အခန်း (၃၄)
Vol. 3 Ch. 34
“ငါ့မှာလည်း ဒီလိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့လို့ပါ။ ငါ့ယောကျာ်းနှင့် ငါတို့ငယ်ငယ်တုန်းက ဒီအိမ်လေးကို ဝယ်ခဲ့တယ်။ နောက်နှစ်တွေကြာသွားတဲ့ထိ ဒီအိမ်လေးကို မရောင်းချင်ခဲ့ပါဘူး တခြားရွေးချယ်ခွင့်သာ ရှိခဲ့မယ်ဆိုရင်...”
“ဒါပေမဲ့ အခုတော့ ငါ့သားနဲ့သမီး နှစ်ယောက်စလုံးက အလုပ်လက်မဲ့ဖြစ်သွားပြီလေ။ တစ်မိသားစုလုံးကို ကျွေးဖို့ဆိုရင် ဒီအိမ်ကိုရောင်းစားဖို့ကလွဲပြီး တစ်ခြားနည်းလမ်းမရှိတော့ဘူး”
အမျိုးသမီးအိုကြီးက စိတ်ပူပန်စွာ ပြောနေခဲ့သည်။
“အန်တီ ကျေးဇူးပြု၍ ကျွန်မတို့ကို စျေးလေးလျှော့ပေးပါနော်။ ကျွန်မတို့လည်း စီးပွားရေးကို အခုစလုပ်နေတာမို့ ပြီးတော့ ဒီအိမ်ကိုလည်း တစ်နှစ်ပတ်လုံးစာ ငှားပြီးမနေရသေးတော့လေ”
“ကျွန်မတို့ကလေးလေးလည်း ခုမှမွေးခါစဆိုတော့ ကျွန်မတို့ အဲ့လောက် ပိုက်ဆံအများကြီးကျ မတတ်နိုင်လို့ပါ”
“အရစ်ကျသွင်းမယ်ဆိုရင်ရော ဘယ်လိုလဲရှင့် ပထမတစ်ရစ်ကို အရင်သွင်းထားပြီးတော့ နောက်ခြောက်လတစ်ခါ တစ်ရစ်ချင်းသွင်းသွားမယ်ဆိုရင်ရော၊ အတတ်နိုင်ဆုံး ပိုက်ဆံရတာနဲ့ အမြန်ဆုံးပေးချေမှာပါ”
“ကလေးရယ် ငါ့အခြေအနေကိုလည်း နားလည်ပေးပါဦး...” ဟုအမျိုးသမီးအိုက သက်ပြင်းချရင်း ပြောလိုက်သည်။
“၂.၃သန်းပဲ တစ်ပြားမှ လျှော့လို့မရဘူး”
တင်းရှတို့ ဒုက္ခရောက်နေကြပြီ။ သူမသည် ရှောင်ကျွင်းကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ကျွင်းသည် ဖျင်အန်းလေးကို ပုတ်ပေးရင်း မြှူနေသည်။ သူသည် သူမကို တစ်ချက်ပြန်ကြည့်ပြီး “ကျွန်တော်တို့လည်း တကယ်မတတ်နိုင်လို့ပါ။ ဒီလိုဆိုရင်ရော ကျွန်တော်တို့ နောက်လမှပြောင်းပေးလို့ရလား”
အမျိုးသမီးအိုကြီးသည် ခဏမျှကြောင်သွားသည်။ အမှန်တိုင်းပြောရလျှင် သူမနှလုံးသားထဲတွင် တင်းရှတို့လူငယ်စုံတွဲသည် စံပြဖြစ်ခဲ့ဖူးသည်။
သူတို့စီးပွားရေးလေးကို မည်သို့ရုန်းကန်လှုပ်ရှားနေသည်ကိုလည်း သူမတွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့သည် ပိုက်ဆံအတော်အတန်ရထားမည်ဟု ထင်ထားသည်။
