အခန်း (၄၄၅-၄၄၈)
Vol. 28 Ch. 445-448
အခန်း ၄၄၅ အစိမ်းရောင် ပလိပ်ရောဂါ ပိုးကောင်ဘုရင်မ
ကောင်းဖန်၏ တောင်းဆိုချက်ကြောင့် လျိုရှောင်လူ အခက်တွေ့သလို ခံစားလိုက်ရသည်။ ရာထူးနိမ့်အစိုးရ ဝန်ထမ်းတစ်ယောက်အနေနဲ့ သူမတွင် ထိုကဲ့သို့ သတင်းအချက်အလက်များကို ပြောပေးနိုင်သော အခွင့်အာဏာ မရှိပေ။
ထိုခဏတွင်ပဲ သူမနားကြပ်က အသံမြည်လာသည်။ သူ့အထက်လူကြီးဆီက ညွှန်ကြားချက်ရပြီးနောက် လျိုရှောင်လူက “ကျွန်မနောက်ကလိုက်ခဲ့ပါ မစ္စတာကောင်း” ဟုပြောပြီး သူတို့၏ဦးတည်ချက်နောက်တစ်နေရာ ဆီသို့ လမ်းပြပေးလိုက်သည်။
နာမည်အတိုင်းပင် သူမလမ်းလျှောက်ပုံက တောင်ဆိတ်တစ်ကောင်နဲ့ ဆင်တူသည်။ ခြေလှမ်းလိုက်တိုင်း ခြေဖျားကိုမြေပေါ်အရင်ချပြီးမှ ခြေဖနောင့်ကို ချသည်။ သူမ၏ပိုနီတေးက လမ်းလျှောက်လိုက်တိုင်း စည်းချက်ကျကျ လှုပ်ယမ်းနေသည်။
မကြာခင်ပဲ သူတို့ပိတ်သိမ်းထားသော ဆေးရုံတစ်ခုသို့ရောက်သွားကြသည်။ နောက်ထပ် ဆေးရုံပြန်ပဲလား… ဒါက ဒီနေ့အတွင်း ကောင်းဖန် ဒုတိယမြောက် ဆေးရုံတစ်ခုသို့ထပ်ရောက်ခြင်းဖြစ်သည်။
“ပထမဆုံးပလိပ်ရောဂါဖြစ်ရပ်က ဒီ နန်ရှန်းအရိုးဆေးရုံကနေစတာပဲ” လျိုရှောင်လူကပြောသည်။
ဆေးရုံက အဝါရောင်တိပ်များဖြင့် ကာရံပြီး ပိတ်သိမ်းခံထားရသည်။ ပြတင်းပေါက်များက ဖုန်တတ်နေပြီး တချို့က မှန်တွေတောင် ကွဲနေပြီဖြစ်သည်။
“ဒါက ပလိပ်ရောဂါစဖြစ်တဲ့နေရာပဲ.. ဘာတွေဖြစ်နေမှန်း လူတွေသိတဲ့အချိန်မှာ အရမ်းနောက်ကျသွားပြီ ဆေးရုံထဲကလူတိုင်း ကူးစက်ခံလိုက်ရတယ်.. အများစုက ဆေးရုံကဆရာဝန်တွေ” လျိုရှောင်လူက ရှင်းပြသည်။
ကောင်းဖန်ခေါင်းညိမ့်လိုက်ပြီး မှောင်မည်း၍ ဗလာဖြစ်နေသော ဆေးရုံကို စူးစမ်းနေသည်။
ဒီဆေးရုံကသာ ပလိပ်ရောဂါရဲ့အစဆိုရင် အဲတုန်းက လူနာတစ်ယောက်ယောက်နဲ့ ဒီကိစ္စပတ်သတ်မှု ရှိရမယ်… ကောင်းဖန်တွေးလိုက်မိသည်။ ဒါမှမဟုတ်…
“ကျုပ်တို့ တစ်စုံတစ်ခုကို ရှာတွေထားတယ်… ဒါပေမယ့် သက်သေမရှိတဲ့အတွက် အတိအကျတော့ အခုထိ မသေချာဘူး” နေကာမျက်မှန်နဲ့လူက လမ်းပေါ်ကနေ ကောင်းဖန်ဆီလျှောက်လာနေရင်းပြောသည်။ သူက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုတောင် ထုတ်ထားသည်။
ကောင်းဖန်က သူလက်ကိုဆွဲ၍ နှုတ်ဆက်လိုက်ပြီး “သိရတာ ဝမ်းသာပါတယ်” ဟုပြောလိုက်သည်။
“ကျုပ်နာမည် လီမန်ပါ… ဟန်ကျုံး မှုခင်းဆေးပညာဌာနရဲ့ တာဝန်ခံ… အမှန်ပြောရရင် ကျုပ်တို့ သံသယဖြစ်နေတဲ့လူတော့ ရှိတယ်… ကံမကောင်းစွာနဲ့ပဲ သူ့ကို စွပ်စွဲဖို့ သက်သေအလုံအလောက်မရှိဘူး… သူ့ကို ဖမ်းလိုက်နိုင်ရင်တောင် ဒီရောဂါကပ်က ဆက်ဖြစ်နေနိုင်ချေများတယ်” လီမန်က ရှင်းပြသည်။
ထို့နောက် သူချိုင်းကြားညှပ်ထားသော ဖိုင်တစ်ခုကို ကောင်းဖန်အား ကမ်းပေးလိုက်သည်။
ကောင်းဖန် ဖိုင်ကိုဖွင့်လိုက်သောအခါ သူ့ကိုအာရုံစိုက်မိသွားစေတဲ့ ပထမဆုံး အရာက ဘောင်အနက်ရောင် ကိုင်းမျက်မှန်တပ်ထားပြီး မျက်ခုံးထူထူ ရုပ်ဆိုးဆိုး ကျောက်ပေါက်မာတွေနဲ့ လူတစ်ယောက် ပုံဖြစ်သည်။ သူ့ကြည့်ရတာ ခါးအနည်းကိုင်းနေဟန်ပေါ်သည်။
သူ့ကိုကြည့်ရတာ ဘာလို့အရမ်းတွေ့ဖူးနေသလို ခံစားနေရတာလဲ… ဒီမျက်နှာကို တစ်နေရာရာမှာတွေ့ဖူးပေမယ့် ဘယ်မှာတွေ့ဖူးနေလဲဆိုတာ သူမမှတ်မိပေ။
“သူက ခုနက ဆေးရုံမှာ ခင်ဗျားတို့ကို ကြိုခဲ့တဲ့တစ်ယောက်လေ… နာမည်ရင်းက ကျူးရှောင်လျန်တဲ့ ခုတော့ ကျူးပုလျန်လို့ ပြောင်းထားတယ်… ယွိကျိုး ဆေးတက္ကသိုလ်ကနေဘွဲ့ရခဲ့တာ…” လိမန်က ဖိုင်ကို အကြိမ်ပေါင်းများစွာဖတ်ထားပြီးသောကြောင့် သံသယရှိသူ၏ ကိုယ်ရေးအကျဥ်းကို ကြည့်ဖို့တောင်မလိုပဲ အကုန် အလွတ်ရနေသည်။
ဒီတော့ အဲမှာတုန်းက တွေ့ဖူးခဲ့တာကို..
