အခန်း (၂၁-၂၄)
Vol. 2 Ch. 21-24
အခန်း ၂၁ ကောင်းကင်ပေါ်က ပိုင်မုန့်
“သားရဲလေ့ကျင့်သူတွေက အဆင့်တစ်ခုအထိရောက်ပြီဆိုရင် သူတို့ရဲ့ရှင်သန်ရာအတွက် နည်းစနစ်တွေ တီထွင်နိုင်တယ်လို့ ကျွန်တော်ကြားဖူးထားတယ်။” ရုတ်ရက် ကောင်းဖန် အတွေးတစ်ခုဝင်လာတာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
“အမှန်ပဲ၊ ဒါပေမယ့် လေ့ကျင့်သူတစ်ယောက်ရဲ့ ရှင်သန်မှုဟာ နည်းနစ်တစ်မျိုးတည်းနဲ့ပဲ ကန့်သတ်မထားဘူး။ ဒီနည်းနစ်ကို အသုံးမပြုနိုင်ခင် လေ့ကျင့်သူက သေချာပေါက် အဆင့်တစ်ခုရောက်နေဖို့ မလိုအပ်ဘူး။” ဦးလေးလျို အရိပ်အမြွက်တစ်စုံတစ်ရာပေးလိုဟန်ဖြင့် ပြောကြားလိုက်သည်။
ထိုစကားကိုပြောပြီးနောက် ဦးလေးလျိုက စကားလမ်းကြောင်းကို ဆက်ပြီးဖော်ထုတ်လိုဟန်ဖြင့် ထိုနေရာတွင်ပဲ ဆက်ပြီးမတ်တပ်ရပ်နေခဲ့သည်။
လုပ်စမ်းပါ၊ အဲ့လိုနည်းစနစ်မျိုး ဘယ်လိုရမလဲဆိုတာ ငါ့ကိုမေးလိုက်စမ်းပါ။
“အမ်၊ ကျွန်တော့်ကို ဉာဏ်အလင်းပွင့်အောင် ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။” ကောင်းဖန် ထိုစကားသာပြောပြီး ခေါင်းတစ်ချက် ညိတ်ပြကာ ပြန်ဖို့လှည့်လိုက်သည်။
“…….”
ဦးလေးလျို သူ့လည်ချောင်းကို တစ်ချက်ရှင်းလိုက်ကာ၊ “နေဦး၊ တကယ်တော့ ငါ့မှာ အခု မင်းနဲ့သင့်တော်မယ့် သားရဲလေ့ကျင့်သူရှင်သန်ရေးနည်းစနစ်တစ်ခုရှိတယ်။”
ကောင်းဖန် ဦးလေးလျိုကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဦးလေးလျိုတွင် သူ့မျက်လုံးနှင့်မြင်နေရသည့် အနေအထားထက် အခြားသော အကြောင်းအရာများ ရှိနေကြောင်း သူအခုထိ သတိမထားမိပါက သူ့ခေါင်းသာ နံရံနှင့်သာ ဝင်စောင့်လိုက်သည့်ပေပြီ။ သို့ပေမည့် ဦးလေးလျိုကတော့ သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်လိုခြင်းရှိပုံမရမှတော့ ကောင်းဖန်ကလဲ ဦးလေးလျိုအကြောင်း တမင်တကာ ဖော်ထုတ်နေစရာအကြောင်း မရှိပေ။
လူတိုင်းတွင် သူတို့ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိပေသည်။ သူသာ အရာအားလုံးကို အောက်ခြေကနေပြီး ဖော်ထုတ်ဖို့ကြိုးစားနေပါက သူ့မိတ်ဆွေတစ်ယောက်သာ ဆုံးရှုံးသွားမည်ဖြစ်သည်။
ဦးလေးလျိုက သူ့ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် ဦးလေးလျိုနားတွင် ပြောင်းလဲမှုရှိသွားသည်ဟု ကောင်းဖန်ခံစားလိုက်ရပေမည့် သူ့ဘာသာထင်ယောင်နေခြင်းလဲဖြစ်နိုင်တာကြောင့် မသေချာပေ။
ဦးလေးလျိုက ဆက်ပြီး လေးနက်သည့်အသံအနေအသံထားဖြင့် ပြောလာခဲ့သည်။ “ငါ မင်းကိုပြောပြမယ့် လျှို့ဝှက်နည်းစနစ်အကြောင်း ဘယ်သူ့ကိုမှ ဘယ်တော့မှ ထုတ်မပြောရဘူး။ မဟုတ်ရင် မင်းအတွက် ပြဿနာတွေပဲ တက်လာလိမ့်မယ်။”
“ကျွန်တော် နားလည်ပါပြီ။” ကောင်းဖန် ခေါင်းညိတ်လိုက်သည်။
ကောင်းဖန်၏စိတ်ထဲတွင် ဦးလေးလျိုက သူ့နဖူးပေါ်သို့ လက်ညှိုးတစ်ချောင်းဖြင့် ထောက်လိုက်ပြီး သူ့စိတ်ထဲသို့ နည်းစနစ်အကြောင်း အသိပညာတွေအားလုံး တိုးဝင်လာလိမ့်မည်ဟု စိတ်ကူးကြည့်လိုက်မိသည်။
သို့ပေမည့် တကယ်တမ်းတွင်တော့ ဦးလေးလျိုက ရိုးရိုးရှင်းရှင်းပင် စာရွက်တစ်ရွက်ကို ထုတ်ယူက ဘောပင်နှင့် စပြီးချရေးလိုက်သည်။
သူရေးပြီးသွားသည့်နောက် ကောင်းဖန်ကို ကမ်းပေးလိုက်ကာ၊ “ဒါကို အလွတ်ကျက်လိုက်၊ ပြီးတာနဲ့ မီးရှို့ပစ်။”
ကောင်းဖန် စာရွက်ကို ယူလိုက်ကာ စပြီး အသေအချာဖတ်ရှုလိုက်သည်။ သူ့မှတ်ဉာဏ်က အမြဲကောင်းမွန်နေခဲ့လို့သာပေါ့ မဟုတ်ရင် အတန်းထဲမှာ ဘယ်လိုလုပ်အဆင့်ကောင်းကောင်းရနေပါ့မလဲ။ နောက်ဆုံးတော့ အသိပညာများစွာကို သူအလွတ်စမှတ်လိုက်သည်။
ခဏအကြာတွင်တော့ ကောင်းဖန် ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ထို့နောက် ဦးလေးလျို၏အိမ်ထဲမှ မီးခြစ်ဆံတစ်ချို့ကိုယူက စာရွက်ကို ပြာဖြစ်သည်အထိ စောင့်ကြည့်ရင်း မီးရှို့လိုက်သည်။
ကောင်းဖန် အားလုံးကို သေချာအလွတ်ရသွားရဲ့လားဆိုသည်ကို ဦးလေးလျို မမေးပေမည့် သူဒီနေ့လေ့လာခဲ့ရသည့်အရာများကို ဘယ်တော့မှ ထုတ်ဖော်မပြောရန်တော့ ထပ်မံသတိပေးခဲ့သည်။ အနည်းဆုံးတော့ သူ့ကိုယ်သူကောင်းကောင်းကာကွယ်နိုင်သည်အထိ အင်အားမကြီးမားလာခင်အထိ ထုတ်ဖော်မပြောသင့်ပေ။
ကောင်းဖန် အိမ်ပြန်သွားသည်ကို မြင်ပြီးနောက် ဦးလေးလျို သူ့ဖုန်းကို တိတ်တဆိတ်ထုတ်ယူက အဘိုးကြီးကျန်းထံ ဖုန်းဆက်လိုက်သည်။ ခေတ်နောက်ကျသူကြီးကိုပေါ့။ အဖိုးကြီးကျန်းလဲ သူ့မြေးကို သတိရနေတာ သိသာလွန်းပေမည့် လာတွေ့ဖို့ကိုတော့ အခုထိ ငြင်းဆိုနေစဲပင်။ သို့ပေမည့် သူ့မှာလဲ သူ့အကြောင်းပြချက်နဲ့သူရှိပေသည်။ ထိုအဖိုးကြီးလဲ သူ့မြေးရှောင်ဖန် အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူတစ်ယောက် ဖြစ်လာသည့်အကြောင်း ကြားပြီး ဝမ်းသာနိုင်ပေမည်။
ဦးလေးလျို နောက်သို့မှီလိုက်ချိန်တွင် လဲမကျသွားဘဲ သူ့နောက်တွင် ၆မီတာလောက်ရှည်လျားသည့် ပုတ်သင်ညိုတစ်ကောင်သာ ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။ ထိုကောင်ကြီးက ကြမ်းပြင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေခဲ့သည်။ ဦးလေးလျိုက ပုတ်သင်ညိုကြီး၏ကိုယ်ပေါ်တွင် မှီထိုင်လိုက်ကာ ၎င်း၏ကျောပြင်မှာ ဆိုဖာလိုပင် နူးညံ့ပျော့ပျောင်းလှပေသည်။
ကျွမ်းဝင်ကောင်လျှို့ဝှက်နည်းစနစ်ပြောင်းလဲခြင်းကြယ်များ။ ကောင်းဖန် အစောက စာရွက်ပေါ်မှ အကြောင်းအရာကို ပြန်လည်စဉ်းစားလိုက်သည်။
ကောင်းဖန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ဒါက ပျက်စီးမှုကို လွှဲပြောင်းသည့် နည်းစနစ်တစ်ခုပဲ။ ၎င်းနည်းနစ်မှာ ခန္ဓာကိုယ်ပေါ်ရှိ ထိခိုက်ပျက်စီးမှုအားလုံးကို အကျွမ်းဝင်ကောင်ပေါ်သို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။
သို့ပေမည့် အားနည်းချက်တစ်ခုလဲ ရှိသေးသည်။ ၎င်းသည် ထိခိုက်ပျက်စီးမှုအားလုံးနီးနီးကို အကျွမ်းဝင်ကောင်ဆီသို့ လွှဲပြောင်းပစ်နိုင်သော်လည်း အကွာအဝေးအကန့်အသတ်ဖြင့်သာ ထိရောက်မှုရှိသည်။ ကျွမ်းဝင်ကောင်နှင့် ရရှိနိုင်သည့် အကွာအဝေးအတွင်းမှာ ရှိမနေလျှင် ထိခိုက်ပျက်စီးမှုများကို လွှဲပြောင်းပစ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ဤအကျိုးသက်ရောက်နိုင်မှုသည် သားရဲလေ့ကျင့်သူတစ်ဦးနည်းနှင့် မလုပ်ဆောင်နိုင်ဘဲ နည်းစနစ်ကို အသက်သွင်းနိုင်ဖို့ရန် ကျွမ်းဝင်ကောင်လဲ လိုအပ်သေးသည်။
ထိုသို့ဖြစ်ခဲ့လျှင်တောင် ကျွမ်းဝင်ကောင်တစ်ကောင်၏ ခုခံကာကွယ်နိုင်စွမ်းသည် လူသားများထက် ကျော်လွန်ပေသည်။ ထို့အပြင် ကျွမ်းဝင်ကောင်သည် သန်မာလာသည်နှင့်အမျှ သူ၏ခုခံကာကွယ်နိုင်စွမ်းနှင့်အသက်စွမ်းအားသည်လဲ ပိုမိုအားကောင်းလာပေလိမ့်မည်။
ကောင်းဖန် မျက်လုံးကိုမှိတ်လိုက်ကာ လျှို့ဝှက်နည်းစနစ်ကို တိတ်တဆိတ်ပြန်ရွတ်နေလိုက်ပြီး သူ့စိတ်ထဲရှိ သွေးစာချုပ်နှင့်လဲ ဆက်သွယ်နေခဲ့သည်။ သူ၏စိတ်စွမ်းအင်ပင်လယ်ထဲတွင် အနက်နှင့်ရွှေရောင်ရောစပ်ထားသည့် စာချုပ်ပေါ်လာကာ ပြန်ပြီးဖြည်းဖြည်းချင်းပြန်ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက် ကောင်းဖန် သူနှင့်တာ့ဇီကြား အထူးဆက်သွယ်မှုအသစ်တစ်ရပ် တည်ရှိလာသည်ဟု ခံစားမိလိုက်သည်။
ကောင်းဖန် သူ့ခြေထောက်နားတွင် ဝပ်နေသည့် တာ့ဇီကိုလှမ်းကြည့်လိုက်သည်။ ၎င်း၏ ဝလွန်းနေသည့် မျက်နှာကို ကြည့်ပြီး ကောင်းဖန်ရယ်မောစွာဖြင့် ဆူပူလိုက်သည်။ “မင်းဘယ်လောက်တောင် ဝလာလဲဆိုတာလဲ ကြည့်ဦး! မင်းဟာက ခရမ်းရောင်ဝက်ပေါက်စနဲ့တူနေပြီ။”
“ရှဲ….!” တာ့ဇီ မကျေမနပ်ဖြင့် ရှုးရှုးရှဲရှဲအော်တော့သည်။
“အိုး၊ မင်းက အခုပြန်ပြောနေတာလား? မင်းကိုယ့်ကိုယ်ကို သတိမထားမိဘူးလား? မင်းဘယ်လောက်တောင် ဝလာလဲ မသိဘူးလား?”