သို့သော် အမျိုးသမီးအိုကြီးသည် စျေးလျှော့ပေးဖို့ လုံးဝမတတ်နိုင်ချေ။ သူမသည် အိမ်ကို တတ်နိုင်သမျှ အမြန်ရောင်းချင်နေသည်။
ရှောင်ကျွင်းသည် သူမပုံစံကိုကြည့်ပြီး သူမစဉ်းစားနေသည်ကို သိနေသည်။
“အန်တီ ထပ်ပြီးမစဉ်းစားပေးနိုင်တော့ဘူးလား ဒီအိမ်က နေရာကောင်းမှာ ရှိနေတာပါ ဒီတစ်ကြိမ်အခွင့်အရေးကို လွတ်သွားတာနဲ့ နောက်ထပ် ဝယ်လက်ကို ရှာဖို့ခက်သွားမှာ”
“ကျွန်မတို့ မတတ်နိုင်တော့ဘူး၊ နောက်တစ်နေရာရှာရုံပဲ ရှိတော့တာပေါ့” တင်းရှလည်း စကားအသွားအလာကို သဘောပေါက်သွားပြီး “အိမ်ငှားခကို နှစ်အတော်ကြာ ကြိုပြီးပေးခဲ့ရတယ်။ အချိန်ကျလာရင် ကျေးဇူးပြုပြီး ပိုက်ဆံပြန်အန်းပေးဖို့ သတိရပေးပါ”
သူမသည် သိပ်ပြီးစိတ်တိုပုံမပေါ်ပေ။ ထိုသို့စဉ်းစားပြီးပြောလိုက်ခြင်းသည် ကြီးကျယ်သော အပြစ်တစ်ခုမဟုတ်ဟု သူမတွေးနေသည်။
အမျိုးသမီးအိုကြီးလည်းပြန်ပြောလိုက်သည်။ “အဲ့တော့ မင်းတို့ဘယ်လောက်ဆို တတ်နိုင်လဲ”
ရှောင်ကျွင်းသည် သူ့ဖုန်းကိုဖွင့်ပြီး အိမ်သစ်များကို လိုက်ရှာနေသည်။
သူ၏ထိုပုံစံကိုကြည့်ပြီး တင်းရှသည် သူဒီနေရာတွင် ထပ်မနေချင်တော့မှန်း သိနေသည်။ ထို့ကြောင့် သူမသည် ဘာမှမပြောတော့ပဲ ပြုံးပြလိုက်သည်။
အမျိုးသမီးအိုကြီးသည် သက်ပြင်းချရင်း တွန့်ဆုတ်နေသေးသည်။ “မင်းတို့ လောက် စျေးစစ်တဲ့လူမျိုးကို တစ်ခါမှမတွေ့ဖူးသေးဘူး”
ရှောင်ကျွင်းလည်း အနည်းငယ်ရယ်မောရင်း “အန်တီ ဒီလိုအိမ်မျိုးကို ၁.၈သန်းနဲ့ ပေးဝယ်လို့ရတာကို မသိချင်မယောင်ဆောင်နေပါနဲ့”
“နောက်ထပ် အပို၅၀၀,၀၀၀ ပေးရမယ်ဆိုရင် ကျွန်တော်သဘောမတူပဲနေလို့ ရတယ်မလား”
အမျိုးသမီးအိုကြီးသည် ဆို့နင့်သွားသည်။ “အခုခေတ်လူငယ်တွေကလေ ငါတို့လို လူကြီးတွေအတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာကို နားမလည်ကြဘူး...ငါကအရမ်းအိုနေပြီ ဒါပေမဲ့ မိသားစုနှစ်ခုစလုံးကို ပံ့ပိုးပေးရဦးမယ်။ အဲ့တော့ ဒီထက်ပိုပြီး ပိုက်ဆံစုချင်တာ မှားသွားလား”
