အခန်း (၂၉)
Vol. 2 Ch. 29
ယောင်းမကုန်း တုန်လှုပ်သွားသည်။ "ရေမွှာပေါက်သွားပြီလား"
အန်တီကျွမ်းက သူမ၏စကပ်ကို အမြန်လှန်ကြည့်လိုက်သည်။ "အန်တီကြည့်ပါရစေ..."
ခဏအကြာတွင် သူမ မော့ကြည့်ကာ "ချွေ့အာ၊ 120 ကိုခေါ်လိုက်တော့။"
"ရေမွှာ ပေါက်သွားတာလား..." ယောင်းမကုန်း မျက်နှာက စက္ကူကဲ့သို့ ဖြူဖပ်သွားကာ "ဒီ...ဒီ..."
သူမ ဖုန်းကို အမြန်ဖွင့်ပြီး 120 ကိုခေါ်ဆိုသော်လည်း အချိန်အတော်ကြာ ဖုန်းလိုင်းမအားဖြစ်နေခဲ့သည်။
"ငါတို့ အခု ဘာလုပ်ရမလဲ။ ဖုန်းခေါ်လို့မရဘူး!"
သူမသည် စိုးရိမ်တကြီး လှည့်ပတ်လမ်းလျှောက်နေသည်။
စိတ်ကြောင့်ဘဲဖြစ်ဖြစ်၊ သူမ ရေမွှာတကယ်ကွဲကြောင်း အန်တီကျွမ်းဆီမှ ကြားသိရပြီးနောက် တင်းရှသည် ရုတ်တရက် နာကျင်မှုကို ပိုသိသိသာသာ ခံစားလာရသည်။
နာကျင်မှုကြောင့် တုန်တုန်ယင်ယင်နဲ့ပြောခဲ့သည်။ “ … ယောင်းမ ကျွန်မဖုန်းကို ယူသွားလိုက်ပါ၊ ဖုန်းထဲမှာ သားဖွားဆေးရုံအတွက် ဆရာဝန်နံပါတ်ရှိတယ်၊ သူ့ကိုဖုန်းခေါ်လိုက်ပါ…”
"အင်း ငါချက်ချင်းသွားယူလိုက်မယ်!" ယောင်းမကုန်းသည် တင်းရှ၏အိပ်ခန်းဆီသို့ အမြန်ပြေးသွားခဲ့သည်။
"ရှရှ၊ သိပ်စိတ်မလှုပ်ရှားနဲ့..." အန်တီကျွမ်းက တင်းရှ ရဲ့လက်ကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
သူမသည် အလွန်အမင်း စိတ်ပူနေတာဖြစ်သောကြောင့် တင်းရှ သွေးစထွက်လာသည်။
ရှောင်ကျွင်းက ယောင်းမကုန်း မျက်နှာဖြူဖျော့ဖျော့နဲ့ နဖူးပေါ်က ချွေးသီးတွေ အပြေးအလွှားဝင်လာတာကို တွေ့လိုက်ရသည်။ "ဘာဖြစ်နေတာလဲ မရီး? တစ်ခုခုဖြစ်သွားတာလား။"
"ရှရှရဲ့ဖုန်းက ဒီမှာရှိလား" ယောင်းမကုန်းက ရှင်းပြဖို့ အချိန်မရှိချေ။
"ဟိုမှာ။" ရှောင်ကျွင်းက အိပ်ယာဘေးက စားပွဲကို လက်ညှိုးထိုးပြပြီး "ဘာဖြစ်တာလဲ"
ယောင်းမကုန်းက ဖုန်းကိုယူပြီးနောက် သူမ အမြန်ထွက်လာခဲ့သည်။ ရှောင်ကျွင်း ရဲ့အမေးကိုကြားတော့ သူမ အနည်းငယ်တုန်လှုပ်သွားပြီး "ရှောင်ကျွင်း၊ ရှရှရဲ့ရေမွှာက ပေါက်သွားပြီ..."
ရှောင်ကျွင်းက တစ်ခုခုနဲ့ ရိုက်ခံရသလိုခံစားလိုက်ရသည်။ " သတ်မှတ်ရက်တောင် အခုထိမရောက်သေးဘူး..."
