← Chapters

အခန်း (၁-၄)

Vol. 1 Ch. 1-4

အခန်း (၁-၄)

Vol. 1 Ch. 1-4

အခန်း ၁ မီးခိုးရောင်အစင်းကျားပင့်ကူ

အနီရောင်ကျောင်းလွယ်အိတ်လေးတစ်လုံးကို သယ်ဆောင်ကာပြန်လာသည့် ကောင်းဖန်တစ်ယောက် ကဒ်သော့လေးကို ပြလိုက်သည်။

ဒင်!

မြည်သံတစ်ခုနှင့်အတူ ဟောင်းနွမ်းလို့နေသည့်သတ္တုဂိတ်တံခါးကြီး ပွင့်လာခဲ့ကာ ကောင်းဖန်လဲ အဆောက်အဦးထဲသို့ဝင်လာခဲ့လိုက်သည်။ အဆောက်အဦးသည်အနည်းငယ်အိုဟောင်းနေပြီဖြစ်ပြီး အမှိုက်များသည်လဲ ကြမ်းပြင်ပေါ်တွင် အပုံလိုက်ပင်။ ကံကောင်းထောက်မ၍သာ အနံ့အသက်ဆိုးများတော့ ထွက်မနေခြင်းဖြစ်သည်။

မီးရောင်မှိန်မှိန်အောက်တွင် ကောင်းဖန် ခေါင်းငုံ့ကာရပ်နေပြီး မြေပြင်ကို ကြည့်နေလေသည်။ မြေပြင်ထက်တွင်တော့ ကြမ်းတမ်းခက်ထန်ပုံရသည့် အနက်ရောင်အရိပ်မဲတစ်ခုသည် အဆက်မပြတ်တွန့်လိမ်လှုပ်ရမ်းလို့နေလေသည်။

ကောင်းဖန် မျက်မှောင်ကြုတ်ရင်း ထိုအရာကို ကြည့်နေခဲ့သည်။ ကြိတ်ဆုံကျောက်တုံးတစ်တုံးအရွယ်ရှိသည့် ကြီးမားလှသောပင့်ကူတစ်ကောင်သည် မျက်နှာကြက်အလင်းရောင်အောက်တွင် အနားယူနေခဲ့သည်။ မျက်နှာကြက်ပေါ်သို့သွားသည့် လှေကားကိုဖြတ်ကာ ရှိနေသည့် ထိုပင့်ကူကြီးတွင် မီးခိုးနှင့်အဖြူရောင်စပ်သည့် အဆင်းကျားများရှိကာ မှိန်ဖျော့သည့်အလင်းရောင်ထဲတွင် သူ၏သွေးနီရောင်မျက်လုံးများက တောက်ပလို့နေခဲ့သည်။

ကောင်းဖန်သက်ပြင်းတစ်ချက်ချလိုက်ပြီး၊

“ကြည့်ရတာ အဖွားချန်မွေးထားတဲ့ ပင့်ကူပေါက်ထပ်လွတ်လာပြန်ပုံပဲ။ ဒါနဲ့ဆို ငါ့အထင် ဒီလထဲတင် ၇ကြိမ်မြောက်ရှိနေပြီ။”

ဒီလိုလွတ်လာသည်ကို ကောင်းဖန်မြင်ပေမည့် ဘာမှမမြင်သလိုပုံစံဖြင့် ကွေ့ရှောင်ကာ လှေကားရှိရာသို့သာ ဆက်လျှောက်သွားခဲ့သည်။

သို့ပေမည့် ပင့်ကူကို နောက်တွင်ချန်ရစ်လိုက်ပြီးသည့်အချိန်တွင်ပဲ ကောင်းဖန်တစ်ခုခုကို စဉ်းစားမိသွားတာကြောင့် ရုတ်တရက်ရပ်တန့်လိုက်သည်။ အနည်းငယ်တုံ့ဆိုင်းစွာဖြင့် ကောင်းဖန် နောက်လှည့်ကြည့်လိုက်ပြီး မျက်နှာကျက်နားတွင်ရှိနေသည့် မီးခိုးရောင်ပင့်ကူကြီးကို ကြည့်လိုက်လေသည်။

“ဒါ…ဒါမီးခိုးရောင်စင်းကျားပင့်ကူနဲ့များတူလား။ ဆရာပတော့ ဒီကောင့်ကို တော်တော်လေးနူးညံ့သိမ့်မွေ့တဲ့ကောင်လို့ပြောခဲ့သလားလို့။”

ကောင်းဖန်မျက်လုံးမှိတ်ထားရင်း ခဏမျှတွန့်ဆုတ်နေခဲ့သည်။ ထို့နောက် ကျောင်းလွယ်အိတ်ကို အောက်သို့ချလိုက်ကာ စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်ပြီး ဘောလုံးလိုဖြစ်အောင် ဆုပ်ချေလိုက်ကာ သူ၏အိတ်ကပ်ထဲမှ မီးခြစ်ကိုလဲထုတ်ယူလိုက်သည်။

ကောင်းဖန် သူ၏နှုတ်ခမ်းကိုကိုက်နေရင်း ထပ်ပြီးတွန့်ဆုတ်နေပြန်လေသည်။ နောက်ဆုံးတော့ ထိုမီးခိုးရောင်စင်းကျားပင့်ကူ ဘယ်လောက်အထိ နူးညံ့သိမ့်မွေ့ပါစေ အပေါ်ထပ်က အဖွားချမ်းမွေးထားသည့် အိမ်မွေးတိရိစ္ဆာန်ပါပဲ။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ဒါက အဓိကအချက်မဟုတ်သေးဘူး။

ဘယ်လောက်ပဲ ယဉ်တယ်ပြောပြော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတုန်းပဲ။ ကမ္ဘာဂြိုဟ်ကြီးပြောင်းလဲမှုမဖြစ်ခင်တုန်းက ပုံမှန်ဆင့်ပွားမကောင်းဆိုးဝါးတစ်ကောင်ကတောင် အစာကွင်းဆက်မှာ ထိပ်ဆုံးနေရာရှိတဲ့ ခြင်္သေ့တွေ ကျားတွေနဲ့ တန်းတူယှဉ်နိုင်ခဲ့သေးတာပဲ။

တကယ်လို့များ ကောင်းဖန်ကိုသာ ဒီမကောင်းဆိုးဝါး ဒေါသထွက်သွားလျှင် ပြေးလမ်းလုံးဝမရှိဘဲ အသတ်ခံရဖို့စောင့်ဆိုင်းနေရသည့် သိုးငယ်ပမာဖြစ်သွားရပေမည်။

တဖန်ကောင်းဖန် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး အပေါ်ထပ်သို့တက်ရန် ပြန်လှည့်လိုက်သည်။

ရုတ်တရက် လျှပ်စီးတမျှမြန်ဆန်သည့်နှုန်းဖြင့် ကောင်းဖန် စက္ကူဘောလုံးကို မီးညှိကာ သူ့နောက်ဘက်ရှိ မျက်နှာကျက်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် အရူးတစ်ယောက်ပမာ လှေကားပေါ်သို့ ပြေးတက်သွားတော့သည်။

ဒီသတ္တဝါတွေက နူးညံ့သိမ်မွေ့တဲ့ကိုယ်ရည်ကိုယ်သွေးရှိကြတယ်လို့ မစ္စတာကျန်းပြောတာ ငါမှတ်မိသေးတယ်။

ဇီး!

ရုတ်တရက် ဒေါသထွက်နေသောအသံတစ်သံနောက်ကွယ်မှ ထွက်ပေါ်လာကာ လှေကားထစ်များပေါ် ပြေးတက်နေသည့် ကောင်းဖန်လဲ နောက်သို့ တစ်ချက်ခိုးကြည့်လိုက်သည်။

မီးခိုးရောင်အစင်းကျားရှိသည့်ပင့်ကူသည် လှေကားကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ ၎င်း၏မျိုးစုံလှည့်ပတ်သွားလာနိုင်သည့် ခြေ၈ချောင်းဖြင့် နောက်ထပ်နံရံတစ်ခုပေါ်သို့ ထပ်ပြီးတွယ်တက်လို့သွားသည်။ ပင့်ကူထွက်ပြေးလာသည့်နေရာနှင့် ဆန့်ကျင်ဘက်တွင်တော့ စက္ကူဘောလုံးသည် တဖြည်းဖြည်းလောင်ကျွမ်းလို့သွားပေပြီ။

ကောင်းဖန်၏မျက်လုံးများလင်းလက်သွားပြီ နှလုံးခုန်နှုန်းများလဲ မြန်ဆန်လာခဲ့သည်။ မီးခိုးရောင်အစင်းကျားရှိတဲ့ပင့်ကူက တကယ်ပဲမီးတောက်တွေကို ကြောက်တယ်ပေါ့။

အိုး သေစမ်း! သူ့စိတ်ထဲ ရုတ်တရက်ပေါ်လာတဲ့အကြောင်းက တစ်ခါမှတောင် မတွေးဖူးတဲ့ဟာပဲ။

ယခုအချိန်တွင် ကောင်းဖန် သူ့ကိုလေပြင်းတစ်ချက်က လှေကားထိပ်သို့ ရောက်အောင်ခေါ်ဆောင်ပေးနေသည်ဟု ခံစားလိုက်ရသည်။ သူ့နောက်တွင်တော့ မီးခိုးရောင်အစင်းကျားရှိသည့် ပင်ကူက ဒေါသထွက်နေသည့်အသံများ ထုတ်နေသည်ကို ရှင်းရှင်းလင်းလင်းကြားနေရပေသည်။

“အား၊ မစ္စတာကျန်း ငါ့ကိုလိမ်တယ်။ ဒီကောင်က ယဉ်တယ်လို့ ဘယ်သူများပြောလိုက်တာလဲ။”

လက်ရှိတွင် ကောင်းဖန်၏စိတ်မှာ ပြိုင်ပွဲဝင်နေရသလို သူ့ခြေလှမ်းအရှိန်ကို နည်းနည်းလေးတောင် မလျှော့ရဲခဲ့ပေ။ ဒီလိုဒေါသထွက်နေသည့် မကောင်းဆိုးဝါးတစ်ကောင် သူ့နောက်ကိုလိုက်နေခြင်းက ဟာသတစ်ခုမဟုတ်ပေ။ တကယ်လို့များ သူသာသတိမထားမိလို့ ဖမ်းမိသွားရင် သူ့ဦးနှောက်ကို အလွယ်လေးဖွင့်ဖောက်စားသွားခံရနိုင်လေသည်။

ဒါက တခြားနယ်ပယ်တစ်ခုက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လေသည်။ ကမ္ဘာမြေကြီး ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်စဉ်အတွင်း လူသားပေါင်းမြောက်မြားစွာ ဤသို့သော မကောင်းဆိုးဝါးများလက်ထဲတွင် သေဆုံးခဲ့ကြရသည်။ အခုချိန်မှာ ဘယ်လောက်ပဲ ယဉ်ပါးသည်ထင်ရပါစေ မကောင်းဆိုးဝါးသတ္တဝါတွေဆိုသည့် အချက်ကတော့ ပြောင်းလဲသွားမည်မဟုတ်ပေ။

သူ့နောက်မှလိုက်ပါလာသည့်အသံမှာ တဖြည်းဖြည်းနီးကပ်လို့လာသည်နှင့်အမျှ မီးခိုးရောင်စင်းကျားပင့်ကူ၏ လှေကားထစ်များပေါ်သို့ ခုန်ပေါက်တက်လာသည်ကို ကောင်းဖန် ပို၍ရှင်းလင်းပြတ်သားစွာ ကြားလာရသည်။ ၎င်းအသံမှာ မြေပြင်ပေါ်သို့ သံပိုက်တစ်ချောင်းနှင့် ခေါက်နေသလိုပင်။

သူ့အိမ်ရှိရာသို့ရောက်ဖို့ရန် နောက်ထပ်တစ်ထပ်စာလှေကားတက်ဖို့လိုနေသေးသည်။

ရောက်တော့မယ်!

သွေးနီရောင်မျက်လုံးများနှင့် မီးခိုးရောင်စင်းကျားပင့်ကူသည် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုကိုဖော်ပြရန်အလို့ငှာ သူ့မေးရိုးများကို ပိတ်လိုဖွင့်လိုက်လုပ်လို့နေသည်။ ပင့်ကူခြေထောက်များသည်လဲ သန်မာကြံခိုင်လှကာ လှေကားထစ်များပေါ်သို့ အားပြင်းပြင်းဖြင့် နင်းချရင်းတက်လို့လာနေသည်။ ၎င်းခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် လှေကားထစ် ၄-၅ထစ်လောက်ကို ကျော်တက်နိုင်ပေသည်။

ကောင်းဖန်နှင့် ပို၍ပို၍ နီးကပ်လို့လာပေပြီ။

“ရှီး…!”

အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသော ဒေါသသံများမှာ နံရံထူကြီးများနှင့် လှေကားထစ်တစ်လျှောက်လုံးကို ပြည့်နှက်နေစေသည်။ ဒါဟာ တကယ့်ကို နက်ရှိုင်းလှသည့် အမိန့်ပေးနေသလိုအသံမျိုးပင်။

မီးခိုးရောင် အစင်းရှိသော ပင့်ကူက တစ်ခဏ အေးခဲသွားကာ

ခြေ ထောက် များကို ကွေးညွှတ်လိုက်ရင်း ခုန်ထွက်ရန် ပြင်ဆင်နေတယ် ၊ ဒါပေမယ့် ၎င်းကရပ်နေဆဲ ဖြစ်တယ်။ သူ့ရဲ့ သွေးနီရောင်မျက်လုံးများက မတောက်ပတော့ဘဲ သူ၏ပါးစပ် မှကြိုး အသစ် ထုတ်ရန် စူးရှသော အသံအားပြုလုပ်နေသည်၊

သို့သော် ထိုအကောင်က အစောပိုင်းတုန်းက ပြုလုပ်သောအသံမျိုး နောက်တစ်ခါ မမြည်တော့။

၎င်းကခဏလေး တွန့်ဆုတ်နေပြီးနောက် ပင့်ကူ၏ သွေးနီရောင် မျက်လုံးများက ပြန် တောက်ပလာတော့တယ် ၊ မသေချာမရေရာမှုကြောင့် ပင့်ကူက လှေကားပေါ်ကို တက်ရန် သူ၏ခြေထောက်တစ်ချောင်းကို မြှောက်လိုက်တယ်။

“ရှီး…..ရှီး”…ဟူ၍ ပြုလုပ်ကာ ရန်စနေသော အသံက အရင်ကထက် ပို၍ ဒေါသ ထွက်နေ ပုံပေါ်သည်။

“ဇီး….ဇီး…ဇီး..” မြှောက်ထား သောသူ၏ခြေထောက်များကို ပြန်ရုတ် သွားကာ မီးခိုးရောင် အစင်းကြားပင့်ကူက လှေကားပေါ်မှ ခုန်ချကာ ထွက်ပြေးသွားတော့သည်။

ကောင်းဖန် က သက်ပြင်းချလိုက်ကာ နဖူးပေါ်ကချွေးများကို ဖြေးညင်းစွာ သုတ်လိုက်တယ်၊ ဘာလို့ ပင့်ကူက လှေကားအောက်ဖက်ကို ပြေးထွက်သွားတာလဲ၊

ဒါတွေအားလုံး ပင့်ကူက ပြေးတိုင်းလိုက်တိုင်း ကစား‌နေတာများလား၊ ငါ့ကို ပျော်ပျော်ကြီး အမဲလိုက်ပြီး အိမ်ပြန်ရောက်တော့မှာတွေ့တော့ ငါ့ကိုအဆုံးထိ မလိုက်နိုင်ဘဲ ပင့်ကူအိမ်ဆီ ပြန် သွားရတာ မပျော်မရွှင်ဖြစ်သွားလား မသိဘူးလို့ ကောင်းဖန် တွေးမိလိုက်တယ်။

ကောင်းဖန် သူ့မေးစေ့ ကိုပွတ်သတ်လိုက်တယ်၊ ဟင်း သူမဟုတ်ကဟုတ်က တွေ တွေးနေတာ ကိုယ့်ဘာကိုယ်တောင် မယုံနိုင်ဘူး။

ကောင်းဖန် သော့ကို ထုတ်လိုက်ကာ အိမ်တံခါးကို ဖွင့်လိုက်တယ်၊ “ ပါး မား ကျွန်တော် ပြန်လာပြီ” ဟု တောက်ပစွာ ပြုံးကာ ပြောလိုက်တယ်။

ကောင်းဖန် ဘယ်သူမှ မရှိတဲ့အိမ်ထဲ တံခါးကို တွန်းဖွင့်ကာ ၀င်သွားလိုက်တယ်။ အိမ်က အရမ်းတိတ်ဆိတ်လွန်းတာကြောင့် ကြည့်လိုက်ရင် သူနေထိုင်တဲ့ ကမ္ဘာထဲမှာ သူတစ်ယောက်တည်း ရှိတယ်လို့တောင် ထင်ရတယ်။

ခဲညိုရောင် ဆိုဖာကို ဧည့်ခန်းထဲမှာထားပြီး အဲ့ဒီတစ်ဖက်မှာတော့ ဟောင်းနေ တဲ့ တီဗွီရှိတယ်၊ အိမ်ရဲ့ အပြင်အဆင်ကရှင်းလင်းနေပြီး အိမ်ထောင်ပရိဘောဂ ပစ္စည်း အနည်းငယ်တို့ကို နေရာချထားတယ်။ ဒါကိုကြည့်ခြင်းဖြင့် ပိုင်ရှင်က ၀ီရိယရှိရှိနဲ့ မကြာခဏနေရာကိုသန့်ရှင်းတတ်တယ် ဆိုတာသိနိုင်တယ်။

သူ့အတွေးတွေကိုဖယ်လိုက်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီး အိပ်ခန်းတံခါးကို ဖွင့်လိုက်တယ်၊ နေရောင်ခြည်ရဲ့ အလင်းရောင်ကို ကာရန်အတွက် လိုက်ကာများကို ချလိုက်ကာ အခန်းထဲ၀င်ရောက်နေသောအလင်းအား မှိန်စေလိုက်သည်။

အခန်းထဲက အိပ်ယာက သေသပ်ကာသန့်ရှင်းနေတယ်၊ ကောင်းဖန်က သူ၏ မျက်နှာကိုပြုံးလိုက်ကာ ပျော်ရွှင်စွာပြောလိုက်တယ် “ ပါး မား နောက်ဆုံးတော့ အခန်းထဲမှာ စာမေးပွဲဖြေတာ ပထမရခဲ့တယ်။ ပါးနဲ့မား ပျော်နေတယ်မလား။”

ကောင်းဖန် ဓာတ်ပုံဘောင်ထဲက အဖြူအမဲ ဓာတ်ပုံကို ကြည့်ကာပြောလိုက် တယ်။

ဓာတ်ပုံဘောင်ထဲကပုံက စုံတွဲတစ်တွဲရဲ့ပုံဖြစ်တယ်။ ယောကျာ်းလေးပုံစံက ရည်မွန်ပြီး လူကြီးလူကောင်းဆန်တယ် ၊ မိန်းကလေးကလည်း ကျက်သရေရှိပြီး ယဥ်ကျေး သိမ့်မွေ့တယ်။ စုံတွဲက ပျော်ရွှင်ကာ ပြုံးနေကြပြီး ပါးလွှာတဲ့ စက္ကူကို ဖြတ်ကာ ကမ္ဘာနှစ်ခုကလူတွေက မျက်လုံးချင်းဆုံကာ ဆက်သွယ်နေတယ်လို့တောင် ထင်ရတယ်။

ဒါပေမယ့် ဓာတ်ပုံထဲက လူနှစ်ယောက်ကတော့ ကောင်းဖန်ကို ဘာအမူအယာမှ မပြဘူး၊ သူတို့က သူတို့မျက်နှာပေါ်မှာ တူညီပြီး မပြောင်းလဲတဲ့ အပြုံးတွေနဲ့ ပြုံးပြနေ ကြတယ်။

ကောင်းဖန်က ဂုဏ်ယူနေတဲ့ အပြုံးကြီးနဲ့ အားပါးတရ ပြုံးပြကာ “ ကျနော့် ကျောင်းရလဒ်က အမြဲဆိုးရွားနေတာ အဲ့တာကို ပါး နဲ့ မားဆီက မကြာခဏ ဆူခံရတယ်လေ။ အခု နောက်ဆုံးတော့ အတန်းရဲ့ စတုတ္ထနှစ်မှာ ပထမရခဲ့ပြီ။ အခု အရမ်းပျော်နေကြတယ်မလား။ ကျွန်တော့် ပညာရေးကို ထပ်ပြီး စိတ်ပူ စရာမလိုတော့ ဘူး။” ကောင်းဖန် ပြောနေရင်း သူ့မျက်လုံးတွေကနီလာပြန်တယ်။

ပါးလွှာတဲ့ အ၀တ်အစားကို၀တ်ထားတဲ့ကောင်လေးက အိပ်ခန်းအလယ်မှာ မတ်တပ်နေကာ တိတ်ဆိတ်နေရင်း အတွေးတွေများနေလေတယ်၊ ကောင်းကင် ကအနည်းငယ်မှောင်လာတဲ့ အခါမှ သူအာရုံက ပုံမှန်ပြန်ဖြစ်သွားတော့တယ်၊ သူရဲ့မျက်နှာပေါ်မှာ တောင်းပန်တဲ့အပြုံးဖြင့် ဓာတ်ပုံထဲကစုံတွဲကို ကြည့်ကာ ပြော လိုက်တယ် “ပါး၊ မား၊ ကျောင်းက မနက်ဖြန် လေ့လာရေး ခရီးတစ်ခုသွားဖို့ အစီအစဉ် ရှိတယ် အဲ့တာကြောင့် ခုရက်ပိုင်း ပြန်လာဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့ကျောင်းက ကျွမ်းကျင်တဲ့ သက်တော်စောင့်တွေ ငှားထားတာမို့ ကျွန်တော် တို့လုံခြုံရေး ကို အာမခံထားတယ်၊ ကျွန်တော်လည်း ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ့မယ်။”

“အဲ့တုန်းကကျွန်တော် ကြားလိုက်တာ ကျောင်းက ဒိုင်းပြာကာကွယ်ရေးကုမ္မဏီက သက်တော်စောင့်တွေကိုငှားထားတယ်ဆိုဘဲ ၊ အဲ့ဒီမှာ သားရဲလေ့ကျင့်သူတွေ အများကြီးရှိတယ်တဲ့၊ ကျွန်တော်လည်းအဲ့ထဲကတစ်ယောက် ဖြစ်ရင်ဘယ် လောက်ကောင်းမလဲ ၊ ကျွန်တော့အတန်းဖော် အနည်းဆုံး တစ်၀က်လောက်က သားရဲလေ့ကျင့်သူတွေ ဖြစ်ဖို့မျှော်လင့်နေကြတာ။”

မှောင်ပျပျအခန်းလေးထဲမှာ ပိန်ပါးပြီး ထိရှလွယ်တဲ့ ဆယ်ကျော်သက်ကောင် လေးက ဓာတ်ပုံကိုကြည့်နေပြီး သူကိုယ်သူရေရွတ်နေတယ်၊ သူစကားပြောနေရင်း လက်တွေကို ေ၀့ရမ်းကာ တက်တက်ကြွကြွနဲ့စကားပြောနေတယ်၊ သူ့မျက်လုံးတွေ ကတောက်ပနေပြီး သူ့ အယူအဆနဲ့ဆုံးဖြတ်ချက်တို့က ပိုပြီးခိုင်မာလာပုံပေါ်တယ်။

ဒါပေမယ့် သူ့ကိုခွန်းတုံ့ပြန်မည့်လူ တစ်ယောက်မှ မရှိ။ ထိုအချိန် သူဆုတောင်း မိတာ တစ်ခုက တစ်စုံတစ်ယောက်က သူ့ရဲ့လက်ကို ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးတာကို ပါဘဲ၊ အကယ်၍ ဒါထက် ဓာတ်ပုံထဲ လူတွေထွက်လာပြီး သူ့အနာဂါတ် အစီ အစဥ် ကို ဆန့်ကျင် တာကမှ ပိုပြီး အံ့ဩဖို့ကောင်းလိမ့်ဦးမယ်။

ဒါက ဖြစ်မလာခဲ့ပါဘူး။ ဓာတ်ပုံထဲက စုံတွဲကတော့ ယခင်အတိုင်း နွေးထွေးစွာ ပြုံးပြနေကြဆဲပင်။

အခန်းကတိတ်ဆိတ်နေပြီး အခန်းထဲမှာဆယ်ကျော်သက်လေးရဲ့ အသက်ရှုသံ လေးဘဲ ကျန်နေတော့တယ်။

ကောင်လေးကရုတ်တရက် အေးလာတယ်လို့ခံစားလာရတာကြောင့် စိတ်ပျက် လက်ပျက်နဲ့ သူ့လက် နှစ်ဖက်ဖြင့် တံတောင်ဆစ်တွေ ကိုပွတ်သတ်လိုက်တယ်။ သို့သော် မကြာမီ သူ၏မျက်နှာကြည်လင်လာပြီး ယုံကြည်ချက်အပြည့်နဲ့ အပြုံးပေါ်လာ ပြီး စိတ်ဓာတ်ကျနေတဲ့အငွေ့အသက်တွေ လွင့်ပြယ်သွားတော့သည်။ တောက်ပပြီး အကောင်းမြင်တတ်တဲ့ ဆယ်ကျော်သက် အရွယ်ကောင်လေး ပြန်လာပြီ ဖြစ်သည်။

ကောင်းဖန် အိပ်ခန်းထဲကနေ ထွက်လာပြီး ဓာတ်ပုံထဲက ဇနီးမောင်နှံအနှောက် အယှက်မဖြစ်စေရန် အိပ်ခန်းတံခါးကိုဖြေးညှင်းစွာ ပိတ်လိုက်တယ်။

ဘယ်သူမှ မမြင်လိုက်ဘူး၊ ဒါက အလင်းရဲ့ လှည့်စားမှုတစ်ခုဘဲလား၊ ခဏ လောက်ကြာတဲ့အခါဓာတ်ပုံထဲက စုံတွဲ၏မျက်နှာပေါ်ရှိအပြုံးများက ပျော်ရွှင်နေ ပြီး ပို၍ချိုသာစွာ ပြုံးလာသည်။

