← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

တင်းရှ၏ လက်သန်းကြွယ်လေးတွင် လှပသော လက်စွပ်တစ်ကွင်းကို ဝတ်ထားလျက်ရှိပြီး ရှောင်ကျွင်းက ထိုလက်စွပ်ကို စေ့စပ်လက်စွပ်ဟု ပြောခဲ့သည်။

နောင်အနာဂတ်တွင် လက်ထပ်လက်စွပ်၊ လက်ထပ်ပွဲငါးနှစ်မြောက်လက်စွပ်၊ ဆယ်နှစ်မြောက်လက်စွပ်နှင့် နှစ်ငါးဆယ်မြောက်လက်စွပ်များလည်း ရှိလာပေမည်။

တင်းရှလိုချင်သည်မှာ လက်စွပ်ကိုပဲမဟုတ်၊ သူနှင့်အတူ နှစ်ပေါင်းငါးဆယ် ကုန်ဆုံးချင်သော ဆန္ဒပင်ဖြစ်ပေသည်။

အိမ်ပြောင်းခြင်းသည် ကြီးမားသော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ သူတို့ကိုယ်ပိုင်ကား၊ တကျွမ်း၏ကားနှင့် အိမ်ပြောင်းရာတွင် ပစ္စည်းများသယ်ရွှေ့ပေးသော ကုမ္ပဏီ၏ ကားတို့ကို အသီးသီးပင် သုံးထားရပြီဖြစ်သည်။

သူတို့သည် ပင်ပန်းခြင်းမရှိ တစ်နေ့လုံး ပြောင်းရွှေ့နေလေသည်။

ကလေးသည် ထိုသို့ပြောင်းရွှေ့ခြင်းကို ပထမဆုံးမြင်ရသည့်အတွက် အလွန်ပင် ကြောက်လန့်ကာ တင်းရှလက်မောင်းတွင်းသို့ တိုးဝင်ပုန်းခိုနေသည်။

တင်းရှ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် အသေဖက်ထားပြီး လုံးဝမလွှတ်ပေးချေ။ တင်းရှသည် သူ့ကို အောက်ချမည်လုပ်သောအခါတိုင်း စတင်ငိုပါတော့သည်။

တင်းရှသည် မည့်သို့မှ မတတ်နိုင်ပဲ ဖျင်အန်းလေးကို ချီလျက် ဟိုလျှောက် သည်လျှောက်လုပ်ပေးပြီး တစ်နေ့လုံး ချော့နေရသည်။

ညစာစားချိန်ရောက်သောအခါ တင်းရှသည် လက်ကောက်ဝတ်များနာနေသဖြင့် တူကိုတောင် ကောင်းကောင်းမကိုင်နိုင်ချေ။

ထိုအကြောင်းအရင်းကို ကြားသိပြီးနောက် ရှောင်ကျွင်းမျက်နှာသည် သုန်မှုန်သွားသည်။ သူသည် တင်းရှကို အိပ်ရာမဝင်ခင် ထမင်းကျွေးခဲ့ပြီး ဖျင်အန်းလေးကို ချီကာ တစ်နာရီအပြည့် စကားပြောနေခဲ့သည်။

သူပြောသည်ကို ဖျင်အန်းလေး နားလည်မလည် မသိသော်လည်း ဆက်ပြောနေပြီး အချိန်အတိုင်းအတာတစ်ခု ရောက်မှသာ သူသည် အပြောရပ်ဖို့ကိုတောင် တုံ့ဆိုင်းပြီးမှ ရပ်လိုက်သည်။

ဖျင်အန်းလေးမှာ နားထောင်ရင်း အိပ်ပျော်သွားလေသည်။

ဖျင်အန်းလေးနှင့်အတူ အိမ်ပြောင်းသည့် စိတ်ဖိစီးမှုကို နောက်ထပ် ထပ်တူခံစားရသူလေးများမှာ ကြောင်မလေး ဒန်ဟောင်နှင့် ကြောင်ပေါက်လေးများ ဖြစ်ပေသည်။ သူတို့သည် ကြောင်လှောင်အိမ်လေးထဲတွင် ကျယ်လောင်စွာ အော်နေကြသည်။

