အခန်း (၁၉)
Vol. 2 Ch. 19
တင်းရှသည် သူမဗိုက်ကို ပွေ့ဖက်ထားကာ မငုံ့နိုင်သောကြောင့် ထိုအရာကို ကလေးဟုတ်မဟုတ်ကို အမြန်ကြည့်ရန် အန်တီကျွမ်းကို မေးလိုက်သည်။
အန်တီကျွမ်းသည် ထိုအရာကို မြေပြင်မှ ကောက်ယူရန် စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ ကလေးက သုံးလေးနှစ်လောက် သာရှိသေးသည်။ သူ့အဝတ်အစားတွေက ညစ်ပတ်နေပြီး သူ့မျက်နှာကလည်း calico ကြောင်လို ညစ်ပတ်နေတယ်။
အန်တီကျွမ်းသည် ကလေးကို အိမ်ထဲသို့ ခေါ်သွားသည်။ တင်းရှသည် ကျယ်လောင်သော အသံဖြင့် ရှောင်ကျွင်းကို ခေါ်ခဲ့သည်။
"ဒီကလေးက ဘယ်ကလာတာလဲ။" ရှောင်ကျွင်း အံ့သြသွားသည်။
"တံခါးရှေ့ကနေ တွေ့တာ" တင်းရှက သူ့အကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း စိတ်နဲ့လူမကပ်စွာ ပြောလိုက်သည်။
ကိုယ်ဝန်ဆောင်မိခင်များသည် ကလေးငယ်များ ဒုက္ခရောက်သည်ကို မမြင်နိုင်ပေ။ ဒီလိုကလေးလေးကိုမြင်လိုက်ရတော့ သူမ နှလုံးက နာလာတယ်။
ရှောင်ကျွင်းက သူမ ခေါင်းကိုပုတ်ပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့ အန်တီနဲ့ ကိုယ် သူ့ကို ဆေးရုံပို့လိုက်မယ်။ မင်းနဲ့ မရီးတို့ အိမ်မှာပဲ စောင့်နေနော်။ ကိုယ် ဖုန်းဆက်လိုက်မယ်။"
သူမပါအတူလိုက်ရင် ရှောင်ကျွင်း စိတ်ပူစေမယ်ဆိုတာ တင်းရှသိထားတာကြောင့် "ရှင် ကျွန်မကို ဖုန်းဆက်ရမယ်" ဟု ဝန်လေးစွာ သဘောတူလိုက်သည်။
ရှောင်ကျွင်းက ကတိပေးလိုက်ပြီး အန်တီကျွမ်း သည် ကလေး၏အဝတ်အစားများ ပါးသည်ကို တွေ့လိုက်ရသည်။ အခန်းထဲပြန်ဝင်သွားပြီး စောင်ကိုယူပြီးသူမလက်နှစ်ဖက်ထဲတွင် သူ့ကိုပွေ့ထားရင်း "သနားစရာလေးဘဲ။ အရမ်းအေးတာကို သူက အ၀တ်ပါးတစ်ထည်ပဲဝတ်ထားတာ"
ရှောင်ကျွင်းက အဌားကား ခေါ်လိုက်သည်။ တင်းရှ က သူ့ရဲ့ မိုဘိုင်းလ်ဖုန်းထဲကို ယွမ် ၂၀၀၀၀ လွှဲပေးခဲ့ပြီးပြောသည်။ "ဒါက ဆေးဖိုးအတွက်။ မလောက်ရင် ပြော"
ရှောင်ကျွင်းသည် သူမနဖူးကို နမ်းလိုက်ပြီး "သိပါတယ်၊ အိမ်မှာ သိပ်စိတ်မပူပါနဲ့"
ကားရောက်လာပြီး ရှောင်ကျွင်းက တင်းရှကို ဝှေ့ယမ်းနှုတ်ဆက်ပြီး အန်တီကျွမ်းကို ကားထဲ ခေါ်ဆောင်ကာ အနီးဆုံး ကလေးအထူးကု ဆေးရုံဆီ ဦးတည်သွားခဲ့သည်။
အန်တီကျွမ်းသူ့ကို အကြာကြီး မချီနိုင်ပေ။ ရှောင်ကျွင်းက ကလေးကိုချီပြီး အရေးပေါ်ဌာနသို့ ပြေးသွားသည်။ "ဟယ်လို၊ ဒီကလေး မူးလဲသွားလို့"
သူနာပြုဆရာမလေးသည် ကလေးကို ကုတင်ပေါ်သို့ အလျင်အမြန် ခေါ်သွားပြီး လှဲချလိုက်သည်။ အခြားသူနာပြုဆရာမက ဆရာဝန်ကိုခေါ်ဖို့ ပြေးခဲ့သည်။
