိုမကျဖြစ်နေသည်။ သူမက ချန်ဖေပင်းရဲ့နဖူးကို ဒေါသတကြီးထိုးပြလိုက်ပြီး သူမ ဒေါသတွေကိုမျိုသိပ်ကာ
“နင်မကွာရှင်းဘူးဆိုရင် ကောချူးချူးကနင့်သားကို မွေးပေးမယ်လို့ ထင်နေတာလား? သားရယ် နင်ဘာအိမ်မက်တွေမက်နေတာလဲ? နင့်ကိုသားတစ်ယောက်မွေးပေးစေချင်ရင် သူ့ကိုလက်ထပ်ရမယ်လို့ ကောချူးချူးကပြောတယ်လေ။
ပြီးတော့ နင်အဲ့ဒီ မကောင်းဆိုးဝါးလေးနှစ်ကောင်ကို မကိုင်တွယ်ဘူးဆိုရင် နင့်မှာတကယ် သားတစ်ယောက်ရှိလာမယ်ထင်လို့လား?”
ဒါကိုကြားပြီး ချန်ဖေပင်းကတုံ့ဆိုင်းတုံ့ဆိုင်းနဲ့
“ဒါပေမယ့် အမေ ကျွန်တော်တို့ ဒါကိုလုပ်ဖို့မလိုဘူးလေ။ သူတို့ကို အဝေးပို့ပစ်လို့ရတာပဲ”
အဲ့ဒီအချိန်မှာ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုတွေ ပေါ်လာသည်။
သူက ဆက်ပြီးတော့
“လူသတ်တာက ဥပဒေနဲ့မညီဘူး။ ကျွန်တော်တို့သာမိသွားရင် ကျွန်တော်...ကျွန်တော်တို့ သေလိမ့်မယ်”
သူတို့သေဆုံးတာအထိ ပြစ်ဒဏ်ချမှတ်မခံရဘူးဆိုရင်တောင် ထောင်ထဲမှာ ၁၀နှစ် အနှစ်၂၀လောက် ပြစ်ဒဏ်ခံရလိမ့်မည်။ ဒီအတွေးနဲ့ ချန်ဖေပင်းက ကြောက်ရွံ့နေသည်။ ဒါ့ပြင် ပစ်မှတ်က သူ့သမီးနှစ်ယောက်လေ။
မာမေ့ရှင်းရဲ့မျက်နှာထားတက တင်းမာလာပြီး အရမ်းမျက်နှာပျက်သွားသည်။ သူမက
“ကလေးနှစ်ကောင်ကိုသာ အဝေးပို့ပစ်လို့ရရင် ငါတို့အရင်ကတည်းက အဝေးပို့ပစ်လိုက်ပြီပေါ့။ စိတ်ပျက်ဖို့ကောင်းအောင် ဘာလို့ငါတို့အနားမှာ ထားထားမှာလဲ?”
မာမေ့ရှင်းက ချန်လုလုနဲ့ ချန်ရို့ရို့ကို သူ့မြေးမနှစ်ယောက်လိုတောင် မဆက်ဆံပေ။ သူတို့က အကောင်ပလောင်တွေထက် မပိုပေ။ သူမက အကြင်နာကင်းတဲ့လူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။
“အဲ့ဒီကောင်မ ရှောင်လင်းယွင်နဲ့ သူ့မိသားစုက ငါတို့ကို စောင့်ကြည့်နေတာ။ ဘယ်လိုလုပ်ကောင်မလေးတွေကို အဝေးပို့ပစ်လို့ရမှာလဲ?”