“ရှဲ….!” တာ့ဇီအရမ်းဒေါသထွက်နေတော့သည်။
“လာ, လာ, လာ၊ ဒမ်ဘီ၊ တာ့ဇီကို ဟိုးဘက်သယ်သွားကြရအောင်။”
ပထမတော့ တာ့ဇီဟာသူ့ရဲ့ချစ်ရတဲ့ဘဝအတွက် ရုန်းကန်ထားနေပုံပေါ်သည်။ သို့ပေမည့် ဒမ်ဘီက သူ့ကိုမှန်ရှေ့သို့ခေါ်သွားပြီးနောက်တွင်တော့ မှန်ထဲရှိဝနေတဲ့ကင်းခြေများကို ကြည့်ပြီးတဲ့နောက် သူထိတ်လန့်တုန်လှုပ်သွားတော့သည်။
အဲ့ဒီနောက်မှာတော့ တာ့ဇီကလှုပ်ရှားနေတာရပ်သွားတော့သည်။
သူကဒမ်ဘီရဲ့လက်မောင်းထဲမှာလှဲနေဆဲဖြစ်ကာ သူကဘဝကိုအရှုံးပေးထားပြီး မှန်ထဲက သူ့ကိုယ်သူ အချည်းနှီးငေးကြည့်နေတော့သည်။
“ဟေး” ကောင်းဖန်ပြောလိုက်ပြီး တာ့ဇီခေါင်းကိုပုတ်လိုက်သည်၊
တာ့ဇီက မလှုပ်တော့ဘဲဆက်လက်ကာ ဗလာမျက်လုံးတွေနဲ့ကြည့်နေသည်။
“သေသလိုလုပ်နေတာ ရပ်လိုက်ပြီး မြန်မြန်ထတော့၊ ဒီရက်ပိုင်းအတွင်းမင်းပိန်သွားအောင်လုပ်ရမဲ့ အားကစားနည်းတွေအများကြီးရှိတယ်၊ တစ်ကြိမ်မင်းဝိတ်လျော့တာနဲ့ ငါမင်းရဲ့အဆင့်ကိုတိုးပေးမယ်” ကောင်းဖန် မာဆတ်ဆတ်နှင့်ပြောလိုက်သည်၊ လက်ရှိ တာ့ဇီဘယ်လောက်ဘဲဝနေပါစေ သူ့အဆင့်ကိုရိုးရိုးတန်းတန်းမြှင့်ဖို့ကို မလုပ်ရဲပါ။ အကယ်၍ တာ့ဇီပြောင်းလဲလာပြီး သူဝိတ်လျော့သွားပါက သူဘာလုပ်ရမှန်းမသိသေးပါ။
ပျံသန်းနေတဲ့ ဝတုတ်ကင်းခြေများ?
သူ့အတွေးကြောင့်ဘဲ သူ့မျက်လုံးကိုထိခိုက်စေပေပြီ။
…..
အခုမွန်းတည့်နေပြီဖြစ်တာကြောင့် ကောင်းဖန်ဒီနေ့ကျောင်းကို အလျင်အမြန်ပြေးသွားဖို့မလိုပေ၊ သူအချိန်ပိုင်းအလုပ်လုပ်ရန်သာစတင်ရှာဖွေခဲ့သည်။
သားရဲပျိုးထောင်သူအဖြစ်အချိန်ပိုင်းအလုပ်လုပ်ရန် ရိုးရှင်းသောနည်းလမ်းနှစ်မျိုးရှိသည်၊ ပထမဆုံးကတော့ သူ့ရဲ့ကိုယ်ပိုင်ရုံးခန်း ဒါမှမဟုတ် ရှေ့ထွက်ဆိုင်ခန်းလေးဖွင့်ရမည်၊ သူ့အတွက်နာမည်ရအောင်လုပ်ပြီးပြီဆိုလျှင် ဆိုင်လာသူများသည်သိလိုစိတ်ဖြင့် ပို၍ဆက်သွယ်မှုတွေရှိလာမည်ဖြစ်သည်၊ ကံမကောင်းစွာနဲ့ဘဲထိုနည်းလမ်းကအားကုန်စေပြီး အချိန်အများကြီးယူရလိမ့်မည်၊ ကောင်းဖန် အနာဂါတ်မှာထိပ်တန်းသားရဲပျိုးထောင်သူဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး၊ ၎င်းကသူ့ရဲ့ကုန်ကျစရိတ်အတွက်ထောက်ပံ့ရန် နည်းလမ်းတစ်ခုသာဖြစ် ပြီး အချိန်ပိုင်းအလုပ်တစ်ခုထက်မပိုချေ။
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကြီးမားတဲ့စီးပွားရေးကော်ပိုရေးရှင်းထဲသို့ဝင်ရန်(သို့) အင်အားကြီးမားတဲ့အဖွဲ့အစည်းတစ်ခုထဲသို့ ဝင်ရန်ဖြစ်သည်။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ဆို လျှင် အချိန်မရွေးရှေ့တန်းသို့ရောက်လာနိုင်သည်၊
ဒါပေမယ့်ဒီအချက်ကကောင်းဖန်မလုပ်ချင်ဆုံးအရာဘဲ။
စီးပွားရေးကော်ပိုရေးရှင်းတစ်ခုမှာပါဝင်ရခြင်းက ကော်ပိုရေးရှင်းလှေကားပေါ်တက်ဖို့ နိုင်ငံရေးအပေးအယူများနှင့် လူမှုဆက်ဆံရေးတို့ပါဝင်နေသည်။ ဒါကကောင်းဖန်အတွက် အရမ်းပင်ပန်းစေသည်။
ထို့ကြောင့်သူဒီနည်းလမ်းနှစ်ခုနဲ့အပေးအယူမျှတဲ့ နည်းလမ်းတစ်ခုကိုရွေးချယ်ရန်ဆုံးဖြတ် ခဲ့သည်, သားရဲပျိုးထောင်သူအေဂျင်စီအသေးစား(သို့) စတိုးဆိုင်တစ်ခုသို့ဝင်ရန်ဆုံးဖြတ် လိုက်သည်။ ဖောက်သည်များရရှိရန်လည်းစိတ်ပူနေစရာမလိုပေ၊ အကြောင်းကတော့ ဖောက်သည်တွေနဲ့ပတ်သတ်တဲ့ကိစ္စတွေက သူဌေးနဲ့ဘဲပတ်သတ်မှာဖြစ်သောကြောင့်ဖြစ် သည်၊ သေးငယ်တဲ့ဆိုင်တစ်ခုမှာဖြစ်လို့ ဝန်ထမ်းအမြောက်အများမရှိဘဲ သူ့အကျိုးခံစား ခွင့် ဒါမှမဟုတ် အသိအမှတ်ပြုခံရခြင်းတို့အတွက် ကြိုးစားတိုက်ခိုက်နေစရာမလိုအပ်ပေ။ ထိုအလုပ်ကသူနဲ့မကိုက်ညီခဲ့ဘူးဆိုလျှင် ရိုးရိုးတန်းတန်းထွက်သွားနိုင်သည်။
ထို့အပြင်သေးငယ်တဲ့သားရဲပျိုးထောင်သူအေဂျင်စီနဲ့စတိုးဆိုင်တွေက လူများကိုအလွယ် တကူအလုပ်ခန့်ထားနိုင်သည်၊ အကုန်လုံးလိုအပ်တာကတော့ သားရဲပျိုးထောင်သူတရား ဝင်လက်မှတ်ဘဲ၊ နှုတ်ထွက်ခြင်းကလည်း အဆင်ပြေမြန်ဆန်လိမ့်မယ်။
သူတစ်ကြိမ်စိတ်နှစ်လိုက်ပြီဆိုတာနဲ့ သူရှေ့ဆက်ကာလုပ်တတ်သည်။ ကောင်းဖန်အဝတ် အစားများကိုဝတ်ပြီး အလုပ်ရှာရန်အတွက်ပြင်ဆင်နေစဉ် ဦးလေးလျိုနှင့်ပတ်သတ်၍ သတိရသွားသည်။
ဦးလေးလျိုက ထိုအရာများအကြောင်း အများကြီးသိပြီး အဆက်အသွယ်ကောင်းကောင်း ရှိသည်၊၊
ကောင်းဖန်သေးငယ်တဲ့ကိစ္စအတွက် ဦးလေးလျိုကို ဒုက္ခပေးမိမှာကြောက်သောကြောင့် အနည်းငယ်တုံ့ဆိုင်းနေသည်။ သို့သော်သူအရင်နှစ်တွေက ကျောင်းတွင်ဘယ်လိုသုံးဖြုန်းပုံကို သူတွေးမိသည်။ သူမကြာသေးမီနှစ်အတွင်းက ဖြစ်ပွားခဲ့သောနေ့စဉ်ဘဝအပြောင်းအလဲများကို ကောင်းစွာလေ့လာထားသော်လည်း ချန်အန်းမြို့ရှိ သားရဲပျိုးထောင်သူ အေဂျင်စီများနှင့်ပတ်သတ်၍ မည်သည့်နေရာများတွင်တွေ့နိုင်သည်ကို အနည်းငယ်မျှပင် သူမသိပေ။ သူသာမန်အားဖြင့် ဘယ်အေဂျင်စီက ဘယ်လိုချီးကျူးခံထားရပြီး ဘယ်ဟာ တွေကမဟုတ်ကြောင်း ထိုမျှလောက်သာ အနည်းငယ်သိသည်။
သူ့စိတ်ထဲကအတွေးတွေနှင့်အတူ အဆုံးတွင်တော့ ကောင်းဖန် ဦးလေးလျိုရဲ့တံခါးကို ခေါက်ရန်ဆုံးဖြတ်လိုက်သည်။
တံခါးကသူခေါက်လိုက်သည်နှင့် ထိုအချိန်အတွင်းချက်ချင်းပွင့်သလိုဖြစ်သွားသည်။ ဦးလေးလျိုက သူ့ကိုတွေ့သည်နှင့်ပြုံးပြသည်၊ သူကကောင်းဖန်လက်တံတောင်ဆစ်နားကို အလျင်အမြန်ဆွဲလိုက်ပြီး အိမ်ထဲသို့ခေါ်သွင်းလိုက်သည်၊ “ရှောင်ဖန်, မင်းအခက်တွေ့စေ မယ့်ကိစ္စအချို့ငါ့မှာရှိတယ်။”
ကောင်းဖန်ယဉ်ကျေးစွာနဲ့ပြန်ပြောလိုက်သည်၊ “ဘာပဲဖြစ်ဖြစ် ပြောသာပြောပါ။ ဦးလေးရဲ့အိမ်မှာ တာ့ဇီကိုထားခဲ့ပြီး အကြာကြီး စောင့်ရှောက်ခိုင်းထားမိတာကို ကျနော့်စိတ်ထဲမယ် အားနာနေခဲ့တာ။ ဦးလေး ကျွန်တော့်ကိုတစ်ခုခု အတွက်လိုအပ်ရင် ကျေးဇူးပြုပြီးတွန့်ဆုတ်မနေပါနဲ့။”
ဦးလေးလျိုကသက်ပြင်းချလိုက်ပြီး သက်သာစွာနှင့် “ ဒါဆိုရင်လည်း ငါတည့်ဘဲပြောရ တော့မှာဘဲ။ အရင်ကငါ သားရဲပျိုးထောင်သူသားရဲအေဂျင်စီသေးသေးလေးတစ်ခုဖွင့်ပြီး ငါ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အလုပ်လုပ်ဖူးတယ်။ ငါအဲ့ထဲကိုတောင်မှ အတော်လေး ပိုက်ဆံသွင်းထားသေးတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က အဲ့လုပ်ဖော်ကိုင်ဖက်က ပိုက်ဆံတွေအကုန်လုံးယူသွားပြီး အေဂျင်စီက သားရဲပျိုးထောင်သူတွေအကုန်လုံးကို တောင်မှသူနဲ့အတူခေါ်သွားလိုက်သေးတယ်။ ကောင်းပြီ, မင်းမှာအလယ်အလတ်သားရဲ အဆင့်လတ်မှတ်ရပြီးပြီဆိုတော့ ဦးလေးကိုကူညီဖို့မျှော်လင့်ခဲ့တယ်၊ ငါ့ရဲ့အေဂျင်စီထဲမှာ ကူညီပေးခိုင်းရင် မင်းနည်းနည်းလေးစိတ်မရှိဘူးမလား၊ စိတ်မပူပါနဲ့, ပိုက်ဆံနဲ့ပတ်သတ် ပြီးကတော့ ငါတို့လုပ်ငန်းတွေထဲက အကောင်းဆုံးဈေးနဲ့ ကုမ္မဏီရဲ့ရှယ်ယာ ၂၀ရာခိုင်နှုန်းကိုအလကားပေးမယ်ကွာ၊ ဒါကမင်းစာလေ့လာဖို့အတွက်လည်း သက်ရောက် မှုရှိမှာမဟုတ်ပါဘူး၊ မင်းလိုတာက စနေ,တနင်္ဂနွေတိုင်းအဲ့အေဂျင်စီကိုသွားပေးဖို့ဘဲ၊ သားရဲပျိုးထောင်ပေးတဲ့အလုပ်ကလည်း တကယ်တော့အတော်လေး စိတ်ပြေလက် ပျောက်ဖြစ်စေပါတယ်။”
