← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

တင်းရှက စာရင်းစာအုပ်လေးကို ယူပြီး စာအုပ်ကိုဖွင်ကာ သူ့ရှေ့မှာဝမ်းသာအားရနဲ့ နံပါတ်ကို ညွှန်ပြသည်။ "ရှောင်ကျွင်း! ကြည့်စမ်း၊ ငါတို့ ပိုက်ဆံတွေအများကြီးရခဲ့တယ်"

"ကျွန်မတို့ အစက ခန့်မှန်းထားတာထက် ပိုများတယ်!"

ရှောင်ကျွင်းက အမြတ်ငွေကို ကြည့်ပြီး စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေတဲ့ သူမရဲ့ မျက်နှာလေးကို ကြည့်လိုက်တော့ သူ့ရင်ထဲမှာ စွဲနေတဲ့ စိတ်ဓာတ်ကျတဲ့ ခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သူဘယ်လောက်ပဲ မကြိုက်နေပါစေ သူမ ပျော်နေသရွေ့တော့ အ​ဆင်​ပြေသည်။

အဆိုးဆုံးကတော့...သူ သူမကို ပိုကောင်းအောင် ထားဖို့ ပိုကြိုးစားရမှာဖြစ်ပြီးအဲ့တာမှ ဘယ်သူမှ သူနဲ့နှိုင်းယှဉ်လို့မရမှာ။

ရှောင်ကျွင်း - "တင်းရှက တကယ်ကို အံ့ဩဖို့ကောင်းတယ်။ ငါတို့ အများကြီး ဝင်ငွေရတယ်!"

တင်းရှ သည် စာအုပ်ကို လက်မောင်းအောက်တွင် ညှပ်လိုက်ပြီး သူမ၏ လက်ချောင်းများကို စတင်ရေတွက်လိုက်သည်။

"ဟမ်၊ တကယ်က အဲ့လောက်ကြီးမဟုတ်ပါဘူး၊ ရှင့်အတွက် ကားဝယ်ရဦးမယ် အဝတ်အစားတွေ၊ အိမ်မှာ ပရိဘောဂနဲ့ အသုံးအဆောင်တွေ လိုသေးတယ်..."

"မကြာခင် ဆောင်းဦးနဲ့ ဆောင်းရာသီရောက်တော့မှာဆိုတော့ စောင်ထူထူတွေ၊ အဝတ်ထူထူတွေ အများကြီး ကျွန်မတို့ဝယ်ရဦးမယ်..."

တင်းရှ ပြောပြီးသည်နှင့် သူမ သက်ပြင်းချကာ "ငွေက တကယ် ရှာရမလွယ်ဘူးဘဲ..."

ရှောင်ကျွင်းက သူ့နှုတ်ခမ်းကို ဖိရင်း "ကိုယ် ရှာပေးပါ့မယ်"ဟု​ပြောသည်။

သူ့အမူအရာကိုမြင်တော့ တင်းရှက သူစိတ်မ​ကောင်းဖြစ်နေမှန်းသိပြီး သူ့မျက်နှာကို ပွတ်သပ်ရင်း "ကျွန်မသိပါတယ် ရှင့်ကိုယုံတယ်။ ကျွန်မတို့ အရင်ကထက် စီးပွား​ရေးအခုပိုကောင်းလာပြီး ပိုက်ဆံလည်း ချွေတာနိုင်ပါတယ်"

ရှောင်ကျွင်းက သဘောတူကြောင်း ပြောသော်လည်း သူသည် နောက်ထပ် ငွေရှာနည်းကို စဉ်းစားနေသည်။

တင်းရှ သည် သူမဗိုက်ပို၍ လေးလာသည်နှင့် သူမသည် မကြာခဏ မွန်းတည့်ချိန်အထိ မထဘဲအိပ်သည်။

ခယ်မကျွမ်းသည် ဧည့်ခန်းရှိ စားပွဲထိုးအလုပ်တွင် ပါဝင်ခဲ့ပြီး အလုပ်အားသည့်အချိန်တွင် မကြာခဏ ပန်းကန်ဆေးပေးသည်။