…
ညအချိန်ဖြစ်သည်။ ဆေးရုံကမထွက်ခင် ကျူးပုလျန်က အဖြူရောင်ကုတ်ကို ချွတ်ပြီး အဝါရောင် ဆိတ်သားရေ ကုတ်ကိုဝတ်လိုက်သည်။ သူအိမ်သို့ပြန်ရောက်သောအခါ နှာခေါင်းစည်းကို ချွတ်လိုက်သည်။
ကျူးပုလျန်၏ အသားအရည်က အတော်လေးဆိုးနေသည်။ သူ ချောင်း ၂ ကြိမ်ဆိုးလိုက်ပြီး လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ခပ်ပြင်းပြင်းဖိလိုက်သည်။ ကျန်လက်တစ်ဖက်ဖြင့် နံရံကိုထောက်ပြီး မှီလိုက်သည်။ ရင်ဘတ်က နည်းနည်းသက်သာသလိုခံစားလိုက်ရတော့မှ မီးဖိုချောင်ထဲသွား၍ ညစာပြင်ဆင်တော့သည်။ မီးဖိုချောင်သုံးပစ္စည်းများ တစ်ခုနဲ့တစ်ခု ထိခတ်သောအသံများထွက်လာသည်။
ခဏနေပြီးတော့ သူမီးဖိုချောင်ကနေ ပျင်းရိနေဟန်ဖြင့် ထွက်လာသည်။ သူ ဆိုဖာပေါ်တွင်ထိုင်ချလိုက်ပြီး ခဏနားလိုက်သည်။
သူဆိုဖာပေါ်တွင် ပျင်းလာသောအခါ ဒုတိယထပ်က ဝရံတာသို့ထွက်ပြီး အပြင်ဖက်က ရှုခင်းကို ရည်ရွယ်ချက်မရှိ ငေးကြည့်ရင်း ဆေးလိပ်သောက်နေသည်။
ထို့နောက် ဧည့်ခန်ထဲသို့ ပြန်ဝင်သည်။ စီးကရက်ကို မီးသတ်လိုက်ပြီးနောက် သူ သိုလှောင်ခန်းထဲသို့ဝင်ပြီး ပစ္စည်းအချို့ကို ရှင်းထုတ်လိုက်သောအခါ မြေအောက် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ကျူးပုလျန်က ချမ်းသာသော မိသားစုက ဆင်းသက်လာခဲ့သည်။ သူ့အဖေက စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး မြို့ထဲတွင် သူ့အတွက် နေရာတစ်ခု စီစဥ်ပေးထားသည်။
ကျူပုလျန်က မြေအောက်လမ်းကြောင်းအတိုင်း အောက်ဆင်းသွားပြီး အခန်းတစ်ခန်းဆီသို့ရောက်သွားသည်။ အခန်းက အတော်အတန်ကျယ်ဝန်းသည်။ တစ်ခါတစ်ရံ အခန်း၏အမှောင်ထုဆီမှ ညည်းသံကြားရသည်။ ကွန်ကရစ်ကြမ်းပြင်နဲ့ နံရံကို ခြေဖြင့်ထိခတ်သံကိုလည်း ကြားရသည်။ သူမီးကို ဖွင့်လိုက်သည်။
ခပ်မှုန်မှုန် အဝါရောင်အလင်းရောင် အခန်းထဲတွင်လင်းသွားသည်။ အခန်း၏အလယ်တွင် ၁၆ ပေအရှည်ရှိသော အရွယ်လွန် လောက်ကောင်ကြီးနဲ့တူသော သတ္တဝါတစ်ကောင် လဲနေသည်။ သူက နေမကောင်းဟန် အစိမ်းရောင် ဖြစ်နေပြီး ခေါင်းထိပ်တွင် အဝါရောင် ပါးစပ်တစ်ခုကဲ့သို့အရာတစ်ခု ရှိနေသည်။ အခန်းက အစိမ်းဖျော့ဖျော့ မြူများနဲ့ ပြည့်နေသည်။ ထူးဆန်းသော ညည်းသံက မြူတွေဆီကလာနေသကဲ့သို့ ထင်ရသည်။
အခန်းအလယ်က သတ္တဝါကိုကြည့်ရင် ကျူးပုလျန်၏ မျက်နှာတွင် ဝမ်းမြောက်သောအပြုံးတစ်ခု ပေါ်လာသည်။ “ဒါ ငါ့ရဲ့စွမ်းအားပဲ… ငါ့ကို အရင်က လှောင်ခဲ့ အထင်သေးခဲ့တဲ့ကောင်တွေ… သူတို့ကို အတွေးတစ်ချက်ထဲနဲ့တင် ငါအားလုံးကို သတ်ပစ်လိုက်လို့ရပြီ” ကျူးပုလျန်က ရယ်မောနေသည်။
ငါ့ကို ခုထိ ဘယ်သူမှ ရှာမတွေ့သေးဘူး… ဟန်ကျုံးတစ်မြို့လုံးအခု ငါ့လက်ထဲရောက်နေပြီ… ငါကဘုရင်ပဲ
တကယ်လို့ ငါသာနည်းနည်းထပ်စောင့်လိုက်ပြီး ငါ့သားရဲရဲ့သားလောင်းကို လူတိုင်းကို ရောဂါကူးစက်စေလိုက်မယ်ဆိုရင် တစ်မြို့လုံးက ငါ့အပိုင်ဖြစ်လာတော့မှာ… ကျူးပုလျန်တွေးနေသည်။
ဒါမှမဟုတ်လည်း ငါရောဂါပိုးအတွက် ဆေးတွေ့ပြီဆိုပြီး ဟန်ဆောင်လိုက်လို့က်ရင်ရော… ဘယ်သိနိုင်မလဲ ငါက မြို့ရဲ့သူရဲကောင်းအဖြစ်တောင် ဂုဏ်ပြုခံရရင် ခံရဦးမှာ… ကျူးပုလျန် ခေါင်းခါလိုက်ပြီး သူ့ရဲ့ ရူးမိုက်တဲ့ စိတ်ကူးယဥ်အတွေးကို မောင်းထုတ်လိုက်သည်။
တော်ပါပြီ… ကမ္ဘာကြီးမှာ ဉာဏ်ကြီးရှင် မရှားပါဘူး… တစ်ယောက်ယောက်တော့ ကာကွယ်ဆေးဖော်နိုင်မှာပဲ… တဖြည်းဖြည်းနဲ့ပေါ့..
ငါ့ကိစ္စကို လာရှုပ်ဝံ့တဲ့သူမှန်သမျှကို ငါ့သားရဲကို သတ်ခိုင်းလိုက်ရင်ကောင်းမလား… ပလိပ်ရောဂါကြောင့် သေဆုံးသူတွေ ရှိခဲ့ပြီးသားပဲ… နည်းနည်းလောက်ထပ်သေလို့ ဘယ်သူမှ မျက်ခုံးတောင် ပင့်မှာမဟုတ်ဘူး
“ဆိုတော့ ဒါ ခင်ဗျားပုန်းနေတဲ့နေရာပေါ့” သူ့နောက်က အသံက ပြောလာသည်။
ကျူးပုလျန် ဘယ်သူလဲဆိုတာသိရဖို့ နောက်သို့လှည့်မကြည့်ပေ။ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက သူ့သားရဲဘေးသို့ ပြေးသွားဖို့ဖြစ်သည်။ နောက်လှည့်လိုက်ရင် သေဖို့ သေချာသည်။ သူ့အတွက် စိတ်အချရဆုံး လုပ်ဆောင်ချက် ကတော့ သူ့သားရဲ၏ ဘေးနားဆီပြေးသွားခြင်းပဲဖြစ်သည်။
သို့သော်လည်း သူ နောက်ခြေတစ်လှမ်း မလှမ်းနိုင်မှာခင် အခန်းထဲတင် ရုတ်တရတ်ကြီး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူတစ်ဖြည်းဖြည်းနဲ့ နှေးကွေးသွားတာကိုခံစားလိုက်ရပြီး နောက်ဆုံးတွင် သူ့မြင်ကွင်းက လုံးဝမှောင်မိုက်သွားသည်။ သူ့ခန္ဓာကိုယ်က နေရာမှာတင် အေးခဲသွားသည်။
ကောင်းဖန်၏ ပုခုံးပေါ်က ရေခဲခြင်္သေ့က အခန်းအလယ်ရှိ ဝတုတ်တုတ် အစိမ်းရောင်ပိုးကောင်ကို မျက်လုံးများကျဥ်းပြီး ကြည့်လိုက်သည်။ သူ လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်လျှင် ခြင်္သေ့ပေါက်လေးက ချက်ချင်း သတ်ပစ်လိုက်လိမ့်မည်။
“ဒီကောင့်ကို ခြေရာခံလိုက်ဖို့ ဒီလောက်လွယ်မယ်ဆိုတာ မယုံနိုင်ဘူး” ကောင်းဖန်ကပြောသည်။ အရမ်းကို လွယ်ကူလွန်းနေသလို ခံစားရသည်…
ဒီ ကျူးပုလျန်က သူ့လမ်းကြောင်းကို သေချာဖုံးနိုင်တယ်ဟု တွေးခဲ့မိမှာပဲ… တကယ်တော့ သူက ပလိပ်ရောဂါရဲ့ နောက်ကွယ်က ကြိုးကိုင်သူမှန်း သံသယအရှိခံနေရတာ ကြာပြီဖြစ်သည်။ အစိုးရအရာရှိတွေက သူ့ကို အလျင်စလို ဖမ်းလိုက်ပြီး သူတစ်ခုခု ပြင်းထန်တာလုပ်မိမှာမျိုး မဖြစ်စေချင်၍သာဖြစ်သည်။
အစတည်းက အစိုးရက သူ့ကဲ့သို့အဆင့်နိမ့်အကြမ်းဖက်သမားများကို အမြစ်ဖြတ်ဖို့ အရင်းအမြစ်တွေကို ဘယ်လောက်မြန်မြန် လှုပ်ရှားနိုင်တယ်ဆိုတာကို ကျူးပုလျန်က လျှော့တွက်ခဲ့ခြင်းဖြစ်သည်။ ဘာတွေဖြစ်နေ တယ်ဆိုတာ သူသဘောမပေါက်သေးခင်မှာပဲ သူ့ကို ပလိပ်ရောဂါ၏နောက်ကွယ်က အဓိကသံသယရှိသူအဖြစ် စာရင်းသွင်းထားပြီးဖြစ်သည်။
ဟန်ကျုံးအစိုးရက ကျူးပုလျန်ကိုဖမ်းဆီးလိုက်ခြင်းက တမြို့လုံးအနှံ့ ပိုပြင်းထန်တဲ့ ရောဂါကပ်ဘေးကို စလိုက်မိသလိုဖြစ်မှာ စိုးရိမ်သောကြောင့်ဟု ကောင်းဖန် သံသယဖြစ်မိသည်။ သူက သံသယရှိခံရသူသက်သက်ပဲဖြစ်ပြီး သူနဲ့ပလိပ်ရောဂါက ပတ်သတ်နေတယ်ဆိုတာ လုံလောက်တဲ့ သက်သေကို မရှာနိုင်ခဲ့ပေ။
[သားရဲအမည်] - အစိမ်းရောင် ပလိပ်ရောဂါ ပိုးကောင်ဘုရင်မ
[သားရဲအဆင့်] - အဆင့် ၄၀ (ကွန်မန်ဒါအဆင့်)
[သားရဲစွမ်းရည်] - ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - အဆိပ်
[သားရဲစွမ်းအင်] - မြန်ဆန်သော မျိူးပွားခြင်းအဆင့် ၂၊ ရောဂါပိုးကို အားဖြည့်ပေးခြင်း အဆင့် ၁
[ထူးခြားသော ဝိသေသလက္ခဏာ] - အင်းဆက်ဘုရင်မ၏ အဆိပ်အိတ်၊ အစိမ်းရောင် ပလိပ်ရောဂါ ပိုးကောင်ဘုရင်မ၏ အတွင်းမှ အဆိတ်အိတ်က သန္ဓေပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာပြီး မျိူးပွားနိုင်စွမ်းကို တိုးမြင့်စေသည်။ ပုံမှန်မဟုတ်သော ထိုအစိတ်အပိုင်းက သူ့သားလောင်းများ၏ မွေးရာပါစွမ်းရည်ကို တိုးစေနိုင်စွမ်း ရှိသည်။