သူကုတင်ပေါ်ကနေထလိုက်တော့ ယောင်းမကုန်းက အမြန်တားလိုက်သည်။ "ထွက်မလာနဲ့ ရှောင်ကျွင်း၊ မင်းအခုထိ နေပြန်မကောင်းသေးဘူး၊ တင်းရှ အဖျားကူးရင် ဘယ်လိုလုပ်မလဲ..."
ရှောင်ကျွင်းသည် ယောင်းမကုန်း၏ စကားကြောင့်ကျောက်ရုပ်ဖြစ်သွားသည်။ "ငါ... အပြင်ထွက်လို့မရဘူး..."
အမြဲတမ်း ခေါင်းမာပြီး တော်ရုံအခြေအနေတွင် အခက်မတွေ့တတ်ပုံပေါက်နေတဲ့ ရှောင်ကျွင်းက သူမရှေ့မှာ ပထမဆုံးအနေနဲ့ ကူကယ်ရာမဲ့ကလေးတစ်ယောက်လိုပါပဲ၊ နီရဲနေတဲ့မျက်လုံးတွေနဲ့ သူမကို "ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ... ကျွန်တော်.. ."
သူဘာလုပ်နိုင်မလဲမေးချင်တယ်၊ ဘာလုပ်ရမှာလဲမေးချင်တယ်၊ တင်းရှဘယ်လိုနေလဲမေးချင်တယ်...
ဒါပေမယ့် သူ ဘယ်လိုမေးရမှန်းမသိဘူး။ ယောင်းမကုန်း စိတ်ထဲ အနည်းငယ် နာကျင်သွားသည်။ "ငါနဲ့ အဒေါ်က တင်းရှ ကို သေချာ ဂရုစိုက်မှာပါ၊ အရမ်းကြီး စိတ်မပူပါနဲ့"
သူမ တံခါးပိတ်ပြီး ထွက်သွားခဲ့သည်။
တကယ်တော့ သူမသည် ထိုစကားကိုတည်ရန်သူမနှလုံးသားထဲတွင် ယုံကြည်ချက်မရှိခဲ့ပေ။
ဆေးရုံအားလုံး ပြည့်ကျပ်နေပြီး အရေးပေါ်ဖုန်းခေါ်ဆို၍မရကြောင်း သိရုံဖြင့် ဆေးရုံအခြေအနေ မည်မျှခက်ခဲသည်ကို ပြသခဲ့သည်။
တင်းရှသည် ဖုန်းကိုယူကာ ဆရာဝန် နံပါတ်ကိုခေါ်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူမအကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုသော်လည်း မည်သူမျှ ဖြေကြားခြင်းမရှိပေ။
"သူ အလုပ်ရှုပ်နေတာဖြစ်မယ်..." တင်းရှက အဆက်မပြတ် ခေါ်ဆိုနေဆဲပင်ဖြစ်သည်။
သားဖွားဆေးရုံမှာ သူနာပြုဆရာမလေးတစ်ယောက်က လူနာဆောင်ထဲကထွက်လာတဲ့ ဆရာဝန်ဆီ ပြေးသွားပြီး "ဒေါက်တာလျို၊ ဆရာ့ဖုန်းမြည်နေတာကြာပြီ"
ဒေါက်တာ လျိုက ချွေးတွေရွှဲပြီး ပင်ပန်းနေတဲ့ပုံနဲ့ "ဘယ်သူခေါ်နေတာလဲ"
သူနာပြုဆရာမလေးကလည်း "ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ပုံရတယ်၊ အရင်က ကိုယ်ဝန်စစ်ဆေးမှုတွေ လုပ်ဖူးတဲ့သူ ဖြစ်နိုင်တယ်"
Dr. လျို သည် သူမ၏ စိတ်ထင့်နေမှုကြောင့်ရပ်တန့်သွားသည်။ "အဆက်မပြတ် မြည်နေတာလား"
"မရပ်မနား မြည်နေခဲ့တယ်။" သူနာပြုဆရာမလေးက ခေါင်းညိတ်သည်။
ဒေါက်တာလျိုသည် ရုံးခန်းသို့ အမြန်ပြန်သွားကာ အံဆွဲကိုဖွင့်ကာ သူမ၏ဖုန်းတွင် လွတ်သွားသော ဖုန်းခေါ်ဆိုမှုများကို တွေ့လိုက်ရသည်။ သူမပြန်မခေါ်ခင်မှာပင် ဖုန်းထပ်မြည်လာသည်။
သူမက ချက်ချင်းပဲ "ဟယ်လို၊ ဒါက လျိုလီ ပြောနေတာပါ"
"ဒေါက်တာလျို၊ တင်းရှပါ" တင်းရှက သက်ပြင်းတစ်ချက်ချကာ "ကျွန်မ ရေမွှာပေါက်သွားပြီ..."