ကောင်းဖန်ပိုပြီးနားထောင်လေ, ကိစ္စကြီးအချို့ဖြစ်ပျက်တော့မည်ဟုခံစားရလေဖြစ်နေ သည်။ သူ့မျက်နှာပေါ်မှာထူးဆန်းတဲ့အမူအရာဖြစ်နေသည်၊ သူအိပ်ချင်နေတဲ့အချိန်မှာ ခေါင်းအုံးတစ်လုံးပေးလိုက်တာနဲ့ ဆင်တူနေသည်၊ ဒါကမိုးကောင်းကင်ပေါ်ကနေ ပိုင်မုန့် တွေပြုတ်ကျလာခဲ့သလိုပင်ဟုတွေးမိသည်။
***
အခန်း ၂၂ ဂဠုန်ငှက်ပျံသန်းခြင်းစတူဒီယို
ဦးလေးလျိုက သူကြွားဝါနေခြင်းမဟုတ်ကြောင်း သက်သေပြရန်အတွက် ကောင်းဖန်ကို မြို့ထဲသို့ခေါ်သွားလိုက်သည်။ ဦးလေးလျို၏စတူဒီယိုသည် မြို့လယ်ခေါင်ရှိ စီးပွားရေးဇုံတွင်တည်ရှိသည်။ စတူဒီယို၏ညာဘက်တွင်တော့ ရှောပင်းမောတစ်ခုရှိကာ မြို့တော်အစိုးရဌာနနှင့်လဲ မဝေးလှပေ။
“ကဲ၊ ငါ့စတူဒီယိုကတော့ အဲ့မှာပဲ။” ဦးလေးလျိုက ပြောရင်းဖြင့် ထျန်းမြောင်တာဝါ၏ တတိယထပ်ကို လက်ညှိုးထိုးပြသည်။ နံရံပေါ်တွင်တော့ ဂဠုန်ငှက်ပျံသန်းခြင်း သားရဲပျိုးထောင်ခြင်းစတူဒီယိုဆိုသည့် အမှတ်တံဆိပ်သစ် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲလို့ထားသည်။
ကောင်းဖန် စိတ်ရှုပ်ထွေးသွားရသည်။
ဦးလေးလျိုက ချောင်းတစ်ချက်ဟန့်ရင်း သူ့လည်ချောင်းကို ရှင်းလိုက်ပြန်ကာ၊ “မင်းမကြိုက်ရင် ငါတို့နာမည်ပြောင်းလို့ရတာ သိတယ်မလား။”
ကောင်းဖန် ဆွံ့အသွားတော့သည်။ ခင်ဗျားကသူဌေးမဟုတ်လား၊ အဲ့တော့ ခင်ဗျားကြိုက်တဲ့နာမည်ခေါ်ပေါ့။
“အမ်၊ မင်းဒီစတူဒီယို တည်နေရာက တော်တော်လေးကောင်းတယ်လို့ထင်လား? ငါ့ စတူဒီယိုက ကောင်းကောင်းလည်ပတ်ခဲ့ပေမည့် သားရဲပျိုးထောင်သူတွေ ထွက်သွားပြီးတဲ့နောက်မှာတော့ သနားစရာကောင်းလောက်အောင် ငါ့စီးပွားရေးက ဆိုးဆိုးရွားရွား ကျဆင်းသွားတော့တယ်။”
“ဈေးကွက်ထဲမှာ သားရဲပျိုးထောင်သူတွေ အများကြီးပါ။ အန်ကယ်လျိုရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့လူနှစ်ယောက်လောက်ကို ကျပန်းရွေးလိုက်နိုင်တာပဲ။” ကောင်းဖန် အဓိပ္ပါယ်မရှိသည့် အခြေအနေတစ်ခုကို တွေ့ရှိသွားသည်။
“မဟုတ်ဘူးလေ၊ အနည်းဆုံးတော့ ဒါကပိုကောင်းတာပေါ့။ ငါ့နာမည်ကျော်ကြားမှုကို ဖျက်ဆီးတာထက်စာရင် စီးပွားရေးမရှိတာ ပိုအဆင်ပြေတယ်။” ဦးလေးလျို၏အမူအရာများ လေးနက်လို့သွားသည်။
“ကောင်းပြီလေ။” ကောင်းဖန်ခေါင်းညိတ်လိုက်သည်။ ခင်ဗျားက သူဌေးပဲ၊ ဒီတော့ ခင်ဗျားစိတ်ကြိုက်လုပ်ပေါ့။
“အန်ကယ်လျို၊ ရှယ်ယာအကြောင်းကို မေ့လိုက်ပါ။ ကျွန်တော့်ကို ကျွန်တော်ရဲ့တန်းတူလုပ်ဖော်ကိုင်ဖက်တွေထက် အမြင့်ဆုံးလစာပေးရင်ရပြီ။” ကောင်းဖန် ခဏရပ်လိုက်ပြီး ဆက်ပြောလာသည်။ “အန်ကယ်က ကျွန်တော့်ကို နှစ်တွေအများကြီး စောင့်ရှောက်လာခဲ့ပေးပေမယ့် ကျွန်တော့်ဘက်က ဘာမှပြန်မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါကပဲ ကျွန်တော်လုပ်ပေးနိုင်တဲ့အရာပါ။”
ဒါကသာ တခြားသူတစ်ဦး၏စတော့ရှယ်ယာဖြစ်ပါလျှင် သူကိုယ်တိုင်က ဤတန်ဖိုးနှင့်ထိုက်တန်ပြီး နောင်အနာဂါတ်တွင် ဒီထက်များပြားသည့် အကျိုးအမြတ်များကို ရနိုင်သည်ဟု ယုံကြည်သောကြောင့် သူစိတ်သက်သက်သာသာနှင့် လက်ခံပေးလိုက်ပေမည်။
သို့ပေမည့် ဤစတူဒီယိုက သူ့ကို တိုက်ရိုက်ဆိုသလိုရော တစ်ဖက်တစ်လမ်းက သွယ်ဝိုက်၍တစ်မျိုး အကူအညီများပေးနေခဲ့သည့် ဦးလေးလျို၏စတူဒီယိုဖြစ်နေသည်။
နောက်ပိုင်းမှ သူရှာဖွေဖို့ရန် အချို့သောကိစ္စများရှိနေပေမည့် ဦးလေးလျိုနှင့် သူ့ကြားနေရခက်သည့် အခြေအနေမျိုးမဖြစ်သွားချင်တာကြောင့် ဦးလေးလျိုကိုတော့ ထိုကိစ္စပြောမည်မဟုတ်ပေ။ ဦးလေးလျို ဤသို့လုပ်ပေးနေခြင်းများက အကြောင်းအရင်းတစ်စုံတစ်ရာတော့ သေချာပေါက်ရှိရပေမည်။
မဟုတ်ရင် မိဘမဲ့တစ်ယောက်အနေဖြင့် သူဘယ်လိုလုပ် အခုချိန်ထိတိုင် တည်ငြိမ်သည့်ဘဝမှာ ဘယ်လိုရှင်သန်နိုင်မှာလဲ? ဘယ်လူမိုက်ကမှ သူ့ကို နောက်တစ်နေ့တွင် နှစ်ခါပြန်ဒုက္ခပေးလာခြင်းမျိုးမရှိသလို ချန်အန်း၏အကောင်းဆုံးပြည်သူ့အလယ်တန်းကျောင်းကိုလဲ သူဝင်ခွင့်ရခဲ့သည်။
အချို့ကြင်နာပေးမှုတွေက ဘယ်တော့မှ မမေ့သင့်သည့်အရာများဖြစ်သည်။
ကောင်းဖန်သည် အချစ်နှင့်အမုန်းကို သေချာခွဲခြားထားသည်။ ကြင်နာမှုအတွက် သူ့ဘက်က ကြင်နာမှုပြန်ပေးသလို မုန်းတီးမှုအတွက် မုန်းတီးမှုသာ ပြန်ပေးပေမည်!
သုံးနှစ်တာ မိဘမဲ့ဘဝသည် သူ့ကို လူအများ၏ရုတ်ချည်းပြောင်းလဲမှုများနှင့် အခက်အခဲများကို တွေ့ကြုံစေခဲ့ကာ လူသားများ၏သဘောသဘာဝကို သူမြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် လူကောင်းများကို တန်ဖိုးထားကာ လူဆိုးများအတွက်မူ ကြင်နာမှုမပေးခဲ့ပေ။
“စိတ်မပူပါနဲ့၊ ဒီတိုင်းလက်ခံထားလိုက်ပါ။ တစ်နေ့ကျရင် ဒီရှယ်ယာပမာဏက မင်းအတွက် လုံလောက်ဖို့ အများကြီးလိုသေးတယ်ဆိုတာ နားလည်လာလိမ့်မယ်။” ဦးလေးလျို ကျေနပ်ပြုံးဖြင့်ပြုံးလိုက်သည်။ “ကဲ ကောင်းပြီ၊ ထပ်ပြီး ငြင်းခုံစရာမရှိတော့ဘူး။ လုပ်ထုံးလုပ်နည်းတွေအတိုင်း မင်းကိုငါ ရှယ်ယာလွှဲပြောင်းပေးမယ်။ မင်းသဘောတူတူ မတူတူ အရေးမကြီးတော့ဘူး။ ငါက ဒီအကြောင်း မင်းကိုသတိပေးရုံပဲ။”
ဦးလေးလျိုက သူပြောသည့်အတိုင်းပင် မှော်အတတ်နှင့်တူသော စာချုပ်တစ်စောင်ကို ထုတ်ယူကာ ကောင်းဖန်ကို ကမ်းပေးလိုက်သည်။
စာရွက်ဖြူပေါ်မှ အနက်ရောင်စာလုံးများကို ကြည့်ပြီး ကောင်းဖန် ကြောင်အသွားကာ ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော် လက်မှတ်မထိုးရသေးဘူးလေ။”
“အခု ဒါဘာပါဝါလဲဆိုတာ မင်းသိပြီလား?” ဦးလေးလျိုက ကောင်းဖန်၏ပုခုံးကို လက်ဖြင့်ပုတ်ကာ အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။ “ကောင်းပြီ၊ ငါတို့ စတူဒီယိုကို ဆက်သွားကြတာပေါ့။ ဒီနေ့အတွက် မင်းအလုပ်က မင်းရဲ့လုပ်ငန်းခွင်အနေအထားနဲ့ နောက်လာမယ့် တာဝန်တွေအတွက် ရင်းနှီးမှုရထားရုံပဲ။ ဒီနေ့ပဲ စပြီးအလုပ်ဆင်းချင်ရင်လဲ ရတယ်နော်။ မင်းသဘောမကျတာရှိရင်လဲ ငါ့ကိုအချိန်မရွေးပြော၊ ငါပြင်ဆင်ပေးမယ်။”
ထို့နောက် သူတို့ ထျန်းမြောင်တာဝါထဲသို့ ဝင်လာခဲ့သည်။ ကြွေပြားများက သန့်ရှင်းတောက်ပြောင်နေကာ အသစ်စက်စက်ခင်းကျင်းထားသလိုပင်။ ဓါတ်လှေကားပွင့်လာကာ အထဲမှ ဝတ်စုံပြည့်ဝတ်ထားသည့် လူတစ်စုက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ထိုလူများထဲတွင် အနက်ရောင်နှင့်အနီရောင်ရောစပ်ထားသည့် ကြက်တူရွေးတစ်ကောင်ကို ပုခုံးထက်ရပ်ခိုင်းထားသည့် လူငယ်တစ်ဦးလဲ ပါပေသည်။ ကြက်တူရွေးက လှည့်လာကာ ကောင်းဖန်ကို အေးစက်စက်စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ငတုံး”
ထို့နောက် ပြန်လည့်သွားကာ အတော်လေးမောက်မာနေဟန်ပေါက်ပေသည်။
လူငယ်ကတော့ ကောင်းဖန်ကို နေရက်ခက်စွာကြည့်လိုက်ပြီး တောင်းပန်လာခဲ့သည်။
[မကောင်းဆိုးဝါး အမည်] : အလင်းနက်ကြက်တူရွေး
[မကောင်းဆိုးဝါး အားနည်းချက်] : ၁၊ လေဓါတ်သားရဲများ။ ၂၊ ချင်ရှင်းဆေးပင်၏အနံ့သည် အလင်းနက်ကြက်တူရွေးကို အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းဖြစ်စေသည်။ ချင်ရှင်းဆေးပင်ကို စားမိသွားလျှင်တော့ အလင်းနက်ကြက်တူရွေး မူးမေ့သွားနိုင်သည်။ ၃၊ မိုးကြိုးသွားကြက်တောသီးသည် အလင်းနက်ကြက်တူရွေး အထူးမုန်းတီးသည်။ အလင်းနက်ကြက်တူရွေးအတွက်မူ မိုးကြိုးသွားကြက်တောသီးသည် အညစ်အကြေးလို အရသာမျိုးပင်။