ရှောင်ကျွင်းက သက်ပြင်းတစ်ချက်ချကာ အန်တီကျွမ်းနှင့်အတူ ငြိမ်သက်စွာ ရပ်နေလိုက်သည်။
"ဘာမှ မစိုးရိမ်ရဘူး၊ ဗိုက်ဆာနေတာကြောင့်ပါ" လို့ စစ်ဆေးဖို့ ရောက်လာတဲ့ဆရာဝန်က ပြောခဲ့သည်။
"သွေးစစ်မှုလုပ်ပါ၊ IV အရည်အချို့ ချိတ်လိုက်၊ ခဏကြာပြီးရင် သူနိုးလာလိမ့်မယ်"
ဆရာဝန်က ရှောင်ကျွင်းကို "မင်းက ကလေးရဲ့ မိသားစုလား။ အခကြေးငွေပေးပြီး ကလေးအတွက် ဆေးမှတ်တမ်းတစ်ခု ပြုလုပ်ပေးပါ"
ရှောင်ကျွင်း - "ဒီကလေးကို ငါမသိဘူး၊ ဆိုင်တံခါးမှာ မူးလဲလို့ သူ့ကို ဆေးရုံ ခေါ်လာတာ။ အခကြေးငွေက ပြဿနာမရှိပါဘူး၊ ဒါပေမယ့် ဆေးမှတ်တမ်းက သူနိုးလာပြီး သူ့နာမည်မေးတဲ့အချိန်အထိ စောင့်ရလိမ့်မယ်။"
ဆရာဝန်က သူ့မျက်မှန်ကို တွန်းလိုက်ပြီး "ဒါဆို အလျင်လိုမလိုပါဘူး၊ ဘာလို့ ခဏမထိုင်တာလဲ"
"ကလေးနိုးလာတဲ့အခါ သူ့မိဘတွေကို ဆက်သွယ်နိုင်မလား ကြည့်ရအောင်။"
ရှောင်ကျွင်း သဘောတူပြီး အခကြေးငွေကို ဦးစွာပေးဆောင်ရန် သွားခဲ့သည်။
အလုပ်ပြီးတာနဲ့ ဆရာဝန်ပြန်လာတော့ သူ့လက်ထဲမှာ ပြေစာတစ်အုပ်ကိုကြည့်ပြီး အခကြေးငွေပေးချေပြီးကြောင်းသိလိုက်သည်။ သူ ကျွတ်တစ်ချက်ထိုးလိုက်သည်။
"သူ့မိဘတွေ လာပေးမယ့်အချိန်အထိ စောင့်လို့ရပါတယ်။ မင်းကိုယ်တိုင် အရင်ပေးစရာမလိုပါဘူး။"
သူက သဘောထားမကြီးတာမဟုတ်ဘူး၊ ဒါပေမယ့် အရင်က ဆေးဖိုးရှောင်တဲ့ မိဘတွေကို သူတကယ် တွေ့ဖူးတယ်။
ထိုလူငယ်သည် ချမ်းသာပုံမပေါ်သည်ကို မြင်သဖြင့် သူလှည့်စားမခံရအောင်ပြောသည်။ ထို့အပြင် ကလေး၏ ညစ်ပတ်သော အဝတ်အစားများကို ကြည့်ပြီး ဆာလောင်မှုကြောင့် မူးလဲသွားခြင်းကြောင့် သူ့မိဘများသည် လူကောင်း မဖြစ်နိုင်ပေ။
ရှောင်ကျွင်း ခေါင်းခါလိုက်သည်။ "ငါအရင် ပိုက်ဆံပေးပြီးပြီ"
ကလေးရဲ့ မိဘတွေကို ရှာတွေ့ဖို့ သူ့မှာ မျှော်လင့်ချက် သိပ်မရှိဘူး။ ဘာပဲဖြစ်ဖြစ် ဆေးရုံကို ငွေရှင်းခွင့် မပေးနိုင်ဘူး။
သူက ကြင်နာတာမဟုတ်ဘူး၊ တင်းရှက မွေးမယ့်အချိန်ကျ ဆေးရုံက သူတို့ကို စိတ်ဆိုးကလဲ့စားချေမှာကို ကြောက်တာ။
မဖြစ်နိုင်မှန်း သူသိသော်လည်း အဓိပ္ပါယ်မဲ့သော တွေးခေါ်မှုများကို မတွေးရန်မတတ်နိုင်ပေ။
ရှောင်ကျွင်းက တင်းရှကို အသေးစိတ် အချက်အလက်တွေကို သူ့ဖုန်းထဲကနေ ပို့ပေးခဲ့ပါသည်။ အန်တီကျွမ်းက တစ်ရူးအစိုကို ငှားပြီး ရေနွေးနွေးလေးစိမ်ပြီး ကလေးမျက်နှာကို သုတ်လိုက်သည်။
"အိုး..ဘယ်လိုတောင်ချောမောလှတဲ့ကလေးလဲ!" သူ့မျက်နှာကို သန့်သန့်ရှင်းရှင်းလေး သုတ်လိုက်သည်နှင့် ကလေးလေး၏ မျက်နှာက ထင်ရှားလာသည်။
