← Chapters

အခန်း (၄၀၁-၄၀၄)

Vol. 26 Ch. 401-404

အခန်း (၄၀၁-၄၀၄)

Vol. 26 Ch. 401-404

အခန်း ၄၀၁ သန့်စင်မွန်မြတ်သော အတောင်ပံတပ် ဆင်စွယ် ၀န်ကြီး

ကောင်းဖန်သည် ရှေ့ဘက်နားတွင် လူသံများကို ကြားနေရသည်။ လမ်းတစ်လျှောက်တွင် အစင်းလေး၏ ကြီးမားသော ကိုယ်ကြီးကြောင့် လူအများ၏ အာရုံစိုက်မှုကို ခံနေရကာ ကိုယ်ပိုင်သားရဲများနှင့်အတူ ဖြတ်သွားကြသော အမည်းရောင်၀တ်ရုံ၀တ် လူများသည် သူတို့ကို ငေးစိုက်ကြည့်သွားကြသည်။

တကယ်တော့ အစင်းလေးကို နေ့ဘက်ကြီးတွင် ခေါ်ထုတ်မလာသင့်ဟု ကောင်းဖန်တွေးနေမိသည်။ သူသည် ရောင်နေသော လက်မကြီးနှင့်ပင် တူနေသည်။ အစင်းလေးသည် အနည်းဆုံး ပေ ၂၀၀ ခန့် ရှိသည်ဖြစ်ရာ မြင့်မားသော အဆောက်အအုံကြီးတစ်ခု နီးပါးလောက် ရှိနေသည်။

အစင်းလေးကို စိုးရိမ်စိတ်ဖြင့် ကောင်းဖန်က ပြောလိုက်သည်။ “ဆောရီးပါ အစင်းလေး.. မင်းခဏတော့ လူသိပ်မရှိတဲ့နေရာမှာ ခဏတော့ နေရဦးမယ်ထင်တယ်”

အစင်းလေးက ခေါင်းညိတ်လိုက်သည်။ “ရပါတယ်.. နင်ဘာ‌ဖြစ်စေချင်ချင် လုပ်ပေးမှာပါ ကောင်းဖန်” အစင်းလေးသည် ပြုံးရွှင်စွာ ပြောလိုက်သော အစင်းလေးကို ကြည့်ရင်း အပြစ်မကင်းစိတ် ဖြစ်နေမိသည်။

သတိထားရာကျစွာဖြင့် ကောင်းဖန်သည် ဂိုဒီ၊ တာ့ဇီ၊ ဒီဆိုခြင်္သေ့နှင့် သံမဏိဓားသားရဲတို့ကိုသာ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပြီး မြေပုံတွင် ဖော်ပြထားသော လူသားအခြေချစခန်းကို သွားလိုက်သည်။ ကျန်သော သားရဲများကိုတော့ ထိုအတောအတွင်း အစင်းလေး၏ ကျောကုန်းပေါ်တွင်သာ အသင့်အနေအထားဖြင့် နေခိုင်းကာ ထားခဲ့လိုက်သည်။

သူတို့သည် မိုင် ၂၀ ခန့်လမ်းလျှော်ပြီးနောက် သတ္တုခြံစည်းရိုးဖြင့် ၀န်းရံထားသော မြို့လေးတစ်မြို့သို့ ရောက်သွားကြသည်။ သူတို့ အနားကပ်သွားသောအခါ ခြံစည်းရိုးပေါ်တွင် ထူးဆန်းသည့် အပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ထိုအပင်တွင် ထူထဲသော အစိမ်းရင့်ရောင် အရွက်များရှိပြီး အဖြူရောင်ဆူးများက ပင်စည်ဘေးတွင် ရှိနေကြသည်။ အချို့နေရာများတွင်တော့ အပြာရောင်ပန်းများ ပွင့်နေသည်။

ကောင်းဖန်သည် ချက်ချင်းပင် ပန်းပြာအဖြူရောင်‌ မြေနွယ်ပင်ဖြစ်ကြောင်း သိလိုက်သည်။ ထိုအပင်သည် အပင်အမျိုးအစား သားရဲမဟုတ်ပဲ အေးသော ရာသီဥတုမျိုးတွင် ပေါက်ရောက်တတ်သော သာမာန်အပင်သာ ဖြစ်သည်။ ပင်စည်တွင်ရှိသော အဖြူရောင်ဆူးများတွင် မူးစေတတ်သော အဆိပ်ပါရှိပြီး သားရေကိုပင် ထိုးဖောက်နိုင်အောင် ချွန်ထက်လှသည်။

မြို့ထဲရှိ အဆောက်အအုံ တော်တော်များများသည် ပုပျတ်ပျတ်ပုံစံများ ဖြစ်ကြသည်။ အမိုးများကတော့ ခပ်ချွန်ချွန် ဖြစ်ပြီး ဆောင်းရာသီ ဖြစ်သောကြောင့် နှင်းမိုးများစွာ ရွာသွန်းနေခြင်းသည် အထူးအဆန်း မဟုတ်သလို ဖြစ်နေကြသည်။ ထိုကဲ့သို့ ရာသီဥတုမျိုး ရှိသောနေရာအတွက် အမိုးပြားပြားများက မသင့်တော်ကြပေ။ နှင်းများပုံ၍ ပြိုကျလာနိုင်လေသည်။

လမ်းများတွင်တော့ လူများက သွားလာနေကြသည်။ လမ်းဘေးတွင် ဆိုင်ငယ်လေးများရှိပြီး အသီးမှည့်များ၊ ဘာမှန်းမသိသော အသားများကို ရောင်းချနေကြသည်။

အသားများကို အနှစ်များဖြင့် ကင်ထားကြသည်ကိုလည်း တွေ့ရသည်။ မူးယစ်မွှန်ထူနေသော အနံ့များသည် ထိုဆိုင်ခန်းများဆီမှ ထွက်ပေါ်နေကြသည်။

“မျောက်ဦးနှောက်တွေရမယ်.. မျောက်ဦးနှောက်တွေ ပူနေတုန်းလေး ဒေါ်လာ ၂၀၀၀ နဲ့ ရမယ်နော်.. အခု၀ယ်မယ်ဆိုရင် ၅၀၀ နဲ့ ပေးမယ်” အမည်းရောင် အပွင့်များပါသော ဦးထုပ်ဆောင်းထားသူ တစ်ဦးက အော်ပြီး ရောင်းချနေသည်။

“ဒီနေ့ရဲ့ အထူးကတော့ ကျုပ်ကိုယ်တိုင် ဖမ်းလာတဲ့ တောင်၀က်ဝံရဲ့ လက်ဖဝါးကင် ဖြစ်ပါတယ်.. ပျားနှမ်းအချဉ်ရည် ထူထူလေးနဲ့ စမ်းစားရမှာနော်.. ပူနေတုန်းလေး လာစားလှည့်ပါဦး”

“အခုလေးတင် ဖမ်းမိထားတဲ့ လက်သည်းနီ တစ္ဆေနွယ်တွေ ရှိတယ်နော်.. ဒီဈေးနဲ့ ဘယ်မှာမှ မရဘူး”

နေရာတစ်ခုလုံးသည် ဆူညံပွက်လောရိုက်နေပြီး လူများကလည်း ဥဒဟို သွားလာနေကြသည်။ ဈေးသည်များ၏ အသံကတော့ အဆူဆုံး ဖြစ်သည်။

ကောင်းဖန်အရင်က ရောက်ဖူးခဲ့သော ပုံမှန် ပစ္စည်းများရောင်းသည့် ဈေးများနှင့် မတူစွာပင် ဒီနေရာကတော့ သားရဲနှင့် ပတ်သက်သည့် အရာများကို ရောင်းချနေကြသည်။ ထိုမြို့ခံများသည် ဒေသအတွင်းမှ သားရဲများကို မှီခိုပြီး အသက်ရှင် ရပ်တည်နေကြရပုံပင်။

“အစ်ကိုကြီး အစ်ကိုကြီး.. ကျွန်တော်ဗိုက်ဆာလို့.. ပိုက်ဆံလေး နည်းနည်းလောက် ပေးနိုင်မလား” ညစ်ညစ်ပတ်ပတ် ကောင်လေးတစ်ယောက်က ကောင်းဖန်၏ အင်္ကျီစကို လာဆွဲရင်း ပြောသည်။

ကောင်းဖန်က ကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။ “စိတ်မကောင်းပါဘူး ငါ့မှာ ပိုက်ဆံမရှိဘူး”

ကောင်လေးက နှုတ်ခမ်းဆူသွားသည်။

“ပြီးတော့ မင်းကို သနားစိတ်လည်း မရှိဘူး ကောင်လေး”

ကောင်လေးသည် မျက်လုံး အဝိုင်းသား ဖြစ်သွားသည်။

“သွားစမ်း” ကောင်းဖန်သည် ဟိန်းဟောက် နှင်ထုတ်လိုက်သည်။

ကောင်းလေးသည် နောက်သို့ ဆုတ်သွားရင်း မျက်လုံးများသည် ထိတ်လန့်စိတ်ဖြင့် ပြူးကျယ်နေသည်။ သူသည် ကောင်းဖန်ကို လှည့်ပင် မကြည့်ပဲ ထွက်ပြေးသွားတော့သည်။

