← Chapters

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း (၄၅)

Vol. 3 Ch. 45

“သူက ကလေးတွေဆို အရမ်းချစ်တတ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အတူနေမယ်ဆိုရင် ကလေးရနိုင်မှာ မဟုတ်ဘူးလေ” လင်းကျားယွီသည် မှိုင်တွေနေပုံပေါက်နေသည်။

“သူနဲ့ ယုကျိုး အတူရှိနေတာကို ကျွန်မ တစ်ခါမှ မထင်ထားမိဘူး” ဟု တင်းရှက ပြောခဲ့သည်။

“တကယ်တော့ ကျွန်မမေးချင်တာတွေ အများကြီးရှိပေမဲ့ မနေ့ညတစ်ညလုံး တွေးကြည့်လိုက်တော့ ကျွန်မအနေနဲ့ မေးစရာအကြောင်းမရှိတော့ဘူး ဆိုပြီး ဒီအတိုင်းထားလိုက်တာ” ဟုတင်းရှက ပြောခဲ့သည်။

ကျားယွီထွက်သွားပြီးသည့်တိုင် ရှောင်ကျွင်းမှာ တင်းရှထက် ပို၍ခံပြင်းနေသည်ကို ခံစားနေရသည်။

ထိုနေ့ည၌ အိပ်ယာထဲတွင် ဟိုလှိမ့်သည်လှိမ့်နှင့် ရှောင်ကျွင်းက သူမကို မေးခဲ့သည်။ “ဘာဖြစ်တာလဲ”

“ကျွန်မ ခံစားရခက်နေလို့” တင်းရှက ပြောခဲ့သည်။ “ဒီလောက် နူးညံ့သိမ်မွေ့တဲ့ အယ်ဒီတာဟူက ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး”

“ဘာမှ အံ့သြစရာမရှိပါဘူး” ရှောင်ကျွင်းက သူ့လက်မောင်းဖြင့် သိုင်းဖက်ထားလိုက်သည်။ “လူတွေက ရှုပ်ထွေးတယ်၊ မင်း သူတို့ကို လွယ်လွယ်နဲ့ ခန့်မှန်းလို့မရဘူး”

“ရှင်က ကျွန်မကို ငတုံးလို့ပြောချင်တာလား” တင်းရှသည် ရှောင်ကျွင်းကို အဓိပ္ပါယ်ရှိရှိ မော့ကြည့်လိုက်သည်။

“ကိုယ် အဲ့လိုပြောချင်တာ မဟုတ်ပါဘူး” ရှောင်ကျွင်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ “ကိုယ်ပြောချင်တာက မင်းက ချစ်စရာလေးလို့”

“တကယ်လား” တင်းရှသည် သူ့စကားကို လုံးဝမယုံပေ။

“တကယ်” ရှောင်ကျွင်းက ကျိန်ဆိုလိုက်သည်။

သူ့ပခုံးပေါ်မှာ လဲလျောင်းရင်း တင်းရှက “ကျွန်မပြောတာက... ရှင်...”

“ကိုယ် လုပ်မှာမဟုတ်ဘူး” ရှောင်ကျွင်းက ပြတ်ပြတ်သားသားပြောနေသည်။

“ရှင် ကျွန်မ ဘာပြောမယ်ဆိုတာ သိနေတယ်ပေါ့၊ ရှင် မလုပ်ပါဘူးလို့ပြောနေရအောင်...” တင်းရှက သူ့ကို နောက်တစ်ကြိမ်ထပ်ကြည့်ချင်ပေမဲ့ ရှောင်ကျွင်းက သူမ မကြည့်နိုင်အောင် ဖက်ထားလိုက်သည်။

“ကိုယ်သိတယ်” ရှောင်ကျွင်းက ပြောခဲ့သည် “ကိုယ် ဖောက်ပြန်မှာ မဟုတ်ဘူး”

တင်းရှက ဘာမှပြန်မပြောခဲ့ပေ။

“ကိုယ့်ကို မယုံဘူးလား” ရှောင်ကျွင်းက သူ့ကို မျက်နှာချင်းဆိုင်ဖို့ သူမကို နေရာရွှေ့လိုက်သည်။

“ကိုယ့်ကိုကြည့်ပါဦး”

“ဘာကိုကြည့်ရမှာလဲ” တင်းရှက နားမလည်ဖြစ်နေသည်။

“ကိုယ့်မျက်လုံးကိုကြည့်”

ရှောင်ကျွင်း၏မျက်လုံးများကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် တင်းရှသည် ရှက်သွေးဖြာ နီမြန်းသွားသည်။

“ဘာ ...ဘာလဲ...”