အန်တီကျွမ်းက ဆေးမထိုးရသေးသော သူ့လက်ကို သုတ်လိုက်ပြီး "နောက်မှ တင်းရှကို ဒီချစ်စရာကောင်းတဲ့ ကောင်လေးကို မြင်ခိုင်းရမယ်၊ သူမလည်း ဒီလို ရုပ်ချောတဲ့ ကလေးလေးကို မွေးပေးနိုင်ရင် အရမ်းကောင်းမှာပဲ"
သူမဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ရွာမှာပျံ့နှံ့နေတဲ့ ကောလာဟလအချို့အကြောင်း ရှောင်ကျွင်းနဲ့ စကားပြောခဲ့သည်။
စပျစ်သီးများများစားတဲ့ ကိုယ်ဝန်ဆောင်ကြောင့် သူမကလေးရဲ့ မျက်လုံးက ပိုကြီးလာမယ်...
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက လှပတဲ့လူတွေကို ပိုကြည့်ရင် ကလေးကလည်း ပိုကြည့်ကောင်းလာမှာ....
ရှောင်ကျွင်းက စိတ်ဝင်တစား နားထောင်ခဲ့သည်။
ရှောင်ရှီထို့သည် နွေးထွေးသော နေရာတွင် လဲလျောင်းနေသကဲ့သို့ ခံစားရသည်။ သူ့ဗိုက်က သိပ်မဆာတော့ဘူးလို့တောင် ခံစားရတယ်။
အစ်ကိုများလား?
အစ်ကို ငါ့ကိုရှာတွေ့ပြီး အိမ်ကိုခေါ်ခဲ့တာလား။
မျက်လုံးဖွင့်လိုက်တော့ နှင်းဖြူရောင် မျက်နှာကျက်ကို မြင်လိုက်ပြီး သူ့လက်က အနည်းငယ် နာကျင်နေသည်။
တစ်စုံတစ်ယောက်က သူ့လက်ကို နွေးထွေးစေရန် ကိုင်ထားပုံရသည်။
ကုတင်ဘေးမှာ ပြုံးပြီး စကားစမြည်ပြောနေတဲ့ ထူးဆန်းတဲ့ အဒေါ်နဲ့ အစ်ကိုကြီးကို သူ စိုက်ကြည့်နေမိသည်။
ဤနေရာတွင် လူများစွာရှိ၍ ဆူညံနေသော်လည်း ရှောင်ရှီထို့က လုံးဝမကြောက်ပါ။
အန်တီကျွမ်းသည် သူမ၏ လက်ထဲမှလက်ကလေး လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပြီး နောက်သို့ လှမ်းကြည့်လိုက်ရာ ရီဝေနေသော မျက်လုံးကြီးတစ်စုံက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကောင်လေးက သူမကို အန်တီလို့ ချိုသာတဲ့အသံနဲ့ ခေါ်သေးသည်။
အန်တီကျွမ်းက ဝမ်းသာအားရနဲ့ "ကလေးလေး ဘာဖြစ်နေတာလဲ၊ ဘယ်နေရာမှာ နာကျင်နေလဲ"
ရှောင်ရှီထို့က ခေါင်းယမ်းပြီး သူ့ဗိုက်ကို ထိကာ ပြောလိုက်သည်။ "ဗိုက်ဆာနေပြီ"
"အိုး၊ လူဆိုးကလေး " အန်တီကျွမ်းက သူ့မျက်နှာလေးကို ပွတ်သပ်ရင်း ဝမ်းနည်းစွာနဲ့ "ဒီ IV ပြီးရင် ငါတို့ အိမ်ပြန်ပြီးထမင်းစားကြမယ်" ဟုပြောသည်။
သူနိုးလာသည်ကိုမြင်တော့ ရှောင်ကျွင်းသည် ဆရာဝန်ဆီသွားခဲ့သည်။ ဆရာဝန်က သူ့ကို ပြန်စစ်ဆေးပြီး သွေးစစ်ချက် အစီရင်ခံစာကို ကြည့်ကာ ပြောခဲ့သည်။ "ဘာမှ မဖြစ်ပါဘူး၊ ကလေးတစ်ယောက် ဗိုက်ဆာတဲ့အခါ မူးလဲတာ ပုံမှန်ပါပဲ"
"IV ပြီးရင် ထွက်သွားနိုင်ပါတယ်။ ကိစ္စမရှိပါဘူး"
သူက ပြုံးပြီး ရှောင်ရှီထို့ကို "ကလေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ" လို့မေးခဲ့သည်။
"ရှောင်ရှီထို့" ကောင်လေးက တိုးညှင်းသော အသံဖြင့် ပြန်ဖြေသည်။
"အသက်ဘယ်လောက်ရှိပြီလဲ?"