ကောင်းဖန်က အံတစ်ချက် ကြိတ်လိုက်သည်။ သူသည် ထိုကဲ့သို့ တောင်းရမ်းသူများအကြောင်း ကောင်းကောင်း သိထားပြီး ဖြစ်သည်။

မြို့၏ အလယ်တွင်တော့ အနည်းငယ် မြင့်သော အဆောက်အအုံတစ်ခု ရှိသည်။ ထိုအဆောက်အအုံ၏ နံရံများကို အနီရောင် သုတ်ထားသည်။ လူအချို့ကတော့ ၀င်လိုက် ထွက်လိုက် ရှိနေကြပြီး ဆိုင်ခန်းများ ရှိသော နေရာများလောက်တော့ လူမရှုပ်ပေ။

ထိုအဆောက်အအုံသည် မြို့၏ စီမံခန့်ခွဲရေး ရုံးချုပ် ဖြစ်သည်။ အသားမည်းမည်းနှင့် လူသည် ၀င်ပေါက်တွင် ထိုင်နေပြီး သူ့ရှေ့ ပန်းကန်ကို အငမ်းမရ စားသောက်နေသည်။

ထိုနေရာတွင်တော့ ရှုပ်ယှက်နေတာ သိပ်မရှိပေ။ ဆိုင်ခန်းဖွင့်လိုသူများသည် ထိုနေရာတွင် စာရင်း‌လာပေးနေကြသည်။ ရုံးမှ ၀န်ထမ်းများက ထိုစာရင်းများကို စုစည်းနေကြသည်။

“ကောင်းသောနေ့ပါ.. ဒီက အကြီးအကဲက ဘယ်သူများလည်း သိလို့ရမလား” ကောင်းဖန်က မေးလိုက်သည်။

၀င်ပေါက်မှလူသည် တစ်ချက်ရပ်လိုက်ပြီး အရွက်တစ်ခု သွားကြားညှပ်နေလျက် ကောင်းဖန်ကို မော့ကြည့်လိုက်သည်။ “မင်းက လူသစ်လား.. အေး မင်းမေးတဲ့သူက ကျုပ်ပဲ”

ထိုသို့ပြောပြီး ထိုသူသည် လက်ကို တင်ပါးဖြင့် ပွတ်သုတ်လိုက်ကာ နောက်သို့ လှည့်၀င်သွားသည်။ “ကျုပ်မင်းကို တစ်ခါမှ မတွေ့ဖူးဘူး.. ဆိုင်ခန်းငှားဖို့ လာတာလား.. ဒါဆိုလိုက်ခဲ့.. မင်းယုံတောင်မှာတောင် မဟုတ်တဲ့ ဈေးနှုန်းတွေ ကျုပ်တို့မှာ အစားစား ရှိတယ်.. အခုလောလောဆယ် ဟွန်ဒါနာ နယ်နိမိတ်နားမှာ နေရာကောင်းလေး ရှိတယ်.. အဲဒီနားက သားရဲတွေက အဆင့်နိမ့်ကြတယ်.. တစ်ခါတလေတောါ သားရဲလေ့ကျင့်သူတွေ အဲဒီကို လာကြတယ်.. ကျုပ်တို့လုပ်ရမှာက--” ထိုသူသည် ဘယ်နှခါ လေ့ကျင့်ထားမှန်း မသိသော စကားများကို ကရားရေလွှတ် ပြောနေလေသည်။

“ကျွန်တော် ဆိုင်ခန်းငှားမလို့ မဟုတ်ပါဘူး” ကောင်းဖန်က ဖြတ်ပြောလိုက်သည်။

“ဘာ” ထိုသူသည် စကားပြောတာ ရပ်သွားပြီး ကောင်းဖန်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာများကလည်း ချက်ချင်းပင် ပြောင်းလဲသွားသည်။ “ဒါဆို မင်းက ဘာလာလုပ်တာလဲ” သူ၏ အသံသည် ချက်ချင်းပင် မာသွားသည်။

“ခင်ဗျားတို့ထဲက အဆင့်မြင့် အရာရှိ တစ်ယောက်ယောက် ရှိရင် တွေ့ချင်လို့ပါ.. ဒါမှမဟုတ် ခင်ဗျား လက်လှမ်း အမှီဆုံး တစ်ယောက် လောက်ပေါ့” ကောင်းဖန်က‌ ပြောလိုက်သည်။

“မင်းလာနောက်နေတာလား.. မင်းက ဒီက မဟုတ်ဘူးပဲ.. မင်းရဲ့လေသံက မတူဘူး”

“ခင်ဗျားတို့ အကြီးအကဲတွေနဲ့ အရေးကြီး ကိစ္စဆွေးနွေးစရာ ရှိလို့ပါ.. ကျွန်တော့်မှာ အချိန်မရှိဘူး” ကောင်းဖန်၏ ဘေးတွင် ခြင်္သေ့လေးသည် သူ၏ နတ်ဘုရားအဆင့် စွမ်းအင်ကို ထုတ်ပြလိုက်သည်။

ထိုသူသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဒါက နတ်ဘုရားအဆင့်သားရဲလား.. ငါပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား..

“ဟုတ်ပါပြီ မင်းသားရဲတွေကိုသာ ထိန်းစမ်းပါ.. ကျုပ်ဘာလုပ်လို့ရမလဲ စဉ်းစားလိုက်ဦးမယ်.. မင်းသိတဲ့အတိုင်း ကျုပ်လက်လှမ်းမီတဲ့ အဆင့်မြင့် အရာရှိက အနီးအနားက ဒါရမ်မြို့က အုပ်ချုပ်ရေးမှူးပဲ ရှိတာ.. သူ့ထက် မြင့်တဲ့သူတွေတော့ ကျုပ်လည်း မကပ်နိုင်ဘူး..”

“ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ်” ကောင်းဖန်က ပြောလိုက်ပြီး သူ့အိတ်ထဲမှ လက်ရွေးစင်အဆင့် သားရဲ အမြုတေကို ထိုသူအား ကမ်းပေးလိုက်သည်။ ထိုပစ္စည်းသည် ထိုနေရာတွင်တော့ အဖိုးတန်သည် ဖြစ်ရာ ပုံမှန် ငွေကြေးထက်ပင် တန်ဖိုးရှိသေးသည်။

“ကျုပ်နာမည်က အာရာဖတ်.. ဒါနဲ့ မင်းနဲ့ အလုပ်လုပ်ရတာ ၀မ်းသာပါတယ်.. တစ်ခုခု လိုအပ်တာရှိရင် ကျုပ်ကို အချိန်မရွေးပြောပါ”

အာရာဖတ်၏ အုပ်ချုပ်ရေးမှူးမှ တဆင့် ကောင်းဖန်သည် ကျင်းရှာဒေသ၏ အရှိန်အဝါကြီးဆုံး နိုင်ငံရေးသမားထဲမှ တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ ထိုသူမှာ သန့်စင်မွန်မြတ်သော အတောင်ပံတပ် ဆင်စွယ် ၀န်ကြီး ဂျဖားဖြစ်သည်။ သူသည် လော့တျန်းဘာသာကို ‌ကိုးကွယ်သူဖြစ်ပြီး နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူလည်း ဖြစ်သည်။

သူသည် အမြဲတစေ အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး စူးရှသော မျက်လုံးများ ရှိကာ သေသပ်သော ပါးသိုင်းမွှေးတစ်စုံကိုလည်း ပိုင်ဆိုင်ထားသည်။

“တွေ့ရတာ၀မ်းသာပါတယ်.. ကျင်းရှာရဲ့ ကိုယ်စားပြုတစ်ယောက် အနေနဲ့ ဟွာရှားရဲ့ မသေမျိုး ကပ်ဆိုးလူသားကို ကြိုဆိုပါတယ်”

ဂျဖား၏ နောက်တွင် သူ၏ ကိုယ်ပိုင်သားရဲ ရပ်နေသည်။ ၄င်းသည် ပေ ၄၀ မြင့်သော ဆင်ဖြူကြီး ဖြစ်ပြီး ကြီးမားသော တောင်ပံကြီး တစ်စုံရှိကာ ကိုယ်ပေါ်တွင်တော့ အဖြူရောင်နှင့် အပြာရောင် အစင်းများရှိသည်။ သူ၏ ပုံစံသည် ကျောက်စိမ်းဖြူနှင့် ထုလုပ်ထားသော အလွန်ခမ်းနားလှပသည့် ရုပ်တုကြီးနှင့်ပင် တူနေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၀၂ ရှားကျိမြို့

