← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

အပြင်မှာ နေရောင်က တောက်ပပြီး နွေးထွေးနေသည်။ သစ်ပင်များ၏ အရိပ်များသည် ညင်သာစွာ လှုပ်ရှားနေသည်။ ဖြတ်သွားဖြတ်လာများသည် စာအုပ်များကို ကိုင်ထားကာ အချင်းချင်း နောက်သို့ ပြေးလိုက်ပြီး အတန်းထဲသို့ ခေါင်း​လောင်းမတီးခင် အမီရောက်ရန် စိတ်ထက်သန်စွာ ပြေးနေကြသည်။

တင်းရှသည် တောက်ပပြီး သန့်ရှင်းသော ကြမ်းပြင်မှ မျက်နှာကျက် ပြတင်းပေါက်ဘေးတွင် ထိုင်လျက် ကျုံးကွေ့ကျီ ၏ လက်ရာမြောက်သော စာအုပ်ကို လက်ထဲတွင် တုံ့ဆိုင်းစွာ ပိတ်လိုက်သည်။ သူမ ဆံပင်တိုတိုကို ထိလိုက်ပြီး သက်ပြင်းတစ်ချက်ချရင်း "ငါလည်း ဒီဟင်းကို တစ်နေ့ စမ်းချက်ကြည့်ချင်တယ်၊ ခက်တာက ငါဟင်းဘယ်လို ချက်ရမလဲမသိဘူး..."

စာအုပ်ကို စင်ပေါ်ပြန်တင်ပြီး တင်းရှ သည် သူမ၏ နာရီကို စိုက်ကြည့်ကာ စာကြည့်တိုက်ဝင်ပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ "မွန်းတည့်​​နေပြီ၊ ဘာစားရမလဲ"

ဒါကို သူမတွေးနေချိန်အတွင်း မျက်နှာဝိုင်းဝိုင်း ဆံပင်ကောက်ကောက်နဲ့ မိန်းကလေးတစ်ယောက်က စာကြည့်တိုက်ဝင်ပေါက်ကနေ သူမကို လက် ဝှေ့ယမ်းပြပြီး အော်ခေါ်တယ်။ "ရှရှ၊ သွားကြရအောင်။ နေ့လည်စာ စားချိန်ရောက်ပြီ!"

တင်းရှ က သူမကို မော့ကြည့်လိုက်ကာ ပြုံးလိုက်သည်။ "လာပြီ!"

သူမ ခြေလှမ်းနှစ်လှမ်းလောက် ပြေးလိုက်ပြီးနောက် ရုတ်တရက် ရပ်သွားသည်။ ခဏ​နေပါဦး၊ သူမက ဘယ်သူလဲ၊

တင်းရှက အဲ့ကောင်မ​လေးနာမည်ကို ဘာလို့ မမှတ်မိရတာလဲ...

သူမရပ်သွားတာကိုမြင်တော့ ကောင်မလေးက စိတ်မချမ်းသာစွာနဲ့ တင်းရှကို တံခါးအပြင်ကိုဆွဲခေါ်ပြီး "မြန်မြန်လုပ်၊ ဒါမှမဟုတ် မုန့်စားလမ်းက ထပ်ပြီးလူတွေပြည့်နေမှာပါ။ ဒီလိုပူပြင်းတဲ့ရာသီဥတုမှာ တန်းစီစောင့်မနေချင်ဘူး!"

တင်းရှသည် ခဏမျှ စိတ်ရှုပ်ထွေးသွားသော်လည်း နားမလည်နိုင်သော ခံစားချက်သည် မကြာမီ ပျောက်ကွယ်သွားခဲ့သည်။

သူမဘာတွေတွေးနေတာလဲ...? ဆွဲခေါ်ခံရတော့ တင်းရှက ထို အတွေးတွေကို ဖယ်ပစ်ဖို့ ခေါင်းခါပြီး ပြုံးပြလိုက်တယ်။ "ကောင်းပြီ ဒါဆို မြန်မြန်သွားရအောင်။"

ဖြတ်သွားသော ကျောင်းသူ​ကျောင်းသားအများအပြားက လမ်းလျှောက်ရင်း ပြုံးပြီး နှုတ်ဆက်ကြသည်။ ကောင်မလေးကလည်း လက်ကို ဝှေ့ယမ်းကာ အားရပါးရ တုံ့ပြန်သည်။

"နေ့လည်စာ သွားစားကြမယ်! မုန့်စားလမ်းမှာ အရမ်းအရသာရှိတဲ့ သရေစာတွေ အများကြီးပဲ!"

