အခန်း (၃၂)
Vol. 3 Ch. 32
တင်းရှနိုးလာသောအခါ ရှောင်ကျွင်းကို သူမနဲ့သီးသန့် ခွဲထားရန်မလိုတော့ပေ။
သူမသည် သူမအတွက် ကြိုးစားပမ်းစားလုပ်ပေးခဲ့သော ဒေါက်တာလျို၏ တာဝန်ကျရာနေရာတွင် လှဲလျောင်းနေပြီး ထိုသို့ကြိုးစားထားသော အကျိုးကျေးဇူးကြောင့် သူမမျက်လုံးဖွင့်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ရှောငကျွင်းသည် သူမဘေးနားတွင် စောင့်နေပေးပြီး သူ၏မျက်လုံးများတွင် သွေးကြောများကို မြင်နေရပါသည်။ သူသည် စကားတစ်ခွန်းမှ ပြောမထွက်ဘဲ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
“မင်း နိုးလာပြီပဲ…” ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ရှောင်ကျွင်းက ထိုသို့ပြောခဲ့သည်။
“အွင်း…” ဟူ၍ တင်းရှသည် သိမ်မွေ့စွာ မသဲမကွဲပြောလိုက်လေသည်။
“မင်း ကိုယ့်ကိုလန့်အောင် လုပ်ခဲ့တယ်” ရှောင်ကျွင်းသည် ကုတင်နားတွင် ဆောင့်ကြောင့်ထိုင်ရင်း သူမလက်ကို သူပါးနှင့်အပ်ထားလေသည်။ “ကိုယ်မင်းကို အိမ်မှာအကြာကြီး စောင့်နေခဲ့တာ ဒါပေမဲ့ မင်းကအိမ်ပြန်မလာခဲ့ဘူး”
“မင်းက ကိုယ့်ကိုထပ်ပြီး မလိုအပ်တော့ဘူး ထင်သွားတာ”
“အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” ဟုတင်းရှသည် ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။
“မင်းစားဖို့ ဝက်လက်စွပ်ပြုတ်ကို အိုးကြီးနဲ့အပြည့်ချက်ထားခဲ့သေးတယ်” ဟူ၍ ရှောင်ကျွင်းသည် သူမ၏ ဖြူဖျော့နေသော ပါးလေးကို ပွတ်ရင်းပြောနေခဲ့သည်။
“ကျွန်မ အိပ်မက်တစ်ခု မက်ခဲ့တယ်” တင်းရှက ရှောင်ကျွင်းလက်ကို ပြန်ကိုင်လိုက်ပြီး ပြောနေသည်။
“ဘယ်လို အိပ်မက်မျိုးလဲ” ရှောင်ကျွင်းသည် သူမခေါင်းအုံးနားတွင် မှီလိုက်ရင်း သူမပြောသည်ကို နားထောင်နေသည်။
“အိပ်မက်က တော်တော်ကောင်းတဲ့ အိပ်မက်လို့ပြောရမယ်” တင်းရှသည် ထိုအိပ်မက်ကို ပြန်စဉ်းစားပြီး “အဲ့ထဲမှာ ရှင်မပါတာကလွဲရင်ပေါ့” ဟုပြောနေသည်။
“ဒီမှာရှိနေတဲ့ ဘယ်အရာမှ အဲ့အိပ်မက်ထဲ ပါမနေဘူး”
တင်းရှသည် ခပ်ရေးရေး ပြုံးလိုက်သည်။ သူမသည် မိဘများမရှိသော မိဘမဲ့တစ်ယောက်ဖြစ်ပြီး အနေအေးကာ သူငယ်ချင်းဟူ၍လည်း များများစားစားမရှိပေ။
သူမတွင် ဆံပင်ရှည်နှင့်နူးညံ့သိမ်မွေ့သော ပုံပန်းသွင်ပြင်ရှိပြီး အရသာရှိသော အစားအသောက်ကောင်းများလည်း ချက်တတ်သည်။