“ကျုပ်လည်း ရွှေရောင်လက်များရဲ့ အကျင့်ပျက်သူတွေကို ဘယ်လို ကိုင်တွယ်ရမလဲ စဉ်းစားနေတာ ကြာပြီ.. သူတို့က လော့တျန်းကို ဖျက်ဆီးနေတဲ့ လောက်တွေလိုပဲ” ဂျဖားက အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများသည် ရွှေရောင်လက်များအကြောင်း ပြောနေချိန်တွင် အမုန်းအငွေ့အသက်များပင် ဖြစ်ပေါ်နေသည်။ “သူတို့က ကျုပ်တို့ဘာသာရဲ့ အယူအဆတွေနဲ့ အကုန် တလွဲတွေလုပ်နေတာ.. တကယ့်အမှိုက်တွေပါပဲ”

“ဒါနဲ့ မေးရဦးမယ်.. အဲဒီရွှေရောင်လက်များက မင်းလို နတ်ဘုရားအဆင့် သားရဲ ထိန်းကျောင်းသူကိုတောင် ဒီလိုတွေ အနှောင့်အယှက် ပေးနိုင်တယ်ပေါ့”

ကောင်းဖန်သည် သူ၏ ပုံစံအစစ်အမှန်ကို မပြောရသေးပေ။ သူသည် သူ့ကိုယ်သူ ၀န်ကြီးနှင့် မိတ်ဆွေဖွဲ့ချင်သည့် နတ်ဘုရား အဆင့် သားရဲထိန်းကျောင်းသူ တစ်ယောက် အနေဖြင့်သာ ပြောပြထားသည်။ ကမ္ဘာပေါ်တွင် နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူများ များပြားလာပြီ ဆိုသော်လည်း တကယ်တမ်းတော့ လူနည်းစုသာ ဖြစ်နေသေးသည် မဟုတ်ပါလား။

ထို့အတူ အစိုးရပိုင်းတွင် အထက်တန်း အရာရှိအဖြစ် နေနိုင်ခြင်းသည်လည်း လူတိုင်း ဖြစ်ချင်တိုင်း ဖြစ်ခွင့် မရသော အရာဖြစ်သည်။ ကောင်းဖန်သည် သူ့ကို ချဉ်းကပ်ခဲ့ရာတွင် သူ့တွင် လူတိုင်း၌ မရှိသော နတ်ဘုရားအဆင့် သားရဲ ၂ ကောင် ရှိသည် ဆိုသော အချက်ဖြင့် ဖြစ်သည်။

ဂျဖားသည် အရည်အချင်း ရှိပြီး လေးစားဖွယ်ကောင်းသော သားရဲ လေ့ကျင့်သူ ဖြစ်သည်။

“အဲဒါက တကယ်တော့ ဘာမှမဖြစ်ခဲ့ပါဘူး.. အဲဒီလူတွေက ကျွန်တော့်ကို သတ်ဖို့လုပ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ” ကောင်းဖန်က ပြောလိုက်သည်။

ဂျဖားက အောင့်သက်သက် ပြုံးလိုက်သည်။ “သတ်ဖြတ်တယ်ဆိုတာ သူတို့လို သူရဲဘောကြောင်တဲ့ ကောင်တွေရဲ့ နည်းလမ်းပဲလေ”

“အဲဒီတော့ မင်းက သူတို့ကို လက်စားချေချင်တာလား.. ကျုပ်ကတော့ ကူညီပေးနိုင်ပါတယ်.. ကျုပ်သူတို့ရဲ့ စခန်းခွဲတွေ တည်နေရာ တချို့ကို သိထားတယ်.. မင်းသာ သူတို့ကို ကောင်းကောင်း ပညာပေးလိုက်ပါ.. ကျုပ်တို့ လော့တျန်းဘာသာမှာ အတိတ်မှာ သူတစ်ပါးကို ထိခိုက်အောင် လုပ်တဲ့သူကို သနားငဲ့ညှာစရာမလိုသလို ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်၀တ်ကို စောင့်ထိန်းရမှာ ဖြစ်တယ်လို့ အဆိုရှိတယ်”

“ကျွန်တော်သူတို့ စခန်းခွဲနေရာတွေကို မသိချင်ဘူး.. သူတို့ရဲ့ ဌာနချုပ်ကိုပဲ သိချင်တာ” ကောင်းဖန်က ပြောလိုက်သည်။

သူသည် စခန်းခွဲများကို ဖျက်ဆီးလည်း အကျိုးထူးမည်ဟု မထင်ပါပေ။ ထိုစခန်းများကိုတော့ သူကိုယ်တိုင်လည်း အလွယ်တကူ ရှာနိုင်နေသည် မဟုတ်ပါလား။

သူသည် ကျင်းရှာ ‌ဒေသ၏ အကြီးအကဲများနှင့် ဆက်သွယ်နေရသည့် အကြောင်းရင်းမှာ ရွှေရောင်လက်များ၏ ရုံးချုပ်တည်နေရာ သို့မဟုတ် အဓိက စခန်းများကို သိချင်၍ ဖြစ်သည်။

သူသည် ကျင်းရှာ၏ မဟာမိတ်အစိုးရကတော့ သူများထက်ပိုပြီး သိလိမ့်မည်ဟု ယုံကြည်ထားခြင်း ဖြစ်သည်။ အစိုးရပိုင်းများ၏ အချိတ်အဆက်များကို မည်သူမျှ လိုက်မှီနိုင်မည်မဟုတ်သည်ပင်။

သို့သော် ထိုရွှေရောင်လက်များကို ကိုင်တွယ် ဖြေရှင်းရမည့် ကိစ္စတွင်တော့ အစိုးရပိုင်းမှာပင် ၂ ခြမ်းကွဲနေကြသည်။ တချို့ကတော့ သူတို့ကို ဖျက်ဆီးဖြိုခွင်းလိုက်ချင် သော်လည်း တချို့ကတော့ လွှတ်ထားချင်ကြသည်။ တချို့ကတော့ ရွှေရောင်လက်များကို သူတို့လိုက်မမှီသည့် အဖွဲ့အစည်းတစ်ခုခုမှ လက်ပါးစေများဟု ထင်နေကြသည်။

ဂျဖားသည် ကောင်းဖန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ထိုနောက် “ခဏစောင့်” ဟု ပြောလိုက်သည်။ ထို့နောက် ဖုန်းတစ်ချက် ခေါ်လိုက်သည်။

“မင်းအနေနဲ့ အစိုးရပိုင်းမှာ ရွှေရောင်လက်များရဲ့ အဓိက စခန်းနေရာတွေကို သိတဲ့သူတွေကို တွေ့ကောင်း တွေ့ရလိမ့်မယ်.. ဒါပေမယ့် မင်းကံကောင်းပါတယ်.. လူရွေးမှန်သွားခ့တယ်” ဂျဖားက ပြုံး၍ ပြောလိုက်သည်။

“တကယ်တော့ ကျုပ်သူတို့ရဲ့ ဌာနချုပ်နေရာတွေကို သိပါတယ်.. ဒါပေမယ့် မင်းကိုတော့ တစ်ယောက်တည်း မသွားဖို့ သတိပေးချင်တယ်.. မင်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာမှာ မဟုတ်ဘူး.. ဘာလို့လဲသိလား.. ကျင်းရှာရဲ့ အစိုးရပိုင်းတွေရဲ့ အဖက်ဖက်က ဖိနှိပ်တာကို ခံထားရတာတောင် ရွှေရောင်လက်များရဲ့ အဖွဲ့အစည်းအင်အားက ကြီးမားနေတုန်းမို့လို့ပဲ.. သူတို့မှာ နတ်ဘုရားအဆင့် သားရဲ လေ့ကျင့်သူ ၁ ယောက်ထက် ပိုရှိနေတာတော့ အဖြစ်နိုင်ဆုံးလို့ ထင်တယ်”

“ကျွန်တော့်အတွက် စိတ်မပူပါနဲ့” ကောင်းဖန်က ပြောလိုက်သည်။

ဂျဖားသည် တစ်ခုခု ပြောမည့်ဟန် ပြင်လိုက်ပြီး ကောင်းဖန်ကို ဖျောင်းဖျချင်နေသည်။ သို့သော် ကောင်းဖန်၏ ယုံကြည်မှု အပြည့်ရှိနေသည့် ပုံကို မြင်ပြီး သူသည် တစ်ချက် ပြုံးလိုက်သည်။

“ဟုတ်ပြီလေ.. မင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်.. ရွှေရောင်လက်များကို ဒီလောကကြီးကနေ ဖယ်ရှားဖို့ မင်းရဲ့ အကြံအစည် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

“ကြိုးစားမှာပါ” ကောင်းဖန်က ခေါင်းညိတ်ပြ ပြောလိုက်သည်။ သူသည် ဂျဖားထံမှ ရွှေရောင်လက်များ၏ ဌာနချုပ်တည်နေရာများကို ရပြီးနောက် နှုတ်ဆက်ကာ ပြန်လာလိုက်သည်။ သူသည် ဂျဖားကို ရွှေရောင်လက်များနှင့် ပူးပေါင်းကြံစည်နေခြင်း မဟုတ်ဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ၁၃ နှစ်က ဂျဖားတစ်ယောက် ရဲချုပ်ပေါက်စလေး ဖြစ်ခဲ့စဉ်က သူ၏ ဇနီးနှင့် သမီးသည် အသေခံဗုံးခွဲမှုတွင် သေဆုံးသွားခဲ့သည်။ တကယ်တော့ ထိုကိစ္စ၏ နောက်ကွယ်တွင် ရွှေရောင်လက်များ ရှိနေခဲ့သည်။

