← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

တင်းရှသည် အေးခဲသွားပြီး အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ သူမမှာ အတိတ်က မှတ်ဉာဏ်မရှိပေ။

သူမသည် တမင်တကာ လျစ်လျူရှုခဲ့သော ဤမေးခွန်းကို ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရသည်။

သူမသည် ရှောင်ကျွင်း လေးနက်စွာ ချစ်ခဲ့သော တင်းရှ မဟုတ်ချေ။

သူမသည် အမည်မသိသော အကြောင်းတစ်ခုခုကြောင့် အခြားကမ္ဘာမှ ရောက်လာသော ဝိညာဉ်မျှသာဖြစ်သည်။ သူမကို တင်းရှ ဟုခေါ်သော်လည်း သူမသည် မူရင်း တင်းရှ မဟုတ်ပေ။

သူမသည် ရုတ်တရက် စိတ်တိုလာသည်။ "ကျွန်မ မမှတ်မိဘူး မသိဘူး"

"ရှင် ကျွန်မကို နှောက်ယှက်တာ ရပ်လို့ရမလား"

စာရင်းစာအုပ်ကိုပိတ်၌ ထရပ်ကာ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။

ရှောင်ကျွင်းသည် သူမ၏ နောက်ကျောကို ကြည့်ပြီး အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေသည်။

ကုတင်ပေါ်ထိုင်ရင်း တင်းရှသည် မကြာမီ နောင်တရသွားသည်။ သူမ ရှောင်ကျွင်းကို အဘယ်ကြောင့်အသံမာနဲ့​ပြောခဲ့တာလဲ။

ရှင်းပါတယ်... သူမ ရှောင်ကျွင်းအ​ပေါ် အမှားလုပ်ခဲ့တာ ထင်ရှားသည်။

ရှောင်ကျွင်းက သူ့လက်ထဲက နို့ကို မစားဘဲ ကြည့်ပြီး ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်သည်။

တစ်ယောက်တည်းသောက်ရတာ အဓိပ္ပါယ်ဘာမှမရှိဘူး။

ထိုညတွင် တင်းရှသည် ဟိုလိမ့်ဒီလိမ့်လှည့်၍ အိပ်မရပေ။ ပြတင်းပေါက်နားက တခြားကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ရှောင်ကျွင်းက သတိထားမိပြီး ထလာရင်း သူမခြေသလုံးကြွက်သားတွေကို ဆုပ်ကိုင်လိုက်ပြီး "ထပ်ပြီး ကြွက်တက်နေပြီလား?" ရပ်တန့်မနေဘဲ  တင်းရှ၏ ခြေသလုံးကြွက်သားကို ညင်သာစွာ စိတ်ရှည်စွာ နှိပ်နယ်ပေးသည်။

တင်းရှသည် ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။

သူမ တစ်ခုခု ပြောချင်ပေမယ့် သူမ မ​ပြောနိုင်ခင်မှာ ရှောင်ကျွင်းက ထူးဆန်းတဲ့ ဘာသာစကားဖြင့်​တေးဆို​နေ​သောအသံလေးကို ကြားလိုက်ရသည်။

ရှောင်ကျွင်း၏ မိခင်သည် လူမျိုးစုတစ်ခုမှဖြစ်သည်။ သူငယ်ငယ်တုန်းက သူမက သူအိပ်ပျော်သွားလောက်အောင် သီချင်းသီဆိုချော့မြူခံရရုံမျှသာကံကောင်းသည်။

သူ့အမေ ဘယ်လိုပုံစံလဲဆိုတာ မမှတ်မိတော့ပေမယ့် သူ့အိမ်မက်တွေထဲမှာ အဲ့ဒီသံစဥ်က ပျံ့လွင့်နေဆဲပင်ဖြစ်သည်။

တင်းရှ တဖြည်းဖြည်းအိပ်ပျော်သွားသည်။

သူမ၏ အိပ်မက်ထဲတွင် လူငယ်လေးတစ်ယောက်၊ ငိုနေသော သူ့မျက်နှာ၊ ကောက်ညှင်းကိတ်နှင့် ညဘက် ရွာဝင်ပေါက်တွင် ဆေးလိပ်သောက်နေသည့် ကောင်လေး၏ ပုံသဏ္ဌန်တွေ​တွေ့ရသည်။