အမျိုးသမီးအိုကြီးသည် သူမအိမ်သည် ဘယ်လောက်ကောင်းကြောင်း ထပ်၍ပြောနေသည်။ ရှောင်ကျွင်းနှင့် တင်းရှလည်း ဘယ်လိုပြန်ပြောရမှန်းမသိ ဖြစ်နေကြသည်။ သူမက ထပ်ပြောသေးသည်မှာ ယခုခေတ်လူငယ်များသည် လူကြီးများကို ရိုသေရကောင်းမှန်းမသိ အကျင့်စရိုက်များ ပျက်ပြားနေကြကြောင်း ဖြစ်သည်။ သူမသည် အချိန်အတော်ကြာ မရပ်ပဲ ဆက်တိုက်ပြောနေခဲ့သည်။
ရှောင်ကျွင်းလည်း သည်းမခံနိုင်တော့ပဲ “တော်လောက်ပြီ။ ခင်ဗျားရဲ့ ကလေးတွေသာ ခေါ်လာလိုက်တော့။ ကျွန်တော် ထပ်ပြီးငှားလည်း မငှား၊ ဝယ်လည်း မဝယ်တော့ဘူး၊ အဲ့လိုရော မရဘူးလား၊ ခင်ဗျားက ခင်ဗျားကလေးတွေကို ကျွေးမွေးဖို့ ကျွန်တော့်ဆီက ၅၀၀,၀၀၀ ကို အတင်းအကြပ် ပိုတောင်းနေတာပဲ”
“အဲ့ခင်ဗျားကလေးတွေ ကျွန်တော့်ကို အဖေ ခေါ်တာ တစ်ခါမှ မကြားဖူးဘူး”
“အားကျင်း!” တင်းရှသည် ထိုအမျိုးသမီးအိုကြီးနှင့် ရှောင်ကျွင်းတို့ ငြင်းခုံနေကြသည်ကို တိတ်ဆိတ်စွာ နားထောင်ရင်း ပြောလိုက်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် တင်းရှလည်း ဒေါသနည်းနည်း ထွက်သွားခဲ့သည်။ သို့သော် သူနောက်ဆုံးပြောခဲ့သည့်စကားကို ကြားပြီးနောက် လူကြီးများကို ရိုသေသမှုရှိရန် ပြောလိုက်ခြင်းဖြစ်သည်။
အမျိုးသမီးအိုကြီးလည်း သူ့ကိုတုန်ရီနေသော လက်ဖြင့် လက်ညှိုးထိုးရင်း ဒေါသထွက်နေသည်။ “မင်း…မင်း!”
“အခုချက်ချင်း ငါ့အိမ်က ထွက်သွားစမ်း!”
ရှောင်ကျွင်းသည်မဲ့ပြုံးပြုံးပြီး “ကောင်းပြီလေ ကျွန်တော်တို့ အိမ်လခပိုပေးထားတာကို အရင်ပြန်အမ်း”
“ဥပဒေအရ အရောင်းအဝယ်တစ်ခုမှာ ရှိပြီးသား အိမ်ရှင်အိမ်ငှား သဘောတူညီမှုတွေက ပျယ်ပြယ်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အိမ်ငှားခကို ပြန်မအန်းဘဲ ခင်ဗျား အိမ်ကိုရောင်းလိုက်မယ်ဆိုရင် ကျွန်တော် တကယ်ပြောင်းရမဲ့နေ့အထိ နေသွားလို့ရတယ်”
အမျိုးသမီးအိုကြီးသည် သွေးများဗလောင်ဆူအောင် ဒေါသအရမ်းထွက်နေပြီး သူမသည် ဟောဟဲတိုက်ကာ တံခါးကို ဆုပ်ကိုင်ထားသည်။
ထိုကိစ္စပြီးသွားပြီး ခဏအကြာတွင် ရှောင်ကျွင်းသည် ပွဲစားဆီမှ ဖုန်းကောတစ်ခုကို လက်ခံရရှိခဲ့သည်။
အိမ်ငှားခကို တစ်ပတ်အကြာတွင် ပြန်ရခဲ့သည်။ ရှောင်ကျွင်းသည် “OK” ဟုပြန်ပို့လိုက်ပြီး အိမ်များကို ဆက်လက်ရှာနေခဲ့သည်။