မာမေ့ရှင်းက အေးစက်ပြီး ဒေါသတကြီးနဲ့
“ဒါ့ပြင် အဲ့ဒီနှစ်ယောက်ကို ထားလိုက်တာက ဖုံးကွယ်ထားတဲ့အန္တရာယ်တစ်ခုဖြစ်လာမှာ။ အဲ့ဒီကောင်မက ငါတို့ကို အနှောင့်အယှက်ပေးဖို့ ကလေးတွေကို အသုံးချနေရင် ငါတို့ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်ဘူး”
အဲ့ဒီအချိန်မှာ ချန်လီရန်က သူမဖုန်းဆီကနေ ခေါင်းမော့လာပြီး ချန်ဖေပင်းကိုကြည့်လိုက်ပြီးတော့
“အစ်ကို နင်နှစ်ဖက်လုံးအတွက်တော့ အကောင်းဆုံးလုပ်ပေးလို့မရဘူး။ နင်တစ်ခုကို ရွေးရမယ်”
Ge Chuuchuဗိုက်ထဲက သားကိုလိုချင်ရင် နင့်သမီးနှစ်ယောက်ကို စွန့်ပစ်ရမယ်။ အမေပြောသလိုပဲ အကျိုးဆက်တွေကတော့ တသက်လုံးပဲ”
ဒါကိုကြားပြီးတော့ ချန်ဖေပင်းရဲ့မျက်နှာထားက ပျော့ပြောင်းသွားသည်။ ဒါပေမယ့်လည်း သူ့မျက်နှာပေါ်မှာ တုံ့ဆိုင်းမှုတချို့ ရှိနေသေးသည်။
သူက စိုးရိမ်စွာနဲ့
“ဒါပေမယ့် အမေ၊ တစ်ယောက်ယောပ်သာသိသွားရင် ကျွန်တော်တို့ ချန်မိသားစု ပျက်ဆီးပြီပဲ”
မာမေ့ရှင်းက
“ဘာလို့လဲ? ငါတို့က...”
သူမ လက်ချောင်းနဲ့လည်ပင်းကို လှီးပြလိုက်ပြီး မျက်လုံးထဲမှာရက်စက်တဲ့အကြည့်နဲ့
“သူတို့သတ်သေသွားတယ်လို့ ငါတို့ လူတွေကို ပြောလိုက်မယ်လေ။ ငါတို့သူတို့ကိုသတ်လိုက်ပါတယ်လို့ လူတိုင်းကိုပြောဖို့လိုလို့လား? ငါတို့အဲ့လောက်တုံးပါ့မလား?”
ချန်ဖေပင်းက ခနလောက်တုံ့ဆိုင်းသွားပြီး
“ဒါပေမယ့် အမေ ကလေးမလေးတွေသတ်သေသွားတယ်လို့ ရှောင်လင်းယွင်က ယုံမှာမဟုတ်ဘူး”
အဲ့ဒီအချိန်မှာ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့တဲ့ ချန်တာ့ဝေ့က မျက်နှာသေနဲ့
“ဒါဆိုငါတို့ သူ့ကိုလည်း ပိတ်ပစ်တာပေါ့။ ငါတို့ ဒုက္ခတွေအားလုံးကို တခါတည်း ပထုတ်ပစ်လိုက်မယ်လေ”
မိသားစုခေါင်းဆောင်ကြီးက ဒါကိုပြောပြီးတော့ တစ်မိသားစုလုံး ခနလောက်တိတ်ဆိတ်သွားကြသည်။ ပြီးနောက် ချန်ဖေပင်းက ခေါင်းညိတ်ပြီးတော့
“ဒါဆို ကျွန်တော် အဖေပြောတဲ့အတိုင်း နားထောင်မယ်”
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ တိတ်တဆိတ်ပြောဆိုနေသည်။
'ရှောင်လင်းယွင် ငါ့ကိုအပြစ်မတင်ပါနဲ့။ မင်း တစ်ယောက်ယောက်ကိုအပြစ်တင်ချင်ရင် ငါ့အတွက် သားတစ်ယောက်မွေးမပေးတဲ့ မင်းကိုမင်းပဲ အပြစ်တင်လိုက်ပါ'
ပြီးနောက်မှာ တစ်မိသားစုလုံး အစီအစဉ်ကို စဆွေးနွေးကြသည်။ တစ်ယောက်က ရေနှစ်တာကို အကြံပေးသည်။ ပြီးနောက် ကားအက်ဆီးဒင့်အကြံပေးတာလည်းရှိသည်။ ဒါပေမယ့်လည်း ဒါတစ်ခုမှ အလုပ်မဖြစ်နိုင်ပေ။ မသင်္ကာမှုက အရမ်းမြင့်လွန်းသည်။
အဆုံးမှာတော့ ချန်လီရန်ကပဲ အကြံပေးလိုက်သည်။
“ဒါဆိုရင် သမီးတို့ အဆိပ်ကိုသုံးမယ်။ သူတို့ကို အိမ်မှာသေခိုင်းလိုက်ပြီးတော့ သတ်သေတဲ့သဘောမျိုးလုပ်လိုက်လေ။ တံခါးတွေပိတ်ထားလိုက်မယ်ဆိုရင် သတ်သေတာကလွဲပြီး ဘာဖြစ်နိုင်ဦးမှာလဲ?