***

အခန်း ၂ ခရမ်းရင့်ရောင်ကျောပြင်နှင့်အဝါရောင်ခြေချောင်းများရှိသည့် ကင်းခြေများ

“တာ့ဇီ၊ မြန်မြန်လေးထွက်လာခဲ့ဦး! အစောကမင်းမဟုတ်လား?” ကောင်းဖန် သူ့အိပ်ခန်းထဲသို့ပြန်ရောက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

သခင်ဖြစ်သူ၏အသံကိုကြားရာတွင် ကောင်းဖန်ခေါ်နေသည့် ‘တာ့ဇီ’ဆိုသူကတော့ အေးအေးဆေးဆေးနှင့် ကြမ်းပြင်ထက်တွင် လူးလှိမ့်လို့နေစဲပင်။ ကောင်းဖန်မှ အကြိမ်ကြိမ် အော်ခေါ်သည့်အချိန်ကျမှသာလျှင် တာ့ဇီသည် ဆိုဖာအောက်မှနေပြီး ပျင်းရိပျင်းတွဲဖြင့် တွားထွက်လာခဲ့သည်။

ခရမ်းရင့်ရောင်ကျောပြင်က မီးအလင်းရောင်အောက်တွင် ပို၍နက်မှောင်ကာ မှုန်ဝါးလို့နေခဲ့သည်။ ဝါဖျောဖျောခြေချောင်းများသည်တော့ ကြမ်းပြင်ပေါ်တွင် ရွေ့လျားလာချိန်တွင် စားပွဲတစ်ခုကို လက်ဖြင့်တောက်နေသလိုအသံများ တီးခေါက်နေသလို အသံများဖြစ်ပေါ်စေသည်။

ဒီခရမ်းရင့်ရောင်ကျောပြင်နှင့်အဝါရောင် ခြေချောင်းများရှိသည့် ကင်းခြေများသည်က ကောင်းဖန် တာ့ဇီဟု ချစ်စနိုးခေါ်ဝေါ်နေသည့် သတ္တဝါလေးဖြစ်သည်။ ၎င်းမှာ ကိုယ်ထည်ကကြီးမားပြီး ခရမ်းရောင်လေးများပြေးနေသည့် ကင်းခြေများသာဖြစ်လေသည်။ ထားပါတော့ ၎င်းကို လေမှုတ်ထားသည့် ကင်းခြေများဟုခေါ်လိုက်သည်က ပို၍ပင်ရိုးရှင်းပေဦးမည်။

သို့သော် ဤခရမ်းရင့်ရောင်ကျောပြင်နှင့် အဝါရောင်ခြေချောင်းများရှိသည့် ကင်းခြေများကတော့ ကောင်းဖန်၏မိဘများ သူ့အတွက် ချန်ထားရစ်ခဲ့သည့် တစ်ကောင်တည်းသော အိမ်မွေးတိရိစ္ဆာလေးပင်ဖြစ်သည်။

ကမ္ဘာမြေကြီးပြောင်းလဲမှုများ ဖြစ်ပွားပြီး သုံးရက်အကြာတွင် ကောင်းဖန်၏မိသားများက တာ့ဇီကို အိမ်သို့ခေါ်ဆောင်လာခဲ့သည်ကို ကောင်းဖန် အမှတ်ရနေစဲပင်။ ထိုအချိန်က တာ့ဇီ၏အရွယ်အစားသည် အခုပုံစံနှင့် လုံးလုံးမတူညီပဲ ဝါးတူလေးတစ်ချောင်းသာသာရှိလေသည်။ ထိုအချိန်က တာ့ဇီ၏ကျောပြင်အရောင်သည် ခရမ်းဖျောရောင်လေးပင်ဖြစ်ကာ ပန်းရောင်လေးနှင့်ပင် ဆင်တူနေတာကြောင့် အတော်လေး ချစ်စရာကောင်းလို့နေသည်။

ကောင်းဖန် ခေါင်းကိုခါလိုက်ကာ သူ့စိတ်ထဲမှ ထူးဆန်းသည့်အတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။ ပြီးနောက် လက်ရှိ တာ့ဇီကို ခေါင်းငုံ့ကာ ကြည့်လိုက်မိသည်။

ခန္ဓာကိုယ်အရှည်က ၂မီတာဝန်းကျင်လောက်ရှိကာ လက်ဖဝါးပြင်များက ကျယ်ပြန့်ပြီး ပုံစံက ကြမ်းတမ်းခက်ထန်မည့်ပုံရသည့် မေးရိုးများကို ဖွင့်ချည်ပိတ်ချည် လုပ်နေပုံက တာ့ဇီကို ချစ်စရာကောင်းသွားစေသည်။ သူ့ကို နေ့လည်နေ့ခင်း လမ်းလျှောက်ထွက်ဖို့ခေါ်သွားလျှင် လမ်းထဲမှအဘွားအိုများကို မျက်ရည်ပေါက်ပေါက်ကျအောင် ကြောက်လန့်သွားစေသည်ကိုတော့ ထည့်မပြောလိုတော့ပေ။

တာဇီ၏ကြီးမားလှသော မျက်လုံးနက်နက်များသည် ကြည့်ရတာတော့ အလွန်လှပပေမည့် တကယ်တမ်းတွင် အမြင်အာရုံကတော့ မကောင်းလှပေ။ တွားသွားသည့်အချိန်တွင် တာ့ဇီသည် သူ၏ ခေါင်းပေါ်မှ ခရမ်းရောင်နှာမောင်းတစ်စုံကိုသာ မှီခိုရင်း အနီးပတ်ဝန်းကျင်ကို လေ့လာရသည်။ ထိုခရမ်းရောင်နှာမောင်းနှစ်စုံသည် တာ့ဇီကို အနံ့၊ တုန်ခါမှုထုတ်ဖို့ရန်နှင့် အသံများကို ခွဲခြားဖို့ရန်ပင် ကူညီပေးလေသည်။

တာ့ဇီတွင် ရက်စက်ကြမ်းကြုတ်သည့်ပုံပန်းသွင်ပြင်ရှိသော်လည်း ကောင်းဖန်ကတော့ မကြောက်ခဲ့ပါ။ ပြောရလျှင် ဒီကောင်လေးက သူ့ဂရုစိုက်မှုအောက်မှာသာ ကြီးပြင်းလာခဲ့ရပြီး ဒီအိမ်တွင် သုံးနှစ်လုံးလုံး သူ့ကိုအဖော်ပြုပေးခဲ့သည့် တစ်ဦးတည်းသော အဖော်လေးလဲဖြစ်သေးသည်။ အရေးအကြီးဆုံးအချက်သည်ကတော့ ကောင်းဖန်၏မိဘများ မဆုံးပါးမီ သူ့အတွက် နောက်ဆုံးထားပေးခဲ့သည့် အိမ်မွေးတိရိစ္ဆာန်လေးလဲ ဖြစ်သေးသည်။

“တာ့ဇီ၊ မင်းအစောက ဟိုပင့်ကူကို ခြောက်လွှတ်လိုက်တာမဟုတ်လား?” ကောင်းဖန် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် တာ့ဇီ၏အေးစက်စက်ဦးခေါင်းခွံကို တစ်ချက်လက်သီးနှင့်အသာ ထိုးရင်းပြောလိုက်သည်။

တာ့ဇီ၏ဦးခေါင်းခွံကို ထိရသည်မှာ အေးစက်စက်သတ္တုပြားကြီးလိုပင် အလွန်အေးစက်လှပေသည်။

တာ့ဇီကတော့ သူ့ကို ပြန်မဖြေလာခဲ့ဘဲ ခေါင်းထက်မှ နှာမောင်းလေးများကိုသာ ညင်ညင်သာသာလှုပ်ရမ်းလို့လာခဲ့သည်။ ကောင်းဖန်ကလဲ တာ့ဇီပြန်မဖြေသည့်အပေါ် ဘယ်လိုမှစိတ်ထဲမထားပေ။ တာ့ဇီ၏ဉာဏ်ရည်မှာ သိပ်မမြင့်မားတာကြောင့် သုံးနှစ်သားကလေးတစ်ဦးလောက်သာ တွေးခေါ်နိုင်စွမ်းရှိသည်။

တာ့ဇီသည် ရှုပ်ထွေးသည့် စကားရှည်များကို နားလည်ခြင်းမရှိသော်လည်း အချို့သော ရိုးရှင်းလှသည့် အမိန့်ပေးစကားအချို့ကိုတော့ နားလည်သည်။ ဥပမာ ‘ကိုက်လိုက်၊’ ‘သေသလိုဟန်ဆောင်’ ဒါမှမဟုတ် ‘သုံးကြိမ်လှည့်ပြ’ ဆိုသော ရိုးရှင်းသည့်စကားများကိုပင်။

တာ့ဇီပြန်မဖြေလာသော်လည်း အစောပိုင်းကကြားခဲ့ရသည့် ဒေါသထွက်နေသော ရှူးရှူးရှဲရှဲမြည်သံမှာ တာ့ဇီဆီကမှန်း ကောင်းဖန်ကတော့ သိပြီးဖြစ်သည်။ တာ့ဇီနှင့် နှစ်ပေါင်းများစွာ အတူနေလာခဲ့ပြီးဖြစ်တာကြောင့် တာ့ဇီ၏အသံများကိုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိထားပြီးဖြစ်သည်။

မကောင်းဆိုးဝါးများသည် ပိုင်နက်နယ်မြေနှင့်ပတ်သက်၍ အလွန်အထိမခံကြပေ။ တာ့ဇီ၏ပုံစံမှာ နူးညံ့ညင်သာသော်လည်း ကောင်းဖန်၏ဆရာသင်ကြားပေးခဲ့သည့်စကားအရ ခရမ်းရောင်ကျောပြင်နှင့် အဝါရောင်ခြေချောင်းများရှိသည့် ကင်းခြေများတို့သည် ရက်စက်ကြမ်းကြုတ်သော သတ္တဝါများဟုပင်။

ထိုအကြောင်းကို တွေးမိသွားတော့ ကောင်းဖန် သူ့ခေါင်းကိုသူ ပြန်ထုလိုက်ကာ၊ မစ္စတာကျန်းကတော့ ငါ့ကိုထပ်မညာလောက်တော့ပါဘူး၊ ဟုတ်တယ်မလား? ကောင်းဖန် သင်္ကာမကင်းဖြစ်နေတော့သည်။

ဒါပေယ့် တာ့ဇီက ဒီလောက်နူးညံ့သိမ့်မွေ့တာကို! တာ့ဇီကို ပြန်စိုက်ကြည့်ကာ ကောင်းဖန် ၎င်း၏ခရမ်းရောင်နှာမောင်းလေးများကို ညင်သာစွာဆွဲလိုက်သည်။ ၎င်းနှာမောင်းတစ်စုံသည် ရှည်ရှည်မျောမျောမျော့ကြိုးတစ်ခုလိုခံစားရသည်။

တာ့ဇီကလဲ ကောင်းဖန်ကို ကြည့်ဖို့ရန် သူ၏မျက်ဝန်းနက်များကို ပေါ်သို့လှန်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ရင်း၊

“ဒီသခင်ဘာမှမတတ်နိုင်ပါဘူး”ဟု ပြောနေသလိုပင်။

တာ့ဇီဘယ်လောက်တောင် ပျင်းရိနေလဲဆိုသည်ကို မြင်ရလေ ရက်စက်ကြမ်းကြုတ်သည့်မကောင်းဆိုးဝါးဆိုသည့်စကားကို ယုံကြည်ဖို့ရန် ကောင်းဖန် ပို၍ခက်ခဲလာရသည်။

ကောင်းဖန် သူ့ခြေရင်းတွင်ရှိနေသည့် တာ့ဇီကို အနည်းငယ်တွန့်ဆုတ်စွာ ကြည့်လိုက်ပြီး တာ့ဇီအပေါ် သူ့အာရုံအလုံးစုံကို သေချာ စူးစိုက်လိုက်သည်။

တာ့ဇီကို စိုက်ကြည့်နေစဉ်အတွင်းမှာပဲ သူ့မျက်စိရှေ့တွင် သတင်းအချက်အလက်များစွာကို မြင်လိုက်ရသည်။

[မကောင်းဆိုးဝါးအမည်]: ခရမ်းရင့်ရောင်ကျောပြင်နှင့် အဝါရောင်ခြေချောင်းများရှိသည့် ကင်းခြေများ

[မကောင်းဆိုးဝါးအဆင့်]: အဆင့် ၅

[မကောင်းဆိုးဝါးအဆင့်အတန်း]: ပုံမှန်

[မကောင်းဆိုးဝါးစွမ်းရည်]: ယင်/အဆိပ်

[မကောင်းဆိုးဝါး အခြေအနေ]: ကျန်းမာ (ပျော်ရွှင်)

[မကောင်းဆိုးဝါး အားနည်းချက်]: လျှပ်စစ်

[အဆင့်မြှင့်တင်ရန်လိုအပ်ချက်များ]: အဆင့်(၁၀)အထက် လျှပ်စစ်စွမ်းရည်ရှိသော မကောင်းဆိုးဝါး၏ သလင်းအမြုတေ (အဆင့်၁၀များမပါဝင်ပါ)၊ နှစ်တစ်ရာလျှပ်စီးသစ်သား ၆၀၀ဂရမ်၊ အရိပ်မြက် ၁၀ ပင် (အသုံးပြုရန် လမ်းညွှန်ချက်များ:….)

