အခန်း (၈၂၁-၈၂၄)
Vol. 52 Ch. 821-824
အခန်း ၈၂၁ နောက်ဆုံးနဂါးနက်
“ယိယိ.. မင်းဒီတိုက်ပွဲကို ဝင်သင့်ပြီ “ ယုကျန်းမင်းသည် သူ့နောက်ကလူကို ပြောလိုက်သည်။
ပခုံးထိနေသည့်ဆံပင်နှင့် မျက်နှာအမူအရာကင်းမဲ့နေသော အမျိုးသမီးတစ်ဦးသည် ယုကျန်းမင်း အနောက်မှ ထွက်လာသည်။ သူမသည် အနက်ရောင်အဝတ်အစားထူထူဖြင့် ဖုံးအုပ်ထားပြီး သူမ၏ လက်စွပ်အစွန်း များမှတစ်ဆင့် သူမ၏ညာဘက်လက်ကို ပတ်တီးများဖြင့် ဖုံးအုပ်ထားသည်ကို မြင်တွေ့ရသည်။
ညာဘက်လက်ဖဝါးကိုဖြန့်လိုက်သောအခါ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အဖြူထည်ကြိုးများသည် လှုပ်လှုပ်ရွရွဖြစ်လာပြီး ဗဟိုအချက်အချာနေရာတစ်ဝိုက်တွင် ဒေါသတကြီး လှည့်ပတ်နေသည်။
လှည့်နေတဲ့ ကြိုးတွေကနေ ပုံသဏ္ဍာန်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။
လွင့်နေသည့် အဖြူရောင်ပိတ်စမုန်တိုင်းသည် ပိုကြီးလာပြီး နောက်ဆုံးတွင် ရပ်တန့်သွားသည်။
စစ်မြေပြင်အလယ်တွင် ၂၃ ပေရှည်သော သားရဲတစ်ကောင်သည် အဖြူရောင်ပတ်တီးဖြင့် ပတ်ထားသည်။
အနက်ရောင်လက်ချောင်းများသည် ပတ်တီးလိပ်များကြားမှ ဆန့်ထွက်ကာ သန်မာသောကြွက်သားများကြောင့် ပတ်တီးက ဖောင်းလာပြီး ရက်စက်ကြမ်းကြုတ်သော အသက်ရှုသံများ ထွက်လာသည်။
[သားရဲ အမည်] - ညနှောင်းပိုင်း သားသတ်သမား
[သားရဲ အဆင့်] - အဆင့် ၈၈
[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီ/ ဒဏ္ဍာရီ
[သားရဲ အမျိုးအစား] - အမှောင်
[ထူးခြားသော လက္ခဏာများ] - သားသတ်ပွဲ
အကျိုးသက်ရောက်မှု ၁ - ညနှောင်းပိုင်း သားသတ်သမားသည် သက်ရှိ သတ္တဝါများအပေါ်တွင် ဒေါသနှင့် နာကြည်းမှုကို ပေးသည်။ ညနှောင်းပိုင်း သားသတ်သမားသည် သတ္တဝါတစ်ကောင်ကို သတ်လိုက်သောအခါ ၎င်း၏ စွမ်းအားသည် တစ်လအထိ တိုးလာပြီး ခွန်အားကို အဆတစ်ရာ တိုးမြင့်လာနိုင်သည်။
အကျိုးသက်ရောက်မှု ၂ - ညနှောင်းပိုင်းသားသတ်သမား၏ သွေးဓားသည် ရန်သူ၏အသားကို ထပ်လောင်းထိခိုက်စေနိုင်ပြီး ဒဏ်ရာက ဘယ်တော့မှ ပျောက်ကင်းနိုင်မည်မဟုတ်ပေ။
အပုတ်ကောင်အပုံ (ညနှောင်းပိုင်းသားသတ်သမားသည် အသေကောင် ၁၀၀ အထိ စိုက်ထူနိုင်သည်။ အပုတ်ကောင်အပုံများသည် အမှောင်နှင့် သေခြင်း စွမ်းအင်များ ကြွယ်ဝသည်။)
အကျိုးသက်ရောက်မှု ၁ - အပုတ်ကောင်အပုံ၏ ပေ ၃၀၀ အတွင်းရှိ ရန်သူများအားလုံးသည် အပုတ်ကောင်အပုံ၏ အမှောင်စွမ်းအင်ကြောင့် ထိခိုက်နိုင်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများ၏ အရှိန်သည် နှေးကွေးလာမည်ဖြစ်သည်။
အကျိုးသက်ရောက်မှု ၂ - အပုတ်ကောင်အပုံများမှ အသေကောင်များသည် သေမင်း၏အားအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အသေကောင်များသည် အသားပုံအား အားကောင်းစေရန် လေထဲတွင် အမှောင်စွမ်းအင်ကို အလိုအလျောက် စုပ်ယူနိုင်သည်။
အကျိုးသက်ရောက်မှု ၃ - ၎င်း၏ထိရောက်မှုအတိုင်းအတာအတွင်း ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးမှုကိုဖြစ်စေနိုင်သည့် အပုတ်ကောင်အပုံအစုအဝေးကို တက်ကြွစွာပေါက်ကွဲစေနိုင်သည်။
[သားရဲ ဖော်ပြချက်] - ငရဲမှာ မွေးဖွားပြီး ညနှောင်းပိုင်း သားသတ်သမားသည် ညလယ်မှာ လူသေအလောင်းတွေကို ခွဲစိပ်ရတာကို နှစ်သက်ပြီး တွေးရခက်တာကြောင့် ရှုပ်ထွေးသည့် ကိစ္စတွေကို မုန်းတီးသည်။
“နဂါးဖြူ..” ကျီဟန့်ဝူက ခေါင်းကို မော့လိုက်သည်။
သူ့နောက်တွင် အလွန်ကြီးမားပြီး ကွဲအက်နေသော အရိပ်တစ်ခုက တဖြည်းဖြည်း ပေါ်လာသည်။
၎င်း၏သွေးနီရောင်မျက်လုံးများသည် ရှုခင်းမှင်ပန်းချီမှ ရေးဆွဲထားသော အနက်ရောင်ကောက်ကြောင်းကဲ့သို့ ခွဲခြားသိမြင်ပုံရကာ ရက်စက်ကြမ်းကြုတ်ကြသည်။
ခန္ဓာကိုယ်က အချိန်တိုင်း ပြောင်းလဲနေသည်။ ဦးခေါင်းသည် အခိုင်မာဆုံးဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်သည် အမြီးသို့ ရောက်ရှိသောအခါတွင် ပို၍ဖမ်းရခက်ခဲလာသည်။
အနက်ရောင်မြူခိုးနတ်ဘုရား၏ မှော်ဥကို စားသုံးပြီးနောက် နဂါးဖြူသည် အသွင်ပြောင်းကာ ပြောင်းလဲလာသည်။ ၎င်း၏အရောင်သည် အဖြူမှ အနက်ရောင်သို့ ပြောင်းလဲသွားရုံသာမက ၎င်း၏အဆင့်သည်လည်း ဒဏ္ဍာရီမှ ဒဏ္ဍာရီလာ အဆင့်သို့ ခုန်တက်သွားသည်။ ၎င်းသည် ယခုအခါ နောက်ဆုံးနဂါးနက်ဖြစ်လာသည်။
နောက်ဆုံးနဂါးနက်သည် ၎င်း၏ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး ညနှောင်းပိုင်းသားသတ်သမားကို အပေါ်စီးမှကြည့်ကာ လေထဲတွင် ကိုက်တစ်သောင်းအမြင့်မှ ချက်ခြင်းပေါ်လာသည်။
“သတ်ပစ်လိုက်” အမျိုးသမီးက တည်ငြိမ်စွာပြောလိုက်သည်။
ညနှောင်းပိုင်း သားသတ်သမားသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ သူ့လက်ထဲက ဓားမသည် ရုတ်တရက် အပြင်သို့ ခုန်တက်သွားသည်။
လေထုသည် တရွေ့ရွေ့ လှိုင်းတွန့်ကာ လေထဲတွင် အနီရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
လေတိုက်သံများဆူညံနေသည်။
သွေးနီရောင်တောက်တောက်သည် နောက်ဆုံးနဂါးနက်၏ခန္ဓာကိုယ်ကို ဖြတ်သွားပြီး နောက်ဆုံးနဂါးနက်သည် ဖန်သားပြင်တစ်ခုသာ ဖြစ်သကဲ့သို့ ၎င်းနောက်တွင် ပေါ်လာသည်။
နောက်ဆုံးနဂါးနက်သည် ၎င်း၏ခြေသည်းများကို ရုတ်သိမ်းလိုက်ပြီး နေရာလွတ်ထဲတွင် အဆုံးမရှိသော အနက်ရောင်အခိုးအငွေ့များ စုပုံလာသည်။ ၎င်း၏ဦးခေါင်းထက်တွင် ပေရာနှင့်ချီ၍ရှိသော နဂါး၏ခြေသည်းတစ်ချောင်းသည် ကပ်နေသည်။
ကျယ်လောင်သော ဆူညံသံတစ်ခုလည်း ထွက်ပေါ်လာသည်။
မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ညနှောင်းပိုင်း သားသတ်သမားကို ခြေသည်းဖြင့် ဖိထားသောကြောင့် တစ်လက်မမျှ မလှုပ်ရှားနိုင်ပေ။
စစ်မြေပြင်အစွန်းရှိလူတိုင်း အထူးသဖြင့် အသွင်ပြောင်းမျိုးနွယ်စုဘက်မှ ထုတ်ဖော်ပြောဆိုမှုများ အပြောင်းအလဲများရှိလာသည်။
ယုကျန်းမင်းသည် နောက်ဆုံးနဂါးနက်၏ခြိမ်းခြောက်မှုကို ခံစားနိုင်သည်။
“ငါက သူတော်စင်အဆင့် သားရဲ တစ်ကောင်ရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရတာပဲ”
ယုကျန်းမင်းသည် ရုတ်တရက် အဓိပ္ပါယ်မဲ့သလို ခံစားလိုက်ရသည်။
ညနှောင်းပိုင်း သားသတ်သမားသည် မြေပြင်ပေါ်တွင် လက်နှစ်ဖက်ဖြင့် ထရန် ရုန်းကန်လိုက်သော်လည်း လမ်းတစ်ဝက်တွင် သူ့ကိုယ်သူ မြှောက်လိုက်တိုင်း ၎င်း၏နောက်ကျောရှိ နဂါးခြေသည်းများသည် ပြင်းထန်သော စွမ်းအားဖြင့် ဆင်းသက်လာသည်။
ညနှောင်းပိုင်း သားသတ်သမားက ထပ်ခါတလဲလဲ ဆောင့်ကန်ပြီး မြေပြင်ပေါ် ပြန်လှဲလိုက်သည်။
ဧရာမ သားရဲကြီးသည် ဟိန်းဟောက်လိုက်သည်။
မြေပြင်သည် တဆတ်ဆတ်တုန်ခါလာပြီး ညနှောင်းပိုင်းသားသတ်သမား၏ ပတ်ပတ်လည်တွင် သွေးနီရောင်တိုင်များ တက်လာသည်။ တိုင်ပေါင်း (၁၀၀) ခန့်ရှိပြီး တစ်ခုစီတွင် အနီရောင်မှော်မီးများဖြင့် ပြည့်နေသည်။
ထိုအပုတ်ကောင် အသားပုံများ ပတ်ပတ်လည်တွင် ဓာတ်ငွေ့သေများ အပြည့်နီးပါး ရှိနေသည်ကို ကောင်းဖန်သတိပြုမိလိုက်သည်။
ဆိုလိုသည်မှာ ဤတိုက်ပွဲမစမီတွင် အသေကောင်များနှင့် ဖြည့်ထားပြီးသားဖြစ်သည်။
ဤသည်မှာ လှည့်စားခြင်းဟု ယူဆ၍မရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ညနှောင်းပိုင်း သားသတ်သမား၏ အထူးလက္ခဏာ ဖြစ်သောကြောင့် ဖြစ်သည်။ စည်းမျဥ်းစည်းကမ်းများအတွင်းမှ ပြောင်းလဲသွားသည်ဟုသာ ပြောနိုင်သည်။
ထိုအပုတ်ကောင် အသားပုံတစ်ရာမှ စွမ်းအားလှိုင်းများသည် နောက်ဆုံးနဂါးနက်ကို လှည့်ပတ်လုနီးပါး ဖြစ်သွားသည်။
နောက်ဆုံးနဂါးနက်၏မျက်လုံးများတွင် အံ့ဩစရာအရိပ်အမြွက်တစ်ခုရှိလာသည်။ ပြိုင်ဘက်ရဲ့ စွမ်းအားက ဘယ်လောက်အထိ တိုးမြင့်လာတာလဲ..