အိပ်မက်က ရှည်လျားပြီး မှောင်မိုက်နေခဲ့သည်။

ဒါပေမယ့် နူးညံ့သိမ်မွေ့တဲ့ တေးသွားလေးက သူမကို တချိန်လုံး အ​ဖော်ပြုနေတာမို့ သူမ ကြောက်နေမှာ မဟုတ်ပါဘူး။

သူမနိုးလာတော့ အလင်းရောင်က လင်းစပြု​နေပြီ။ ရှောင်ကျွင်းလည်း ထပြီး ဈေးဝယ်ထွက်နေပြီ။

ကုတင်ပေါ်တွင်ထိုင်ရင်း တင်းရှ သည် အခြားကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့ ခံစားရသည်။ မျက်လုံးတွေကို ပွတ်သပ်ပြီး ဝမ်းဗိုက်ကို ဆန့်တန်းကာ ရေချိုးရင်းနဲ့ နောက်ဆုံး မီးဖိုချောင်ကို သွားသည်။

ရေခဲသေတ္တာသည် အနည်းငယ်ဗလာဖြစ်ပြီး အိမ်မက်ထဲတွင် သူမမြင်ဖူးသော ပဲနီလေးနှင့် နို့ချိုတစ်ခွက်သာရှိသည်။

ရှောင်ကျွင်းသည် ပြောင်းဆန်အချို့ကို ထုတ်ယူလိုက်သည်။

ရှောင်ကျွင်း အတွက် ပြောင်းဆန်မုန့်လုပ်ချင်တယ်။

ထိုအမှတ်တရကို သူမဘာကြောင့် အိပ်မက်မက်ခဲ့ရသည်ကို သူမ မသိသော်လည်း ရှောင်ကျွင်းသည် ပြောင်းဆန်မုန့်များကိုတွေ့လျှင် သူအလွန်ပျော်ရွှင်လိမ့်မည်ဟု တင်းရှ ခံစားမိသည်။

သူမသည် ပြောင်းဆန်စိမ်းကို ရေစိမ်ပြီး ဖယ်ထားလိုက်သည်။ တင်းရှသည် ကြက်ဥသုံးလုံးကိုယူကာ အနှစ်ထဲမှအဖြူများကို ခွဲထုတ်သည်။

သူမသည် ကြက်ဥအကာများကို သံပုရာရည်နှင့် သကြားဖြူတို့ဖြင့် လိုအပ်​သော အ​ခြေအ​နေအထိရောမွှေကာ ဖယ်ထားလိုက်သည်။

ထို့နောက် ရေစိမ်ထားသော ပြောင်းဆန်နှင့် ကြက်ဥအနှစ် ၃ လုံးကို Blender ထဲတွင် ပြောင်းဖူးဆီအနည်းငယ်ဖြင့် ရောမွှေကာ ချောမွေ့သော မုန့်နှစ်အဖြစ်သို့ ရောမွှေလိုက်သည်။

နောက်ဆုံးမှာတော့ ကြက်ဥအဖြူနဲ့ မုန့်အနှစ်ကို ပန်းကန်သေးသေးတစ်လုံးထဲမှာ ပေါင်းစပ်ပြီး စားပွဲပေါ်ကို တင်လိုက်သည်။

နောက်ဆုံးအနေနဲ့ အပေါ်ကနေ စပျစ်သီးခြောက်အနည်းငယ် ဖြူးသည်။

သူမရေကိုကျိုပြီး ဆူစေသည်။

သူမပြုတ်ပြီးသွားသည်နှင့် တံခါးဖွင့်သံကြားလိုက်ရပြီး ရှောင်ကျွင်း ပြန်လာခဲ့သည်။

မီးဖိုချောင်ထဲက ဆူညံသံတွေကြားတော့ သူ တိုက်ရိုက်သွားကြည့်တော့ ရေနွေးအိုးအဖုံးကို မြှောက်ထားရင်း နဖူးပေါ်ကနေ ချွေးတွေထွက်နေတဲ့ တင်းရှကို တွေ့လိုက်သည်။