ကောင်းဖန် အနည်းငယ်အံ့ဩသွားရသည်။ သူ၏၁၈နှစ်ပြည့်မွေးနေ့မှစကာ သူ့တွင် မကောင်းဆိုးဝါးသတ္တဝါများ၏ အဆင့်သတ်မှတ်ချက်များနှင့် အခြားသော အချက်အလက်များကို မြင်နိုင်သည့် စွမ်းရည်ရရှိခဲ့ကြောင်း နားလည်ခဲ့သည်။ ဥပမာအားဖြင့် ယခု သူ့မျက်စိရှေ့တွင် ပေါ်လာသည့် ဇယားပုံစံမျိုးပင်။

မကောင်းဆိုးဝါးတိုင်းတွင် မတူညီသည့်ဇယားများရှိကာ ဥပမာအားဖြင့် အဖွားချန်၏ပင့်ကူလေးအတွက် အချက်အလက်များဆိုလျှင်-

[မကောင်းဆိုးဝါးအမည်]: မီးခိုးရောင်အစင်းကျားရှိသောပင့်ကူ

[မကောင်းဆိုးဝါးအဆင့်]: အဆင့် ၃

[မကောင်းဆိုးဝါးအဆင့်အတန်း]: ပုံမှန်

[မကောင်းဆိုးဝါးစွမ်းရည်]: သစ်သား

[မကောင်းဆိုးဝါး အခြေအနေ]: ကျန်းမာ (ပျော်ရွှင်)

[မကောင်းဆိုးဝါး အားနည်းချက်]: မီး

[အဆင့်မြှင့်တင်ရန်လိုအပ်ချက်များ]: …..

အစောပိုင်းတုန်းက ကောင်းဖန် သေတော့မလို့၊ အဲ့အကောင်ကို သူပစ်လိုက်တဲ့ လောင်ကျွမ်းနေတဲ့စက္ကူဘောလုံးက မီးနဲ့ တိုက်ခိုက်တဲ့ ပုံစံအမျိုးအစား တစ်ခု အဖြစ် ယူဆလို့ရသည်။ ဒါ့ကြောင့် အသစ်တွေ့ရှိထားတဲ့ သူ၏စွမ်းအင်က တိကျမှန်ကန်တဲ့ သတင်းအချက်လက်ကို ပေးတာဟုတ်မဟုတ် သိချင်သလိူ ၊ သူ၏ သိချင်စိတ် ပြင်းပြနေတာကို ထိန်းဖို့ အခြားအကြောင်းအရင်း မရှိတာ ကြောင့် အရဲ စွန့်ကာ စမ်းသပ် ကြည့်ခဲ့ခြင်းဖြစ်သည်။

ခဏလေး (မကောင်းဆိုးဝါး အခြေအနေ_ ပျော်ရွှင်??) ဒီတော့ ဒီ ပင့်ကူ ပုစိ ကငါနဲ့ အတည်ကြီး လာကစားနေတာပေါ့၊ ကြည့်ရတာတော်တော်ပျော်နေပုံဘဲ ဟက်…ကောင်းဖန် မျက်နှာက မဲမှောင်လာတော့တယ်။

ကောင်းဖန် ပထမဆုံး သူ့အစွမ်းကို သူပိုင်တဲ့ တာ့ဇီနဲ့ ဘာလို့ မစမ်းသပ်ခဲ့မိရတာလဲ၊ သူနဲ့ စမ်းသပ်ဖို့လည်း ခံနိုင်မှာ မဟုတ်ပါဘူး၊ ဒုတိယတစ်ခုက လျှပ်စီး ကိုသုံးပြီး တိုက်ခိုက်တဲ့ မည်သည့် ပုံစံအမျိုးအစားကိုမဆို ရှာဖွေရန် ခက်ခဲတယ်၊ သူ ဒါကို စမ်းသပ်တာမှာ လျှပ်စီးအနည်းငယ်ကို ကြိုးစားပြီး ဖျက်စီးနိုင်ပေမယ့်သူ့သုံးသပ် မှုအရ တာ့ဇီက အားမနည်းတဲ့ လျှပ်စီးကိုပစ်ခဲ့မယ်ဆိုရင် လျှပ်စီးနန်းကြိုးတွေက ကြွပ်ဆတ်တဲ့ အရာတွေကိုတောင် အလွယ်တကူလောင်ကျွမ်းစေနိုင်တယ် ဆိုတာ သူ သိသည်။

“စွမ်းအားအဆင့်မြှင့်တင်ဖို့” ဟူ၍ ကောင်းဖန်က သူ့ဘာသာတီးတိုးစွာရေရွတ် နေရင်း သူ၏မျက်လုံးများက မျှော်လင့်ချက်များနှင့် တောက်ပလို့နေတယ်။

အထူးအဆင့် မကောင်းဆိုး၀ါးတွေက အလွန်ရှားပါးတယ်၊ တူညီပြီး အကောင် တစ်ရာလောက်ရှိတဲ့ မကောင်းဆိုးဝါးအုပ်ထဲမှာ အထူးအဆင့် မကောင်းဆိုး၀ါးတစ် ကောင်ကို မတွေ့နိုင်ဘူး။ အထူးအဆင့်နဲ့ သာမန်အဆင့် မကောင်းဆိုး၀ါးတွေရဲ့ ခွန် အားသတ်မှတ်ချက်တွေက မတူကြဘူး ၊ မကောင်းဆိုးဝါးတွေကတူညီတဲ့အဆင့် နှင့် တူညီတဲ့ မျိုးစိတ်ရှိရင်တောင် အထူးအဆင့်ရှိတဲ့ အကောင်က သာမန် မကောင်းဆိုး၀ါး နှစ်ကောင်ကို တစ်ချိန်တည်းမှာ အားနည်းချက်မရှိဘဲ သတ်ပြစ်နိုင်တယ်။

အထူးအဆင့်အထိ မြှင့်တင်ပြီးနောက် စွမ်းအားတိုးမြှင့်ခြင်းက ပြီးပြည့်စုံခြင်း အဆင့်ထိထပ်တက်နိုင်သေးလား?၊ ပြီးပြည့်စုံခြင်း အဆင့်သို့မြှင့်တင်ခြင်းသည် အလွန် အရေးကြီးသည်၊ ပြီးပြည့်စုံသော အဆင့်ရှိသည့် အကောင်များသာလျှင် အကန့်အသတ် ဖြင့် အုပ်ချုပ်သူအဆင့်ထိတိုးမြှင့်နိုင်ကြသည်၊

ကောင်းဖန် အုပ်ချုပ်သူအဆင့်ရှိတဲ့အကောင်တွေကို အင်တာနက်နဲ့ တီဗွီထဲ မှာ သာမြင်ဖူးတယ်၊ ဒီသတ္တ၀ါတွေရဲ့ကြောက်မင်ဖွယ်စွမ်းအားတွေက သူ့စိတ်ထဲမှာ စွဲထင်နေခဲ့တယ်၊

သူ့ရဲ့စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ကောင်းဖန်က တာ့ဇီရဲ့ အေးနေတဲ့ ခေါင်းလေးကို ပွတ်ကာ ပြောလိုက်တယ် “တာ့ဇီ ငါမင်းကိုသေချာပေါက် အထူးအဆင့် ထိရောက်အောင် မြှင့်ပေးမယ်။”

ကောင်းဖန်ရဲ့ မျက်လုံးထဲမှာတော့ တာ့ဇီက သူငယ်ချင်းတစ်‌ယောက် ထက်ပို တယ်၊ သူကကောင်းဖန်ရဲ့ တွဲဖက် ဖြစ်တယ်၊ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သူနဲ့အတူ လိုက်ပါခဲ့တဲ့ တွဲဖက်သူငယ်ချင်း၊ သူ့မိဘတွေ ချန်ခဲ့တဲ့ တစ်ဦးတည်းသော အဖော်ဖြစ် တယ်၊

ကောင်းဖန် သူ၏လက်ကို လျှို့၀ှက်စွာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်တယ်၊ ထို့နောက် တာ့ဇီကို လွှတ်လိုက်ကာ မီးဖိုချောင်ဘက်ကို ထွက်ခဲ့တယ်၊ ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး အေးနေတဲ့ အသားကို ထုတ်လိုက်တယ်၊ အေးခဲနေတဲ့ အသားက လှီးဖို့ ခက်ပြီး ရေခဲအနည်းငယ်လည်း တင်နေသေးတယ်၊ သူကဗွီဒိုထဲက သတ္တုပုဆိန်အသေး စားလေးကို ထုတ်လိုက်ပြီး သစ်သားဖြင့်ပြုလုပ်ထားတဲ့ ဘုတ်ပေါ်မှာ အေးခဲနေတဲ့ အသားများကို သေချာစွာခုတ်လိုက်တယ်၊

*ဒုန်း……ဒုန်း*

သတ္တုပုဆိန်ဖြင့် အားထည့်ကာ ခုတ်နေမှုကြောင့် ရေခဲများကွဲကာ ဘေးသို့ လွှင့်စင်ကုန်တယ်၊

အသားကို သေးငယ်တဲ့ အပိုင်းခြောက်ပိုင်းတုံးလိုက်ပြီးနောက် စတီးဒယ်အိုးကို ထုတ်လိုက်တယ်၊ ထို့နောက် ပုဆိန်လေးကိုသေချာစွာဆေးလိုက်ကာ အသားများကို ပန်းကန်ထဲထည့်လိုက်တယ်၊

ထို့နောက်ရေခဲသေတ္တာထဲမှ မုန်လာဥနီ အနည်းငယ်ယူလိုက်ကာ ဆေးကြောလိုက်ပြီး အိုးထဲသို့မထည့်ခင် အတုံးကြီးကြီးလေး လှီးဖြတ်လိုက်တယ်၊

တာ့ဇီ အတွက် ဒီနေ့ညစာပင်။ သူက တစ်နေ့ကို အသား နှစ်တုံး ၊မနက် တစ်ခါ ညတစ်ခါ စားတယ်၊

တာ့ဇီရဲ့ အစာကရိုးရှင်းတယ် အသားတုံးအစိမ်းနဲ့ မုန်လာဥနီ ဒါမှမဟုတ် ချက်ထားတဲ့ အမဲသားနဲ့အာလူး ဖြစ်တယ်။ သူ့အစားအစာက အလွန်ကွဲပြားတယ်၊ တာ့ဇီကို ပျိုးထောင်စဥ်က ကောင်းဖန်က ဘယ်အစားအစာကိုကျွေးရမယ်ကို ဆုံးဖြတ်သောအခါ အလွန်သတိကြီးစွာထားခဲ့တယ်၊ အဲ့ဒါထက် ဘယ်သူမှ ကင်းခြေများ ကို ပျိုးထောင်ဖူးတဲ့ အတွေ့အကြုံရှိမှာမဟုတ်ဘူး။

ကောင်းဖန် အင်တာနက်မှာ အချက်အလက်တွေ ရှာကြည့်တော့ ကင်းခြေများ တွေက အမျိုးမျိုးသော အစာတွေကို စားနိုင်တဲ့ သတ္တ၀ါတွေဖြစ်ကြောင်း နောက်ပိုင်းမှ ရှာတွေ့ခဲ့သည်။ သူတို့က သဘာ၀အားဖြင့် ကြမ်းပိုးများ၊တီကောင်၊ပုရစ်၊နွား‌ချေးပိုး၊ခြ၊ ပုစဥ်း၊ လိပ်ပြာ၊ ပျားနှင့် ၎င်းတို့၏ဥများ၊ ခူကောင်၊စသည်ဖြင့်သေးငယ်တဲ့ အကောင် တွေကိုစားသည်။တစ်ချိန်တည်းမှာဘဲ ၎င်းတို့က ကျိုင်းကောင်များ၊ ခရု၏အသားများ၊ ကလီစာနှင့်အူများ၊ သွေးနဲ့ ငါးများ၏အရွတ်များ၊ ကြက်၊နွား၊ဝက်တွေလည်းစားသည်၊ သူတို့က အပင်ရဲ့ အခွံ ၊ အာလူး၊ မုန်လာဥနီ၊ အသီးအရွက်စသည်နှင့် နို့ပေါင်မုန့် များ ကိုတောင် စားနိုင်သည်။

ဒါပေမယ့် ကောင်းဖန်က ပုံမှန်အားဖြင့် ပျင်းတဲ့လူဖြစ်တယ်၊ တာ့ဇီကို အသား စိမ်းနှင့်အတွင်း ကလီစာများကျွေးခြင်းက အနံ့ဆိုးထွက်ပြီး သန့်ရှင်းဖို့ခက်တယ်။

ကြမ်းပိုးတွေက အနားတဝိုက်မှာဘဲ ရှိတတ်တာကြောင့် ကောင်းဖန်က ရှာဖွေ သေးတယ်၊ တာ့ဇီကိုကျွေးဖို့ အနီးနားမှာရှိတဲ့ ဥယျာဉ်တွေနဲ့ စိမ်းလန်းတဲ့မြေနေရာ တွေမှာ သွားရှာတယ်၊ ဒါပေမယ့် တာ့ဇီကြီးလာတာနဲ့အမျှ ဒီအစဉ်က အလုပ်မဖြစ် တော့ဘူး ဆိုတာသိလိုက်တယ်၊ ကြမ်းပိုးတွေကိုဖမ်းဖို့နေ့တစ်ဝက်လောက်ကြိုးစား သည့်တိုင် တာဇီ ကိုကျွေးဖို့လုံလုံလောက်လောက်မဖမ်းနိုင်သေးဘူး၊ အသားက လွယ် ကူပြီး ရိုးရှင်းတယ်။ ထို့အပြင် အသားကို ဈေးမှ ပေါပေါများများဝယ်လို့ရသည်။