အိမ်အသစ်သို့ ရောက်သောအခါ သူတို့လေးသည် တော်ရုံနှင့် အပြင်ထွက်ဖို့ကို ကြောက်လန့်နေသည်။ သူတို့၏ ခြေလက်လေးများကို ထိုနေရာတွင် ရေရှိမရှိစမ်းရန် မဝံ့မရဲနှင့် ဆံ့မထုတ်ခင်မှာပင် လှောင်အိမ်ထဲတွင် ခဏနေပြီး အချိန်အတော်ကြာ စူးစမ်းနေခဲ့သည်။

ဆိုင်၏အတွင်းပိုင်းသည် နဂိုမူလကထက်ပင် ပို၍ သားနားသွားသည်။ ဦးလေးဝေ လုပ်ပေးသော ပရိဘောဂများလည်း မကြာခင် ရောက်လာတော့မည်။

မီးဖိုချောင်ကိုလည်း ပစ္စည်းတန်ဆာပလာများဖြင့် လျော်ကန်အောင် အစီအရီထားထားပြီး သီးသန့်ဖြစ်နေသော ထမင်းစားခန်းများစွာလည်း ရှိပေသည်။ ဧည့်ခန်းကိုလည်း သိသိသာသာ ကျယ်သွားအောင် ချဲ့လိုက်သည်။

ရှောင်ကျွင်းသည် ပြက္ခဒိန်ကို လှန်ကြည့်ပြီး ဆိုင်ဖွင့်ရက်ကို ရွေးလိုက်သည်။

ခြံဝင်းထဲရှိ ဆောင်းစံပယ်ပန်းများလည်း ပွင့်ဖူးနေကြသည်။ နေ့လည်ပိုင်း ဖျင်အန်းလေး တစ်ရေးတစ်မောအိပ်ချိန်ကို အခွင့်ကောင်းယူပြီး တင်းရှသည် ဆောင်းစံပယ်ပန်းလေးများကို ခူးကာ ထိုပန်းများ ပြည့်နှက်နေသော ပန်းခြင်းသေးသေးလေးတစ်ခြင်းကို ပြုလုပ်နေသည်။

ဆိုင်အတွက် မီနူးမှာ မလုပ်ရသေးပေ။ ထို့ကြောင့် တင်းရှသည် ထိုမီနူးများအတွက် ပန်းစာရွက်ကို အောက်ခံအဖြစ်လုပ်ရန် စဉ်းစားလိုက်သည်။

ရှောင်ကျွင်းသည်လည်း သူမကို ဘေးနားကနေ ကူညီပေးနေသည်။

တကယ်တမ်းတွင် ထိုသို့ကူညီပေးစရာ မလိုပေ။ ရှောင်ကျွင်းသည် တင်းရှနှင့် ပို၍ နှီးစပ်ချင်သောကြောင့်သာ ဖြစ်ပေသည်။

ဤရက်ပိုင်းတွင် လူအများကြီးနှင့် အလုပ်ရှုပ်နေခဲ့သည်။ ရှောင်ကျွင်းသည် တင်းရှကို အချိန်အတော်ကြာ မတွေ့လိုက်ရသလို ခံစားနေရသည်။ လူတိုင်းက သူတို့အလုပ်ကိုယ်စီကို ပြန်လုပ်တော့မှသာ ရှောင်ကျွင်းသည် တင်းရှဘေးတွင် နေရင်း အချိန်ကုန်ဆုံးရန် အပြေးလေးသွားလိုက်သည်။

တင်းရှသည် အေဖိုးစာရွက်တစ်ရွက်ကို ကိုင်ထားရင်း သူ့ကို ဟာသလုပ်နေသည်။ “ရှေးခေတ်တုန်းကဆိုရင် လူတွေက ပန်းစာရွက်ကို အရောင်ဆိုးကြပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြကြတယ်၊ ကဗျာတွေကို ရေးပြီး ပို့ကြတယ်။ ကျွန်မကတော့ စားစရာတွေကို ပို့မလို့”

သူမသည် ထိုသို့ပြောရင်း လက်ကို စတင် လှုပ်ရှားလိုက်လေသည်။ စာရွက်ခြောက်သွားသောအခါ အဝါရောင် ကြယ်ဖျော့ဖျော့လေးများသည် ကြိုးကြားကြိုးကြားနှင့် စာရွက်အစွန်းပေါ်တွင်လည်းကောင်း အလယ်တွင်လည်းကောင်း အလွန်လှပစွာပေါ်ထွက်လာသည်။