[သက်ရောက်မှု ၁] - သားပေါက်များကို ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိစေပြီး သူ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ခြင်းနှင့် ပုံပြောင်းခြင်းများလုပ်နိုင်သည်။
[သက်ရောက်မှု ၂] - သားပေါက်များအား လိင်ကိစ္စမပါပဲ မျိုးပွားစေနိုင်စွမ်းရှိသည်။ ရောဂါပိုးကူးစက်စေဖို့ လက်ခံသူရှာဖွေပြီးရင်တောင် သားပေါက်များက နေထိုင်ရာနေရာအသစ်တွင် သူ့ကိုယ်သူ ပုံတူများပွားနိုင်သည်။
[သားရဲဖော်ပြချက်] - ကမ္ဘာပျက်ကပ်ဖြစ်ချိန်တွင် ဗိုင်းရပ်စ်တစ်ခုနှင့် ပေါင်းစပ်သွားသော ကပ်ပါးကောင် တစ်မျိုးဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းသည်။ သို့သော် သူ့ရဲ့အားနည်းချက်တွေအတွက် အစားအနေနဲ့ သားပေါက်များ၏ တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်ပေးသည်။
အစိမ်းရောင် ပလိပ်ရောဂါ ပိုးကောင်ဘုရင်မက အခုအခန်းထဲတွင် တောင့်ခဲနေသောသခင်နဲ့ပြုလုပ်ထားသည့် သွေးစာချုပ်အရ မကောင်းတဲ့ တုံပြန်ချက်ကြောင့် တုန်တုန်ယီယီဖြစ်နေတော့သည်။ သူက ကောင်းဖန်အား မုန်းတီးစွာ စူးစိုက်ကြည့်ပြီး မြေအောက်ခန်းထဲက သူ့ရဲ့သားပေါက်များအား ကောင်းဖန်ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
သို့သော်လည်း သားပေါက်က ကောင်းဖန်နဲ့အဖွဲ့ဆီ မရောက်ရသေးခင်မှာပင် မမြင်ရသော စွမ်းအင်တစ်ခုက အခန်းတွင်း လွှမ်းချုံသွားပြီး အစိမ်းရောင်မြူများကို ခဏတွင်းချင်းရှင်းလင်သွားစေသည်။
ဒါတွေ အားလုံးဖြစ်နေချိန်တွင် ဦးနှောက်က အဆောက်အဦးပေါ်က လေထဲတွင် တိတ်ဆိတ်စွာ နေနေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၄၆ ပြီးပြည့်စုံသော သတ်ဖြတ်ခြင်း
ဦးနှောက်၏ စိတ်စွမ်းအားက မလွတ်မြောက်နိုင်သောပိုက်ကွန်တစ်ခုလိုပင် စွမ်းအားကြီးသည်။ အကွာအဝေးတစ်ခုအတွင်းက အစိမ်းရောင်ပလိပ်ရောဂါပိုးကောင်းများကို ချက်ချင်း သတ်ပစ်လိုက်သည်။ အားကောင်းသော ဝိဝိဉာဉ်များက ဘူဒိုဇာနဲ့တတ်ကြိတ်ခံလိုက်ရသလိုပင် ဖျက်ဆီးခံလိုက်ကြရသည်။
ဖုန်မှုန့်ထက်သေးသော ပိုးကောင်များက မြေကြီးပေါ်အစုလိုက် ပြုတ်ကျသွားသည်။ သို့သော်လည်း ကြီးမားလှသည့် ဝိညဥ်စွမ်းအားက ပိုးကောင်ဘုရင်မကိုတော့ ဘာအကျိုးသက်ရောက်မှုမှမဖြစ်ချေ။ ပိုးကောင် ဘုရင်မက အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကွေးလိုက်သည်။ သူ့ပါးစပ်မှ အစိမ်းရောင်သွေးများ စီးကျလာသည်။
ဦးနှောက်၏စွမ်းရည်က သဘာဝလွန်ဖြစ်သည်၊ စိတ်ပိုင်းဆိုင်ရာမဟုတ်ပေ။ ထို့ကြောင့်ပင် ကောင်းဖန် စိတ်ပျက်မသွားတာဖြစ်သည်။ သူဒီလောက်ကောင်းကောင်းလုပ်နိုင်တာပဲ အံ့သြလှပြီဖြစ်သည်။
ဒီသားရဲအား သူ့ဟာသူ အနိုင်မယူလိုက်နိုင်သောကြောင့် ဦးနှောက် စတင်ပြီး ထိတ်လန့်လာသည်။ သူ့ရဲ့ဦးနှောက်အတွင်းက နီရဲသွားပြီး ထိပ်ကနေ အငွေ့များထွက်လာသည်။
ပိုးကောင်ဘုရင်မ၏ ဦးနှောက်က နာကျင်မှုကြောင့် ယောင်ယမ်းလာသည်။ သူ၏အသိစိတ်ထဲတွင် မရေမတွက် နိုင်သော ပုံရိပ်ယောင်များ ပေါ်လာပြီး တစ်ခုနဲ့တစ်ခု ရောယှက်နေကြသည်။ သို့သော် အဆုံးတွင် အားလုံး သေဆုံးသွားကြသည်။
ပုံရိပ်ယောင်များထဲတွင် အချိန်သတ်မှတ်ချက်က ဝေဝေဝါးဝါးဖြစ်သည်။ အချိန်စီးဆင်းမှုက ပုံရိပ်ယောင်များ၏ ထိန်းချုပ်မှုကို ခံထားရပြီး လက်တွေ့မဆန်သောမြင်ကွင်းများဖြင့် ဆွဲဆန့်ခံထားရသည်။ အမြင်အားလုံးက တစ်ဖြည်းဖြည်းနဲ့ တစ်ခုထဲဖြစ်သွားပြီး ထိုအချိန်တွင်ပင်သေဆုံးသွားသည်။
စိတ်ပိုင်းဆိုင်ရာအကြံပြုချက်များက တစ်စုံတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ်သတ်သေအောင် တိုက်တွန်းနိုင်သည်ဆိုတာ သက်သေပြပြီးသားအချက်ဖြစ်သည်။ ဝိဉာဉ်နဲ့ ခန္ဓာကိုယ်တို့၏ တည်ရှိမှုက အမှီအခိုကင်းပြီး သပ်သပ်စီဖြစ်သည်။
မြင်ကွင်းများဆီက မရေအတွက်နိုင်သော သေဆုံးခြင်းအကြံပြုချက်များက အကုန်ပေါင်းသွားပြီး စုပုံပေါက်ကွဲ ထွက်သွားခြင်းဖြစ်သည်။ မြင်ကွင်းများဆီက ပြင်းထန်လှသော သေဆုံးခြင်းအကြံပြုချက်များက ပိုးကောင်ဘုရင်မ၏ အသိစိတ်ကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
သူ့ရဲ့တောင့်တင်းသော ခန္ဓာကိုယ်က တင်းကြပ်သွားပြီး ပါးစပ်က ခပ်ကျယ်ကျယ်ပွင့်ဟလာသည်။ သူသည် ရူးသွပ်သွားသလိုဖြစ်နေပြီး ၃ စက္ကန့်ကြာပြီးနောက် အသက်ရှုခြင်း ရပ်တန့်သွားတော့သည်။
ဒီတော့ ငါက ရန်သူတွေကို ဒီလိုမျိုးလည်း သတ်ပစ်နိုင်တာပဲ!
ဦးနှောက်၏ ထိပ်တွင် ကြီးမားသော တွင်းပေါက်တစ်ခုပေါ်လာပြီး ပန်းရောင်မြူခိုးများ ထွက်လာသည်။ ဒါက ပျော်ရွှင်နေတယ်လို့ ဖော်ပြတာဖြစ်သည်။
ဒီစွမ်းရည်အားလုံးက တိုးတက်အောင်လုပ်ဖို့ လိုသေးသည်။ ကြီးထွားခြင်းဦးနှောက်ကို လမ်းညွှန်းပေးမယ့်သူသာ မရှိဘူးဆိုရင် သူအလွန်ဆုံးလုပ်နိုင်လောက်တာက သားကောင်ကို ပုံရိပ်ယောင်များထဲတွင် ရစ်ပတ်ထားပြီး သဲကန္တာရထဲတွင် အဆာငတ်၊ ရေငတ်ပြီး သေအောင်လုပ်နိုင်ရုံသာ ဖြစ်မည်။
“ငါတို့ တခြားသားရဲတွေကို ဦးနှောက်ဆေးတာလုပ်ကြည့်လိုက်ရင်ရော… သူတို့ကို ငယ်ငယ်ထဲက အဲလိုလုပ် ထားနိုင်လိုက်မယ်ဆိုရင် သားရဲတစ်အုပ်ကို ထိန်းချုပ်ဖို့ သွေးစာချုပ် ချုပ်ဖို့မလိုတော့ဘူး” ကောင်းဖန်က ကြီးထွားခြင်းဦးနှောက်၏ လုပ်နိုင်စွမ်းရှိလောက်သော စွမ်းရည်များကို စဥ်းစားနေသည်။
ဒီပိုးကောင်ဘုရင်မကိုတော့… ကောင်းဖန်က ရောဂါပိုးပြန်နှံ့သွားခြင်းကို တားဆီးရန် ရေခဲခြင်္သေ့အား သူ့အလောင်းကို ရေခဲစေလိုက်သည်။
နောက်ထပ်လုပ်ရမှာကတော့ ဦးနှောက်ကို ဟန်ကျုံးမြို့တွင် ကျန်နေသော အင်းဆက်ပိုးများအား ရှင်းထုတ်ခိုင်းရန်ဖြစ်သည်။ ထို့ကြောင့်ပင် ကောင်းဖန်သူ့အတွက် ကုတ်အင်္ကျီတစ်ခု လုပ်ပေးခဲ့သည်။
အမှန်ပြောရရင် ဦးနှောက်၏ ပုံပန်းသွင်ပြင်က ကြောက်ဖို့အလွန်ကောင်းလှသည်။ ဦးနှောက်ကြီးက ကောင်းကင်တွင် လွင့်မျောလာတာကို မြင်ရင် လူဆိုးများက ထိန်းချုပ်ထားတဲ့ မကောင်းဆိုးဝါး သားရဲဟု အမြင်ခံရမှာဖြစ်သည်။ ဒီဦးနှောက်သာ ဟန်ကျုံးမြို့ကောင်းကင်ပေါ်တွင် လွင့်နေလျှင် လူတိုင်း ကြောက်လန့်သွားလိမ့်မည်။
ဦးနှောက်က သူ့ကိုယ်ပေါ်က ငှက်သိုက်မုန့်ပုံစံကုတ်ကို ကြောင်တောင်တောင်ပုံဖြင့် ကြည့်လိုက်သည်။
ဒါက ဘာကြီးတုန်း… ဒါလူသားတွေရဲ့မှတ်ဉာဏ်ထဲက ‘အဝတ်အစားဝတ်တယ်’ ဆိုတာမလား… ဒါက ငါမှတ်မိထားသလိုပုံနဲ့ ဘာလို့ ကွာခြားနေရတာလဲ..