“ရပါတယ်။ မင်းရဲ့ငှက်က အလင်းနက်ကြက်တူရွေးမဟုတ်လား? သူ့အတွက် မိုးကြိုးသွားကြက်တောသီးနည်းနည်းလောက် ဝယ်ကျွေးသင့်တယ်။ လူတွေပြောကြတာတော့ အလင်းနက်ကြက်တူရွေးတွေက အဲ့အသီးကို ကြိုက်ကြတယ်တဲ့။ မင်းရဲ့ကြက်တူရွေးက သေးပြီး ပိန်နေတယ်၊ အဟာရချို့တဲ့ပုံပဲ။” ကြက်တူရွေး၏ပုံပန်းသဏ္ဍာန်ကိုကြည့်ရင်း ကောင်းဖန်ပြောလိုက်သည်။
“ကျေးဇူးပါပဲ!” လူငယ်က လေးစားဟန်ဖြင့်ပြောလိုက်သည်။ “ငါလဲ သူဘာကြိုက်လဲဆိုပြီးတွေးနေတာ။ သူက အရမ်းဂျီးများတဲ့ငှက်၊ အစားလဲ အမြဲနည်းနည်းပဲစားတယ်။ နောက်မှ ငါအဲ့အသီး နည်းနည်းဝယ်ကျွေးလိုက်မယ်။”
အလင်းနက်ကြက်တူရွေးကမိုးကြိုးသွားကြက်တောသီးကို ဘာမှန်းမသိဘဲ၊ သူ့နောက် ကလည်ဆံမွှေးတွေတော့ ထောင်သွားတယ်လို့ခံစားရတယ်၊
သူ့ရဲ့ခြေသည်းတွေက တင်းကြပ်စွာကုပ်ကိုင်ထားပြီး သူ့ခေါင်းကအနည်းငယ်မြင့်လာသည်၊ လူငယ်လေးရဲ့ပုခုံးပေါ်မှာကြက်တူရွေးကရပ်နေပြီး ၎င်းကသူ့ရဲ့ပိုင်နက်ကို စစ်ဆေးနေတဲ့မင်းသားတစ်ပါးလိုမျိုး ပတ်ပတ်လည်ကိုလိုက်ကြည့်နေသည်၊ ဒီတုံးအ တဲ့လူသားတွေက သနားဖို့ကောင်းတဲ့သတ္တဝါလေးတွေနဲ့တောင်တူတယ်။
ကောင်းဖန်နဲ့ဦးလေးလျိုတို့က သုံးထပ်မြောက်ကိုတက်ခဲ့ကြသည်။ အထပ်တစ်ခုလုံးကို စတူဒီယိုက ငှားရမ်းထားကာ လူတစ်ဝက်လောက်မြင့်တဲ့ အနက်ရောင်ဝါးအိုးနှစ်လုံးက တံခါးဝနှစ်ဖက်မှာထောင်ထားသည်။
စူးရှတဲ့ရနံ့က အနက်ရောင်ဝါးဆီမှရောက်လာ ပြီး အထပ်တစ်ခုလုံးကို အမွှေးရနံ့ သင်းထုံစေသည်။
ရှေ့ကစားပွဲခုံမှာ အပြာနုရောင် ကိုယ်ကြပ်အနောက်တိုင်းဝတ်စုံနှင့် မိန်းကလေးတစ် ယောက်ရှိသည်။ သူမ၏ဆံပင်ကို ထောင်၍ချည်ထားပြီး ရိုးရှင်းတဲ့မိတ်ကပ်လိမ်းထား သည်။
ဦးလေးလျိုဝင်လာတော့ မိန်းကလေးကထိတ်လန့်သွားပြီးနောက် ချက်ချင်းဘဲနှုတ် ဆက်လိုက်သည်၊ “မင်္ဂလာနေ့လည်ခင်းပါ ဆရာ။” ထိုအချိန်အတွင်းမှာပင် သူမကဦးလေးလျိုဘေးမှာရပ်နေတဲ့ ကောင်းဖန်ကိုကြည့်လိုက်သည်၊ ကောင်းဖန်ကို ကြည့်ရတာငယ်သေးတယ်, သူကသူဌေးအသစ်ရဲ့မြေးဖြစ်လိမ့်မယ်။
ထိုသူဌေးအသစ်ရဲ့ ပုံစံက မရှင်းလင်းပေမယ့် သူကချမ်းတော့ချမ်းသာတဲ့သူဖြစ်နိုင်သည်၊ အရင်ရက်ပိုင်းလောက်တုန်းက သူကဒီနေရာကိုရောက်လာပြီး စတူဒီယိုတစ်ခုလုံးကို တိုက်ရိုက်ဝယ်ပြီး မူလကရှိတဲ့သားရဲပျိုးထောင်သူတွေကိုလည်း အလုပ်ထုတ်ပစ်လိုက်သည်။ အစပိုင်းသူမလည်းအလုပ်ပြုတ်မှာစိုးရိမ်ခဲ့ပေမယ့် နောက်ပိုင်းတော့ သူမစိတ်သက်သာရာရခဲ့သည်။ သူဌေးအသစ်က သားရဲပျိုးထောင်သူတွေကိုဘဲအလုပ် ထုတ်ပစ်ပြီး အခြားအလုပ်သမားတွေကိုတော့ အရင်နေရာမှာဘဲထားသည်၊ သူမကို တစ်ခုတည်းသောရှုပ်ထွေးစေမှုက ထိုသူဌေးအသစ်ရဲ့လိုအပ်ချက်များပင်, ဒီစတူဒီယို ကသားရဲပျိုးထောင်သူတွေကို မကြာသေးမီကပြောင်းရွှေ့တာတွေနဲ့ပတ်သတ်ပြီး ဘာ မှပြန်ပြောဖို့ခွင့်မပြုဘူး၊ ဒါမှမဟုတ် သူတို့တစ်ခုခုပေါင်းကြံနေကြတာများလား၊
တစ်လလျှင်ထပ်ဆောင်း မဟာမိတ်ဒေါ်လာ၁၀၀၀ရရန် အတွက် အလုပ်သမားတွေ အကုန်လုံးက အရှက်မဲ့စွာနှင့် ဒီသူဌေးကို အညံ့ခံကြသည်၊
ဒါပေမယ့် သူတို့ကတိတ်တဆိတ် သက်မချမိကြသည်။ ဘာလို့ဒီသူဌေးကချမ်းသာပေမယ့် ထူးဆန်းနေတာလဲ။
“ အားလုံး စုဝေးလိုက်ကြပါဦး” ဦးလေးလျိုက ဂုဏ်သရေရှိရှိတည်ငြိမ်စွာနှင့် မျက် မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့” မိန်းကလေးကပြောလိုက်သည်၊
ထိုအချိန်မှာဘဲ ကောင်းဖန်က ဦးလေးလျိုစကားပြောရင် မည်မျှပင်လေးနက်သည်ကို နောက်ဆုံးတွင် သဘောပေါက်နားလည်တော့သည်။
ခဏကြာတော့ ဂဠုန်ငှက်ပျံသန်းခြင်း စတူဒီယိုမှအလုပ်သမားများက ဧည့်စောင့်ခန်း တွင် စုဝေးကြသည်။
သူတို့အားလုံးပေါင်းမှ ၁၀ယောက်သာရှိပြီး သန့်ရှင်းရေးမိန်းကလေး နှစ်ယောက်ပါဝင် သည်။
“ခုချိန်ကနေစပြီးတော့ ဒီလူကငါတို့ဂဠုန်ငှက်ပျံသန်းခြင်းစတူဒီယိုက သားရဲပျိုးထောင် သူ ခေါင်းဆောင်ဘဲ၊ သူကငါ့တို့ရဲ့ အစုရှယ်ယာဝင်တစ်ယောက်ဘဲ။” ဦးလေးလျိုက သူ့နောက်မှာရပ်နေတဲ့ ကောင်းဖန်ကိုညွှန်ပြကာပြောလာသည်။
ဘာရယ်???
လူတစ်စုက ရှော့ရသွားတော့တယ်, ဒီကောင်လေးကအရမ်းမငယ်လွန်းဘူးလား။
အဖွဲ့လိုက်အလုပ်သမားများကိုကြည့်ရတာ သူတို့အတန်းထဲကဆရာရဲ့မိန့်ခွန်းစကား ကိုစောင့်နေတဲ့ကလေးတွေလိုဘဲ, ကောင်းဖန်ကစိတ်စောနေသည်။ သူ့မျက်နှာက
တင်းမာနေသည်၊ “ ကျနော်က ကောင်းဖန်ပါ၊ ကျနော်တို့အဖွဲ့လိုက် အတူတူလုပ်ပြီး အားလုံးကောင်းကောင်းမွန်မွန်နေနိုင်ဖို့မျှော်လင့်ပါတယ်။”
“ဖန်က အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူ, ပြီးတော့ချန်အန်းမြို့ရဲ့အငယ်ဆုံး အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူဘဲ၊ သူကစံချိန်ကိုတောင်ချိုးနိုင်ထားတာ။” ဦးလေးလျိုကလည်ချောင်းကိုရှင်းပြီးနောက်ကောင်းဖန်ကို အနားယူတဲ့အတန်းကို လမ်းပြခဲ့သည်။
“ဒီလိုငယ်ရွယ်တဲ့ လူငယ်သားရဲပျိုးထောင်သူ”
“ သူကအလယ်အလတ်သားရဲပျိုးထောင်သူဘဲ၊ သူ့ကိုကြည့်ပါဦး, အရမ်းငယ်ပြီး ချစ်ဖို့ လည်းကောင်းတယ်” တချို့လူလွတ် အမျိုးသမီးဝန်ထမ်းများကတောက်ပပြီး စိတ်လှုပ် ရှားတဲ့မျက်လုံးများနှင့်ကောင်းဖန်ကို အထက်အောက် စုန်ချည်ဆန်ချည်ကြည့်နေကြ သည်။
လူဦးရေက ၁၀ယောက်မျှသာရှိတဲ့အတွက် ထိုအထပ်ရဲ့ ၁၀ပုံ၁ပုံတောင်နေရာမယူ ထားဘူး။
ကျန်တဲ့အခန်းတွေကတော့ အားကစားစင်တာ, ယောဂအခန်း, ဧည့်သည်စင်တာ, ဧည့်ခန်းမ, ဘား…စသည်တို့ပါဝင်ပြီး သုံးပုံတစ်ပုံကိုနေရာယူထားပြီး မျက်စိကိုဖမ်း စားထားသော ကြီးမားပြီးဘာမှမရှိသည့်အခန်းရှိသည်၊ အခန်း၏အတွင်းနံရံများကို အနက်ရောင်အသံစုပ်ယူနိုင်သော ပလတ်စတစ်ပြားများဖြင့် ပြင်ဆင်ထားသည်၊ တချို့သောဧည့်သည်များသည် သူတို့၏သားရဲများကို ဒီနေရာတွင်လေ့ကျင့်ရန်နှင့် စိတ်ဓာတ်ပျိုးထောင်ရန်အတွက်ခေါ်ဆောင်လာတတ်ကြသည်။
“ဆိုတော့, မင်းဘယ်လိုခံစားရလဲ? မင်းဒါကိုသုံးမှာလား? စိတ်မပူပါနဲ့, မင်းလက်ထဲမှာ ရှယ်ယာရှိတယ်, ဒါကြောင့်မလို့ ဒီလောက်အတိုင်းအတာထိကတော့ မင်းရဲ့ကိုယ်ပိုင် စတူဒီယိုဘဲ” ဦးလေးလျိုကပြုံးလိုက်သည်။
ကောင်းဖန်ခေါင်းညိတ်လိုက်ပြီး “ ကျနော့်အတန်းက မနက်ဖြန်စမယ်၊ ကျနော်ဒီနေ့ နေ့ခင်းတောင် ကျနော်အလုပ်စနိုင်တယ်၊ ကျနော်အိမ်မှာဘာမှလုပ်စရာမရှိဘူး။”
“ဟုတ်ပြီ, ဒါကမင်းအပေါ်မှာဘဲမူတည်တယ်၊ မင်းကအလုပ်ကနေခွင့်ယူချင်ရင် ဘယ်အချိန်ဖြစ်ဖြစ်ရတယ်၊ ငါအခုအိမ်ပြန်လိုက်ဦးမယ် အိမ်က ဒီအိုနေတဲ့လူကြီး အတွက် သက်တောင့်သက်သာဖြစ်တဲ့နေရာဘဲ” ဦးလေးလျိုက ကောင်းဖန်အပြင် လိုက်ပို့သည်ကို လက်ဝှေ့ယမ်းပြီးတားလိုက်သည်။
ဦးလေးလျိုရဲ့နောက်ကျောကိုကြည့်ရင်း ကောင်းဖန်ခဏလောက်တိတ်ဆိတ်စွာနဲ့ ကျန်နေပြီး သူနောက်ဆုံးတော့ပြောလိုက်တယ် “ကျေးဇူးတင်ပါတယ်”
“မင်းကျေးဇူးတင်ရမယ့်သူက ငါမဟုတ်ဘူး” ဦးလေးလျိုကရီလိုက်သည်။
ဒါဆိုဘယ်သူလဲ? ကောင်းဖန်မျက်မှောင်ကြုတ်လိုက်တယ်၊ သူရှုပ်ထွေးနေတယ်။
***
အခန်း ၂၃ နှစ်ဆတောင်းမယ်ဆိုရင်?