ရှောင်ကျွင်းသည် စုတ်တံနှင့် မင်ကို ယူပေးပြီးနောက် တင်းရှသည် ပထမဦးစွာ ဟင်းပွဲအမည်အချို့ကို ရေးချလိုက်သည်။ ထို့နောက် စာရွက်ကို ဖယ်လိုက်ပြီးနောက် “ကျန်တဲ့ဟာတွေကို နောက်နေ့မှပဲ ဆက်ရေးတော့မယ်” ဟုပြောခဲ့သည်။

ရှောင်ကျွင်းသည် ဆိုင်ဖွင့်ပွဲတွင် မီးပန်းဖောက်ချင်နေသော်လည်း ဤနေရာတွင် ထိုအရာများကို ခွင့်ပြုမည်မဟုတ်ဟု ပြန်လည်စဉ်းစားရင်း သူ့အကြံဉာဏ်ကို ရုတ်သိမ်းလိုက်ရသည်။

ဆိုင်ဖွင့်ပွဲနေ့တွင် သူတို့သည် အနည်းငယ်စိတ်လှုပ်ရှားနေသည်။ သို့သော် စီးပွားရေးက သူတို့မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းလာခဲ့သည်။

များစွာသော ဖောက်သည်ဟောင်းများသည် သူတို့မျက်နှာပေါ်တွင် ပြုံးပန်းများဝေဆာလျက် ဆိုင်ထဲသို့ ဝင်လာကြသည်။

“ကျွန်တော်က ခင်ဗျားတို့ရဲ့ ဟင်းတွေကို စားချင်လွန်းလို့ စောင့်နေတာ ကြာခဲ့ပြီ၊ ကျွန်တော်က ဒီနေရာနဲ့ ဝေးတဲ့နေရာမှာ နေတာလေ၊ အဲ့တော့ ဒီအထိလာစားရမှာ ဝေးတယ်၊ ခုတော့ အဲ့လိုမဟုတ်တော့ဘူး၊ ဒီနေရာနဲ့ နီးတဲ့နေရာကို ကျွန်တော်ပြောင်းလာလိုက်ပြီ၊ အဲ့တော့မှ ခင်ဗျားတို့ဆီမှာ နေ့တိုင်းလာစားနိုင်မှာလေ”

“ကျွန်မလည်း ရှင်တို့ဆီမှာ လာစားဖို့ စောင့်နေတာ ကြာရောပေါ့၊ ခုတော့ ဆိုင်ကို ပြန်ဖွင့်လိုက်ပြီ! အဝေးကြီးကနေ လာစားရတယ်ဆိုရင်တောင်မှ ကျွန်မလာဦးမှာ!”

“ဟားဟားဟား ကျွန်မရောပဲ! ရှင်တို့မိသားစုတွေ မားစ်ဂြိုလ်ကို ပြောင်းသွားရင်တောင် ကျွန်မ ဒုံးပျံကြီးစီးပြီး လာစားဦးမှာ...”

ထိုသူများထဲတွင် အထူးဧည့်သည်ကိုလည်း ကြိုဆိုလိုက်သေးသည်။

အစားအသောက် မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်သူ ဟူဇီလင်သည်လည်း လက်ဆောင်သေးသေးလေးဖြင့် လာခဲ့လေသည်။

“အယ်ဒီတာဟူ!” တင်းရှသည် ထိုသူကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားသည်။

“ငါ ဒီနေ့ကို တကူးတကလာခဲ့တာ၊ အိမ်နီးနားချင်းတွေ ပြောတာ မင်းတို့ မိသားစုတွေ ဒီကို ပြောင်းလာတယ်ပြောလို့၊ အဲ့တာ ဒီကိုတစ်ခါတည်း လာလည်ရင်း ဆိုင်ဖွင့်ပွဲကို လာလိုက်တာ” ဟူဇီလင်သည် တင်းရှလက်ထဲရှိ ကလေးလေးကို ကြည့်ရင်းပြောလိုက်သည်။

“ဒါက မင်းတို့ကလေးလေးပေါ့၊ အရမ်း ချစ်ဖို့ကောင်းတာပဲ” ဟူဇီလင်အကြည့်မှာ နူးညံ့သွားသည်။ သူသည် ကလေးချစ်တတ်သည်။ “သူက အလားအလာရှိတဲ့ ကလေးတစ်ယောက်လိုပဲ”

