← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

တင်းရှသည် လှည့်ကြည့်လိုက်သောအခါ ရှောင်ကျွင်းသည် အဆောင်အအုံ၏ အသေးစိတ်ပုံစံကို ရေးဆွဲထားသော စာရွက်ကို အကြာကြီးစိုက်ကြည့်နေပြီး အတွေးထဲတွင် နစ်မြောနေလေသည်။ သူမလည်း မနေနိုင်ပဲ မေးလိုက်သည်မှာ-“ရှင်ဘာကို ကြည့်နေတာလဲ”

ရှောင်ကျွင်းသည် လန့်သွားပြီး-“အိုး...အန်...ဘာမှမဟုတ်ပါဘူး...”

သူသည် အိပ်ရာကြီး၏ ပုံစံစာရွက်ကို ထပ်ကြည့်ပြီး အိပ်ဖို့ရန်ငြင်းဆန်နေသော ဖျင်အန်းလေးကို ချီရန်လျှောက်လာသည်။ “ကိုယ်သူ့ကို ချီထားလိုက်မယ်၊ မင်း ခါးနားတယ်လို့ ပြောဖူးတယ်မလား”

တင်းရှသည် ကလေးကို သူ့ဆီလှမ်းပေးလိုက်သည်။ “ကြည့်ရတာ သူမအိပ်ချင်သေးဘူးနဲ့ တူတယ်၊ နည်းနည်းထပ်ဆော့ချင်သေးတယ်ထင်တယ်၊ ရှင် သူနဲ့ ခဏဆော့ပေးလိုက်ဦးနော်”

“ကျွန်မ ရေချိုးခေါင်းလျှော်ဦးမယ်၊ ကျွန်မဆံပင် နည်းနည်းအနံ့ထွက်လို့”

တင်းရှသည် အဝတ်အစားလဲရန် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ ရေချိုးခန်းထဲမှ ရေကျသံကို ကြားနေရသည်။ ရှောင်ကျွင်းသည် တစ်ခုခုကြောင့် အာရုံအလွှဲအပြောင်းဖြစ်သွားပြီး ထိုအရာမှာ ချီထားသော ဖျင်အန်းလေးသည် ပူစီပေါင်းများ မှုတ်ထုတ်နေပြီး ထိုအမူအရာလေးကို သူသည် စိတ်ဝင်စားစွာ ကြည့်နေခဲ့သည်။

ရှောင်ကျွင်းသည် ကလေးကိုချီရင်း အပြုံးနှင့် မျက်မှောင်ကြုတ်ခြင်းတို့ တစ်လှည့်စီ ဖြစ်ပေါ်နေပြီး သူ့မျက်နှာသည် ရှက်သွေးဖြာ နီမြန်းသွားသေးသည်။

တင်းရှသည် သူမဆံပင်ကို ခြောက်အောင်လုပ်ရင်း ရှောင်ကျွင်းတစ်ယောက် ပြတင်းပေါက်အပြင်ဖက်ကို ငေးကြည့်ရင်း အတွေးထဲနစ်မြောနေပြီး စိတ်ရှုပ်နေသည့်ပုံပေါ်နေသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ” တင်းရှက မေးလိုက်သည်။

“အိုး...အန်...ဘာမှမဟုတ်ပါဘူး” ရှောင်းကျွင်းသည် သူမ မေးလိုက်သည့်အသံကိုကြားပြီး လန့်သွားသည်။

“ရှင့်ကြည့်ရတာ ဒီနေ့ ထူးဆန်းနေသလိုပဲ” တင်းရှသည် သူ့အပြုအမူတွေကို နားမလည်နိုင်သဖြင့် ထိုသို့ပြောလိုက်သည်။

ရှောင်ကျွင်းစိတ်ထဲတွင် ဘာကို တွေးနေမှန်း သူမ ခန့်မှန်းမိနိုင်သလိုဖြစ်နေသည်။

“ကိုယ်...ကိုယ်ဘာမှမဖြစ်ပါဘူး” ရှောင်ကျွင်းသည် သူမပြောသလို မဟုတ်ကြောင်း ပြန်ပြောလိုက်သည်။ သူသည် ဖျင်အန်းလေးကို အောက်ချပြီး “နောက်ကျနေပြီ ကိုယ်တို့နားကြတာပေါ့”