ဒေါက်တာ လျိုသည် သူ မမြင်ချင်ဆုံးသော အခြေအနေကို ကြုံတွေ့နေရသည်။
"ဘယ်လိုနေလဲ ဗိုက်အရမ်းနာနေလား" ဒေါက်တာ လျို သည် မေးခွန်းအချို့ကို အမြန်မေးပြီး သူနာပြုဆရာမလေးအား မွေးဖွားခန်းနှင့် လူနာဆောင်များရှိ အခြေအနေကို စစ်ဆေးခိုင်းသည်။
ယခုအခါ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ရှားပါးလာသဖြင့် တင်းရှသည် ယခင်ကဲ့သို့ ချောမွေ့စွာ မွေးဖွားလာနိုင်ကြောင်းကို သူမ အာမမခံနိုင်ပေ။
"ဒီမနက်ကတည်းက နာကျင်နေခဲ့တာ..." တင်းရှ သည် နာကျင်မှုကို သည်းခံပြီး သူမ၏အခြေအနေကို သူမအား သတင်းပို့ခဲ့သည်။
“စိတ်အေးအေးထားပြီးအသက်ပြင်းပြင်းရှူပါ၊ မထိတ်လန့်ပါနဲ့” ဒေါက်တာ လျိုက “မင်းဘေးမှာ တစ်ယောက်ယောက်ရှိလား၊ ရှိရင် သူတို့ဆီ ဖုန်းပေးလိုက်ပါ။”
"ဟုတ်တယ် ယောင်းမနဲ့ အဒေါ်က ဒီမှာရှိတယ်" တင်းရှ က ဖုန်းကို အန်တီကျွမ်းဆီ ပေးလိုက်သည်။
"ဟယ်လို ဒေါက်တာ" အန်တီကျွမ်းက ပြောသည်။
"အခု ကိုယ်ဝန်ဆောင် အမျိုးသမီး အခြေအနေ ဘယ်လိုလဲ။" ဒေါက်တာ လျို သည် မေးခွန်းအချို့ကို ချက်ချင်းမေးလိုက်သည်။
အန်တီကျွမ်းက ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြေခဲ့သည်။ နောက်ဆုံးတွင် ဖုန်းကို ဖုံးအုပ်ကာ “ဒေါက်တာ ရှရှ သွေးထွက်နေတယ်” ဟု တိုးတိုးလေးပြောသည်။
ဒေါက်တာ လျို - "သွေးထွက်နေတာလား?"
ဒီအခြေအနေကို နှောင့်နှေးမနေနိုင်တော့ဘူး။ နှောင့်နှေးခြင်းက ကလေးရော မိခင်အတွက်ပါ အန္တရာယ်ရှိတယ်။
ဒေါက်တာ လျို - " ကားရှာလို့ ရမလား၊ သေချာသတိထားပြီးဆေးရုံကို ချက်ချင်း လာခဲ့ပါ"
အန်တီကျွမ ခဏတာ အံ့အားသင့်သွားသည်။ တစ်ဦးတည်းသော ကားမောင်းနိုင်သူက အိပ်ယာပေါ်မှာဘဲရှိနေသေးသည်..။
"အန်တီ..." တင်းရှ က သူမအကြည့်ကို ပြန်မြင်တော့ "ဘာဖြစ်နေတာလဲ?"
"ဒေါက်တာ လျို က အခုဆေးရုံသွားဖို့ပြောတယ်" အန်တီကျွမ်းက "ဒါပေမယ့် ရှောင်ကျွင်း သူ..
