အခန်း (၄၄၉-၄၅၂)
Vol. 29 Ch. 449-452
အခန်း ၄၄၉ ကောင်လေး မင်းဘာဖြစ်နေတာလဲ
ငွေရောင်နဂါးလေးက ငွေရောင် အကြေးခွံတစ်ပိုင်းကို ထွေးထုတ်ပြီး ကျီဟန့်ဝူကို ပေးလိုက်သည်။ “ဒီ အကြေးခွံကို မှန်လိပ်ကိုပေးလိုက်ပါ… အကြေးခွံကို ရပြီးရင် သူ…” ငွေရောင်နဂါးက အကြံပေးသည်။
ထိုအချိန်တွင် ကျီဟန့်ဝူ၏ ဖုန်းမြည်လာသည်။ သူ ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းက လုံခြုံရေးခန်းက ခေါ်တာဖြစ်ကြောင်း တွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် အထူးအခြေအနေများတွင်သာ လုံခြုံရေးခန်းက သူ့ကို ဖုန်းခေါ်လေ့ရှိသည်။ “ဥက္ကဌကျီ လိပ်ကြီးတစ်ကောင် ဖောက်ထွင်း ဝင်လာပါတယ်… သူက ဘယ်သူ့ကိုမှ မတိုက်ခိုက်လို့ ကျွန်တော်တို့ သူ့ကို မတားနိုင်ပါဘူး ဒါပေမယ့် သူက စံအိမ်ဖက်ကို ဦးတည်သွားနေပါတယ်”
ဖုန်းမချခင် ကျီဟန့်ဝူ ကျယ်လောင်သော ပြေးသံကို ကြားလိုက်ရပြီး မြေကြီးက အနည်းငယ် တုန်ခါသွားသည်။
ပုခုံးကို လှည့်ကြည့်လိုက်တော့ မှန်ကဲ့သို့ ချောမွေ့တောက်ပနေသော အခွံနဲ့ အိမ်အရွယ်အစားလောက် ကြီးမားသော ငွေရောင်လိပ်တစ်ကောင်က သူ့ဆီ အရူးလို ပြေးလာနေတာ တွေ့လိုက်ရသည်။
“ငါလာနေပြီ… ငါလာပြီ” ဧရာမလိပ်ကြီးက ကျယ်လောင်သော အသံထွက်နေသည်။
သူ့ကျောပေါ်တွင် လွင့်မျောနေသော ရေဘောလုံးတစ်လုံးရှိနေသည်။ ရေဘောလုံးထဲတွင် ဝတုတ်တုတ် ရွှေငါး တစ်ကောင် ရှိနေသည်။ သူက လူးလှိမ့်၍ ရေပူပေါင်းလေးများ မှုတ်ထုတ်နေပြီး လုံးဝ ကြောက်နေပုံ မပေါ်ပေ။
ငွေရောင်လိပ်ကလည်း လူစိမ်းတွေကို မကြောက်ပေ။ သူက မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ပြီး မြေပေါ်တွင် အပေါက်ဖြစ်သွားစေသည်။
ငွေရောင်နဂါးကို ကြည့်ရတာ တောင့်တောင့်တင်းတင်းဖြစ်သွားသည်။ သူက လည်ပင်းကို လှည့်ပြီး “မင်းရောက်လာတာလား” ဟု မေးလိုက်သည်။
“ဟုတ်တယ် ကျွန်တော်ရောက်လာပြီ”
“ဘယ်တုန်းက ရောက်လာတာလဲ” ငွေရောင်နဂါးက အနည်းငယ် ပဟေဠိဖြစ်နေသည်။
“ဆရာ ထွက်သွားပြီး ဒုတိယရက်မှာပဲ ကျွန်တော် ထွက်လာခဲ့တာပါ”
ငွေရောင်နဂါးက လည်ပင်းကို ကွေးလိုက်ပြီး ရှုပ်ထွေးနေဟန်ပေါက်နေသည်။
“ကံကောင်းခြင်းကြီးပဲ” လိပ်က လျို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ “‘ဒီမှာ ကျွန်တော့်ဘဝရ့ အပြောင်းအလဲကို ကြိုမြင်နေရတယ်”
ထို့နောက်သူက ကျီဟန့်ဝူအား တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူက ပါးစပ်ကို ဖွင့်လိုက်ပြီး မပြတ်မသား လူသားအသံဖြင့် စကားပြောလိုက်သည်။ “ခင်ဗျားက ကျွန်တော်ရဲ့ အနာဂတ်သခင်လား… ကြည့်ရတာ ထက်မြတ်မယ့်ပုံပဲ… ငွေရောင်ဆံပင်တွေကို ကြည့်စမ်းပါဦး… ငါ့ရဲ့ အခွံအရောင်နဲ့ မတူဘူးလား”
ကျီဟန့်ဝူ ဘာပြောရမလဲမသိ ကြောင်သွားသည်။
“ဘာလို့ ကျောပေါ်မှာ ငါးကို သယ်လာတာလဲ… ငါတို့ရဲ့ ညစာအတွက်လား” ဘေးတွင် ရပ်နေသော ကောင်းဖန်က စပ်စုစွာ မေးလိုက်သည်။
“မဟုတ်ဘူး တကယ်တော့ဒါက သခင် ငွေရောင်နဂါးမင်းသားရဲ့သားလေးပါ… ပြီးတော့ သူက ငွေရောင်နဂါးရဲ့ …” လိပ်က ရိုးသားစွာပြောသည်။
ခေါက်ဆွဲငါးဝတုတ်က အသားနံ့ရလိုက်လို့ထင်သည်… အဝေးကနေ အသားကင်စားနေသော ခါရန်နဲ့ ဂျိုဝီကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။ သူ့ပါးစပ်က အိုပုံသဏ္ဍာန် ဖြစ်နေသည်။
ကောင်းဖန်က ငွေရောင်နဂါးမင်းသားကို ကြည့်လိုက်သည်။ သူက ဒီသတင်းကို ငြင်းလိုက်လိမ့်မည်ဟု ကောင်းဖန် ထင်သော်လည်း အေးတိအေးစက် အသံပြုကာ ခေါင်းကိုလှည့်သွားသည်။
ကောင်းဖန် သောက်နေသော လက်ဖက်ရည်များကို ထွေးထုတ်မိသွားသည်။ နဂါးဖြူက ကလေးအဖေဖြစ်ပြီလား..
သူက နဂါးဖြူ ဒေါသထွက်မည်ဟု ထင်လိုက်သော်လည်း နဂါးဖြူက ငါးလေးကို ကြည့်ပြီး အနံ့ခံနေသည်။ ထို့နောက် ဘာကိုမှ မငြင်းပဲ မျက်လုံးကို မှိတ်လိုက်သည်။
နဂါး ၂ ကောင်လုံး ငြင်းဆန်သည့် လက္ခဏာမပြသော်လည်း ငါးလေးကို သဘောကျဟန်မပေါ်ချေ။
“ဒါက သာမာန်ပါပဲ… ဒီကလေးက သူတို့ရဲ့ မျိုးဆက်ကို နိုးထအောင်မလုပ်နိုင်ဘူးထင်တယ်… အပြင်ပန်းကို ကြည့်လိုက်တာနဲ့ ပြောနိုင်တယ်… သူတို့နဲ့ ယှဥ်လိုက်ရင် ကွာခြားလွန်းတယ်” ခြင်္သေ့က ကောင်းဖန်ကို သွေးစာချုပ်ကနေတဆင့် ပြောလိုက်သည်။
“သားရဲ တော်တော်များများ ဒီလိုပြုမူတတ်ကြတယ်… သူတို့ရဲ့ကလေးက မျိုးဆက်ကို ဆက်ခံနိုင်ရင် သဘောကျကြပြီး မဟုတ်ရင်တော့ မကြိုက်ကြဘူး” ခြင်္သေ့က ခေါင်းကိုယမ်းရင်းပြောသည်။
“ဘာလို့လဲ” ကောင်းဖန်က ဒီသားရဲများ၏ စိတ်ကို နားမလည်နိုင်ပေ။
“အဲဒါက သာမာန်ပဲ… လက်ခံလို့ရပါတယ်… တချို့ဆို မွေးကာစကလေးတွေကိုတောင် တစ်ကောင်နဲ့ တစ်ကောင် တိုက်ခိုက်ခိုင်းပြီး နောက်ဆုံးရှင်ကျန်ခဲ့တဲ့သူက မိဘတွေရဲ့အချစ်ကို အနိုင်ရတဲ့သူပဲ… ဥပမာ လင်းယုန်အမျိုးအစားစားရဲဆိုရင် သူတို့ကလေးတွေရဲ့ တောင်ပံရိုးကို ချိုးပစ်ပြီး တောင်စောင်းကနေ တွန်းချလိုက်တယ်…သူတို့ အခက်အခဲကို ကျော်လွှားပြီး ပျံတတ်လာနိုင်ရင် အသက်ရှင်ခွင့်ရတယ်… မဟုတ်ရင်တော့ သေလိမ့်မယ်” ခြင်္သေ့က တည်ငြိမ်စွာပြောသည်။ “ဒီလို ကိစ္စတွေ အများကြီးပဲ”
“မင်းရဲ့ ကလေးကိုရော ဒီလိုပဲ ဆက်ဆံမှာလား” ကောင်းဖန်က မေးသည်။
ခြင်္သေ့က မျက်နှာ နီရဲသွားပြီး “ငါ့မှာ ခုထိ ကလေးတောင် မရှိသေးတာကို”
“အော် ဟုတ်သား မင်းက မိတ်ဖက်အရင်ရှာရဦးမှာပဲ”
ဘာပဲဖြစ်ဖြစ် ဒါက နဂါး ၂ ကောင်၏ ကလေးဖြစ်သည်ပဲ။ သူက အခု သာမာန် ထိုက်ရေကန်က ခေါက်ဆွဲငါးလေးနဲ့တူနေပေမယ့် သူတို့ရဲ့ကလေးဖြစ်တယ်ဆိုတ့ အချက်ကိုတော့ မပြောင်းလဲနိုင်ပေ။