"နင်အတန်းမတက်​ဘူးလား ​နောက်​ကျ နေမယ်​နော်! ဒီနေ့ roll call ရှိတယ်​လေ!"

"ရှရှကဘာဖြစ်နေလို့လဲ၊ ငါ့အမြင်မှာ သူမကလှပါတယ်!"(ဘေးလူများ​​ပြော​​နေ​သောစကား)

... တင်းရှ တုံ့ဆိုင်းသွားသည်။ သူမတို့ တကယ်နာမည်ကြီးခဲ့တာလား။

ကျောင်းတံခါးပေါက်နားသို့ရောက်​သောအခါ တင်းရှသည် ထုံးစံအတိုင်း ဘယ်ဘက်သို့ လှည့်သွားသော်လည်း ထိုကောင်မလေးက သူမကို ဖမ်းဆွဲလိုက်သည်။ "ရှရှ။ ဘယ်သွားမလို့လဲ၊ နေ့လည်စာစားဖို့ သဘောတူထားတာမလား။ ဘာလို့ အဲ့ဒီဘက်ကိုသွားနေတာလဲ"

"ငါတို့ မုန့်သွားစားမလို့မလား" တင်းရှ လည်း စိတ်ရှုပ်သွားသလို သူမ ဘယ်ဘက်သို့ ညွှန်ပြသည်။

"ဒါပေမယ့် အဲ့လမ်းက ညာဘက်မှာလေ!" ကောင်မလေးက ညွှန်ပြပြီး အံ့သြသွားသည်။

"ရှရှ၊ နင် စာဖတ်လွန်ပြီးရူးသွားတာလား" တင်းရှ အံ့အားသင့်သွားသည်။

ညာဘက်က...?

သူတို့ဘာကြောင့် ဘယ်ဘက်ကို ထွက်သွားသင့်တယ်လို့ သူမခံစားရတာလဲ။

ကောင်မလေးက တင်းရှကို ညာဘက်သို့ ဆွဲလိုက်သည်။ "သွားရအောင်၊ သွားရအောင်၊ ငါနင့်ကိုစာဖတ်တာများလွန်းရင် နင့်ကိုကြောင်စေမယ်လို့ ပြောခဲ့တယ်။ နင်အပြင်ကိုခဏခဏထွက်ရမယ်၊ အထူးသဖြင့် ငါနဲ့မုန့်သွားစားဖို့..."

တင်းရှ သည် ဘယ်ဘက်လမ်းကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ရုတ်​တရက်​ သူမနှလုံးသားထဲမှာ ၀မ်းနည်းလာသည်။

...

သရေစာလမ်းသည် လူများဖြင့်စည်ကားကာ  အသက်ဝင်နေသည်။ ထိုကောင်မလေးက ဝမ်းသာအားရဖြင့် လူအုပ်ထဲသို့တိုးကာ တိုးတိုးလေးပြောသည်၊ "ဟူး တော်​သေးတာ​ပေါ့ ငါကြိုက်တဲ့မုန့်ဆိုင်မှာ လူအများကြီး တန်းစီ​စောင့်မ​နေလို့ မဟုတ်ရင် ငါစိတ်အရမ်းတိုရမှာ"

"ကောင်းပြီ၊ ငါမုန့်ဖိုးရလာပြီ။ ရှရှ၊ နင်ဘာစားချင်လဲ။ ငါ၀ယ်​ကျွေးမယ်!"