ဈေးမှ အင်းဆက်ကောင်များ ဝယ်ဖို့လုပ်နေစဉ် အကယ်၍ ကောင်းဖန် တာ့ဇီ အတွက် အင်းဆက်အသားတွေ တစ်ခုချင်းစီဝယ်နေပါက ဈေးကြီးလွန်းလို့ နောက်ကျ တာ့ဇီကို ဆက်မွေးဖို့ အကြောင်းအရင်း မရှိတော့။

ကောင်းဖန် မိဘတွေ မရှိတော့တဲ့နောက်ပိုင်း သူ့မိဘတွေရဲ့ ပင်စင်လစာငွေ အများအပြားကိုသူဘဲ ကိုင်တွယ်ရတယ်၊ သူ့မိဘတွေ စုဆောင်းထားတဲ့ ငွေများနှင့် ကောင်းဖန်က နှစ်များစွာကုန်ဆုံးသည် အထိ သူ၏ရိုးရှင်းသောဘ၀လေး ရှင်သန်ရန် လုံလောက်သော ငွေကြေးရှိသည်၊

ရိုးရှင်းတဲ့ဘ၀မှာ ရိုးရှင်းတဲ့ လူတစ်ယောက် အဖြစ်နေထိုင်ရသည်မှာ လုံလောက်ပြီ ဖြစ်သည်၊

သူ၏မိဘတွေ သေဆုံးပြီး နောက်ပိုင်းမှာ မထင်မရှား သာမန်လူတစ်ယောက် အနေနဲ့ ခန့်မှန်းရခက်တဲ့ ကမ္ဘာကြီးမှာနေထိုင်နိုင်ပါ့မလား ဆိုတာ ကြိုတင်မသိနိုင်ဘူး။

သာမာန်ဖြစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကတော့ သာမာန်ပါဘဲ၊ ဆိုလိုတာကတော့ အန္တာရာယ်ရှိနေတဲ့ အချိန်မှာ ကူကယ်ရာမဲ့ခြင်းတဲ့။

***

အခန်း ၃ သားရဲလေ့ကျင့်သူ

ကမ္ဘာမြေသည် ကပ်ဘေးကြီးတစ်ခုနှင့်ကြုံတွေ့ခဲ့ရပြီးနောက် လုံးဝနေရာအသစ်တစ်ခုဖြစ်သွားခဲ့သည်။

လွန်ခဲ့သောသုံးနှစ်က ကမ္ဘာမြေကြီးသည် မည်သူမျှမမှန်းဆနိုင်ခဲ့လောက်သည့် ပြောင်းလဲမှုကြီးတစ်ခုကို ကြုံတွေ့ဖြတ်သန်းခဲ့ရသည်။ ကောင်းကင်ကြီးသည် မှောင်မိုက်လာခဲ့ကာ ရေတွက်၍မရနိုင်လောက်သော အနက်ရောင်အက်ကွဲကြောင်းများက ကောင်းကင်ယံထက်တွင် ခြေသည်းရာများကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။

ထိုအက်ကွဲကြောင်းများသည် မှန်တစ်ချပ်ကွဲကျေနေသကဲ့သို့ပင်။ ထိုအပိုင်းအစများမှတစ်ဆင့် လူသားများသည် ကျယ်ပြောကာ အကန့်အသတ်မဲ့သည့် ကမ္ဘာကြီးကို မြင်တွေ့နိုင်ခဲ့သည်။ ထိုအက်ကွဲကြောင်းတစ်ခုခြင်းစီ၏ အနောက်တွင် လျှို့ဝှက်ဆန်းကြယ်သည့်နေရာကြီးတစ်ခုရှိနေခဲ့လေသည်။

သို့သော် မည်သူ့လူသား သို့မဟုတ် လူလုပ်စက်ကိရိယာကမှ ထိုအက်ကွဲကြောင်းများအတွင်းမှ သီးခြားကမ္ဘာကြီးကို ဝင်ရောက်နိုင်ခြင်း အဆက်အသွယ်လုပ်နိုင်ခြင်းမရှိခဲ့ပေ။ ကြီးမားလှသည့် လေဝဲဂယက်ကြီးများက ထိုအက်ကွဲကြောင်းတစ်ခုစီတိုင်းကို လှည့်ပတ်လွှမ်းခြုံလို့ထားလေသည်။

ထိုအချိန်က နိုင်ငံတစ်နိုင်ငံမှနေပြီး ထိုအက်ကွဲကြောင်းထဲသို့ ဝင်ရောက်နိုင်ရန်အတွက် တိုက်လေယာဉ်များ စေလွှတ်ခဲ့သေးသည်။ သို့သော်လည်း အမာကြောဆုံးသော သတ္တုစပ်များကတောင်မှ ထိုလေဝဲဂယက်ကြားတွင် တစ်စစီကျိုးပဲ့လို့သွားခဲ့ရပေသည်။ ၎င်းတို့သည် အလွယ်တကူချိုးဖဲ့ခံလိုက်ရကာ အသေးငယ်ဆုံးသော အပိုင်းအစလေးများအသွင်သို့ ပြောင်းလဲသွားပြီးနောက် ကောင်းကင်ယံတွင်ပဲ သဲလွန်စလေးပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်လို့သွားတော့သည်။

ထိုသို့ဖြစ်ပြီးနောက်တွင်တော့ မည်သည့်နိုင်ငံကမှ ထိုအက်ကွဲကြောင်းများအနားသို့ မချဉ်းကပ်ရဲတော့ပေ။ နေ့တစ်ဝက်အကြာတွင်တော့ အက်ကွဲကြောင်းများသည် သူ့အလိုလိုပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်သည်။

သို့ပေမည့် တကယ့်အိပ်မက်ဆိုးကြီးကတော့ အခုမှစတင်မည်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် ထိုသို့အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာကာ အချို့ကတော့ ခဏလေးဖြင့် ပြန်လည်ပျောက်ကွယ်သွားပေမည့် အချို့ကတော့ ဆက်လက်တည်ရှိနေခဲ့သည်။ ထိုအက်ကွဲကြောင်း ကြီးကြီးသေးသေး အားလုံးသည် ကမ္ဘာတစ်ခုနှင့် တစ်ခုဆက်သွယ်ထားသည့် ဂိတ်ပေါက်တစ်ခုလိုမျိုးပင်။

မရေမတွက်နိုင်လောက်အောင် များပြားသည့် ကမ္ဘာများသည် ထိုဂိတ်ပေါက်များမှ တဆင့် ချိတ်ဆက်လာကြပြီးနောက် အခြားကမ္ဘာများမှ မကောင်းဆိုးဝါးသားရဲများက ကမ္ဘာမြေပေါ်သို့ ဖြတ်သန်းရောက်ရှိလာကြတော့သည်။ အကြောင်းအရင်းမသိသည့် အချို့သောအချက်များကြောင့် တခြားကမ္ဘာလောကမှသက်ရှိများသည် လေဟာပြင်ကိုပဲဖြတ်သန်းခဲ့၍ပဲလား ဘုရားသခင်ကပဲ ဤကဲ့သို့ဖြစ်လာစေရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့်ပေလား မသိပေမည့် ကမ္ဘာမြေပေါ်မှ ပုံမှန်အတိုင်းရှိနေသည့် တိရိစ္ဆာန်များနှင့် အပင်များသည် ရုတ်တရက်ဆိုသလို စိုးရိမ်ထိတ်လန့်ဖွယ်ရာနှုန်းဖြင့် ကြီးထွားလာခဲ့ကြသည်။ ၎င်းတို့အားလုံး အသွင်ပြောင်းလဲကုန်ကြတော့သည်။

လူသားမျိုးနွယ်များသာလျှင် ပြောင်းလဲမှုမရှိခဲ့ခြင်းဖြစ်သည်။

သို့သော် လူသားများအားလုံး သူတို့ကို ကမ္ဘာကြီးက စွန့်ပစ်လိုက်ပြီဟု ထင်နေသည့်အချိန်တွင်ပဲ တစ်စုံတစ်ဦးက လူသားများတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုကြီးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ လျှို့ဝှက်စွမ်းရည်တစ်ခုသည် လူသားများ၏ သွေးနှင့် ဝိညာဉ်ထဲတွင် နက်နက်ရှိုင်းရှိုင်းပုန်းအောင်းနေခဲ့ပြီး ၎င်းမှာ သွေးစာချုပ်ပင်!

လူသားနှင့်မကောင်းဆိုးဝါးသားရဲကြားမှ နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီမှုဖြင့် နှစ်ဖက်လုံးအတွက် တစ်ဦးကိုတစ်ဦးယုံကြည်မှုများ တိုးပွားလာနိုင်သည့် မိတ်ဖက်များဖြစ်လာနိုင်ပေသည်။ သူတို့ကိုတော့ သားရဲလေ့ကျင့်သူများဟု ခေါ်ဆိုလာကြသည်။

ဤရှာဖွေတွေ့ရှိမှုက လူသားများအတွက် စိတ်လှုပ်ရှားစရာအသစ်တစ်မျိုးကို ဖြစ်ပေါ်လာစေခဲ့သည်။ ထိုသားရဲများဖွံ့ဖြိုးလာသည့်အတိုင်း သူတို့ကတော့ စွမ်းအားများမရရှိနိုင်သော်လည်း ထိုသားရဲများကိုတော့ ထိန်းချုပ်နိုင်ပေသည်။

သားရဲလေ့ကျင့်သူများတည်ရှိလာခြင်းကြောင့် လူသားများသည် သူတို့နေထိုင်ရာပတ်ဝန်းကျင်ကို တိုးတက်လာအောင် ကြိုးပမ်းလာကြတော့သည်။ ထိုကြောက်မက်ဖွယ်သားရဲများကို အမြှောက်လက်နက်တစ်မျိုးတည်းဖြင့် ထိန်းချုပ်နိုင်ဖို့ရန်က ပို၍ပို၍ခက်ခဲလာရသည်။

အရေးအပါဆုံးအချက်သည်က သားရဲလေ့ကျင့်သူတစ်ဦးဖြစ်ဖို့ရန် စွမ်းရည်အများကြီးသိပ်မလိုအပ်တာကြောင့်ပင်။ တကယ်တော့ သားရဲလေ့ကျင့်သူအလုပ်ကို လက်ခံနိုင်ဖို့ရန်က အတော်လေးဖြစ်နိုင်ပေသည်။

မည်သူမဆို သားရဲလေ့ကျင့်သူတစ်ယောက်ဖြစ်လာနိုင်သလို မည်သူမဆို ကိုယ်ပိုင်ရင်းနှီးသည့်သားရဲရှိနိုင်ပေသည်။

အိမ်ထောင်စုတိုင်း သားရဲတစ်ကောင် သို့မဟုတ် နှစ်ကောင်တော့ မွေးမြူလာခဲ့ကြသည်။ ‘သားရဲ’ဟု ယေဘုယျခေါ်ဝေါ်ကြသော်လည်း ၎င်းတို့မှာ အခြားကမ္ဘာမှဆင်းသက်လာကြသည့် ကမ္ဘာမြေမှ တိရိစ္ဆာန်နှင့်အပင်များ ပြောင်းလဲသွားကြခြင်းသာဖြစ်သည်။

အချို့သောသားရဲများသည် အလွန်ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝရှိကာ အလွန်ရန်လိုသည့်အပြုအမူများရှိကြသည်။ အချို့သားရဲများသည်တော့ လှည့်စားတတ်သော သဘာဝရှိကြလေသည်။ လူသားများ ယဉ်ပါးအောင် ထိန်းကျောင်းထားသည့် သားရဲများသည်တော့ သူတို့ပိုင်ရှင်များ၏ အမိန့်ကို ထိရောက်စွာလိုက်နာနိုင်ကြပြီး ယခင်အချိန်များတုန်းက အိမ်မွေးခွေးကြောင်များလိုပင်။ လုံးဝရန်လိုလေ့မရှိသည့် သားရဲများတောင်ရှိပါသေးသည်။

၎င်းမှာ နောင်လာမည့်မျိုးဆက်သစ်များကို လွှမ်းမိုးသွားမည့် ရွှေခေတ်တစ်ခုပင်ဖြစ်ကာ လူသားများအတွက် သမိုင်းကြောင်း အလှည့်အပြောင်းတစ်ခုအနေဖြင့် နယ်မြေသစ်တစ်ခုဆီသို့ဦးတည်သွားနိုင်ပေမည်။ ကောင်းဖန်သည် ပုံမှန်အားဖြင့် သူ့ဘဝကို ဘာမှအထူးတလည် ပြုလုပ်ခြင်းမရှိဘဲ ကုန်ဆုံးပစ်သည့်လူတစ်ယောက်ဖြစ်သည်။