အသေကောင်တစ်ရာ၏ စွမ်းအားဖြင့် ညနှောင်းပိုင်း သားသတ်သမားသည် နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်ပြီး ၎င်း၏တစ်ကိုယ်လုံးရှိ ပတ်တီးဖြူဖြူများသည် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ ပြင်းထန်စွာ ပွင့်သွားသည်။
နောက်ဆုံးနဂါးနက်သည် ပတ်တီးထဲတွင် ပိတ်မိနေသည်။ ဤပတ်တီးများတွင် နောက်ဆုံးနဂါးနက်၏ ခန္ဓာကိုယ်နှင့် ထိတွေ့နိုင်သည့် မှော်ဆန်သော စွမ်းအင်များ ရှိသည်။
“အမှောင်နတ်ဆိုးအခွံ” ကျီဟန့်ဝူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။
နောက်ဆုံးနဂါးနက်၏ကိုယ်ခန္ဓာသည် ၎င်း၏ထင်ယောင်ထင်မှားဖြစ်နေသည့်အခြေအနေမှ တစ်ဖန် ပြန်လည် ခိုင်မာလာပြီး ၎င်း၏နက်မှောင်သောအကြေးခွံများသည် တောက်ပရွှန်းလဲ့တောက်ပလာသည်။
ညနှောင်းပိုင်း သားသတ်သမား၏ကျောပေါ်ရှိ ပတ်တီးများသည် တစ်ခုပြီးတစ်ခု နောက်ဆုံးနဂါးနက်ကို ဖမ်းယူလိုက်ကြသည်။ မြေပြင်ပေါ်ရှိ အသေကောင်တစ်ရာ၏ အရောင်သည် အနီရောင်မှ ရွှေအနီသို့ ပြောင်းသွားပြီး နောက်ဆုံးနဂါးနက်၏ စိတ်ထဲတွင် အန္တရာယ်တစ်ခု ပေါ်လာသည်။
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုထွက်လာပြီး မြေပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
လှိုင်းလုံးကြီးများ ပြန့်ကျဲသွားကာ မြေပြင်သည် တခဏချင်း ပြိုကျသွားသည်။ ပြင်းထန်သော လှိုင်းလုံးကြီးသည် ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို အမှုန်အမွှားအဖြစ်သို့ အငွေ့ပျံသွားသည်။
နောက်ဆုံးနဂါးနက်သည် ၎င်းကို လွှမ်းမိုးနိုင်လိုက်သည်။
အသေကောင်အပုံ တစ်ရာလုံး ပျက်စီးသွားသည်။
ရုတ်တရက် ပေါက်ကွဲလာသော စွမ်းအားသည် သူတော်စင်အဆင့်သားရဲအများစုကိုသတ်ရန် လုံလောက်သည်။
ကံကောင်းထောက်မစွာ အရေးကြီးဆုံးအခိုက်အတန့်တွင် နောက်ဆုံးနဂါးနက်သည် အမှောင်နတ်ဆိုးအခွံ အခြေအနေသို့ ကူးပြောင်းသွားပြီး နောက်ဆုံးနဂါးနက်၏ ခံစစ်စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်လိုက်သည်။ ထိုအချိန်တွင် နောက်ဆုံးနဂါးနက်သည် အခြေအနေမကောင်းပေ။ ဒဏ်ရာက သွေး မထွက်ဘဲ မီးခိုးခေါင်းတိုင်လို ဓာတ်ငွေ့တွေ ထွက်လာသည်။
နောက်ဆုံးနဂါးနက်သည် အသက်ရှုလိုက်သောအခါ ညနှောင်းပိုင်းသားသတ်သမားသည် ၎င်း၏ မျက်လုံးရှေ့တွင် ဒဏ်ရာများ ပျောက်ကင်းသွားသည်နှင့်အမျှ စိတ်ပျက်အားငယ်နေသည့် အကြည့်ကို ပေးလိုက်သည်။
အနည်းငယ်ကြာပြီးနောက် ဒဏ်ရာမရရှိမီ အခြေအနေအထိ ပြန်လည်ကောင်းမွန်လာသည်။ “အဘိုးကြီး.. ဒါကို အနိုင်ယူကြရအောင်”
ကျီဟန့်ဝူသည် ရန်သူကို နောက်တစ်ကြိမ် သုတ်သင်ရန် အချိန်အကြာကြီး အချိန်ယူ၍ အမှားလုပ်မိမည်မဟုတ်ပေ။
နောက်ဆုံးနဂါးနက်သည် အနက်ရောင် နဂါးမီးတောက်များကို မှုတ်ထုတ်လိုက်ပြီး မီးတောက်များ ထိမိသွားသည့် မြေပြင်ကို လောင်ကျွမ်းသွားစေသည်။ မြေဆီလွှာကိုတောင် မီးတောက်လောင်သွားပြီး ချက်ခြင်းမှာပဲ အပူချိန် အလွန်မြင့်မားလာသည်။
သို့သော် အပူသည် လျင်မြန်စွာ မပြန့်သွားပေ။ အနက်ရောင်မီးတောက်သည် မြေပြင်ပေါ်တွင် လောင်ကျွမ်းဆဲဖြစ်သော်လည်း အပူချိန်သည် လျင်မြန်စွာ ကျဆင်းသွားပြီး အပူချိန်သည် အချိန်တိုအတွင်း မြင့်မှ အလွန်နိမ့်ရာသို့ ပြောင်းလဲသွားသည်။
အပူရှိန်ချဲ့ထွင်ခြင်းနှင့် ကျုံ့ခြင်းအောက်တွင် ၎င်းအနီးတစ်ဝိုက်တွင် အပိုင်းအစများအဖြစ် ပြန့်ကျဲနေသော မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ညနှောင်းပိုင်းသားသတ်သမား အပါအဝင် လောင်ကျွမ်းသွားသော မြေပြင်သည် ပုံဆောင်ခဲများအဖြစ်သို့ ကွဲအက်သွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၂၂ မုန်တိုင်း သူတော်စင်ခြင်္သေ့
[သားရဲ အမည်] - နောက်ဆုံးနဂါးနက်
[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ/ ဒဏ္ဍာရီလာ
[သားရဲ အဆင့်] - အဆင့် ၈၅
[သားရဲ အမျိုးအစား] - အမှောင်
[ထူးခြားသော လက္ခဏာများ] - အမှောင်နတ်ဆိုးအခွံ (နောက်ဆုံးနဂါးနက်၏ ကိုယ်ထည်သည် ထင်ယောင်ထင်မှားဖြစ်စေသည်။ အနက်ရောင်မြူခိုးအခြေအနေတွင် နောက်ဆုံးနဂါးနက်သည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားလုံးကို ခုခံနိုင်စွမ်းရှိသည်။ အမှောင် နတ်ဆိုးအခွံကို အသုံးပြုပြီးနောက် နောက်ဆုံးနဂါးနက်သည် ပြောင်းလဲသွားမည်ဖြစ်သည်။ အနက်ရောင်မြူခိုးအခြေအနေမှ အနက်ရောင် နတ်ဆိုးအခြေအနေအထိ ဖြစ်သည်။ ဤအခြေအနေတွင် နောက်ဆုံးနဂါးနက်သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများအတွက် ၎င်း၏ အကျိုးသက်ရောက်သည့်ခုခံနိုင်စွမ်းကို ဆုံးရှုံးသွားမည်ဖြစ်သည်။
အကျိုးသက်ရောက်မှု ၁ - အမှောင်နတ်ဆိုး အခွံကို အသက်သွင်းပြီးနောက် နောက်ဆုံးနဂါးနက်သည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းမရှိတော့သော်လည်း တစ်ချိန်တည်းတွင် ၎င်းသည် ဒြပ်စင်ဆိုင်ရာ ထိခိုက်မှုအများစုကို ခုခံနိုင်စွမ်းရှိမည်ဖြစ်ပြီး နောက်ဆုံးနဂါးနက်၏စွမ်းအားသည် ဤအခြေအနေတွင် တိုးလာမည်ဖြစ်သည်။
သေမင်း၏ထွက်သက် (နောက်ဆုံးနဂါးနက် ၏ ထွက်သက်သည် အလွန်အမင်းနိမ့်သော အပူချိန်နှင့် အလွန်မြင့်မားသော အပူချိန်တို့တွင် ပြင်းထန်သော ထပ်လောင်းအကျိုးသက်ရောက်မှု နှစ်ခုရှိသည်။