"ကိုယ် လုပ်ပါရ​စေ၊ ကိုယ်လုပ်မယ်" ရှောင်ကျွင်းက အံ့အားသင့်သွားပြီး သူမအ​​ပေါ်မတော်တဆ အဖုံးပြုတ်ကျမှာကို ကြောက်၍​ပြောသည်။

တင်းရှက ပြုံးပြီး သူ့ကို အဖုံးကိုကိုင်ပေးဖို့ လက်ဟန်ပြသည်။

ရှောင်ကျွင်းက ဖွင့်ကြည့်လိုက်တော့ပျော့ပျောင်းနူးညံ့ပြီး ချိုမြိန်နေပုံ​ပေါ်တဲ့ ရွှေရောင်ပြောင်းကိတ်မုန့်တွေက  မြင်လိုက်ရသည်။

သူရုတ်တရက် စကားမပြောနိုင်ခဲ့ပေ။

တင်းရှက အစားအသောက်ကောင်းကောင်းစားရတာကြိုက်တယ်၊ ဟင်းချက်ရတာကြိုက်တယ်။ ဒါကြောင့် သူက သူမအတွက်ဟင်းပွဲတွေ ချက်ဖို့ တွေးနေမိမယ်။

ဒါပေမယ့် နှစ်တွေကြာအောင် သူစားခဲ့သမျှတွေထဲမှာ သူအကြိုက်ဆုံးအရာက ငယ်ငယ်ကစားခဲ့တဲ့ ပြောင်းဆန်မုန့်တွေပဲလေ။

ထိုချိုမြိန်သောအရသာသည် သူနှင့်အတူ ကြီးထွားလာကာ သူ့စိတ်ထဲသို့ စွဲနေပုံရသည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် သူဗိုက်ဆာတဲ့အချိန်တိုင်း ပထမဆုံးတွေးရတဲ့အရာက ဂျုံကိတ်မုန့်ပဲ။

"ကျွင်း" တင်းရှ သည် သူ့အ​တွေးထဲ​မျော​နေသည်ကို​ တွေ့သောအခါ သူ့ပခုံးကို ပုတ်လိုက်သည်။ 

ရှောင်ကျွင်းသည် ပြောင်းဆန်မုန့်များကို ထုတ်ယူပြီး လေးပုံတစ်ပုံ လှီးဖြတ်ရန် တွေးနေတာဖြစ်​ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

  တင်းရှက အပိုင်းတစ်ပိုင်း ယူနေတာကို မြင်တော့ သူလည်း တစ်ကိုက်စားလိုက်သည်။ "အရသာရှိတယ်။"

အရသာက သူ့မှတ်ဥာဏ်ထဲကနဲ့ အတူတူပဲ။

နူးညံ့ပျော့ပျောင်းလွန်းလှသည်။

ရှောင်ကျွင်း တင်းရှကို ကြည့်လိုက်သည်။

ဟိုတုန်းက ကောင်မလေးက အခုတော့သူ့မိန်းမ ဖြစ်​နေပြီ။

ဤအတွေးပေါ်လာသည်နှင့် တပြိုင်နက် သူ့နှလုံးသားထဲမှ ပီတိဖြာ ထွက်ပေါ်လာခြင်းကသူ ခြေလက်များ ပေါ့ပါးသွားစေသည်။

သူ့ဇနီး။

သူတို့နှစ်ယောက်ရဲ့ ဘ၀လေး။

သူတို့ နှစ်ယောက်။

တကယ့်ကို အံ့သြစရာပဲ။

ရှောင်ကျွင်းသည် ထိန်းချုပ်မရစွာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

မနက်စာစားပြီးနောက် ရှောင်ကျွင်းသည် တင်းရှကို စစ်ဆေးရန် သားဖွားဆေးရုံသို့ ပြန်ခေါ်သွားခဲ့သည်။