“ကမ္ဘာကြီးသည် အလွန်ကျယ်ပြောလှသည်။”ဟူသော စကားစုသည် မှတ်ကျောက်တစ်ခုမျှသာမဟုတ်တော့ပေ။ ဒီကမ္ဘာမြေကြီးအပြင် အခြားသော ရေတွက်၍မရနိုင်သည့် ကမ္ဘာပေါင်းများစွာကို ကောင်းဖန် ရှာဖွေဖော်ထုတ်သွားနိုင်ပေမည်။

“ကျွန်တော့်မိဘတွေကို တခြားကမ္ဘာတစ်ခုမှာ ပြန်လည်ရှင်သန် ထမြောက်နိုင်မယ့်နည်းလမ်းကို ရှာဖွေသွားမယ်။” ကောင်းဖန် သူ့ဘာသာသူ အဖန်တလဲလဲ ရေရွတ်နေကျစကားပင်။

ဤယုံကြည်ချက်သည် သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထည့်သွင်းထားခဲ့သည့် မျိုးစေ့တစ်ခုနှင့်တူကာ ယခုဆိုလျှင် စတင်အပင်ပေါက် ကြီးထားလို့နေပေပြီ။ ထို့အပြင် မရေမတွက်နိုင်သည့် ကမ္ဘာများနှင့် ထောင်သောင်းချီသည့် ဂြိုလ်များတွင် သေချာပေါက် သူလိုချင်တောင့်တနေသည့် စွမ်းရည်တည်ရှိနေလိမ့်မည်ဟုလဲ ကောင်းဖန် ယုံကြည်ထားပေသည်။

ကောင်းဖန် ဆိုဖာထက်တွင် လှဲအိပ်ရင်း တီဗွီကို ဖွင့်လိုက်သည်။ တီဗွီထဲတွင်တော့ သတင်းအစီအစဉ်လာနေကာ ပုံမှန်လွှင့်နေကျဖြစ်သည့် ကမ္ဘာကြီးဘယ်လောက်တောင် ငြိမ်းချမ်းနေတယ်၊ နောက်ထပ်ဘယ်ဒေသကတော့ ဘေးကင်းလုံခြုံသည့်နေရာဖြစ်လာပြန်ပြီ၊ ဘယ်ဒေသတွေမှာတော့ လူသားများ အန္တရာယ်ရှိသည့်သားရဲများကို တွေ့ခဲ့ရပြန်သည် စသည်ဖြင့် လူတိုင်းအတွက် သတိပေးသည့်အချက်အလက်များကိုလဲ ထည့်သွင်းကြေညာနေစဲပင်။

ဒါတွေကတော့ ပုံမှန်တင်ဆက်နေကျသတင်းများဖြစ်ပေမည့် ကောင်းဖန်သည်တော့ အရာအားလုံးကို မှတ်ဉာဏ်ထဲတွင် စွဲမြဲနေပြီဖြစ်တာကြောင့် အားလုံးအတူတူလိုပင်ခံစားရနေရသည်။

ရုတ်တရက်ဆိုသလို သတင်းတစ်ပုဒ်က ကောင်းဖန်၏အာရုံကို ဖမ်းစားလို့သွားခဲ့သည်။

သတင်းအစီအစဉ်၏ အဆိုအရ အရွယ်အလွန်ကြီးမားပြီး ကြမ်းတမ်းရက်စက်သည့် ဆင့်ကဲဖြစ် စဉ်ကိုခံစားခဲ့ရသော ဧရာမခြေလေးချောင်းသတ္တဝါကြီး၏ခြေသည်းကို မြေလွှာ ကွက်လပ်ကြီးအပြင်ဘက်တွင်တွေ့သည်တဲ့၊ ဒီစူပါသားရဲကြီးရဲ့ တည်ရှိမှုက ကောင်းဖန်အတွက် အသစ်အဆန်း ဖြစ်လို့နေသည်။ သိပ္ပံပညာရှင်တွေက ထိုသတ္တဝါဟာ ဒဏ္ဍာရီထဲမှာ သာရှိပြီးနတ်ဘုရား တွေနဲ့တောင်နှိုင်းယှဉ်နိုင်တယ်လို့ ယူဆကြလေသည်။ ၎င်းမှာစိတ်ကူး ကြည့်လို့တောင် မရနိုင်တဲ့ စွမ်းအားကြီးတဲ့ ဒဏ္ဍာရီလာ ဧကရာဇ်သားရဲဖြစ်နိုင်ပေသည်။

သတင်းအစီအစဉ်ပြီးဆုံးတဲ့နောက် မြင်ကွင်းကအဖြူရောင်ဝတ်စုံနဲ့ ရွှေရောင် ဆံပင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပုံပြောင်းသွားတယ်၊ သူမက လက်ချောင်း တစ်ချောင်း အရွယ်လောက်ရှိတဲ့ မျိုးရိုးဗီဇ သေနတ်ကိုကိုင်ထားပြီး ၎င်းအတွင်းမှာ ဖြတ်သန်းစီးဆင်း နေတဲ့ အပြာရောင်ပုံဆောင်ခဲအရည်ရှိသည်။

“နဂါးအဖွဲ့အစည်းက အပြာရောင်အစွမ်းရှိတဲ့ သားရဲရဲ့ ဗီဇနဲ့ဆင်တူကာ ပိုကောင်း တဲ့သွေးရည်ကြည် အသစ်နဲ့ မိတ်ဆက်ပေးတာဖြစ်ပြီး သာမာန်သားရဲတွေ အတွက် အထူး အဆင့်သို့ မြှင့်တင်တဲ့ အခါမှာ ၆၀% အထိအောင်မြင်နိုင်ပြီး အဆင့်မြင့်သားရဲတွေအ တွက်ကတော့ ၂၀% အကျိုးသက်ရောက်မှုရှိမှာပါ၊ ကျနော်တို့ ရဲ့ထုတ်ကုန်ကို အသုံးပြု ခြင်းဖြင့် ကျွမ်းကျင်အဆင့် သားရဲပျိုးထောင် သူတွေအတွက် အဆင့်တိုးမြှင့်ခြင်းတွေမှာ ရလဒ် ကောင်းတွေ ရရှိနိုင်ပါတယ်။ ဒါကတော့ သင်တို့အတွက်လိုအပ်တဲ့ ခေတ်သစ်ထုတ်ကုန် တစ်ခုဘဲ ဖြစ်ပါတယ်။”

ကောင်းဖန် တီဗွီကိုပိတ်လိုက်ပြီး အံ့အားသင့်နေခဲ့တယ်၊ တစ်ချိန်တည်းမှာဘဲ မျှော်လင့်ခြင်းတွေလောင်မြိုက်နေတော့သည်။ သားရဲပျိုးထောင်သည့် အလုပ်ကို သူမလုပ်ဖူးတာ ကြောင့် ဒီအလုပ်ကိုစိန်ခေါ်ဖို့ သူကြောက်နေသည်။ ဒါပေမယ့် သားရဲပျိုးထောင်သူတွေ အနေနဲ့ လူ့အဖွဲ့အစည်းနဲ့ပိုမိုထိတွေ့ဆက်ဆံရန်အတွက် အခွင့်အရေးဖြစ်သည်၊

အဲ့ဒီနောက် ရင်းနှီးတဲ့သားရဲတစ်ကောင်နဲ့ သားရဲလေ့ကျင့်ပေးသူသည် စိတ်ခံစားမှု ပိုင်းဆိုင်ရာတွင် ဆက်နွယ်မှုရှိသည်။ တချို့ကြည့်မယ်ဆိုရင် သားရဲတွေနဲ့ရင်းနှီးကျွမ်းဝင်မှု က သူတို့ရဲ့ မိသားစုဝင်အတိုင်းဘဲ။ သဘာဝအားဖြင့် သူတို့နဲ့ရင်းနှီးကျွမ်းဝင်နေတဲ့ သားရဲတွေကို သူတို့တတ်နိုင်သလောက်အကောင်းဆုံးလုပ်ပေးချင်ကြသည်။

ဤအရာအားလုံးက ကောင်းဖန် ၏စိတ်နှလုံးထဲတွင် ခိုင်မာသောမျှော်လင့်ချက် များကို ဖြစ်ပေါ်လာစေသည်။ နည်းပညာတွေ ပိုမိုတိုးတက်လာသည်နှင့်အမျှ ကောင်းဖန် ရဲ့ စိတ်ထဲမှာ လည်း အတွေးအခေါ်အသစ်တွေ ပေါ်လာခဲ့သည်၊ သူဘယ်တော့မှ မတွေးရဲ တဲ့ အတွေးများသည် အတိတ်တွင်သာဖြစ်နိုင်သည်။ တစ်နေ့မှာပြန်လည် ရှင်သန်ထ မြောက်ခြင်းကဲ့သို့သော နည်းပညာအသစ်များ အနာဂါတ်တွင် ပေါ်လာနိုင်သည်၊

သူလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကာ၊ ကောင်းဖန် သူ ဘယ်တော့ မှ သာမာန် လူမဖြစ်စေရဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်၊ သာမာန်ဖြစ်ရခြင်းသည် အရှုံးပေး ခြင်းကိုဆိုလို၏၊ အကယ်၍ လူတွေကို ရှင်သန်ထမြောက်ဖို့ နည်းလမ်း တစ်နေ့ နေ့မှာရှိနိုင်ပါက ကောင်းဖန်သည် လုံ‌လောက်အောင်မကြိုးစားခဲ့ခြင်း ကြောင့် ထို အခွင့်အရေးက သူ့လက်ကြားထဲမှလွဲချော်သွားခဲ့လျှင် သူဘယ်လိုမှနေနိုင်မည်မဟုတ်ပေ။

တာ့ဇီအတွက်ညစာကိုပြင်ဆင်ပြီးနောက် ကောင်းဖန် ဧည့်ခန်းထဲကိုသွားကာ စတီး ပန်းကန်လုံးကို ကြမ်းပြင်နဲ့ခေါက်လိုက်ပြီး *ဘန် ဘန် ဘန်* လို့ကျယ်လောင် ပြီးရှင်းလင်း တဲ့အသံပေးလိုက်တယ်။

တာ့ဇီက သူ၏ခေါင်းပေါ်မှယိမ်းနေတဲ့ဦးမျှင်အစုံကြောင့် အစာအနံ့ကို အစောကြီး ကတည်းက ရနေပြီးဖြစ်သည်၊ ၎င်းက စတီးခွက်ခေါက်သံကိုကြားသည်နှင့် သုတ်သုတ်ပြာ ပြာပြေးထွက်လာသည်။ သူ၏ခြေထောက်များကိုအသုံးပြုကာ ပန်းကန်လုံးရဲ့အစွန်အဖျား ပေါ်တင်လိုက်ပြီး ခန္ဓာကိုယ်တစ်ဝက်လောက်ကို ပန်းကန်ထဲသို့နှစ်ထားလိုက်သည်၊သူ၏ ချွန်ထက်နေတဲ့အစွယ်တွေက ကတ်ကြေးတစ်စုံနဲ့တူပြီး အစာများကိုမြိုမချခင်အပိုင်းသေး လေးများအဖြစ်ညှပ်လိုက်သည်၊

ဝက်ဘ်ဆိုက်နဲ့ကောင်းဖန် ဖတ်သောစာအုပ်များအရ ကင်းမြှီးကောက်ရဲ့ ခရမ်း ရောင်ကျောပြင်နဲ့ အဝါရောင်ခြေထောက်များက အဆိပ်ဂလင်းရှိသော်လည်း တာ့ဇီ သည်အဆိပ်ကို တစ်ခါမျှထုတ်မသုံးဘူးပေ။ အဆိပ်က အစိတ်အပိုင်း နှစ်ခုကဘဲထုတ်နိုင် ပြီး ပါးစပ်ပိုင်းနှင့် ပထမပိုင်းမှခြေဆစ်လက်ဆစ်များမှဖြစ်သည်။ သဘာဝအားဖြင့် ဦးခေါင်းအရှေ့ရှိ ပါးစပ်ပိုင်းတွင်ကြီးမားတဲ့ ကတ်ကြီးပုံစံ ပါးစပ်အစိတ်အပိုင်းရှိသည်၊ ပထမပိုင်းမှခြေဆစ်လက်ဆစ်များသည် ကင်းခြေများပင်မကိုယ်ထည်၏ ပထမဆုံးအစုံ တွင်ရှိသည်။

ကောင်းဖန်က ၎င်းကိုမြှင့်တင်ပေးခဲ့တဲ့အတွက် တာ့ဇီက ကောင်းဖန်ကို ကိုက်တာ(သို့) သူ့ရှေ့မှာ အဆိပ်အနည်းငယ်မျှပင် မထုတ်မသုံးဖူးပေ။ အိမ်မှာရှိတဲ့များပြားတဲ့ အင်းဆက်ပိုးမွှားလေးတွေကတော့ တာ့ဇီထံမှ အများအပြား ခံစားကြရသည်၊

တာ့ဇီကို ပျိုးထောင်ပြီးချိန်တွင် သူ့အိမ်တွင်ရှိသော အင်းဆက်ပိုးများသည် မျိုးတုန်းသွားပုံရသည်၊ သူတို့အားလုံး အိမ်မှထွက်ပြေးတာ ဒါမှမဟုတ် စားခံရတာထဲက တစ်ခုခုဘဲ။