အဆင့် ၁ - သေမင်း၏ထွက်သက်ကို ထိတွေ့ပြီးနောက် အချိန်တိုအတွင်း ပစ်မှတ်သည် အလွန်မြင့်မားသော အပူချိန်တိုက်စားမှုဒဏ်ကို ခံစားရမည်ဖြစ်သည်။
အဆင့် ၂ - အလွန်မြင့်မားသောအပူချိန်များသည် အချိန်တိုအတွင်း အလွန်နိမ့်သောအပူချိန်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
အဆင့် ၃ - အထက်ဖော်ပြပါ ပြောင်းလဲခြင်းအကျိုးဆက်နှစ်ခုကို ဆယ့်သုံးကြိမ်အထိ ဆက်တိုက်လုပ်နိုင်သည်။
အစွန်းဆုံသောအမှောင်ထု (သိမ်းပိုက်ခြင်းလမ်းကြောင်းပေါ်တွင် စတင်ပြီးသည်နှင့် နောက်ဆုံးနဂါးနက်သည် သူ့ကိုယ်သူ ခိုင်ခံ့စေရန် အမျိုးမျိုးသော အမှောင်ဂုဏ်ပုဒ်များကို ဝါးမြိုသွားနိုင်သည်။)
[သားရဲ ဖော်ပြချက်] - မူလက နဂါးဖြူတစ်ကောင်ဖြစ်ပြီး ၎င်းသည် အနက်ရောင်မြူမှ ဥကိုမျိုချပြီးနောက် နောက်ဆုံးသော အနက်ရောင်နဂါးအဖြစ်သို့ ပြောင်းလဲကာ အမှောင်အမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ်သို့ ဝင်ရောက်ခဲ့သည်။
ညနှောင်းပိုင်း သားသတ်သမား သေဆုံးပြီးနောက် မိန်းကလေး၏ မျက်နှာသည် ဖျော့တော့သွားသည်။
သူမရဲ့ သားရဲ သေဆုံးမှုကြောင့် သူမသည် ပြင်းထန်သော တုံ့ပြန်မှုကို ရင်ဆိုင်လိုက်ရသည်။
မျှော်လင့်ခြင်းမြို့တော်အတွက် ပထမဆုံးသောအောင်ပွဲသည် လူအများ၏စိတ်ပျက်မှုကို ချေဖျက်နိုင်ခဲ့သော်လည်း ၎င်းတို့သည် အစပိုင်းတွင်ရှိခဲ့သည့် ကျေနပ်မှုမျိုးတော့ မရှိပေ။
အဲဒီနောက် ချက်ခြင်းပဲ နောက်ထပ် သူတော်စင်အဆင့် တိုက်ပွဲ နှစ်ခုမှာ တစ်ကြိမ် အနိုင်ရပြီး တစ်ကြိမ် ရှုံးနိမ့်သွားခဲ့သည်။ သူတော်စင်အဆင့် တိုက်ပွဲမှာ နောက်ဆုံးအနိုင်ရရှိကာ ရမှတ် ၂-၁ ဖြင့် အနိုင်ရရှိလိုက်သည်။
-
လက်ရှိတွင် ဧကရာဇ်အဆင့်၊ အရှင်သခင်အဆင့်နှင့် သူတော်စင်အဆင့် အဆင့်သုံးဆင့်တွင် အောင်ပွဲနှစ်ခါ ရှိသည်။
ထို့နောက် နတ်ဘုရားတစ်ပိုင်းတိုက်ပွဲတွင် လူသားမျိုးနွယ်သည် သုံးပွဲလုံး ရှုံးနိမ့်ခဲ့သည်။
နားမလည်နိုင်သော အချိန်အမျိုးအစား မင်းယုကောင်းကင်ဘုံသားရဲ၊ အစွမ်းထက်ပြီး အရှုံးမပေးနိုင်သော အာဏာရှင်နဂါး၊ ဝါးမျိုတက်သော မျောက်ဝံနှင့် အမြဲတစေ လျှို့ဝှက်ဆန်းကြယ်သော အိပ်မက်လမ်းလွဲတစ္ဆေ။
“ဒါက ငါတို့ရဲ့ စစ်မှန်တဲ့ အင်အားပဲ” ရုန်းရှန်းကီက ဖြည်းညှင်းစွာပြောလိုက်သည်။ “နောက်လာမယ့် နတ်ဘုရားအဆင့် တိုက်ပွဲတွေမှာလည်း ငါတို့ကြားက ကွာဟချက်ကို ငါရှင်းရှင်းလင်းလင်း ပြရမယ်... မင်းရဲ့ဘိုးဘေးတွေကို နဝမမြောက် ကောင်းကင်ဘုံကနေ ငါတို့က နှင်ထုတ်ခဲ့ပြီးပြီ အခုလည်း ဒီလိုမျိုး ထပ်ဖြစ်သွားတာ မင်းမြင်ရလိမ့်မယ်..”
ကောင်းဖန်သည် နားရွက်များကို ပွတ်သပ်ပြီး ကောင်းကင်ကိုကြည့်ရန် သူ၏ ညာလက်ကို မျက်ခုံးမွှေးများရှေ့ တင်လိုက်သည်။ “ဘယ်လို နာကျင်မှုလဲ”
“ဘာလဲ” ရုန်းရှန်းကီက မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်သူသရုပ်ဆောင်နေတာလဲ.. ကြည့်ရတာ နာကျင်လို့ပါ” ကောင်းဖန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကြွလာသည်။
ရုန်းရှန်းကီက နှုတ်ဆိတ်နေသည်။ သူ့မျက်နှာ မည်းမှောင်သွားသည်။
“ကျုပ်တို့ တိုက်ပွဲတောင် မစသေးဘူးကွ.. မင်း စကားအရမ်းပြောနေပြီလား”
ကောင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “သွားကြရအောင်... ဘယ်သူအရင်သွားသင့်လဲ”
“တစ်ချိန်တည်းမှာ နတ်ဘုရားအဆင့် သားရဲတွေအများကြီးကို ပိုင်ဆိုင်ထားတာ... မင်းက တကယ်ကို အရည်အချင်းရှိပြီး ကံကောင်းပါတယ်.. မင်းသာ ငါတို့ လင်းမျိုးနွယ်စုထဲမှာ ရှိမယ်ဆိုရင် မင်းက အကြီးအကျယ် ကျော်ကြားလာမှာ သေချာတယ်.. ဒါပေမဲ့ ကံမကောင်းစွာပဲ…” ဟု မုန်တိုင်းနိုင်ငံခေါင်းဆောင်က ပြောလိုက်သည်။
ကံမကောင်းစွာပဲ ဒီနေ့တွင် ပါရမီရှင်တစ်ဦး ဆုံးပါးသွားလိမ့်မည် ဆိုတဲ့သဘောဖြစ်သည်။
“မင်းရဲ့သားရဲကို မင်းရွေးနိုင်တယ်” ဟု မုန်တိုင်းနိုင်ငံခေါင်းဆောင်က ပြောလိုက်သည်။
ကောင်းဖန်သည် မုန်တိုင်းနိုင်ငံ၏ခေါင်းဆောင်အနားတွင် လဲလျောင်းနေသော အစိမ်းရောင်ခြင်္သေ့ကြီးကို ကြည့်ရင် စေ့စေ့တွေးကြည့်လိုက်သည်။
“ဒါဆို ပင်လယ်ဝတုတ်... မင်းသွားလိုက်” ကောင်းဖန်က ပင်လယ်ဝတုတ်ကို ညွန်ကြားလိုက်သည်။
ပင်လယ်ဝတုတ်တွင် နတ်ဘုရားဖြစ်မှု အများအပြားရှိသောကြောင့် ၎င်း၏ စွမ်းအင်မှာ အတော်လေး ကောင်းမွန်ပြီး ၎င်းကို ထိန်းထားနိုင်သည့်အတွက် ကောင်းဖန်က စိုးရိမ်စရာ မလိုပေ။
“ခဏလေး... ဒါက နည်းနည်း မတရားဘူးလို့ ထင်တယ်” ကောင်းဖန်က မေးစေ့ကို ပွတ်ပြီး လူသုံးယောက်ကို စိုက်ကြည့်လိုက်သည်။ “ငါ့မှာသားရဲတွေ အများကြီးရှိတယ်... မင်းနဲ့ ငါက ဘာလို့ မျှတတဲ့ ပြိုင်ဆိုင်မှုမျိုး ရှိနေရမှာလဲ”
“အင်း ဒါဆို မင်းမှာ တခြား နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူတွေရှိလို့လား” ရုန်းရှန်းကီက ကြင်နာစွာ ပြုံးလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ဤကလေးတွင် နတ်ဘုရားအဆင့် သားရဲသုံးကောင်ရှိကြောင်း သတိရလိုက်သည်။ ကောင်းဖန်သည် သုံးကောင်ထဲမှ တစ်ကောင်ကို ရွေးနိုင်ရင် ရုန်းရှန်းကီက အဲဒါကို အနိုင်ယူနိုင်မှာ မဟုတ်ပေ။
