Chapters

လူ့သဘာဝ

Vol. 20 Ch. 342

လူ့သဘာဝ

Vol. 20 Ch. 342

ချန်လီရန်ရဲ့အမူအယာက ကြောက်စရာကောင်းလာသည်။ သူမက အေးစက်စွာနဲ့

"ဒါသူတို့ကိုသတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ ငါတို့ဒီတစ်ခေါက် သူ့ကိုလွှတ်ပေးလိုက်ရင် သူတိူ့က ရဲစခန်းသွားပြီး ငါတို့ကိုတိုင်မှာပဲ။

ဒီအမှုတွဲက နင်နဲ့ အဖေရဲ့ ရာထူးတိုးတာကို ထိခိုက်လိမ့်မယ်။ ဒါက နင့်ရဲ့ ကောချူးချူး နဲ့ဆက်ဆံရေးကိုတောင် ထိခိုက်စေနိုင်သေးတယ်။ သူက ရာဇဝတ်သားတစ်ယောက်ကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး"

"ချန်မိသားစုတကယ်ဖျက်ဆီးခံလိုက်ရလိမ့်မယ်။ ပြီးတော့ သူတို့ကို ထွက်ပြေးခွင့်ပြုလိုက်ရင် ဒီအခွင့်အရေးကို ဘယ်တော့မှ ထပ်ရတော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့ နာမည်ပျက်ပြီး ထောင်ချခံရတော့မှာ"

ချန်လီရန်က ၎င်းကို ချန်မိသားစု၊ သူမအဖေနဲ့ သူမမောင်လေးအတွက် လုပ်နေပုံပေါ်သည်။ ဒါပေမယ့် တကယ်ကျတော့ သူမကိုယ်သူမအတွက် လုပ်နေခြင်းဖြစ်သည်။ သူမက တစ်ခုလပ်လေ။ သူမကွာရှင်းတုန်းကလည်း သူမကအသက်ကြီးနေပြီ။ ဘယ်သူမှလည်း သူမကိုမလိုချင်ကြတော့ပေ။ ပြီးတော့ သူမက ချန်မိသားစုကို မှီခိုရတော့မည်။

သူမ မိဘတွေက သူမကိုအရမ်းချစ်ပြီး သူမမောင်လေးကလည်း သူမကိုနားထောင်သည်။ အခုကျတော့ သူမအလုပ်မလုပ်ဘူးဆိုရင်တောင် သုံးဖို့ ပိုက်ဆံတွေအများကြီးရှိနေပြီး မောင်းဖို့ ကားသေးတစ်စီးလည်းရှိသည်။ သူမ သွားချင်တဲ့နေရာသွားနိုင်ပြီး ပျော်စရာဘဝတစ်ခုကို နေလို့ရသည်။ ဒါကြောင့် သူမ ဘယ်သူ့ကိုမှဒါကို ဖျက်ဆီးခွင့်မပြုနိုင်ပေ။

သူမအမေရဲ့ ပြတ်သွားတဲ့လက်တောင်မရပေ။

ရှောင်လင်းယွင်ကို လွှတ်ပေးလိုက်တဲ့ အကျိုးဆက်တွေက သူမမြင်ချင်တာမျိုး ဖြစ်မှာမဟုတ်ပေ။

ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်က ဒီဒုက္ခကနေ လွတ်မြောက်သွားရင် ‌ဒုက္ခက ချန်မိသားစုဆီ ပြန်ကျလာမယ်မှန်း သူမကောင်းကောင်းသိသည်။ ချန်မိသားစုရဲ့ဂုဏ်သတင်းက ဖျက်ဆီးခံလိုက်ရပြီး သူတို့တွေ ထောင်ထဲ သွားရလိမ့်မည်။

သူမနေ့ရက်တွေပိုကောင်းလာပါတော့မလား?

မကောင်းနိုင်ဘူးလေ။

ဒါကြောင့် ဘယ်လိုလုပ် ချန်လီရန် က ရှောင်လင်းယွင်နဲ့ သူ့သမီးနှစ်ယောက်ကို လွှတ်ပေးနိုင်မှာလဲ?