သူမသည် ဤအလုပ်မျိုးကို လုပ်​နေကျဖြစ်၍ အလွန်သပ်ရပ်ပြီး အချိန်မြန်ပြီးသည်။

အန်တီ ကျွမ်းက စောစောက မီးဖိုချောင်မှာ အစားအသောက်ပြင်ဆင်ဖို့ ကူညီခဲ့ပြီး ငွေစာရင်းရှင်းပေးဖို့ ကောင်တာဆီကို သွားခဲ့တယ်။ ရှောင်ကျွင်း သတိပြုမိသည်မှာ သူမသည် ငွေတောင်းခံလွှာများကို အလွန်လျင်မြန်စွာ တွက်ချက်ပြီး အမှားအယွင်းမရှိသ​လောက် ဖြစ်သည်။

"သူဌေး၊ ကျွန်မပြောချင်တာတစ်ခုရှိတယ်" လို့ သူမအသီးအရွက်တွေကို ဆေးကြောရင်း မဝံ့မရဲနဲ့ ပြောပါတယ်။

ရှောင်ကျွင်းက သူမဘေးနားက အာလူးတွေကို လှီးဖြတ်ရင်း "ပြောပါ" ဟုဆိုသည်။

"မကြာခင် ဆောင်းဦးပေါက်တော့မယ်၊ သူဌေးမရဲ့ဗိုက်က ပိုကြီးလာပြီ။ သူ့အနွေးထည်တွေဝယ်ဖို့ အချိန်တန်ပြီ" ဟုအန်တီကျွမ်းက ဒီအ​ကြောင်းကို ပြောချင်ပေမယ့်ပြောရန် သတ္တိမရှိခဲ့သည်မှာ အ​တော်ကြာပြီပင်။

“ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်နှောင်းပိုင်းတွေမှာ ပိုပိုပြီး အဆင်မပြေဖြစ်လာတယ်။ ကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေ အများကြီးရှိတယ်၊ အဲဒီ ကူရှင်နဲ့ ခေါင်းအုံးတွေကအစ အားလုံးအဆင်သင့်ဖြစ်ဖို့လိုတယ်”

ရှောင်ကျွင်းသည် တင်းရှ၏ လိုအပ်ချက်များကို ကြားသောအခါ ဂရုတစိုက် နားထောင်ခဲ့သည်။ "ဘာဝယ်ရမလဲဆိုတာ စာရင်းရေးထား​ပေးပါ။ ကျွန်​တော်အချိန်ရရင် ဒီနေ့လည်သွား၀ယ်လိုက်မယ်။"

ထို့နောက်တွင် အန်တီ ကျွမ်းက ပြုံး၍ သက်ပြင်းချကာ "ကောင်းပြီ၊ ငါဒီမှာပြီးရင် မင်းအတွက် ရေးပေးမယ်။"

ရှောင်ကျွင်းက သူကြည့်ရသလောက် တင်းမာပုံမပေါ်တာကို မြင်လိုက်ရတော့ သူမက ပေါ့ပေါ့ပါးပါး စကားပြောရဲသည်။ "သူဌေးကတော်က အခု ကိုယ်ဝန် ငါးလ ခြောက်လလောက်ရှိပြီထင်တယ်"

"ခြောက်လလောက်ရှိပြီ" ရှောင်ကျွင်း၏ အမူအရာမှာ အလိုအလျောက် ပျော့ပြောင်းသွားသည်။ သူနှင့် တင်းရှ သည် သူတို့ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အို အမျိုးသမီး ဆွေမျိုးများကို မတွေ့ဖူးသောကြောင့် တစ်ချိန်လုံး သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ပူနေခဲ့သည်။

ယခုတွင် တစ်စုံတစ်ယောက်သည် ၎င်းအကြောင်းကို ပိုမိုပြောဆိုလိုစိတ်ရှိပြီး သူသည်လည်းနားထောင်လိုစိတ် ရှိနေသည်။

"သူဌေးကတော်က အရမ်းပိန်တယ်" အန်တီ ကျွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ "မနက်ပိုင်းပျို့အန်ခြင်းက အရမ်းဆိုးတာလား"

"သူမက ဒီရက်​တွေထဲ စားသမျှကို ပြန်အန်တယ်။ ချဉ်တဲ့ ဇီးသီးစားတာကိုပဲ ကြိုက်တယ်" ရှောင်ကျွင်း လည်း စိတ်ရှုပ်သွားသည်။