ရှောင်ကျွင်းက တိုးတိုးလေးရယ်လိုက်သည်။

“မင်း မတွေ့ဘူးလား” သူပြောခဲ့သည်။ “ကိုယ် မင်းအတွက် ရည်ရွယ်ထားတာတွေ ရှိပါတယ်၊ ဒါပေမဲ့ မင်းအတွက်ဆို ကိုယ့်မျက်လုံးတွေက ရိုးရိုးသားသား ကြည့်မရဘူး ဖြစ်နေတယ်”

တင်းရှရင်ခုန်သွားသည်။

ရှောင်ကျွင်းက သူမကို လှမ်းကိုင်ဖို့ လှည့်လိုက်သည်။ “ကိုယ့်ခန္ဓာကိုယ်က မင်းကို လိုချင်တယ်၊ မင်းကိုပဲ လိုချင်နေတာ”

“ကိုယ့်စိတ်ကနေ ကိုယ့်နှလုံးသား၊ ကိုယ့်ခန္ဓာကိုယ်အထိ အားလုံး မင်းရဲ့အမှတ်အသားတွေနဲ့ ပြည့်နေတယ်”

“ကိုယ်က မင်းအပိုင်ပါ။ မင်းမှာ ကိုယ့်ကိုပိုင်တဲ့ ပိုင်ဆိုင်မှုက ရှိပြီးသား”

တင်းရှကို အတင်းအကြပ် အနွေးဓါတ်အပြည့်ဖြင့် ဖိထားသဖြင့် သူမမှာ အနားသို့ မရွှေ့ပဲ မနေနိုင်တော့ပေ။

ရှောင်ကျွင်းက လွှတ်ဖို့ကြိုးစားပြီး သိပ်မကြာခင်မှာပဲ တင်းရှသည် သူ့ကို တွန်းလှန်ဖို့ အစပြုခဲ့သည်။

“ချစ်?”

ရှောင်ကျွင်းသည် အနည်းငယ် သတိလက်လွတ်ဖြစ်သွားသည်။

“ဖျင်အန်းလေးက ဒီနေ့တော့ အစ်မကုန်းနဲ့ သွားအိပ်တယ်” တင်းရှသည် ထိုစကားလေးပဲ ပြောခဲ့သည်။

ရှောင်ကျွင်းသည် သူမကို နမ်းဖို့ ကိုယ်ကို ကိုင်းလိုက်သည်။

အပြင်မှာ မိုးရေများ တဖျပ်ဖျပ်ရွာနေပုံရသည်။ ပွင့်ခါစ ပန်းပွင့်များသည် မိုးရေဖြင့် အာဟာရ ဖြည့်တင်းနေပြီး လေပြည်နှင့် မိုးကြောင့် ညင်သာသော အသံလေးများ လွင့်ပျံနေသည်။

နောက်တစ်နေ့တွင်မူ နေသာနေပြန်တယ်။

ကုတင်ဘေးက ပန်းလေးများအပေါ်နှင့် အိပ်ပျော်နေသော တင်းရှ၏ မျက်နှာပေါ်ရှိ အနီရောင် မာကင်လေးများအပေါ် နေရောင်ခြည်က ဖျာကျနေသည်။

ရှောင်ကျွင်းသည် ခြံထဲတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ရင်း လန်းဆန်းသွားသောအချိန်တွင် ဖျင်အန်းလေးက သူ့အမေကို လိုက်ရှာရင်း ငိုနေသည်။ ထိုသို့ငိုနေသည်ကိုလည်း ရှောင်ကျွင်းက ချော့ခဲ့လေသည်။

“ဖု...” ဖျင်အန်းလေးသည် သေးပေါက်ချရင်း သူ့အဖေဆီ ပြန်ရောက်လာခဲ့သည်။

သို့သော် ရှောင်ကျွင်းသည် စိတ်အနှောင့်အယှက် လုံးဝမဖြစ်ပေ။ စိတ်ကြည်လင်နေပြီး ဖျင်အန်းလေကို အဝတ်အစားလဲပေးဖို့ ပျော်ရွှင်စွာ ခေါ်သွားသည်။