ဒီနေ့ လူသိပ်မများတဲ့အတွက် မကြာခင်မှာ 4D အာထရာဆောင်းရိုက်ဖို့ အခေါ်ခံရသည်။

ရှောင်ကျွင်းသည် တင်းရှ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမနောက်မှ လိုက်လာခဲ့သည်။ ဆရာဝန်က သူမ၏ ဖောင်းနေသော ဗိုက်ကို ပေါ်စေရန် အင်္ကျီကို လှန်ကာ ဗိုက်​ပေါ်သို့ ဂျယ်လီများလိမ်းကျံသည်။

ဆရာဝန်က ဓါတ်ပုံကို လက်ညှိုးထိုးပြပြီး "ဒါက ကလေးရဲ့ဦးခေါင်း၊ ဒီလက်လေးတွေပဲ၊ က​လေး အမေဝမ်းထဲမှာ ဒီလိုကွေးကွေး​လေးနေတယ်။ အရမ်းကျန်းမာတဲ့ကလေးဘဲ။" ဟုဆရာဝန်က ကောက်ချက်ချသည်။

လင်မယားနှစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဆေးရုံက ဆင်းတော့ ကလေးစတိုးဆိုင်တွေ တန်းစီနေတဲ့ အနီးနားက လမ်းတစ်လမ်းကို သွားကြသည်။

"ဘယ်ဟာဝယ်ရမလဲ" တင်းရှသည် အပြာရောင်နှင့် မီးခိုးရောင် ကလေးဝတ် ၀တ်စုံကို ကိုင်ဆောင်ထားပြီး နှစ်ယောက်စလုံး ချစ်စရာကောင်းသည်ဟု သူမခံစားမိသောကြောင့် အနည်းငယ် ဝေခွဲမရဖြစ်​နေခဲ့သည်။

"နှစ်ခုစလုံးယူရအောင်၊ နှစ်ခုလုံးယူ" ရှောင်ကျွင်းက ၎င်းတို့ကို စျေးဝယ်ခြင်းတောင်းထဲ တိုက်ရိုက်ထည့်သွားခဲ့သည်။

တင်းရှက နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြင်းတောင်းက ပစ္စည်းများ ပြည့်လုနီးပါး မြင့်နေတာ တွေ့လိုက်ရသည်။

သူမသည် အထူးသဖြင့် လှပသော ပန်းရောင်ဖိနပ်ကလေးတစ်ရံကို ယူပြီးမေးခဲ့သည်။ "ဒါကိုဘာလို့ဝယ်မှာ လဲ"

"ကိုယ်တို့ သမီးလေးဝတ်ဖို့!" ရှောင်ကျွင်းက အမှန်အတိုင်းပြောလိုက်သည်။

တင်းရှသည် သူတို့ကလေးကယောက်ျားလေးဟု ပြောရမလားဟု တွေးကာ တခဏမျှ အေးခဲသွားသည်။

ခြင်းတောင်းထဲတွင် ပန်းရောင်အဝတ်အစားများ၊ ဖိနပ်များ၊ ဘောင်းဘီများနှင့် အနှီးများစွာပါရှိသည်။

  ရှောင်ကျွင်းက စိတ်ချလက်ချ ခေါင်းညိတ်လိုက်ပြီး "WeChat မှာ သားဖွားဆရာမတစ်ယောက် အပ်ထားတယ်။သူမ ပြင်ဆင်စရာတွေ စာရင်းတွေ ပို့ပေးတယ်။ သူမပြောတဲ့အတိုင်း အကုန်ဝယ်ခဲ့တယ်"

တင်းရှသည် ပန်းရောင်ပါ​သောပစ္စည်းများကို ပြန်ထားလိုက်သည်။ "ယောက်ျားလေးဆိုရင်ကော၊ ရှင်က သူ့ကို ပန်းရောင်လေးဝတ်စေချင်တာလား"

ရှောင်ကျွင်းက သူမစကားတွေကို မယုံပေ။ "ကောင်လေးက မဖြစ်နိုင်ပါဘူး။ မိန်းကလေးပဲဖြစ်မယ်!"