နောက်ပိုင်းတွင် တင်းရှသည် အဆီပြန်သော အငွေ့များကို အနံ့ခံတဲ့ဆိုင်တွင် ထိုင်ခွင့်မပေးတော့ဘဲ အပြင်ဘက်ကထိုင်ခုံသို့ ရွှေ့ထိုင်ခိုင်းသည်။ "အခုတော့ ပိုကောင်းလာပေမယ့် နည်းနည်းစားပြီးရင် ဗိုက်ပြည့်သွားပြီလို့ ပြောတယ်။"

"အချဉ်စားချင်နေတာလား အဲ့ဒါဆိုက​လေးကကောင်လေးဖြစ်နိုင်တယ်။" အန်တီ ကျွမ်းက ပြောခဲ့သည်။

"ဒါပေမယ့် ကိုယ်ဝန်ပျို့အန်ခြင်းကို ဘာနဲ့မှမတားဆီးနိုင်ဘူး။ သူမအတွက် အစာများများစားဖို့၊ တတ်နိုင်သမျှ စားဝင်အောင်၊ သူ့ခန္ဓာကိုယ်နဲ့ ကလေးအတွက် မင်းသင့်တော်တဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားသင့်ပါတယ်။"

ရှောင်ကျွင်းက သဘောတူပြီး ဘာလုပ်ရမယ်ဆိုတာ တွေးနေခဲ့သည်။

အန်တီ ကျွမ်း - "အင်း၊ မနေ့က အပြင်မှာ နွားနို့ လာပေးနေတဲ့ သူတစ်ယောက် ကြားလိုက်ရတယ်။ သူဌေး၊ သူဌေးကတော် အတွက် နွားနို့ မှာထားတာလား"

ရှောင်ကျွင်း ခေါင်းယမ်းလိုက်သည်။ "ကျွန်တော် သူမအတွက် ရယ်ဒီမိတ်နွားနို့ဗူးကိုဘဲ အမြဲဝယ်ပေးတယ်"

အန်တီ ကျွမ်းက ချက်ချင်းပဲ ခေါင်းယမ်းလိုက်သည်။ "အဲဒါက အဆင်မပြေဘူး။ နို့စားလယ်သမားတွေရဲ့ လတ်ဆတ်တဲ့နို့မျိုးကို နေ့တိုင်းသောက်ရမယ်။ အဲ့တာကအပေါ်မှာ နို့အနှစ်လေးနဲ့ အနံ့မွှေးမွှေးလေးပြုတ်တဲ့အခါလည်း အရသာရှိတယ်၊ "

ရှောင်ကျွင်းက မှတ်စုတစ်ခု ထုတ်လိုက်သည်။ "ဒါပြီးရင် ကျွန်​တော်သွားမေးပြီး တင်းရှ အတွက် နို့မှာထားလိုက်မယ်"

ထိုမှသာ အန်တီ ကျွမ်း ယသည် သူမ၏ အသီးအရွက် ကိုင်ထား​သော လက်များကို ပျော်ရွှင်စွာရေခါလိုက်သည်။ "ဒါမှ​ပေါ့၊ နို့များများသောက်တာက ကလေးကိုအသားအရေလှပပြီး အရပ်ရှည်စေတယ်။ "

ရှောင်ကျွင်းသည် ကလေးလေး၏ ပုံသဏ္ဌာန်ကို စိတ်ကူးယဉ်နိုင်မှအပ မတတ်နိုင်ချေ။ တစ်စုံတစ်ခုကို တွေးမိ၍ သူ့အပြုံးတစ်ချက်ပေါ်လာသည်။

အန်တီ ကျွမ်းက "မင်းတို့နှစ်ယောက်လုံးက အရမ်းကြည့်ကောင်းတာပဲ၊ ဒီကလေးက ပိုတောင်ချောလာမှာ သေချာတယ်" ဟု​ပြောသည်။

မရီး ကျွမ်းက တံခါးကန့်လန့်ကာကို မလိုက်သည်။ "ငါးအရသာ ဝက်သားတစ်ပွဲနဲ့ ထမင်းတစ်ပန်းကန်"