ကောင်းဖန်သည် တခဏမျှ လေးလေးနက်နက် တွေးတောလိုက်ပြီး အန္တရာယ်ကင်းသော အပြုံးတစ်ခုပေးရန် ခေါင်းကိုမော့လိုက်သည်။ “ ဒီလိုလုပ်လိုက်ကြရအောင်.. ပွဲ တစ်ခုတည်းမှာ ရလဒ်ကို ဆုံးဖြတ်လိုက်ကြရအောင်.. မင်းတို့ သုံးယောက် အတူတူ တိုက်ခိုက်နိုင်တယ်”
နိုင်ငံ့ခေါင်းဆောင် သုံးဦးသည် အလေးအနက်ထားလိုက်သည်။
“ဒီကောင်လေးက တော်တော် မာနကြီးတာပဲ”
“မင်း ငါတို့ကို အားနည်းတယ်လို့ ထင်နေတာလား”
“ဒီစကားကို ပြန်ရုပ်သိမ်းဖို့ အကြံပေးတယ်”
သူတို့သုံးယောက်မှာ နာမည်ကောင်းများရှိပြီး လင်းမျိုးနွယ်စုတစ်ခုလုံးတွင် လူသိများသည်။ သူတို့အရင်က ဒီလောက်ထိ အစော်ကား မခံရဖူးပေ။
ဒေါသနည်းသူတောင် ထိုစကားကိုကြားလျှင်ပင် ဒေါသဖြစ်လိမ့်မည်။
“ကျွန်တော် လေးနက်ပါတယ်” ဟု ကောင်းဖန်က ကာကွယ်ပြောဆိုလိုက်သည်။ “ခင်ဗျားတို့ရဲ့ သားရဲတွေကို မတော်တဆ သတ်မိမှာကိုပဲ ကြောက်တာပါ”
မုန်တိုင်နိုင်ငံ၏ခေါင်းဆောင်ဘေးတွင် လဲလျောင်းနေသော အစိမ်းရောင်ခြင်္သေ့ကြီးသည် မျက်လုံးများကို ပွင့်လာကာ ဟာရီကိန်း မုန်တိုင်းတစ်ခုလို တိုးလာသည်။ ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းသည် ၎င်း၏ဆံပင်များကို လွင့်သွားစေပြီး ၎င်း၏ တော်ဝင်အပြာရောင်မျက်လုံးအိမ်များသည် ထူးဆန်းသောအကြည့်ဖြင့် တောက်ပလာသည်။
“ခြင်္သေ့ဖြူ... မင်းခံစားရလား”
“ငါ ခံစားရတယ်.. သူက သန့်ရှင်းသောသမုဒ္ဒရာခြင်္သေ့နဲ့တူတယ်”
ခြင်္သေ့ဖြူသည် မတ်တတ်ထရပ်ပြီး အေးစက်သော မျက်လုံးများက မုန်တိုင်းသူတော်စင်ခြင်္သေ့ကို မကြောက်ဘဲ စိုက်ကြည့်နေလိုက်သည်။ “သခင်.. သူက ငါကို ဘာလို့ ဒီလိုပုံစံကြည့်နေမှန် မသိပေမယ့် ငါကတော့ အခုသူ့ကို မျိုချချင်နေပြီ”
ခြင်္သေ့ဖြူကလည်း ပါးစပ်ဟလိုက်ကာ ၎င်း၏ကြောက်စရာကောင်းသော သွားများပြသထားလိုက်သည်။
“နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်” ကောင်းဖန်က တခြားသူတွေကို ပြောလိုက်သည်။
ကျီဟန့်ဝူသည် သူ့မြေးကို စိုးရိမ်တကြီး စိုက်ကြည့်ပြီးနောက် လူစုလူဝေးကို ဆုတ်ခွာသွားခိုင်းလိုက်သည်။
“မင်းက တိုက်ပွဲမှာ အသုံးမဝင်ရင်တောင် အနည်းဆုံး ကောင်းဖန်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေနဲ့” ဟု ခြင်္သေ့ဖြူကို စိုက်ကြည်ပြီး ကျီဟန့်ဝူက တွေးလိုက်သည်။
မုန်တိုင်းနိုင်ငံ၏ခေါင်းဆောင်သည် မုန်တိုင်းသူတော်စင်ခြင်္သေ့နှင့် ပေါင်းစည်းရန် တွန့်ဆုတ်မနေဘဲ ခြင်္သေ့သည် အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။
“သမုဒ္ဒရာသူတော်စင်ခြင်္သေ့... မင်း ဘယ်မှာရှိလဲ သိတယ်မလား”
မုန်တိုင်းသူတော်ခြင်္သေ့သည် ခိုင်ခံ့သောခြေလှမ်းများဖြင့် ချဉ်းကပ်လာသည်။ “လာ.. ငါနဲ့ ပေါင်းလိုက်”
“နဂါးပုရွက်ဆိတ် .. ခြင်္သေ့ဖြူနဲ့ ပေါင်းလိုက်ပါ” ကောင်းဖန်က နဂါးပုရွက်ဆိတ်ကို ပြောလိုက်သည်။
နဂါးပုရွက်ဆိတ်သည် ခေါင်းညိတ်ပြပြီး ချက်ချင်းပင် ခြင်္သေ့ဖြူနှင့် ပေါင်းစည်းပြီးနောက် အသက်ရှုအား ကောင်းလာသည်။
ခြင်္သေ့ပြာနဲ့ အဖြူရောင်တစ်ကောင်သည် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေသည်။
မုန်တိုင်းနှင့် ရေခဲများ ပြန့်ကျဲနေကာ တောင်ထိပ်များသည် ဟာရီကိန်းမုန်တိုင်းကြောင့် လွင့်စင်သွားကာ မြေပြင်တွင် ရေခဲများ အေးခဲသွားသည်။
တစ်ဖက်တွင် မျော်လင့်ခြင်းမြို့မှလူများသည် တိုက်ပွဲမဖြစ်ပွားမီ မြင်ကွင်းကိုသာ မြင်လိုက်ရသည်။ တိုက်ပွဲ နီးလာသောအခါတွင် သားရဲများ လှည့်ထွက် ပြေးသွားကြသည်။
ကောင်းကင်တွင် ပျောက်ကွယ်သွားသော ဝဲကြောင်းကို ကြည့်လိုက်ရင်း မျော်လင့်ခြင်းမြို့ရှိ လူအများအပြားသည် တိုက်ပွဲ၏ ရလဒ်အတွက် စိုးရိမ်နေကြသည်။
သူတို့သည် ဘာမှမကူညီနိုင်ဘဲ အောင်ပွဲအတွက်သာ ဆုတောင်းရန်သာ အာရုံစိုက်ထားကြသည်။ တိုက်ပွဲရှုံးပါက ဘာဖြစ်မည်ကို မသိသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မျော်လင့်ခြင်းမြို့တွင် လက်ရှိအခြေအနေ၏ ရုန်းရင်းဆန်ခတ်မှုကို အခွင့်ကောင်းယူခြင်းမှ ကာကွယ်ရန် ၎င်းတို့၏ ဗဟိုအစိုးရသည် မြို့တော်ကို အစောင့်အကြပ်စေလွှတ်ထားသည်။
“ဒါကြောင့် နောက်ဆုံးရလဒ်က ငါတို့အပေါ်မှာ မူတည်တယ်”
“ဒီကမ္ဘာကြီးက အားကြီးသူ အနိုင်ယူစတန်းပဲ.. မင်းက အသွင်ပြောင်းမျိုးနွယ်စုထဲက ဖြစ်နေတာ သနားစရာပဲ”
ယုကျန်းမင်းနှင့် ရုန်းရှန်ကီတို့က တညီတညွတ်တည်း ပြောဆိုလိုက်သည်။
သူတို့၏ထင်မြင်ယူဆချက်အရ သားရဲနှစ်ကောင်ကို ပေါင်းစည်းခြင်းဖြင့် မုန်တိုင်းနိုင်ငံခေါင်းဆောင်နှင့် ကောင်းဖန်တို့ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ကောင်းဖန်အခု ဘာလုပ်နိုင်မလဲ... စစ်တိုက်ဖို့ သူ့ဦးခေါင်းကို သုံးမှာလား..
ယုံကြည်မှုရှိသည့် မျက်လုံးတွေနှင့် ကောင်းဖန်က သူ့လက်နှစ်ဖက်ကို ဖြန်လိုက်သောအခါ နေရာလွတ်သည် ကွဲအက်သွားသည်။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ရာ အရာများ ကျဆင်းလာသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၂၃ ထိခိုက်နာကျင်သွားသော ကျောက်စိမ်းဧကရာဇ် ကောင်းကင်ဘုံသားရဲ
ရုန်းရှန်းကီနှင့် ယုကျန်းမင်းတို့၏ ယုံကြည်ချက်ရှိသော အပြုံးများသည် သူတို့၏ မျက်နှာပေါ်တွင် အေးခဲသွားသည်။
ဘာလို့ ဒီလောက်များတဲ့ နတ်ဘုရားအဆင့်သားရဲတွေ ရှိနေတာလဲ...