ဆိုဖာပေါ်မှာထိုင်ရင်း တာ့ဇီ အငမ်းမရစားနေတာကိုကြည့်ပြီး ကောင်းဖန် အကူ အညီမဲ့စွာ ပြုံးကြည့်နေမိသည်။အဲ့ဒီနောက် သူ့အတွေးတွေနဲ့ စပြီးလွင့်မျောနေပြန်သည်၊ သူတွေ့မြင်ခဲ့တဲ့သတင်း အချက်အလက်ဘောင်က မှန်ကန်ကြောင်းပြသနေသည်၊ အဲ့လို ဖြစ်လာတာက သူကိုယ်တိုင် သားရဲပျိုးထောင်သူ ဖြစ်လာဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်နိုင်သည်၊

သားရဲပျိုးထောင်သူတို့၏တစ်ခုတည်းသောလုပ်ငန်းသည် သားရဲတို့၏စွမ်းအင် အဆင့်ကို မြှင့်တင်ပေးရသော သတ္တဝါများကို အထူးပြုသည့်အလုပ် ဖြစ်သည်၊

သားရဲအမျိုးအစားများကို သတ်မှတ်မထားဘဲ မည့်သည့် အရွယ်အစား ပုံသဏ္ဍာန် မဆို ပါဝင်သည်။ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေဟာ သတ္တဝါအားလုံးနှင့် ပတ်သတ် ပြီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာရှိရန်လိုအပ်သည်၊ သာမာန်လူ တစ်ယောက်က သားရဲပျိုး ထောင်သူဖြစ်ဖို့ အခွင့်အရေး မရှိပေ။

သားရဲပျိုးထောင်သူဖြစ်ဖို့ ပထမဆုံးလိုအပ်တာကတော့ သားရဲတို့၏ အလေ့အကျင့်နှင့် စရိုက်များကို ကျယ်ကျယ် ပြန့်ပြန့်ဖတ်ရှုရန် လိုအပ်သည်။

ဒုတိယအချက်ကတော့ ဤဗဟုသုတများကို အသုံးပြု၍ သားရဲ၏အမျိုးအစားနှင့် အရည်အချင်းပေါ်အခြေခံ၍ လိုအပ်ချက်များကို ကောက်ချက်ချရန်လိုအပ်သည်။ ဒါက သားရဲလေ့ကျင့်သူတွေထက် ပိုပြီးလေးစားစရာကောင်းတဲ့ အလုပ်ဖြစ်သည်၊

သားရဲလေ့ကျင့်ပေးသူတွေရဲ့ဘဝဟာ သူတို့ထိန်းချုပ်ထားတဲ့သားရဲတွေအပေါ်မှာ မှီခိုနေရပြီး လုံလောက်တဲ့ အဆင့်မြင့်မားသောသားရဲတွေအတွက် အဆင့်တိုးတက်ရန်က မဖြစ် မနေလိုအပ်တယ်။ သားရဲရဲ့အဆင့်တိုးမြင့်လာမှုက တိုက်ခိုက်ရေးအစွမ်း သတ္တိကို ပါအချိုးကျ တိုးမြင့်လာခြင်းနှင့်ပါဆိုင်သည်ဟု ဆိုလိုနိုင်သည်။

သားရဲပျိုးထောင်သူတွေဟာ သားရဲလေ့ကျင့်ပေးသူတွေကို သူတို့ရဲ့ သားရဲ အဆင့် မြင့်တင်ပေးတဲ့အခါမှာ ကူညီပေးနိုင်တယ်။ထို့ကြောင့် သားရဲပျိုးထောင်သူတွေက လူ့အဖွဲ့အစည်းမှာ အထူးနေရာရခဲ့ကြတယ်၊

ကမ္ဘာကြီးကိုပြောင်းလဲစေသည့် ကပ်ဆိုးကြီးပြီးကတည်းက သုံးနှစ်မျှသာရှိသေး သည်၊ သားရဲမျိုးစိတ် အရေအတွက်ကို မရေတွက်နိုင်သေးပေ။ သားရဲ အသစ်များကို မကြာခဏ ရှာတွေ့ခြင်းဖြင့် သားရဲအဆင့် တိုးမြင့်နိုင်ရန်အတွက် ရနိုင်သောနည်းလမ်း များအားလုံးကို မှတ်တမ်းတင်ထားခြင်းမရှိပါ၊ ကမ္ဘာကြီးသည် ဤဖြိုးတိုးတက်မှု ဧရိယာကို လှည့်ပတ်နေသည်ဟုခံစားနေရသည်၊ ကောင်းဖန်ဟာ သူ့သားရဲ တွေရဲ့တိုး တက်မှုစံနှုန်း တွေကိုမြင်နိုင်ဖို့အတွက် အံ့ဩစရာကောင်းလောက်အောင် စွမ်းဆောင် နိုင်မယ်လို့ ခံစားနေရသည်။

***

အခန်း ၄ ကမ္ဘာသစ်အစိုးရမဟာမိတ်

တာ့ဇီ၏သားရဲအဆင့်ကို ကောင်းဖန်မြှင့်တင်ပေးချင်ပေမည့် လိုအပ်သည့်ပစ္စည်းများ၏ ဈေးနှုန်းကို သိပြီးနောက်တွင်တော့ ဤစိတ်ကူးကို ခဏလောက်ဆိုင်းငံ့ထားရုံမှလွဲ ရွေးချယ်စရာမရှိတော့ပေ။ တာ့ဇီကို နေ့စဉ်ကျွေးမွေးရသည့် အသားဖိုးသည်ပင် သူ့ပိုက်ဆံအိတ်ကို မီးလောင်သလို အပေါက်ကြီးတစ်ခုဖြစ်သွားစေပေသည်။ ကောင်းဖန်ကတော့ ပြောနေစရာမလိုအောင် ဆင်းရဲလှသူပင်။

ထို့အပြင် တာ့ကျီကို အဆင့်မြှင့်ပေးရန်လိုအပ်သည့် ပါဝင်ပစ္စည်းမှာ အဆင့်၁၀အထက်ရှိသည့် လျှပ်စစ်အမျိုးအသားသားရဲ၏ သလင်းအမြုတေဖြစ်ကာ ဈေးအကြီးဆုံးသော ပစ္စည်းတစ်မျိုးဖြစ်ပြီး အနည်းဆုံး မဟာမိတ်အဖွဲ့ခရက်ဒစ်အနည်းဆုံး ၁၀ခုလောက်ပေးရပေမည်။

မဟာမိတ်ငွေကြေးဆိုသည်မှာ လွန်ခဲ့သည့်၂နှစ်ကျော်လောက်က ကမ္ဘာပေါ်ရှိနိုင်ငံအားလုံး အတူတကွ စုပေါင်းကာ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖြစ် တည်ထောင်ချိန်တွင် စတင်မိတ်ဆက်ပေးခဲ့သော ငွေကြေးအမျိုးအစားသစ် တစ်မျိုးဖြစ်သည်။ ဒီမတိုင်ခင်က အသုံးပြုခဲ့သော ငွေကြေးပုံစံအားလုံးကိုတော့ ဖျက်သိမ်းခဲ့လေသည်။ ကမ္ဘာသစ်မဟာမိတ်အစိုးရမှ သတ်မှတ်ထားသော ငွေကြေးပုံစံနှစ်မျိုးစလုံးကို လူတိုင်းသုံးဆွဲခဲ့ကာ မဟာမိတ်ဒေါ်လာ နှင့် မဟာမိတ်ခရက်ဒစ်များဟု ခေါ်ဝေါ်လေသည်။

မဟာမိတ်ခရက်ဒစ်များသည် မဟာမိတ်ဒေါ်လာကို အခြေခံ၍ အဆင့်မြှင့်တင်ထားသည့် ငွေကြေးပုံစံတစ်ခုဖြစ်သည်။ မဟာမိတ်ဒေါ်လာ ၁၀၀၀၀ကို မဟာမိတ်ခရက်ဒစ်တစ်ခုဖြင့် လဲလှယ်၍ရပေသည်။

လက်ရှိတွင်တော့ နိုင်ငံသားများသည် မဟာမိတ်ဒေါ်လာများကိုသာ အသုံးပြုကြပေသည်။ မဟာမိတ်ခရက်ဒစ်များကို အသုံးပြုသူများမှာတော့ သားရဲလေ့ကျင့်သူများ၊ ဘဏ်အဖွဲ့အစည်းများနှင့် မဟာမိတ်အစိုးရ၏အရာရှိများသာဖြစ်သည်။ ဟီယာဆေး၏အဆိုအရ အင်အားအကြီးဆုံးနှင့် အာဏာအရှိဆုံးသူများ၏ အမြင်တွင် မဟာမိတ်ခရက်ဒစ်များသည် ကိန်းဂဏန်းမျှသာဖြစ်လေသည်ဟုပင်။ ထိုသို့ထိပ်တန်းလူများသည် သူတို့လိုအပ်သည်ကို ကုန်ပစ္စည်းချင်းသာ လဲလှယ်လေ့ရှိပေသည်။

လက်ရှိတွင်တော့ ကမ္ဘာကြီးသည် ကြီးမားလှသည့် ခေတ်သစ်တစ်ခု၏အလယ်သို့ရောက်ရှိနေပြီဖြစ်သည်။ သားရဲများသည်လဲ ထူးဆန်းသည့် အံ့ဖွယ်စွမ်းရည်များဖြင့် ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပေပြီ။ ထို့အပြင် သားရဲများမှရရှိထားသည့် ပစ္စည်းများသည်လဲ သတ္တုများ၊ လူလုပ်ပစ္စည်းကိရိယာများထက် ပို၍သာလွန်သည့် အစွမ်းသတ္တိရှိပေသည်။

သားရဲအသေကောင်များမှ ရရှိသည့် ပစ္စည်းများသည် မတန်တဆဈေးနှုန်းများဖြင့် ရောင်းဝယ်ကြသော်လည်း ထိုပစ္စည်းကို ဦးအောင်ဝယ်ဖို့ကပင် မလွယ်ကူလှပေ။ ဒါကတော့ ကစားပွဲတစ်ခုမဟုတ်ဘဲ လက်တွေ့ဖြစ်ပေါ်နေသည့် အခြေအနေသာဖြစ်သည်။ ဤနေရာတွင် ပြန်လည်ရှင်သန်ဖို့ရန် ပြန်လည်ကျန်းမာလာဖို့ရန် ဆေးဝါးများလဲမရှိပေ။ ကမ္ဘာအစစ်တွင်သေဆုံးခြင်းသည် အမှန်တကယ်သေဆုံးခြင်းသာ။ သားရဲများမှပစ္စည်းများရရှိရန်အတွက် ကန္တာရတောနက်ကြီးထဲလဲသွားဖို့လိုသလို တခြားကမ္ဘာသို့လဲ သွားဖို့ရန်လိုအပ်ပြီး သားရဲများဖြင့် အသေအကျေတိုက်ခိုက်ကြဖို့ရန်လဲ လိုအပ်ပေသည်။

အကယ်၍ လူတစ်ယောက်ကသာ ထိုသို့တောနက်ကြီးထဲသွားရာ လမ်းတွင် အနည်းငယ်မျှ ဂရုမထားမိပါက ကစားပွဲတစ်ခုသာမဟုတ်သည့်အတွက် မတော်တဆမှုမျိုးဆုံနှင့် အလွယ်တကူကြုံတွေ့ရနိုင်သည်။ သားရဲများ ပေါက်ဖွားရာအရပ်ဒေသများကတော့ မတူညီပေ။ သာမာန်မြို့လေးတစ်မြို့တွင်လဲ ဧကရာဇ်အဆင့်သားရဲတစ်ကောင်ကို တွေ့ရန်ဖြစ်နိုင်ပေမည့် ၎င်းမှာ တစ်လတစ်ကြိမ်ထွက်ရှိသည့် ထီဆုကြီးကို ပေါက်ဖို့ရန်အတွက် ကံစမ်းရသလိုပင်။

ယခုအချိန်တွင်တော့ ယခင်ခန့်မှန်းစုဆောင်းထားသော အချက်အလက်များနှင့် တဆင့်စကားများမှနေပြီး သားရဲအမျိုးအစားများနေထိုင်ရာ ဧရိယာကို ကြိုတင်ခန့်မှန်း ထွက်ချက်နိုင်နေပြီဖြစ်သည်။

ကောင်းဖန် လွန့်ခဲ့သည့်တစ်နှစ်တုန်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သော အဖြစ်အပျက်ကြီးကို ပြန်အမှတ်ရသွားသည်။ ကမ္ဘာမြေ၏ကျော်ကြားသော အဆင့်မြင့်နည်းပညာ ကုမ္ပဏီများအနက်မှ တစ်ခုသည် ထိုအချိန်က ထိပ်တန်းသားရဲလေ့ကျင့်သူတစ်ဦးကို ငှားရမ်းရန်အတွက် ငွေကြေးအမြောက်အမြားသုံးစွဲခံသည်။ ထိုသားရဲလေ့ကျင့်သူသည် အလွန်အားကောင်းသည့် အုပ်ချုပ်သူအဆင့်သားရဲနှစ်ကောင်ကို ပိုင်ဆိုင်ထားပေသည်။

ကုမ္ပဏီဘက်မှလိုချင်သည်ကတော့ အုပ်ချုပ်သူအဆင့်သားရဲမှရရှိမည့် ပစ္စည်းများကိုသာဖြစ်သည်။

ထိုသားရဲလေ့ကျင့်သူ သူ၏သားရဲနှစ်ကောင်ကို သီးခြားတောတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီး နှစ်ရက်အကြာတွင်တော့ တောထဲမှနေ တုန်လှုပ်ချောက်ချားဖွယ်ရာအသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးထားသော ဗီဒီယိုဖိုင်မှတစ်ဆင့် တောအုပ်ကြီးအလွယ်တွင် ခေါင်းစိုက်နေသည့် ကြောက်စရာဧရာမသားရဲကြီးတစ်ကောင်ကို တွေ့မြင်နိုင်ပေသည်။ ၎င်းသားရဲကတော့ နဂါးတစ်ကောင်ပင်!