တင်းရှသည်လည်း တစ်နေ့လုံး ပင်ပန်းထားသည်။ သူမသည် သမ်းနေပြီး ဆံပင်ခြောက်ခံစက်ကို သွားယူနေသည်။ “ကျွန်မဆံပင် အရင်ခြောက်အောင်လုပ်လိုက်ဦးမယ် အဲ့ဒါပြီးရင် အိပ်မယ်၊ ရှင်သာ အရင်သွားအိပ်ချည့်”

ရှောင်ကျွင်းသည် မည်သို့အိပ်ပျော်နိုင်မည်နည်း။

တင်းရှသည် သူ့နားတွင် လှဲလျောင်းပြီးသည့်တိုင် ရှောင်ကျွင်းသည် သူ့မျက်လုံးကို ဖွင့်ထားလျက် အသက်ရှူသံများ မူမမှန်ဖြစ်ကာ သူမကို ကြည့်နေသည်။

“ရှင် ဘာဖြစ်နေတာလဲ” တင်းရှသည် သူ့ဆီမှ တစ်ခုခုထူးဆန်းနေသလို ခံစားလိုက်ရသဖြင့် မေးလိုက်သည်။

“ကိုယ်...ကိုယ်...” ရှောင်ကျွင်းသည် စိတ်လှုပ်ရှားပြီး ချွေးစီးများပြန်ကာ သူ့စိတ်ကူးက သူ့ကို နှိုးဆော်လှုပ်ဆွနေသည်။ သူသည် သူမနားတိုးလိုက်ပြီး တင်းရှကို ပြောပြရင်ကောင်းမလား စဉ်းစားနေသေးသည်။

တင်းရှမျက်နှာကို သူ့၏အနံ့ပြင်းသော ကိုယ်သင်းရနံ့က ရိုက်ခတ်နေသည်။ ထိုအရာတစ်ခုခုနှင့် ပက်သက်ပြီး သူမသည် သူ၏ ပုံမှန်မဟုတ်သော အပြုအမူကို တုံ့ပြန်လိုက်သည်။

တင်းရှသည် မနေနိုင်ပဲ သူမမျက်နှာကို စောင်ထဲနှစ်ပြီး တစ်ခဏမျှ ဘာစကားတစ်ခွန်းမှ ပြောမထွက်ခဲ့ပေ။

သူသည် အိပ်ရာထဲက ထွက်သွားသည်။ “ကိုယ်...ကိုယ် ရေချိုးခန်းထဲ သွားလိုက်ဦးမယ် မင်းအရင်အိပ်နှင့်”

အဝတ်အချင်းချင်း ပွတ်တိုက်သံကြားပြီးနောက် ရှောင်ကျွင်းသည် ရေချိုးခန်းထဲသို့ ခပ်မြန်မြန် ဝင်သွားသည်။

ရေပန်းကိုဖွင့်ချလိုက်ပြီး တသွင်သွင်ထွက်လာသော ရေသံသည် ထိုယောကျ်ား၏ မသဲမကွဲသာကြားရသော အသက်ရှူသံကို ဖုံးအုပ်သွားသည်။ တင်းရှသည် သွေးထွက်တော့မလို နီမြန်းနေသော သူမ မျက်နှာကို အိပ်ရာနှင့်အပ်လိုက်သည်။

သူမသည် ခေါင်းချသည်နှင့် အိပ်ပျော်တတ်သော ဖျင်အန်းလေးကို ဒီအတိုင်း မျက်တောင်ခတ်ကြည့်နေရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

ရှောင်ကျွင်းပြန်ရောက်လာသောအခါ တင်းရှသည် အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသည်။ သူမသည် သူ၏ ရေချိုးပြီးသား အေးစက်နေသော အသားအရေကို မတော်တဆထိမိပြီး အေးစက်မှုကြောင့် ရုတ်တရက် တုန်လှုပ်သွားသည်။

“အေးလို့လား” ရှောင်ကျွင်းသည် သူ့လက်မောင်းကို ပွတ်လိုက်သည် “မကြာခင် ကိုယ်နွေးအောင် လုပ်ပေးမှာပါ”

သူသည် ဂုဏ်ယူစွာ ပြောလိုက်သည်။

သူသည် ခုနက အဖြစ်အပျက်ကို ထည့်မတွက်တော့ပေ။

တင်းရှသည် မျက်နှာကြက်ကို စိုက်ကြည့်နေသည်။ ရှောင်ကျွင်းအသက်ရှူသံလည်း ပုံမှန်ပြန်ဖြစ်သွားသောအခါ သူမသည် တိုးတိုးလေးပြောလိုက်သည်။

“အခုမရသေးဘူး၊ စောင့်ဦး...”