တင်းရှသည် အဝါဖျော့ရောင် အဝတ်အစားအချို့ကို ကောက်ယူလိုက်သည်။ "ဒါတွေက ကောင်းပါတယ်၊ ကျား၊မ မရွေး အဆင်ပြေတယ်။"

ရှောင်ကျွင်းက တွန့်ဆုတ်စွာ အလျှော့ပေးလိုက်သည်။

အိမ်အပြန်လမ်းတွင် ရှောင်ကျွင်းသည် အိတ်ကြီးကြီးငယ်များကို ယူဆောင်သွားကာ အပိုပစ္စည်းများကို သူ့နောက်ကျောတွင် ချည်နှောင်ထားသည်။ သူ့ကြည့်ရတာ ဥစ္စာပစ္စည်းတွေနဲ့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်ယောက်နဲ့တူသည်။

ရှောင်ကျွင်းသည် နောက်​ကျောမှ ချောကျနေသော အထုပ်များကို ဆွဲရန် ရပ်လိုက်ပြီး ကားဝယ်သင့်သည်ဟု သူ့ကိုယ်သူ တွေးလိုက်သည်။ ဒီအတိုင်းဆို ကလေးမွေးပြီးရင် ပိုလို့တောင် အဆင်မပြေလောက်ဘူး။

ကံကောင်းစွာနဲ့ပဲ သူတို့ဆိုင်လေးက သားဖွားဆေးရုံနဲ့ မဝေးလှပေ။ ခဏလောက် လမ်းလျှောက်ပြီးရင် သူတို့ဆိုင်ရောက်လာခဲ့သည်။

အဝေးက သူတို့ တံခါးဝမှာ ခေါက်တုံ့​ခေါက်ပြန်လျှောက်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ တင်းရှက ယနေ့ပိတ်ကြောင်း မသိဘဲ လာခဲ့သည့် ဖောက်သည်တစ်ဦးဟု ယူဆခဲ့သည်။

အနီးနားကို ရောက်မှ လှမ်းကြည့်လိုက်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က တကျွမ်းကို တွေ့လိုက်ရတယ်။

တကျွမ်းသည် တံခါးအပြင်ဘက်တွင် လမ်း​လျှောက်​နေသည်။ "အစ်ကို" ဟု ခေါ်သံကြားရသည်။

သားဖွားအဝတ်အစားဝတ်ထားသည့်တင်းရှ ကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာသည် ဝိုင်းစက်နေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် ပိန်လှီနေဆဲဖြစ်သည်။ သူမရဲ့ အဝိုင်းဆုံး အစိတ်အပိုင်းကတော့ ကိုယ်ဝန်ဆောင် ဗိုက်ပင်။

ရှောင်ကျွင်း သည် သူ့နောက်တွင် ပစ္စည်းထုပ်ကြီးတစ်ခုကို ထမ်းထားသည်။

တင်းရှသည် တံခါးကိုဖွင့်ကာ ထိုင်ခိုင်းလိုက်သည်။ "ဒီနေ့ ဘာစားမလဲရှင့်"

တကျွမ်းက လှည့်ပတ်ကြည့်လိုက်သည်။ ဆိုင်သည် သူထင်ထားသည်ထက် ပိုကျယ်သည်၊ စားပွဲ ခုနစ်လုံး ရှစ်လုံးဖြင့် သပ်ရပ်သန့်ရှင်းစွာ စီစဉ်ပေးထားသည်။ အပြင်အဆင်သည် တရုတ်ရှေးဟောင်းပုံစံဖြစ်ပြီး ထူးခြားသော အမြင်အာရုံကို ပေးစွမ်းနေသည်။

သူ ကြုံရာကျပန်း ဝက်သားဟော့ပေါ့ကို မှာလိုက်သည်။ သို့မှသာ သူက "ငါ အကူအညီတောင်းစရာရှိလို့ လာခဲ့တာ" ဟု ရှက်ရွံ့စွာ ပြောခဲ့သည်။

"မင်းဆိုင်မှာ အလုပ်ခန့်ဖို့ မရှိဘူးလား"

All Chapters