လူတစ်ဦးသည် သာမာန်အရင်းအမြစ်များနှင့် နတ်ဘုရားဆင့် သားရဲကို မွေးမြူလို့မရပေ။ အရည်အသွေးအကောင်းဆုံး ရတနာများကို ရယူသုံးစွဲနိုင်မှ ဖြစ်မည်။ သို့သော် ထိုရတနာများသည် နတ်ဘုရားအဆင့် သားရဲတစ်ကောင်ကို မွေးမြူခြင်းထက်ပင် ရှားပါးသည်။
နတ်ဘုရားအဆင့် သားရဲများကို မွေးမြူရန် အရေးကြီးဆုံးအချက်မှာ ၎င်း၏လက်ဆောင်ဖြစ်သည်။ သားရဲ၏ သဘာဝလက်ဆောင်သည် အရေးကြီးသည်။
ကောင်းဖန်က သူ့ခေါင်းကို လှည့်လိုက်ပြီး “မင်းတို့နှစ်ကောင်လည်း သွားကြ” ဟု အေးဆေးစွာပြောလိုက်သည်။
ပင်လယ်ဝတုတ်သည် ဟိန်းဟောက်ကာ လက်နှစ်ဖက်ကို မြေပြင်ပေါ်သို့ ထိုးချလိုက်သောအခါ သူတို့ရှေ့က မြေပြင်သည် ချက်ချင်းဆိုသလို နှစ်ပိုင်းကွဲသွားပြီး ရုန်းရှန်းကီနှင့် ယုကျန်းမင်းတို့ကြားမှာ ချောက်နက်ကြီး တစ်ခုဖြစ်သွားသည်။
ပင်လယ်ဝတုတ်သည် ခုန်ပျံသွားကာ ၎င်း၏ သန်မာသော လက်မောင်းများကို ဧရာမကြယ်နှစ်လုံးကဲ့သို့ ပစ်ချလိုက်သည်။
လေးလံသောဝန်ထုပ်ဝန်ပိုးကြောင့် နေရာလွတ်သည် ပုံပျက်ပန်းပျက်ဖြစ်နေသည်။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် ၎င်း၏ခေါင်းကို မြှောက်လိုက်သည်။ “အချိန်ဆုံမှတ်”
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲ၏ ကိုက်တစ်ရာအကွာအဝေးအတွင်း အရာအားလုံး အေးခဲသွားပြီး ထိုနေရာတွင် ရှိနေသော ပင်လယ်ဝတုတ် အပါအဝင်ဖြစ်သည်။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် နေရာမှ ပျောက်ကွယ်သွားသည်။ သန်မာသောလက်သီးတစ်ချက်က ပင်လယ်ဝတုတ်၏ဝမ်းဗိုက်ကို ထိမှန်သွားသည်။
အသံမထွက်သော်လည်း ကောင်းဖန်သည် ပင်လယ်ဝတုတ်၏ ဝမ်းဗိုက်ကြွက်သားများ အတွင်းဘက်သို့ ချိုင့်ဝင်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဆက်တိုက်ပေါက်ကွဲသံနှင့်အတူ ပင်လယ်ဝတုတ်သည် သစ်တော၏ အစိတ်အပိုင်းများစွာကိုဖြတ်၍ ပြုတ်ကျသွားသည်။
ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်။ ဒီအချိန်စွမ်းအင်သည် ရူးလောက်စရာကောင်းသည်။ ခမ်းနားသော ကျောက်စိမ်ကောင်းကင်ဘုံ သားရဲသည် ဤစွမ်းအင်ကို အသုံးပြုသည်ကို ယခင်က မြင်ဖူးထားပြီး ၎င်းသည် ကြီးမားသော နေရာတစ်ခုလုံးရှိ အရာအားလုံးကို အေးခဲသွားစေနိုင်ကြောင်း သိထားသော်လည်း ပြိုင်ဘက်က ပိုအားကောင်းလေ ၎င်းသည် အသုံးပြုသူ၏ စွမ်းအားများ ကုန်ဆုံးလေလေဖြစ်သည်။
သူ့ထက် အားကောင်းလွန်းသည့် ပြိုင်ဘက်ကို အချိန်မဆွဲနိုင်ပေ။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် ခမ်းနားသော ကျောက်စိမ်ကောင်းကင်ဘုံ သားရဲ၏ ဆင့်ကဲဖြစ်စဉ်ဖြစ်သည်။ ၎င်းသည် ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲ၏ အေးခဲနေသောအချိန်ကို အပြည့်အဝ အမွေဆက်ခံထားပြီး ၎င်းတို့ကို ပိုမိုအားကောင်းစေသည်။
အရေးအကြီးဆုံးပြောင်းလဲမှုမှာ ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် အရေးကြီးဆုံးဖြစ်သည့် အချိန်ဆုံမှတ်၏ အကွာအဝေးကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အချိန်ဆုံမှတ်၏ အကွာအဝေးကို ထိန်းချုပ်ခြင်းသည် ၎င်းတွင် အကန့်အသတ်မရှိ ဖြစ်နိုင်ချေများရှိသောကြောင့် ၎င်းသည် ဤစွမ်းအင်ကို ပိုမိုသွက်လက်စွာနှင့် အဆင်ပြေစွာ သုံးနိုင်စေမည်ဖြစ်သည်။
ကောင်းဖန်ခဏလောက်စဉ်းစားပြီး ပင်လယ်ဝတုတ်နှင့်ပေါင်းဖို့ ဂိုဒီကို လွှတ်လိုက်သည်။
အချိန်စွမ်းအင်ဖြင့် ဖြေရှင်း၍မရသော လုပ်ကြံသတ်ဖြတ်မှုအမျိုးအစားကို တိုက်ခိုက်သည့်အခါ အချိန်စွမ်းအင်ကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းမရှိပါက အကောင်းဆုံးနည်းလမ်းမှာ တိုက်ခိုက်မှုများ၏ အင်အားကိုခံနိုင်ရည်ရှိစေရန် အရေထူသော စစ်သည်တော်တစ်ဦးကို စေလွှတ်ခြင်းပင်ဖြစ်သည်။
“မင်း ငါ့ကို အကြိမ် ၁၀၀ထိုးရင် ကောင်းမယ်.. ဒါပေမယ့် ငါမင်းကို တစ်ကြိမ်ထိုးမိရင်တော့ တောင်းပန်ပါတယ်.. မင်း နာကျင်ခံစားရတာကို မင်းသိလိမ့်မယ်” ဂိုဒီက ပြတ်ပြတ်သားသား တွေးလိုက်သည်။
“ထွက်သွားစမ်း” ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲက ပုဆိန်ကြီးနဲ့ အားသွင်းနေသည့် ဂိုဒီကို ကြည့်ရင်း အော်ဟစ်လိုက်သည်။
၎င်း၏ခန္ဓာကိုယ်သည် တဖျပ်ဖျပ်တောက်ကာ နောက်စက္ကန့်တွင် ဂိုဒီ၏နောက်တွင် ပေါ်လာသည်။ ဂိုဒီ၏ ခေါင်းပြောင်ကို ကြီးမားသော လက်သီးများဖြင့် ထိုးချလိုက်သည်။
သို့သော် ဂိုဒီ၏ဦးခေါင်းသည် ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲ၏လက်ဖဝါးများကိုထုံကျင်သွားစေသည်။
ခေါင်းမာလိုက်တာ....
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် တိတ်တဆိတ် ညည်းတွားပြီးနောက် ၎င်း၏ နတ်ဘုရားလှံကို ထုတ်ယူလိုက်သည်။
“မင်းရဲ့ခေါင်းက မာနိုင်ပေမယ့် နတ်ဘုရားလက်နက်လှံထက် ပိုမာတယ်လို့ ငါမယုံဘူး” ဟု ပြင်းပြင်းထန်ထန် တွေးလိုက်သည်။
သို့သော် ထိုအချိန်တွင် ၎င်း၏နောက်ကွယ်ရှိ နေရာလွတ်အတွင်း၌ သမုဒ္ဒရာရေဝဲတစ်ခု စုစည်းလာပြီး ၎င်း၏ ပြင်းထန်သော ဆွဲအားကြောင့် ကျောက်စိမ်းဧကရာဇ် ကောင်းကင်သားရဲကို နောက်ပြန်ဆွဲငင်သွားစေသည်။ ကျောက်စိမ်းဧကရာဇ် ကောင်းကင်ဘုံသားရဲသည် တုန်လှုပ်သွားသော်လည်း ၎င်းသည် မြဲမြဲ ထိန်းထားနိုင်လိုက်သည်။
“မင်းရဲ့အားနည်းချက်ကို ငါတွေ့ပြီထင်တယ်” ပင်လယ်ဝတုတ်က ရယ်မောလိုက်သည်။ အချိန်ဆုံမှတ်သည် အရာဝတ္တုများကိုသာ အေးခဲစေသည့် စည်းမျဉ်းများသာ ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ၎င်း၏စည်းမျဥ်းဘောင်အပြင်ဘက်တွင် ရပ်နေသရွေ့ တိုက်ခိုက်မှုများသည် ထိရောက်မည်မဟုတ်ပေ။
သို့သော်
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် လှည့်ပတ်ကာ အချိန်ဆုံမှတ် နေရာကို ချဲ့ထွင်လိုက်သောအခါ ပင်လယ်ဝတုတ်ကို ဖုံးလွှမ်းသွားသည်။
နောက်အခိုက်အတန့်မှာ ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲပျောက်ကွယ်သွားပြန်သည်။ “သေစမ်း”
ပလက်တီနမ်လှံထိပ်က အအေးဓာတ်ကို တောက်ပစေသည်။
ပင်လယ်ဝတုတ်၏ဦးခေါင်းကို လှံထိုးဖောက်လိုက်သောအခါ အသံကြီးထွက်လာသည်။
အကျပ်အတည်းကာလတွင် ပင်လယ်ဝတုတ်၏ ဦးနှောက်ရှိ ဝါးမျိုခြင်းနတ်ဘုရားဖြစ်မှုသည် ၎င်း၏ နတ်ဘုရားရောင်ခြည်များ ဖျာထွက်နေသည်။ ပင်လယ်ဝတုတ်ကို တွင်းနက်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။
ကျောက်စိမ်းဧကရာဇ် ကောင်းကင်ဘုံသားရဲ အံ့ဩသွားသည်။ ငါ့လက်နက်ကို ဘာကြောင့် ပြန်မထုတ်နိုင်ရတာလဲ..