မွန်းတည့်ချိန်နီးနေပြီ ဖြစ်သောကြောင့် ဆိုင်ဖွင့်ချိန်ရောက်နေသော်လည်း တင်းရှမှာ မနိုးသေးပေ။

ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်သေးလေးတစ်ခု ချိတ်ထားသည်။

“ယနေ့ အထူးအစားအစာ- ခေါက်ဆွဲမျိုးစုံ”

ရှောင်ကျွင်းသည် ဒီမနက်တွင် ခေါက်ဆွဲအများကြီး လုပ်ရသည့် အကြောင်းအရင်းမှာ စိတ်အခြေအနေမှာ ကောင်းမွန်နေပြီး အကြောင်းတစ်ခုခုကြောင့်ပင် ဖြစ်သည်။

ဖေးသည် သူ၏ တိုက်ရိုက်လိုက်ဖ်လွှင့်သော ပစ္စည်းအသစ်နှင့် “အစ်မ၊ ဒီနေ့ ခေါက်ဆွဲပဲရှိတာလား ဘယ်လိုဖြစ်လို့လဲ”

ရှောင်ကျွင်း၏ မျက်နှာကို ကြည့်ပြီး အစ်မကုန်းက ပြောခဲ့သည်။ “သူဌေးက ဒီနေ့ စိတ်ကြည်နေတယ် ထင်တယ်”

သို့သော် စိတ်ကြည်ပြီး ပျော်ရွှင်နေသော သူဌေးသည် မည်သည့်အကြောင်းကြောင့် ခေါက်ဆွဲတစ်မျိုးတည်းသာ လုပ်မည်နည်း။

ဖေးအတွက် ပဟေဠိဆန်နေသည်။

“ဒါဆို ကျွန်တော် အန်ဟွေ့အမဲသား ခေါက်ဆွဲပြုတ်စစ်စစ် တစ်ပွဲစားမယ်” သူက ပြောခဲ့သည်။

အစ်မကုန်း ထွက်သွားပြီးနောက်တွင် တိုက်ရိုက်လိုက်ဖ်လွှင့်သည့် စကားပြောဝိုင်းသည် ကျယ်လောင်စွာ အသံထွက်ပေါ်လာခဲ့သည်။

“ဟဲဘဲမှာသာရှိတဲ့ အန်ဟွေ့ ခေါက်ဆွဲပြုတ်အစစ်လား”

“ငါက အန်ဟွေ့ ကပါ၊ တစ်ခါမှ မစားဖူးဘူး အဲ့လိုမျိုး.........”

“ကြီးကျယ်နေလိုက်တာ၊ ခေါက်ဆွဲတွေပဲ ရောင်းတယ်ဆိုပဲ”

ဖေးလည်း ရယ်လိုက်သည်။ “ဟုတ်တယ်၊ အဲဒါက ဟဲဘဲမှာသာရှိတဲ့ အန်ဟွေ့ ခေါက်ဆွဲပြုတ်အစစ်ပဲ အမျိုးတွေဆီသွားလည်တုန်းက တစ်ခါစားဖူးတယ်၊ အရမ်းအရသာရှိတယ်!”

သူစားခဲ့သော ခေါက်ဆွဲပြုတ်သည် ဘယ်လိုပုံစံနှင့် အရသာရှိခဲ့သည်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေပြီး စကားဝိုင်းရှိ လူတိုင်းကို သရေကျအောင် လုပ်နေသည်။

“ကောင်းပြီ၊ ဟဲဘဲက ဒီလူကြီးက အန်ဟွေ့ခေါက်ဆွဲကို သွားရှာဖို့ အောက်ထပ်ကို ဆင်းသွားပါပြီ”

“အဲ့လောက်တောင် အရသာရှိတာလား ငါဗိုက်ဆာနေပြီ! ငါလည်း ဟဲဘဲကို သွားပြီး စားချင်နေပြီ!”