မကြာမီသေးခင်ကပင် သူမသည် ကိုယ်ဝန်သုံးလရှိပြီဖြစ်သော အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့သည်။ ဘယ်ကရောက်လာမှန်းမသိသော သူမ၊ သူမတွင် လှပရှည်လျားသော ဆံပင်နက်နှင့် ကောင်းကင်ဘုံက နတ်သမီးလို အသားအရေရှိပြီး စားစရာကောင်းများကို ချက်ပြုတ်နိုင်သူဖြစ်သည်။
တင်းရှသည် မစဉ်းစားပဲမနေနိုင်သောကြောင့် စဉ်းစားနေမိသည်။ ဤအလွန်ကွဲပြားသော အိပ်မက်သည် တစ်ယောက်ယောက်က သူမကအမြန်နိုးလာဖို့စောင့်နေသည်ကို တစ်နည်းနည်းဖြင့် အသိပေးချင်နေသည်လား ဟူ၍။
“ကံကောင်းတာတစ်ခုကတော့ မင်းက ကိုယ်ရှိနေတဲ့ကမ္ဘာကို ရွေးချယ်လိုက်တာပဲ” ရှောင်ကျွင်းက ထိုသို့ပြောလိုက်သည်။
တင်းရှသည် သူ့ကိုပြုံးပြခဲ့ပြီးနောက် ငိုက်မျဉ်းနေသော မျက်လုံးလေးများကို မှိတ်လိုက်လေသည်။
သူမစိတ်ထဲတွင် အမှတ်တရများကို ပိုမိုစဉ်းစားရင်း သူမ သက်သေပြချင်သော ခန့်မှန်းချက်များလည်း များစွာရှိနေသည်။
အမှတ်တရများသည် ပို၍ အသေးစိတ်သည်။ သူမနှင့် ရှောင်ကျွင်းသည် အတူနေထိုင်ဖို့ ရွာငယ်လေးတစ်ရွာကို တွေ့သွားပြီး သူတို့သည် ရှက်သွေးဖြာရင်း တိတ်ဆိတ်စွာဖြင့် ဖြတ်သန်းခဲ့သော ညလေးကိုလည်း သူမ သတိတရရှိနေသည်။ ရှောင်ကျွင်းသည် သူမကို ကတိတွေပေးခဲ့သည်ကိုလည်း မှတ်မိနေပါသေးသည်။
ထို့နေ့က ရှုပ်ထွေးပြီး စိတ်ပိုင်းဖြတ်ထားသော အကြည့်တွေနှင့် ပြည့်နေသော ရှောင်ကျွင်း၏ နုပျိုနေသော မျက်ဝန်းလေးကိုလည်း ကောင်းကောင်းမှတ်မိနေသည်။
ဆွဲဆောင်မှုရှိပြီး စိတ်ပါနေသော လူငယ်လေး၏ အကြည့်၊ ထိုအကြည့်တွင် သူမအပေါ် အချစ်များယိုဖိတ်နေပုံကိုလည်း သူမ မှတ်မိသေးသည်။
ထိုအခိုက်အတန့်လေး၏ အမှတ်တရများသည် သူမကို မည်သူမည်ဝါဖြစ်ကြောင်း သံသယကင်းမဲ့စွာ အတည်ပြုပေးခဲ့သည်။
သူမသည် တင်းရှဖြစ်သည်။
တစ်ယောက်တည်းသာ ရှိသောတင်းရှ ဖြစ်လေသည်။
သူမသည် မထိန်းနိုင်ဘဲ ကြည်နူးနေသော်လည်း ပဟေဋ္ဌိဖြစ်နေသည်။
သူမသည် ဘာကြောင့် တခြားကမ္ဘာတွင် ဖြစ်တည်မှုအသစ်ဖြင့် ရှိနေသနည်း။
ပြီးနောက် ဘာကြောင့် ဒီကမ္ဘာကို ပြန်လာခဲ့ရသနည်း။
တင်းရှသည် ထိုအခြားကမ္ဘာနှင့်ပက်သက်၍ အရာအားလုံးကို စွန့်ပစ်ခဲ့ပြီးပြီဖြစ်သည်။
တစ်ကိုယ်တည်းသမားဖြစ်ခဲ့သော သူမအတွက် ဘာမှလွမ်းစရာအရာများ မရှိတော့ချေ။