“ဒါ မင်းကြုံတွေ့ရမယ့် ကိစ္စပဲ… လေ့ကျင့်မှုလို့ ခေါ်တယ်” ဂိုဒီက ဦးနှောက် ကို ပုတ်ပေးလိုက်သည်။ သူ့မျက်လုံးများက တည်ငြိမ်နေပြီး ဘယ်ဖက်လက်ထဲတွက် သစ်သားသေတ္တာတစ်ခုကို ကိုင်ထားသည်။ သူ့လည်ပင်းပေါ်တွင် စိတ်ပုတီးစေ့များ ဆွဲထားသည်။ ဂိုဒီအပေါ်သို့ နေရောင်ထိုးသောအခါ အဝါဖျော့ဖျော့ အလင်းပြန်နေသည်။ ဦးနှောက်က အဲဒါကို စိုက်ကြည့်ပြီး အူကြောင်ကြောင်ဖြစ်နေသည်။
ငှက်သိုက်မုန့်ပုံစံကုတ်ကိုဝတ်ထားသော ဦးနှောက်က ထူးဆန်းပုံပေါ်နေသည်။ သို့သော် ကြည့်ရတာ ကြောက်စရာမကောင်းတော့ပေ။ ပြောရရင် နည်းနည်း ချစ်စရာကောင်းသည်။ အဝေးကကြည့်ရင် အဖြူရောင် တိမ်တိုက်လေး ကောင်းကင်တွင် လွင့်မျောလာသလို ထင်ရသည်။
အဖြူရောင်တိမ်တိုက်လေးက ကောင်းကင်တွင် ပျံသန်းပြီး ဟန်ကျုံးမြို့၏ လမ်းမ၊ လမ်းကြားတွေထဲသို့ ပတ်နေခဲ့သည်။ သူ့ရဲ့ သဘာဝလွန်စွမ်းအင်ကို သုံး၍ အဆင့်နိမ့်ရောဂါပိုးလေးများနဲ့ အစိမ်းရောင်သားလောင်းပိုးကောင်များကို သတ်ပစ်ခဲ့သည်။
“မေမေ ကောင်းကင်ပေါ်မှာ ငှက်သိုက်မုန့်လေး” ဘတ်စ်ကားပေါ်က ကလေးမလေးတစ်ယောက်က ကောင်းကင်ကို လက်ညိုးထိုးပြရင်း အော်ပြောသည်။
“မဟုတ်ပါဘူး…ငှက်သိုက်မုန့်က ကောင်းကင်ပေါ် မပျံနိုင်ဘူးလေ… အဲဒါတိမ်ပါ တိမ်တွေပဲ ကောင်းကင်ပေါ်ပျံနိုင်တာလေ” ကလေးမလေး၏ အမေကပြောသည်။
သူ့အမေပြောတာကို နားလည်လား၊ မလည်လားမသေချာပမယ့် ကောင်မလေးက ခေါင်းညိမ့်လိုက်သည်။ သူ့ လက်ချောင်းလေးကို စုပ်နေပြီး မျက်လုံးများက တောက်ပနေသည်။ ကြည့်ရတာ ငှက်သိုက်မုန့်ပေါ် တစ်ယောက်ယောက်ထိုင်နေသလိုပဲ။ တစ်နေ့ကျရင် ငါ့ရဲ့သားရဲအဖြစ် ငှက်သိုက်မုန့်တစ်ခုကို ရှာရမယ် ဒါမှ ဗိုက်ဆာတဲ့ အခါ တစ်ကိုက်လောက် ကိုက်လို့ရမယ်..
“ကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျုပ်တို့ ဘာမှ ပြန်မပေးနိုင်ဘူးဖြစ်နေတယ် … တကယ်လို့ မစ္စတာကောင်းသာ ကျုပ်တို့မြို့မှာ ရင်းနှီးမြုပ်နှံတာတို့ ရုံးခွဲဖွင့်တာတို့ လုပ်ချင်တယ်ဆိုရင် အခွန်ကင်းလွတ်ခွင့်ပေးပါ့မယ်…ဒါပေမယ့် ခင်ဗျားလာဖို့ ဆန္ဒရှိမှပါ” ဟန်ကျုံးမြို့၏ အစိုးရဌာနမှ ဝတ်စုံပြည့်ဝတ်ထားသောလူက အပြုံးဖြင့်ပြောသည်။
“သေချာတာပေါ့… အနာဂတ်မှာ ကျွန်တော်တို အတူတွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” ကောင်းဖန် ခေါင်းညိမ့်လိုက်သည်။
တောင်ပိုင်းကောင်းကင်အဖွဲ့တွင်တော့ တာ့ဇီက ရတနာသေတ္တာလေးကို ဂိုဒီ့ဆီက ပြန်ယူလိုက်သည်။ သေတ္တာကို ဖွင့်ကြည့်ပြီး အရွယ်အစားမညီသည့် ရွှေနီရောင် ကျောက်များကို စိုက်ကြည့်ရင်း အတွေးထဲ နစ်မြှုပ်နေသည်။
ကံကြမ္မာဘီးဝိုင်းကတော့ ဒီနှစ်ထဲ ငါ့အပေါ်ကျလာပြီ။ ငါ တာ့ဇီ ဆရာသခင်ဖြစ်ဖို့ အချိန်ကျပြီ..
ငါအောင်မြင်စွာနဲ့ ဖွံ့ဖြိုးပြီးတဲ့အထိ စောင့်နေလိုက်… ငါက ကောင်းဖန်ရဲ့ အသန်မာဆုံး သားရဲဖြစ်လာလိမ့်မယ်။ ဟိုကောင်စုတ်တွေကို သင်ခန်းစာပေးရမယ်…
ထားလိုက်ပါတော့ သူတို့က ကောင်းကောင်းမွန်မွန် ပြုမှုနေကြတာဆိုတော့ အခုတော့ သူတို့ကို အနိုင်မကျင့်ပဲ လွှတ်ထားပေးလိုက်ရအောင်..
ဘာလို့လဲဆိုတော့ ငါက ခွင့်လွှတ်တတ်တဲ့ တာ့ဇီလေ!
တာ့ဇီက မျက်နှာကို ညှစ်ထားပြီး အတည်အတံ့ ပုံစံဖြစ်နေသည်။ ဘာဖြစ်လာမလဲဆိုတာ သူစပြီး ပုံဖော်ကြည့်နေသည်။ သနားကြင်နာတတ်တဲ့ တာ့ဇီဖြစ်မလား၊ ရက်စက်တဲ့ အုပ်ချုပ်တဲ့သူလား ဒါမှမဟုတ် ဂဏန်းအဖြစ် ပြောင်းသွားမလား…
တာ့ဇီရဲ့ လက်သည်းတွေက သေတ္တာထဲသို့ရောက်သွားပြီး ခရစ်စတယ်ကျောက်ကို ထိလိုက်သည်။ ကျောက်က မာကျောသည်။ သူ့ရဲ့လက်သည်းတွေကို လျက်လိုက်သည် သို့သော် ဘာအရသာမှ မရချေ။
တာ့ဇီ အားလုံးကို လျစ်လျူရှုလိုက်ပြီး သူ့အသိုက်ဆီ ထွက်သွာသည်။
နဂါးဖြူရဲ့ ကိုယ်ပေါ်က ဆင်းလာပြီး ကောင်းဖန် စံအိမ်သို့ လာသည့်လမ်းတွင် တစ်စုံတစ်ခုကြောင့် ရပ်သွားသည်။
ထိုအရာတွင် ပိုးသားကဲ့သို့ ချောမွေ့နေသော သားမွှေးရှိပြီး မျက်လုံးက ဗာဒံစေ့အရွယ်အစားဖြစ်သည်။ သူ့လက် ၂ ဖက်လုံးကို ခန္ဓာကိုယ်ရှေ့တွင် ဆုပ်ထားပြီး ကောင်းဖန်၏ အောက်နားတွင် ဆောင့်ကြောင့်ထိုင်နေသည်။
“ဘာဖြစ်လို့လဲ ရှောင်ဟွား… အခုတလော စားရတဲ့ဟာတွေကို မကြိုက်လို့လား” ကောင်းဖန် က ရှောင်ဟွား၏ ခေါင်းကို ပုတ်လိုက်သည်။ သူက စံအိမ်က ဘယ်သူ့မှရဲ့ သားရဲမဟုတ်ပေမယ့် ဒန်ဘီ၏သမီးဖြစ်သည်။ သူက သစ်ပင်အိမ်ထဲတွင် အမြဲနေပြီး သူများတွေနဲ့ အဆက်အဆံမလုပ်ပေ။ သို့သော် လူတိုင်းက ဒီအသေးလေးကို ချစ်ကြသည်။
ရှောင်ဟွားက ခေါင်းခါလိုက်ပြီး စကားပြောဖို့ ပါးစပ်ဟလိုက်သည်။ သို့သော် စူးရှသော အော်သံသာ ထွက်လာသည်။ သူစိတ်ပျက်သွားသည်။ သူ့အသံကြောင့်ပဲဖြစ်လိမ့်မည်။ သူ့မျက်လုံးများက စိတ်ပက်လက်ပျက်ဖြစ်နေသည်။ သို့သော်လည်း သူ စကားထပ်ပြောဖို့ သတ္တိတွေ စုစည်းလိုက်ပြီး ဒီတစ်ကြိမ်တွင်တော့ ပို ညင်သာသောအသံနဲ့ ပြောလိုက်သည်။ “ဖေဖေရော ဖေဖေ ဘယ်မှာလဲ”
ရှောင်ဟွား စကားပြောတတ်သွားတာလား
ကောင်းဖန်က ရှောင်ဟွားကို သိပ်အာရုံမစိုက်ခဲ့ပေ။ ဒါကြောင် သူ ရှောင်ဟွား ဘယ်တုန်းက လူစကား စပြောတတ်တာလဲ သေချာမသိချေ။
မေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲ ကောင်းဖန်မသိဖြစ်နေသည်။ ထို့ကြောင့် ခဏ စဥ်းစားပြီးနောက် နူးညံ့သော အသံဖြင့် “မင်း ဖေဖေက အဝေးတစ်နေရာမှာ ယာယီရောက်နေတယ်”
“ဖေဖေက သမီးကို မလိုချင်တော့ဘူးလား” ရှောင်ဟွားက ငိုတော့မည့် ပုံဖြစ်နေသည်။ “သမီး သူ့စကားနားထောင်ပါ့မယ်… ဖေဖေ့ကို ပြန်ခေါ်ပေးနိုင်မလား”