ထို့နောက် ကျန်ရှိသည့် ကာလများတွင် ဂျဖားသည် ရွှေရောင်လက်များကို ချေမှုန်းရေးတွင် တက်ကြွစွာ ဦးဆောင်ခဲ့သည်။ တကယ်တော့ သူသည် ကောင်းဖန်ကို ကြည့်ပြီး စိတ်မသက်မသာတော့ ဖြစ်နေခဲ့သည်။ သူတို့၏ တိုက်ခိုက်ရေး အရာရှိများတွင် ရန်သူများ (အထူးသဖြင့် ရွှေရောင်လက်များ) ကို တိုက်ခိုက်သည့် အရေးတွင် တရား၀င် ခွင့်ပြုချက်မရပဲ ဘာမှ လုပ်ခွင့်မရှိပေ။

ရွှေရောင်လက်များ၏ ဌာနချုပ်များသည် ရှားကျိဆိုသည့် မြို့ငယ်လေးတွင် တည်ရှိသည်။ ထို့‌ကြောင့် မြေပုံတွင်ပင် မနည်းရှာယူရမည် ဖြစ်သည်။ ထိုမြို့သည် ကပ်ဆိုးကြီးအပြီး ရွှေရောင်သဲကန္တာရ၏ နက်ရှိုင်းသော နေရာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုကန္တာရထဲသို့ ရောက်ဖူးသူသာ ထိုနေရာကို သိခြင်းဖြစ်သည်။ အချို့သော ခရီးသွားများကတော့ ထိုမြို့တွင် တစ်ထောက်နားကာ ရိက္ခာဖြည့်ကြသည်။ မြို့ခံများကလည်း ဖော်ရွေကြသည်။

ထိုမြို့သည် ကန္တာရ၏ နက်ရှိုင်းသော နေရာအတွင်းမှ အိုအေစစ် တစ်ခုနားတွင် တည်ရှိသည်။ ထိုနေရာသည် ၁၀ မိုင်စတုရန်း ပတ်လည်လောက်သာ ရှိသည်။ အိုအေစစ်နှင့် သိပ်မဝေးပဲ အဆောက်အအုံပုံစံ မျိုးစုံရှိသည်။ မြို့၏ နေရာအနှံ့တွင် ပတ်၀န်းကျင်ကို သတိထားစောင့်ကြည့်နေသည့် အဝါရောင် ၀တ်စုံနှင့် သူများကို တွေ့နိုင်သည်။

တစ်ခါတစ်ရံတွင်တော့ အဝါရောင်တောင်ပံနှင့် နဂါးများကို လေထဲတွင် ပျံသန်းနေပြီး မြို့လယ်တွင် လာနားကြသည်ကို တွေ့ရနိုင်သည်။ မြို့ခံအချို့ကတော့ သူတို့၏ သဲတီကောင် ကိုယ်ပိုင်သားရဲများနှင့် ကန္တာရထဲ သွားသွားထောက်လှမ်းနေကြသည်ကို တွေ့ရတတ်သည်။

လူတစ်စုသည် သဲတောင်ပို့တစ်ခုပေါ်သို့ တက်လိုက်ကြသည်။ သဲတောင်ထိပ်သို့ ရောက်သောအခါ ထိုလူစုသည် အဝေးမှ မြို့ငယ်လေးဆီသို့ ကြည့်လိုက်ကြသည်။

မြို့၏ မြောက်ဘက်တွင် အပင်စိမ်းစိမ်းအုပ်များ ရှိနေသည်။ မြို့သည် အိုအေစစ်ရေကန်ကို လခြမ်းပုံကွေးကာ တည်ဆောက်ထားသည်။ ထန်းပင်အချို့သည် ကန်ဘောင်ပေါ်တွင် ရှိနေကြသည်။ အချို့အဆောက်အအုံများတွင် လူအချို့ကိုပင် မြင်နေရသည်။

ကောင်းဖန်သည် အသက်ကို ၀၀ရှူကာ ပြောလိုက်သည်။ “ကဲ.. ရောက်ပြီထင်တယ်” သူသည် လက်ထဲမှ မြေပုံကို ငုံ့ကြည့်ကာ ပြေ လိုက်သည်။

“ဟုတ်တယ် ဒီနေရာပဲ.. ကန္တာရထဲမှာတော့ တော်တော် ရှာရခက်တာပဲ.. သွားရအောင်” ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် သူတို့အားလုံးသည် ကောင်းဖန်ဦးဆောင်လျက် မြို့ဆီသို့ သွားလိုက်ကြသည်။

ဒန်ဘီသည် အမည်းရောင်၀တ်ရုံကြီး ခြုံလျက် သူတို့နောက်မှ ကပ်လိုက်လာသည်။ သူ့ဘေးတွင်တော့ အဖြူရောင် သံမဏိ ဓားသွားသားရဲ၊ ခြင်္သေ့ဖြူ၊ ဖလိန်မီတို့ ရှိနေကြသည်။ သူတို့သည် ကြုံတွေ့လာရမည့် တိုက်ပွဲကို အာရုံစိုက်လျက် တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။

ဖလိန်မီသည် လေကြောင်းတိုက်ခိုက်မှုအတွက် တာ၀န်ယူထားသည်။ သူသည် လေမှတိုက်ခိုက်လာသည့် ရန်သူများကို ရှင်းပေးခြင်း၊ မြေပြင်‌ရှိ ရန်သူများကို ‌အပေါ်စီးမှ တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်သည်။

အဖြူရောင်သံမဏိသားရဲကတော့ ရှေ့တန်းတွင် ခံစစ်အဖြစ် တာ၀န်ယူရမည် ဖြစ်သည်။

ခြင်္သေ့ဖြူ၏ ရေခဲစွမ်းရည်ကတော့ ရန်သူအမြောက်အများနှင့် ရင်ဆ်ုရသည့်အခါ အသုံး၀င်နိုင်သည်။ သူ၏ အားသာချက်မှာ သူသည် သေးငယ်သောကြောင့် တိုက်ပွဲတွင် အလွယ်တကူ လှုပ်ရှားနိုင်မည် ဖြစ်သည်။

ကောင်းဖန်သည် သဲများအောက်တွင် သေပြီးထားသော အလောင်းများကို မြှုပ်ထားမည်ဟု ယုံကြည်ထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့သည် သက်တမ်းမနည်းတော့ပြီဖြစ်ပြီး သဲသည် မြေဖို့က လွယ်ကူသောကြောင့် မြှုပ်နှံသောနည်းကိုသာ သုံးကြမည် ဖြစ်သောကြောင့်ပင်။

“တစ်ခုခုလာနေတယ်” အဝေးမှ လာနေသော ကောင်းဖန်တို့ကို မြင်သောအခါ ကင်းလှည့်နေသူတစ်ယောက်သည် ဖွက်ထားသော မိုက်ခရိုဖုန်းမှ တစ်ဆင့် ခပ်တိုးတိုး ပြောလိုက်သည်။

“ကြားတယ်” သူ၏ နားကြပ်မှနေ၍ အသံတစ်ခု ပြန်ထွက်လာသည်။

ကောင်းဖန်သည် မြို့၀င်ပေါက်နှင့် ခြေလှမ်း ၅၀၀ ခန့်အကွာတွင် ရပ်လိုက်သည်။ ဒီလောက်ဆို အတော်ပဲ ဖြစ်သည်။

ဒန်ဘီက ခေါင်းကို မော့လိုက်သည်။ သူ၏ ဝိဉာဉ်မီးတောက်များသည် ၀တ်ရုံအောက်မှ စတင်တောက်ပလာသည်။ ထို့နောက် သူသည် လက်ချောင်းများကို ဆန့်ထုတ်လိုက်ကာ မီးတောက်များကို သူ့လက်မောင်းအောက်တွင် ဖွက်ထားလိုက်သည်။ “ငါ့ရဲ့ ဖုတ်ကောင်တွေ နိုးထကြလော့”

***

သားရဲလေ့ကျင့်သူ

အခန်း ၄၀၃ ကန္တာရ ‌တောင်ပံများ

ရှားကျိမြို့တွင် ဖြစ်သည်။

လူလေးယောက်သည် အခန်းတစ်ခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ သူတို့ရှေ့တွင် ပုံဆွဲထားသော ဆိတ်အရေခွံ အခင်းတစ်ခုကို ဖြန့်ထားသည်။