ကောင်းဖန် မနက်ကတည်းက ဘာမှမစားခဲ့ရသေးတာကြောင့် အတော်လေးဆာလောင်လို့နေပေပြီ။
ထို့ကြောင့် သူ့ဗိုက်သူ ပွတ်နေမိသည်။ အောက်ထပ်ကိုဆင်းကာ စားဖို့ ပေါင်မုန့်နည်းနည်းလောက်ဖြစ်ဖြစ် သွားဝယ်ချင်သော်လည်း သူစတူဒီယိုက ထွက်လိုက်သည့် အချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ဖောက်သည်တစ်ယောက် ရောက်လာမည်ကိုလဲ စိုးရိမ်နေမိသည်။
စတူဒီယိုမှ ထွက်ဖို့ မထွက်ဖို့ကို ခက်ခက်ခဲခဲ ကြိုးစားဆုံးဖြတ်နေရင်း အချိန်နာရီဝက်ပင် ကုန်သွားပေမည့် ဖောက်သည်တစ်ယောက်မှ ရောက်မလာခဲ့ပေ။
ရုတ်တရက် ကောင်းဖန် လေထုကို ရှူရှိုက်မိလိုက်ကာ မွှေးပျံ့သည့်ရနံ့တစ်ခုက သူ၏အနံ့ခံအာရုံကြောများမှတစ်ဆင့် ချဉ်းနင်းဝင်ရောက်လို့လာခဲ့သည်။
ထိုရနံ့၏ရင်းမြစ်ကို ရှာဖွေကြည့်လိုက်ချိန်တွင်တော့ ထူးထူးဆန်းဆန်းအမူအရာဖြစ်နေသည့် ဧည့်ကြိုမိန်းကလေးကို ကောင်းဖန်တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများမှာ ဂဏာမငြိမ်ဖြစ်နေကာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ရန် အတော်လေးကြိုးစားရုန်းကန်နေရသလိုပင်။
ကောင်းဖန် သူမရှိရာသို့ လျှောက်သွားလိုက်သည်နှင့် သူမက သာယာချိုမြိန်သည့် အသံလေးဖြင့်၊ “မင်္ဂလာနံနက်ခင်းပါ ဘော့စ်။” ကောင်းဖန်သည် ရှယ်ယာရှင်တစ်ဦးလဲဖြစ်တာကြောင့် သူသည်လဲ အလိုအလျောက်ပင် ဝန်ထမ်းများအတွက် သူဌေးဖြစ်သွားပေသည်။
ကောင်းဖန် သူမ၏နှုတ်ခမ်းထောင့်ကို ညွှန်ပြလိုက်ပြီး၊ “မင်းမှာ ပေါင်မုန့်စတွေ ကပ်ကျန်နေတယ်။ ပြီးတော့ မင်း စားပွဲအောက်ထဲထိုးဖွက်ထားတဲ့ ပေါင်မုန့်ထုပ်ကလဲ အစွန်းထွက်နေတယ်။”
“အာ! ကျွန်မ ဒီနေ့ နည်းနည်းနောက်ကျပြီးမှ နိုးလို့။ မနက်စာ ပြင်ဖို့ အချိန်မရလိုက်တာကြောင့် ပေါင်မုန့်ဝယ်လာမိတာပါ။ ကျေးဇူးပြုပြီး ကျွန်မလစာကိုတော့ မဖြတ်ပါနဲ့နော်။” ဧည့်ကြိုမိန်းကလေးသည် အထိတ်တလန့်ဖြင့် သူမပါးစပ်ကို သုတ်လိုက်ကာ ချစ်စရာကောင်းသည့် အမူအရာများထုတ်ပြပြီး အသနားခံလိုက်သည်။
“ဒီတစ်ခေါက်တော့ သတိပေးရုံပါပဲ။ နောင်ကိုတော့ ဂရုစိုက်ပေါ့။ တကယ်တော့၊ ဒီအနီးအနားမှာ ပေါင်မုန့်ဆိုင်များ ရှိမလားလို့ ကျွန်တော် မေးချင်ရုံပါ။” ကောင်းဖန်မေးလိုက်သည်။
“အာ…” ဧည့်ကြိုမိန်းကလေးက သူမအဖြေကို ဆက်မပြောခင် မျက်တောင်ပုတ်ခတ်ပုတ်ခက် လုပ်လိုက်ပြီး၊ “ဓါတ်လှေကားနဲ့ အောက်ထပ်ကို ဆင်းသွားပြီး ဘယ်ဘက်ကို ချိုး၊ ပြီးရင် မီတာ၁၀၀လောက်ဆက်သွားလိုက်ရင် တံတားထိပ်တစ်ခုကို ရောက်သွားပါလိမ့်မယ်။ တံတားကိုဖြတ်ပြီး နောက်ထပ် မီတာ၅၀လောက်လျှောက်လိုက်ရင် ရတနာဥယျာဉ်မုန့်တိုက်ကို တွေ့လိမ့်မယ်။ အဲ့ဆိုင်က ပေါင်မုန့်တွေက အကောင်းဆုံးပဲ! ချောကလက်ပေါင်မုန့်နဲ့ ငှက်ပျော်ရေခဲချောင်းဆိုရင် အရသာအရှိဆုံးပဲ။”
“အမ်…” ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဧည့်ကြိုမိန်းကလေး၏ ရင်ဘက်ပေါ်ရှိ နာမည်ကတ်ကိုကြည့်ကာ သူမနာမည် ရွှင်းချွမ်ချွမ်ကို မှတ်သားထားလိုက်သည်။
ဧည့်ကြိုမိန်းကလေးပြောသည့် ရတနာဥယျာဉ်မုန့်တိုက်သည် ရှာရလွယ်ကူပေသည်။ ကောင်းဖန် ဆိုင်ထဲသို့ဝင်သွားသည်နှင့် အထဲတွင် များပြားလှသည့်ဝယ်သူများကို တွေ့လိုက်ရသည်။
တစ်ခါတစ်ရံ ဆိုင်တစ်ဆိုင်၏အစားအသောက် ဘယ်လောက်ကောင်းလဲ သိလိုပါက အွန်လိုင်းပေါ်မှ ပြန်လည်သုံးသပ်ချက်များကို ရှာခြင်း သို့မဟုတ် တခြားစားဖူးသူတစ်ယောက်ယောက်၏ အမြင်ကို မေးခြင်းမျိုး မလိုအပ်ပေ။ ထိုဆိုင်ကိုလာသည့် ဖောက်သည်အရေအတွက်ကပင်လျှင် အကောင်းဆုံးသာဓကဖြစ်သည်။
ပုံမှန်အားဖြင့် အစားအသောက်ကို ဝယ်ယူသူ အလွန်များနေပါက ထိုအစားအသောက်၏အရသာမှာ ဆိုးဝါးမည်မဟုတ်ပေ။ အနည်းဆုံးတော့ ထိုဆိုင်၏အထူးအစားအသောက်များမှာ လူကို စိတ်ပျက်လောက်သည်အထိတော့ ဆိုးမည်မဟုတ်ပေ။
ကောင်းဖန် ဝေဖာကွတ်ကီးတစ်အိတ်ကို ဘယ်လက်တွင်သယ်ပြီး ညာဘက်တွင် ကိုင်ထားသည့် ပေါင်မုန့်တစ်ခုကိုတော့ ကိုက်ဝါးရင်း ပြန်လာခဲ့ကာ ဓါတ်လှေကားထဲသို့ ဝင်လိုက်သည်။
ဓါတ်လှေကားတံခါး ပိတ်ခါနီးတွင်ပဲ အပြင်ဘက်မှ ပြေးလာသံများကို ကြားလိုက်ရကာ၊ “ခနလေးပါ။ တောင်းပန်ပါတယ်။” ဟု အသက်၃၀ခန့်ရှိသည့် မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးက ပြောလာသည်။ ထိုလူက ဝတ်စုံပြည့်ကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ ကောင်းဖန်ကို အားနာသည့် အပြုံးမျိုးဖြင့် ပြုံးပြလေသည်။ ထိုလူ၏ဘယ်ဘက်တွင်တော့ ဂါဝန်နီနီလေးဝတ်ထားသည့် ကောင်မလေးတစ်ဦးလက်ကို ကိုင်ထားသည်။ ထို့နောက် ထိုလူက ဓါတ်လှေကားမှ အထပ်နံပါတ်ကို နှိပ်ဖို့ ကြည့်လိုက်ချိန်တွင် သူရွေးချင်သည့် သုံးလွှာ နံပါတ်မှာ နှိပ်ထားပြီးဖြစ်နေတာကြောင့် ကောင်းဖန်ကို စူးစမ်းသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
ကောင်းဖန်ကလဲ ထိုလူကို ပြန်လှည့်ကြည့်လာတာကြောင့် ထိုလူက ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြုံးပြပေသည်။
ဓါတ်လှေကားထဲတွင် ကောင်မလေးက ကောင်းဖန်ကိုသာ ခေါင်းစောင်းပြီးကြည့်နေကာ ကောင်းဖန်လက်ထဲတွင် ကိုင်ထားသည့် ပေါင်မုန့်ကိုလဲ ကြည့်လို့နေသည်။ သူမက အနံ့အနည်းငယ်ခံလိုက်ပြီး သတိလက်လွတ်ဖြင့် သူမနှုတ်ခမ်းများကို လျှာဖြင့်ပင် သပ်လိုက်သေးသည်။ နောက်တော့မှ ကောင်းဖန်လက်ထဲမှ ပေါင်မုန့်ကို မကြည့်မိရန်အလို့ငှာ သူမခေါင်းကို ခက်ခက်ခဲခဲပြန်လှည့်ရတော့သည်။
သို့ပေမည့် စက္ကန့်ပိုင်းအကြာတွင်ပဲ သူမလေးမနေနိုင်စွာဖြင့် ပေါင်မုန့်ကို ခိုးကြည့်လို့လာပြန်သည်။
ကောင်းဖန် မနေနိုင်ဘဲ ရယ်မိသွားတော့သည်။ ထို့နောက် သူ့ဘယ်ဘက်မှ အိတ်ကိုဖွင့်လိုက်ကာ ဝေဖာကွ်ကီးတစ်ခုကို ယူပြီး ကောင်မလေးကို ပေးလိုက်သည်။
“မယူဘူး!” ကောင်မလေးက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေကာ လူကြီး၏လက်မောင်းကို တင်းတင်းဆွဲဖက်ထားရင်း ကောင်းဖန်ကို သတိကြီးစွာ ကြည့်လိုက်သည်။
ဒင်! နောက်ဆုံးတော့ သူတို့ တတိယထပ်ကို ရောက်လာကာ ကောင်းဖန်လဲ နေရခက်လှသည့် အခြေအနေကြီးမှ လွတ်မြောက်သွားတော့သည်။
မျက်မှန်နှင့်လူကြီးနှင့် ကောင်မလေးသည် သူတို့၏ကျွမ်းဝင်ကောင်ကို အဆင့်မြှင့်တင်ဖို့ရန်အတွက် သားရဲပျိုးထောင်သူတစ်ယောက်ကို လာရှာခြင်းဖြစ်သည်။ ကောင်းဖန်၏ ငယ်ရွယ်ပုံကို မြင်လိုက်ရတော့ သူတို့နှစ်ယောက်လုံး အရင်ဆုံး သံသယဖြစ်စွာ ကြည့်လိုက်ကြသည်။ သို့ပေမည့် ကောင်းဖန်ကတော့ တည်ငြိမ်အေးဆေးစွာဖြင့်ပင် သူ၏အလယ်အလတ်အဆင့် သားရဲပျိုးထောင်သူလက်မှတ်ကို ထုတ်ပြလိုက်သည်။
“ထက်မြက်တဲ့လူငယ်ပဲ။ တကယ်အရည်အချင်းရှိတဲ့လူငယ်လေးပဲ!” မျက်မှန်နှင့်လူကြီးက သူလေးစားသဘောကျကြောင်းကို လက်ခုတ်တီး၍ပါ ဖော်ပြလာခဲ့သည်။
“မင်း့နဲ့အတူ ကိုယ်ပိုင်သားရဲကို ခေါ်လာခဲ့လား? ပုံမှန်ဆိုရင် ငါ့အတွက်က မင်းရဲ့ကိုယ်ပိုင်သားရဲကို ကိုယ်တိုင်ကြည့်ပြီးမှ အကြံဉာဏ်ပေးရတာ ပိုကောင်းတယ်။”
“တာ့ပိုင်က အောက်ထပ်မှာ၊ ဓါတ်လှေကားနဲ့ မဆံ့လို့ မခေါ်လာခဲ့တာ။” မျက်မှန်နှင့်လူကြီးက ပြန်ပြောလာသည်။ “အိုး၊ ဟုတ်သားပဲ၊ ငါ့ကိုငါတောင် မိတ်ဆက်ဖို့မေ့နေတာ။ ငါက ရှုချန်း၊ ဒါကတော့ ငါ့သမီး တို့တို့။”
“ဓါတ်လှေကားက လူတွေအတွက်ပဲ ဒီဇိုင်းဆွဲဆောက်ထားတာဆိုတော့ မင်းရဲ့ကိုယ်ပိုင်သားရဲနဲ့ မဆံ့တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ငါတို့မှာ ငါတို့ရဲ့အထူးလမ်းကြောင်းရှိတယ်။” ကောင်းဖန် မတ်တပ်ထရပ်လိုက်ကာ ရှုချန်းနှင့်တို့တို့ တို့ကို စတူဒီယိုထဲမှ အကြီးဆုံးအခန်းဆီသို့ ခေါ်သွားလိုက်သည်။ သူတို့နှင့်အတူ ဝန်ထမ်းအချို့ကိုလဲ ခေါ်လာခဲ့လိုက်သည်။
ထို့နောက် အဝေးထိန်းခလုတ်ကို ထုတ်ယူပြီး မျက်နှာကျက်ကို ညွှန်ရင်း ခလုတ်ကို နှိပ်လိုက်သည်။
ပွတ်ချ်!!!