“မင်းဖေဖေက မကြာခင်ပြန်လာတော့မှာပါ” ကောင်းဖန်က ငုံ့ပြီး ရှောင်ဟွားကို ချီလိုက်သည်။ “လာ တစ်ခုခု သွားစားရအောင်”
***
သားရဲလေ့ကျင့်သူ
အခန်း ၄၄၇ အချစ်ကြွေး
နှစ်ကုန်က ချဥ်းကပ်လာသည်မျှ စံအိမ်က ပိုပို၍ သက်ဝင်လှုပ်ရှားလာသည်။
ကောင်းဖန်က ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်မှုတချို့လုပ်နေသည်။ ဟန်ကျုံးမြို့ကယူလာသည့် ပိုးကောင် ဘုရင်မနဲ့ မကြာခင်က ဖမ်းမိခဲ့တဲ့ ပုံပြောင်းနတ်သူငယ် စသည်တို့ကိုဖြစ်သည်။
ပုံပြောင်းနတ်သူငယ်က အဆင့် ၁၉ သာရှိသော်လည်း ကောင်းဖန်က အဲဒါကို သေသွားသော ပိုးကောင်ဘုရင်မထက်ပို စိတ်ဝင်စားနေသည်။ ပိုးကောင်ဘုရင်မက အချိုပွဲလောက်သာဖြစ်ပြီး ပုံပြောင်းနတ်သူငယ်က အဓိက စားစရာအဖြစ် မှတ်ယူနိုင်သည်။
ပုံပြောင်းနတ်သူငယ်ကို စားပွဲပေါ်တွင်ချည်ထားသည်။ သူက သူ့ရှေ့ကလူကို ကြောက်လန့်စွာ ကြည့်ရင်း တုန်ယင်နေသည်။
သူက ဒီနေရာကို မတော်တဆရောက်လာခြင်းဖြစ်သည်။ နေ့တိုင်း လူတွေလာပြီး သူ့ကို အစာနဲ့ ရေပေးသည်။ အများကြီးတော့ မဟုတ် သူ ငတ်မသေရုံမျှသာဖြစ်သည်။
အဲဒီနေ့က နေ့လည်စာစားပြီးပြီးချင်း သူ့ကို မရင်းနှီးသော အခန်းတစ်ခုစီ ခေါ်သွားခြင်း ခံရသည်။ အခန်းထဲတွင် အေးစက်စက် သံစားပွဲတစ်ခုရှိပြီး စားလို့မရနိုင်ဟုထင်ရသော အရာတစ်ခု တင်ထားသည်။
ခဏနေတော့ လူတစ်ယောက်ဝင်လာသည်။ သူ ရုန်းကန်ကြည့်ပေမယ့် မရပေ။ ထိုလူက သူ့ကို ခပ်ကြမ်းကြမ်း မလိုက်ပြီး စားပွဲပေါ်တွင် ချည်လိုက်သည်။
“သနားကြင်နာပေးပါ သခင် သနားကြင်နာပေးပါ” ပုံပြောင်းနတ်သူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကောင်းဖန်က ရုန်းကန်နေသော သားရဲလေးကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။ သူ ဒီလို မြင်ကွင်းမျိုးတွေနဲ့ ရင်းနှီးနေတာ ကြာပြီဖြစ်သည်။ မအော်ဟစ်သော သားရဲဟူ၍ မရှိ… ဒီကောင်လည်း အဲဒီလိုတွေထဲက တစ်ယောက်ပဲ။
ဒီသားရဲ၏စွမ်းရည်က ကောင်းမည့်ဟန်ပေါ်သည်။ ထို့ကြောင့် ကောင်းဖန်၏ ဆက်ဆံပုံက ပိုပြီး ညင်သာသွားသည်။ “မလှုပ်နဲ့… မင်းခြေထောက်တွေကို လှုပ်နေတာ ရပ်လိုက်… မဟုတ်ရင် ငါ ချိုးပစ်မယ်” ကောင်းဖန်အသံက အေးစက်နေသည်။
ကောင်းဖန် သူလုပ်နေသော စမ်းသပ်ချက်တွင် အလွယ်တကူပဲ နစ်မြှုပ်သွားသည်။
နတ်သူငယ်က ကောင်းဖန်လက်ထဲက အရိုးချိုးတူကို ကြည့်ပြီး ခေါင်းငုံ့ လက်လျော့လိုက်သည်။
[သားရဲအမည်] - ပုံပြောင်းနတ်သူငယ်
[သားရဲအဆင့်] - အဆင့် ၁၉
[သားရဲအမျိုးအစား] - စိတ်တန်ခိုး
[သားရဲစွမ်းအင်] - ပုံပြောင်းခြင်း အဆင့် ၁
[သားရဲ အားနည်းချက်] - ပုံပြောင်းပြီးနောက် အခြေခံပုံစံကိုသာ ထိန်းသိမ်းထားနိုင်ပြီး ပစ်မှတ်သားကောင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတိုင်းသာဖြစ်နေမည်ဖြစ်သည်။ ပစ်မှတ်သားကောင်၏ ဇီဝဒြပ်စင်သို့ တခြားစွမ်းရည်များကို ရရှိမည်မဟုတ်ပေ။
[သားရဲ ဖော်ပြချက်] -ပုံပြောင်းနတ်သူငယ်များက ချင်ယန်ကမ္ဘာမှဖြစ်ကြပြီး ပုံပြောင်းနိုင်စွမ်း ရှိကြသည်။ ပစ်မှတ်သတ္တဝါ၏ အသွင်ကို အတုခိုးနိုင်ပြီး လိုသလို သူ့ကိုယ်ပိုင် ရုပ်သွင်သို့ပြောင်းနိုင်သည်။ သူတို့က အားနည်းပြီးရှက်ကြောက်တတ်သည်။ အကြမ်းဖက်ဖို့မလိုဘဲ ပြဿနာကို ဖြေရှင်းနိုင်ပါက အငြင်းပွားခြင်းမဖြစ်အောင် ရှောင်လေ့ရှိကြသည်။ နှင်းတောင်များဆီက သန့်စင်သောရေကို သောက်သုံရတာ ကြိုက်နှစ်သက်ကြသည်။
ပုံပြောင်းခြင်းစွမ်းရည်က လေ့လာရတာ ထိုက်တန်သည်။ စိတ်တန်းခိုးသုံးပြီးနောက် ဘယ်လိုအခြေအနေမျိုးမှာ ပုံပြောင်းခြင်းစွမ်းရည် ပျက်သွားနိုင်လဲဆိုတာမျိုးပေါ့.. တခြား သုတေသန မေးခွန်းအနေနဲ့ ဥပမာပေးရရင် ပုံပြောင်းခြင်းစွမ်းအားကို တစ်ခြားပစ္စည်းတစ်ခုခုမှာ တွဲစပ်လို့ရနိုင်မရနိုင်၊ တစ်ခုခုထဲမှာ ထည့်ပြီး သိမ်းထားလို့ရနိုင် မရနိုင်ဆိုတာမျိုးဖြစ်သည်။
အပေါ်ကပြောခဲ့တဲ့ ရည်မှန်းချက်တွေ မဖြစ်နိုင်ရင်တောင် ဒီပုံပြောင်းနတ်သူငယ်တွေရဲ့ အားနည်းချက်ကို စမ်းသပ်တာက ဒီလို စွမ်းရည်တူ ပိုင်ဆိုင်ထားတဲ့ သားရဲတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ လေ့လာဖို့ ကူညီပေးနိုင်သည်။
နေ့တစ်ဝက်က မြန်မြန်ပဲ ကုန်ဆုံးသွားသည်။ ရလဒ်တချို့မြင်တွေ့ခဲ့ရသောကြောင့် ကောင်းဖန် ဓာတ်ခွဲခန်းက ထွက်လာသောအခါ စိတ်ကျေနပ်နေသည်။
တာ့ဇီက သူ့သခင်နားသို့ သွားလိုက်ပြီး “ကောင်းဖန် ကောင်းဖန် ဘယ်တော့မှ ငါ့ကို စမ်းသပ်ပေးမှာလဲ”
“မင်းကိုလား” ကောင်းဖန်က တာ့ဇီကို ကြည့်လိုက်သည်။ သူစိတ်ပူဟန်ဖြင့် ဆိုဖာပေါ်ထိုင်ချပြီး သက်ပြင်းချလိုက်သည်။ “ငါ အခုတလော အရမ်းပင်ပန်းနေတယ်… ခြေထောက်တွေတောင် ကိုက်ခဲနေတာပဲ”
တာ့ဇီက မြန်မြန် မတ်တပ်ရပ်လိုက်ပြီး ခါးကို ကွေးကာ ကောင်းဖန်၏ ခြေထောက်များကို ဂရုတစိုက် နှိပ်ပေးလိုက်သည်။ သူ့ရဲ့ သေးငယ်သော လက်သည်းလေး နှစ်ခုနဲ့ ကောင်းဖန်ခြေထောက်တွေကို နယ်ပေးနေသည်။ သူခန္ဓာကိုယ်အပေါ်ပိုင်းက လက်သည်းများ၏ လှုပ်ရှားမှုအတိုင်း စည်းချက်ညီညီ ယိမ်းထိုးနေသည်။
“အားပျော့လွန်းတယ်” ကောင်းဖန် သမ်းဝေလိုက်သည်။ “အစားမစားရသေးးဘူးလား”
တာ့ဇီက ထပ်ခါ ထပ်ခါ တောင်းပန်စကားဆိုလိုက်ပြီး အားပိုထည့်ကာ နှိပ်လိုက်သည်။ “ကောင်းဖန် ကောင်းဖန် အခုနှိပ်တာရော ဘယ်လိုနေလဲ”