"လေးနှစ်။"
“ကလေး” ဆရာဝန်က သူ့မျက်နှာလေးကို ဆွဲညစ်လိုက်ပြီး “မင်းအဖေနဲ့အမေကော။"ဟုမေးသည်။
ရှောင်ရှီထို့က ခေါင်းငုံ့ကာ စကားမပြောခဲ့ပေ။
ဆရာဝန်က ထပ်မေးသော်လည်း ရှောင်ရှီထို့က စကားမပြောတော့ချေ။
ဆရာဝန်က ထပ်မမေးတော့ဘူး။ ရှောင်ကျွင်းကို ဘေးသို့ဆွဲလိုက်ပြီး "ဒီကလေးကို သူ့မိဘတွေက ပစ်ထားခဲ့တာ ဟုတ်လား?"
ရှောင်ကျွင်းက ခေါင်းခါပြီးပြောလိုက်သည်။ "မသိဘူး၊ သူ့ကို အိမ်ပြန်ခေါ်လိုက်မယ်။ ဒီနေ့ အရမ်းနောက်ကျသွားပြီ။ မနက်ဖြန် သူ့မိဘတွေကို ဆက်သွယ်နိုင်မလားဆိုတာ သိဖို့အတွက် ရဲစခန်းကို သွားလိုက်မယ်။"
"ကောင်းပြီ ကျေးဇူးတင်ပါတယ် အစ်ကို" ဆရာဝန်က သူ့ပုခုံးကို ပုတ်လိုက်သည်။ သူပြောပြီးသည်နှင့် တခြားလူနာအတွက် အခေါ်ခံခဲ့ရသည်။
သူနာပြုက သူ့အတွက် IV ကို ဖယ်လိုက်သည်။ အန်တီကျွမ်းက သူ့ကို စောင်နဲ့ထုပ်ပြီး "အိမ်ပြန်ရအောင်!""ဟုပြောလိုင်သည်။
ရှောင်ရှီထို့သည် သူမ၏ ပခုံးပေါ်၌ နာခံမှု ရှိစွာမှီပြီး ရှောင်ကျွင်း ကို ကြောက်လန့်တကြား ကြည့်နေသည်။
ရှောင်ကျွင်းက စကားမပြောဘဲ တင်းရှ မက်ဆေ့ချ်ပို့ရန် ဖုန်းထုတ်လိုက်သည်။
ဆိုင်တံခါးမှာ မီးလင်းနေတုန်းပဲ။ ဝင်လိုက်သည်နှင့် တပြိုင်နက် ယောင်းမဖြစ်သူက တင်းရှကို ထိုင်ခိုင်းနေသည်ကို တွေ့လိုက်ရသည်။
ရှောင်ကျွင်းသည် တင်းရှကို ကိုင်ထားရန် လျှောက်လာသည်။
"ပြန်လာပြီလား?" တင်းရှက သူ့ကို ပြုံးပြခဲ့သည်။"အေးနေပြီလား?"