၎င်းသည် လက်နက်အား ပြင်းထန်စွာ ဆွဲထုတ်နေသော်လည်း ပလက်တီနမ်လှံသည် တွင်းနက်ထဲတွင် ပိတ်မိနေသည်။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲက ဒေါသတကြီးအော်လိုက်သည်။
ပင်လယ်ဝတုတ်ကို ထိုးဖောက်ချင်ပေမယ့် သူ့ရှေ့က တွင်းနက်ကို ကြည့်လိုက်တော့ အန္တရာယ်၏ အငွေ့အသက်ခံစားချက်သည် သူ့လက်သီးတွေ အထဲကို ရောက်မသွားအောင် တားဆီးထားသည်။
သူက ဘေးကိုခုန်ဆင်းလိုက်ပြီး ဂိုဒီ၏ နောက်ကနေ ပေါ်လာသည်။
ထိုအခါ ဂိုဒီသည် ပစ်မှတ်ဖြစ်လာသည်။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲ၏ အမြန်နှုန်းသည် တူညီသော အဆင့်ရှိ အခြားသူများနှင့် နှိုင်းယှဉ်ပါက များစွာမကွာသော်လည်း ၎င်း၏ သန်မာသော အရပ်ကြောင့် လက်တစ်ချောင်းစီသည် အလေးချိန်စီးသည်။
နှစ်ကြိမ်ထိုးလိုက်သောအခါ ဂိုဒီ၏ခန္ဓာကိုယ်က ခရမ်းရောင်အလင်းတန်းတစ်ခုထွက်လာသည်။
ထို့နောက် ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် နောက်ထပ်လက်တစ်ချောင်းကို ထိုးချလိုက် သောအခါ ဘဲသည် ပိုမိုခက်ခဲလာပုံရသည်ဟု ခံစားလိုက်ရသည်။
နီရဲနေသော လက်သီးများကို ကြည့်လိုက်ပြီး ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် အတွေးနက်သွားသည်။
၎င်းသည် ဂိုဒီ၏မျက်လုံးများကို ဓားဖြင့်ထိုးပြီး တင်ပါးကို ကန်ထုတ်ကာ ၎င်း၏ ခန္ဓာကိုယ်ရှိ ဖြစ်နိုင်ခြေရှိသော အားနည်းသော နေရာများကကို တိုက်ခိုက်လိုက်သည်။
သို့သော် ရလဒ်မှာ ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲ၏လက်များ ပို၍ပင် နာကျင်စေလာသည်။
…
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲနှင့် ယှဉ်ရင် ရုန်းရှန်းကီ၏ ဒေါသဓားမြက်က ပိုသနားစရာ ကောင်းသည်။
အနည်းငယ်ရှားပါးသော ပန်းနတ်ဘုရားဖြစ်သည် ဒေါသဓားမြက်သည် ရုန်းရှန်းကီ၏ အကောင်းဆုံး တစ်ခုဖြစ်သည်။
မရေမတွက်နိုင်သော လေဓါးများသည် ၎င်းကို ဝိုင်းပတ်ထားပြီး အလွန်ပြင်းထန်သော ထိုးစစ်နှင့် အဖျက်စွမ်းအားပါရှိသောကြောင့် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးတွင် လေးစားဖွယ်ကောင်းသည်။
သို့သော် အခုအချိန်တွင် တာ့ဇီ၊ အလင်းလှိုင်းနှင့် ဆီလီတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ၎င်းသည် သူ့ကိုယ်သူ ခုခံကာကွယ်မှုသာ လုပ်နိုင်သည်။
ဖလိန်မီသည် ပိဖန်မျိုးနွယ်စု၏ ဘိုးဘွားစဉ်ဆက်တွင် ရှိနေဆဲဖြစ်ပြီး ဒန်ဘီသည် အချိန်တိုအတွင်း မရောက်နိုင်ဘဲ ဖုတ်ကောင်နတ်ဘုရား မရဏသခင် လက်အောက်တွင် လေ့ကျင့်နေဆဲဖြစ်သည်။
ဆီလီသည် လွန်ခဲ့သည့်နှစ်ရက်က နတ်ဘုရားအဆင့်ကို ချိုးဖျက်သွားခဲ့သည်။
ဒီငပျင်းကောင်သည် ဂိုဒီနှင့်ကျန်သူများနည်းတူ ဖြတ်ကျော်နိုင်သည်။ သို့သော် ပေါ့လျော့ခဲ့သည်။ အခုတော့ ကောင်းဖန်၏ တိုက်တွန်းမှုကြောင့် နောက်ဆုံးတွင် နတ်ဘုရားအဆင့်ကို ဖြတ်ကျော်နိုင်သွားသည်။
ဆီလီသည် ဒေါသဓားမြက်၏ တိုက်ခိုက်မှုအားလုံးကို လွှဲပြောင်းရန် အာကာသစည်းမျဉ်းကို အသုံးပြုလိုက်ပြီး ၎င်းကို ဖမ်းချုပ်ရန် အခြား အာကာသစည်းမျဉ်းများကို အသုံးပြုလိုက်သည်။ တစ်ဖက်တွင် တာ့ဇီသည် မိုးကြိုးစည်းမျဉ်းကို အသုံးပြု၍ ၎င်း၏ စိတ်နှလုံးထဲရှိ ပစ်မှတ်ကို တိုက်ခိုက်သည်။ အလင်းလှိုင်းသည် ဘေးကနေ အခွင့်ကောင်းကို စောင့်နေသည်။
ဒေါသဓားမြက်၏မျက်နှာပြင်ကို လေဓါးကိုးရာကိုးဆယ့်ကိုးခုက ဝိုင်းရံထားသည်။ ၎င်းတို့ကို တိုက်ခိုက်ရန် သို့မဟုတ် ကာကွယ်ရန် အသုံးပြုနိုင်သည်။
သို့သော် ၎င်းတို့သည် မိုးကြိုးစည်းမျဉ်း၏ တိုက်ခိုက်မှုအောက်တွင် ထိရောက်မှုမရှိပေ။
အချိန်တွေက တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားတော့ မြက်ပင်တွေက ဓားရိုးတွေ တဖြည်းဖြည်း ညှိုးနွမ်းလာကာ မြက်ခင်းတွေပေါ်မှာ မီးတောက်နေသည့် အရိပ်အယောင်တွေ ပေါ်လာသည်။
မိုးခြိမ်းသံ ပေါက်ကွဲသံကို ထပ်မံကြားလိုက်ရသည်။
ဓားမြက်သည် သွေးရည်များထွက်သည်အထိ ဒဏ်ရာရသွားသည်။
၎င်း၏ပင်စည်သည် တစ်ဝက်နီးပါး ပြတ်သွားသည်။
အဆင်မပြေသော အခြေအနေများကို မြင်သောအခါ ၎င်းသည် ထွက်ပြေးရန်ကြိုးစားလိုက်သော်လည်း ထွက်ခွာမည့်အရိပ် အယောင်များပြလာချိန်တွင် အာကာသစည်းမျဉ်းဖြင့် ဆီလီက ၎င်းကိုပြန်လည် ပို့ဆောင်လိုက်သည်။ ဒေါသဓားမြက်သည် တစ်ချိန်လုံး လှည့်ပတ်နေရုံမျှသာ တတ်နိုင်သည်။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲက သူ့ရှေ့က ကောင်ကို ဆက်မတိုက်နိုင်တော့ဘူးလို့ သဘောပေါက်သွားသည့်အတွက် တိုက်ခိုက်နေတာကို ရပ်လိုက်သည်။
အရမ်းခက်တာပဲ...
ဒီခံစားချက်ကို နောက်ဆုံးအကြိမ် ခံစားခဲ့ရတာကို မမှတ်မိတော့ဘူး...