“ငါတို့အခု ကန္တာရတောင်ပံတွေနားကို ရောက်နေပြီလား.. လော့တျန်းကျမ်းစာတွေမှာ ပါတဲ့ ဒဏ္ဍာရီလာ ကန္တာရတောင်ပံတွေကို ၆ လ လောက် အချိန်ကုန်ခံပြီး ငါတို့ရဲ့ လူအားရော အရင်းအမြစ်တွေရော ကုန်ဆုံးခဲ့ပြီး ရှာနေခဲ့တာ.. နောက်ဆုံးတော့ တွေ့ခဲ့ပြီ.. ဒါပေမယ့်လည်း အခုထိ အပုန်းကောင်းနေကြတုန်းပဲ.. ငါတော့ တော်တော် စိတ်ကုန်နေပြီ.. ဒီကန္တာရတောင်ပံတွေကို ဘယ်တော့မှ ငါတို့ ပိုင်ရမှာလဲ..” အပြာရောင်၀တ်ရုံခြုံထားသော လူအိုတစ်ယောက်က ပြောလိုက်သည်။

“စိတ်ရှည်စမ်းပါ.. ကျုပ်ရထားတဲ့ အချက်အလက်တွေအရ ကန္တာရတောင်ပံတွေက အရင်လို အရမ်းကာကွယ်မထားတော့ဘူး.. ကျုပ်တို့ကိုတောင် လာရှာနေလောက်ပြီ”

“ဘာအတွက်လဲ” ၀တ်စုံပြာနှင့်သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ထိုက်တန်တဲ့ လေ့ကျင့်သူကို ဆုံးဖြတ်ဖို့ပေါ့” ရွှေရောင်၀တ်ရုံခြုံထားသော ဘယ်ဘက်တွင် ထိုင်နေသည့် လူငယ်က ပြောလိုက်သည်။ “ကျုပ်တို့ထဲက တစ်ယောက်ယောက်များ သူတို့ရဲ့ လေ့ကျင့်သူအဖြစ် ထိုက်တန်တယ်လို့ ကိုယ့်ကိုကိုယ် တွေးမိနေရင် ဒီနေ့လာပြီး ဆုံးဖြတ်ချက်ကို ခံယူပါလိမ့်မယ်”

“ဟမ်.. ထိုက်တန်တယ်တဲ့လား.. သားရဲတွေရဲ့ စကားက ယုံနိုင်စရာရော ကောင်းရဲ့လား” အပြာရောင်၀တ်ရုံနှင့် လူက မဲ့ရွဲ့ကာ ပြောလိုက်သည်။

ကန္တာရ၏ အပြင်ဘက် မိုင် ၅၀ အကွာတွင် ကြီးမားသော သားရဲကြီးသည် ဖြည်းညင်းစွာ လာနေသည်။ သူ့ပေါ်တွင်တောဘ လူ ၂ ယောက် ပုံစံလို မြင်နေရသည်။

သားရဲကြီးသည် အနည်းဆုံး ပေ ၁၆၀ ခန့်ရှိသည်။ သူ၏ တောင်ပံများသည် သဲမုန်တိုင်းကြီးလို အနောက်ဘက်တွင် ရှိနေကာ ကောင်းကင်ကိုပင် ပိတ်လုနီးပါး ဖြစ်နေသည်။

ကန္တာရထဲတွင် လေပြင်းများ‌ကြောက်မက်ဖွယ် တိုက်ခတ်နေပြီး သဲမှုန်များသည် လေနှင့်အတူ လွင့်ပျံနေသည်။ ထိုသဲများသည် ဒေါင်းမြီးကြီးလို သဏ္ဍာန်များအောက်တွင် ပြားပြား၀ပ်သွားကြပြန်သည်။ ထို့နောက် အဆုံးမရှိတော့သလို သူ့ကိုယ်ဘေးတွင် လှည့်ပတ်နေကြသည်။

ထိုအရာကြီးသည် တစ်ခါတစ်ရံ ရပ်တန့်လိုက်ပြီး သဲများကို ဆုပ်ယူကာ ပါးစပ်တွင်း ထည့်လိုက်ပြန်သည်။ သူ၏ အောက်မေးရိုးကြီးသည် တက်လိုက်ကျလိုက် ဖြစ်နေကာ ဆန်ပြုတ်စားသကဲ့သို့ သဲများကို စားသုံးနေသည်။

ထိုသားရဲ၏ လှုပ်ရှားမှုသည် သွက်လက်သည်။ သူသည် ကြီးမားလှသောကြောင့် ခြေတစ်လှမ်း လှမ်းလိုက်လျှင်ပင် ၆၅ ပေလောက် ရွေ့နေသည်။ သူသည် သဲပြင်ကို ‌ဖြတ်သန်းရင်း အဝေးကို စိုက်ကြည့်နေသည်။

ထိုအချိန်တွင် လူ ၄ ယောက်ရှိနေသော စခန်းအပြင်ဘက်တွင်‌ အော်သံများ ပေါ်လာသည်။ အခန်းထဲရှိသူများသည် တူညီသော အတွေးများဖြင့် ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်ကြသည်။ ကန္တာရတောင်ပံတွေ ရောက်လာပြီလား..

ထိုအချိန်တွင် ထိတ်လန့်နေသော တံခါးခေါက်သံထွက်ပေါ်လာသည်။ “တမန်တော်တို့.. အပြင်ဘက်မှာ မြှုပ်နှံထားတဲ့ အလောင်းတွေပေါ်လာပြီး ကျွန်တော်တို့ကို တိုက်ခိုက်နေပါတယ်”

အလောင်းတွေ.. အသက်၀င်လာတယ်..

လူလေးယောက်သည် တစ်ယောက်ကို တစ်ယောက် ဒုက္ခရောက်ပြီဆိုသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် အပြင်ဘက်မှ ပေါက်ကွဲသံများကို ကြားနေရသည်။

အသက်၀င်လာသော ကန္တာရတောင်ပံ နဂါးအလောင်းကြီးသည် လေထဲတွင် ပျံသန်းလာသည်။ သူဆင်းလာသောအခါ အောက်မှ အဆောက်အအုံတစ်ခုနှင့် တိုက်မိသွားသည်။

တောက်ပသော နေရောင်အောက်တွင် အမျိုးစုံသော အရိုးစုများသည် သဲထဲမှထွက်ပေါ်လာကြသည်။ မြို့ခံများသည် သူတို့ဖမ်းမိထားကြသော သားရဲများကို သေသွားပြီးသည့်နောက် အထဲမှ ကလီစားများထုတ်ပြီး သဲထဲတွင်သာ မြှုပ်ထားခဲ့ကြခြင်းကြောင့် ဖြစ်သည်။

“သေစမ်း.. ဘယ်သူတွေကများ အလောင်းတွေကို မြို့နဲ့ နီးနီးကပ်ကပ် မြှုပ်ထားကြတာလဲ” ရွှေရောင်လက်များ အဖွဲ့၀င်တစ်ယောက်က ပြောလိုက်သည်။ ထို ဖုတ်ကောင်များသည် အသက်ရှင်တုန်းကလောက်တော့ မသန်မာကြတော့ပဲ အချို့သော စွမ်းရည်များကိုလည်း မပိုင်ဆိုင်ကြတော့ချေ။ သို့သော် အရေအတွက်ကတော့ များလွန်းလှသည်။

ပြောရလျှင် ဖုတ်ကောင်အမျိုးအစား သားရဲများသည် သူတို့၏ မသေနိုင်သော တပ်ဖွဲ့ကြီး၏ မကုန်မခန်းနိုင်အောင် များပြားလှ‌သည့် အရေအတွက်ကို သေချာ အားကိုးနိုင်သည်ပင်။ သူတို့သည် ပုံပျက်နေသော ကိုယ်များဖြင့် ရန်သူကို ၀င်တိုး တိုက်ခိုက်ကြသည်။ ထိုနည်းလမ်းကို တချို့ကတော့ စက်ဆုပ်ရွံရှာကြသည်။

တကယ်လည်း စက်ဆုပ်စရာကောင်းသည်ပင်။

“ငါ့ရဲ့ မသေမျိုးအပေါင်းတို့.. ငါတို့ရဲ့ အောင်ပွဲက ငါတို့ပေါ်မှာ မှီခိုနေတယ်” ဒန်ဘီသည် တောက်ပနေသော ဝိဉာဉ်မီးတောက်များ မျက်လုံးအိမ်တွင် လောင်ကျွမ်းလျက် အော်ဟစ်လိုက်သည်။

သူသည် လက်များကို ဆန့်တန်းထားသောကြောင့် အနက်ရောင်၀တ်ရုံသည် လေတွင် လွင့်ပျံနေသည်။ အရိုးစုပင်လယ်ကြီးသည် မြေကြီးထဲမှ မဆုံးနိုင်အောင် တိုးထွက်နေကြသည်။ ထိုအချိန်တွင် ဒန်ဘီသည် စစ်သူကြီးတစ်ယောက်လို ဝံ့ကြွားစွာဖြင့် သဲတောင်တစ်ခုပေါ်တွင် ရပ်ကြည့်နေသည်။

သဲများသည် မြေကြီးထဲမှ တိုးထွက်လာသော ဖုတ်ကောင်များကြောင့် ကြွတက်နေကြပြီး သဲများသည် ရေတံခွန်လို ကျဆင်းနေကြသည်။