သူတို့အဆိပ်သောက်ပြီးသေသွားတာလို့ အားလုံးကို ပြောလိုက်မယ်လေ။ ပြီးရင် အလောင်းတွေအားလုံးကို မီးသဂြိုလ်စက်ဆီသယ်သွားပြီး မီးရှို့ပစ်လိုက်မယ်။ ဘယ်သူမှ အမှန်တရားကိုသိမှာ မဟုတ်တော့ဘူး”
ချန်လီရန်ရဲ့စကားကိုကြားပြီးတော့ မိသားစုက ခနလောက် ငြိမ်ကျသွားပြီး လေးလေနက်နက်တွေးတောနေကြသည်။ သိပ်မကြာခင်မှာပဲ ချန်တာ့ဝေ့ကခေါင်းညိတ်လိုက်ပြီးတော့
“ဒါအကြံကောင်းပဲ ဒီတိုင်းလုပ်ရအောင်”
မာမေ့ရှင်းက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့
“ဒါပေမယ့် အဲ့ဒီကောင်မတွေ အိမ်မှာသေသွားရင် ငါတို့ကို ခြောက်လှန့်မနေလောက်ဘူးလား? ကောချူးချူးက ငါတို့အိမ်ထဲကို လက်ထပ်ပြီး ဝင်လာချင်ပါ့မလား?”
ချန်တာ့ဝေ့က
“ငါတို့အိမ်အသစ်တစ်လုံးဝယ်လိုက်လို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုက ပိုက်ဆံမရှိတာမှမဟုတ်ဘဲ။ ငါတို့ အိမ်နည်းနည်းလောက်ထပ်ဝယ်လို့ရတယ်။ ပြီးတော့ မြေးက အိမ်ထက် ပိုအရေးကြီးတယ်လေ”
မာမေ့ရှင်းက ခနလောက်စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။
“ရှင်မှန်တယ်။ အိမ်ကဆုံးရင်လည်း ဆုံးပစေပေါ့။ ကျွန်မတို့နောက်တစ်လုံး ထပ်ဝယ်လို့ရတာပဲ။ ကျွန်မတို့မှာ မြေးတစ်ယောက်ပဲရှိတာ ပြီးတော့ နောက်ထပ်မြေးတစ်ယောက်လည်း ထပ်ဝယ်လို့ရတာမှမဟုတ်ဘဲ”
သူတို့မှာအစီအစဉ်ရှိနေမှတော့ ၎င်းကို လုပ်ဆောင်လိုက်ဖို့သာ လိုသည်။ အဓိကမေးခွန်းကတော့ သူတို့အဆိပ်ကို ဘယ်မှာရှာရမလဲဆိုတာဖြစ်သည်။
ဆေးရုံရဲ့ လက်ထောက်ဒါရိုက်တာအနေနဲ့ ချန်ဖေပင်းက ဆေးတွေနဲ့ အဆိပ်တွေအများကြီး လက်ခံရသည်။ ဒါပေမယ့်လည်း သူဆေးရုံက တစ်ခုလောက်ယူလိုက်ရင် ၎င်းက အရမ်းသံသယဖြစ်ခံရနိုင်သည်။ ကြည့်နေတဲ့လူတွေ အများကြီးရှိပြီး မှတ်တမ်းတစ်ခုလည်း ချန်ခဲ့ရဦးမည်။ ဒါကြောင့် အဆုံးမှာတော့ သူတို့စိုက်ပျိုးရေးပိုးသတ်ဆေးတွေကို ရွေးချယ်လိုက်ကြသည်။