ပြတင်းပေါက်များနှင့်အတူ နံရံကြီးသည် အပြင်ဘက်သို့ ရုတ်တရက်ပွင့်ထွက်သွားကာ ရေနွေးဆူသည့်အခါထွက်ပေါ်သည့် အသံမျိုးထွက်ပေါ်လာသည်။ ပွင့်သွားသည့် နံရံမှနေပြီး နေရောင်ခြည်ကလဲ တိုးဝင်လာခဲ့သည်။
အလင်းအစက်အပြောက်တွေက ကြမ်းပြင်ပေါ်မှာတောက်ပလာပြီး နေရောင်နဲ့မထိခင် အထိ ပိုပြီးကြီးထွားလာသည်။ ပြတင်းပေါက်တွင်ထားရှိသောနံရံအကာသည် ကြမ်းပြင် တွင်မျဉ်းပြိုင်ပုံစံများဖြစ်လာပြီး ဆွဲတံတားပုံစံနှင့်ဆင်တူလာသည်။
ဆွဲတံတားသည် အရှိန်တဖြည်းဖြည်းအောက်သို့နိမ့်ကျလာသည်။ လမ်းလျှောက်နေ သူများက ထိုဧရိယာတစ်ဝိုက်ကိုအလျင်အမြန် ရှောင်သွားကြတာ ဒါမှမဟုတ် သူတို့ လမ်းကြောင်းပေါ်မှာရပ်နေတာတို့ ပြုလုပ်ခဲ့ကြသည်။
“မင်းရဲ့ကိုယ်ပိုင်သားရဲကို အပေါ်ကိုတက်လာဖို့ပြောလိုက်ပါ” ကောင်းဖန်ကပြောလိုက် သည်။
ရှုချန်းက လမ်းပေါ်မှာတွေဝေစွာနဲ့ ခြေကားယားလက်ကားယားထိုင်နေတဲ့ တာ့ပိုင်ကို အလျင်အမြန်ခေါ်လိုက်တယ်။ တာ့ပိုင်ကြည့်လိုက်သည်၊ ထို့နောက် ကောင်းဖန်က ထို အလင်းပျောက်ပုံစံနဲ့တူတဲ့သားရဲကို ကြည့်လိုက်သည်။ ၎င်းကခွေးပုံစံသားရဲဖြစ်ပြီး ကပ်ဆိုးကြီးမတိုင်ခင်ကြီးမားတဲ့ ပဲရီနီးခွေးအမျိုးအစားနှင့်တောင်ဆင်တူသည်။ ဒါတကယ်ကို ကြီးတဲ့အဖြူရောင်ပဲရီနီးခွေးမျိုးဘဲ။
ကပ်ဆိုးမတိုင်ခင်က ထိုပဲရီနီးခွေးအမျိုးအစားသည် အတိအကျကြီးမားတဲ့ခွေးအမျိုး အစားဖြစ်သည်။ ကံဆိုးစွာနဲ့ဘဲ ၎င်းသည် ကပ်ဆိုးကနဦးကာလအတွင်းမှာ ၎င်းတို့၏ ခန္ဓာကိုယ်အရွယ်အစားမှာအနည်းငယ်ဘဲပြောင်းလဲမှုရှိလာခဲ့သည်၊ ၎င်းကအခြားခွေး အမျိုးအစားများ၏ကြီးထွားမှုအတိုင်းမဟုတ်ခဲ့သောကြောင့် ယခုတွင်တော့ သေးငယ် သောခွေးဒါမှမဟုတ် အလယ်အလတ်ခွေးအမျိုးအစားအဖြစ်ဘဲသတ်မှတ်နိုင်သည်။
အဖြူရောင် ပဲရီနီးခွေးကို ဆွဲတံတားဖြင့် ခေါ်လာခဲ့ရသည်။ သူရဲ့သခင်ကိုတွေ့ရတဲ့ အခါတွင် ၎င်းကအလွန်ဝမ်းသာသွားကာ ရှုချန်းပေါ်ကိုခုန်တက်လိုက်ပြီး သူ့ခေါင်းကို ကြမ်းပြင်နှင့်ခေါက်မိ၍ ငိုက်ကျနေစဉ်သူ့မျက်နှာကို အမောတကောနှင့်ယှက်နေသည်။
“ဒီခွေးက မင်းနဲ့ကပ်ဆိုးမတိုင်ခင်ကတည်းက တူတူနေလာခဲ့တာလား” ကောင်းဖန် သည် ပဲရီနီးခွေး၏ စရိုက်လက္ခဏာများနှင့် အပြုအမူများကိုကြည့်ကာ သူမေးမြန်း ချင်တာကို မတားဆီးနိုင်ခဲ့ပေ။
“ဟုတ်တယ်” ရှုချန်းကခံစားနေတဲ့မျက်နှာနဲ့ပြောလိုက်ပြီး “တာ့ပိုင်က ငါတို့နဲ့နေလာ တာခြောက်နှစ်ရှိနေပြီ, သူက တို့တို့ ထက်တောင်တစ်နှစ်ကြီးတယ်၊ သူငါတို့နဲ့ဒီထက် ပိုကြာကြာနေနိုင်ဖို့မျှော်လင့်ပါတယ်။”
ကပ်ဆိုးကြီးပြီးတဲ့နောက်မှာတော့ ကမ္ဘာဂြိုလ်ရဲ့စွမ်းအားကပိုအားကောင်းလာပြီး ရလဒ်အနေနဲ့ကတော့ သားရဲတွေရဲ့သက်တမ်းက ပိုတိုလာသည်၊ ခွေးတွေက ကပ်ဆိုး ကြီးမတိုင်ခင်ကတည်းက တစ်နှစ်ခွဲနှစ်နှစ်လောက်ကြာပြီး ခုချိန်မှာတော့ တစ်နှစ်ပတ် လည်လောက်သာလိုသည်။
“မင်းရဲ့ ပဲရီနီးခွေးဖြူက အထူးအဆင့်ဖြစ်တာကြောင့် ငါစဉ်းစားနေတာ မင်းသူ့ကို ပြီးပြည့်စုံတဲ့အဆင့်ရောက်စေချင်ပြီး အုပ်ချုပ်သူအဆင့်ထိရောက်အောင် မျှော်လင့်နေ တယ်မလား?”ကောင်းဖန်က ပဲရီနီးခွေးဖြူကိုကြည့်လိုက်တာနဲ့ ၎င်းရဲ့ဒေတာများကို အလွယ်တကူမြင်နိုင်သည်၊
ဒါကရှုချန်းကိုအံ့ဩသွားစေတယ်။ ကောင်းဖန်က သူ့ရဲ့တာ့ပိုင်ကို အလွန်တိုတောင်းတဲ့
အချိန်တိုလေးအတွင်းမှာ အထူးအဆင့်ဖြစ်တဲ့အကြောင်းကို သူ့မျက်လုံးများနှင့် ကြည့်ရုံမှလွဲ ဘာမှမသုံးဘဲကောက်ချက်ချနိုင်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။ သူကအစ ကကောင်းဖန်ရဲ့အရည်အချင်းနှင့်ပတ်သတ်ပြီးသံသယရှိခဲ့ပေမယ့် ယခုတွင်တော့ ကောင်းဖန်သည် တကယ်ဖြေရှင်းနိုင်ကြောင်းအကြွင်းမဲ့ယုံကြည်လိုက်ပြီဖြစ်သည်။ “အဲ့တာ ဟုတ်တယ်” သူပြောလိုက်သည်။
“အင်း..”ကောင်းဖန်တိုးတိုးလေးရေရွတ်လိုက်သည်၊ သူကတခြားသားရဲပျိုးထောင်သူ တွေနဲ့ကွာခြားသည်၊ သူ့ရဲ့ညွှန်ကြားချက်အောက်ကို လိုက်နေသရွေ့ ဘယ်သားရဲမဆို သူ၏ဂရုစိုက်မှုကို ရမည်ဖြစ်ပြီး အဆင့်တက်စေရန် ၁၀၀ရာခိုင်နှုန်း အောင်မြင်မည်ဖြစ် သည်။
သူ့စွမ်းရည်မှပေးသော နည်းစနစ်များသည်မအောင်မြင်ခြင်းရှိမရှိကိုသူသေချာမသိ သေးသော်လည်း အခုအချိန်ထိတော့ ဘာမှအရိပ်အယောင်အပြသေးပါ။ ဆိုလိုသည်မှာ ဒီအဆင့်အတွင်းရှိ သားရဲများနှင့် အလုပ်လုပ်ကိုင်သည့်အခါ ရှုံးနိမ့်မှုနှုန်းမတည်ရှိသေး ဟုဆိုလိုခြင်းဖြစ်သည်။
ဤအခြေအနေတစ်ရပ်တွင် သူဝန်ဆောင်မှုပေးရန်တာဝန်ကျတဲ့အခါ အခြားသားရဲပျိုး ထောင်သူတွေလို တူညီတဲ့စံနှုန်းတွေကို အသုံးပြုဖို့မဖြစ်နိုင်ဘူး။ သူ့ရဲ့လက်စွမ်းနဲ့ဆိုရင် အပေါစားဆန်လွန်းတယ်။
ဒါကသူ့ရဲ့ဗဟုသုတနဲ့ ထူးခြားတဲ့စွမ်းရည်ကို စော်ကားသလိုဖြစ်လိမ့်မယ်၊
အန်ကယ်လျိုကသူ့ကိုပေးဖို့ သဘောတူထားတာက အနိမ့်ဆုံးလစာဖြစ်ပြီး ဝင်ငွေရဲ့ရှယ်ယာတစ်ခုပါ ပါဝင်သည်။
အဲ့ဒါက မဟာမိတ်ငွေကြေးငါးခုနှင့် ကောင်းဖန်၏တိုင်ပင်ဆွေးနွေးမှု ၉၀%သည် လစဉ် လစာဖြစ်သည်။
များသောအားဖြင့် စတူဒီယိုနှင့် သားရဲပျိုးထောင်သူအကြား ညှိနှိုင်းတိုင်ပင်ကြေးကို ၅၀-၅၀ကြားခွဲပေးသည်, သို့သော် ဦးလေးလျိုကဝင်ငွေ ၉:၁အဖြစ်ခွဲဝေရန် ရွေးချယ်ခဲ့ပြီး သူက ၁၀ %နှင့် ကောင်းဖန်က ၉၀% လက်ခံရရှိခဲ့သည်။ ကောင်းဖန်က ဦးလေးလျိုဒီနည်း ဖြင့်အကျိုးအမြတ်ရရန် မည်ကဲ့သို့ရည်ရွယ်သည်ကို မသိပါ။
ဦးလေးလျိုက ရိုးရိုးတန်းတန်းသာဖြေခဲ့သည်, “ ဒီစတူဒီယိုကိုဖွင့်ဖို့မျှော်လင့်ချက်နဲ့ဘဲ ဆက်ပြီးဖွင့်ခဲ့တာ၊ ဒါနဲ့ငွေရှာဖို့ရည်ရွယ်ချက်ကို မထားခဲ့ဘူး၊ မင်း ဦးလေးကို ကူညီချင် ရင်ဒီစတူဒီယိုကို နာမည်ရအောင်ဘဲကြိုးစားပေးပါ၊”
အဓိက အကြောင်းအရင်းကတော့ စတူဒီယိုရဲ့ဝင်ငွေအတွက် ဆွေးနွေးညှိနှိုင်းခြင်းဖြစ် သည်။
အခုအချိန်မှာတော့ ကောင်းဖန်သည်အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူ၏ ပုံမှန်အခကြေးငွေကို သုံးဆကောက်ရန် ဆုံးဖြတ်လိုက်သည်၊
ဒီဖခင်နဲ့ သမီးကတော့ သူ့ရဲ့ပထမဆုံးဧည့်သည်များဖြစ်သည့်အတွက် ပုံမှန်ငွေကြေး၏ နှစ်ဆဘဲယူရန်ပင် ရည်ရွယ်ထားသည်။
ကောင်းဖန်က သူ့ရဲ့ကမ်းလှမ်းချက်သည် အလွန်ကောင်းမွန်သည့်အပြုအမူဟုထင် သည်၊ သူသေချာပေါက် ကြီးမားတဲ့လျော့ချမှုကိုလုပ်နိုင်သည်။
ကောင်းဖန်သည်သူ၏စိတ်ကူးကို ပြင်ဆင်ပြီးနောက် ရှုချန်းနှင့်သူ၏သမီးကို သူ့ရဲ့ အဖိုးအခကိုပြောလိုက်သည်၊ ရှုချန်း သူ့နားတွေကိုတောင်မယုံနိုင်ဘူး၊ ကောင်းဖန် သည်ရည်မွန်တဲ့လူငယ်တစ်ဦးလို့ထင်ရသည်၊ သူက ငွေကြေးခေါင်းပုံဖြတ်နေတာကို အနည်းငယ်သိနေခဲ့သည်၊
ရှုချန်းသူ့ခေါင်းကို ခါယမ်းလိုက်ပြီး တုံ့တုံ့နှင့် ဆွေးနွေးရန်ဆိုကာထွက်သွားလိုက်သည်၊
“ နေပါဦး, ဒီလိုဆိုရင်ရော? အကယ်၍ အဆင့်တိုးမြှင့်တဲ့ကိစ္စမအောင်မြင်ခဲ့ရင် ကျနော် အခကြေးငွေမယူတော့ဘူး” ကောင်းဖန်ထပ်ပေါင်းပြောလိုက်သည်၊
ရှုချန်းရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်၊ သူ့ရဲ့မျက်မှန်တပ်ထားတဲ့မျက်လုံးတွေက မရိုးသားတဲ့စကားရိပ်သန်းနေတာကို ထုတ်ဖော်ပြောပြနေသလိုဖြစ်နေသည်၊ “ ဒါကမတရားတာဖြစ်နေတုန်းဘဲ၊ အဲ့အစားဒီလိုဆိုရင်ရော၊ မင်းရဲ့အဆင့်မြှင့်တင်မှု မအောင်မြင်ဘူးဆိုရင် မင်းကိုပေးရမယ့် အခကို ငါတို့ကိုလျော်ကြေးပြန်ပေးရမယ်၊”
***
အခန်း ၂၄ ၁၀ဆ!