အခြားကလေးများနှင့် နှိုင်းယှဉ်ပြီး ကိုယ့်ကလေးကို မြှောက်ပြောပေးလျှင် ဘယ်အမေက မကြိုက်ပဲ နေမည်နည်း။ တင်းရှသည် ဝမ်းသာစွာနှင့် သူ့ကို နေရာချထားပေးပြီး ယနေ့အတွက် မီနူးကို သူ့အား ကမ်းပေးလိုက်သည်။

“လူကြီးဟူ၊ ရှင် ဒီနေ့ဘာစားချင်လဲ တစ်ချက်ကြည့်ပါဦး”

ဟူဇီလင်သည် ဤရည်ရွယ်ချက်ကြောင့်လည်း ဤနေရာသို့ လာခဲ့သည်။ သူသည် မီနူးကို ကြည့်ပြီး ပြောလိုက်သည်မှာ “ဒီနေရာကို လာခဲ့တာက နောက်ထပ်အင်တာဗျူးလုပ်ချင်လို့၊ ဒီလိုအထူးတည်အချိန်လေးမှာ ငါတို့တွေက လိုင်းပေါ်က မဂ္ဂဇင်းတွေအတွက်ပဲ အဓိကအလုပ်လုပ်ပေးရတာ”

တင်းရှ ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့၊ ရှင်စားချင်တာကို ရွေးလို့ရပါတယ်၊ ရှောင်ကျွင်းကို ထွက်လာဖို့ ကျွန်မပြောလိုက်ပါ့မယ်”

ဟူဇီလင်သည် သူ့လက်ထဲရှိ မီနူးကိုကြည့်ရင်း ထိုသို့ပြောလိုက်သည်။ “အမဲသားခေါက်ဆွဲ၊ ဆီသုတ်ထားတဲ့ ငါးကင်၊ ဝက်ချိုချဉ်ကြော် ပြီးတော့ သကြားကိတ်မုန့်တစ်လုံး”

တင်းရှသည် နောက်ပြောင်လိုက်သေးသည်။ “ရှင် ဒီလိုအချိုစားတတ်မှန်း မသိလိုက်ဘူး”

“ဒါပေမဲ့ အဲ့ဟင်းပွဲတွေ အကုန်လုံးကို ရှင်တစ်ယောက်တည်း စားနိုင်လို့လား”

“ငါတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး” ဟူဇီလင်သည် အနည်းငယ် ခေါင်းခါလိုက်ပြီး “ငါ့မိဘရဲ့ကျောင်းသူလေးက ငါ့ဆီမှာ အလုပ်လာသင်နေတာလေ၊ ပြီးတော့ သူက အချိုကြိုက်တတ်တယ်”

“အိုး သဘောပေါက်ပါပြီ မီးဖိုချောင်ကို ဟင်းပွဲတွေ ပြင်ဆင်ပေးဖို့ ပြောလိုက်ပါ့မယ်၊ အဲ့ကောင်မလေးက ဘယ်ချိန်ရောက်မှာလဲ” ဟုတင်းရှ ခဏငြိမ်သွားသည်။

“သူ မကြာခင် ရောက်လာမှာပါ” ဟူဇီလင်က ပြောလိုက်သည်။

တင်းရှသည် အော်ဒါစာရွက်ကို ဖြဲလိုက်ပြီး ထိုအော်ဒါစာရွက်များကို လျင်မြန်စွာ ကြည့်ပြီး ဟင်းပွဲများကို ပြင်ဆင်နေသော ဝမ်ဝမ်းဟောင်ဆီ လှမ်းပေးလိုက်သည်။

သကြားကိတ်မုန့်ကို နှမ်းအနှစ်ကိတ်မုန့်ဟုလည်း ခေါ်သေးသည်။ အကြောင်းမှာ အထဲတွင် နှမ်းအနှစ်ကို ဌာပနာထားပြီး ထိုအရာက အနံ့ကိုမွှေးစေကာ အရသာကိုလည်း လေးစေသည်။

ရေပမာဏ ငါးလျန်ခြောက်လျန်လောက်တွင် ဂျုံမှုန့်တစ်ကန်ကို ရောပြီး သင့်တော်သော အနေအထားဖြစ်အောင် နယ်ပြီး နူးညံ့သော ဂျုံပြား ရအောင်လုပ်လိုက်သည်။

*[တစ်လျန်(leung)သည် ၅၀ဂရမ်နှင့်ညီမျှသည်

တစ်ကန်(kan)သည် ၆၀၄ဂရမ်ခန့်ညီမျှသည်

တစ်ကန်တွင် ၁၆လျန်ရှိသည်၊ ကန်နှင့်လျန်သည် တရုတ်နိုင်ငံတွင် သုံးသော အလေးချိန်စနစ်ဖြစ်သည်]*