လေထဲတွင် သင်းပျံ့သောမုန့်ရနံ့ကို ရှူရှိုက်ရင်း တင်းရှ လည်း အနည်းငယ် ဗိုက်ဆာလာသည်။ သူမသည် ဘေးပတ်လည့်ကြည့်လိုက်ပြီးအနီးနားရှိတရုတ်စားသောက်ဆိုင်ကို ညွှန်ပြလိုက်သည်။ "ငါတို့ အဲ့မှာမုန့်စားရင်​ကော ဘယ်လိုလဲ"

"သရေစာလမ်းကိုလာပြီး တရုတ်စာတွေကို ဘယ်လို့စားရမှာလဲ!" ကောင်မလေးက အော်တယ်။ "နင်သရေစာအဆာပြေ မျိုးစုံစားရမယ်!"

တင်းရှက နားလည်သဘောပေါက်စွာ တုံ့ပြန်ခဲ့သည်။ "အဲ့ဒါဆိုရင်..."

"နင်အာလူးချောင်းစားချင်လား၊ ၀ံပု​လွေအစွယ်အာလူး​ချောင်း" ကောင်မလေး၏ စူးရှသော မျက်လုံးများက လမ်းဘေးရှိ အားလူး​ချောင်း​ရောင်း​နေ​သောအဘွားကြီးဆီမှာရှိပြီး တင်းရှ ကို ဆွဲခေါ်လိုက်သည်။

"အဘွား။ ကျေးဇူးပြုပြီးချိုချဉ်စပ်စပ်လေး တစ်ပွဲယူမယ်ရှင့်!" အဘွားကြီးသည် အပိုင်းတော်တော်ကြီးသောအာလူးချောင်းများကို သွက်သွက်လက်လက် ထည့်ဖို့ပြင်ဆင်သည်။ တင်းရှသည် တစ်ချောင်းယူပြီး ကိုက်လိုက်သည်။

အာလူးအပြင်ပိုင်းက သိပ်မကြွပ်ဘူး၊ အတွင်းပိုင်းကလည်း မပျော့ဘူး၊ ဟင်းခတ်အ​မွှေးအကြိုင်ကလည်း အရမ်းပြင်းတယ်၊ ပဲငံပြာရည်က အရမ်းများတယ်...

တင်းရှ တစ်ကိုက်စားပြီး သူမ လန့်သွားသည်။

သူမဘယ်လိုသိတာလဲ...

သူမသည် အစမ်းသဘောဖြင့် နောက်တစ်ကြိမ် ကိုက်လိုက်ရာ ထိုပြဿနာများသည် သူမ၏ စိတ်ထဲတွင် သဘာဝအတိုင်း ပေါ်လာပြန်သည်။

ဒါ​ပေမယ့်​ သူမကဘယ်လိုဟင်းချက်​ရမလဲဆိုတာတောင်​ သိ​တာမဟုတ်ဘူး...

"ဘာဖြစ်လို့လဲ ရှရှ?" ကောင်မလေးက သူမကို ထူးဆန်းစွာလှုပ်ခါတယ်။ "ဒီ​နေ့ နင်က တကယ်​ထူးဆန်းတာပဲ..."

"ဘာမှမဟုတ်ပါဘူး..."သို့​သော်ငြားလည်းတင်းရှ၏ နှလုံးသားထဲရှိ ထူးဆန်းသောခံစားချက်က ပိုပြင်းထန်လာသည်။

"ပဲနီကိတ်မုန့် စားချင်လား" ကောင်မလေးက အနီးနားရှိ လှည်းကို ညွှန်ပြသည်။

"အင်း။" တင်းရှက ဒီလိုပြောပေမယ့် သူ့မျက်လုံးတွေက သူ့ဘေးက သစ်အယ်သီးကိတ်မုန့်တွေကို ကြည့်နေသည်။

"ငါ... အရင်က သစ်အယ်သီး ကိတ်မုန့် လုပ်ဖူးသလို ခံစားရတယ်..." တင်းရှက မဝံ့မရဲ ညည်းတွားသည်။

"မရူးမိုက်စမ်းပါနဲ့ ရှရှ နင်ဘယ်တုန်းက ချက်ဖူးလို့လဲ။ ငါတို့အတူကြီးပြင်းလာတာ ငါအဲ့အ​ကြောင်းတစ်ခါမှမကြားဖူးပါဘူး"ကောင်မလေးက ရယ်ရင်းပြောသည်။