"နားလည်ပါပြီ။" ရှောင်ကျွင်းသည် ဗန်းထဲမှ သူလိုအပ်သော ပါဝင်ပစ္စည်းများဖြစ်သော ဝက်သားများ၊ ထင်းနားရွက်မှိုအစိတ် အပိုင်းများ၊ ငရုတ်ကောင်းအစိမ်းမှုန့်နှင့် မုန်လာဥနီ အစိတ်စိတ်အမြွှာမြွှာကို ကျွမ်းကျင်စွာ ရွေးထုတ်ကာ မျှစ်အစိတ်စိတ်အမြွှာမြွှာ အနည်းငယ်ကိုလည်း ထည့်ထားသည်။

သူက ဝက်သားကို ဆား၊ ပြောင်းဖူးမှုန့်၊ ပဲငံပြာရည်အပျော့စားနဲ့ ဆန်ဝိုင်တို့နဲ့ ခဏလေး နှပ်ပြီး ငါးအရသာ ငံပြာရည်ကို တကယ့်ငါးမသုံးဘဲ လုပ်သည်။

ဝက်သားတုံးများကို ဆီပူပူတွင် မွှေပြီး အရောင်ဖြူသွားသည်အထိ ကြော်ပြီး ဖယ်ထားသည်။ ကျန်ဆီများကို အသုံးပြု၍ ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ ဂျင်း နှင့် ကြက်သွန်ဖြူတို့ကို မွှေးလာသည်အထိ မွှေပြီး ဆီနီရရန် ပဲတောင့်ရှည်များကို ထည့်သည်။

အသီးအရွက်များ ပျော့သွားသည်အထိ မွှေကြော်ပြီးနောက် ဝက်သားတုံးများကို အိုးထဲသို့ ပြန်ထည့်ကာ ငါးအရသာ ဆော့စ်ကို လောင်းထည့်ကာ အနည်းငယ် မွှေပေးသည်။

ချိုစပ်သော ငါးအရသာ ဝက်သားတုံးများ အဆင်သင့်ဖြစ်ပြီပင်။

အန်တီ ကျွမ်းက ထမင်းတစ်ပန်းကန် ထည့်တယ်။ ပန်းကန်တွေ ယူပြီးထွက်လာရာ ဆိုင်မှာ ဖြူဖျော့ဖျော့ဖျော့ အဝတ်၀တ်ထား​သော ဆယ်ကျော်သက်ဖောက်သည်တစ်ယောက်ပဲရှိသည်။

စားပွဲမှာ စိုးရွံ့စွာ ဝင်ထိုင်လိုက်သည်။ ငါးအရသာရှိသော ဝက်သားတုံးများသည် မီနူးတွင် စျေးအသက်သာဆုံး ဖြစ်သည်။

ဝမ်တုန်းဆီမှ ဤနေရာတွင် အစားအသောက် မည်မျှ အရသာရှိသည်ကို ကြိမ်ဖန်များစွာ ကြားသိခဲ့ရပြီး သူလည်း ဤနေရာတွင် တစ်ကြိမ်စားချင်ခဲ့သည်။

အန်တီ ကျွမ်းက ထမင်းနဲ့ ပန်းကန်ကို သူ့ရှေ့မှာတင်လိုက်တယ်။ "အစားအသောက်တွေ အဆင်သင့်ဖြစ်ပါပြီ။"

သူအရမ်းလန့်သွားပြီး "ကျေး...ကျေးဇူးပါ"ဟု​ပြောထွက်သွားသည်။

အန်တီ ကျွမ်းက ကလေးတွေကို သဘောကျသည်။ သူပြန်ဖြေသည်နှင့် သူ့ ဆံပင်ကို သူမ ပွတ်၍ ဖွလိုက်သည်။ "ပူနေချိန် မြန်မြန်စားနော်။ ဆိုင်မှာ ကြက်ဥစွပ်ပြုတ် အခမဲ့ယူလို့ရတယ်၊ မင်းထမင်းစားရင်း မနင်​အောင်ယူ​သောက်ပါ" သူမဘေးနားရှိ သတ္တုပုံးကို ညွှန်ပြသည်။

ကောင်လေး မျက်လုံးတွေ တောက်ပလာတယ်။အစားကတကယ်အများကြီးရတယ်၊  ဟင်းချိုလည်း အခမဲ့ ရတယ်ဗဆို​တော့ သူလိုက်ပွဲပါ ကျိန်းသေ​ပေါက်မှာစားမည်။..