ကျီဟန့်ဝူက ငါးလေးကို ရေကန်ထဲပြန်ထည့်လုက်ပြီး နဂါးများကို အားတဲ့အခါ ငါးလေးကို အချိန်ပေးပြီး တူတူနေပေးဖို့ တောင်းဆိုလိုက်သည်။
နဂါးဖြူက မပျော်မရွှင် ဖြစ်သွားသည်။
“မင်းတို့ ၂ ကောင်းလုံးက ကလေးကို လျစ်လျူရှုထားကြတယ်… အခု သူ ဘယ်လောက်တောင် ဝတုတ်နေလဲ ကြည့်ဦး” ကျီဟန့်ဝူ ဆူပူလိုက်သည်။
ထို့နောက် ကောင်းဖန်က သူ့သားရဲကို ထျန်းကောကျောင်းသို့ ခေါ်သွားပြီး ကန်တင်းတွင် ဆန်ကိတ်မုန့် ဘယ်လိုလုပ်လဲဆိုတာ ကျောင်းသားတွေနဲ့အတူ သင်ခဲ့သည်။
“သူက ကျောင်းအုပ်လား” အောက်ထပ်က ကျောင်းသားများက ဆွေးနွေးနေကြသည်။
“ကျောင်းအုပ်ဖြစ်မယ်ထင်တာပဲ… စာသင်ခန်းထဲ သူ့ဓာတ်ပုံကပ်ထားတယ်မလား… သူ့ကြည့်ရတာ အရမ်းငယ်သေးတာပဲ” ကောင်မလေးတစ်ယောက်က မျက်လုံးများ တောက်ပစွာနဲ့ ပြောလိုက်သည်။
သူက ကမ္ဘာပေါ်တွင်အကောင်းဆုံး သားရဲလေ့ကျင့်သူတွေထဲက တစ်ယောက်ဆိုတာကိုလည်း သူတို့ ကြားဖူးသည်။ ကျောင်းသားများ စကားပြောနေကြသည်က လှောင်အိမ်ထဲက လွှတ်လိုက်သည့် ကြက်ကလေးတွေလို ဆူညံနေသည်။
“နောက်ဆုံးတော့ ကျောင်းအုပ်ကို မြင်ဖူးပြီ…သူကဓာတ်ပုံထဲက အတိုင်းပဲ ချောတယ်”
ကောင်းဖန် ချောင်း ၂ ကြိမ်ဟန့်လိုက်သည်။ “အားလုံးပဲ တိတ်တိတ်နေကြပါ”
ဆန်ကိတ်လုပ်ရသည်က မရှုပ်ထွေးပေ။ သေချာ အာရုံစိုက်ရင် အလွယ်လေး တတ်နိုင်သည်။
“ကျောင်းအုပ်ကြီး ဆန်ကိတ်လုပ်ပြီးရင် ကျောင်းအုပ်ကြီးရဲ့သားရဲကို တစ်ခါလောက် ထိကြည့်လို့ရလား” သန်မာပြီး တည်ကြည်ပုံရသည့်ကောင်လေးတစ်ယောက်က လက်ကိုထောင်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
နောက်ဆုံးအကြိမ်တုန်းက သူတို့ တရုတ်နှစ်ကူးပွဲကို သူတို့ဟာသူတို့ပဲ ကျင်းပခဲ့ရသည်။ သို့သော် အခု သူတို့ တခြားကျောင်းသားတွေနဲ့ အတူ ကျင်းပနိုင်ပြီ။ ဒါက သူတို့ရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်သောကြောင့် သူတို့ကို အလွန်အမင်း စိတ်လှုပ်ရှားပြီး ပုံမှန်ထက် ပို သတ္တိရှိနေကြသည်။
ကောင်းဖန်က ထိုကျောင်းသားလေးအား ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု၊ ဆန္ဒနဲ့ စိုးရိမ်မှုအနည်းငယ်ကို ဖော်ပြနေသည်။ “အင်း ရတယ်… ဒါပေမယ့် ဆန်ကိတ်ကို အရင်ပြီးအောင် လုပ်ရမယ်”
နောက်ဆုံးတော့ ဆန်ကိတ်များ ပေါင်းလို့ပြီးသွားသည်။ ကျောင်းသားတွေ အချင်းချင်း ဆန်ကိတ် လဲလှယ်ကြသည်။ ကြည့်ကောင်းသူများနဲ့ စာတော်သူများက ဆန်ကိတ်အများကြီးရကြသည်။ ကောင်းဖန်က စားပွဲပေါ်တွင် ဆန်ကိတ်အများဆုံး လက်ခံရထားသည်။
ထိုညတွင် ကောင်းဖန်က ဂိုဒီကို လာခဲ့ဖို့ ပြောလိုက်သည်။
ကလေးများက စပြီး အတင်းပြောကြတော့သည်။ “အဲဒါ နတ်ဘုရားအဆင့် သားရဲလား.. ကြည့်ရတာ ထူးဆန်းတယ်နော်”
“ဘုန်းကြီးနဲ့ တူတယ်”
“ငါတော့ မိုက်တယ်လို့ ထင်တာပဲ”
ထိပ်ပြောင်ပြီး ကြွက်သားများရှိသော ဂိုဒီမှာ ကလေးများကို မပြောင်းမလဲ မျက်နှာဖြင့် စိုက်ကြည့်နေပြီး စိတ်ကြိုက် ထိကိုင်ခွင့်ပေးထားသည်။
ကောင်လေးတစ်ယောက်က တခြားကောင်းလေးတစ်ယောက်နား လျှောက်သွားပြီး တီးတိုးပြောလိုက်သည်။ “အားဂျွန် ဒီဘဲက ဘာလို့ အမွှေးမရှိတာလဲ”
“ကောင်လေး မင်းဘာဖြစ်နေတာလဲ” ဂိုဒီက ထိုကောင်လေးနားကပ်သွားပြီး မကြည်ကြည့်ဖြင့် ကောက်မလိုက်သည်။
“ကျွန်-ကျွန်တော်” ကောင်လေးလန့်သွားပြီး စကားဗလုံးဗထွေး ပြောလာသည်။
“ငါက ယွိကျိုးက ဒဏ္ဍာရီလာ ရှားပါး အမွှေးမဲ့ဘဲပဲ” ဂိုဒီက ပြောသည်။ “ငါက မွေးထဲက အမွှေးမပါတာ… ဒါပေမယ့် ငါ့မျိုးနွယ်စုထဲမှာ ငါက အခန့်ညားဆုံးပဲ”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ” ကောင်းလေးက ခေါင်းကို အကြမ်းပတမ်း ညိမ့်လိုက်သည်။ “ကျွန်တော် သိပါတယ်… တကယ်သိပါတယ်… ခင်ဗျားက အခန့်ညားဆုံးပါ”
“အမြင်ရှိတဲ့ ကောင်လေးပဲ” ဂိုဒီက သူ့ကို ချပေးလိုက်ပြီး ပုခုံးကို အားပေးသလို ပုတ်လိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၅၀ ဖရိုဖရဲဖြစ်ခြင်းများ၏ အကြို
နတ်ဘုရားအဆင့်နဲ့ အထက်ရောက်သွားသော သားရဲများက ပြီးပြည့်စုံသော ခန္ဓာကိုယ်ရှိကြသည်။ နို့တိုက်သတ္တဝါ သားရဲများက လူသားကဲ့သို့ စကားပြောနိုင်ကြသော်လည်း တခြား သားရဲအမျိူးအစားများ အတွက်လည်း လူသားများ လက်ခံနိုင်လောက်သော လူသားစကားပြောဖို့က မခက်ခဲပေ။
သို့သော်လည်း ဒီသားရဲများအနေနဲ့ လူသားဘာသာစကားကို သင်ယူလိုစိတ် ရှိဖို့လိုသည်။ ဒါမှမဟုတ်လည်း ဦးနှောက်ကြီးကဲ့သို့ မှတ်ဉာဏ်များကို ထုတ်ယူနိုင်သည့် စွမ်းရည်ရှိရန် လိုသည်။
ဂိုဒီက ငတုံးပုံပေါက်သော်လည်း မတုံးအပေ။ သူက လူသားပတ်ဝန်းကျင်ကို ရောက်တာကြာပြီ ဖြစ်သောကြောင့် ဘာသာစကားကို သင်ယူပြီးဖြစ်သည်။
အဲဒီညက စုဝေးပွဲလုပ်ခဲ့ကြသည်။ ကျောင်းသားအချို့က သီချင်းဆို၊ အကက ကြပြီး တချို့က ကဗျာရွတ်ကြသည်။
ပိုပြီး ဆန်းသစ်သောပွဲကတော့ သားရဲတွေနဲ့ ပတ်သက်သော သရုပ်ပြမှု ဖြစ်သည်။ ဆရာ တာ့ကွမ်နဲ့ ဆရာ တာ့ချင်တို့က သရုပ်ပြမှုကို ဦးဆောင်သည်။ ကျောင်းတွင်းသို့ ခိုးဝင်၍ ဖမ်းမိထားသော တချို့သားရဲများကို ပွဲအတွက် အရံနေရာတွင် ပါဝင်ပေးဖို့ တောင်းဆိုထားသည်။ ထို သားရဲအရိုင်းကောင်အနည်းငယ်နဲ့ ဆရာတာ့ကွမ်၊ ဆရာတာ့ချင်တို့ က ပြိုင်ဖက်ကင်း ဒရာမာပြကွက်ကို တင်ဆက်ခဲ့ပြီး ကျောင်းသားများဆီက လက်ခုပ်သံများရခဲ့သည်။
နောက်ကျနေပြီဖြစ်သော်လည်း စုဝေးပွဲက ညသန်းခေါင်အထိ ဆက်လုပ်နေခဲ့သည်။ သန်းခေါင်ခေါင်းလောင်း ထိုးချိန်တွင် တောက်ပသော အနီ၊ အစိမ်း၊ အပြာ မီးပန်းများ ဖောက်ကြသည်။ ရောင်စုံမီးပန်းများ ကောင်းကင်တွင် ပြည့်သွားသည်။