ကြီးမားသော ဆင်စွယ်ရောင် အရိုးစုများသည် သဲထဲမှ တိုးထွက်လာကြပြန်သည်။ အသက်၀င်လာသော အရိုးစုကြီးတစ်ခုသည် သူ၏ အရိုးစုခြေထောက်ကြီးဖြင့် ရှေ့ကို တစ်လှမ်းလှမ်းလိုက်သည်။ သူ၏ ဦးခေါင်းခွံထဲတွင် ဝိဉာဉ်မီးတောက်များ တောက်လောင်နေသည်။ ထိုသားရဲကြီးသည် သူ့အနောက်မှ အမြီးကြီးကို ယမ်းလျက် စခန်းရှိရာကို စိုက်ကြည့်လိုက်ပြီး ဒေါသများ ထွက်လာသလို ဖြစ်နေသည်။ သူသည် တစ်ချက် အော်ဟိန်းလိုက်ပြီးနောက် အမြီးကြီးကို ယမ်းလိုက်သောအခါ သဲမုန်တိုင်း အသေးစားတစ်ခု ဖြစ်သွားသည်။

“အဲဒါကြီးက ငါတို့ ပြီးခဲ့တဲ့လက သတ်ခဲ့တဲ့ ချိုပါတောက်တဲ့ကြီးပဲ” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ထိုနတ်ဘုရားအဆင့်သားရဲကြီးကို ပြီးခဲ့သည့်လက မြို့ခံပေါင်းများစွာဖြင့် အတော်လေး ခက်ခဲစွာ တိုက်ခိုက်ယူခဲ့ရသည်။ သူတို့ သတ်ခဲ့ပြီးသောအခါ သူ၏ နတ်ဘုရားအဆင့် အမြုတေကိုပါ ယူနိုင်ခဲ့သေးသည်။

အခုတော့ ထပ်ထွက်ပေါ်လာပြန်ပြီ ဖြစ်သည်။

တောက်တဲ့ကြီးသည် မြို့ကို ကာကွယ်ထားသော ကိုယ်ပိုင်သားရဲ ခံတပ်ကြီးကို အခက်အခဲမရှိ တိုး၀င်သွားရာ ထိုသားရဲများပင် လွင့်ပျံကုန်ကြသည်။

ထို့ကြောင့် ထိုနေရာတစ်ဝိုက်တွင် အော်မြည်သံများ ဆူညံနေကြသည်။ ထိုအချိန်တွင် အပြာရောင် အလင်းတန်းတစ်ခုသည် တောက်တဲ့ကြီးကို ၀င်ရောက်တိုက်ခိုက်သည်။ ထိုအရာ ၂ ခု တိုက်မိသောအခါ ကြီးမားသော မိုးချုန်းသံလို အသံကြီး ထွက်ပေါ်လာသည်။

ထိုအသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ စိတ်နှလုံးများဆီသို့ပင် ရိုက်ခတ်သွားသည်။

ထို့နောက် အပြာရောင်သဏ္ဍာန်သည် ရုပ်လုံးပေါ်လာသည်။ ထိုအရာသည် ၃၂ ပေရှည်သော တောက်တဲ့ကြီးထက်တော့ အနည်းငယ် သေးသည်။ သူသည် ၁၆ ပေခန့်ရှိသော်လည်း ခေါင်းကတော့ တောက်တဲ့ကြီးထက် သေးနေသေးသည်။

သူ့ပုံစံသည် အပြင်ပိုင်းကကြည့်လျှင် မျောက်တစ်ကောင်နှင့် တူသည်။ သို့သော် အမွှေးအမျှင်များ မရှိပဲ အပြာရောင် ကြေးခွံများသာ ရှိနေသည်။ လက် ၄ ဖက်ရှိပြီး သူ့ပုံစံသည် ဒေါသတကြီး ဖြစ်နေသည်။

[သားရဲအမည်] - ကြေးခွံပြာ လက်လေးဖက် မြစ်မျောက်ဝံ

[သားရဲအဆင့်] - အဆင့် ၄၄

[သားရဲအမျိုးအစား] - ရေ

[သားရဲစွမ်းရည်] - အလွန်ကောင်း

[သားရဲစွမ်းအင်] - ကြေးခွံမာခြင်း အဆင့် ၂၊ ရေစွမ်းအင် အဆင့် ၂၊ ပေါက်ကွဲစွမ်းရည် အဆင့် ၁

[သားရဲအားနည်းချက်] - ၁။ သစ်သား၊ ၂။ ခန္ဓာကိုယ်သန်မာမှူ အားကြီးသော်လည်း လေထဲတွင်တော့ သူ၏ စွမ်းရည်ကို အပြည့်မထုတ်နိုင်

[သားရဲဖော်ပြချက်] - ပေါ့ပါးသော တေးဂီတများကို နားထောင်ရတာကို ကြိုက်နှစ်သက်သည်။ ရေထဲမှ သက်ရှိများကို နှစ်ခြိုက်သည်။ အစင်းကျား ပုဇွန်များ စားရသည်ကို ကြိုက်သည်။ ဆူညံသော အသံများကို သဘောမကျပေ။

မျောက်ဝံကြီး၏ လေ့ကျင့်သူကိုတောဘ မမြင်ရချေ။ တစ်နေရာရာတွင် ပုန်းနေသည် ထင်သည်။

“ငါတို့ကို ပြဿနာတက်စေတဲ့ အဓိက ရင်းမြစ်ကို သိပြီ.. ဒီအရိုးစုတွေ အားလုံးကို ဆင့်ခေါ်တာ ဟိုအရှေ့ဘက်က သဲတောင်ပို့ပေါ်မှာ ရပ်နေတဲ့ သူဖြစ်မယ်” မြို့ရှိ ကင်မရာများကို ထိန်းချုပ်စောင့်ကြည့်သူတစ်ဦးက ဖန်သားပြင်ကို ကြည့်ကာ ပြောလိုက်သည်။

သူ့နောက်တွင် တမန်တော်များ ရပ်နေသည်။ သူ၏ ညာဘက်ရှိ အနီရောင်၀တ်ရုံခြုံထားသူက ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါဆို ဘာတွေစောင့်နေတာလဲ.. အခြေအနေတွေ ပိုဆိုးမသွားခင် သူ့ကို သွားဖမ်းကြတာပေါ့”

“သူ့ကို အရှင်ဖမ်းကြမလား.. သူက စွမ်းအားကြီးပေမယ့် သူ့ရဲ့ အသက်သွင်းမှု ဖြစ်စဉ်က အချိန်အကန့်အသတ်တော့ ရှိမှာပဲ.. သူ့ကို ဖမ်းပြီးရင် သူ့ရဲ့စွမ်းရည်တွေအကြောင်း စစ်ဆေးမေးမြန်းလို့ ရတယ်လေ”

“သူတို့ဟာ နတ်ဘုရားအဆင့်သားရဲကို ပြန်အသက်သွင်းဖို့အတွက် အနည်းဆုံးတော့ နောက်ထပ် နတ်ဘုရားအဆင့်သားရဲ တစ်ကောင် ထပ်ရှိမှာပဲ.. ‌တမန်တော်နီ.. ခင်ဗျားတစ်ယောက်တည်း သွားလို့တော့ အဆင်ပြေမယ် မထင်ဘူး.. ကျုပ်လည်း အတူလိုက်ခဲ့ပြီး ရသလောက်တော့ အရှင်ဖမ်းကြည့်မယ်.. မရတော့လည်း သတ်လိုက်ရုံပေါ့”

ကောင်းဖန်သည် သဲထဲတွင် မြှုပ်နှံထားသော သားရဲများ မည်မျှရှိနေသည်ကို မခန့်မှန်းနိုင်တော့ချေ။ ဒန်ဘီ၏ စွမ်းရည်တစ်ခုတည်းနှင့်ပင် ရွှေရောင်လက်များ ဌာနချုပ်မှ သူများသည် လွတ်ထွက်သော ကြက်များလို ထွက်ပြေးနေကြသည်။

သို့သော် သူသည် ရွှေရောင်လက်များကို အမြစ်ဖြတ်ချေမှုန်းဖို့ ဒန်ဘီ၏ စွမ်းရည်တစ်ခုတည်းနှင့်တော့ မလုံလောက်သေးပေ။ ထို့အပြင် ရွှေရောင်လက်များတွင် နတ်ဘုရားအဆင့်သားရဲ တစ်ကောင်ထက် ပိုရှိနိုင်သေးသည် မဟုတ်ပါလား။

ကောင်းဖန်သည် အဖြူရောင်သားရဲကို ဒန်ဘီကို ကူညီဖို့ ခိုင်းတော့မည့် ဆဲဆဲမှာပင် အပေါ်ဖက်မှ စူးရှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

အမည်းရောင် သဏ္ဍာန် ၂ ခုသည် ကောင်းဖန်ကို တိုက်ခိုက်ရန် လေထဲတွင် လျင်မြန်စွာ ပျံသန်းလာသည်။ ထို ၂ ကောင်လုံးသည် သူ့ကို ၂ ဖက်ညှပ်၍ တိုက်ခိုက်တော့မည် ဖြစ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၀၄ ငွေရောင်အတောင်ပံတပ် တံလျှပ်လိပ်ပြာ