တစ်ယောက်ယောက်က ခေါက်ဆွဲများ မှာသည်ကို ကြားသောအခါ ရှောင်ကျွင်းလည်း ရယ်သွားသည်။ သူသည် ဂျုံတုံးတစ်တုံးကို ဆွဲထုတ်လိုက်သည်။

ဝမ်ဝမ်းဟောင်သည် ခေါက်ဆွဲပြားများ ဆွဲဆန့်ရန် အနီးအနားသို့ လျှောက်သွားခဲ့သည်။

ရှောင်ကျွင်းသည် ရေစိမ်ထားသော ငရုတ်သီးခြောက်များကို ထည့်မကြော်ခင် မီးအေးအေးနှင့် လှီးထားသော ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် နှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ပြီး ဆီသတ်လိုက်သည်။

ထို့နောက် ပြင်ဆင်ထားသော အမဲသား၊ ဆား၊ ပဲငပိတို့ကို ထည့်ကြော်လိုက်သည်။ ဟော့ပေါ့ဟင်းချိုအနှစ်ကိုလည်း အနည်းငယ်ထည့်ပြီး ရောမွှေလိုက်သည်။

ရေနွေးလောင်းထည့်ကာ ပဲငံပြာရည် အကြည်ရောင်နှင့် အနှောက်ရောင်၊ ကြက်သားပြုတ်ရည်၊ ခရုဆီနှင့် သကြားညိုတို့ကို ထည့်ပြီး ပွေးကိုင်းအခေါက်နှင့် မွှေးကြိုင်သော အရွက်များကိုလည်း ပေါင်းထည့်လိုက်သည်။

ပွက်ပွက်ဆူလာပြီးနောက် ပြင်ဆင်ထားသော ပဲအခွံနှင့် ကြက်ဥများကို ထည့်ပြီး မီးအေးအေးဖြင့် ဆက်ပြီး မပွက်စေခင်တွင် မီးပြင်းပြင်းဖြင့် ဆူပွက်အောင် တည်ထားလိုက်သည်။

ရှောင်ကျွင်းသုံးထားသော အမဲသားသည် ကြိုပြီးနှပ်ထားသောကြောင့် အရသာမှာပိုထွက်နေသည်။ အသားစိမ်းကို အသုံးပြု၍ သင့်တော်သော အရသာမှန်ရရှိဖို့အတွက် တစ်နေကုန် နှပ်ထားရန် လိုအပ်ပါသည်။

ဝမ်ဝမ်းဟောင်သည် ခေါက်ဆွဲများကို လှိမ့်ပြီးသောအခါတွင် ပန်းကန်လုံးထဲသို့ မထည့်မီ ဟင်းသီးဟင်းရွက်များကို အနည်းငယ် ဆီဖြင့်လှိမ့်ပြီး အပေါ်မှ စွပ်ပြုတ်ပူပူကို လောင်းထည့်လိုက်သည်။

အန်ဟွေ့တွင် ရှာမတွေ့နိုင်သော စစ်မှန်သော အန်ဟွေ့အမဲသားခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ရရှိပြီဖြစ်သည်။

ဖေးသည် သူ့အွန်လိုင်းပရိသတ်အတွက် အသေးစိတ်ကျကျ ရိုက်ကူးပြီး သူ့ပါးစပ်အပြည့်တစ်လုတ်ကို စားပြကာ ထိုလူများကို သရေကျအောင် လုပ်လိုက်သည်။

“အိုး နိုး!” ဖေးသည် ထူးဆန်းသော အသံများ လုပ်နေသည်။ “ဘော့စ်! ကျွန်တော် မသိသေးတဲ့ တခြား အံ့သြစရာတွေရှိသေးတာလား မသိဘူး!”

ဤခေါက်ဆွဲများက အရမ်းအရသာရှိမည်ဟု စကားဝိုင်းထဲက လူများကသိနေသည်။

“ဝါးလို့လည်းကောင်းတယ်၊ အရသာလည်း အရမ်းရှိ၊ အနံ့ရော အစပ်အဟပ်ရောပဲ!” ဖေးသည် ထိုသို့အရသာရှိစွာ စားပြပြီးနောက် သူသည် ကိုလာအေးအေးတစ်ဘူးကို မှာယူလိုက်သည်။ “စပ်တဲ့အစားအစာတွေကို မစားနိုင်တဲ့သူတွေအတွက်ကတော့ မလွယ်ဘူး..."