ကမ္ဘာပျက်ကပ်ဖြစ်ပြီး ပထမတစ်နှစ်အတွင်း ဘယ်သူမှ မီးပန်း မဖောက်ဝံ့ကြချေ။ သူတို့က သားရဲတွေကို ရန်ဆွသလိုဖြစ်မှာစိုးတာကြောင့်ဖြစ်မည်။ ထိုအချိန်တွင် လူတိုင်းက သားရဲများတိုက်ခိုက်လာနိုင်ချေ ရှိသောကြောင့် တရုတ်နှစ်ကူးတွင်တောင် ဒီလိုအရာတွေကို စဥ်းစားဖို့ စိတ်ကူးမရှိကြပေ။
ဒုတိယနဲ့ တတိယနှစ်များတွင်တော့ မီးပန်းဖောက်ခြင်းကို တားမြစ်ထားခဲ့သည်။ ထိုအချိန်က ကြီးမားသော အခြေစိုက်မြို့တော်က တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းနေဆဲဖြစ်ပြီး လမ်းကြောင်းမှန်ပေါ်တွင် တိုးတက်နေလျက်ရှိသည်။ သို့သော်လည်း ညဖက်တွင် မီးပန်း ဖောက်ခွဲသံများက အရမ်းသိသာလွန်းသည်။ စိတ်ချရအောင် အစိုးရက မြို့လယ်ခေါင်တွင် မီးပန်းများ ဖောက်လွှတ်ပေးခဲ့သည်။
စည်းမျဥ်းများကို အရင်နှစ် နွေဦးပွဲတော်ကမှ လျော့ချပေးလိုက်ခြင်းဖြစ်ပြီး အခြေစိုက်မြို့တော်များအတွင်း မြို့၏အချို့နေရာများတွင် အစိုးရခွင့်ပြုချက်ဖြင့် မီးပန်းဖောက်ခွင့်ပြုခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ဒီနှစ်တွေအတွင်း လူသားတွေ ပိုသန်မာလာကြသောကြောင့် ဖြစ်သည်။ မြို့တွေရဲ့ ခုခံရေးကလည်း ပိုကောင်းလာပြီး ဖွံ့ဖြိုးပြီး အခြေစိုက်မြို့များက နယ်မြေများကို စတင် ချဲ့ထွင်လာကြသည်။
ထိုညက ကောင်းကင်တွင် မီးပန်းများ အဆုံးမရှိအောင် ပေါက်ကွဲနေသည်။ သို့သော်လည်း ယွိကျိုးမြို့တောအုပ်ထဲက သားရဲများက အကုန်လုံး အသတ်ခံလိုက်ရပြီးဖြစ်သည်။ လောလောဆယ်တွင် သားရဲတစ်ကောင်၏ အစိတ်အပိုင်း အားလုံးက ရတနာကဲ့သို့ပင်ဖြစ်သည်။ သာမာန်အဆင့် သားရဲတစ်ကောင်ကိုပင် ဈေးနှုန်း ကောင်းကောင်းဖြင့် ရောင်းချနိုင်သည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း သားရဲအများစုက တောထဲက လွတ်တာမဟုတ်ရင် ဆိုင်များတွင် ခင်းကျင်းပြသခြင်းခံလိုက်ရသည်။
ငါး၊ ပုဇွန်ကဲ့သို့ ကျန်နေသော သားရဲအသေးလေးများက ကောင်းကင်တွင် မီးပန်းများပေါက်နေသောအခါ ကြောက်လို့ တုန်နေကြပြီး တွင်းပေါက်၊ ချုံပုတ်တို့ထဲတွင် ကောင်းကင်ကို စိုက်ကြည့်ရင်း ပုန်းအောင်းနေကြသည်။
…
ဧရာမကြီးမားသော ကမ္ဘာတစ်ခုဖြစ်သည်။
သစ်ပင်များက မြင့်လွန်းသောကြောင့် ကောင်းကင်အထိရောက်နေသည်ဟု ထင်ရသည်။ ငှက်များက အနက်ရောင်တောင်စောင်းတွင် ကျီကျီကျာကျာ လုပ်နေကြပြီး တောင်ကြားက ငရဲပြည်သို့ သွားသည့် လမ်းကဲ့သို့ နက်ရှိုင်းလွန်းသည်။ မီလီယံနဲ့ချီအလေးချိန်ရှိသော ဧရာမ သားရဲကြီးမား အရိုင်းဆန်စွာ ပြေးလွှားနေကြသည်။
အရှေ့ဖက်ရှိ ကျောက်တောထဲတွင် ကျောက်ခံတပ်ကွင်းအစု ရှိနေသည်။ ကျောက်ကွင်းများက ကောင်းကင်ပေါ်ကကြည့်လျှင် ကြီးမား သိပ်သည်းပြီး ခဲဖြူရောင် ဘောလုံးကြီးများက့သို့ ဖြစ်နေသည်။ တစ်ခါတစ်ရံ သိမ်မွေ့ဟန်ရှိသော သားရဲကြီးများ ကျောက်ခံတပ်ကွင်းများကြားက ဖြတ်သန်းသွားသည်ကို တွေ့နိုင်သည်။ ကျောက်ခံတပ်ကွင်းများ၏ အလယ်တွင် တခြားကျောက်ခံတပ်များနဲ့ ဆင်တူသော အနက်ရောင် ကျောက်ခံတပ်ကွင်းတစ်ခုရှိနေသည်။
ဒုတိယထပ်က အခန်းတစ်ခုထဲတွင် သားရဲတစ်ကောင်၏အရိုးကို ပြသထားသည်။ သားရဲ၏အရိုးအရွယ်အစားက လူလက်ဖဝါးလောက်နီးပါးဖြစ်ပြီး အပေါ်တွင် နက်ရှိုင်းသော အနီရောင် ပုံစံအဆင်တစ်ခု လှုပ်ရှားနေသည်။
ရွှေရောင်ပုံစံအဆင်များအများအပြားက သားရဲ၏အရိုးနဲ့ တွယ်ဆက်နေပြီး နောက်ဆုံးတွင် အလယ်တွင် ပန်းတစ်ပွင့်နှင့် ပုံစံအဆင် သုံးမျိုးပါသော အမှတ်အသားတစ်ခုအဖြစ် စုဝေးသွားသည်။
ခြောက်သွေ့နေသော အရိုးပန်းများက တွဲလောင်းဖြစ်နေပြီး သေဆုံးနေသော သစ်ရွက်များက လေနဲ့အတူ ယမ်းခါနေသည်။ ခဲရောင်သစ်ရွက်နဲ့ ပန်းပွင့်များက တိတ်ဆိတ်နေပုံပေါ်သည်။ ရုတ်တရတ် သားရဲ၏အရိုးပေါ်က သစ်ရွက်နဲ့ပန်းပွင့်က စတင်တောက်ပလာသည်။ အရိုး၏အပေါ်ယံက အခု အပြာရောင်အလင်း တောက်ပနေသည်။
အလင်းကဖြည်းဖြည်းချင်း ကြီးထွားလာပြီး နောက်ဆုံးတွင် ပန်းပွင့်က တောက်ပလာသည်။ အပြာရောင် အလင်တန်း ထွန်းတောက်လာပြီး မီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ကြွေနေသော ပန်းပွင့်က စတင် နိုးထလာသည်။
စားပွဲခုံ လန်သွားသည်။ တိရိစ္ဆာန်သားရေနဲ့လုပ်ထားသော အဝတ်ကို ဝတ်ထားသော ကလေးတစ်ယောက်က ကြောက်လန့်နေဟန်ဖြင့် ပြေးထွက်လာပြီး အော်နေသည်။ “အဖေ အဖေ ပန်းပွင့်က တောက်ပနေတယ်… ပန်းပွင့်က တောက်ပနေတယ်”
…
လိုဟန်ခရိုင်၊ ဆန်တယ်မြို့
ဘာရိုဖီတာဝါပေါ်တွင် ဧရာမနဂါးနက်တစ်ကောင် အတောင်ပံကို ဖြန့်၍ ရပ်နေသည်။ ကောင်းကင်က မိုးသည်းသည်းနဲ့ မိုးကြိုးတို့ကြောင့် မှုန်မှိုင်းနေသည်။ နဂါးနက်ကြီး၏ တောင်ပံအောက်တွင် ဆန်တယ်မြို့က အလွန် မလှုပ်မယှက်နဲ့ တိတ်ဆိတ်နေသည်။
“အသန်မာဆုံးသူတွေပဲ ကမ္ဘာကို အုပ်စိုးနိုင်တယ်” နဂါးနက်ကြီး၏နောက်တွင် ရပ်နေသည့် အဖြူရောင်နှာခေါင်းစည်းနဲ့ အနက်ရောင်ကုတ်ကို ဝတ်ဆင်ထားသော ထူးဆန်းသည့်လူက ပြောလိုက်သည်။ ထိုလူက နားကြပ်တပ်ထားသောကြောင့် သူ့အသံကို ရေဒီယိုလှိုင်းတွေက တစ်ဆင့် ဆန်တယ်တစ်မြို့လုံးက စပီကာတွေဆီပို့ဆောင်သွားသည်။ မြို့ထဲက လူတိုင်း ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။
နဂါးနက်၏တောင်ပံအောက်တွင် ဆန်တယ်မြို့က ပရမ်းပတာ ဖရိုဖရဲဖြစ်နေပြီး လူတွေက ကြောက်လန့်နေကြသည်။ မြို့က မီးလောင်ပြီး မီးခိုးတွေ အူနေသည်။
အနက်ရောင်လင်းတတစ်ကောင် ကောင်းကင်တစ်ဖက်ဆီသို့ ပျံသန်းသွားပြီး မြို့တော်ခန်းမဆီ ပျံမသွားခင် နဂါးနက်အနားတွင် အနည်းငယ် ဝေ့ပတ်နေသည်။