မတရားဘူး?
ကောင်းဖန်အတွက်ကတော့ သူသေချာပေါက်မရှုံးနိမ့်ဘဲ အောင်မြင်နိုင်မည်ဖြစ်ကြောင်း သေချာထားပြီးဖြစ်သည်။ ယခုလို ညှိနှိုင်းလာသည့် လျော်ကြေးသည် ကိစ္စကြီးတစ်ရပ်မဟုတ်သလို ၁၀ဆ သို့မဟုတ် အဆ၁၀၀ လျှော်ကြေးပေးရမည်ဟု ပြောလာလျှင်ပင် ကြောက်စရာမဟုတ်ပေ။
ဒါပေမယ့်…..
ကောင်းဖန် ရုတ်တရက် ဒေါသထွက်လာခဲ့သည်။
သူ့ကိုယ်သူ အမြင့်ကြီးသတ်မှတ်ကာ မာနမကြီးသင့်မှန်း သိပေသည်။ သူ၏အရည်အချင်းအစစ်အမှန်အကြောင်းကို သူကလွဲပြီး ဘယ်သူကမှလဲ ပိုမသိနိုင်ပေ။ ရှုချန်း၏စကားများသည် ပြဿနာကြီးတစ်ခုမဟုတ်ပါဘဲ သာမာန်နားမလည်သေးသူများ၏ ပုံမှန်သဘောထားသာဖြစ်သည်။
အခြားသော အလယ်အလတ်အဆင့်သားရဲပျိုးထောင်သူများ၏ အထူးအဆင့် သားရဲတစ်ကောင်ကို ပြီးပြည့်စုံအဆင့်သို့ မြှင့်တင်ရာတွင် အောင်မြင်နှုန်းကို ကောင်းဖန်မသိပေမည့် သိပ်ပြီး အောင်မြင်နှုန်း မမြင့်လောက်မှန်းကိုတော့ ခန့်မှန်းမိပါသည်။
ဒါကြောင့်လဲ ဤနှုန်းထားက ရှုချန်းအတွက်ဆိုလျှင် အတော်လေးအကျိုးအမြတ်ရပေသည်။
သူ့သားရဲကို ပြီးပြည့်စုံအဆင့်သို့ သာမာန်အခကြေး၏နှစ်ဆတည်းဖြင့် ရသွားနိုင်သလို အလကားအဆင့်မြှင့်ခိုင်းခြင်းဖြင့်လဲ လျှော်ကြေးနှစ်ဆရသွားနိုင်ပေသည်။
ကောင်းဖန်ထံမှ စကားပြန်မရတာကြောင့် ရှုချန်းပြုံးလိုက်ပြီး၊ “ထားပါ၊ ငါနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီလောကမှာ ရာနှုန်းပြည့်အောင်မြင်နှုန်းဆိုတာမှ မရှိဘဲ။ တို့တို့ လာ၊ သွားကြစို့။”
ရှုချန်း တို့တို့၏လက်ကို ဆွဲကိုင်ရင်း ဖြည်းဖြည်းမှန်မှန်နှင့် ထွက်သွားလိုက်သည်။ နောက်ဆုံး ဓါတ်လှေကားရှေ့တွင် ခဏရပ်လိုက်သည်။ သို့ပေမည့် ထိုသို့ရပ်လိုက်ခြင်းမှာ ကောင်းဖန်ထံမှ လှမ်းတားလာမည်ကို စောင့်လိုခြင်းမဟုတ်ပေ။ သူနည်းနည်း ဝမ်းနည်းနေရပေမည့် ဒီလိုရလဒ်ပဲ ထွက်လာမည်ဆိုသည်ကို ခန့်မှန်းမိထားပြီးဖြစ်သည်။ နောက်ဆုံး သူဓါတ်လှေကားတံခါးကိုဖွင့်ကာ အထဲသို့ဝင်လိုက်သည်။
ထို့နောက် ဓါတ်လှေကားတံခါးလဲ ဖြည်းညှင်းစွာ ပိတ်သွားခဲ့သည်။
တစ်ဖက်တွင်တော့ ဝန်ထမ်းတစ်ဦးက တာ့ပိုင်ကို ဆွဲတံတားမှတစ်ဆင့် ပြန်ချပေးလေသည်။
ကောင်းဖန်သည်တော့ ဆွံ့အနေမိစဲပင်။ သူ့ဘဝရဲ့ပထမဆုံးအလုပ်က ဒီလိုပဲ ဆုံးခန်းတိုင်သွားပြီလား။
စတူဒီယိုမှ အခြားသောဝန်ထမ်းများ ထိုသတင်းကိုကြားသွားသည့် အချိန်တွင်တော့ ကောင်းဖန်ကို တစ်မျိုးတစ်မည်ပြောင်းလဲ ကြည့်ကုန်ကြသည်။
ဒီဘော့စ် အသစ်လေးက တော်တော်မာနကြီးတာပဲ။
သူတို့အမြင်တွင်တော့ ကောင်းဖန်သည် မာနကြီးက ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်မှုလေးရှိထားတာကြောင့် သူ့ကိုယ်သူအထင်ကြီးနေသည်ဟုသာ မြင်ကြသည်။
သို့ပေမည့် ထိုအကြောင်းကို ကောင်းဖန်နောက်ကွယ်တွင်သာ တိုးတိုးတိတ်တိတ်ပြောဆိုရဲကာ ရှုံးထဲမှတော့ ပေါ်ပေါ်ထင်ထင် ပြောဆိုရဲခြင်းမရှိကြပေ။ ဘာပဲဖြစ်ဖြစ် သူတို့သည် ကောင်းဖန်လက်အောက်တွင် အလုပ်လုပ်နေရသူများဖြစ်ကာ သူတို့သူဌေးအကြောင်းကို လူကြားထဲ မကောင်းပြောဖို့ သတ္တိဘယ်သူ့တွင်မှာ မရှိကြပေ။ သူတို့အလုပ်ကို ဆက်ပြီးမလုပ်ချင်ကြတော့ရင်တော့ တစ်မျိုးပေါ့။
ကောင်းဖန်သည်လဲ ကူကယ်ရာမဲ့သလိုခံစားနေရသည်။
ဒါပေမယ့် သူ့ဘက်ကတော့ သူ၏အတိုင်ပင်ခံကြေးကို လုံးဝမလျှော့ချင်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဈေးကိုထပ်မြှင့်ဖို့ပင် စိတ်ကူးပေါ်လာသေးသည်။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးမှာတော့ ကျိုးကြောင်းမဲ့တွန်းအားပေးမှုအပေါ် ကောင်းသည့်အသိစိတ်က အောင်နိုင်သွားခဲ့သည်။
ရိုးရိုးသားသားနှင့်လက်တွေ့ကို ရင်ဆိုင်ရန်၊ တစ်ဖက်သားဖက်မှ စဉ်းစားပေးရန်၊ နားလည်မှုရှိပေးပြီး စာနာသနားတတ်ဖို့ရန်….. ကောင်းဖန် ထိုသို့တွေးတော့ရမည့်ကို သိပေမည့် လက်မခံနိုင်သေးပေ။
ပြောရရင်တော့ ဈေးနှုန်းကို မြှင့်ဖို့ထက် လျှော့လိုက်ဖို့က ပိုလွယ်လှပေသည်။ သူသာ အခုချိန်မှာ သူ၏အတိုင်ပင်ခကို နှိမ့်ပေးလိုက်ပါက နောင်အချိန်များတွင် ပြန်လည်တိုးမြှင့်ဖို့ရန် ခက်ခဲသွားပေမည်။ သူ့ဘက်က ဖောက်သည်များ၏စိတ်ဆန္ဒကို အမြဲတစေ လိုက်လျောပေးနိုင်နေမည်မဟုတ်ကြောင်း သူ့ဖောက်သည်များ မသိနိုင်မှန်း ကောင်းဖန်သိပေသည်။ သူတို့မှာလဲ သူတို့အတွေးရှိသလို သူ့မှာလဲ ကိုယ်ပိုင်ခိုင်မာသည့် ဆုံးဖြတ်ချက်ရှိပေသည်။
သူ၏ကျော်ကြားမှု ကျယ်ပြန့်လာသည်နှင့်အမျှ ဖောက်သည်များလဲ သေချာပေါက် စဉ်ဆက်မပြတ်ရောက်လာကြမည်သာ။ ဒီချန်အန်းတစ်မျိုးလုံးတွင် ကောင်းဖန် သူ၏ကျွမ်းကျင်မှုကို ဘယ်သူမှ မသိနိုင်ဘူးလို့တော့ မယုံပေ။
နေ့လည်ပိုင်းကမြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့သည်။ နောက်ထပ်ဖောက်သည် သုံးဦးရောက်လာခဲ့သေးပေမည့် ဘယ်သူကမှ ကောင်းဖန်၏ဈေးနှုန်းကို လက်မခံနိုင်ကြပေ။
“ဘော့စ်၊ ကျွန်မတို့မှာ နောက်ထပ်ဖောက်သည်အသစ်တစ်ယောက်ရှိပါတယ်။” ရွှင်းချွမ်ချွမ်က ရုံးခန်းထဲမှ ကောင်းဖန်ကို ဖုန်းဆက်ပြောလိုက်သည်။ သူမအတော်လေးပင်ပန်းလို့နေပေပြီ။ ဒီသူဌေးလေးက ဘာကြောင့် သူ့နှုန်းထားကို မလျှော့ပေးနိုင်ရတာလဲ? တစ်ကြိမ်တည်းဆိုရင်တော့ နည်းတယ်လို့ ထင်ရမှာပေမယ်။ အကြိမ်ရေများလာရင် အမြန်ပမာဏကလဲ တစ်ပြိုင်နက်တိုးလာမှာပဲလေ။
လူချမ်းသာတွေရဲ့ အတွေးတွေကို ငါနားကိုမလည်နိုင်တော့ဘူး။
ရွှမ်းချွမ်ချွမ်၏အမြင်တွင်တော့ သူမ၏သူဌေးသည် လျှို့ဝှက်သူဌေးတစ်ယောက်ပင်။
“မင်းက ဒီကသားရဲပျိုးထောင်သူလား?” လူတစ်ယောက်က အခန်းတံခါးကို တွန်းဖွင့်ဝင်လာပြီး ကောင်းဖန်ကို သံသယရှိဟန်ဖြင့် စပြောလိုက်သည်။
“ဟုတ်တယ်။ ငါပါပဲ။” ကောင်းဖန် ခေါင်းညိတ်ပြလိုက်သည်။ “အရင်ဆုံးရှင်းအောင်ပြောထားပါ့မယ်။ ငါ့ရဲ့အတိုင်ပင်ခံကြေးက တခြားအလယ်အလတ်အဆင့် သားရဲပျိုးထောင်သူတွေထက် သုံးဆမြင့်တယ်။”
“ဘယ်လောက်ကုန်ကုန် ဂရုမစိုက်ဘူး။ မင်းသာ ငါ့သားရဲကိုအဆင့်မြှင့်နိုင်အောင် ကူညီပေးရင်၊ ပုံမှန်ဈေးထက် ၁၀ဆ မင်းကိုပေးနိုင်တယ်!” ဂျင်းဘောင်းဘီနှင့်လူငယ်က သူ့လက်များကို စားပွဲပေါ်သို့ ထောက်မှီတင်ရင်း မျက်လုံးများနီရဲနေဟန်ဖြင့် ပြောလိုက်သည်။