ဒီတစ်ခါတွင် နန်ကျန်းမြို့တောင်ပိုင်းရှိ ခြံဝန်းပါပြီး အထပ်များစွာပါသော အိမ်သေးလေးကို ကြည့်နေသည်။
“ဘာလို့ ခြံပါပါတဲ့ အိမ်သေးလေးတွေကို လိုက်ကြည့်နေတာလဲ” ဟုတင်းရှသည် သိချင်စိတ်ဖြင့် နှစ်ခါကြည့်လိုက်ပြီး မေးနေသည်။
“ဘာလို့လဲဆိုရင် ကိုယ်ကြိုက်လို့လေ” ရှောင်ကျွင်းသည် သူမကို ထူးဆန်းစွာကြည့်ပြီး ဖြေခဲ့သည်။
ရှောင်ကျွင်းတစ်ယောက် ရှာတွေ့ခဲ့သော အိမ်လေးကို ချက်ချင်းပင် ဘိုကင်ယူလိုက်သည်။
“မင်းလည်း သဘောကျလိမ့်မယ်” သူသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြောခဲ့သည်။
ဘာမှလုပ်စရာမရှိသောကြောင့် သူတို့နှစ်ယောက်သည် အိမ်တွင် အထုပ်များ ထုတ်ပိုးပြီး အန်တီကျွမ်းနှင့် တခြားသူများပြန်လာလျှင် ပြောင်းရန် ပြင်ဆင်နေသည်။
သူတို့၏ ပုံမှန်ဖောက်သည်များအတွက် နှမြောစရာပင်ဖြစ်ပေသည်။ သူတို့နှစ်ယောက်သည် ဖောက်သည်များကို ဆိုင်အသစ်၏ လိပ်စာပေးရန် နည်းလမ်းကို စဉ်းစားနေကြသည်။
တင်းရှသည် ကြမ်းပြင်ပေါ်က ဆံပင်အစုလိုက် အပုံလိုက်ကို လှဲကျင်းနေသည်။ သူမခဏမျှ ကြောင်သွားပြီး သူမဦးရေပြားကို ကိုင်ကြည့်နေသည် “အားကျွင်း!”
“အွင်?! ဘာဖြစ်လို့လဲ” ရှောင်ကျွင်းသည် သူမအသံကြောင့်လန့်သွားသည်။
တင်းရှသည် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “ကျွန်မ ခေါင်းတုံးဖြစ်တော့မှာလား ဆံပင်တွေအများကြီး ကျွတ်နေတယ်!”
ရှောင်ကျွင်းသည် ထိုအရာကို အရေးကြီးမှန်း သိနေသည်။ သူသည် အသက်တစ်ချက်ရှူလိုက်ပြီး “မဟုတ်ဘူး အဲ့လိုမဟုတ်ပါဘူး မင်းမှာ ဆံပင်တွေအများကြီး ရှိပါသေးတယ်”
တင်းရှသည် သူပြောသည်ကို မယုံပဲ တံမြက်စည်းကို ချထားပြီး “ကျွန်မ နှမ်းနက်ရည်နည်းနည်း သွားကြိုလိုက်ဦးမယ်”
သူမသည် မီးဖိုချောင်ထဲသို့ ပြေးသွားသည်။ ရှောင်ကျွင်းသည် တံမြက်စည်းကို ဘာမှမတတ်နိုင်သောပုံစံဖြင့် ကောက်ယူလိုက်ပြီး ကြမ်းပြင်ကို လှဲကျင်းနေသည်။ သူသည် ပုခက်ထဲမှ စပ်စုစိန်လေး ဖျင်အန်းလေးကိုလည်း စကားပြောဖို့ မမေ့ပေ။ “မင်းအမေကို ကြည့်ပါဦး ဒါလေးကို လန့်နေတာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ!”