“ဂျုံပြားကို ဆီစွတ်ဖို့ကိုလည်း သတိရဦး၊ အဲ့ဒါမှဖုတ်တဲ့အခါကျရင် ပိုမွှေးပြီး ကြွပ်နေမှာ” ရှောင်ကျွင်းသည် အိုးကိုမွှေရင်း အလုပ်ရှုပ်နေသည့်ကြားမှပင် ဝမ်ဝမ်းဟောင်အား ဂျုံပြားကို စစ်ကြည့်ရန် ပြောနေသည်။

အားလုံးအံ့သြသွားမည့်အရာက ဝမ်ဝမ်းဟောင်သည် ဂျုံပြားကို ကောင်းမွန်စွာ လုပ်တတ်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် သူလုပ်သည့် ပေါင်းထားသော ပေါင်မုန့်များနှင့် ပန်ကိတ်များသည် နူးညံ့ပြီး အရသာရှိလှသည်။

“လုပ်လိုက်ပြီးပြီ ဆရာ” ဝမ်ဝမ်းဟောင်သည် အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။

ဂျုံပြားကို ပွသွားအောင် ဆယ်မိနစ်ကနေ မိနစ်နှစ်ဆယ်ခန့် ထားထားသည်။

ထို့နောက် အနည်းငယ်ထူသော ပန်ကိတ်ပုံစံများအဖြစ် လှိမ့်လိုက်ပြီး နှမ်းအနှစ်ကို အပေါ်ကနေ ဖြန့်ထည့်လိုက်သည်။

သုံးလိုက်သော အနှစ်မှာ ပေကျင်းစတိုင် နှမ်းအနှစ်ဖြစ်ပြီး ထိုအနှစ်မှာ နှမ်းချည်းပဲ ပါသောအနှစ်ထက် ပိုပြီးအနံ့မွှေးသည်။

သို့သော် ထိုမုန့်ကို လုပ်တိုင်း စားသုံးသူကို မြေပဲနှင့်ဓါတ်တည့်မတည့် ပြန်မေးရလေ့ရှိသည်။

ထိုပျစ်နှစ်သောအနှစ်ကို ဖြန့်ထည့်ပြီးနောက် အပေါ်မှ သကြားအညိုကို ဖြူးကာ နောက်ဆုံးတွင် တစ်ဖက်ကနေ လိပ်လိုက်သည်။

နှစ်ပိုင်းဖြတ်လိုက်ပြီး အစွန်းများမှ အနှစ်များထွက်မကျစေရန် သေချာစွာ ပိတ်လိုက်သည်။

နောက်ဆုံးအနေနှင့် ပန်ကိတ်ကို ထူသောအပြားဖြစ်အောင် ပြားလိုက်ကာ ဒယ်ပြားတွင် ဆီအနည်းငယ်စွတ်ပြီး ပန်ကိတ်များကို တင်လိုက်သည်။

ဖုံးအုပ်ပြီး ကျက်သွားအောင် အချိန်အနည်းငယ်ကြာအောင်ထားလိုက်ပြီးနောက် ကြွပ်ပြီး အနည်းငယ် မီးကျွမ်းစေရန် ပန်ကိတ်၏ အပေါ်အောက်နှစ်ဖက်ကို လှန်ပေးနေသည်။ ထိုသို့ဖြင့် ပန်ကိတ်သည် သုံးဆောင်ရန် အဆင်သင့်ပင် ဖြစ်နေပြီ။

အစိတ်အပိုင်းအသေးများအဖြစ် ပိုင်းပြီး ဝမ်ဝမ်းဟောင်သည် ရှောင်ကျွင်းကို တစ်စိတ်ပေးလိုက်သည်။ “ဘယ်လိုလဲ ဆရာ”

ရှောင်ကျွင်းသည် မြည်းကြည့်ပြီး ပြောလိုက်သည်။ “ကောင်းတယ်”

ဝမ်ဝမ်းဟောင်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး သကြားကိတ်မုန့်ကို အော်ဒါကောင်တာပေါ်တွင် ချထားလိုက်သည်။

တင်းရှသည် ထိုဟင်းပွဲများကို သယ်သွားသောအခါ အလုပ်သင်ကောင်မလေးသည် ဟူဇီလင်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်ကို တွေ့ရသည်။

ကောင်မလေးသည် အလွန်လှပြီး သူမ၏ ၀တ်စားဆင်ယင်မှုသည်လည်း သေသပ်လှပနေသည်။

“ဝေါင်း! နှမ်းသကြားကိတ်ပဲ! ပြီးတော့ ကျွန်မအကြိုက်ဆုံး ဝက်ချိုချဉ်ကြော်! အစ်ကိုဟူ ရှင်ကတကယ် ချစ်ဖို့ကောင်းတာပဲ!”

