Chapters

နောက်တစ်ဖွဲ့

Vol. 20 Ch. 343

နောက်တစ်ဖွဲ့

Vol. 20 Ch. 343

မာမေ့ရှင်းကလွဲရင် အဲ့ဒီမှာ ရှိနေတဲ့လူတွေက သုံးယောက် သုံးယောက် အခြေအနေဖြစ်နေကြသည်။ ဒါပေမယ့်လည်း လူကြီးသုံးယောက်နဲ့ လူကြီးတစ်ယောက်နဲ့ ကလေးနှစ်ယောက်တို့မျက်နှာချင်းဆိုင်ဖြစ်နေသည်။ ဒါ့ပြင် ကလေးနှစ်ယောက်ရှ်ိပြီး တစ်ယောက်မှာ ခြောက်နှစ်ဖြစ်ကာ တစ်ယောက်မှာ ငါးနှစ်ဖြစ်သည်။

သိသိသာသာပင် ရှောင်လင်းယွင်နဲ့ သူ့သမီးတွေ အခွင့်မသာပေ။ သူတို့ရဲ့သတ်ဖြတ်သူတွေကို မတားနိုင်ပေ။

ချန်မိသားစုက ရှောင်လင်းယွင်ကို ဇာတ်သိမ်းသွားစေချင်သည်။ သူတို့ သူမကိုသတ်လိုက်တာနဲ့ ကလေးနှစ်ယောက်ကို လွယ်လွယ်ကူကူ ဇီဝိန်ခြွေလိုက်နိုင်မည်။

ချန်တာ့ဝေ့နဲ့ ချန်ဖေပင်းက ရှောင်လင်းယွင်ကို ထပ်ဖမ်းမိသွားကြသည်။ သူမကိုဖမ်းချုပ်ထားဖို့ အရမ်းလွယ်ကူသည်။ သူမကလေးတွေနဲ့ သူမကို ခြိမ်းခြောက်လိုက်ဖို့ပဲ လိုသည်။

“ငါ့ကိုလွှတ်!”

ရှောင်လင်းယွင်က ဒေါသတကြီးပြောလိုက်သည်။

“နင်တို့လူသတ်သမားအုပ်စု။ ငါတို့သရဲတွေဖြစ်သွားရင်တောင် နင်တို့ကို လွှတ်မပေးဘူး”

ချန်လီရန်က‌ ထေ့ငေါ့ပြီးတော့

“ရှောင်လင်းယွင် မရူးစမ်းနဲ့။ သရဲတွေသာ ဒီလောကမှာတကယ်ရှိရင် ကမ္ဘာကြီးက အစောတည်းက ကမောက်ကမ‌ဖြစ်နေလောက်ပြီ”

ဒါကိုပြောပြီးတော့ သူမက စားပွဲပေါ်က ကြက်စွပ်ပြုတ်တစ်ဝက်ကိုယူလိုက်ပြီး ဇွန်းနဲ့ အကြိမ်ရေနည်းနည်းလောက်မွှေလိုက်သည်။

အဝါနဲ့ အဖြူရောင်ကြက်စွပ်ပြုတ်က လည်လာတာကိုမြင်တော့ သူမပါးစပ်ရဲ့အစွန်းမှာ ခပ်ထေ့ထေ့အပြုံးတစ်ခု ပေါ်လာသည်။ ပြီးနောက် သူမက ကြက်စွပ်ပြုတ်ဇွန်းအပြည့်ခပ်လိုက်ပြီး ရှောင်လင်းယွင်ကို သရော်ကာပြလိုက်သည်။

သူမက အေးစက်စွာနဲ့

“ရှောင်လင်းယွင် ဒါကိုသောက်ပြီး ကြမ်းကြုတ်တဲ့သရဲတစ်ကောင်အနေနဲ့ပြန်လာဖို့ မှတ်ထားလိုက်။ ငါနင့်ကိုစောင့်နေမယ်”

ရှောင်လင်းယွင် ဘယ်လောက်ပဲရုန်းကန်ရုန်းကန် ယောက်ျားနှစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်က မလွတ်နိုင်ပေ။ သူမရဲ့မျက်နှာထားက စိတ်ပျက်မှု၊ ဒေါသနဲ့ မုန်းတီးမှုတွေနဲ့ ပြည့်နှက်လာသည်။ သူမက ကျယ်လောင်စွာနဲ့