"ငါ..." တင်းရှ လူအုပ်ကို လှည့်ပတ်ကြည့်ခဲ့သည်။

တစ်ခုခုမှားယွင်း​နေတယ်လို့ အပြင်းအထန် ခံစားလာရသည်။ တင်းရှသည် ဘေးဘက်သို့ တစ်ချက်ကြည့်လိုက်သောအခါ သူမမျက်နှာကို ပြသထားသည့် ရောင်ပြန်မှန်တွေ့လိုက်ရသည်။

သူမ ဒီလိုပုံပေါက်နေတာလား?

ဒီပုံကကြည့်ရတာ သိပ်မရင်းနှီးသလိုပဲ...

တင်းရှက သူ့ဘေးနားက ကောင်မလေးကို လှည့်ကြည့်သည်။ သူမ နာမည်ကဘာလဲ...?

ဒါက သူမ တက်​နေတဲ့ကောလိပ်လား။

ဒီလမ်းက ဘယ်မှာလဲ။

သူမမှတ်ဥာဏ်တွေထဲမှာ မုန့်စားလမ်းက ဘယ်မှာလဲ။

ကြက်ဥစွပ်ပြုတ်... ဟော့ပေါ့မျိုးစုံ... အာလူးအပါး​ကြော်... ဆိတ်သာနှပ်... ကုလားထိုင်... ပုခက်... ပရုတ်ပင်...

တင်းရှ၏ စိတ်ထဲမှာ မရေမတွက်နိုင်သော ပုံရိပ်များနှင့် အမှတ်တရများ ရောယှက်နေသည်။ သူမသည် ပထမဆုံးမြင်ခဲ့တဲ့ ဘယ်ဘက်လမ်းဆီသို့ စတင်ပြေးသည်..။

သူမရဲ့ မသိစိတ်က သူမ လိုချင်တာကအဲ့ဘက်မှာရှိတယ်လို့ ပြောတယ်..။

အဲဒီမှာ သူမသိချင်တာက...

သူမနောက်ကွယ်က လူတွေနဲ့ ဈေးသည်တွေရဲ့ အော်ဟစ်သံတွေက အေးခဲသွားပြီး ချက်ခြင်း ပျောက်သွားသည်။ အနက်ရောင် အစက်အ​ပြောက်များစွာ မြင်ကွင်းအစွန်းဘက်မှ​ပေါ်လာသည်။

ကတ်စလိုက်ရှိုးတစ်ခုလို ကမ္ဘာကြီးက လည်ပတ်နေတာ ရပ်သွားတော့ လူတွေအားလုံးက ရပ်တန့်သွားပြီး ပါးလွှာတဲ့စက္ကူဖြတ်ပိုင်းတွေလို အတုအယောင်တွေဖြစ်သွားသည်။ 

မောဟိုက်လာ၍ တင်းရှက သူမ ရပ်သင့်တယ်လို့ခံစားရတဲ့နေရာမှာ ရပ်လိုက်သည်။

သေးငယ်ပြီး ရှေးဟောင်းပုံစံ ဆိုင်လေးတစ်ဆိုင်။

ဆိုင်းဘုတ်သည် ပင့်ကူမျှင်များဖြင့် မှုန်ဝါးနေပြီး နားလည်ရန် ခက်ခဲသည်။ ဝင်ပေါက်သည် အခြားဆိုင်များထက် အနည်းငယ်ပို၍ အတွင်းဘက်တွင် ရှည်လျားပြီး သက်တမ်းရှည်သော ပရုတ်ပင်ကြီးတစ်ပင်သည်ထို​ဆိုင်​ဘေးနားမှာရှိ​နေသည်။ ထိုအပင်သည်အရိပ်​ပေးပြီး အရွက်များ ပြုတ်ကျကာ လေနှင့်အတူယိမ်းနွဲ့နေ၏။

မဆိုင်းမတွဘဲ တင်းရှ က လှမ်းပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားခဲ့သည်။