ဖျင်အန်းလေး -“.....”
ဖျင်အန်းလေးသည် ထိုစကားကိုသာ နားလည်ပြီး ဝင်ပြောနိုင်မယ်ဆိုလျှင် သူသည် ထိုအရာကို ရယ်စရာအဖြစ် မြင်မိမှာ အမှန်ပင်။
တင်းရှသည် နှမ်းနက်အိုးကြီးကို ယူလိုက်ပြီး ဒယ်ပြားထဲတွင် နှမ်းများကြွပ်ရွသည်အထိ ၆မိနစ် ၇မိနစ်ခန့် မီးအေးအေးဖြင့် လှော်နေသည်။ သူမသည် လက်ဖြင့် နည်းနည်းကောက်ယူလိုက်ပြီး သူမပါးစပ်ထဲထည့်ကာ ဝါးစားလိုက်သည်။ ကြွပ်ကြွပ်ရွရွအရသာလေးကို သဘောကျနေသည်။
သူမသည် နှမ်းများကို သွန်လိုက်ပြီး ရေထည့်ကာ အနှစ်ဖြစ်အောင် ကြိတ်စက်ဖြင့် ကြိတ်နေသည်။ ပိုပြီး ကောင်းအောင် သူမသည် ထပ်ပြီးစစ်ယူလိုက်သေးသည်။
သူမသည် ကျန်သည့်အနှစ်များကို ရေထပ်ရောပြီး ကြိတ်စက်ထဲတွင် ထပ်ကြိတ်ကာ အလေအလွှင့်မရှိအောင် လုပ်နေသည်။
သူမသည် လက်တစ်ခုပ်စာ အနီရောင်ဂျူဂျူကို ပျော့သွားအောင် ပေါင်းလိုက်ပြီး စွံပလွန်အနှစ်များအဖြစ် စစ်ထုတ်လိုက်သည်။
နောက်ဆုံးတွင် သူမသည် နှမ်းနက်အနှစ်နှင့် ဆန်မှုန့်အနှစ်ကို ရေနှင့်အတူ အိုးထဲလောင်းထည့်ကာ ဆက်ပြီး ဆူပွက်စေပြီး သကြားများကို ထည့်နေသည်။
အရောင်သည် လုံးဝမည်းနက်သွားသောအခါ တင်းရှသည် စွံပလွန်အနှစ်ကို ပြင်ထားလိုက်ပြီး ဆက်လက်ပွက်စေကာ နှင်းဆီယိုကို အလှအပနှင့် အာဟာရဖြည့်တင်းဖို့အတွက် ထပ်ထည့်လိုက်သည်။
ထို့နောက် ဆက်ပြီး ဆက်ပွက်အောင် ထားလိုက်သည်။
သင့်တော်သည့်အချိန် ရောက်လာသောအခါ သောက်ချဖို့ အဆင်သင့်ဖြစ်နေသည်။
တင်းရှသည် မီးဖိုချောင်တံခါးနားတွင် ပျစ်နစ်ပြီး မည်းနက်နေသော နှမ်းနက်ရည်ပန်းကန်လုံးကို ကိုင်ထားကာ အပြီးသတ်ပစ်လိုက်သည်။
ဆံပင်ကျွတ်မှာကို ကြောက်နေသော သူမသည် အနည်းငယ်စိတ်သက်သာရာ ရသွားသည်။
သူမသည် ရှောင်ကျွင်းကို နည်းနည်းလေးတောင် မပေးခဲ့ပေ။ ထိုအရာကို ဖျင်အန်းလေးတွေ့ပြီး လိုချင်မှာစိုးသောကြောင့် ဖြစ်သည်။