ချန်လီရန်ရဲ့စကားတွေကိုကြားတော့ ချန်တာ့ဝေ့ရဲ့မျက်လုံးတွေက အကြင်နာမဲ့မှုတွေပြည့်သွားပြီး ချန်လီရန်လိုမျိုး တူညီတဲ့ရက်စက်မှုတွေကို ပြသနေသည်။

သူက

"ပင်းအာ၊ မင်းအစ်မ ပြောတာ မှန်တယ်။ ငါတို့ အခု သူတို့ကို လွှတ်ပေးလိုက်ရင် မနက်ဖြန် ငါတို့ဆီပြန်လာလိမ့်မယ်။ ငါတို့ဒီပြဿနာကို အခုအဆုံးသတ်ရမယ်"

ရှောင်လင်းယွင်သာ အိမ်ကထွက်သွားရင် ရဲတွေက သူတို့ဆီမကြာခင် ရောက်လာလိမ့်မည်။ လူသတ်မှုက သေးငယ်တဲ့ကိစ္စမဟုတ်ပေ။

ခန်လင်းမြို့မှာ သူတို့ရဲ့အဆက်အသွယ်တွေရှ်ိရင်တောင် လူသတ်ရန်ကြိုးပမ်းမှုလိုမျိုး ကြီးမားတဲ့တစ်စုံတစ်ခုကို လျစ်လျူမရှုနိုင်ပေ။ သူတို့ ထောင်ကနေလွတ်နိုင်ပေမယ့် ချန်မိသားစုက ဆိုးဆိုးရွားရွားထိခိုက်လိမ့်မည်။

ကောမိသားစုသာ ဒီအကြောင်းကြားသွားရင် သူတို့ဘယ်တော့မှ ကောချူးချူးကို ချန်မိသားစုကို လက်ထပ်ခွင့်ပြုမှာမဟုတ်တော့ပေ။

ကောမိသားစုရဲ့ အဆက်အသွယ်မပါဘဲနဲ့တော့ သူ့ရဲ့ရာထူးတိုးတာက အဝေးပျံထွက်သွားလိမ့်မည်။

ချန်ဖေပင်းက သူ့အဖေနဲ့ အစ်မကိုကြားပေမယ့် တုံ့တုံ့ဆိုင်းဆိုင်းနဲ့

"ဒါပေမယ့် အမေ..."

ချန်တာ့ဝေ့က သူ့လက်ကိုယမ်းပြလိုက်ပြီး 

"သူတို့သုံးယောက်ကို ကိုင်တွယ်ဖို့ သိပ်ကြာမှာမဟုတ်ဘူး။ သူတို့ကို စွပ်ပြုတ်ကျွေးပြီးရင် မင်းအမေကို ဆေးရုံမောင်းပို့မယ်။ ပြီးရင် ငါတို့ အပေါက်ကိုပိတ်ခဲ့ပြီး သူတို့ကိုဒီမှာ သေခဲ့ခိုင်းလိုက်မယ်"

ချန်မိသားစုရဲ့အိမ်က ကြီးမားသည်။ တံခါးတွေနဲ့ ပြတင်းပေါက်တွေအားလုံးကို လော့ချထားသည်။ ရှောင်လင်းယွင်နဲ့ သူ့သမီးတွေမှာ သော့မရှိပေ။ ဒါကြောင့် သူတို့မှာ ထွက်ပြေးဖို့ အခွင့်အရေးမရှိပေ။ ဒါ့ပြင် သူတို့က သီးခြားခွဲထားတဲ့ တစ်ထပ်အိမ်လေးမှာနေသည်။ ရှောင်လင်းယွင် ဘယ်လောက်ပဲအော်အော် ဘယ်သူမှ သူတို့ကိုကြားမှာမဟုတ်ပေ။

ချန်ဖေပင်းက ဒါကိုကြားပြီးတော့ ကြမ်း‌ပြင်ပေါ်က ကျိုးနေတဲ့လက်ကိုကြည့်လိုက်ပြီး သူ့သွားတွေကိုကြိတ်ကာ သဘောတူညီမှုနဲ့ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ!"

သူတို့က မာမေ့ရှင်းရဲ့ဒဏ်ရာကို နောက်ပို့ထားလိုက်သည်။ သူတို့ လူသတ်တာကို အရင်ပြီးဖို့လိုသည်။ ဒါက မာမေ့ရှင်းက သွေးဆုံးရှုံးပြီးသေသွားနိုင်တယ်လို့ ဆိုလိုမှန်းသိပေမယ့် သူတို့ဆက်ဂရုမစိုက်ခဲ့ပေ။

ဒီလူတွေက တကယ်သွေးအေးပြီး တစ်ကိုယ်ကောင်း‌ဆန်ကြသည်။

***