“အခုချိန်ကစပြီး ဆန်တယ်မြို့ကို လွတ်လပ်ကြောင်း ကြေညာတယ်… ငါတို့က ကမ္ဘာ့မဟာမိတ်အစိုးရနဲ့ သက်ဆိုင်တယ် ဒါပေမယ့် ဘယ်တတိယအုပ်စုမှ ဆန်တယ်မြို့ရဲ့ အတွင်းရေး ကိစ္စတွေ၊ နေရာချမှုတွေမှာ ပါဝင်ပတ်သက်ခွင့်မပြုဘူး”
…
တောင်ပိုင်းခရိုင်၊ ထရုဒိုမြို့
မြေကြီးက တုန်ခါနေပြီး တိမ်မည်းများက ထိန်းချုပ်ထားသော ရွှေရောင်အခေါင်းတစ်ခု ကောင်းကင်တွင် ပျံသန်းနေသည်။ ထို့နောက် ရုတ်တရတ် အခေါင်းက မ,တင်ခြင်းခံလိုက်ရသည်။
အဖြူရောင်ပတ်တီးများပတ်ထားသော လက်တစ်ဖက် အခေါင်းတွင်းကနေ ထွက်လာသည်ကို မြင်ရသည်။ ရုတ်တရတ် တစ်ကိုယ်လုံး အဖြူရောင်ပတ်တီးများနဲ့ မာမ်မီတစ်ကောင် ထွက်လာသည်။ မာမ်မီက ကောင်းကင်ကို ဘယ်လက်ဖြင့် လက်ညိုးထိုးပြလိုက်သည်။ သူ့လက်ညိုးထပ်က အလင်းတန်းတောက်ပလာပြီး နေမင်းအသေးစာလေးကဲ့သို့ စတင်လောင်ကျွမ်းတော့သည်။
“ခုချိန်ကစပြီး ထရုဒိုမြို့ကို လွတ်လပ်ကြောင်း ကြေညာတယ်… ငါတို့က ကမ္ဘာ့မဟာမိတ်အစိုးရနဲ့ သက်ဆိုင်တယ် ဒါပေမယ့် အတွင်းပိုင်းအဖွဲ့ဝင်တွေပဲ ထရုဒိုမြို့နဲ့ပတ်သတ်တဲ့ ပြည်တွင်းရေးကိစ္စတွေအားလုံး အတွက် တာဝန်ယူရမယ်”
…
နိဟွန်းခရိုင်၊ ယူအဲဒါမြို့
အနည်းငယ်ကြီးမားသောမြို့ဖြစ်ပြီး လမ်းများက အလွန်သန့်ရှင်းနေသည်။ လမ်းတစ်ဖက်တစ်ချက်စီတွင် ဘန်ဂလိုအသေးလေးများရှိသည်။ လမ်းတလျှောက်တွင် သားရဲများနဲ့အတူ ကင်းလှည့်နေသော ယူနီဖောင်းဝတ် တပ်သားများကို တွေ့ရသည်။
ယူအဲဒါမြို့လယ် ဧရိယာတွင် ပေ ၃၀၀ မြင့်သော ချယ်ရီပင်ကြီး ရှိသည်။ ပွင့်ဖတ်ကြွေများက ပန်းရောင် အပင်နားတွင် တဖြည်းဖြည်းချင်း ကျဆင်းနေကြပြီး တချို့က မြို့ထဲသို့ လွင့်လာကြသည်။
လူတစ်စုက မြို့တော်ခန်းမသို့ တိတ်ဆိတ်စွာ အမြန်ပြေးလာကြပြီး ယူအဲဒါမြို့တစခုလုံးကို ထိန်းချုပ်လိုက်ကြသည်။
“ချယ်ရီနတ်ဘုရားဆီက အမိန့်ရထားတယ်… အခုချိန်ကစပြီး ယူအဲဒါမြို့က အရာအားလုံးကို ငါသိမ်းယူမယ်” သစ်သားဖိနပ်စီးပြီး အမှတ်အသားတစ်ခုကို ကိုင်ထားသော စစ်သည်တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။
စစ်သည်၏နောက်တွင် စိုစွတ်နေသော ခြေလက်လေးချောင်းနဲ့ သတ္တဝါတစ်ကောင် လိုက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်က အပေါက်တွေကနေ ရေများစီးကျနေသည်။ သူ့ရဲ့ ဖျော့တော့နေသော မျက်လုံးများက စားပွဲနောက်က လူကို စိုက်ကြည့်နေသည်။
ဟွာရှားပြည်နယ်က တရုတ်နှစ်ကူးပထမဆုံးနေ့ကို ကျင်းပနေဆဲ ဖြစ်တုန်း တစ်ညတွင်းချင်းမှာပင် တစ်ကမ္ဘာလုံးရှိ အခြေစိုက်မြို့များအားလုံးက လွတ်လပ်ကြောင်း ကြေညာလာသည်။ ဒါက တိုက်ဆိုင်မှု မဟုတ်ပေ။
အင်တာနက်ပေါ်တွင် လျို့ဝှက်ကိုယ်ပိုင်မြို့တွင်းကွန်ယက်ပေါ်က မှတ်ချက်ပေးသူများ အများအပြားပေါ်နေသည်။ သူတို့ အားလုံးက မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး သူတို့မျက်နှာအစစ်ကို ဘယ်သူမှ မမြင်ရပေ။
“ငါတို့ အလံတင်လို့တော့ပြီးသွားပြီ ဒါပေမယ့် ဘာလို့ ဟွာရှား ဒေသမှာ ခုထိဘာမှ မလုပ်သေးတာလဲ” အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသော လူက မေးသည်။
“...အဲဒါက လုံးဝကို ခက်ခဲမှုအဆင့်က ကွာလွန်းတယ်… ယွိကျိုးက ဘေးမှာတင် ရှိနေတာလေ” အဝါရောင် မျက်နှာဖုံးကိုဝတ်ထားသောလူက မသဲမကွဲဖြင့်ပြောသည်။
အဖွဲ့တွင်းက လေထုက ရုတ်တရတ် အနေခက်သလိုဖြစ်သွားသည်။ ကြည့်ရတာ ယွိကျိုးက လူ ၂ ယောက်က သူတို့အတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်နေပုံပေါ်သည်။
“ရပါတယ်… မင်းကံကောင်းပါစေလို့ ဆုတောင်းပေးတယ်… တကယ်လို့တစ်နေ့ ခင်ဗျား ဟွာရှားမှာ မရှင်သန်နိုင်တော့ရင် လိုဟန်ခရိုင်မှာ ကျုုပ်ကိုလာရှာလို့ရတယ်” အဖြူရောင် မျက်နှာဖုံးနဲ့လူက သရော်ဟန်ဖြင့် ပြောသည်။
ဒါက တကယ်ကို လွပ်လတ်တဲ့အဖွဲ့အစည်းဖြစ်ပြီး သူတို့အတူစုနေကြတာက တူညီသည့် ရည်ရွယ်ချက်ရှိ နေကြသောကြောင့် ဖြစ်သည်။ အခု သူတို့ရည်ရွယ်ချက် အောင်မြင်လုဖြစ်နေပြီဖြစ်သည်။ အမှားလေး တစ်ခု ၂ ခုလောက်က အားလုံးပေါင်းရလဒ်ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၅၁ စိန်ခေါ်မှု
ယင်လိုင်ဒေသ၊ စိန့်တီယာအခြေစိုက်မြို့
မြို့၏မြောက်ဖက်အစွန်အဖျားနားတွင် ကျက်သရေရှိဟန်ပေါ်ပြီး ထီးထီးကြီးတည်ရှိနေသော အိမ်ကြီးတစ်လုံး ရှိသည်။ တစ်ချိန်က ထူးခြားလှပခဲ့သော အဆောက်အဦးကြီးမှာ အခုတော့ ယိုယွင်းပျက်စီးနေပြီဖြစ်သည်။ မီးခိုးနဲ့ ဖုန်မှုန့်များက ထိုအနီးတွင် အမြဲ ရစ်ဝိုင်းနေသည်။ အပျက်အစီးများကြားတွင် ကြီးမားသော သားရဲ သုံးကောင် မျက်နှာချင်းဆိုင် ရပ်နေသည်။
ဘယ်ဖက်တွင် တောင်ကုန်းတစ်ခုကဲ့သို့ မြင့်သော ခဲစိမ်းရောင် သားရဲရပ်နေသည်။ ခေါင်းကနေ ခြေအဆုံးထိ သူ့အရေပြားပေါ်တွင် ခပ်နက်နက် အစင်းကြောင်းများရှိနေသည်။ သူ့ရဲ့ မျက်လုံးသုံးလုံးက ရင်ဘတ်ပေါ်တွင် တြိဂံပုံစံဖြင့် တည်ရှိနေသည်။ သူ့ခြေထောက်အောက်ကနေ နွယ်ပင်များက ရွှံ့နွံထဲက တီကောင်လိုလူးလွန့်နေကြသည်။ သူခန္ဓာကိုယ်ကနေ ခဲစိမ်းရောင်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
သတ္တဝါကြီး၏ဘေးတွင် အနည်းငယ်ကိုင်းနေသော ပေ ၃၀ မြင့်သော ကျောက်ရုပ်ထုတစ်ခု ရှိနေသည်။ သူ့ခန္ဓာကိုယ်အထက်ပိုင်းတွင် ကြွက်သားများနဲ့ ဖုထစ်နေသည်။ ညာဖက်လက်ထဲတွင်လည်း ကျောက်မီးတုတ် တစ်ခု ကိုင်ထားသည်။ နတ်ဘုရားအဆင့်အရောင်အဝါများ ဝန်းရံနေသော ကျောက်ရုပ်ထု၏ ခန္ဓာကိုယ်က အနီနဲ့အဖြူရောင်အဆင်ပုံစံများနဲ့ ဖွဲ့စည်းထားဟန်ပေါ်သည်။