သူ့တူကို စိတ်လှုပ်ရှားစွာ ကောက်ကိုင်လိုက်ပြီး မစားခင်မှာလှိုက်လှိုက်လှဲလှဲ သူမကို ကျေးဇူးတင်ကြောင်း အမြန်ပြောလိုက်သည်။

မွှေးပြီး စပ်တဲ့ အရသာက ထမင်းနဲ့ အရမ်းစားတယ်။ ကောင်လေးက စားနေရင်း ပါးစပ်ထဲ တံတွေးတွေကို အများကြီးထွက်လာသလို ခံစားလိုက်ရသည်။

သူ နင်သွားမှာကြောက်လို့ အန်တီ ကျွမ်းက သူ့ကို ရေနွေးပူတစ်ခွက်နဲ့ ဟင်းတစ်ခွက် ယူလာပေးခဲ့သည်။

"သနားစရာ ကလေး" အန်တီ ကျွမ်းက တောက်တစ်ချက်​ခေါက်လိုက်ပြီး မီးဖိုချောင်ဘက် မပြန်ဘဲ တံခါးဝမှာ ရပ်နေကာ ယောင်းမ ကျွမ်းနဲ့ တိုးတိုးလေး စကားစမြည်ပြောနေသည်။

"သူဘယ်လောက်ဗိုက်ဆာနေလဲ ကြည့်စမ်းပါဦး။ အိမ်မှာ လူကြီးတွေက​လေးကို ထမင်းမ​ကျွေးဘဲဘာတွေလုပ်နေကြတာလဲ မသိဘူး"

ခယ်မ ကျွမ်းလည်း သနားစိတ်ဖြင့် ခေါင်းခါခဲ့သည်။

နောက်ဆုံးတော့ ကောင်လေးက သူ့ပန်းကန်ထဲတစ်ခုမှမကျန်​အောင် ကျန်​နေတဲ့ထမင်းကိုခြစ်စားပြီးအ​ပြောင်ရှင်းလိုက်သည်။ ဟင်းရည် ပန်းကန် သုံးလေးလုံး သောက်ပြီးနောက် ပါးစပ်ကို ရှက်ကိုးရှက်ကန်း သုတ်လိုက်သည်။

အန်တီ ကျွမ်းက ငွေရှင်းဖို့ ရောက်လာတဲ့သူကို ကြင်နာစွာ ပြုံးပြတယ်။ "လိုက်ပွဲ ယူဦးမလား?"

"ပြည့်ပါပြီ ကျေးဇူးတင်ပါတယ်" ကောင်လေးက ခေါင်းညိတ်ပြသည်။ "စုစုပေါင်း ဘယ်လောက်လဲ။"

"စုစုပေါင်း ဆယ့်ခြောက်။" အန်တီ ကျွမ်းက ပြောပါတယ်။

"ထမင်းနှစ်ပန်းကန်စားခဲ့တယ်" ကောင်လေးက အိတ်ကပ်ထဲက ၁၀ ယွမ်ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူလိုက်တယ်။ "ဆယ့်ရှစ်ဒေါ်လာကျရမှာပါ"

အန်တီ ကျွမ်းက သူ့ကို လေးဒေါ်လာ အမ်းပေးခဲ့သည်။ "ဒီမှာ ထမင်းဖိုးက ပန်းကန်နဲ့​ ကောက်တာမဟုတ်ဘူး၊ လူတစ်ဦးကို နှစ်ဒေါ်လာနဲ့​ကောက်တာ"

အဲဒါမှ ကောင်လေးက ပြန်အမ်းပိုက်ဆံယူသွားတယ်။

ထိုအချိန်မှစ၍ ကောင်လေးသည် သုံးရက်တစ်ကြိမ် လာခဲ့သည်။ အဲ့​တော့မှအန်တီ ကျွမ်းက သူ့နာမည်ကိုသိသည်။ နာမည်က စီလီ၊ အလယ်တန်းကျောင်းသား။

သူသည် ဝမ်တုန်းနှင့် သူငယ်ချင်းကောင်းဖြစ်သည်။ စီလီ၏ မိသားစု အခြေအနေ မ​ကောင်းသောကြောင့် ဝမ်တုန်းသည် သူ့ကိုထမင်းကျွေးမွေးရန် နည်းလမ်းများကို မကြာခဏ ရှာသည်။