စကားဝိုင်းကြီးသည် ဖေး၏ နီးမြန်းနေသော မျက်နှာနှင့် နှုတ်ခမ်းကိုကြည့်ပြီး စနောက်နေကြသည်။

ဖေးသည် ဤအစားအစာအတွက် အလွန်ကျေနပ်နေသည်။

ရှေးဦးစွာစိတ်လှုပ်ရှားမှုအပြီးတွင် စားသောက်ဆိုင်၏ အပြင်အဆင်နှင့် ပတ်ဝန်းကျင်ကို ပရိသတ်အား ဖြေးညှင်းစွာပြသခဲ့သည်။

“မီနူး၊ ဒီစာရွက်ကို သူဌေးဇနီးကိုယ်တိုင် ဆေးဆိုးထားပြီးတော့ သူကိုယ်တိုင်ရေးထားတဲ့ စာလုံးတွေလေ၊ လှတယ်မလား”

“ဒီမှာရှိတဲ့ ပရိဘောဂတော်တော်များများက လက်နဲ့လုပ်ထားတာတွေချည်းပဲ၊ အနုပညာဆန်သလို ခံစားရတယ်မလား”

“အပြင်အဆင်ကိုလည်း သူတို့ကိုယ်တိုင်ရွေးထားတယ်။ လုံးဝကို မိုက်တယ်မလား ဟင်?”

သူ၏ ဂုဏ်ယူဝင့်ကြွားသည့် လေသံကိုကြားရသောအခါ စကားဝိုင်းကြီးက ရယ်စရာကောင်းသည်ဟု ထင်နေသည်။

“ဖေး၊ မသိရင် မင်းမိသားစုအကြောင်း ပြောပြနေသလိုပဲ...”

“ရှင်းရှင်း ပြောစမ်း ဖေး၊ မင်းနဲ့သူဌေး ဘယ်လိုပက်သတ်လဲ "

“အိုး စကားမစပ်၊ သူဌေးက ဘယ်မှာလဲ၊ သူ့မျက်နှာကို ပြပါဦး၊ ငါဒီနေ့ ဆိုးဝါးတဲ့ ကြင်ဖက်သွား တွေ့လိုက်ရတော့ စိတ်ဆင်းရဲနေလို့...”

သူဌေးက အနားမှာတော့ မရှိဘူး၊ ဒါပေမဲ့ သူဌေးဇနီးကတော့ ရှိတယ်!

တင်းရှသည် ခါးထောက်ကာ ဖြေးညှင်းစွာ ထွက်လာခဲ့သည်။

နက်မှောင်သော ဆံပင်များ၊ နီမြန်းနေသော ပါးပြင်များနှင့် တောက်ပသော မျက်လုံးများ၊ အမှတ်မထင် နှစ်လိုဖွယ်ကောင်းနေသော ဆွဲဆောင်မှုတစ်ခု။

တင်းရှ၏ ညှို့ဓါတ်များ ပြည့်နေသော ရွှန်းလဲ့နေသောမျက်လုံးများကို မြင်လိုက်ရသဖြင့် ဖေးသည် ရုတ်တရက် ဆွဲဆောင်ခံလိုက်ရသလို ဖြစ်သွားသောကြောင့် ရှက်ရှက်နှင့် ကင်မရာကို အခြားတစ်ဖက်သို့ လှည့်လိုက်သည်။

“ဝါး.......ငါသက်သာသွားပြီ! မိန်းမလှလေးက ငါ့ကိုကူညီခဲ့တာပဲ!!!”

“ဒါက......အမိုက်စား..."

“ငါသိပြီ... ဂယက်တွေ...”

“ဒီအကြောင်း ထပ်ပြီး မဆွေးနွေးပဲ နေရအောင်...တော်ကြာ ငါတို့တွေ နောက်ထပ် ဘလော့ခံ ထိနေဦး...”

တင်းရှကိုတွေ့လိုက်ရပြီးနောက် ရှောင်ကျွင်းလည်း ထွက်လာသည်။ “ဗိုက်ဆာနေပြီလား”

ရှောင်ကျွင်းသည် ထိုင်ခုံယူလာကာ သောက်ဖို့ရေထည့်ပေးပြီး ခါးနှင့် ပခုံးများကို နှိပ်နယ်ပေးနေသည်ကို ဖေးက တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူ သက်ပြင်းမချပဲ မနေနိုင်ခဲ့ပေ။

“ဒဏ်ခံနေရတာလေ...”

“နားမလည်ဘူးလား အစ်ကိုရေ ဟမ်” ဝမ်ဝမ်းဟောင်သည် ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်လာသည်။ “အဲ့ဒါကို ဘာလို့ခေါ်လဲ သိလား”

ဖေးက ခေါင်းယမ်းလိုက်သည်။

“ကိစ္စကြီးပြီးလို့ ကျေကျေနပ်နပ်နဲ့ ခံနေရတဲ့ ချိုမြိန်မှုလို့ ခေါ်တယ်”

All Chapters