အခြားတစ်ဖက်မှကြည့်သော် ဤကမ္ဘာရှိ အရာအားလုံးသည် သူမကို ရင်ခုန်အောင် လုပ်နေကြသည်။
နေ့စဉ်အာရုဏ်တက်ချိန် နေထွက်လာသည်ကို ကြည့်ရတာ သူမ နှစ်သက်သည်။
တံခါးနားရှိ ပင်စည်အရှည်ကြီးဖြစ်နေသော သစ်ပင်ကြီးကိုလည်း သူမ နှစ်သက်သည်။
အထူးသဖြင့် ညဖက် ကောင်းကင်ယံတွင် ကြယ်ကလေးများနှင့် လမင်းကြီး လင်းလက်စွာ တောက်ပနေပုံကိုလည်း နှစ်သက်သည်။
သက်ဝင်လှုပ်ရှားသော အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းနှင့် လောကတစ်ခွင် ဆက်နွယ်နေမှု၏ ရနံ့ကိုလည်း နှစ်သက်သေးသည်။
ထို့နောက် သူမအနှစ်သက်ဆုံးနှင့် အချစ်ဆုံးအရာမှာ သူမ၏ မိသားစုလေးပင်ဖြစ်သည်။
သူမသည် ရှောင်ကျွင်းကို ချစ်သည်။
ရှုံ့တွန့်နေသော ဖျင်အန်းလေးသည် ပထမဆုံးအကြိမ် သူ့အဖေနှင့်အမေ၏ အမှတ်တရလေးဖြစ်ပေသည်။ ယောင်းမကုန်းသည် သူတို့ကြည့်ရန်အတွက် ကလေးကို ချီလာလေသည်။ “သူက ကျန်းမာပြီး သန်မာတဲ့ကောင်ကလေးပဲ”
ဖျင်အန်းလေးသည် မျက်လုံးစုံမှိတ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ ရှောင်ကျွင်းသည် အဖေအသစ်ဆက်ဆက် ဖြစ်သည့်အလျောက် သူ့ကလေးကို စူးစမ်းချင်စိတ်ဖြင့် ခြေစွန်းခေါင်းစွန်းကြည့်နေလေသည် -“သူ့ကိုချီလို့ရမလား”
“ဒါပေါ့ ချီလို့ရတာပေါ့” ယောင်းမကုန်းကပြောလိုက်သည်။ ကလေးကို သူ့လက်ထဲသို့ ဂရုတစိုက်လွှဲပေးရင်း ချီရမည့်နည်းလမ်းများကို ပြောပြပေးနေသည်။
ရှောင်ကျွင်းနှလုံးသားလေး နူးညံ့သွားသည်။
စိုးရိမ်ပူပန်မှုများသည် တစ်ခဏတွင်း အငွေ့ပြန်သွားခဲ့သည်။ ယခုတွင် သူ့ကိုယ်ပိုင် မိသားစုလေးကို တည်ဆောက်နိုင်ခဲ့လေပြီ။
“ကြည့်ပါဦး သူက ကိုယ်နဲ့ပိုတူလား မင်းနဲ့ပိုတူလား” ဆိုပြီး ရှောင်ကျွင်းသည် ကလေးကို တင်းရှဆီလှမ်းပေးလိုက်သည်။
“မပြောတတ်ဘူး၊ ဒါပေမဲ့ သူ့ကြည့်ရတာ ရှင်နဲ့တူသလိုပဲ” ဟုတင်းရှသည် ကလေးကိုရယ်စရာအဖြစ် ကြည့်ပြီး ပြောနေလေသည်။ သူမသည် သူ့ကိုမည်သို့ပင် ကြည့်ကြည့် သူမအတွက် မျောက်နီလေးတစ်ကောင်နှင့် တူနေလေသည်။
“ကဲ ဟုတ်ပြီ ကျွန်မ သူ့ကိုပြန်ခေါ်သွားတော့မယ် ရှင်တို့လည်း တဝကြီး ကြည့်ပြီးပြီဆိုတော့၊ ကလေးတွေက အများကြီး အိပ်ဖို့လိုတယ်” ယောင်းမ ကုန်းသည် ထိုသို့ပြောရင်း ကလေးကို ပြန်ခေါ်သွားသည်။