မြို့ကလူတွေအနေနဲ့ သူတို့က လယ်မစိုက်ကြပေ။ ဒါကြောင့် သူတို့မှာ ပိုးသတ်ဆေးတွေမရှိပေ။ ရှောင်လင်းယွင်ကို ပိုးသတ်ဆေးတွေ ဝယ်ခိုင်းဖို့ကတော့ သူတို့အတွက် မဖြစ်နိုင်ပေ။
ချန်ဖေပင်းမှာ အကြံတစ်ခုရခဲ့ပြီး လယ်သမားတစ်ယောက်ဆီကနေ ပိုးသတ်ဆေးတွေဝယ်ဖို့ ဆင်ခြေဖုံးဘက်ကိုသွားခဲ့သည်။ လယ်သမားက သူ့ကိုမမှတ်မိခဲ့ဘဲ သူ့မိန်းမနဲ့ ကလေးတွေကိုသတ်ဖို့ ပိုးသတ်ဆေးဝယ်မှန်း မသိခဲ့ပေ။
ချန်မိသားစုက ညစာစားပြီးတော့ ပိုးသတ်ဆေးတွေယူပြီး အစားအစာထဲ လောင်းထည့်လိုက်ကြသည်။ ဒီညမှာ သူတို့က ထူးထူးခြားခြား အမေနဲ့ သမီးတွေစားဖို့အတွက် ကြက်စွပ်ပြုတ်တစ်ပွဲ ပြင်ပေးထားသည်။
ဒါပေါ့ ပိုးသတ်ဆေးတော်တော်များများကို ကြက်စွပ်ပြုတ်ထဲ လောင်းထည့်ထားတယ်လေ။
ပြီးနောက်မှာ သူတို့လေးယောက်က အခန်းဆီ ပြန်သွားခဲ့ကြသည်။ ဧည့်ခန်းထဲမှာ ဘယ်သူမှမရှိတာကို ရှောင်လင်းယွင်မြင်တော့ သူမ ကလေးနှစ်ယောက်နဲ့ အတူထွက်လာသည်။။
သူမ ထမင်းစားစားပွဲဆီ လျှောက်သွားပြီး ကြက်စွပ်ပြုတ်တစ်ဝက်ကျော်ကျော်ကျန်နေသေးတာကိုမြင်တော့ သူမစိတ်က သံသယတွေနဲ့ ပြည့်သွားသည်။ သူမ ယောက္ခမတွေကို နားလည်ပုံအရတော့ သူတို့က သူမနဲ့ သူမသမီးတွေကို အရမ်းကြင်နာမှာမဟုတ်ပေ။
ချန်မိသားစုနဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲက ရှောင်လင်းယွင်ကို သတိဝီရိယရှိအောင် လေ့ကျင့်ပေးခဲ့သည်။ ကြက်စွပ်ပြုတ်က တစ်ခုခုနဲ့ ရောထားတာမှန်း သူမသိလိုက်သည်။ ဒါကြောင့် သူမ အဲ့ဒါကို မထိခဲ့ပေ။
သမီးအကြီး ချန်လုလုက ဇွန်းကိုယူပြီးတော့ သူမပါးစပ်ထဲကို စွပ်ပြုတ်ထည့်လိုက်သည်။
ရှောင်လင်းယွင်က ဒါကိုမြင်တော့ သူမ ကျယ်လောင်စွာ အော်လိုက်သည်။
“လုလု!”
***