ရှောင်ကျွင်းကို နှမ်းနက်ရည် သောက်မှာစိုး၍ မီးဖိုချောင်မှ နှင်ထုတ်လိုက်ပြီးနောက် တင်းရှသည် ဖျင်အန်းလေးကို ချီရင်း အခန်းကိုတစ်ပတ် ပတ်ပြကာ မြှူနေလေသည်။
ဖျင်အန်းလေးသည် သူ့အမေအင်္ကျီကို ဆုပ်ကိုင်ထားပြီး သူမဆီမှ အနံ့တစ်ခုခုရနေသည်။
တင်းရှသည် သူမပုခုံးများ စွတ်စိုလာသည်ကို ခံစားလိုက်ရသည်။ မှန်ဆီ ပြေးသွားကြည့်သောအခါ ဖျင်အန်းလေးသည် ရေတံခွန်လို သရေများကျနေသည်ကို သူမတွေ့နေရသည်။
တင်းရှသည် အနည်းငယ် အပြစ်ရှိသလိုခံစားသွားရသည်။ သူမသည် ချက်ချင်းပင် အင်္ကျီလဲလိုက်ပြီး ဖျင်အန်းလေးကို သရေခံအသစ် လဲပေးလိုက်သည်။
အချိန်သည် ဖြေးညင်းစွာ ကုန်ဆုံးနေသည်။ စားသောက်ဆိုင်သေးသေးလေးများသည် မဝံ့မရဲနှင့် တံခါးများကို ပြန်ဖွင့်နေကြပြီ။ တင်းရှသည် စိတ်မအေးဖြစ်နေသေး၍ ပါဆယ်များသာ လက်ခံသေးသည်။နေ့စဉ်နှင့်အမျှ ဖောက်သည်များ နည်းပါးလာခဲ့သည်။ စီးပွားရေးမှာ အရောင်းအေးနေခဲ့သည်။
“ဟယ်လို ထိုင်စားလို့ရပြီလား” တင်းရှသည် ကလေးကိုချီထားရင်း လှမ်းကြည့်လိုက်သည်မှာ မျက်နှာလေးထောင့်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး အလွန်ပင်ကြည့်ကောင်းသော တုန်ရီနေသော အမျိုးသမီးအိုကို တွဲပေးထားသည်။
“ဆောရီးပါ ကျွန်မတို့ ဆိုင်မှာ ထိုင်စားလို့မရသေးပါဘူး” တင်းရှသည် ပြုံးပြရင်း “ပါဆယ်ပဲရပါသေးတယ်” ဟုပြောလိုက်သည်။
“အဲ့ဒါဆိုရင် ပါဆယ်ပဲယူပါ့မယ် မှာလို့ရတယ်မလား” သက်လတ်ပိုင်းအမျိုးသားက မေးလိုက်သည်။
“ဟုတ်ကဲ့ ဘာမှာချင်ပါသလဲ” တင်းရှသည် ထိုအမျိုးသားကို စားစရာစာရင်းပြလိုက်သည်။
ထိုအမျိုးသားက ထိုစာရင်းကို မယူလိုက်ပဲ “ဒရင်းပန်ကိတ်အဝိုင်းရယ် ဝက်သားပြုတ်ကြော်ရယ် ပြီးတော့ ဆန်ခေါက်ဆွဲကို ဝက်သားနဲ့တစ်ပွဲ” ဟူ၍ မှာလိုက်သည်။
တင်းရှသည် ခဏလောက် ကြောင်သွားသည်။ ထိုဟင်းလျာများကို ကြားရသည်မှာ ရင်းနှီးနေသလို ဖြစ်နေသည်။ ထိုဟင်းများသည် အဖိုးစားချင်သော ဟင်းများနှင့်တူနေပြီး..
“ဒီဆိုင်ကို လူကြီးတစ်ယောက် လာဖူးတယ်မလား”