သူတို့ရှေ့က ရေကန်ထဲတွင် မြွေကြီးတစ်ကောင် ခွေနေသည်။ သူ၏ အနက်နဲ့အစိမ်းရောင် ကျောက်တုံးကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အစင်းများနဲ့ ဆွဲဆောင်မှုရှိလှသည်။ သူ့ရဲ့ နတ်ဘုရားအဆင့် အနီရောင် အရောင်အဝါက ရေကန်ကို အနီရောင်ဖြစ်သွားစေသည်။ အေးစက်ပြီး ရက်စက်သည့်မျက်လုံးများက သူ့ရှေ့က သတ္တဝါကြီးကို စိုက်ကြည့်နေသည်။
အီလီယာက လာအန်း၏ခေါင်းပေါ်တွင် ခံစားချက်မဲ့စွာ ရပ်နေသည်။ သူ့ရဲ့ရွှေရောင် ဆံပင်များက ရှုပ်ပွနေသည်။
“ငါ့ရဲ့ပါတီပွဲကို ဖျက်စီးဝံ့တယ်ပေါ့… မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲတော့ ငါမသိဘူး ဒါပေမယ့် ငါ့ရဲ့ပျော်စရာနေ့ကို ဖျက်စီးတဲ့အတွက် မင်းတို့အသက်တွေနဲ့ ပြန်ပေးဆပ်ရမယ်… မဟုတ်သေးဘူး… မင်းတို့ ၂ယောက်နဲ့တင်မပြီးဘူး… မင်တို့ချစ်တဲ့သူတိုင်းကိုပါ ငါလိုက်ရှာပြီး ပေးဆပ်ခိုင်းမယ်” သူ ရင်ဘတ်ပေါ် လက်တစ်ဖက်ဖြင့် ဖိပြီး ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက မျက်တွင်းပေါက်ကနေ ပြူးထွက်နေ ကြပြီး ရူးသွပ်သလို အကြည့်ဖြစ်နေသည်။
သားရဲလေ့ကျင့်သူအဖွဲ့အစည်းတွင် အကြီးအကဲဖြစ်လာပြီးတည်းက သူ့အိမ်တွင် သူ့ကို အလစ်ဝင်တိုက် တဲ့အထိ ရဲတင်းသူမျိုး သူမမြင်ဖူးသေးပေ။ သူသာ သူခန္ဓာကိုယ်တွင် လေ့ကျင့်သူ ထိန်းချုပ်စွမ်းရည်ကို နိုးထအောင် မလုပ်ထားခဲ့ရင် ဒီမကောင်းဆိုးဝါးကောင်တွေကို သတ်ပစ်ပြီးနေလောက်ပြီဖြစ်သည်။
“လာအန်း သူတို့အားလုံးကို သတ်ပစ်” အီလီယာက ရင်ဘတ်ကို ဖိထားသော လက်ကိုဖြေလျော့ပြီး အမိန့်ပေးလိုက်သည်။ ခုနတုန်းက သူရေကန်ထဲတွင် ရေကူးနေစဥ် တစ်စုံတစ်ယောက်က သူ့အား စနိုက်ပါနဲ့ ပစ်ခဲ့သည်။ သူ့နှလုံးကို ကျည်ဆန်ဖောက်သွားတုန်းက သူသေပြီလို့ ထင်ခဲ့မိတာဖြစ်သည်။
သူ့ရဲ့ လေ့ကျင့်သူထိန်းချုပ်ခြင်းစွမ်းရည်က သူ့ကို သေမင်းခံတွင်းဝက အချိန်မီလေး ကယ်တင်လိုက်တာ ဖြစ်သည်။ စွမ်းရည်နှိုးခဲ့စဥ်က လာအန်းက သူ့ရဲ့စွမ်းအင်အားလုံးကို သူအပေါ်ပေးနိုင်သွားပြီး ပေါက်ပြဲသွားသော နှလုံးကို ပြန်ချုပ်နိုင်လိုက်တာဖြစ်သည်။
အီဝါကီတောင်ဘီလူးက ကြီးမားလှသော လက်ကြီးကို မြေပြင်တွင် ရိုက်ချလိုက်သည်။ မြေကြီးက တုန်သွားပြီး အက်ကွဲသွားကာ ထူထဲ ရှည်လျားသော နွယ်ပင်များ ကမ္ဘာမြေကြီးထဲကနေ ထွက်လာပြီး လာအန်း၏ ခန္ဓာကိုယ်ကို ချုပ်တွယ်ထားကြတောသည်။
ရာပေါင်းများစွာသော အစိမ်းနက်ရောင် နွယ်ပင်များက မြေကြီးကနေထွက်လာပြီး စိမ်းနက်ရောင် မြွေကြီးပေါ်သို့ တွယ်ပတ်ဆုပ်ကိုင်ထားကြသည်။
ကျောက်ရုပ်ထုက ကျောက်မီးတိုင်ကို အိုလံပစ်မာရသွန်အပြေးပြိုင်ပွဲဝင်ကဲ့သို့ လေထဲတွင်မြှောက်ကိုင်လိုက်သည်။ မီးတောက်က ကျောက်မီးတိုင်ထိပ်တွင် အားကောင်းစွာ လောင်ကျွမ်းနေသည်။ ထို့နောက် ရုတ်တရတ် မီးတောက်က မီးတိုင်ဆီကနေ တစ်စုံတစ်ယောက်က တိုက်ချလိုက်သလို ရေတံခွန်ကဲ့သို့ စီးကျလာသည်။
မီးတောက်စီးကြောင်းက နွယ်ပင်များကို ချက်ချင်းပင် လောင်ကျွမ်းသွားစေပြီး လာအန်းနဲ့ သူ့ရဲ့လေ့ကျင့်သူတို့ကို မီးလှောင်အိမ်ထဲတွင် ပိတ်ထားလိုက်သည်။
“ငါတို့ သတ်လိုက်ပြီလား”
“မသေချာဘူး… မြွေကိုသတ်ဖို့က ဒီလောက်မလွယ်လောက်ဘူး ဒါပေမယ့်အနည်းဆုံးတော့ ငါတို့ သူ့လေ့ကျင့်သူ ကို ရှင်းပစ်လိုက်ပြီလေ” အဝေးကနေ အဖြစ်အပျက် တစ်ခုလုံးကို မှန်ပြောင်းဖြင် ကြည့်နေသော အသားမည်းမည်းနဲ့ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသောလူက ပြောလိုက်သည်။ သူ့ရဲ ခြောက်သွေ့နေသော နှုတ်ခမ်းအား လျာဖြင့်သပ်လိုက်သည်။
ရုတ်တရတ် နတ်ဘုရား၏လက်လို အမဲရောင်အရိပ်တစ်ခု မီးပုံထဲက ခုန်ထွက်လာသည်။
ဘန်းကနဲ အသံနဲ့အတူ အီဝါကီတောင်ဘီလူး ဆန့်ကျင်ဖက် အရပ်သို့ လွင့်ပျံ့ထွက်သွားသည်။ ဘာနဲ့လုပ်လိုက်မှန်း မသိပေမယ့် သူ့ရင်ဘတ်တွင် အသိပြုမိလောက်စရာ ခံစားချက်ကျန်ခဲ့သည်။ သူ့ရင်ဘတ်ပေါ်က ပွင့်နေသောဒဏ်ရာကနေ အနီရောင်အလင်းထွက်နေပြီး မီးခိုလည်းအနည်းငယ်ထွက်နေပုံပေါ်သည်။
သူ့ရဲဘော် ဘာဖြစ်သွားတယ်ဆိုတာမြင်လိုက်ရသော ကျောက်ရုပ်ထုက မြွေဆီသို့ လှည့်လိုက်ပြီး သူ့မီးတိုင်နဲ့ အားကုန် လွှဲရိုက်လိုက်သည်။
မီးတောက်များတတ်လာပြီး နဂါးပုံကဲ့သို့ တွန့်ကွေးသွားကာ လာအန်းကိုပြင်းထန်စွာ ဝင်တိုက်လိုက်ပြီး ရင်ဘတ်ပေါ်တွင် ဆိုးဝါးသော မီးလောင်ဒဏ်ရာ ဖြစ်သွားသည်။ တဖျစ်ဖျစ်လောင်ကျွမ်းနေသံကိုပင် ကြားနေရသည်။
လာအန်းက မီးနဂါးဝင်ရောက်နှောင့်ယှက်၍ တိုက်ခိုက်လာချိန်တွင် ဘီလူးကောင်အား ဆက်ပြီး တိုက်ခိုက်ချင်ခဲ့တာဖြစ်သည်။ ကျောက်တုံးရုပ်ထုက ရှေသို့ခုန်လာပြီး မြွေ၏အသက်ကို အဆုံးသတ်လိုက်ဖို့ စိတ်ဆုံးဖြတ်ထားသည်။
အီလီယာက လာအန်းအား လေးနက်စွာကြည့်လိုက်သည်။ သူ့သွေးများက မီးတောက်၏အလင်းထဲတွင် တလက်လက်ဖြစ်နေသည်။ “ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်းတို့တကယ်ထင်နေတာလား… ငါ့ကိုများလေ… သားရဲလေ့ကျင့်သူအဖွဲ့အစည်းမှာ အကြီးအကဲအနေနဲ ငါ ရွေးချယ်ခံခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ငါက အဲလိုဖြစ်လာဖို့ လုံလောက်အောင် သန်မာလို့ပဲ… လာအန်း ဒီကောင့်ကို မင်းရဲ့ သွေးဝိဝိဉာဉ်စွမ်းရည်နဲ့ အဆုံးသတ်ပေးလိုက်စမ်း”
မြွေကြီးက ပါးစပ်ကိုဟလိုက်ပြီး တချက်ဟိန်းလိုက်သည်။ သူ သွေးနီကို ထွေးထုတ်လိုက်ပြီး ထိုအရာက ချက်ချင်းပင် ဧရိယာအတွင်းက အလင်းအားလုံးကို ဝါးမြိုလိုက်သည်။ သွေးလမင်းက လေထဲတွင် ခဏ လွင့်မျောနေသည်။ ထို့နောက် အသိပေးချက်မရှိဘဲ ကျောက်တုံးရုပ်ထုဆီသို့ လေထဲကနေ လွင့်သွားတော့သည်။
ဒီလို အရှိန်နှုန်းနဲ့ ပစ်မှတ်ဆီသွားနေတာက သာမာန်လူတွေအမြင်တွင် လေထဲက အနီရောင်မျဥ်းကြောင်းလေး အဖြစ်သာ ထင်မိလိမ့်မည်။