ရှောင်ကျွင်းသည် ချက်ချင်းပင် မျက်စိပြူးသွားသည်။ သူသည် ဆယ်ကျော်သက်ကောင်လေးလို စိတ်လှုပ်ရှားကာ သူမကို တင်းကြပ်စွာ ဖက်ထားပြီး ပြန်ဖြေခဲ့သည်။ “အိုကေ”

ထိုသို့ပြောပြီးနောက် တင်းရှသည် ငြိမ်သက်သွားသည်။

သူမသည် ရှောင်ကျွင်းနှင့် ကောင်းကောင်းမွန်မွန် အတူရှိသွားရန် ဆုံးဖြတ်ထားသည်။

စောင်ထဲတွင် တင်းရှသည် သူ့လက်ကို ထိတွေ့မိပြီး သူ့လက်ချောင်းများသည် သူမလက်ချောင်းများကို တင်းကြပ်စွာ ရောယှက်ပြီး ဆုပ်ကိုင်ထားသည်။ “အိပ်တော့နော်၊ ဂွတ်နိုက်”

ရှောင်ကျွင်းသည် ထိုစကားကို သဘောတူကြောင်း ရေရွတ်နေလေသည်။

အခန်းသည် တစ်ဖန်တိတ်ဆိတ်သွားပြီး ကလေးလေး၏ အိပ်နေရင်း ထွက်နေသော ဗလုံးဗထွေးအသံလေးသာ ကြားနေရတော့သည်။

နောက်တစ်နေ့တွင် နှစ်ယောက်စလုံးသည် အိပ်ရာထနောက်ကျပြီး နေ့လည်ခင်းမှသာ နိုးကြလေသည်။ ဖျင်အန်းလေးနိုးလာသောအခါ သူလေးသည် ငိုလည်းမငို အော်လည်းမအော်ပဲ သူ့လက်ကလေးနှင့်သာ ဆော့နေရင်း အိပ်ရာထဲတွင် အိပ်ပျော်နေသော သူ့အဖေနှင့် အမေကိုသာ ကြည့်နေလေသည်။

တင်းရှသည် ရှောင်ကျွင်းရင်ခွင်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ သူမသည် မျက်စိဖွင့်ကြည့်သောအခါ ရှောင်ကျွင်းသည် သူမနှုတ်ခမ်းလေးကို အနှမ်းခြွေလိုက်သည်။

“ရှင် သွားလည်းမတိုက်ရသေးပဲနဲ့...” တင်းရှက မကျေနပ်သလို ပြောလိုက်သည်။

“ကိုယ် လျှာနဲ့လုပ်တာမှ မဟုတ်တာ...” ရှောင်ကျွင်းသည် ပို၍ရဲတင်းပြပြီး သူ့နှုတ်ခမ်းကို သပ်ပြကာ ထိုသို့ပြောလိုက်သည်။

တင်းရှမှာ တစ်ခဏ ငြိမ်သက်သွားသည်။ သူမသည် မျက်နှာသစ်ဖို့ အိပ်ရာမှ မထခင် သူ့ကို ကန့်ထည့်လိုက်သည်။

ရှောင်ကျွင်းသည် ဖျင်အန်းလေးကို ကောက်ချီပြီး “ဖေဖေ့ရဲ့ လိမ္မာတုံးလေး ငိုလည်းမငို အော်လည်းမအော်ဘူး လိမ္မာလိုက်တာ!”

လိမ္မာသော သားလေးသည် ငိုလည်းမငို အော်လည်းမအော်သော်လည်း လေအကျယ်ကြီးလည်ပြီး အခုမှအဖေတက်သစ်စလေးကို သူ့သေးခံလဲပေးနေတုန်း အသက်အောင့်ရလောက်ထိ နံစော်အောင် လုပ်ပစ်လိုက်သည်။

တင်းရှထွက်လာသောအခါ ရှောင်ကျွင်း၏ အမူအရာကိုကြည့်ပြီး ဘာမှပြောမထွက်ပဲ မနေနိုင်သဖြင့် ရယ်ချလိုက်သည်။