ရှောင်ကျွင်းသည် တင်းရှ၏ စောင်လွတ်သော နေရာလေးကို လိုက်ဖုံးပေးနေသည်။ “ကိုယ် ဆရာဝန်ကိုမေးကြည့်ပြီးပြီ ခွဲစိတ်ပြီးတစ်ပတ်ကြာတာနဲ့ ဆေးရုံဆင်းလို့ရတယ်တဲ့ ဒါပေမဲ့ မင်းရဲ့ထူးခြားတဲ့ အခြေအနေကြောင့် စမ်းသပ်မှုတွေ ထပ်လုပ်ဖို့အတွက် တစ်လလောက် နေရဦးမယ်တဲ့”
ရှောင်ဂျွန်းသည် ပြောနေရင်းခဏ ရပ်သွားပြီးနောက် “ဒါပေမဲ့ စိတ်မပူပါနဲ့ ကိုယ် မင်းနဲ့အတူ ရှိနေပေးမှာပါ”
တင်းရှသည် အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်သည်။
တင်းရှသည် ထိုင်နိုင်သည်အထိ နေပြန်ကောင်းလာပြီးနောက် ဆရာဝန်နှင့် သူနာပြုဆရာမများ၏ ခွင့်ပြုချက်ဖြင့် ရှောင်ကျွင်းသည် အိမ်သို့ပြန်သွားပြီး ဝက်လက်စွပ်ပြုတ်အိုးကို သွားပြန်ယူလေသည်။
တင်းရှသည် သူမ၏ကျန်းမာရေး အခြေအနေကြောင့် တို့စားစရာ အချည်ရည်ကို စားမရသောအခါ သူသည် သူမအတွက် စွပ်ပြုတ်သာ ယူလာပေးခဲ့ခြင်းဖြစ်သည်။
သို့သော် တင်းရှမှာ ထိုစွပ်ပြုတ်ကို ကောင်းကောင်းကြီး သောက်နေခဲ့သည်။
ဝက်လက်သည် နူးညံ့ပြီး ပျော့နေသည်။ ပါးစပ်ထဲသို့ ရှောရှောရှူရှူဝင်သွားလေသည်။ စွပ်ပြုတ်ထဲတွင် အရသာရှိသော မိုနှင့်ပဲများ ထည့်ပြုတ်ထားပြီး အလွန်ပင် စားကောင်းနေသည်။
“ကိုယ်အများကြီး ချက်ထားသေးတယ်၊ မနက်ဖြန်လည်း ထပ်ယူလာခဲ့ဦးမယ်” ဟုရှောင်ကျွင်းသည် သူမစွပ်ပြုတ်ပန်းကန်လုံးအောက်ကို မ ပေးရင်းပြောနေလေသည်။
တင်းရှသည် ပုံမှန်ဆိုလျှင် ထိုသို့အပြုစုခံရသည်ကို နေရခက်နေတတ်သည်။ သို့သော် ယခုတွင်မူ ထိုအရာသည် သူမအတွက် ချိုမြိန်နေပြီး သူမကို ရင်ခုန်စေသည်။
“တင်းရှ….တင်းရှ?” ဟူ၍ ရှောင်ကျွင်းက သူမမျက်စိရှေ့တွင် လက်ကိုဝှေ့ယမ်းပြနေသည်။
သူမကိုယ်သူမ သတိမထားပဲ ရှောင်ကျွင်းကို ဒီတိုင်းစိုက်ကြည့်နေတတ်သော တင်းရှဖြစ်နေသည်ကို သိလိုက်ရသောကြောင့်...
“ဟမ်? ဘာဖြစ်လို့လဲ” တင်းရှသည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။
ရှောင်ကျွင်းသည် သူမကို မယုံသင်္ကာဖြင့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်လေသည် “ဘာတွေ ကြောင်ကြည့်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး...”
“ကိုယ့်ကိုကြည့်ပြီး မျက်စိကျိန်းသွားတယ်လို့တော့ မပြောနဲ့နော်” ဟုရှောင်ကျွင်းက စနောက်လိုက်သည်။
“အဟွင့် အဟွင့် အဟွင့်....” တင်းရှ ရှော့ရသွားသည် “အဲ့လိုမဟုတ်ပါဘူးနော်!”