တင်းရှ အံကြိတ်လိုက်သည်။ သူမသည် နာကျင်မှုကို ပို၍ မကြာခဏ ခံစားရပြီး ကြာရှည်လာသည်။ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုနှင့် စိုစွတ်မှုတို့က သူမကို အချိန်တိုင်း ကြောက်ရွံ့စေသည်။
သူမသည် ဤကလေးကို ဘေးကင်းစွာ မွေးရမည်။
တင်းရှက အံကြိတ်ကာ "ကျွန်မမောင်းမယ်"
"ဘာ!" ယောင်းမကုန်းက "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?! ကလေးကမွေးတော့မယ်။"
"တခြားနည်းလမ်းမရှိတော့ဘူး၊အခုအချိန် လမ်းပေါ်မှာ ကားမရှိဘူး" အခု လူတွေက ဆေးရုံကို မသွားချင်ကြဘူးဆိုရင်တောင်မှ သူမစားပွဲပေါ်မှီကာ မတ်တပ်ရပ်ပြီး "ကျွန်မတို့ မြန်မြန်လုပ်ရမယ်၊ ကျွန်မ ကြာကြာမထိန်းနိုင်တော့ဘူး"
"ရှရှ!" ရှောင်ကျွင်း၏ အသံသည် ကန့်လန့်ကာနောက်ကွယ်မှ ထွက်ပေါ်လာသည်။
"ကျွန်မအဆင်ပြေပါတယ်" တင်းရှက သူမရဲ့အသံကို တည်ငြိမ်အောင်ကြိုးစားပြီး "ကျွန်မ ကလေးသွားမွေးတော့မယ်၊ ဖျင်အန်း လေးကို ဒီကမ္ဘာကြီးထဲ လုံခြုံစွာခေါ်ဆောင်လာနိုင်ဖို့အတွက်..."
"ကိုယ်...ကိုယ်..." ရှောင်ကျွင်းတကယ်ပဲ ငါမင်းနဲ့လိုက်ခဲ့မယ် မင်းကိုခေါ်သွားမယ် ငါတို့အတူတူသွားကြမယ် လို့ပြောချင်တယ်။
ကလေးမွေးနေချိန်မှာ တင်းရှရဲ့ နံဘေးမှာ ရှိနေတာကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးကြည့်ခဲ့ပါတယ်။ ကလေးမွေးပြီး တင်းရှကို နမ်းပြီး ကလေးက သူ့နှလုံးသားထဲမှာ အမြဲတမ်း ဒုတိယအဆင့် ဖြစ်နေမယ်လို့ ပြောမယ် ဟုတွေးသည်။
သူမသည် နံပါတ်တစ်ဖြစ်လို့ပါ။
ဒါပေမယ့်...
ဒါပေမယ့် အခု သူ ဒီတံခါးကတောင် မထွက်နိုင်တော့ဘူး။
သူမကို ဆေးရုံမပို့နိုင်သလို သူမနဲ့လည်း ဆေးရုံမှာအတူမနေနိုင်ဘူး။
ကူကယ်ရာမဲ့ အခိုက်အတန့်မှာ သူမကို သူ တစ်ယောက်တည်း ထားခဲ့ပြန်တယ်။
တင်းရှသည် သူမဗိုက်ကို ကိုင်ကာ ကန့်လန့်ကာဆီသို့ လျှောက်ကာ မဖွင့်ဘဲ "လိမ္မာပါ၊ ကျွန်မနဲ့ ဖျင်အန်းလေး ဘေးကင်းစွာ ပြန်လာဖို့ စောင့်နေပါ" လို့ ညင်သာစွာ ပြောလိုက်သည်။
"ပြန်လာရင် ကန်စွန်းဥခေါက်ဆွဲ ချက်ပေး။ ကျွန်မ တကယ်စားချင်လို့"
"ကောင်းပြီ။" ရှောင်ကျွင်း၏ အသံမှာ တစ်ခါရှိုက်ရင်း သူသဘောတူသည်။
"ဒါဆို သွားတော့မယ်" တင်းရှက "နောက်မှတွေ့ကြမယ်"
ယောင်းမ ကုန်းသည် ကားသော့ကိုယူကာ အန်တီကျွမ်းက လိုအပ်သည့်အရာအားလုံးကို အရှိန်အဟုန်ဖြင့် စုဆောင်းကာ အိတ်ကြီးတစ်လုံးထဲ ပစ်ထည့်ပြီး ကားနောက်ထိုင်ခုံပေါ် ပစ်ချလိုက်သည်။
တင်းရှက သူမထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး "ကံကောင်းတာက ဆေးရုံက သိပ်မဝေးပါဘူး..."