မြို့လေး၏ အမြင့်ဆုံး မျှော်စင်ထိပ်တွင် တပ်ဆင်ထားသော နည်းပညာမြင့် ကင်မရာမှ တဆင့် သူတို့သည် ၁၀ ကီလိုမီတာ အဝေးမှ ပုံရိပ်များကိုပင် ကြည်လင် ပြတ်သားစွာ မြင်နေရသည်။

ထို့ကြောင့် ကောင်းဖန်နှင့် သူ၏ ကိုယ်ပိုင်သားရဲများကို အတူတကွ မြင်နေရခြင်း ဖြစ်သည်။

အနီရောင်၀တ်ရုံ ၀တ်ထားသော တမန်တော်ကတော့ ကောင်းဖန်၏ ငယ်ရွယ်သော ပုံစံကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားသည်။ ရွှေရောင်၀တ်ရုံနှင့် လူငယ် တမန်တော်နှင့် သူ့ဘေးမှ ငွေရောင်၀တ်ထားသူတို့ကတော့ ကောင်းဖန်၏ ခံ့ညားမှုကို မနာလို ဖြစ်နေကြသည်။

“ငါအံ့ဩတာက ဒီကောင်လေးက ဘာဖြစ်လို့ ငါတို့ကို လာစော်ကားပြီး ကိုယ့်သေတွင်း ကိုယ်တူးသလဲဆိုတာပဲ.. သူနဲ့ ငါတို့နဲ့ ဘာဆိုင်လို့လဲ”

ရွှေရောင်လက်များ၏ တမန်တော်တစ်ယောက်အနေဖြင့် မာဇာတိုသည် ရွှေရောက်လက်များအကြောင်း ကောင်းကောင်း သိသူဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏ စွမ်းရည်အကြောင်း ကောင်းကောင်း သိသူ ဖြစ်သည်။ သူသည် စစ်ဆင်ရေးအတွင်းမှာပင် လိုအပ်တာကိုသာ လုပ်လေ့ရှိသူ ဖြစ်သည်။

“ရှာတွေ့ပြီ.. သူ့နာမည်က ကောင်းဖန်တဲ့.. ဟွာရှားဒေသကပဲ.. မသေနိုင်သော ကပ်ဆိုးရဲ့ ခေါင်းဆောင်.. နောက်ပြီး တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းရဲ့ ဥက္ကဌပဲ”

“အဲဒါ အဲဒါသူပေါ့”

“အချို့သော တမန်တော်များသည် ကောင်းဖန်အကြောင်း ကြားဖူးကြသော်လည်း တစ်ခါမှတော့ အပြင်မှာ မမြင်ဖူးချေ။ ထို့ကြောင့် ကောင်းဖန်၏ အမည်၊ မသေနိုင်သော ကပ်ဆိုး၊ တောင်ပိုင်းကောင်းကင် စသည်တို့ကို ကြားလိုက်ရသောအခါ ချက်ချင်း သဘောပေါက်သွားကြခြင်း ဖြစ်သည်။ သူတို့သည် ကောင်းဖန်အကြောင်းကို ဖတ်ဖူး ကြားဖူးကြရုံဖြစ်သည်။

သူတို့၏ အတိတ်နှင့် လက်ရှိအမုန်းတရားတို့သည် အတူတူပဲ ဖြစ်ကြသည်။ သူတို့သည် ကောင်းဖန်ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားကြသော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ချေ။

သူသည် ယုံမှားစရာမရှိသော ရန်သူပင် ဖြစ်သည်။

“ဒီကောင်လေးက တော်တော်တော့ တော်တယ်.. သူ့ကို ဟွာရှားမှာတောင် လုံး၀မနိုင်ခဲ့ဘူး.. အခုတော့ သူက ကျုပ်တို့တံခါး၀ကို ရောက်လာပြီပေါ့”

“သူဘယ် ကိုယ်ပိုင်သားရဲရဲ့ လက်ထဲမှာ သေမယ်လို့ထင်လဲ.. တမန်တော်နီရဲ့ သစ်ဆွေးတီကောင်လား ဒါမှမဟုတ် ငွေရောင်တမန်တော်ရဲ့ ငွေတံလျှပ်လိပ်ပြာ ဖြစ်မလား” ရွှေရောင်၀တ်ရုံဖြင့် တမန်တော်က အူမြူးစွာ ပြောလိုက်သည်။

သူ့အတွက် ကောင်းဖန်သည် စဉ်းတီတုံးပေါ်က အသားပမာသာ ဖြစ်သည်။ အနှေးနဲ့ အမြန် ဖျက်ဆီးနိုင်မည်ဟု ယုံကြည်နေလေသည်။

သူ့ကို နတ်ဘုရားအဆင့် သားရဲ ၂ ကောင်က ညှပ်တိုက်နေခြင်း ဖြစ်သည့်အတွက် လွတ်မြောက်နိုင်စရာ အကြောင်းမရှိဟု ထင်နေသည်။

“အရမ်းလည်း အပြောမစောပါနဲ့ဦး.. ဘာမှ အရှုံးအနိုင် မသဲကွဲသေးဘူး.. ဘယ်သူသိနိုင်မှာလဲ လွတ်ရင်လည်း လွတ်သွားမှာပေါ့” အနီရောင်၀တ်ရုံနှင့် တမန်တော်က တည်ငြိမ်စွာဖြင့် ပြုံးကာ ပြောလိုက်သည်။

“ဟားဟား.. သူ့ရဲ့ နာမည်ကြီး သားရဲ ၂ ကောင်က သူနဲ့ အတူ ရှိမနေဘူးလေ.. အထူးသဖြင့် ဟိုဘဲကြီး.. သူ့မှာအခု ခြေတစ်ဖက် ကြိုးကြာပဲ ပါလာတာ” ရွှေရောင်၀တ်စုံ တမန်တော်က ရယ်မောရင်း ပြောလိုက်သည်။

“ဒါပေမယ့် ငွေရောင်တမန်တော်ရဲ့ လိပ်ပြာရဲ့ အကူအညီနဲ့ဆိုရင် ခြေတစ်ဖက် ကြိုးကြာကို ကောင်းကောင်း အနိုင်ယူနိုင်မှာပါ”

သူတို့သည် တိုက်ပွဲက အဆုံးသတ်သွားသကဲ့သို့ပင် အေးဆေးစွာ စကားပြောနေကြသည်။

ကောင်းဖန်သည် ခေါင်းကို မော့လိုက်ပြီး သူ့ဆီလာနေသော ကိုယ်ပိုင်သားရဲ ၂ ကောင်ကို မော့ကြည့်လိုက်သည်။ သူသည် ထိုသားရဲ ၂ ကောင်ကို သူ့ဆီမည်သို့ မည်ပုံ ရောက်လာသလဲ ဆိုတာနှင့် အဘယ်ကြောင့် သူနှင့် မီတာ ၅၀ အကွာမှ ပေါ်ထွက်လာကြောင်း စဉ်းစားမိနေသည်။

ဘယ်ဘက်မှ လိပ်ပြာတွင် ၃ မီတာ ရှည်သော တောင်ပံများရှိသည်။ ထိုလိပ်ပြာသည် အလွန်လှပပြီး သန့်စင်သော ငွေရောင်သည် တောင်ပံများပေါ် လွှမ်းခြုံထားသည်။

ညာဘက်တွင်တော့ တောက်တဲ့နှင့်တူသော အတောင်ပံပါသည့် သားရဲတစ်ကောင် ရှိနေသည်။ သူ့ထံမှ အားကြီးသည့် စွမ်းအင်တစ်ခု ထွက်ပေါ်နေပြီး ထူထဲနက်နဲသော ခရမ်းရောင်လျှာကြီးသည် ကြီးမားသော ပါးစပ်ကြီးထဲမှ ထွက်ပေါ်နေသည်။

[သားရဲအမည်] - ငွေရောင်တောင်ပံတပ် တံလျှပ်လိပ်ပြာ

[သားရဲအဆင့်] - အဆင့် ၄၂

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲအမျိုးအစား] - တံလျှပ်/ အလင်း

[သားရဲစွမ်းအင်] - ချွန်ထက်သော ပါးစပ်အဆင့် ၃၊ အလင်းနှင့် အရိပ်စွမ်းအင် အဆင့် ၂

[ထူးခြားလက္ခဏာများ] - တံလျှပ်စွမ်းအင်

သက်ရောက်မှု ၁ - ကိုယ်ပေါ်တွင် ထူးခြားသော တံလျှပ်သက်ရောက်မှုကို ထွက်ပေါ်အောင် လုပ်ကာ လေထဲတွင် ကိုယ်ရောင်ဖျောက်နိုင်

သက်ရောက်မှု ၂ - တောင်ပံမှ အမှုန့်များဖြူးပြီး လေထဲတွင် တံလျှပ်အမြင်များကို အချိန်တစ်ခုထိ ပေါ်နေအောင် လုပ်နိုင်