ရှောင်ကျွင်းသည် မှဲ့ပြုံးပြုံးသွားပြီး သူမကို နောက်ထပ် မမေးတော့ပေ။
သို့သော် နောက်တစ်ခေါက် တင်းရှသည် သူ့ကို ငေးကြည့်နေသော်လည်း ရှောင်ကျွင်းသည် သူမကို ထပ်မခေါ်ပဲ ထားလိုက်သည်။
တင်းရှ အလျင်အမြန်ပင် နေပြန်ကောင်းလာပြီး ရက်၂၀ကြာပြီးနောက် ဒေါက်တာလျိုသည် ဝမ်းသာစွာဖြင့် သူမကို ဆေးရုံဆင်းလို့ရကြောင်း ပြောခဲ့သည်။
ရှောင်ကျွင်းသည် သူမဆေးရုံဆင်းဖို့ လုပ်ပေးပြီး သူမကို သူတို့အိမ်လေးဆီ ပြန်ခေါ်သွားလေသည်။
“အိမ်ပြန်မရောက်တာ ကြာပြီနော်” တင်းရှသည် တံခါးဝတွင် ရပ်ရင်း ခံစားချက်အပြည့်ဖြင့် ပြောနေသည်။
သူမဗိုက်လေးသည် အနည်းငယ်ရောင်နေသေးသည်။ ပုံမှန်အခြေအနေသို့ ပြန်မရောက်သေးပေ။
ရှောင်ကျွင်းသည် ကလေးလေးကို ချီလာတုန်း ယောင်းမကုန်းနှင့် အန်တီကျန်းတို့သည် ပစ္စည်းပစ္စယာများ သယ်လာလေသည်။
“နောက်ဆုံးတော့ အိမ်ပြန်လာလို့ရပြီ” ယောင်းမကုန်းသည် ခံစားချက်များ ရောထွေးရင်း ပြောနေသည်။ “ဆေးရုံမှာ နှစ်သစ်ကူးလိုက်ရပြီး....အခုတော့ နွေဦးတောင် ရောက်လာပြီပဲ”
“အခုဆို အခြေအနေတွေလည်း ကောင်းလာပါပြီ။ နောက်ပိုင်း အချိန်ရခဲ့ရင် ယောင်းမနဲ့ အန်တီတို့နဲ့ အချိန်ဖြုန်းဦးမယ်” ဟုတင်းရှသည် အပြုံးလေးနှင့် ပြန်ကြည့်ရင် ပြောလိုက်သည်။
သူမသည် ဆေးရုံတွင် အချိန်တော်တော်ကြာအောင် နေခဲ့ရပြီး နှစ်သစ်ကူးချိန်တစ်လျှောက်လုံး ထိုနေရာတွင် နေခဲ့ရသည်။
ရှောင်ကျွင်းသည် အိပ်ခန်းထဲတွင် လိုအပ်သည်များကို ပြင်ဆင်ပြီးဖြစ်သည်။ ကလေးပုခက်လေးသည် သူတို့အိပ်ရာနဲ့ မလှမ်းမကမ်းတွင် ရှိနေသည်။
“ကလေးပုခက်က ကျွန်မတို့နဲ့ နည်းနည်းဝေးမနေဘူးလား” ဟုတင်းရှက ပုခက်ကို ကိုင်ရင်းပြောနေသည်။
“မဝေးပါဘူး၊ ကလေးညဖက်ငိုရင်တောင် ကိုယ် အလွယ်သွားလိုက်လို့ ရနေတာပဲ၊ မင်းသာ ကောင်းကောင်းနားစမ်းပါ” ရှောင်ကျွင်းသည် ထိုသို့ပြောရင်း လိုအပ်သလောက် တစ်ရှူးအစိုများကို ထုတ်ယူနေသည်။
တင်းရှသည် ရေးရေးလေး ပြုံးလိုက်သည်။
ဖျင်အန်းလေးသည် သူ့အိပ်ရာထဲတွင် ဟိုလှိမ့်သည်လှိမ့်နှင့် မျက်စိပြူးပြူးလေးဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေသည်။