“ဒီကလေး တော်တော်နံတာပဲ...” ရှောင်ကျွင်းသည် ဟာသလုပ်သလိုနှင့် မကျေမနပ်ပြောနေသည်။

တင်းရှမှာ သူ့ကို လျစ်လျူရှုထားလိုက်သည်။ အနံစော်ဆုံးလူဆိုလျှင် သူသာဖြစ်သည်ဟု ပြောရပေမည်။ သေးခံလဲပေးဖို့ဆိုလျှင် အဝေးဆုံးကို အမြန်ဆုံးပြေးထွက်သွားတတ်သူဖြစ်သည်။

ယောကျ်ားဆိုသည်မှာ အပြောနှင့် အလုပ်တစ်ခြားစီပင်ဖြစ်သည်။

ကလေးကို စောင်ပျော့လေးနှင့် ပတ်ပေးထားပြီး တင်းရှသည် ဖျင်အန်းလေးအား အဖွားကျန်းဆီကို ဖုန်းခေါ်တုန်းက အကြောင်းကို ပြောပြဖို့ လုပ်နေသည်။

“အဖွားကျန်း!”

“အိုး!” အဖွားကျန်း၏ အသံသည် အားအင်အပြည့်ဖြစ်နေသည်။ “ရှရှ သမီး ကလေးမွေးတယ်လို့ ကြားတယ် ဘယ်လိုနေလဲ”

“ဟုတ်တယ် သမီး နှစ်သစ်ကူးနေ့တုန်းက မွေးသွားတာ၊ ယောကျ်ာလေး၊ နာမည်က ဖျင်အန်းတဲ့” တင်းရှသည် သူမအသံကို ကြားလိုက်ရသဖြင့် ပျော်သွားသည်။

“ကောင်းလိုက်တာ!နာမည်ကောင်းလေးပဲ!” အဖွားကျန်းလည်း ဝမ်းသာသွားခဲ့သည်။ “ကလေးမွေးပြီးတော့ ကောင်းကောင်းနားရရဲ့လား ရှောင်က သမီးကို ကောင်းကောင်းဆက်ဆံရဲ့လား”

“သမီးနားနေတုန်းပါပဲ အာဟာရပြည့်တဲ့ မီးနေသည်အစားအစာတွေ နေ့တိုင်း အများကြီး စားနေတာ၊ စားပြီးတစ်မျိုးကြီးဖြစ်သွားတဲ့အထိ အများကြီးစားနေရတာ”

တင်းရှသည် ရယ်မောရင်း ပြောနေသည်။

“အဲ့ဒါကောင်းတယ် အဲ့ဒါကအရေးကြီးတယ်လေ! မီးဖွားပြီးရင် သေချာဂရုစိုက်ရတယ်! လေထိလို့မရဘူး၊ ရေချိုးခေါင်းလျှော်လို့မရဘူး အကောင်းဆုံးက အိပ်ရာထဲမှာပဲ နေပြီးအားမွေးဖို့ပဲ ကြားလား”

မနေ့ညက ရေချိုးခေါင်းလျှော်လုပ်ခဲ့သော တင်းရှသည် အပြစ်ရှိသလို လုံးဝမခံစားရပေ။ “သမီးသိပါတယ် အဖွားကျန်း သမီးဂရုစိုက်ပါ့မယ်”

စကားဆက်ပြောကြပြီးနောက် ခဏအကြာတွင် အဖွားကျန်းဖုန်းချသွားခဲ့သည်။

တင်းရှသည် စားစရာဗန်းကြီးယူလာသော ရှောင်ကျွင်းကိုမြင်ပြီး စိတ်အေးသွားသလိုနှင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“စားပါဦး”

တင်းရှသည် မီးနေသည်များစားရသော အစားအစာအပုံလိုက်ကို ကြည့်ပြီး မစားချင်သလိုဖြစ်ကာ စိတ်မချမ်းမသာဖြစ်နေသည်။

ရှောင်ကျွင်းသည် သူမကိုတစ်ပန်းကန်ထည့်ပေးလိုက်သည်။ “စား”

သူမအမူအရာကို ကြည့်ပြီး ထပ်ပြောလိုက်သေးသည် “မင်းမစားချင်တဲ့ဟာ ကိုယ်စားပေးမယ်”

ပုံမှန်ဆိုလျှင် တင်းရှမစားသောအရာ မစားချင်သောအရာ ဒါမှမဟုတ် တစ်လုတ်နှစ်လုတ်စားပြီး ဗိုက်ပြည့်သွားသောအခါ ကျန်သမျှသည် ရှောင်ကျွင်းဗိုက်ထဲသာ ရောက်သွားခဲ့သည်။