သူမသည် ပို၍ သိသာထင်ရှားပြီး ပြင်းထန်သော နာကျင်မှုကို သည်းခံသည်။ များမကြာမီ သူမ၏ပေါင်နှင့် ခြေထောက်များ အတွင်းပိုင်းများနှင့်အတူ သူမ၏ အ နွေးဘောင်းဘီသည် သွေးများ လုံးလုံးလျားလျား စိုစွတ်နေကာ ကားထိုင်ခုံများမှာလည်း သွေးများ ရွှဲနစ်နေသည်။
ယောင်းမကုန်းသည် အလွန်စိုးရိမ်နေသဖြင့် မျက်လုံးများနီရဲနေလေသည်။
လမ်းတွေက ရှင်းနေပြီး တင်းရှက သားဖွားဆေးရုံဆီ ခက်ခက်ခဲခဲ မောင်းခဲ့သည်။
ဆေးရုံဝင်ပေါက်တွင် ဒေါက်တာ လျို နှင့် သူနာပြုဆရာမလေးများသည် တွန်းလှည်းအိပ်ယာဖြင့် စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။
"မီးဖွားခန်းနဲ့ လူနာအခန်း အဆင်သင့်ဖြစ်ပြီလား"
“ကျွန်မတို့ မီးဖွားခန်းက တစ်နာရီလောက် အချိန်အားပေမယ့် လူနာခန်းတစ်ခန်းမှ မရတာ့ဘူး။ "သူနာပြုဆရာမလေးသည် ကူကယ်ရာမဲ့စွာပြောသည်။
"စင်္ကြံမှာလည်း လူနာတွေနဲ့ ပြည့်နေတယ်"
ဒေါက်တာ လျို က ခဏလောက်စဉ်းစားပြီး "ဒါဆို ငါ့ရုံးခန်းထဲမှာထားပါ၊ တခြားဘယ်နေရာမှ မထားနဲ့"
"ဒီမီးဖွားမှု အဆင်ပြေချောမွေ့မယ်လို့ မျှော်လင့်ပါတယ်။" ဒေါက်တာ လျိုက သူမ နှလုံးသားထဲက မတည်မငြိမ် ဖြစ်နေခြင်းကို လျစ်လျူရှုရန် ကြိုးစားခဲ့သည်။
ခဏကြာတော့ ကားရောက်လာသည်။
ကားရပ်ပြီးတာနဲ့ ဒေါက်တာ လျို လာခဲ့ပြီး "ကိုယ်ဝန်ဆောင်အမျိုးသမီး ဘယ်မှာလဲ၊ သူမက ဘယ်မှာလဲ"
တင်းရှက ထိုင်ခုံခါးပတ်ကို ချွတ်လိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။ "ကျွန်မဒီမှာ..."
ဒေါက်တာ လျို အံ့အားသင့်သွားသည်။ "ကိုယ်တိုင် ကားမောင်းလာတာလား။"
သူမသည် အခြားသူများနှင့်အတူ တင်းရှ ကို တွန်းလှည်းအိပ်ယာပေါ်တင်ရန် အလျင်အမြန်လုပ်ဆောင်ခဲ့သည်။
တင်းရှ က သွေးစွန်းနေတဲ့ ဘဏ်ကတ်ကို ယောင်းမကုန်းရဲ့လက်ထဲကို ထည့်ပေးလိုက်ပြီး "ဒီကတ်ထဲမှာ ယွမ် ၂၀၀၀၀ ရှိတယ်၊ စကားဝှက်က ၆၂၂၆၂၇ ပါ... မလုံလောက်ရင် ရှောင်ကျွင်းကို ထပ်မေးပါ..."
ပြောပြီးသည်နှင့် သူမ လက်က ပျော့ခွေသွားသည်။
ဒါကိုမြင်တော့ ဒေါက်တာ လျို့ က သူမကို ဆေးရုံထဲ အမြန်တွန်းပို့လိုက်ပြီး "ကိုယ်ဝန်ဆောင်အမျိုးသမီး မူးလဲသွားပြီ!"