“အဆင်ပြေတယ်” ကောင်းဖန်က လက်ခံတယ်ဆိုရုံမျှ ပြောလိုက်ပြီး ခြေထောက်ကို ရှေ့သို့ ၂ လှမ်းလောက် ရွှေ့ လိုက်သည်။ “ငါ့ကျောကုန်းလည်း ကိုက်ခဲနေတာပဲ”
…
ငွေရောက်အရိပ် ဖြတ်ကနဲလက်သွားပြီး ကောင်းကင်တွင် နဂါး၏ ညည်းသံ ပဲ့တင်ထပ်သွားသည်။ ယွိကျိုးမြို့နဲ့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းအတွက်တော့ ဒါက ရိုးနေပြီဖြစ်သည်။
ကျီဟန့်ဝူအစကတော့ သတိမထားမိပေ။ သို့သော် နဂါးဖြူဆီက စိတ်ပင်လယ်အတွင်းသို့ ပို့လွှတ်လိုက်တဲ့ သတင်းပါးချက်က ကျီဟန့်ဝူကို အလုပ်များချထားစေလိုက်သည်။ သူ ပြတင်းပေါက်ဘေးတွင်ရပ်ကာ ကောင်းကင်သို့ကြည့်လိုက်သည်။
နက်မှောင်သော တိမ်များ သူ့ခေါင်းပေါ်တွင် လွင့်နေသည်။ မင်ရည်များ ကျလာတော့မလိုပင် နက်မှောင်နေသည်။ သတိမပြုလိုက်မိခင်မှာပင် ကောင်းကင်က မှောင်သွားပြီး နက်မှောင်သော တိမ်များကြားတွင် ငွေရောင် အလင်းတစ်ခုလက်နေသည်။
ကျီဟန့်ဝူ၏ မျက်နှာက လေးနက်နေသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပေါ်က နဂါးက… သူ့သားရဲမဟုတ်ပေ။
“အဲဒါ နဂါးဖြူလား… အရမ်းမိုက်တယ်နော် ငါလည်း အဲလိုအရမ်းမိုက်တဲ့ သားရဲတစ်ကောင်လောက် ရှိရင် ကောင်းမယ်” ခါရန်ချန်း၏ မျက်လုံးများ တောက်ပသွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ခါရန်နောက်က ဂျိုဝီအိုက်ကတော့ ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူ့ရဲ့ မျက်နှာ ဖောင်းဖောင်းက တည်ငြိမ်ဟန် ပေါက်နေသည်။ “ခါရန် ဒါက နဂါးဖြူနဲ့ မတူဘူးနော်”
ခါရန်က လာနောက်နေတာလားဆိုတဲ့ပုံစံဖြင့် သူ့မျက်နှာက “ငါ့ကို လာလိမ်လို့ရမယ်ထင်နေတာလား… ငါက ဗဟုသုတပြည့်ဝတဲ့သူပါ… နိုင်ငံခြားမှာ ကျောင်းတဲ့ပြီးဘွဲ့ရလာတဲ့သူပါ” လို့ ပြောနေသည့် ဟန်ပေါက်နေသည်။
“အဲဒါက နဂါး မဟုတ်ရင် ဘာတုန်း… နင့်ရဲ့ ကြက်ချေးနဲ့သာ သွားဆော့နေစမ်းပါ ကလေးဝတုတ်ရဲ့”
ဂျိုဝီ၏မျက်နှာက ရဲသွားပြီး “အဲဒီအကြောင်း ကျေးဇူးပြုပြီး မပြောစမ်းပါနဲ့”
ကောင်းကင်က အရောင်များပြောင်းနေပြီး ထိုကြားက ငွေရောင်အလင်း ထိုးဖောက်နေသည်။ တိမ်မည်းများက မင်ရည်များ ဝေ့ဝဲနေသလို အစုလိုက်ဖြစ်နေသည်။ နောက်ခဏတွင် နဂါးခေါင်းကြီးတစ်ခု တိမ်တိုက်မည်းများကြားမှ ထွက်လာပြီး အောက်က တောင်များကို ကြည့်နေသည်။
နဂါးခေါင်း၏ မျက်နှာပြင်က မှန်ကဲ့သို့ ချောမွေ့နေပြီး ငွေရောင် လင်းလက်နေသည်။ ခေါင်းပေါ်တွင် ဘာဂျိုမှ မရှိပေ။ ကြယ်အလင်းတစ်စွန်းတစ်စက နဂါးခေါင်းတွင် တောက်ပနေသည်။ သူ့ရဲ့မျက်လုံးဖြူဖြူများတွင် ဒေါသတစ်စွန်းတစ်စပေါ်နေပြီး သူ့ရဲ့ခေါင်းက အရုပ်လေးတစ်ခုကဲ့သို့ သေးသွယ်သည်။
ကောင်းဖန်ရောက်လာပြီး ထိုမြင်ကွင်းကို မြင်သွားသည်။
ရေကန်ထဲက ရေထုက မြင့်တတ်လာပြီး ကောင်းကင်ပေါ် ပေ ၃၂၀၀ ထိ မြင့်တက်သွားသည်။ ရေထဲတွင် ပုန်းကွယ်နေသော အဖြူရောင် ခန္ဓာကိုယ်တစ်ခု ရှိနေသည်။
နဂါး နှစ်ကောင်လား… ကောင်းဖန်၏မျက်လုံးများ တောက်ပသွားသည်။ သူ မြန်မြန်ပဲ ထိုင်ခုံတစ်လုံးယူပြီး သုတေသနခန်းက ရေသန့်နဲ့ နေကြာစေ့တို့ကို ယူလိုက်သည်။
နဂါးဖြူက ရေထဲတွင် ပုန်းနေပြီး ကိုယ်ပျောက်သလိုဖြစ်နေသည်။ သူက ရေထုထဲကနေ ငွေရောင်နဂါးကို ကြည့်နေသည်။
ငွေရောင်နဂါး ဖြည်းဖြည်းချင်း အောက်ဆင်းလာသောအခါ သူ့တွင် နဂါးဖြူကဲ့သို့ပင် ခြေချောင်း ၃ ချောင်းပါသည်ကို ကောင်းဖန် သတိပြုမိလိုက်သည်။
[သားရဲအမည်] - ထိုက်ရေကန် ဂျိုမပါ ငွေရောင်နဂါး
[သားရဲအဆင့်] - အဆင့် ၅၄ (ဘုရင်အဆင့်)
[သားရဲစွမ်းရည်] - ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - လျှပ်စစ်/ တိမ်
[သားရဲစွမ်းအင်] မိုးကြိုး ထိန်းချုပ်ခြင်း အဆင့် ၅၊ တိမ်တိုက် ထိန်းချုပ်ခြင်း အဆင့် ၅၊ အကြေးခွံ မာကျောမှု အဆင့် ၄
[သားရဲထူးခြားချက်] - လျှပ်စစ်မိုးကြိုးပိုက်ကွန်အကြေးခွံ (အကြေးခွံအတွင်းပိုင်းတွင် မိုးကြိုးအကြေးခွံတစ်လွှာ ထပ်ပေါင်းထား)
သက်ရောက်မှု ၁ - မိုးကြိုးပိုက်ကွန် (မိုးကြိုးတိုက်ခိုက်မှုမားကို စုပ်ယူပြီး ရုပ်ပိုင်ဆိုင်ရာ တိုက်ခိုက်မှုကို ဒီဂရီတစ်ခုအထိ လျော့ချနိုင်ခြင်း)
သက်ရောက်မှု ၂ - အကြေးခွံ (ရန်သူ၏ တိုက်ခိုက်ချက်က အကြေးခွံပေါ်သို့ ကျရောက်ပါက လျှပ်စစ်တန်ပြန်ချက်ဖြင့် သူ့တို့အပေါ်ပြန် သက်ရောက်ခြင်း)
[သားရဲ ကိုယ်ရေးအကျဥ်း] ဂျိုမပါ ငွေရောင်နဂါးကို ထိုက်ရေကန်၏ နက်ရှိုင်းသောနေရာတွင် မွေးဖွားခဲ့သည်။ သဘာဝအတိုင်းပင် လျှပ်စီးကို ထိန်းချုပ်နိုင်သည်။
ငွေရောင်နဂါးက နဂါးဖြူအနားသို့ ကပ်လာသည်။ နဂါး ၂ ကောင် ထိလုနီးပါး ခေါင်းချင်းဆိုင်ဖြစ်သွားသည်။
တိမ်တိုက်ထူထူများ မြင့်တက်လာပြီး ကောင်းကင်သည် လျင်မြန်စွာ အဖြူရောင်မြူများနဲ့ ဖုံးသွားသည်။ မြေပေါ်ကနေ ကောင်းကင်သို့ကြည့်လျှင် အဖြူရောင်အငွေ့များကလွဲ၍ ဘာမှ မမြင်ရပေ။
ကောင်းဖန် စိတ်ပျက်သွားသည်။ သူလက်ထဲက ပုလင်းအဖုံးကို အခုပဲဖွင့်လိုက်တာလေ…
ဒါလေးပဲလား… ဒါပဲလား
သူစိတ်တိုသွားပြီး အကုန်လုံးကို တကျိုက်ထဲ မော့သောက်လိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၄၈ အမြွှာနဂါးများ
တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းမှ ထုတ်လုပ်သော သောက်စရာကို သောက်ပြီးနောက် ကောင်းဖန် ကျေနပ်စွာ လေချဥ်တတ်လိုက်သည်။ ထို့နောက် ဘူးခွံအလွတ်ကို ပေ ၁၀၀ အကွာလောက်တွင် ရှိနေသော အမှိုက်ပုံးထဲသို့ အတိအကျ ပစ်ထည့်လိုက်သည်။