ကျောက်ရုပ်ထုက တိုက်ခိုက်ချက်ကို အချိန်မှီ မရှောင်နိုင်လိုက်ပေ။
သွေးလမင်းက ရုပ်ထု၏ ခန္ဓာကိုယ်ကနေ ဖြတ်သွားပြီး ခပ်မှိန်မှိန်သွေးစီးကြောင်းများ ကျန်ခဲ့သည်။ ရုပ်ထု တောင့်ခဲသွားသည်။ သူ့မျက်လုံးတွင် အက်ကွဲကြောင်းများ စတင်ပေါ်လာသည်။ နောက်တခဏတွင် ဖုန်မှုန့်အဖြစ် ပေါက်ကွဲသွားတော့သည်။
ကျောက်ရုပ်ထုကို ရှင်းထုတ်လိုက်ပြီးနောက် သွေးလမင်းက ခုနကထက်ပို အားနည်းနေပုံပေါ်သည်။ သူအရောင်က မှိန်ကျသွားသည်။ သူက လေထဲတွင် ကွေ့လိုက်ပြီး တောင်ဘီလူးဆီ တည့်တည့်ကြီး သွားနေသည်။
ဘီလူးက ကျောက်ရုပ်ထုထက် ကြီးမားသောကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေက ကျောက်ရုပ်ထုလောက် မသွက်လက်ပေ။ သွေးလမင်းဆီကနေ ချိန်းခြောက်မှုကို သူ ခံစားနိုင်သည်။ နက်ရှိုင်းသော အော်သံနဲ့အတူ ဘီလူးက လှည့်ပြီးထွက်ပြေးဖို့လုပ်သည်။ သူခြေနောက်တစ်လှမ်း မလှမ်းနိုင်ခင်မှာပဲ သွေးလမင်းက အနောက်ကနေ သူ့ခေါင်းကို ဖြတ်သွားသည်။
တောင်ဘီလူး ယိုင်ထိုးသွားပြီးနောက် သူလက်များနဲ့ ခေါင်းကိုကိုင်ပြီး ထော့နဲ့ ထော့နဲ့ လျှောက်သွားသည်။
သွေးလမင်းက ပိုမှိန်ဖျော့လာပြီး အခုဆို လုံးဝ အရောင်လွင့်ပျောက်ကွယ်တော့မလိုဖြစ်နေသည်။ မြွေ၏ အော်ဟစ်သံက ကွင်းပြင်များကို ဖြတ်ပြီး ပဲ့တင်ထပ်သွားပြီး သွေးလမင်းကို ပစ်မှတ်ဆီသို့ နောက်တစ်ခါ ထပ်ပစ်လွှတ်လိုက်သည်။
မျက်စိကျိန်းလောက်စရာ အနီရောင်အလင်း သွေးလမင်းကနေ ပေါက်ကွဲထွက်လာသည်။ လမင်းက ခုနကထက် ပိုတောက်ပနေပြီဖြစ်သည်။ မျက်စိကျိန်းလောက်သောအလင်းက နေရာတစ်ခုလုံးကို အနီရောင် စွန်းသွားစေသည်။ သွေးလမင်း၏ မှုန်ဝါးဝါးပုံရိပ်က မြွေအနားရှိအရာအားလုံးအပေါ် ကျလာပြီး အားလုံးကို အပိုင်းပိုင်းဖြစ်သွားအောင် လုပ်လိုက်သည်။
ဒီတိုက်ခိုက်မှုမှ ဘယ်ရန်သူမှ အသက်မရှင်စေရဘူး..
သွေးလမင်းက တောင်ဘီလူးကို အကြိမ်များစွာ ဆုတ်ဖြဲဝင်ရောက်နေသည်။ သူခဏလောက် ယိမ်းထိုးသွားသည်။
အာလီယာ အောင်နိုင်သူပုံစံဖြင့် ပြုံးလိုက်သည်။ ထို့နောက် သူ့အပြုံးက တောင့်ခဲသွားသည်။
ခဲစိမ်းရောင်မိစ္ဆာကြီးက သူခေါင်းကိုလက်တစ်ဖက်ကကိုင်၍ နောက်တစ်ဖက်က တင်ပါးကို ပြုတ်ကျမသွားအောင် ကိုင်ထားရင်း ထော့နဲ့ ထော့နဲ့နဲ့ ဆက်သွားနေသေးသည်။
အီလီယာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတစ်ခုစဥ်းစားဖို့ ကြိုးစားလိုက်ပေမယ့် မလုပ်နိုင်ပေ။ သူ့ သားရဲက ရန်သူကို ဆက်မလိုက်နိုင်တော့တဲ့အခြေအနေကို မြင်လိုက်တော့ အီလီယာ သက်ပြင်းချလိုက်သည်။
သူဖုန်းကို ထုတ်ပြီး အော်ပြောလိုက်သည်။ “ငါ အတိုက်ခိုက်ခံရတယ်… နောက်ကွယ်က ဘယ်သူလဲ အခုစုံစမ်း”
သားရဲလေ့ကျင့်သူအဖွဲ့အစည်းက တခြားအကြီးအကဲများလည်း တစ်ကမ္ဘာလုံးတွင် တစ်ချိန်တည်း တိုက်ခိုက်ခံခဲ့ရသည်။
တစ်ချို့က အလစ်တိုက်ခံရပြီး တစ်ချို့က မျှတစွာ စိန်ခေါ်တိုက်ခိုက်ကြသည်။
အများစုက ထိပ်တန်းသားရဲလေ့ကျင့်သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ တိုက်ခိုက်သူများကို ပြန်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြသည်။ သူတို့က ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ အသန်မာဆုံး သားရဲလေ့ကျင့်သူများဖြစ်ကြသည်။
သို့သော် တစ်ချို့က ပြင်းထန်သော တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ရသည်။ လိုဟန်ဒေသတွင် အကြီးအကဲ ရေခဲ တွန်ဒရာ နာဇာတ်ဖ်မှာ ထာဝရညတောင်ပံ ဒန်လင်ကန်ကို ၂ ယောက်တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည်။ လူတော်တော်များများ နာဇတ်ဖ်၏ အရှုံးကို တွေ့မြင်ခဲ့ရသည်။ သူ ပြိုင်ဖက်ဆီကနေ အရှင်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
အဲလိုနဲ့ပဲ ထာဝရညတောင်ပံက နာဇတ်ဖ်ရဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းသားရဲလေ့ကျင့်သူဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းယူလိုက်သည်။
“နောက်ဆုံးတော့ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နေလို့ရပြီလို့ တွေးနေတုန်းရှိသေးတယ်…” ပြတင်းပေါက်ကနေ တောင်းပိုင်းကောင်းကင်အဖွဲ့အစည်း ရုံးချုပ်ကို ကြည့်ရင်း ကျီဟန့်ဝူက ခပ်တိုးတိုးပြောသည်။
“ဒါက ပုံမှန်ပါပဲလေ… ကမ္ဘာပျက်ကပ်လို ကမ္ဘာကြီးအဆုံးသတ်မယ့် ကပ်ဘေးကြီးကိုတောင် ကာကွယ်ဖို့ ကျွန်တော်တို့ အတူပေါင်းစည်းတာမျိုးမလုပ်နိုင်တာ… သူတို့ ဘဝသူတို့မကျေနပ်တဲ့လူတွေ ဒီကမ္ဘာမှာ ရှိနေသ၍တော့ ငြိမ်းချမ်းဖို့ဆိုတာ အိမ်မက်တစ်ခုလိုပဲ” ကောင်းဖန်က ခေါင်းခါရင်းပြောသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၄၅၂ ပြင်းထန်သော ပြောင်းလဲမှု
ဟွာရှားဒေသကလွဲပြီး တခြား ဒေသတွေအကုန် ဖရိုဖရဲတွေဖြစ်ပြီး ရှုပ်ယှက်ခတ်ကုန်ကြပြီ” ကောင်းဖန်က ရီစရာတစ်ခုခုကို တွေးမိလိုက်သလို ခပ်လွင်လွင်ရီရင်း ပြောသည်။
ကျီဟန့်ဝူက ပြုံးလိုက်သည်။ “အဲဒါ ဘာလို့လဲဆိုတော့ ငါတို့ကို လာစရင် သူတို့မနိုင်မှာ ကြောက်လို့လေ”
ဘဝမှာ အရာအတော်များများကို ကြုံတွေ့လာရဖူးသူတစ်ယောက်အနေနဲ့ မဟာမိတ်အစိုးရထက် တောင်းပိုင်းကောင်းကင်အဖွဲ့အစည်းက ထိန်းချုပ်လွှမ်းမိုးမှုပိုရှိကြောင်း ကျီဟန့်ဝူ သိသည်။ လူတွေ သိပ်သတိမထားမိကြတဲ့ ပုန်းလျှိုးကွယ်လျှိုး မရိုးမသား အဖွဲ့အစည်းတွေထက်ရောပဲပေါ့။