တင်းရှသည် ထွက်သွားသည့်တိုင် သူမက ထိုကောင်မလေး၏ မရှက်မကြောက်နှင့် ပျော်ရွှင်နေပုံကို သတိမထားပဲ မနေနိုင်ဖြစ်နေသည်။

တင်းရှသည် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် နေမထိထိုင်မသာဖြစ်သွားသည်။ သူမသည် ဟူ၏ကျောင်းသူဖြစ်ပြီး အချစ်ခံလည်းဖြစ်သောကြောင့် သူ့ကို ဘာကြောင့် ထိုသို့ ရင်းနှီးပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောနေပါသနည်း။

ထိုနှစ်ယောက်သားသည် စားပွဲပေါ်ရှိ စားစရာများကို အလျင်အမြန် ရှင်းပစ်လိုက်သည်။ ဟူဇီလင်သည် ခါတိုင်းလိုပင် ပိုက်ဆံရှင်းပြီး ရှောင်ကျွင်းကို အင်တာဗျူးရန် စောင့်နေလေသည်။

“ခုနက စားစရာတွေ ဘယ်လိုလဲ” ရှောင်ကျွင်းသည် တင်းရှထိုင်ဖို့ ကူပေးရင်း ပြောလိုက်သည်။

“အရသာ အရမ်းကောင်း! အထူးသဖြင့် ဟိုသကြားကိတ်မုန့်လေးပေါ့! ကြွပ်ပြီး မွှေးနေတာပဲ၊ ပြီးတော့ ကြည်နူးဖွယ်ရာ ချိုမြိန်မှုလေး!” ကောင်မလေးက အားတက်သရော ပြောလိုက်သည်။

ဟူဇီလင်မှာ နူးညံ့သော မျက်နှာထားဖြစ်သွားသည်။ “အမှန်ပဲ စားစရာတွေက အရင်ကထက်စာရင် အရသာပိုကောင်းလာတယ်လို့ ခံစားရတယ်”

“ဒါပေမဲ့လည်း သူဌေးမကိုယ်တိုင်လုပ်ပေးတဲ့ စားစရာတွေရဲ့ အရသာကို အခုထိမမြည်းရသေးဘူး၊ နှမြောစရာပဲ”

အင်တာဗျူးကို ခပ်မြန်မြန်နှင့် အားရကျေနပ်ဖွယ် အဆုံးသတ်လိုက်သည်။ တင်းရှသည် သူတို့ထွက်သွားသည်ကို ကြည့်ပြီး သူမသတိထားမိသည်မှာ ကောင်မလေးသည် ဟူဇီလင်အင်္ကျီလက်ကို ကိုင်ဆွဲထားပြီး ဟူဇီလင်ကလည်း သူ့အမူအကျင့်အရ သူမကို အလိုလို ကာကွယ်ပေးနေခဲ့သည်။

ရှောင်ကျွင်းသည် ဝမ်ဝမ်းဟောင်ကို စကားပြောရန် ဆိုင်ထဲသို့ ပြန်ဝင်နေစဉ် တင်းရှတစ်ယောက် မလှမ်းမကမ်းတွင်ရှိသော ကားထဲတွင် ဟူဇီလင်မှာ ကောင်မလေးအတွက် ခါးပတ်ပတ်ပေးနေသည်ကို တံခါးပေါက်တွင် ရပ်ကြည့်နေလေသည်။

တင်းရှသည် လက်ပိုက်လိုက်ပြီး ဟူဇီလင်အပေါ် သူမ၏ စေတနာအားလုံး ပျောက်ကွယ်သွားခဲ့သည်။

“ဟူတစ်ယောက် သူ့ချစ်သူသိသွားမှာကို သိရဲ့လား...”

“သူလည်း သိသင့်တယ်”

သူမနံဘေးမှ မရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

All Chapters