ကြည့်ရသည်မှာ မီးနေသည် အစားအစာသည် အာဟာရပြည့်ပုံပေါ်သည်။ ရှောင်ကျွင်းမှာ အရပ်ထပ်ရှည်လာပြီး ကြွက်သားများ ထွက်လာသည်။

ယခုတော့ အရင်ကလို ပိန်ပိန်သေးသေးနှင့် ကလေးပုံမပေါက်တော့ပေ။

လက်ရှိရှောင်ကျွင်းပုံစံသည် ပုခုံးကျယ်ကြီးနှင့် အကြမ်းခံသောအင်္ဂါရပ်များရှိလာပြီး မိန်းမနှင့်ကလေးကို ထောက်ပံ့နိုင်သော ယောကျ်ားကြီးပုံပေါက်နေသည်။

တင်းရှသည် သူ့ကိုကြည့်ပြီး စားစရာကို ဟိုရွေးသည်ရွေးလုပ်မနေပဲ မြိုချလိုက်သည်။ တစ်ခဏကြာသောအခါ သူမပြောသည်မှာ-“ဟော့ပေါ့အစပ်စားချင်တယ်!”

“ဟင်?” ရှောင်ကျွင်းမှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

“ဟော့ပေါ့အစပ် လုပ်ကျွေး” တင်းရှသည် သူ့ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်ပါပြီ” ရှောင်ကျွင်းသည် ထိုစကားကို သဘောမတူလိုက်ခင် စဉ်းစားပြီး ပြောခဲ့သည်။

ဟော့ပေါ့အပြုတ်ရည်ကို နို့ဖြင့်ချက်ပြီး နို့နံ့ပျောက်သွားအောင် ၁၀မိနစ်ခန့်ကြိုချက်လိုက်သည်။ ရှောင်ကျွင်းသည် အိုးအောက်ခြေရှိ အကြွင်းအကျန်များကို ယောက်မအသေးဖြင့် ကော်ခပ်ခဲ့သည်။ စိတ်ကျေနပ်ဖွယ်ကောင်းသော အပြုတ်ရည်ကို ရရှိလေပြီ။

ရှောင်ကျွင်းသည် တင်းရှကြိုက်တတ်သော အဆီပါသည့် အမဲသားလုံးကို ထည့်ထားပြီးနောက် မှိုအနည်းငယ်၊ မျှစ်၊ ကြာစွယ်အပြားများနှင့် ဟင်းသီးဟင်းရွက်များပါ ထည့်ထားလေသည်။

ငရုတ်အဆီနည်းနည်းကို ရောထည့်ပြီး ချက်ထားသော ပါဝင်ပစ္စည်းများကို ပန်းကန်လုံးကြီးထဲသို့ ခပ်ထည့်ကာ အပြုတ်ရည်နှစ်စွန်း ခပ်ထည့်လိုက်လေသည်။

အနံ့လေးရရုံနှင့်ပင် သရေကျစရာဖြစ်နေသည်။

တင်းရှသည် အဆီပါသော အမဲသားလုံးကို စိတ်ပါလက်ပါနှင့် ကောက်ယူလိုက်ပြီး ငရုတ်အဆီတွင်နှစ်ကာ သူမပါးစပ်ထဲသို့ သွတ်သွင်းလိုက်လေသည်။

စိတ်ကျေနပ်ချမ်းသာနေသော အမူအရာဖြင့် သူမပြောလိုက်သည်မှာ-“ဒါက တကယ့်အရသာပဲ!”

အဆုံးတွင် သူမသည် ရှောင်ကျွင်းအတွက် နည်းနည်းလေးတောင် မချန်ပဲ တစ်ပန်းကန်လုံး စားပစ်လိုက်သည်။ သူမ ထိုသို့စားသည်မှာ ကြုံတောင့်ကြုံခဲပင်ဖြစ်သည်။

ရှောင်ကျွင်းသည် သူမကို အနည်းငယ် စနောက်လိုက်သည်။ တင်းရှသည် စိတ်ဆိုးပြီး နှုတ်ခမ်းစူသွားကာ စိတ်ဆိုးနေသော ကြောင်ပေါက်လေးနှင့် တူနေသည်။

“အိုး ဟုတ်သား ရှရှ၊ ကြောင်လေး တစ်ကောင်မွေးချင်လား”

All Chapters