အကြီးအကဲ ၁၂ ယောက်ကို တိုက်ခိုက်လိုက်ခြင်းက မီးကိုထင်ထားတာထပ်ပိုကြီးအောင် လောင်စာဖြည့်ပေးလိုက်သလိုဖြစ်သွားသည်။ ချမ်းသာပြီး အာဏာရှိသူများက သူများထက် ပိုအခွင့်အရေးရနေစဥ်တွင် သားရဲလေ့ကျင့်သူဆိုတဲ့ အလုပ်အကိုင်ကတော့ ကမ္ဘာပျက်ကပ်မတိုင်ခင်က ဘယ်သူတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ လူတိုင်းကိုတူညီသော အခွင့်အရေးနဲ့ ဘဝသစ်စခွင့်ရစေခဲ့သည်။
ကံကောင်းခြင်းအနည်းငယ်နဲ့ ကြိုးစားအားထုတ်မှုရှိလျှင် ဘယ်သူမဆို သေချာပေါက်ကို လက်ရွေးစင်အဆင့် လေ့ကျင်သူဖြစ်နိုင်သည်။ သို့သော် ဒီကမ္ဘာပေါ်တွင် အခုအချိန် နေထိုင်နေသူတွေ များပြားသောကြောင့် မကြာခင်အချိန်အတွင်း ကမ္ဘာပေါ်တွင် လက်ရွေးစင်လေ့ကျင့်သူတွေ မရှိတော့ဘူးဆိုတဲ့အဖြစ်ကို မစဥ်းစားမိကြပေ။
လက်ရွေးစင်လေ့ကျင့်သူဖြစ်လာရတာက အကျိုးအမြတ်တွေ ရှိသည်ဆိုသော်လည်း သူတို့ရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး တခြားအတွေး ရှိနေသူအချို့လည်း ရှိနေသေးသည်။ အများစုကတော့ အလွန်အကျူးတွေ မလုပ်မိအောင် နေကြသည်။ သို့သော် သူတို့ကိုယ်သူတို့ ပိုရသင့်သည်ဟု ယူဆသော တချို့လူတွေကတော့ လွန်လွန်ကျူးကျူး အပြုအမှုမျိုးတွေ ရှိကြသည်။
အခုအချိန်တွင်တော့ နတ်ဘုရားအဆင့်က သာမာန်လေ့ကျင့်သူတွေ မျှော်လင့်လို့ရနိုင်သော အမြင့်ဆုံး တိုက်ခိုက်စွမ်းရည်အဆင့်ဖြစ်သည်။ မြို့ငယ်အများစုတွင်တော့ နတ်ဘုရားအဆင့်လေ့ကျင့်သူ တစ်ယောက်သာ ရှိကြသည်။
ဒီလေ့ကျင့်သူများက ပုံမှန်အားဖြင့် တခြား နတ်ဘုရားအဆင့် သားရဲများနဲ့ အဆင့်နိမ့်သားရဲ အစုအပြုံလိုက်တို့ကို ရင်ဆိုင်ပြီး မြို့တစ်ခုလုံးကို ကာကွယ်ပေးဖို့ တာဝန်ရှိကြသည်။
သူတို့တွေက သူတို့အသက်ကိုရင်းပြီး မြို့ထဲက လူထောင်ချီကို ကာကွယ်ပေးနေကြသူများဖြစ်ကြသည်။ သို့သော် အာဏာရှိခြင်းနဲ့အတူ တာဝန်ယူမှုလည်းတွဲပါလာသည်။ နတ်ဘုရားအဆင့်သားရဲလေ့ကျင့်သူများ အနေနဲ့ သူတို့က ပြည်တွင်းအစိုးရ၏ အသုံးတော်ခံများဖြစ်ကြရသည်။ တချို့မှာ အစိုးရကအလိုရှိချိန်တိုင်း အသင့်ဖြစ် နေရတာကို ငြီးငွေ့ပင်ပန်းလာကြပြီး ပိုကောင်းတဲ့ဘဝကို စိတ်ကူးယဥ်လာကြသည်။ တချို့က အတော်လေး နှိမ့်နှိမ့်ချချနေတတ်လွန်း၍ သူတို့ဘေးကလူတွေက သူတို့ကို ဒီထက်ပိုကောင်းတာတွေနဲ့ ထိုက်တန်တယ်ဟု ထင်ကြသည်။
ဗိုလ်ချုပ်ကျောက်ကွမ်ဂျင်းကို သူ့ လက်အောက်ငယ်သားတွေက တရုတ်ပြည်ဧကရာဇ်ဖြစ်အောင် လုပ်ပေးခဲ့တာ ဒီလို သဘောတရားကြောင့်ပဲဖြစ်သည်။
ထိုသို့ ပြဿနာကောင်များက ကမ္ဘာပေါ်တွင် ဦးရေနည်းသော်လည်း အခုတွင် သူတို့ရဲ့လှုပ်ရှားမှုမှန်သမျှကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရသည်။ မကြာခင်တွင် လူတွေပိုပြီး သူတို့ရဲ့ လွှမ်းမိုးခြင်းခံရ၍ စတင်တိုက်ခိုက်လာကြပြီး အခြေနေတစ်ခုလုံး ထိန်းချုပ်မရ ဖြစ်သွားနိုင်သည်။
ဟုတ်တယ် တကမ္ဘာလုံးက သူတို့ကို စောင့်ကြည့်နေတာ… သူတို့က လူနည်းရင်နည်းလိမ့်မည်။ အရင်လိုဆိုရင်တော့ ဒီလူတွေက အနှောက်အယှက်တွေလိုက်လုပ်နေတဲ့ အရိုင်းအစိုင်းကောင်တွေလောက်အပြင် မပိုလောက်ပေ။ တရားရုံးက စစ်တပ်စေလွှတ်ပြီး လူတွေကို နေရာတကျပြန်ဖြစ်အောင် ချွေးတစ်စက် မကျပဲ အေးအေးဆေးဆေးလုပ်နိုင်ပေလိမ့်မည်။
“အရင်ကတော့ လူတွေ အဓိကရုဏ်းဖြစ်မှာကိုပဲ တရားရုံးက ကြောက်ရတာ…” ကောင်းဖန် ခေါင်းညိမ့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လူထုရဲ့ ပုန်ကန်ထကြွခြင်းက အစိုးရတိုင်းကြောက်တဲ့အရာတစ်ခု ဖြစ်သည်။
ကမ္ဘာသစ်မဟာမိတ်အစိုးရက လူအများသိထားသလိုပင် အဖွဲ့အစည်းတစ်ခုတည်းမဟုတ်ပေ။ ကမ္ဘာပျက်ကပ်ကြောင့် တစ်ကမ္ဘာလုံးက နိုင်ငံအများစုနဲ့ ဖွဲ့စည်းထားသော မဟာမိတ်တစ်ခုဖြစ်သည်။ မဟာမိတ်ဟုဆိုသော်လည်း ကမ္ဘာသစ်၏မဟာမိတ် အစိုးရအဖွဲ့ဝင်အများစုက သူတို့၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားကျဆဲဖြစ်သည်။
အကယ်၍အဓိကဒေသတစ်ခုက နှုတ်ထွက်မည်ဟု ဆုံးဖြတ်လိုက်မည်ဆိုလျှင် အစိုးရ၏ဂုဏ်သတင်း အတော်လေး ထိခိုက်သွားမည်ဖြစ်သည်။
“ဒီပြဿနာကောင်တွေက ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူးလို့ထင်တယ်… သူတို့အပြုအမူတွေက ကျိုးကြောင်း မဆီလျော်သလိုပဲ… သူတို့ထဲကတချို့က အကြီးအကဲ ၁၂ ယောက်ကို ၂ ယောက်ချင်းယှဥ်တိုက်ဖို့ စိန်ခေါ်ပေမယ့် တခြားသူတွေကတော့ သူတို့ပြိုင်ဖက်ကို တစ်ခါတည်း သတ်ပစ်လိုက်တယ်… သူတို့ လုပ်နေတာရဲ့ နောက်ကွယ် မှာ တစ်ညီတစ်ညွတ်မဟုတ်နေသလိုဘဲ… ဒီတိုင်း လူရမ်းကားတစ်စုသာသာပဲ” ကျီဟန့်ဝူက ခေါင်းကို ယမ်း လိုက်သည်။
ကောင်းဖန်၏အဖိုးကဲ့သို့ ယခုတွင် ဘုရင်အဆင့်သားရဲ ၂ ကောင်ရှိနေပြီဖြစ်သည့်သူသာ အခြား နတ်ဘုရားအဆင့် လေ့ကျင့်သူတွေကို “လူရမ်းကား” ဟု ခေါ်ပိုင်ခွင့်ရှိသည်။
ကောင်းဖန်က လျှာခေါက်သံတစ်ချက်လုပ်လိုက်ပြီး “ခုထိတော့ သူတို့ကို ကြည့်ရတာ လက်ခံနိုင်လောက်တဲ့ အခြေအနေမျိုး ဖြစ်နေသေးတယ်… လူအများစုအမြင်မှာတော့ သူတို့က စိတ်ထင်ရာလုပ်နေတဲ့ ပုံပဲပေါက်နေဦး မှာ… ဒါပေမယ့် သူတို့က မဟာမိတ်အစိုးရရဲ့ အုပ်ချုပ်မှုအာဏာအောက်မှာပဲ လုပ်ဆောင်နေတယ်လို့ ပြောထားတယ်… ထူးဆန်းတာက မဟာမိတ်အစိုးရက သူတို့ကိုလုံးဝကို ဂရုမစိုက်ပုံပေါ်နေတာပဲ… အကြီးအကဲ ၁၂ ယောက်က…”
“အဲဒါ အမည်ခံသက်သက်ပဲ” ကျီဟန့်ဝူ လက်ကို ယမ်းရင်းကပြောသည်။ သူကရီလိုက်ပြီး “ငါ့ကိုလည်း အရင်က အကြီးအကဲ ၁၂ ထဲက တစ်ယောက်အဖြစ်လက်ခံဖို့ ဖိတ်ကြားခဲ့သေးတယ်… ငါက ကမ္ဘာ့အဆင့် ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌဖြစ် နေပြီးသားလေ… ဘာကိစ္စ သူများရဲ့ အိမ်စောင့်ခွေးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆင့်နှိမ့်ချရမှာလဲ”