သူ့အမေက သူ့ကို လက်မထပ်ဘဲ မွေးကာ သူ့ကိုရပြီးနောက် သူမက နေ့တိုင်းအရက်သောက်သည်။ အိမ်တွင် ရွှံ့နွံကဲ့သို့ ပြန့်ကျဲနေသော အမူးလွန်နေသော မိခင်ဖြစ်သူကို စီလီ မကြာခဏ တွေ့ဖူးသည်။

သူ့အမေကို ပြုစုပေးရမှာတင်မကဘဲ သူတို့ရဲ့ စားဝတ်နေရေးစရိတ်ကိုလည်း တာဝန်ယူခဲ့ရသည်။

ငယ်ရွယ်စဉ်တွင် သူနှင့် သူ့အမေအတွက် ငွေရှာရန် စာသင်ချိန်နှင့် အလုပ်များကို ညီမျှ​အောင်လုပ်ကိုင်ခဲ့ရသည်။

ပညာရေးသည် ကံကြမ္မာကို ပြောင်းလဲစေနိုင်ကြောင်း သူသိသောကြောင့် အမြဲပင် ကြိုးကြိုးစားစား လုံ့လစိုက်ထုတ်ခဲ့သည်။

ဒါပေမယ့် ကြီးထွားလာတဲ့ ကောင်လေးတွေက မြန်မြန် ဗိုက်ဆာတယ်။ သူ့ရဲ့နေ့စဉ်စီစဉ်ထားတဲ့ အစားအသောက် ဘတ်ဂျက်က ဘယ်တော့မှ မလုံလောက်သလို ဗိုက်ထဲက ဆာလောင်တဲ့ဝေဒနာကိုလည်း မကြာခဏ ခံခဲ့ရသည်။

ဝမ်တုန်း က သူ့ကို ဒီဆိုင်မှာ စျေးသက်သာတဲ့ အစားအစာ ကောင်းကောင်းတွေ ရတယ် ဟု​ပြောသည်။ စီလဲ့သည် ရက်အတော်ကြာ ဒဏ်ကိုသည်းခံရှိသော်လည်း နောက်ပိုင်းတွင်မခံနိုင်​တော့​ချေ။အရသာမည်မျှပင် ဖြစ်​စေကာမူ စျေးတန်ပြီးအများအပြားစားရသ​ရွှေ့ သူ မမှု့ပါ။

သူ့စကားကိုနားထောင်ပြီးနောက် အန်တီ ကျွမ်း က ငိုပြီး သူမကိုယ်ပိုင်ငွေစုပေးဖို့ ကြိုးစားပေမယ့် စီလီက လက်မခံခဲ့ပေ။

အန်တီ ကျွမ်း သည် တင်းရှနှင့် ရှောင်ကျွင်းတို့ကို ထိုအ​ကြောင်းပြောပြခဲ့သည်။ ထိုနေ့မှ စ၍ စီလဲ့၏ အစားအ​သောက်များသည် ပို၍ များလာပြီး တစ်ခါတစ်ရံ ပါဆယ်များပါ ပါသွားလေ့ရှိသည်။

စီလဲ့သည် သူဌေးက သူ့ကို လုပ်ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပြီး တစ်နေ့နေ့တွင် သူတို့၏ ကြင်နာမှုကို ပြန်ဆပ်မည်ဟု ကျိန်ဆိုခဲ့သည်။

ဆောင်းဦးလေက ဝေ့ဝဲပြီး ညှိုးနွမ်းနေသော အဝါရောင်သစ်ရွက်များကို ဖြိုချပစ်လိုက်သည်။ ရာသီဥတုက တစ်ညလုံး ရုတ်တရက် အေးသွားသလိုပဲ။ တင်းရှသည် ထူထဲသော သိုးမွှေးဘောင်းဘီနှင့် ထူထဲသော သားဖွားစကတ်ကို နွေးနွေးထွေးထွေး ဝတ်ထားသည်။

ညနေခင်းတွင် အဒေါ်ကျွမ်းနှင့် စာရင်းကြည့်ပြီး ဆိုင်ပိတ်ခါနီးတွင် တင်းရှသည် တံခါးထောင့်၌ အနက်ရောင်အရာတစ်ခုကို တွေ့လိုက်ရသည်။

တင်းရှသည် အနီးကပ်ကြည့်သောအခါ မူးလဲနေသော ကလေးတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

All Chapters