“ပြန်သွားကြတော့ ပြန်ကြတော့… ကြည့်စရာဘာမှ မရှိတော့ဘူး”
ကောင်းဖန်က သူ့ဘေးတွင် ခွေးတစ်ကောင်လို ထိုင်နေသော တာ့ဇီခြေထောက်ကို ပုတ်လိုက်သည်။ စာရင်းအတိုင်းအပြည့်အစုံဖြစ်ဖို့ ပစ္စည်းတစ်ခုလိုနေသေးသည်ဆိုတဲ့ ရက်စက်သောအမှန်တရားကို သူ့အား ခုထိမပြောရသေးပေ။
တာ့ဇီက မျှော်လင်ချက်တွေပြည့်နေသော မျက်လုံးများဖြင့် စောင့်နေသည်။
“မင်း အရင်ပြန်နှင့်လိုက်” ကောင်းဖန်က တာ့ဇီကို အလေးအနက်ပြောလိုက်သည်။ “မင်း ဖွံ့ဖြိုးအောင်လုပ်ဖို့ အချိန်ကျရင် ငါခေါ်လိုက်မယ်”
တာ့ဇီက သစ်မြစ်ပေါ်သို့ တွယ်တတ်သွားပြီး ပုရွတ်ဆိတ်များကို ကြည့်နေသည်။
တိမ်တောက် ပင်လယ်ဆီသို့ ပျံသွားသော နဂါးဖြူနဲ့ ငွေရောင်နဂါးက ပျောက်ကွယ်သလိုဖြစ်သွားသည်။ ကောင်းဖန် နှစ်ခါလောက်သမ်းလိုက်ပြီး သူ့တင်ပါးအောက်က ထိုင်ခုံကို ဆွဲထုတ်လိုက်၍ ဓာတ်ခွဲခန်းထဲသို့ ပြန်ထည့်လိုက်သည်။
“ဘုရားရေ… အဲဒီပွစိပွစိအသံတွေကို နားထောင်ကြည့်ပါဦး.. ငွေရောင်နဂါးမင်းသား ဖြစ်မယ်… နဂါးထီး ၂ ကောင်ကြားမှာ ဘာစိတ်ဝင်တစား ပြောစရာတွေ ရှိနေလဲ မသိဘူး”
ဂျိုဝီအိုက်နဲ့ ခါရန်ချန်တို့ ၂ ယောက်လုံး ကောင်းဖန်ကို နှုတ်ဆက်လိုက်သည်။
“ဝမ်းကွဲအစ်ကို”
“ဝမ်းကွဲအစ်ကို”
ဂျိုဝီအိုက်၏ မျက်လုံးများက လေးစားစရာကောင်းဖန်ကို တွေ့ရသည့်အတွက် စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နေသည်။ သူက ကောင်းဖန်ကို အမှန်တကယ်ကို လေးစားချစ်ခင်သည်။ အထူးသဖြင့် သူ့အရင်က စွမ်းဆောင်နိုင်ခဲ့တာတွေကို ကြားခဲ့ပြီးနောက် ဒီဝမ်းကွဲအစ်ကိုကို ပိုပြီးတော့တောင် လေးစားချစ်ခင်ရသေးသည်။
ကောင်းဖန် သူတို့ကို ခေါင်းညိမ့်ပြီး နှုတ်ဆက်လိုက်သည်။
သန်ဘက်ခါဆို တရုတ်နှစ်သစ်ကူး၏ ပထမဆုံးရက်ဖြစ်သည်။ မနက်ဖြန်က တရုတ်နှစ်သစ်ကူးအကြိုရက်ဖြစ်သောကြောင့် မိသားစုတိုင်း ပွဲတော်အတွက် ပြင်ဆင်ရင်း အလုပ်များနေကြသည်။
ကောင်းဖန် မြို့ထဲသို့ သွားလိုက်မယ်ဆိုရင် တရုတ်နှစ်ကူးအတွက် ပစ္စည်းများဝယ်ယူနေကြသော လမ်းအပြည့်လူများကို တွေ့ရမည်ဖြစ်သည်။ ဆိုင်များတွင် အမျိုးမျိုးသော အထူးလျှော့ဈေးများ ရှိသည်။ “ပစ္စည်း အားလုံးအတွက် ၇၀ % နဲ့အထက် လျှော့ဈေး“ စသည်ဖြင့်ဖြစ်သည်။
“ဝတုတ် ဖလိန်မီရေ သွားကြစို့” ကောင်းဖန်က အေရိုးဗစ်လုပ်နေသော ဖလိန်မီကို ဆွဲပြီး သူ့ကျောပေါ် တတ်စီးလိုက်သည်။
ဖလိန်မီကပွစိပွစိ ပြန်ပြောသည် “ဝတုတ် ဖလိန်မီလို့မခေါ်ပါနဲ့ဆို… ငါက ဝတာမဟုတ်ဘူး… အမွှေးထူနေလို့ ခပ်ပွပွပုံစံဖြစ်နေတာ”
“ကောင်းပါပြီ သိပြီ အမွှေးထူ ဝတုတ် ဖလိန်မီရဲ့” လူငယ်လေးက ကြိုးကြာပေါ်တတ်ပြီး အနောက်ဖက် ထျန်းကောဆီသို့ ပျံသန်းသွားသည်။
ထျန်းကောကျောင်း၏ ကျောင်းသား ၃ ပုံ ၁ ပုံလောက်နီပါးက နှစ်ကူးအတွက် အိမ်ပြန်သွားကြပြီဖြစ်ပြီး ကျန်နေသော ကျောင်းသားများက အိမ်ယာမရှိသူများ ဖြစ်ကြသည်။ ထျန်းကောကျောင်း၏ အဝင်ဝတွင် အနီရောင်ဖြင့် စာပိုဒ်တစ်ခုရှိနေသည်။
“အသိပညာဗဟုသုတကို လူကြီးသူမတွေက စဥ်းစားတွေးခေါ်ပြီး သင်ကြားပေးတယ်..
လူငယ်တွေက အသိပညာဗဟုသုတကို စုပ်ယူပြီး ခရီးစဥ်သစ်ဖန်တီးခြင်းကို ဖွံဖြိုးလာအောင် လုပ်တယ်”
သူ့အဖိုးက ဒီစာကြောင်း ၂ ကြောင်းကို အရင်ထဲက ရေးသားထားခဲ့တာဖြစ်သည်။ ကောင်းဖန်၏ လက်ရေးလှ စာလုံးရေးခြင်း စွမ်းရည်က သာမာန်မျှသာဖြစ်သည်။ ထို့ကြောင့် သူဒါကို အရမ်းသဘောမကျနိုင်ဘဲ သူ့အတွက် ကြည့်ကောင်းတယ်ဆိုရုံသာဖြစ်သည်။
ဝင်ပေါက်၏ ၂ ဖက်ခြမ်းလုံးတွင် အမြင့် ၆၅ ပေလောက်ရှိသော ကြေးရုပ်ထု ၂ ခုရှိသည်။
ကောင်းဖန် ထူးဆန်းသလို ခံစားနေရသည်။ သူ မရောက်တာ ကြာတဲ့အတွင်း ရုပ်ထုတွေက ပိုမြင့်သွားသလို ထင်ရပြီး အဆင့်နည်းနည်း ပိုတက်နေသည်။
မြင်း၏လည်ပင်းနဲ့ ကွမ်ယုရုပ်ထု၏ ဓားအကွေး ၂ ခုလုံးက အနီရောင်အဝတ်စနဲ့ ဖုံးနေသည်။ ချင်းချုံ၏ရုပ်ထုက ဓား၂ ခုလုံးလည်း ထိုကဲ့သို့ပင်ဖြစ်နေသည်။
သူတို့ ဘာတွေလုပ်နေတာလဲ… ကောင်းဖန် ရုပ်ထုတွေကို အနီရောင်အဝတ်နဲ့ဖုံးထားရသည့် ရည်ရွယ်ချက်ကို နားမလည်ပေ။ အဲဒါက ဝတ်ပြုကျောင်းက သန့်စင်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်လို ဖြစ်နေသည်။ ဒါပေမယ့် သူတို့က ဘာလို့ ရုပ်ထုရဲ့ အပေါ်ပိုင်းကို မဖုံးဘဲ လက်နက်တွေကိုပဲ ဖုံးထားရတာလဲ…
ကျောင်းပေါက်ဝက လုံခြုံရေးအစောင့်က ထွက်သွားပြီဖြစ်သည်။ လုံခြုံရေးခန်းထဲတွင် ဘယ်သူမှ ရှိမနေပေ။ သို့သော် လုံခြုံရေးအစောင့်မလိုပေ။ ကွမ်ယုနဲ့ ချင်းချုံရှိနေခြင်းက လိုတာထက်ပင် ပိုနေပြီဖြစ်သည်။ နတ်ဘုရားအဆင့် သားရဲတောင် ဒီထဲမှာ လာပြီး ရိုင်းရိုင်းစိုင်းစိုင်း မပြုမှုနိုင်ပေ။
လုံခြုံရေးအစောင့်များက အများအားဖြင့် လုပ်ငန်းစဥ်နဲ့ ထိန်းသိမ်းရေးတို့တွင် အဓိကကဏ္ဍကနေ ပါဝင် လုပ်ဆောင်သည်။ ဥပမာ ရုပ်ထုနားက အမှိုက်တွေကို သန့်ရှင်းရေးလုပ်တာ အမွှေးတိုင်က ပြာတွေကို ရှင်းတာမျိုး ဖြစ်သည်။
တရုတ်နှစ်ကူးအတွက် အစောင့်တွေ ထွက်မသွားခင် သူတို့ အမွှေးတိုင်က ပြာတွေကို သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး ဖြစ်သည်။
သူကျောင်းသို့ရောက်သောအခါ ညစာစားချိန်ဖြစ်နေပြီဖြစ်သည်။ ကောင်းဖန် ကန်တင်းဆီက ထမင်းဟင်းနံ့ကို ရလိုက်သည်။
ကောင်းကင်ပေါ်တွင် အရိပ် ၂ ခု ရှိနေသည်။ တောင်တွေဆီသို့ အမြန်ရောက်သွားပြီး ပျောက်ကွယ်သွားကြသည်။