အဖိုးနဲ့မြေးတို့ အေးအေးဆေးဆေး ကမ္ဘာ့ရေးရာများကို ဆိုဖာပေါ်တွင် ဆွေးနွေးနေကြသည်။ သူတို့ ၂ ယောက်လုံး အစိုးရဆီက လွတ်လပ်ရေးယူဖို့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ဆိုတာတွေနဲ့ ပတ်သတ်ပြီး အာရုံမစိုက်ကြပေ။ သူတို့အာရုံစိုက်တာက သူတို့ကုမ္ပဏီ ချောချောမွေ့မွေ့လည်ပတ်နိုင်ဖို့နဲ့ သူတို့သားရဲများကို ကောင်းမွန်စွာ ပြုစုမွေးမြူနိုင်ဖို့ဖြစ်သည်။
…
လက်တွေ့တွင်တော့ အခြေအနေတွေက ကောင်းဖန်နဲ့ သူ့အဖိုး မျှော်လင့်ထားတာထက် ပိုပြီးမြန်မြန် ဆိုးရွားလာခဲ့သည်။
ဒုတိယနေ့တွင် နောက်ထပ်ဒေသ ၅ ခုက မဟာမိတ်အစိုးရကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ဒေသအသေးလေးတွေဖြစ်သော်လည်း သူတို့၏ နှုတ်ထွက်မှုက နိုင်ငံတကာ အသိုင်းအဝန်းကို ထဲထဲဝင်ဝင်အထိကို ယိမ်းယိုင်တုန်လှုပ်စေခဲ့သည်။
တုံ့ပြန်ချက်အနေဖြင့် မဟာမိတ်အစိုးရက ဒေသ ၅ ခုလုံးကို တရားဝင်အမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့မှုများ လုပ်ခဲ့သည်။ ထိုဒေသများကိုမာရှယ်လောသတ်မှတ်ပြီး စစ်တပ်နဲ့ လေ့ကျင့်သူများကို စေလွှတ်ခဲ့သည်။
သို့သော်လည်း တတိယနေ့တွင် စစ်အင်အာတောင့်တင်းသော အဓိကဖြစ်သည့် ယင်ယန်းဒေသအပါအဝင် နောက်ထပ် ဒေသ ၇ ခုက နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြန်သည်။
၂ ရက်တည်းနဲ့ပင် ကမ္ဘာကြီးတစ်ခုလုံးအခြေအနေက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ ပြောင်းလဲခြင်းက တစ်ကမ္ဘာလုံးကို ရိုတ်ခတ်လာပြီဖြစ်သည်။ ကြုံတွေ့နေရသော ကသောင်းကနင်းအခြေအနေများကြားတွင် အထင်ရှားဆုံးဖြစ်ရပ်တစ်ခု ရှိနေသည်။ အကြီးအကဲ ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်သည့် ဘိုကျင်ထောင်၏ ဖူတောင်တောင်ထိပ်တွင် ရှုံးနိမ့်ခြင်းဖြစ်သည်။
ဘိုကျင်ထောင်၏သားရဲ မြေလျှောက်မိစ္ဆာ က ၂ ပိုင်းဖြတ်ခံလိုက်ရပြီး သွေးများက တောင်မျက်နှာပြင် တစ်ဝက်လောက်ကို စွန်းပေသွားခဲ့သည်။
ဘိုကျင်ထောင်က စိန်ခေါ်သူကို ရှုံးနိမ့်ခဲ့သည့် ဒုတိယမြောက် အကြီးအကဲဖြစ်ရုံသာမက ပြိုင်ဖက်၏လက်ထဲတွင် ဆိုးဆိုးဝါးဝါးသေခဲ့ရသည့် တစ်ဦးတည်းသော အကြီးအကဲဖြစ်သည်။ သိပ်မကြာခင်က ရှုံးနိမ့်ခဲ့သည့်အကြီးအကဲဖြစ်သည့် နာဇတ်ဖ်ရှမှာမူ ပြိုင်ဖက်ဆီမှ အရှင်ဖမ်းစီးသွားခြင်းကို ခံခဲ့ရတာ ဖြစ်သည်။
သူတို့၏ရှုံးနိမ့်မှုများက အကြီးအကဲ ၁၂ ယောက်၏ ဂုဏ်သတင်းကို ကျဆင်းစေခဲ့သည်။
ဘိုကျင်ထောင်ကို သတ်ခဲ့သော လေ့ကျင့်သူမှာ ဟွာလွန်ဟုခေါ်သည်။ အသက် ၂၂ နှစ်တွင်ပင် ယင်ယန်းဒေသ၏ အထူးချွန်ဆုံး လေ့ကျင့်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
ကမ္ဘာပျက်ကပ်ပြီးနောက် တစ်နှစ်ကြာမှ ပထမဆုံးသားရဲနှင့် သွေးစားချုပ်ချုပ်ခဲ့သော်လည်း ဟွာလွန်းက ဘုရင်အဆင့်သားရဲ၏ သခင်ဖြစ်လာခဲ့သည်။ သူ၏သားရဲက နက်မှောင်သော အာရှုရာဟု ခေါ်သည့် ဘုရင်အဆင့်သတ္တဝါတစ်ကောင်ဖြစ်သည်။
အကြီးအကဲ ၁၂ ယောက်ကို စစ်ကြေညာပြီးနောက် မကြာမီပင် ဟွာလွန်းက ယင်ယန်းဒေသ၏ အသက်ရှင်လျက် ရှိသော အသန်မာဆုံးလူအဖြစ် လူအများ၏ ချီးကျူးခြင်းခံခဲ့ရသည် တချို့က သူသည် ကမ္ဘာအရှေ့ခြမ်းတွင် အသန်မာဆုံးလူသားဖြစ်သည်ဟု ဆိုကြသည်။
“ဒါ အာရှုရာကို တစ်ယောက်ယောက်က ဗီဒီယိုရိုက်ထားတာ” ဟွမ်းယာက ကောင်းဖန်အား ဗီဒီယိုကို ပြသည်။
စခရင်မ်ပေါ်တွင် ယင်းယန်ဒေသတစ်နေရာရှိ အလွန်လူရှုပ်သော လမ်းတစ်ခုကို ပြနေသည်။ သို့သော် လမ်းသွား လမ်းလာများက လမ်းလယ်က တစ်စုံတစ်ခု သို့ တစ်စုံတစ်ရာကို ရှောင်သွားကြဟန်တူသည်။
အုန်းမှုတ်ခွက်ကေနဲ့ မျက်မှန်တပ်ထားပြီး လည်ပင်းတွင် ကျောက်စိမ်းလော့ကတ်တစ်ခုကိုဆွဲထားသော လူတစ်ယောက် လမ်းလည်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ သူ့ကြည့်ရတာ ရိုးသားသူ တစ်ယောက်လို့ ထင်ရသည်။
သူ့နောက်တွင် ခေါင်းကနေ ခြေအထိ နက်မှောင်နေသော လူပုံသဏ္ဍာန်သတ္တဝါတစ်ကောင် ဖြည်းဖြည်းလိုက်လာနေသည်။ ထိုသတ္တဝါက ၁၀ ပေအမြင့်လောက်ဖြစ်ပြီး ခေါင်းတွင် အဖြူရောင်မီးတောက်များဖြစ်နေသည်။ မြွေကဲ့သို့ အမြီးရှိသည်။ သူ့တွင် လက် ၂ ဖက်ပါပြီး ရွှေရောင်မျက်လုံးတစ်စုံရှိသည်။
သူ့ကို ဗီဒီယို ရိုက်နေမှန်း သိသွားပုံဖြင့် သတ္တဝါကြီးက ကင်မရာဖက်သို့ လှည့်လာသည်။ ရုတ်တရတ် ပုံရိပ်က ဝါးသွားသည်။ ကင်မရာကို သတ္တဝါ၏ အဝေးသို့ဖယ်လိုက်တော့မှ ဗီဒီယိုက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
[သားရဲအမည်] - နက်မှောင်သော အာရှုရာ
[သားရဲအဆင့်] - အဆင့် ၅၂ (ဘုရင်အဆင့်)
[သားရဲစွမ်းရည်] - ပြီးပြည့်စုံ
[သားရဲအမျိုးအစား] - အမှောင်
[သားရဲစွမ်းရည်] - အမှောင်စွမ်းရည် အဆင့် ၅၊ တိုးမြင့်ခွန်အား အဆင့် ၃၊ တိုးမြင့် တွေးခေါ်စွမ်းရည် အဆင့် ၃၊ တိုးမြင့် ပြန်လည်ဖွံ့ဖြိုးခြင်း အဆင့် ၃
[အထူးဝိသေသလက္ခဏာများ] : ကြယ်တံခွန်နက် (အသိစိတ်နယ်ပယ်၏ နက်ရှိုင်းသောနေရာတွင် ဖြစ်ပေါ်နေသော ဆန်းကြယ်ဂုဏ်သတ္တိများ ရှိသည့် ထူးဆန်းသော အမြုတေ)
သက်ရောက်မှု ၁ - ကြယ်တံခွန်နက်ကို နိုးထစေခြင်းအားဖြင့် နက်မှောင်သော အာရှုရာသည် ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုကို အချိန်အတိုင်းအတာတစ်ခုထိ တိုးတက်စေခြင်း။
[သားရဲဖော်ပြချက်] - အမှောင်ထု၏ ကျေးကျွန် နက်မှောင်သော အာရှုရာက တိုက်ခိုက်ခြင်း၏ စိတ်လှုပ်ရှားမှုကို ဆာလောင်သော တည်ငြိမ်ပြီး တွက်ချက်တတ်သည့် သတ္တဝါဖြစ်သည်။ အလင်းသတ္တဝါများကို မုန်းပြီး ညကောင်းကင်တွင် တစ်ယောက်တည်း ကြယ်ကြည့်ရတာကို သဘောကျသည်။