“ ၁၀ဆ ! မင်းအောင်မြင်သမျှကာလပတ်လုံး ငါမင်းကိုတခြားသားရဲပျိုးထောင်သူတွေ ထက် ၁၀ဆပေးမယ်!” လူငယ်က စိုးရိမ်ကြောင့်ကြစွာနဲ့စိတ်မရှည်မှုကြောင့် လျင်မြန် စွာပြောလိုက်သည်။
“ဒါကတည့်တိုးပြောတာဘဲ။”ကောင်းဖန်ကသက်ပြင်းချလိုက်သည်။ “မင်းရဲ့ကိုယ်ပိုင် သားရဲဘယ်မှာလဲ? ငါတိကျတဲ့အဖြေမပေးနိုင်ခင် ငါ့ကိုကြည့်ခွင့်ပေး။”
“ဒီမှာ” ဂျင်းဘောင်းဘီနှင့်လူငယ်က သူ့လည်ပင်းပတ်ကိုချွတ်လိုက်ပြီး ဂရုတစိုက်နှင့် ကလေးလက်ဖဝါးစာလောက်သာရှိသည့် ခရမ်းရောင်ကြွက်ကိုသူ့ရဲ့ အတွင်းအိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ်ဒီအချိန်မှာတော့ ထိုခရမ်းရောင်ကြွက်က ထူထပ်တဲ့သွေးကြောတွေနဲ့ဖုံးအုပ်ထားပြီး ရက်စက်ကြမ်းကြုတ်တဲ့ စပါးအုံးမြွေက သူ့ခန္ဓာကိုယ်ပေါ်မှာသွားနေသလိုပင် ဖြစ်နေတော့သည်၊ ခရမ်းရောင်ကြွက်သည် သေခြင်းတံခါးဝ၏ဂိတ်နားကိုရောက်နေပြီးရံဖန်ရံခါ စူးရှသော အသံညင်းညင်း ထွက်တတ်သည်၊
“တစ်လုံးဘဲပြော၊ yesလားnoလား” လူငယ်လေးကကောင်းဖန်ကိုကြည့်ကာ အသက်ရှု မြန်နေသည်။
ကောင်းဖန် လူငယ်ရဲ့လက်ထဲကခရမ်းရောင်ကြွက်ကိုကြည့်၍ သူ့မျက်လုံးကိုစောင်း ကြည့်ကာ ပြောလိုက်သည်, “ သူဘာတွေစားထားတာလဲ? ငါကသားရဲပျိုးထောင်သူ, တိရိစ္ဆာန်ဆရာဝန်မဟုတ်ဘူး” သူဒါကိုပြောပြီးတဲ့နောက် ကုလားထိုင်ပေါ်ကို တဖြည်း ဖြည်းမှီချလိုက်သည်။
ကောင်းဖန်ရဲ့မျက်လုံးထဲမှာ ဒီကြွက်ရဲ့ အချက်အလက်ဇယားက မူကွဲပြောင်းလဲမှုဖြစ် ပေါ်နေတယ်၊
“ ငါ သွေးကျောက်စိမ်းလင်ဇီးမှိုကိုကျွေးခဲ့တာ, ငါ သူတိုးတက်လာဖို့ကိုမျှော်လင့်ခဲ့တာ ပါ၊ ဘယ်သူသိမှာလဲ ဒီလိုဖြစ်လာလိမ့်မယ်လို့!” လူငယ်ရဲ့မျက်နှာကဖြူဖျော့လာသည်၊ “ သူ့ရဲ့ပြောင်းလဲတိုးတက်မှုက ကွဲလွဲနေတယ်၊ မင်းဘယ်လိုကူညီရမလဲသိရင် ကူညီပါ၊ ကျေးဇူးပြုပြီးတော့။”
ဒါကြောင့်စာလေ့လာခြင်းကအရေးကြီးတာပေါ့၊ ဒီသားရဲက လျှပ်စီးသားရဲလေ, ဒါပေမယ့် မင်းက သွေးအာနိသင်ရှိတဲ့အပင်ကိုကျွေးတယ်, မင်းကထီလက်မှတ် ဝယ် နေတယ်များထင်နေလား? ကောင်းဖန် စကားမပြောနိုင်ဘဲဖြစ်နေတော့တယ်။
“ကောင်းပြီ ငါသူ့ကိုဂရုစိုက်လိုက်မယ်, ဒါပေမယ့် မင်းသားရဲပျိုးထောင်သူတွေရဲ့စည်း မျဉ်းကိုသိတယ်မလား ဟင်? ငါတို့က အကြံပေးမယ်, ပစ္စည်းတွေအတွက်ကတော့ မင်းပေးချေရမယ်။”
“ အင်း, ငါလုပ်မယ် မင်းဘာလိုလဲသာပြောစမ်းပါ၊” ချန်အန်းမြို့မှာ အဆင့်မြင့်သားရဲ ပျိုးထောင်သူများက နှစ်ယောက်ဘဲရှိတာကြောင့် လူငယ်က ကောက်ရိုးတစ်မျှင်ကို သာဆုပ်ကိုင်ထားတဲ့ရေနစ်နေတဲ့ လူငယ်နဲ့တူနေတယ်၊ တစ်ယောက်ကတော့ ချန်အန်း သားရဲပျိုးထောင်သူအဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်ပြီး, နောက်တစ်ယောက်ကတော့ အဆင့် အတန်းမြင့်မားတယ်။ အချိန်ကအကန့်အသတ်ရှိတယ်, သူဘယ်လိုလုပ်ပြီး အဲ့လူတွေနဲ့ တွေ့နိုင်မှာလဲ?
[မကောင်းဆိုးဝါးအမည်] : ခရမ်းရောင်လျှပ်စီးကြွက် ( မူကွဲပြောင်းလဲမှု )
[မကောင်းဆိုးဝါးအဆင့် ] : အဆင့်၁၉ (ထိပ်တန်းအဆင့်)
[မကောင်းဆိုးဝါးအဆင့်အတန်း] : အထူးအဆင့်
[မကောင်းဆိုးဝါးစွမ်းရည်] : လျှပ်စီး
[မကောင်းဆိုးဝါးအခြေအနေ] : မပြင်းထန်သောဒဏ်ရာ (ဝေဒနာခံစားနေရ)
[မကောင်းဆိုးဝါးအားနည်းချက်] : ၁၊ ရွှံ့…..
[အထူးအဆင့်၏လိုအပ်ချက်များ] : ၁၊ သာမန်ပြောင်းလဲတိုးတက်ခြင်း၊ ၂၊ မူကွဲ ဆင့်ကဲဖြစ်စဉ်…..
ကောင်းဖန်စစ်ဆေးပြီးတဲ့နောက် ခရမ်းရောင်လျှပ်စီးကြွက်နဲ့အသင့်တော်ဆုံးနည်းလမ်း တော့ ကွဲလွဲနေသောဆင့်ကဲဖြစ်စဉ်ကို ဆက်လုပ်ရန်နှင့် ထိုအတွက်ယခုဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အတိုင်းကတော့ သွေးနှင့် လျှပ်စီးစွမ်းအင်အပြောင်းအလဲ ကြားထဲမှာ ဝေဒနာခံစားနေရဆဲဖြစ်သည်။
[မူကွဲ ပြောင်းလဲတိုးတက်မှု] : အရိပ်သစ်သီး ငါးခု, နီရဲနေသောမေပယ်စေ့၅ဂရမ်, ရွှေရောင်ခြည်သစ်ရွက်၅၀ဂရမ်..၎င်းတို့အားလုံးကို ကြိတ်ဆုံကျောက်ထဲသို့ထည့်လိုက် ပြီး ၎င်းတို့ကိုကြိတ်ခွဲလိုက်ပြီးနောက် အမှုန့်ကိုဆူအောင်ကျိုချက်ပါ။(ထိပ်တန်းအဆင့်) သွေးလင်းနို့သားရဲသလင်းအမြုတေကိုထိုထဲသို့ထပ်ပေါင်းထည့်ပါ၊ ထို့နောက်…
“အရိပ်သစ်သီး ငါးခု, နီရဲနေသောမေပယ်စေ့၅ဂရမ်, ရွှေရောင်ခြည်သစ်ရွက်၅၀ဂရမ်နဲ့ သွေးလင်းနို့သားရဲသလင်းတစ်ခုကိုသွားယူခဲ့” ကောင်းဖန် ထိုလူငယ်ကိုပြောကြား လိုက်သည်။
လူငယ်ကခေါင်းငြိမ့်ကာ တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းထိုပစ္စည်းတို့ကိုသွားယူတော့ သည်။ ဘယ်လိုဘဲ သူ ကောင်းဖန်ကို ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေ, သူက ကောင်းဖန်ကိုရွေးချယ်ပြီးပြီဖြစ်ပြီး သူဘယ်ကိုမှသွားစရာမရှိတော့ပါ။
အကယ်၍ ဒီကောင်လေး မအောင်မြင်ခဲ့ရင်ရော လူငယ်၏မျက်လုံးတို့က အေးစက်နေ တဲ့အရိပ်များ ဖြတ်သန်းသွားသည်။ သူက မာကျန်းဖြစ်ပြီး ဒီမြို့မှာကျော်ကြားသူတစ် ယောက်ဖြစ်သည်၊ သူ့ရဲ့ကျဆုံးမှုအတွက် ဒီကလေးကိုပေးဆပ်ခိုင်းမည်ဖြစ်သည်။
ကံကောင်းစွာနဲ့ ထိုပစ္စည်းများက ရှားပါးမနေဘူး၊၊ သူတို့ကို ရွေးချယ်ပြီးနောက် နာရီဝက်အတွင်း ကောင်းဖန်ဆီသို့ပို့ပေးလိုက်သည်။
ထိုအချိန်မှာဘဲ ခရမ်းရောင်လျှပ်စီးကြွက်က စားပွဲပေါ်တွင်လဲလျောင်းနေသည်၊ ၎င်းက ဖြည်းဖြည်းချင်းထဖို့တောင်မှ မကြိုးစားနိုင်ချေ၊ ၎င်းရဲ့ရင်ဘတ်တစ်ခုကသာ မြင့်လိုက် နိမ့်လိုက်ဖြစ်နေပြီး သူကအသက်ရှိသေးကြောင်းဖော်ပြနေသည်။
ကောင်းဖန်က အရိပ်သစ်သီး,နီရဲနေသောမေပယ်စေ့နှင့် ရွှေရောင်ခြည်သစ်ရွက်တို့ကို အစဉ်အတိုင်းလိုက်နာ၍ ကြိတ်ချေလိုက်ကာ ရောကြိတ်ထားသောအမှုန့်များကို ဆူပွက်နေသောအိုးထဲသို့သွန်ချလိုက်သည်၊ သူကအဖုံး ဖုံးလိုက်ပြီးနောက် မိနစ်ဝက်လောက်စောင့်ကာ သွေးလင်းနို့ သားရဲသလင်းအမြုတေကို ပစ်ခွဲကာ ဆေးရည်ထဲသို့ထည့်လိုက်သည်။
၁၀မိနစ်ကြာပြီးနောက်တွင်တော့ ကောင်းဖန် အဖုံးကို ပြန်ဖွင့်လိုက်ပြီး မာကျန်း၏ အံ့အားသင့်နေသည့် မျက်နှာရှေ့တွင်ပဲ ခရမ်းရောင်လျှပ်စီးကြွက်ကို အိုးထဲသို့ ပစ်ထည့်ပြီး အဖုံးပြန်ဖုံးလိုက်တော့သည်။……
***