သူမ အထဲကို ဝင်သွားတယ်။

အတွင်းပရိဘောဂများသည် ဖရိုဖရဲဖြစ်ကာ ပျက်စီးယိုယွင်းပြီး ထူထဲသော ဖုန်မှုန့်များဖြင့် ဖုံးအုပ်ထားကာ လူ​နေသည့်အရိပ်အယောင်မျှ မရှိဘဲ ဖြစ်နေသည်။

ဒါတောင် တင်းရှက အရင်က ဒီလိုပုံစံမျိုးမဟုတ်ဘဲတခြားပုံစံမျိုးနဲ့ မြင်ဖူးတယ်လို့ ခံစားရတယ်။

အသက်၀င်ပြီး တက်ကြွတဲ့ပုံစံမျိုး။

မှုန်ဝါးဝါးမှာ တစ်စုံတစ်ယောက် စကားပြောနေတာကို ကြားလိုက်ရသည်။

"...ဒေါက်တာ လျို! က​လေးအမေ နှလုံးရပ်သွားပြီ!"

"ဆက်လုပ်ပါ။ မရပ်နဲ့!"

ဘယ်သူတွေ ပြောနေတာလဲ။

တင်းရှ ရှင်းရှင်းလင်းလင်း မကြားရခဲ့ပေ။

တင်းရှအ​နောက်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အသံများ တိတ်သွားသည်။

စိမ်းလန်းစိုပြေသော တောင်တန်းများ။

အ၀တ်အစား​ပေ​ပေ​တေ​တေ ဝတ်စားထားသော်လည်း မျက်လုံးများ တောက်ပနေသော ကလေးလေးသည် သူ့ပေါင်ပေါ် ခေါင်းမြှုပ်ကာ ဝမ်းနည်းစွာ ငိုနေခဲ့သည်။ တင်းရှ သူ့ရှေ့သို့သွားခဲ့သည်။

"ဘာဖြစ်လို့လဲ?"

ကောင်လေးက မျက်ရည်စတွေ စွန်းနေတဲ့ မျက်နှာနဲ့ မော့ကြည့်လိုက်တယ်။ "ရှရှ၊ မင်းဘယ်မှာလဲ"

ထိုရင်းနှီးသောမျက်နှာကို မြင်လိုက်ရတော့ နှလုံးသားကို မိုးကြိုးထိမှန်သွားသလိုတင်းရှ၏ မျက်လုံးများသည်  ချက်ချင်းပင် ပြူးကျယ်သွားသည်။

သူက...

ရှောင်ကျွင်း...

ရှောင်ကျွင်း...

တင်းရှသည် သူမစိတ်ထဲတွင်  ရုပ်ရှင်တစ်ခုလို အမှတ်တရများတရစပ်​ပေါ်လာသဖြင့်သူမခေါင်းကို တင်းတင်းဆုပ်ကိုင်ကာ ထိုင်ချလိုက်သည်။ သူမသည် ဖရိုဖရဲ မြင်ကွင်းများစွာကို ကြည့်ရှုနေပုံရသည်။

ကလေးငယ်သည် ကျယ်လောင်စွာ ငိုကြွေးနေ၏။

"ရှရှ...ကိုယ့်ကိုမထားခဲ့ပါနဲ့!"

တင်းရှ သူမ ရင်ဘတ်ကို ဆုပ်ကိုင်ကာ မော့ကြည့်လိုက်သည်။

မွေးဖွားခန်းတွင် မော်နီတာသည် လူနာ၏ နှလုံးခုန်နှုန်း ဖြည်းဖြည်းချင်း ပြန်တက်လာသည်ကို ပြသခဲ့သည်။ သူနာပြုဆရာမက "သူမပြန်လာပြီ၊ ဒေါက်တာလျို။ ပြန်လာပြီ!"

လူနာ၏ မျက်နှာကို တစ်ချက်ငုံ့ကြည့်ရင်း သူမအလုပ်ကို အလျင်စလို ဆက်လုပ်သည်။

ခွဲစိတ်ခန်းထဲ ကုတင်ပေါ်မှာ သတိလစ်နေသည့် တင်းရှမျက်လုံးများက တဖြည်းဖြည်း ဖွင့်လာခဲ့သည်။

All Chapters