"မအေးပါဘူး။" ရှောင်ကျွင်း ယက မျက်မှောင်ကြုတ်ကာ သူမ၏ အေးစက်နေသော လက်များကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "မင်းဘာလို့ အထဲမှာ မနေတာလဲ"
"စိတ်ပူလို့ ထိုင်လို့မရဘူး။" တင်းရှသည် တိတ်တဆိတ် အကြောင်းပြချက်များ ပေးလိုက်သည်။
အန်တီကျွမ်းက ကောင်လေးကို ကုလားထိုင်ပေါ်တင်လိုက်သည်။ တင်းရှက နွားနို့ပူပူလေးကို ခွက်သေးသေးလေး လောင်းထည့်လိုက်ပြီး "ကလေးနိုးပြီလား?"
ရှောင်ရှီထို့က တင်းရှကို ခဏလောက် စိုက်ကြည့်ရင်း မျက်တောင်ခတ်လိုက်ပြီး "နတ်သမီးမမ"ဟု ခေါ်ခဲ့သည်။
တင်းရှက ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ "ဗိုက်ဆာနေပြီလား"
ရှောင်ရှီထို့က နို့ချိုတစ်ငုံသောက်ပြီး သူ့ဗိုက်ကို ထိပြီး ခေါင်းညိတ်ခဲ့သည်။ "ဗိုက်ဆာတယ်"
တင်းရှက ရှောင်ကျွင်းကို လှမ်းဆွဲလိုက်ပြီး "ကျွန်မ ဖက်ထုပ်စွပ်ပြုတ် လုပ်ထားတယ်။ အားလုံး ညတစ်ဝက်လောက်အထိ မအိပ်ဘဲ စောင့်နေကြတာ ဘာလို့ ညလယ် သရေစာ အတူတူ မစားကြရမှာလဲ"
ရှောင်ကျွင်းက သူမကို စိုက်ကြည့်ပြီး "မင်း ချက်နေတုန်းပဲ!"
တင်းရှသည် သူ့လက်ကို ခါယမ်းလိုက်သည်။
ရှောင်ကျွင်းသည် ဖက်ထုပ်စွပ်ပြုတ်ကို ခပ်ရန် မီးဖိုချောင်သို့ ကူကယ်ရာမဲ့စွာ သွားခဲ့သည်။
အိုးအဖုံးကိုဖွင့်လိုက်တော့ အရသာရှိတဲ့ အငွေ့တွေ ထွက်လာသည်။ အိုးထဲရှိ အရောင်များသည် ထင်ရှားသည်။ ခရမ်းချဉ်သီးအနီ၊ ရွှေဥပန်းများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အနက်ရောင် သစ်သားနားရွက်များ နှင့် အဖြူရောင် ဖက်ထုပ်များ ပေါ်လောပေါ်နေသည်။
အရမ်းဆန်းကြယ်တာ (သို့) ဈေးကြီးတာတော့ မဟုတ်ဘူး။
ဒါပေမယ့် ဒါက ညနက်သန်းခေါင်မှာ ဆာလောင်မှုကို နှိုးဆွလိမ့်မည်။
ဒီအရသာက ကလေးငယ်တွေ အရူးအမူးကစားတဲ့အခါ အမေချက်ပြုတ်တဲ့အရသာ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ဟင်းချက်တဲ့အနံ့ဖြစ်နိုင်သည်။
ဒါပေမယ့် မင်း အနံ့ခံပြီး မြင်လိုက်တာနဲ့ မင်း ရုတ်တရက် နိုးလာလိမ့်မယ် ဆိုတာကို ငြင်းစရာ မရှိပေ။
အားလုံးက စားပွဲဝိုင်းမှာ ဖက်ထုပ်စွပ်ပြုတ်ပူပူကို သောက်နေကြတယ်။ ရှောင်ရှီထို့က ပန်းကန်လုံးထဲမှ ဇွန်းသေးသေးလေးကို ကိုင်ထားသည်။
ယောက်မကုန်းက "တင်းရှ ရဲ့ အရည်အချင်းက တကယ်ကို အံ့သြစရာကောင်းတယ်" လို့ ပြောခဲ့သည်။
ရှောင်ကျွင်း လုပ်ထားတဲ့ ဟင်းလျာတွေက အရမ်းအရသာရှိပေမယ့် တင်းရှ ယရဲ့ ဟင်းလျာတွေကို စားပြီးနောက်မှာတော့ သူမဟင်းလျာလောက် စားကောင်းပုံမပေါ်တော့ပေ။
စွပ်ပြုတ်စားသံက ခန်းမတစ်ခုလုံးကို လွှမ်းသွားသည်။ သူတို့ ထမင်းစားမပြီးခင် တံခါးခေါက်သံ ကြားလိုက်ရသည်။
"ဒုန်း ဒုန်း ဒုန်း"