“နင်တို့ ပြန်ဝဍ်လည်လိမ့်မယ်။ ငါအငြိုးကြီးတဲ့ ဝိညာဉ်ဖြစ်မလာနိုင်ဘူးဆိုရင်တောင် ငါတို့အတွက် အမှန်တရားကိုထောက်ခံပြီး နင်တို့လိုလူသတ်သမားတွေကို လွှတ်မပေးမယ့်လူတွေ ရှိနေဦးမှာပဲ"

“အဲ့လိုဖြစ်လာတာကိုမြင်ဖို့ နင်နေရတော့မှာမဟုတ်ဘူး”

ချန်လီရန် ကအေးစက်စွာ ပြောလိုက်သည်။

သူမ အဲ့ဒါကိုပြောပြီးတော့ ခြေတစ်လှမ်းတိုးသွားလိုက်သည်။

ရှောင်လင်းယွင်ရဲ့ပါးစပ်ထဲကို စွပ်ပြုတ်ထည့်တော့မလို့မှာပဲ မိုးပေါ်ကနေ တောက်ပနေတဲ့ဓားမြှောင်တစ်ခု ထပ်ကျလာသည်။

ချွမ်!

စွပ်ပြုတ်ယောက်မက ကြမ်းပြင်ပေါ်ကို ကျသွားသည်။ နောက်ထပ် လက်ပြတ်တစ်ခုပေါ်လာသည်။

“အား!”

ကြမ်းပြင်ပေါ်က လက်ဖဝါးကိုမြင်တော့ ချန်လီရန်က အံ့ဩသွားခဲ့သည်။ ပြီးနောက် သူမက နာကျင်စွာနဲ့ အရမ်းအော်လိုက်တော့သည်။ ၎င်းက သူမအမေထက် ပိုစူးရှခဲ့သည်။

“ငါ့လက်!”

ချန်တာ့ဝေ့နဲ့ ချန်ဖေပင်းတို့ထပ်ပြီး အံဩသွားပြန်သည်။ သူတို့မျက်လုံးတွေ ပြူးကျယ်လာပြီး မယုံနိုင်မှုတွေနဲ့ ပြည့်နေသည်။

မာမေ့ရှင်းရဲ့တိုက်ခိုက်မှုက မတော်တဆတစ်ခုဖြစ်နိုင်ပေမယ့် ဒီတစ်ခေါက်က ဒုတိယတစ်ကြိမ်ဖြစ်ခဲ့တဲ့အတွက် သေချာပေါက် မတော်တဆမဟုတ်တော့ပေ။ တစ်နည်းပြောရရင်တော့ အခန်းထဲမှာ နောက်တစ်ယောက်ရှိနေသည်။

နောက်တစ်ယောက်...

ချန်တာ့ဝေ့ နဲ့ ချန်ဖေပင်းက မျက်လုံးတွေပြူးထားလိုက်ပြီး အနားပတ်လည်ကို ကြည့်လိုက်သည်။ ချန်တာ့ဝေ့က သူ့ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ပြီး အော်ကာ

“ဘယ်သူလဲ? ဒီမှာ ဘယ်သူရှိနေတာလဲ? အခုထွက်လာခဲ့!”

သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။ အစီအစဉ်က အရမ်းစေ့စပ်သေချာခဲ့တာလေ။

ဘာလို့ နောက်ထပ်တစ်ယောက် ရှိနေရတာလဲ?

နောက်ထပ်တစ်ဖွဲ့သာရှိနေရင်တော့...

ဒါဆိုရင် သူတို့တွေ...သူတို့တွေအားလုံး ဖျက်ဆီးခံရတော့မည်။

နောက်ထပ်တစ်ယောက်က သာမန်လူတစ်ယောက်ပဲ‌ဆိုရင် သူတို့ရှောင်လင်းယွင်ကို သတ်သလိုမျိုး သတ်ပစ်လိုက်လို့ရသည်။ ဒါပေမယ့် ဒီလူက မိုးပေါ်ကနေ လူတွေရဲ့လက်ကောက်ဝတ်တွေကို ဖြတ်ပစ်နိုင်သည်။ သူတို့ကလုံးဝ သာမန်လူတွေမဟုတ်ပေ။

ချန်တာ့ဝေ့ ၎င်းအကြောင်းကို စဉ်းစားနေတုန်းမှာပဲ ကျယ်လောင်တဲ့အသံတစ်ခုနဲ့ ချန်မိသားစုရဲ့တံခါး ပြုတ်ကျလာသည်။

ချန်တာ့ဝေ့နဲ့ ချန်ဖေပင်းက တံခါးအပြင်ဘက်မှာ ရပ်နေတဲ့လူကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

“နေဦး”

***