ထိုသို့သော ပြင်းထန်သော ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရသည့် နောက်ဆုံးအကြိမ်မှာ ၎င်း နတ်ဘုရားဖြစ်မလာမီကပင် ဖြစ်သည်။
၎င်း၏ညာလက်ကို တိတ်တဆိတ် ဆုတ်လိုက်ပြီး ကျောက်စိမ်းဧကရာဇ် ကောင်းကင်ဘုံသားရဲသည် ဦးခေါင်းကို ငုံ့ထားလိုက်ကာ အေးခဲနေသော ဘဲတစ်ကောင်ကို ကြည့်လိုက်သည်။
၎င်း၏နတ်ဘုရား လှံတံကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း မရနိုင်သေးပေ။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲသည် အသက်ပြင်းပြင်းရှူကာ လှည့်ကြည့်ကာ ပြတ်ပြတ်သားသား ထွက်သွားလိုက်သည်။
သူ့စိတ်ထဲ “ငါ မလိုချင်တော့ဘူး” ဟု တွေးလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၂၄ သူတော်စင် ခုနှစ်ယောက်
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲတွင် အချိန်စွမ်းအင်ရှိပြီး ထွက်ပြေးနိုင်သော်လည်း ဒေါသဓားမြက်နှင့် မုန်တိုင်းသူတော်စင်ခြင်္သေ့တွင် ထိုစွမ်းအင်မျိုးမရှိပေ။
ကောင်းဖန်၏ ဘယ်ဘက်တွင်ထိုင်နေသော အော်ရူးသည် ခလုတ်ခုံကို လက်ထဲမှချလိုက်သည်။ သူသည်ကျောက်စိမ်းဧကရာဇ် ကောင်းကင်ဘုံသားရဲ ပြေးသွားသည့်နေရာကို ကြည့်လိုက်သည်။ “အော်ရူး သူ့ရဲနတ်ဘုရားဖြစ်မှုကို ကြည့်ချင်တယ်”
“ကောင်းပြီ.. မင်းသူ့ကိုဖမ်းနိုင်မလား” ကောင်းဖန်က မေးလိုကိသည်။
“အော်ရူးက အမြန်ဆုံးပဲ” အော်ရူးသည် နေရာတွင်ပင် ပျောက်ကွယ်သွားသည်။ တစ်မိနစ်အကြာတွင် ၎င်းသည် ကောင်းဖန်ဘေးတွင် ပေါ်လာပြီး မြင်သာသည့်နတ်ဘုရားဖြစ်မှုကို ၎င်း၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်။
နတ်ဘုရားသည် အရောင်မဲ့ပြီး မြင်သာသည်။ အရည်အပျစ်အချို့က သူ့အတွင်းထဲကို စိမ့်နေသလိုပင်။
၎င်း၏ပုံပန်းသဏ္ဍာန်အရ အချိန်နတ်ဘုရားဖြစ်မှုသည် အာကာသနတ်ဘုရားဖြစ်မှု နှင့် ဆင်တူသည်ဟု ထင်ရသည်။
[အကြောင်းအရာအမည်] - အချိန်နတ်ဘုရားဖြစ်မှု။
[ပညတ်အဆင့်] - ၈.၆၄ ရာခိုင်နှုန်း
အော်ရူးသည် အချိန်နတ်ဘုရားဖြစ်မှုကို အလေးအနက်ထား၍ သူ့မျက်လုံးများတွင် အပြာရောင်အလင်းတန်းများ လင်းလက် တောက်ပနေသည်။ ၎င်းသည် ဤအချိန်နတ်ဘုရားဖြစ်မှု၏ အနှစ်သာရကို စဉ်ဆက်မပြတ် စုပ်ယူနေသည်။
အချိန်နတ်ဘုရားဖြစ်မှုသည် နောက်ဆုံးတွင် ခိုင်မာလာပြီး မီးခိုးရောင် စကျင်ကျောက်အဖြစ် ပြောင်းလဲသွားသည်။ လေပြင်းတိုက်ခတ်သောအခါ အော်ရူး၏ လက်ဖဝါးထဲတွင် ပျောက်ကွယ်သွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ကောင်းဖန်သည် ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲ ဘာဖြစ်သွားသည်ကို မမေးလိုက်သော်လည်း ၎င်းသည် ၎င်း၏နတ်ဘုရားဖြစ်မှုကို တူးဖော်ခံထားသောကြောင့် အသက်ရှင်နေသေးသည့်တိုင် အခြေအနေမကောင်းနိုင်တော့ပေ။
…
တဟုန်းဟုန်းတောက်နေသော မိုးကြိုးနဂါးသည် ဒေါသဓားမြက်များကို ဆုတ်ဖြဲပစ်လိုက်သည်။
ဒေါသဓားမြက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ၎င်း၏ အရွက်ဓားတစ်ခုလုံး ကွဲထွက်သွားသည်။
ကျောက်စိမ်းဧကရာဇ်ကောင်းကင်ဘုံသားရဲ ထွက်သွားပြီး ဒေါသဓားမြက် ကျဆုံးတာကို မြင်ပြီးတဲ့ နောက်မှာတော့ မုန်တိုင်းသူတော်စင်ခြင်္သေ့သည် အထိတ်တလန့်ဖြစ်သွားသည်။
“ငါတို့ နောက်တစ်ခါမှ တိုက်ခိုက်တော့မယ်” ဟု မုန်တိုင်းသူတော်စင်ခြင်္သေ့က တင်းမာတဲ့အမူအရာနဲ့ ပြောလိုက်သည်။
လူတိုင်း၏အမြင်ကို ပိတ်ဆို့ရန် တိုင်ဖွန်းမုန်တိုင်းကို ဆင့်ခေါ်လိုက်ပြီးနောက် မုန်တိုင်းသူတော်စင်သားရဲသည် လေပြင်းထဲသို့ ပေါင်းဝင်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“မင်းဘယ်သွားမလို့လဲ” ခြင်္သေ့ဖြူက ဒေါသတကြီးဖြစ်နေသည်။ “ငါတို့ တိုက်ပွဲဖြစ်နေတာကြာပြီ.. မင်းကို လွှတ်လိုက်ရင် ရှက်စရာကြီး” ဟု တွေးလိုက်သည်။
“အား” လမ်းတစ်ဝက်မှာ မုန်တိုင်းသူတော်စင်ခြင်္သေ့က ပြင်းပြင်းထန်ထန် အော်ဟစ်ပြီး လေထဲကနေ ပြုတ်ကျ သွားသည်။
ဝမ်းဗိုက်တွင် သွေးထွက်နေသည့် ဒဏ်ရာရနေပြီး ခါးမှာ တစ်ဝက်လောက် ပြတ်လုနီးပါးဖြစ်သွားသည်။
အဝေးမှထွက်ပြေးလာသော အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
အလင်းလှိုင်း၏ မျက်နှာသည် ဓါးလက်နှစ်ချောင်းကို သူ့အနောက်သို့ ဆွဲယူလိုက်သောကြောင့် တင်းမာသွားသည်။ “နောက်ဆုံးတော့ ငါ ဒီဖြတ်ချက်ကို လုပ်လိုက်ပြီ” ဟု အောင်ပွဲခံရင်း တွေးလိုက်သည်။
ဤအခိုက်အတန့်တွင် အလင်းလှိုင်းသည် ၎င်း၏အတွေးထဲသို့ လုံးဝနစ်မြုပ်သွားသည်။
“ကောင်းဖန်က ငါ့ကို ဒီလိုပြောခဲ့တယ် - လုပ်ကြံသတ်ဖြတ်သူက ရန်သူကို တိုက်သည်ဖြစ်စေ.. မတိုက်သည်ဖြစ်စေ ရန်သူကို ထိုးနှက်ပြီးပြီးချင်း အဝေးကို ပြေးရမယ်.. ဒါ အရည်အချင်းရှိတဲ့ လူသတ်သမားရဲ့ လက္ခဏာပဲ”
ငါအရမ်းကို အထင်ကြီးစရာကောင်းနေမလား... ကောင်းဖန်နဲ့ ကျန်တဲ့သူတွေက ငါ့နောက်ကျောကို လေးလေးနက်နက် ကြည့်နေကုလား... အလင်းလှိုင်းက ခေါင်းညိမ့်လိုက်သည်။ “မာနကြီးမနေပါနဲ့ မင်းရဲ့သရဖူ ပြုတ်ကျသွားလိမ့်မယ်”
ကောင်းဖန်သည် အလင်းလှိုင်း၏ ဆိုးရွားသော ကျောပြင်ကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေသည်။ သူ့ကြည့်ရတာ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရာဇဝတ်ကောင်နဲ့တူတယ်...ဘာကြောင့် ဒီလောက်ရယ်စရာကောင်းနေတာလဲ...
“ဆီးနှင်းခဲစည်းမျဉ်း.... ရေခဲပိတ်ဆို့ သုညဒီဂရီ”
ခြင်္သေ့ဖြူသည် မုန်းတိုင်းသူတော်စင်ခြင်္သေ့၏ အပေါ်သို့ ခုန်တက်ကာ ၎င်း၏ ခန္ဓာကိုယ်မှ အလွန်အေးသော လေများ ထွက်လာသည်။ မုန်တိုင်းသူတော်စင်ခြင်္သေ့သည် ချက်ချင်း အေးခဲသွားသည်။
“ကောင်းပြီ..” ကောင်းဖန်က လက်ခုပ်တီးလိုက်သည်။
ဒါက အမြည်းသာဖြစ်သည်။ တကယ့် မုန်တိုင်းက လာဦးမည် ဖြစ်သည်။ သူတို့ ဒီမုန်တိုင်းကို တွန်းလှန်ပြီးတာနဲ့ လူသားမျိုးနွယ်စုရဲ့ စမ်းသပ်မှု အောင်မြင်သွားလိမ့်မည်။
“သူတို့ မတုံ့ပြန်ခင် ငါတို့ အကျိုးအမြတ်တွေကို ယူကြရအောင်” ဟု ကောင်းဖန်က တာ့ဇီနှင့်ကျန်တဲ့သူတွေကို ပြောလိုက်သည်။
“အကျိုးအမြတ်တွေရှိတာလား “ တာ့ဇီအံ့ဩသွားသည်။
“ဒီသုံးနိုင်ငံရဲ့ ရတနာတွေပေါ့” ကောင်းဖန်က တိတ်တဆိတ် သတိပေးလိုက်သည်။
တာ့ဇီ သဘောပေါက်သွာသည်။ “မှန်တယ်... မှန်တယ်... အဲဒါကို ငါတို့ပိုင်တယ်... ဆက်လုပ်ကောင်းဖန် ...”
ဂိုဒီသည် ၎င်း၏ပခုံး၊ နောက်ကျော၊ တင်ပါးနှင့် မျက်နှာတို့ကို ပွတ်သပ်လိုက်သည်။ “ဘာလို့ အရာအားလုံးက အရမ်းနာကျင်နေရတာလဲ... ကောင်းဖန်… ငါ့ရဲ့ ချောမောတဲ့ မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား... ဂိုဒီသည် ပြေးသွားပြီး ကောင်းဖန်ရှေ့မှာ ဝပ်နေလိုက်သည်။
ကောင်းဖန်သည် ဂိုဒီကို အနီးကပ် စစ်ဆေးလိုက်ပြီး ၎င်း၏ သံမဏိလို မျက်နှာကို ညှစ်ကာ “မင်းအဆင်ပြေလား” ဟု မေးလိုက်သည်။
“မပြေဘူး.. ငါ့မျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ သေချာတယ်” ဂိုဒီက ဒေါသတကြီးပြောရင်း သူ့ပါးပြင်တွေက မုန့်ပေါင်းတွေထက် ပိုကြီးသွားသည်။
တကယ်တော့ ဤသတ္တဝါ၏ မျက်နှာသည် ကျောက်တုံးထက်ပင် မာကျောသည်။
“ဒါက အလုပ်နဲ့ပတ်သက်တဲ့ ဒဏ်ရာလို့ ယူဆတယ်” ကောင်းဖန်သည် ဂိုဒီ၏ ရယ်သံကို ကြားလိုက်ရသည်။
“…” ကောင်းဖန်သည် နောက်ဆုံးတွင် သူဘာလိုချင်သည်ကို သိလိုက်သည်။
“ရတနာတွေထဲက နှစ်ရာခိုင်နှုန်းလိုချင်တယ်” ဂိုဒီသည် အဆမတန် တောင်းဆိုလိုက်သည်။
“ဒီလောက်တောင် လိုချင်တာလား...မင်းဘာလို့အရမ်းလောဘကြီးတာလဲ... ဒီလိုဆို ဘယ်လိုလဲ- မင်းကို ၂ သိန်းပေးမယ်.. မင်းရဲ့ ရတနာတွေကိုတော့ ငါသိမ်းထားမယ်” ကောင်းဖန်က မျက်ခုံးပင့်လိုက်သည်။
ဂိုဒီက နာကျင်တဲ့အမူအရာနဲ့ ပြောလိုက်သည်။ “ဒီလောက်လေးကတောင် များလွန်းနေသလား.. ကောင်းယွဲ့ယွဲ့.. မင်းငါ့ကို မကြိုက်တော့ဘူးလား”
“မင်းရဲ့ဝေစုကို ငါအပိုင်သိမ်းတာမဟုတ်ပါဘူး.. စဉ်းစားကြည့်.. ငါမင်းကို ကျွေးမွေးပြီး အဝတ်အစားလဲပေးတယ်.. မင်းပိုက်ဆံတွေ ဘေးကင်းဖို့ သိမ်းထားပေးသလို မင်းလိုအပ်တဲ့အခါတိုင်းလည်း မင်းကို ငါပေးပါတယ်.. ငါ မင်းကို ဘယ်တုန်းက လိမ်ခဲ့လို့လဲ” ကောင်းဖန်က သက်ပြင်းချလိုက်ပြီး “မင်းငါ့ကိုမယုံရင် ငါပြန်ပေးမယ်.. ဂိုဒီက အခု ကြီးပြင်းလာပြီပဲ.. မင်းငါ့ကိုမယုံတော့ဘူး”
ကောင်းဖန်သည် သူ့လက်ကို နောက်သို့ ချထားလိုက်ပြီး ခေါင်းယမ်းရင်း ထွက်သွားလိုက်သည်။
ဂိုဒီသည် ကောင်းဖန်၏ ကျောကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။ ကြည့်ရတာ... ကောင်းဖန်ရဲ့ နောက်ကျောက အရင်ကလို မဖြောင့်တော့သလိုပဲ..