ထိုနဂါး၏နဖူးပေါ်တွင် သတ္တုနှင့် အနက်ရောင်လိမ်ယှက်ထားသည့် ဦးချိုပါရှိနေပုံအရ ထိုဧရာမသားရဲကြီးမှာ နဂါးအစစ်တစ်ကောင်မဟုတ်ကြောင်း ညွှန်ပြလို့နေသည်။ ရှေးတရုတ်ဒဏ္ဍာရီများအရ ခေါင်းထက်တွင် ချိုတစ်ချောင်းရှိနေသည်က ချိုတစ်ချောင်းနဂါးပင်။

မည်သို့ပင်ဆိုစေ မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးထားသော ထိုရိုက်ချက်သည် ကမ္ဘာကြီးတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပေသည်။

ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်က ငါတို့ရဲ့လက်ရှိကမ္ဘာကြီးမှာ ပေါ်ထွက်လာပေပြီ!

ထိုသတင်းသည် ထိုအချိန်က ဖြစ်ပျက်နေသမျှ အခြားသော သတင်းများအားလုံးကို ဖုံးလွှမ်းသွားတော့သည်။ လူတိုင်းကလဲ ထိုအကြောင်းကိုသာ တောက်လျှောက်ပြောဆိုနေကြသည်။ အချို့ကတော့ ထိတ်လန့်ကြောက်ရွံ့နေကာ အချို့ကတော့ချောက်ချားလို့နေပြီး အချို့အတွက်ကတော့ ထိုသတင်းကြောင့် ရည်မှန်းချက်များကို လှုပ်နှိုးပေးလိုက်သလိုပင်။ သို့ပေမည့် ထိုနေ့က တောထဲဝင်သွားခဲ့သည့် သားရဲလေ့ကျင့်သူသည်တော့ ဘယ်တော့မှပြန်ထွက်မလာခဲ့တော့ပေ။

ထိုတောရဲ့ အလယ်ကို တားမြစ်နယ်မြေအဖြစ်သတ်မှတ်ထားကာ ဘယ်သူမှ တောနက်တဲ့အထိစွန့်စားပြီး မသွားရဲကြတော့ပေ။ ပြီးတော့ ထိုတောရဲ့ အစွန်အဖျားနား ဖြတ်သွားတဲ့သူတွေတောင် တောအုပ် အလယ်ကထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းတဲ့ တည် ရှိမှုကို ခံစားသိနိုင်ပေသည်။

ဒါက သားရဲသလင်းအမြုတေကိုရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပြတာပါဘဲ၊ ဒါကြောင့်ဘဲ ဘာလို့သားရဲသလင်း အမြုတေများ၏ဈေးနှုန်း ဤမျှမြင့်မားနေကြောင်းကို ရှင်းပြလို့သွားပေပြီ။

သားရဲသလင်းအမြုတေကို အခြားသားရဲများကသုံးပြု၍လဲ ၎င်းတို့၏ ဆင့်ကဲ ဖြစ်စဉ်ကို မြှင့်တင်နိုင်ကြသည်။ ဤအရာက အစောပိုင်းကတည်းကသိရှိခဲ့တဲ့ လျှို့ ဝှက်ချက် အသစ်တစ်ခု ဖြစ်ပေသည်၊ ထို့ကြောင့် အဲ့နေရာမှာ ဘယ်လိုဘဲ သားရဲသလင်း အမြုတေတွေ အများကြီးရှိနေပါစေ ထောက်ပံ့ဖို့ ဘယ်လိုမှမလုံလောက်နိုင်ဘူး။

လူသားများသည် ရုတ်တရက်ရောက်လာသော ကပ်ဆိုးအတွင်း သားရဲများကို တိုက်ခိုက်ရန် အမြှောက်တပ်အား မှီခိုနေရသည့် ကာလပြီးဆုံးပြီး ကနဦးကာလတွင် လေ့ကျင့်ရေးများပြုလုပ်ခဲ့ကြကာ မကောင်းဆိုးဝါး သားရဲများကိုသုတ်သင်ရန် စစ်တပ် ဘက်မှ ဒုံးကျည်များ အမြောက်တပ်များကို အသုံးပြုခဲ့ကြသည်။ သို့သော် ထိုနည်းလမ်း သည် အလယ်အလတ်အဆင့် နှင့် အဆင့်နိမ့်သားရဲများကိုသာ ရှင်းလင်းနိုင်ကြောင်း အလျင်အမြန် သိရှိခဲ့သည်။ အမြောက်တပ်သည် အားကောင်းသော သားရဲများကို မထိန်းချုပ်နိုင်ဘဲ ၎င်းတို့၏ဒေါသကို ဆွပေးသလိုသာဖြစ်နေသည်၊

ထို့အပြင် သားရဲများကိုသတ်ရန် အမြောက်တပ်များကိုအသုံးပြုခြင်းဖြင့် အများစုကို အသား တုံးများအဖြစ် လျှော့ချမိပြီး အသုံးဝင်သော အစိတ်အပိုင်းအများစုကို ဖျက်ဆီးပစ်မိစေပြန်သည်။ မာကြောသောအစိတ်အပိုင်းများနှင့် သားရဲသလင်းအမြုတေသာ ကျန်ရစ်ခဲ့ရသည်၊ ဒါကြောင့်အမြှောက်များကို အသုံးပြုသောနည်းလမ်းနှင့် အဆင့်နိမ့်သားရဲ အများစုကို ရှင်းလင်းပြီး ပစ္စည်းများကို ရယူဖို့ဆိုတာမဖြစ်နိုင်ပေ၊

အသေအချာပင် အမြောက်အများသော သလင်းအမြုတေများကို ရရှိခြင်းကြောင့် လူသားတို့၏ရှေ့ဆောင် သားရဲလေ့ကျင့်ပေးသူများနှင့် ကိုယ်ပိုင်သားရဲများ၏ စွမ်းအားသည် ပိုမို ကြီးထွားလာစေပြီး လူသားတို့၏မွေးရပ်မြေနှင့် သားရဲများကိုပါကာကွယ်ရန် ခွင့်ပြု ကြသည်။

ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကမ္ဘာမြေသည်အစဉ်မပြတ် ကြီးထွားလာနေ ပြီးတိုးချဲ့လျှက်ရှိသည်ကို လူသားများသိရှိခဲ့သည်၊ အာကာသထဲသို့လွှတ်တင်သောဂြိုလ် ထုအားလုံးသည် ဘေးအန္တရာယ်စဖြစ်သည့် အချိန်မှစ၍ ပျက်စီးခဲ့ကြပြီး လူသားတို့အား ဂြိုလ်ပြောင်းလဲမှုကို ကြည့်ခြင်းမှ တားဆီးခဲ့သည်။

အာကာသကောင်းကင်၌ လှိုင်းလေထန်မှုအကွာအဝေး၏ အကျိုးဆက်များသည် တစ်ဖြည်း ဖြည်းတည်ငြိမ်လာ‌သောအခါ လူသားများသည် ဂြိုလ်ထုများကို အာကာသ ထဲသို့ ထပ်မံလွှတ်ကြသည်၊ သို့မှသာ ကမ္ဘာကြီးသည် သူတို့အတွက်ထူးခြားသောပုံစံတစ် မျိုးအဖြစ်ပြောင်းလဲခဲ့သည်ကို သူတို့သဘောပေါက်သိရှိမည် ဖြစ်သည်၊

ကမ္ဘာမြေမျက်နှာပြင်သည် အကြိမ်များစွာ တိုးချဲ့လာသည်! ထိုကိန်းဂဏန်းများ သည် တဖြည်းဖြည်းတိုးလာနေပြီး အဆုံးမှာတော့စံနှုန်းမှာတည်ငြိမ်လာသည်။

လူနေထိုင်မှုနည်းသောနေရာများတွင် ပြောင်းလဲမှုများသည် ကြီးကြီးမားမားသက် ရောက်မှုမရှိပေ။ တကယ့်အသွင်ပြောင်းမှုများသည် လူနေများသော နေရာများတွင် သာ အဖြစ်များခဲ့သည်။ တောများ၊ မြစ်များ၊ ချိုင့်ဝှမ်းများနှင့် လူမနေသောနေရာများတွင် ပြောင်းလဲမှုနည်းသည်၊ အာကာသမှကမ္ဘာမြေသည် လုံးဝစိမ်းလန်းနေသော ကမ္ဘာမြေ အဖြစ်ပြောင်းလဲ သွားပုံရသည်၊

အမျိုးမျိုးသော မြေပြင်အပြောင်းအလဲများသည် ကြီးမားသောအပြောင်းအလဲများ နှင့်ကြုံတွေ့ရပြီး လူတို့နှင့်ရင်းနှီးကျွမ်းဝင်သောကမ္ဘာမြေကို ရုတ်တရက်ပြောင်းလဲစေခဲ့ သည်။

ကမ္ဘာမြေပေါ်ရှိအမျိုးမျိုးသောပြောင်းလဲမှုများသည် အခြားကမ္ဘာများသို့ ဦးဆောင် နေသည်မှာ ပို၍ထိတ်လန့်စရာကောင်းသည်။ဤအခြားကမ္ဘာများနှင့်ပတ်သတ်သော သတင်းအချက်အလက်များကို အဆင့်အလိုက်လျှို့ဝှက်ထားဆဲဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အမြင့်ဆုံးလူတွေသာသိသော်လည်း ၎င်းတို့အသိပညာများတည်ရှိမှုကိုသိထားခြင်းသည် လူတိုင်း၏ခေါင်းပေါ်တွင် ဓားများရှိနေသကဲ့သို့ဖြစ်နေသည်။ သူတို့က လူသားမျိုးနွယ်အပေါ် အန္တရာယ်ကျရောက်ခြင်းသည် အချိန်မရွေးဖြစ်လာနိုင်ပြီး သူတို့အတွက်လုံးဝလုံခြုံမှုမရှိ နိုင်ဟုသတိပေးခဲ့သည်။

ထိုအခြေအမြစ်မရှိသောစိုးရိမ်မှုများကိုသယ်ဆောင်ရင်း ကောင်းဖန် သည်ဆိုဖာ ပေါ်တွင် အိပ်ရင်းစီးမျောသွားလေသည်။ထိုအချိန်မှာဘဲ တာ့ဇီရဲ့ ဦးမျှင်အစုံက ပတ်ပတ် လည်ကို အနည်းငယ်ဝှေ့ယမ်းလိုက်တယ်။ ထို့နောက်သူက အိပ်ယာသို့သွားသောလမ်းဆီ သွားလိုက်ပြီး သူ၏ကြီးမားသောခြေချောင်းများကိုသုံးကာ ဒုက္ခခံစွာဖြင့် အိပ်ယာမှစောင် ကိုဆွဲချလိုက်ပြီး ဧည့်ခန်းထဲသို့ယူသွားတော့သည်၊ တာ့ဇီက သူ့ရဲ့ခရမ်းရင့်ရောင်ကျောပြင် အစိတ်အပိုင်းတစ်ခုချင်းစီကို ခါကာပွတ်တိုက်နေပြီး ကြည်လင်နေသော သတ္တုကို ပွတ်တိုက်နေသလိုအသံမျိုး ထွက်ပေါ်လို့နေသည်။

စောင်ကိုပါးစပ်နှင့်တင်းတင်းကိုက်ထားပြီး တည့်မတ်သောအနေအထားသို့ပြောင်း လိုက်သည်။ ထို့နောက်ခေါင်းကို ဆတ်ခနဲခါ၍ဆွဲပြီးလှုပ်ရှားလိုက်ကာ ကောင်းဖန်၏ အပေါ်ပိုင်းတွင်စောင်ကို ပစ်ချလိုက်သည်၊

တာ့ဇီရဲ့ ရှေ့ပိုင်းခြေချောင်းတွေက ကြမ်းပြင်ပေါ်ကိုချလိုက်ပြီး ဆိုဖာအောက်သို့ ချက်ချင်းပြန်ဆုတ်သွားသည်၊ သူ့ရဲ့တစ်ထောင်လောက်ရှိတဲ့ခြေချောင်းတွေကို ကွေးကာ ခန္ဓာကိုယ်ဆီပို့လိုက်ပြီး အေးနေသော ကြမ်းပြင်မှဝှက်ထားလိုက်သည်။

သူ၏ဦးမျှင်အစုံက ယိုင်လာကာပျင်းရိစွာနဲ့ သူ့ခေါင်းအထက်မှာ အနားယူလိုက် တော့သည်။ တာ့ဇီရဲ့ မျက်လုံးတွေက တစ်ဖြည်းဖြည်း ညွတ်ကျလာပြီး အိပ်ပျော်သွား တော့သည်။

***

All Chapters