လွန်ခဲ့သောသုံးနှစ်ခန့်က ကမ္ဘာပေါ်ရှိတိရိစ္ဆာန်များနှင့်အပင်များသည် သန္ဓပြောင်းလဲခြင်း၊ သတ္တဝါမျိုးစိတ်များပေါင်းစပ်ကုန်ခြင်း အစရှိသည်ဖြင့် စကားဖြင့်ထုတ်ဖော်ရှင်းပြ၍မရနိုင်သော ဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့လေသည်။ ၎င်းသည် မျိုးဆက်သစ်လူသားမျိုးနွယ်အတွက် အလုပ်အကိုင်အမျိုးအစားသစ်တစ်ခုဖြစ်သည့် 'သားရဲလေ့ကျင့်သူ' ဟူသော သားရဲသတ္တဝါများကို ယဉ်ပါးအောင် ပြုလုပ်ပေးတဲ့သူများဖြစ်လာစေရန် လမ်းစတစ်ခုစတင်ပေးလိုက်ခြင်းဖြစ်သည်။ ဤဇာတ်လမ်း၏အဓိကဇာတ်ကောင်ဖြစ်သော ကောင်းဖန်၏ ၁၈နှစ်မြောက်မွေးနေ့တွင် ရုတ်တရက်ဆိုသလို မကောင်းဆိုးဝါးသတ္တဝါများ၏ စွမ်းရည် အချက်အလက်အခြေအနေများကို မြင်နိုင်စွမ်းရှိသည့် စွမ်းရည်တစ်မျိုးရရှိလာခဲ့သည်။ သူ၏စွမ်းရည်ဖြင့် သူ့မိဘများ ပြန်လည်ရှင်သန်လာဖို့နည်းလမ်းကိုရှာဖွေရင်း အားလုံးထဲတွင် အသန်မာဆုံးသော သားရဲလေ့ကျင့်သူတစ်ဦးဖြစ်လာရန် ကြိုးစားခဲ့သည့် ခရီးလမ်းကြောင်းကို စတင်လိုက်တော့သည်။