သူသည် အနည်းငယ်ကြီးလာပြီး မျောက်ကလေးမဟုတ်တော့ပေ။ သို့သော် ဖြူဖြူကြည်ကြည်လေးနှင့် နူးနူးညံ့ညံ့နတ်သမီးလေးတစ်ယောက်လို မငိုပဲမနေနိုင်ပေ။
ထို့နောက် သူလေးသည် ကျောက်စိမ်းနှင်းလေးလို ချစ်စရာကောင်းနေပြီး သူ၏အသွင်အပြင်ကို ရင်သပ်ရှုမောဖွယ်အဖြစ် မည်သူမျှ မကြည့်ပဲမနေနိုင်ပေ။
တင်းရှသည် သူ့ယောက္ခမကြီး၏ ဝက်လက်စွပ်ပြုတ်ကို တစ်ပတ်လုံးစားခဲ့ရသည်။ ဝက်လက်ကို မစားချင်တော့သည်အထိ စားလိုက်ရသည်။
“ကျွန်မ နောက်ထပ်မစားနိုင်တော့ဘူး ကျွန်မ နောက်ထပ်မစားနိုင်တော့ဘူး တခြားဟာပြောင်းစားရအောင်နော်” တင်းရှသည် ရှောင်ကျွင်းက စွပ်ပြုတ်အိုးသယ်လာသည်ကို မြင်ပြီး ကပျာကယာပင် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ရှောင်ကျွင်းက ရယ်နေသည် “ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်နောက်ထပ် မလုပ်ပေးတော့ပါဘူး”
ထိုသို့ပြောလိုက်မှသာ တင်းရှမှာ ဝမ်းသာသွားတော့သည်။
တီဗွီပေါ်တွင်လည်း သတင်းများကို တင်ဆက်ရင်း မကြာမီတွင် ဖျင်အန်းလေးသည် တဖြေးဖြေးကြီးလာကာ ပူစီပေါင်းများလည်း မှုတ်နိုင်ပြီး နို့ဆာလျှင်လည်း “ဝါး ဝါး” ဟူ၍လည်း အော်ငိုနိုင်လေပြီ။ နောက်ဆုံးတွင် ကာကွယ်ဆေးကို တီထွင်နိုင်ပြီဖြစ်ကြောင်း သတင်းကြေညာခဲ့သည်။
လူအားလုံးသည် စိတ်အေးရတော့သည်။
လူများကို တဖြေးဖြေးနှင့် လမ်းမပေါ်တွင် မြင်လာရပြီး အေးစက်တိတ်ဆိတ်နေသော လမ်းများသည်လည်း ပြန်လည် သက်ဝင်လာခဲ့သည်။
ဆိုင်သေးလေးများသည် ပြန်မဖွင့်နိုင်သေးပေ။ နေ့ရက်တိုင်းတွင် တင်းရှသည် ဖျင်အန်းလေးကို ချီရင်း ဆိုင်အတွင်းမှ အပြင်ဖက်ကို မှန်ချပ်များမှတစ်ဆင့် ကြည့်ပြီး သားချော့တေးကို ညင်သာစွာ ဆိုပြနေသည်။
ဖျင်အန်းလေးသည် လိမ္မာသော ကလေးလေးဖြစ်သည့်အလျောက် အမြဲတမ်း အရာရာကို စူးစမ်းချင်စိတ်ဖြင့် လျှောက်ကြည့်နေတတ်ပြီး ဗိုက်ဆာချိန် အော်ငိုတတ်ခြင်းမှလွဲ၍ ဖြစ်သည်။
ယောင်းမ ကုန်းနှင့် အန်တီကျန်းတို့ အိမ်ပြန်သွားကြသည်။ တင်းရှသည် နေ့တိုင်း တခြားသူများကို ဖုန်းဆက်ရင်း ကလေးကို မည်သို့ဂရုစိုက်ရမည်ကို သင်ယူနေခဲ့သည်။
ရှောင်ကျွင်းသည် ဖုန်းကို ကိုင်ပြီးဝင်လာသည်။
“တင်းရှ၊ အိမ်ရှင်က ပြောတယ် အိမ်ကို ပြောင်းချင်လို့တဲ့”