[သားရဲ အားနည်းချက်] - ၁။ မီးအမျိုးအစား ၂။ လျှပ်စစ် အမျိုးအစား

[သားရဲဖော်ပြချက်] - တံလျှပ်လိပ်ပြာ၏ မျိုးကွဲတစ်ခု ဖြစ်ပြီး အလွန်ပင် ရှားပါးသည်။ အလင်းနှင့် အရိပ်တို့ကို တံလျှပ်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပြီး သားကောင်ကို ရှုပ်ထွေးအောင်လုပ်ကာ သူ၏ ချွန်ထက်သော ပါးစပ်ဖြင့် သားကောင်၏ ဦးနှောက်ကို ထိုးဖောက်တတ်သည်။

—

[သားရဲအမည်] - မြေဆွေးမြေနဂါး

[သားရဲအဆင့်] - အဆင့် ၄၅

[သားရဲစွမ်းရည်] - အလွန်ကောင

[သားရဲအမျိုးအစား] - မြေ/ အရိပ်

[သားရဲစွမ်းအင်] - အမုန်းမြေဆွေး အဆင့် ၂၊ မြေစွမ်းအင် အဆင့် ၂၊ အရိပ်စွမ်းအင် အဆင့် ၂

[သားရဲအားနည်းချက်] - သူတော်စင်အမျိုးအစား

[သားရဲဖော်ပြချက်] - မှောင်မိုက်သော နေရာများတွင် နေပြီး အမဲလိုက်ရတာကို မကြိုက်ပေ။ ဆွေးမြေ့နေသော အရာများ စားသုံးရသည်ကို ကြိုက်သည်။ အကြိုက်ဆုံးမှာ သူများက ကြိုးစားပမ်းစား အမဲလိုက်ထားသည့် သားကောင်ကို အလစ်သုတ်ခြင်း ဖြစ်သည်။ သူတို့ကိုယ်တိုင် ဆွေးမြည့်နေသော စားစရာများကို ရှာမတွေ့လျှင်တော့ ကိုယ့်ဘာသာကိုယ် ပြုလုပ်ကြသည်။

ဒါဆိုရင် စောစောက မတွေ့ခဲ့တာ တံလျှပ်စွမ်းအင်ကြောင့်ပေါ့.. ဖလိန်မီနဲ့ တခြားသားရဲတွေတောင် သတိမထားမိကြဘူး.. သူ့ရဲ့စွမ်းအင်က ကြီးမားသားပဲ..

‌ကောင်းဖန်ခြေရင်းတွင် လှဲလျောင်းနေသော အဖြူရောင်သားရဲသည် တစ်ချက်လှုပ်သွားသည်။

သူ၏ ကိုယ်ကို ဆန့်လိုက်သောအခါ သူ၏ ဘေးဘက်မှ ငွေဖြူရောင် လက်နက် ၂ ခု ထွက်ပေါ်လာသည်။

ထို့နောက် အစိမ်းရောင် အလင်းတန်းလေး ထွက်ပေါ်လာပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

လေထဲတွင် လေချွန်သံကြီး တစ်ခု ထွက်ပေါ်လာပြီး လိပ်ပြာ၏ ကိုယ်ကို အဖြူရောင် မျဉ်းကြီး ၂ ခုက ထွင်းဖောက်သွားသည်။

‌အိမ်တစ်အိမ်ထဲတွင် ရှိနေသော ငွေရောင်၀တ်ရုံခြုံထားသည့် တမန်တော် ၁ ယောက်သည် မျက်နှာများ ဖြူဖျော့သွားပြီး ပါးစပ်ထဲမှ သွေးများပင် အန်တော့မလို ဖြစ်နေသည်။ ထို့နောက် သွေးများဆောင့်တက်လာပြီး မေ့လဲတော့မလို ဖြစ်သွားသည်။

“ဘာဖြစ်တာလဲ” ထိုသူ၏ အဖြစ်ကြောင့် အခန်းထဲမှ သူများသည် ခြေမကိုင်မိ လက်မကိုင်မိ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

မှန်ပြောင်းကြည့်နေသူတစ်ယောက်ကလည်း တစ်ချက် မြည်ကြွေးလိုက်သောကြောင့် တမန်တော် ၃ ယောက်က လှည့်ကြည့်လိုက်ကြပြန်သည်။

“အော်ဟစ်နေကြတာပဲ.. ဘာဖြစ်နေကြတာလဲ”

ရွှေရောင်၀တ်ရုံနှင့်သူသည် ပြောစရာစကားများပင် ပျောက်ဆုံးနေသည်။

ဖန်သားပြင်တွင် လေထုထဲ၌ ရုတ်တရတ် ထွက်ပေါ်လာသော အဖြူရောင် အလင်းတန်း ၂ ကြောင်းကို ‌မြင်နေရပြီး လိပ်ပြာကတော့ တစ်စစီ ဖြစ်နေပြီကို မြင်နေရသည်။

အစိမ်းရောင်သွေးများသည် မိုးများလို ရွာကျနေပြီး ငွေရောင်အတောင်အပိုင်းအစများလည်း ပြုတ်ကျနေသည်။

ထို့နောက် မျက်လုံးပြူးကျယ်နေသော သားရဲကြီးသည် တောင်ပံများ ပြုတ်လျက် ကောင်းကင်မှ ဖြေးညင်းစွာ ပြုတ်ကျလာသည်။ သူ့ကို ကြည့်ရသည်မှာ ယခင်နှင့်မတူပဲ အလွန်ပင် နူးညံ့သိမ်မွေ့လှသည်။

ငွေရောင်လိပ်ပြာကြီးသည် အမှန်ပင် သေသွားခဲ့ပြီ ဖြစ်သည်။

ထိုသားရဲသည် လမ်းဘေးက ‌အလွယ်တကူ ကောက်လာခြင်း မဟုတ်ပဲ နတ်ဘုရားအဆင့် ကိုယ်ပိုင်သားရဲ ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအဆင့်သားရဲပင် အလွယ်တကူ သေသွားပြီးနောက် သူတို့သည် နောက်ဆက်တွဲကို ဆက်ပင် မစဉ်းစားရဲကြတော့ချေ။

သူတို့အားလုံးသည် ဖန်သားပြင်ကို မမှိတ်မသုန် စိုက်ကြည့်မိနေကြသည်။

တမန်တော် ၃ ယောက်ထဲတွင် အနီရောင်၀တ်ရုံ၀တ် တမန်တော်က စတင်လှုပ်ရှားလာသည်။ လိပ်ပြာကြီးပင် သေသွားပြီဆိုလျှင် သူ၏ သားရဲလည်း..

“အန္တရာယ်များတယ်.. မြန်မြန် ပြန်ဆုတ်ခဲ့.. မြေနဂါး” သူသည် သွေးစာချုပ်မှ တဆင့် သူ၏ နဂါးကို သတိပေးလိုက်သည်။

နဂါးသည်လည်း သူ၏ ရဲဘော်ရဲဘက် အသတ်ခံလိုက်ရသောကြောင့် ခေါင်းမှ အမြီးဖျားအထိ စိမ့်ကာ ကြောက်‌သွားသည်။

သူသည် သခင်ဆီမှ သတိပေးချက်ပင် မစောင့်ပဲ တန်းလှည့်ပြေးနေပြီ ဖြစ်သည်။

အောက်‌တွင်တော့ ကောင်းဖန် ပုခုံးပေါ်တွင် အိပ်နေသော ခြင်္သေ့ဖြူသည် ‌မျက်လုံးပွင့်လာပြီး ပတ်၀န်းကျင်မှ လေထုသည် ရုတ်တရတ် အေးစက်သွားသည်။

ခြင်္သေ့ဖြူက ရေရွတ်လိုက်သည်။ “ဒီလို ပတ်၀န်းကျင်ကြီးကို မုန်းလိုက်တာ.. လေထုထဲမှ ရေအငွေ့အသက် နည်းလွန်းတယ်”

သူစကားပြောလိုက်သောအခါ နဂါး၏ ဘေးမှ လေထုသည် ရုတ်တရတ် သိပ်သည်းသွားပြီး ရေခဲလှောင်အိမ်တစ်ခု ဖြစ်ပေါ်လာသည်။ နဂါးသည် လှောင်အိမ်ကို တွန်းတိုက်နေပြီး ဖဲ့ကာ ဖျက်ဆီးနေသော်လည်း လှောင်အိမ်၏ ပျက်စီးသွားသော နေရာတိုင်းတွင် အသစ်တစ်ဖန် ပြန်၍ ပေါ်လာနေသည်။

‌လေထုထဲတွင် ရေခဲလှောင်အိမ်ကို တွန်းတိုက် ကိုက်ဖဲ့နေသံများ ထွက်ပေါ်နေပြီး ရေခဲများနှင့် ပြည့်နေသည်။ နောက်တော့ လှောင်အိမ်သည် သဲထဲသို့ ပြုတ်ကျသွားပြီး တစ်လိမ့်ပြီး တစ်လိမ့် လိမ့်သွားသည်။

“ဖလိန်မီရေ.. ကောင်းကင်ပေါ်ပျံပြ ဒီကောင့်ကို စောင့်ကြည့်ထား.. မလွတ်သွားစေနဲ့” ကောင်းဖန်က အမိန့်ပေးလိုက်သည်။

All Chapters