ဂိုဒီသည် ၎င်း၏ သတ္တိကို စုဆောင်းပြီး “ကောင်းဖန်… ငါ့ရဲ့ ဝေစုကို မင်းနဲ့အတူ ထားခဲ့ပါမယ်” ဟု အော်လိုက်သည်။
ကောင်းဖန်သည် သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး လှည့်ကြည့်ကာ ကြည်နူးစွာ ပြုံးပြလိုက်သည်။
ဂိုဒီသည် အလွန်စိတ်ရှုပ်သွားသည်။
ကောင်းဖန်က ငါ့ကို ထပ်ပြီး လှည့်စားတယ်လို့ ဘာကြောင့်ခံစားရတာလဲ...
…
“မင်းနိုင်တယ်” မုန်တိုင်းသူတော်စင်ခြင်္သေ့၏ လည်ဆံကို ရေခဲများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ကြီးမားသော ခြင်္သေ့မျက်လုံးများသည် ခြင်္သေ့ဖြူကို စူးစိုက်ကြည့်ရန် လှည့်ပတ်လိုက်သည်။
“ဒါပေမယ့် ငါမင်းကို မရှုံးဘူး.. ဒါကြောင့် အရှုံးကိုတော့ ငါလက်မခံဘူး” ဟု မုန်တိုင်းသူတော်စင်ခြင်္သေ့က အံကြိတ်ထားပြီး ပြောလိုက်သည်။
“မင်းကိုယ်တိုင်သာ ဆိုရင် မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး... မင်းရဲ့ သားရဲလေ့ကျင့်သူက ငါ့ထက် ပိုသန်မာနေလို့ပဲ” မုန်တိုင်းသူတော်စင် ခြင်္သေ့သည် နဂါးပုရွက်ဆိတ်ကို မကျေမနပ် စိုက်ကြည့်နေသည်။ သူ့မှာ ဘာထူးခြားတဲ့ စွမ်းအင်ရှိမှန်း မသိပေမယ့် ပေါင်းစည်းပြီးတဲ့ နောက်မှာတော့ ဆီနှင်းခဲ့သန့်ရှင်းခြင်္သေ့ရဲ့ စွမ်းအားတွေ အရမ်းတိုးလာတယ်.. ဒီကောက်ကျစ်တဲ့ သူခိုးရဲ့ ခိုးဝင်တိုက်ခိုက်မှုကြောင့် မဟုတ်ရင် ဘယ်လိုဖြစ်မလဲ...
“အရှုံးသမားက အရှုံးသမားပဲ.. အခြေအနေကို လက်ခံလိုက်” ဟု ခြင်္သေ့ဖြူက ကျေနပ်စွာပြောလိုက်သည်။ “ငါ့ရဲ့သားရဲ လေ့ကျင့်သူက မင်းထက်တောင် ပိုသန်မာနေသေးတာ ငါ့ရဲ့အရည်အချင်းပဲ.. ဆိုလိုတာက ငါ့မှာ ဆုံးဖြတ်ချက်ကောင်းတွေရှိတယ်... အဲဒါဆို ကောင်းဖန်ထက် ပိုအားကောင်းတဲ့ သားရဲလေ့ကျင့်သူကို ဘာလို့ သွားမရှာတာလဲ”
မုန်တိုင်းသူတော်စင်ခြင်္သေ့က မျက်လုံးတွေကိုမှိတ်ပြီး ငြိမ်သွားသည်။
“မင်းနဲ့ ဒီသမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့က ဘာလို့ ငါ့ကို ဝါးမျိုချင်တာလဲ” ခြင်္သေ့ဖြူက မုန်တိုင်းသူတော်စင် ခြင်္သေ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
မုန်တိုင်းသူတော်စင်ခြင်္သေ့သည် မျက်လုံးများကိုဖွင့်ကာ စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ဒီဆီးနှင်းခဲသန့်ရှင်းခြင်္သေ့ မသိထားသည့်အတွက် အံ့သြမိသွားသည်။
“ဟားဟားဟား” စိန့်ခြင်္သေ့သည် ရယ်မောကာ မျက်ရည်ကျလုနီးဖြစ်သွားသည်။ “ငါက အရူးတစ်ယောက်ကို ရှုံးသွားတာပဲ”
ခြင်္သေ့ဖြူသည် နားမလည်နိုင်ပေ။ “...”
ဘာတွေပြောနေတာလဲ...
“မင်း သန့်ရှင်းတဲ့ ခြင်္သေ့တစ်ကောင်ဖြစ်လာတာဖြစ်ရမယ်” ဟု မုန်တိုင်းသူတော်စင်ခြင်္သေ့မှ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “ငါမင်းကိုပြောနိုင်တယ်.. ဒါပေမယ့် မင်းအခြေအနေတစ်ခုကိုလက်ခံရမယ်”
“ငါ့မျိုးနွယ်စုကို လွှတ်ပေးပါ” ဟု မုန်တိုင်းနိုင်ငံဘုရင်က ပြောလိုက်သည်။
“ကောင်းပြီ” ခြင်္သေ့ဖြူ ခေါင်းညိတ်လိုက်သည်။
မုန်တိုင်းသူတော်စင်ခြင်္သေ့က စကားမပြောဘဲ ကောင်းဖန်ကိုသာ လှည့်ကြည့်လိုက်သည်။ ကောင်းဖန်၏ အဖြေကို သူ လိုချင်သည်။
၎င်း၏အမြင်တွင် ကောင်းဖန်သည် တာဝန်ခံသူဖြစ်နေတာ ရှင်းနေသည်။
“ငါ မင်းကို ကတိပေးနိုင်ပါတယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။ “ဒါပေမယ့် အဓိကလိုအပ်ချက်က မင်းငါ့ကို မလိမ်ဖို့ပဲ.. မင်းလိမ်တာကို ငါသိရင် တစ်မြို့လုံးကို သတ်ပစ်ဖို့က ငါမတတ်နိုင်တဲ့အရာမဟုတ်ဘူး”
မုန်တိုင်းသူတော်စင်ခြင်္သေ့က ခေါင်းညိတ်လိုက်သည်။
ဒါကို ဘယ်လိုအဆုံးသတ်မယ်ဆိုတာ သူသိပြီးသားဖြစ်သည်။ မုန်တိုင်းသူတော်စင်ခြင်္သေ့က စိတ်အခြေအနေ မကောင်းပေ။
“သန့်ရှင်းခြင်္သေ့မျိုးနွယ်စုမှာ စကားပုံတစ်ခုရှိတယ်.. သန့်ရှင်းခြင်္သေ့ခုနစ်ကောင် ပေါင်းစည်းလိုက်တဲ့အခါ သူတို့က ထာဝရကို ဖြတ်ကျော်ပြီး အမြင့်ဆုံးကို ရောက်နိုင်တယ်တဲ့” ဟု မုန်တိုင်းသူတော်စင်ခြင်္သေ့က တိုးတိုးလေး ပြောလိုက်သည်။ “ကံမကောင်းစွာပဲ ဒီနှစ်တွေအတွင်းမှာ ငါကိုယ်တိုင်ကလွဲပြီး သန့်ရှင်းခြင်္သေ့ကို တစ်ခါမှ မတွေ့ဖူးဘူး... ဒီစကားပုံက ဟာသသက်သက်လို့တောင် ထင်ခဲ့တာ”
“ဘယ်လို စုစည်းတာလဲ” ကောင်းဖန်က မေးလိုက်သည်။
မုန်တိုင်းသူတော်စင်ခြင်္သေ့သည် ခေါင်းကို မြှောက်ပြီးပြုံးကာ လှောင်ပြောင်သော အရိပ်အမြွက်ပြလိုက်သည်။ “မင်းဘယ်လိုထင်လဲ တခြားသူတွေကို စားလိုက်တာထက် ပိုရိုးရှင်းတဲ့နည်းလမ်းရှိေသးလား”
ကောင်းဖန်ခေါင်းညိတ်လိုက်သည်။ “ငါကတိတည်ပါမယ်”
ထို့နောက် သူလှည့်ထွက်သွားသည်။