သူတို့ပျောက်ကွယ်သွားသောနေရာက ကောင်းဖန်လာခဲ့တဲ့နေရာနဲ့ ဦးတည်ဖက်ချင်းအတူတူဖြစ်သည်။ ကောင်းဖန် ထူးဆန်းနေသလို ခံစားရသည်။ သူသိသလောက် နဂါးဖြူက အထီးပါ… ဒါပေမယ့် ကြည့်ရတာ ငွေရောင်နဂါးမင်းသားက နဂါးဖြူကို နာခံနေတဲ့ပုံပေါက်သည်။
ကောင်းဖန်က ကျောင်းတွင်ဖြစ်နေသောကြောင့် အခြေအနေ တိတိကျကျကို မသိရပေ။ နဂါးဖြူနဲ့ တခြားသားရဲတွေပေါင်းရင် ဂျိုမပါ ငွေရောင်နဂါးကို ဖိနှိပ်နိုင်လောက်သည်ဆိုသော်လည်း ကောင်းဖန် စိတ်မချ ဖြစ်နေသည်။
ကျောင်းကို မြန်မြန်ပဲ စစ်ဆေးပြီးနောက် သူကျောင်းကနေ ထွက်မလာခင် နောက်နေ့အတွက် ပြင်ဆင်ထားသော အစီအစဥ်များနဲ့ လိုအပ်သောပစ္စည်းများကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ စံအိမ်သို့ ပြန်ရောက်ပြီးနောက် ရေကန်ဘေးတွင် သူ့အဖိုး ရပ်နေသည်ကို ကောင်းဖန် တွေ့လိုက်သည်။ ရေကန်ထဲတွင် နဂါး ၂ ကောင်ရှိနေ ပြီး သူတို့ခေါင်းများက ရေစပ်တွင် လှဲထားကြသည်။
ဘယ်ဖက်တွင် နဂါးဖြူဖြစ်ပြီး နားရွက်နားတွင် လည်ဆံမွေးများက စိုစွတ်နေကာ အေးတိအေးစက်ဖြစ်နေသည်။ သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး လိမ္မော်ဝါရောင် မျက်လုံးများက ခပ်မှိုင်းမှိုင်းဖြစ်နေသည်။
ငွေရောင်နဂါးက ညာဖက်တွင်ဖြစ်ပြီး သူ့ရဲ့ခေါင်းကို နဂါးဖြူပေါ်တွင် မှီထားသည်။ သူက မကြာခဏ နဂါးဖြူကို ခိုး ခိုးကြည့်သော်လည်း နဂါးဖြူက သူ့ဖက် လှည့်လာလျှင် ဘာမှ မဟုတ်သလို ဟန်ဆောင်ပြီး မြန်မြန် အကြည့်ကို လွှဲလိုက်သည်။
“မင်းသားက ဘာလို့ မိန်းကလေးအရမ်းဆန်တဲ့ပုံပေါက်နေရတာလဲ” ကောင်းဖန် ပြောစရာစကားမဲ့သွားသည်။ အထီးဖြစ်ပြီး မိန်းကလေးလိုလုပ်နေတာရှက်စရာပဲ။
နဂါးဖြူဆီက မသဲမကွဲခပ်တိုးတိုး အသံထွက်လာသည်။ ငွေရောင်နဂါးကို ကြည့်ရတာ တွန့်ဆုတ်နေပုံပေါ်သည်။ နဂါးဖြူ၏အသံက ပို အက်ရှလာသည်။
ငွေရောင်နဂါးက နဂါးဖြူကို ၂ ကြိမ်ကြည့်လိုက်သည်။ နဂါးဖြူက နှာခေါင်းရှုံ့လိုက်ပြီး ကျီဟန့်ဝူဖက်သို့ စိတ်မရှည်စွာနဲ့ ကြည့်လာသည်။ ထို့နောက် ငွေရောင်နဂါးက သူ့ခေါင်းကို ကျီဟန့်ဝူဖက် ရွေ့လိုက်ပြီး မျက်လုံးမပိတ်လိုက်ခင် သူ့အား စက္ကန့်အနည်းငယ် စိုက်ကြည့်လိုက်သည်။
သူ့အဖိုး ငွေရောင်နဂါးနဲ့ သွေးစာချုပ်ချုပ်လိုက်တာကို ကောင်းဖန် တွေ့လိုက်ရသည်။
နေပါဦး… ကောင်းဖန် အနည်းငယ် တုန်လှုပ်သွားသည်။။ သူ့နဖူးကိုသူပွတ်လိုက်သည်။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ… ငါ အဖြေရှာဖို့လိုပြီ…
ဒီငွေရောင်နဂါးက ဘာကြောင့်လဲမသိ နဂါးဖြူကို လာရှာတယ်။ ပြီးတော့ တိမ်ပင်လယ်ထဲမှာ သူတို့ “မိတ်ဆွေချင်း ရင်းနှီးတဲ့ ဆက်သွယ်မှု” လုပ်ခဲ့တယ်။ ပြီးတော့ အတူ ရေကန်ထဲကို ဝင်ခဲ့တယ်။ အခု နောက်ထပ် အခြောက်သတ္တဝါတစ်ကောင်က အဖိုးနဲ့ သွေးစာချုပ် ချုပ်တော့မယ်။
ဒါက အဓိက မဟုတ်သေးဘူး။ အဓိကအချက်က ဒါက ဘုရင်အဆင့်နဂါးဆိုတဲ့ အချက်ပဲ။
အဖိုးရဲ့ ဝိဝိဉာဉ်စွမ်းအားက နဂါးဖြူကို ဘုရင်အဆင့်မြှင့်လိုက်ပြီးတော့ ပိုအားကောင်းလာခဲ့သည်။ ဒါ့အပြင် မိုးကြိုးခွံနတ်ဘုရားနဲ့ ကျောက်စိမ်းမိကျောင်းကလည်း နတ်ဘုရားအဆင့်ကို ရောက်သွားပြီဖြစ်သည်။ ထို့ကြောင့် အဖိုးက ဘုရင်အဆင့် ဂျိုမပါငွေရောင်နဂါးနဲ့ စာချုပ်ချုပ်ဖို့ ရည်ရွယ်ချက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်လိုက်ပြီ ဖြစ်သည်။
ငွေရောင်နဂါးက တွန့်ဆုတ်နေဟန်ပေါ်ပေမယ့် အဖိုးနဲ့ စာချုပ်ချုပ်လိုက်တာက နဂါးဖြူကြောင့် ဖြစ်နိုင်သည်။
သွေးစားချုပ်ချုပ်ပြီးနောက် ငွေရောင်နဂါး၏ အပြုအမူက သွေးစာချုပ်ဆက်သွယ်ချက်ကြောင့် အဖိုးအပေါ် ပိုပြီး နူးညံ့သွားဟန်ပေါ်သည်။ ရင်းနှီးဟန်မဟုတ်ပေမယ့် အနည်းဆုံးတော့ မရိုင်းပြချေ။
နောက်ထပ် ဘုရင်အဆင့်သားရဲတစ်ကောင် ပိုင်ဆိုင်သွားသောကြောင့် ကောင်းဖန် အဖိုးအား ဂုဏ်ပြုစကား ပြောလိုက်သည်။ သို့သော် နဂါးဖြူနဲ့ ငွေရောင်နဂါးကြားက ဆက်ဆံပုံကို သူ ထူးဆန်းသလို ခံစားနေရဆဲဖြစ်သည်။
“ငွေရောင်လေးက အထီးမဟုတ်ဘူး” ကောင်းဖန်စိတ်ကို သိနေသလို အဖိုးက ပြောလာသည်။
သူ့အတွေးတွေကို ဖော်ထုတ်ခံလိုက်ရသော်လည်း ကောင်းဖန်ရှက်မသွားပေ။ “အဖိုး အဲဒါက ထိုက်ရေကန်က ငွေရောင်နဂါးမင်းသား မဟုတ်ဘူးလား”
ကျီဟန့်ဝူခေါင်းညိမ့်လိုက်သည်။ “အဲဒါ သူပါပဲ”
“ကောင်းတာပေါ့… သူက အဖိုးရဲ့သားရဲဖြစ်လာပြီဆိုတော့ တခြားသူတွေ သူ့ကို အခွင့်အရေးယူခံလို့မဖြစ်ဘူး… သူ့မှာ ကျေးကျွန် တစ်ယောက်ရှိတာ ကျွန်တော်မှတ်မိတယ် မှန်လိပ်လေ… သူ့မှာ တစ်ခုခုက ကောင်းလား ဆိုးလားဆိုတာကို ခန့်မှန်းတာအရမ်းတော်တဲ့ နည်းလမ်းရှိတယ်… ဒီလိုစွမ်းရည်မျိုးရှိတဲ့ သားရဲ သူတစ်ကောင်ပဲ မြင်ဖူးသေးတယ်… အဲတော့ သူ့ကို လက်လွတ်ခံလို့မဖြစ်ဘူး” ကောင်းဖန်က မှန်လိပ်ကို ရှာဖို့ တကယ်ပဲ ဟိုးအရင်တည်းက တွေးနေခဲ့တာဖြစ်သည်။
ပြောသွားတာကို စဥ်းစားလိုက်ပြီးနောက် အဓိပ္ပါယ်ရှိသည်ဟု ကျီဟန့်ဝူ သဘောပေါက်သွားသည်။ ထို့ကြောင့် သူ ငွေရောင်နဂါးနဲ့ စကားပြောလိုက်သည်။ တကယ်တော့ ငွေရောင်နဂါးက လိပ်ကို သိပ်ဂရုမစိုက်ပေ။ အဲဒါက ဒီတိုင်း နှစ်အနည်းငယ်တုန်းက ရှင်သန်ဖို့ သူ့ကို အားကိုးနေတဲ့ လိပ်ကလေးတစ်ကောင်သာဖြစ်သည်။
ငွေရောင်နဂါးက စိတ်သိပ်မပါသော သဘောတူညီချက်ကို လုပ်ခဲ့သည်။ သူက စွမ်းအားကြီးသူများနဲ့ ခွန်အားကိုသာ ယုံကြည်သည်။ ထို့ကြောင့် လိပ်ကို ဂရုမစိုက်ပေ။ သူ့ရဲ့အဓိက ဂရုစိုက်တာက နဂါးဖြူကို ထိုက်ရေကန်သို့ ခေါ်သွားဖို့ နည်းလမ်းရှာရန်ဖြစ်သည်။
***
စာစဉ် ၂၈ ပြီး၏။