← Chapters

အခန်း (၆၀၅-၆၀၈)

Vol. 38 Ch. 605-608

အခန်း (၆၀၅-၆၀၈)

Vol. 38 Ch. 605-608

အခန်း ၆၀၅ သခင် ကွမ်နဲ့ ချင်းချုံ

“စုဝေးတဲ့နေရာ ပျက်သွားပြီ” တစ်ယောက်က အော်လိုက်သည်။ “ကြောက်စရာကောင်းတဲ့ ဝက်ဝံသားရဲက အထီးကျန် ဝင်္ကဘာအနီးကို ချဉ်းကပ်နေတယ်” အခြေစိုက်မြို့ကလူတွေ နည်းနည်းတော့ စိတ်ရှုပ်သွားသည်။

“အခြေစိုက်မြို့မှာ ဧကရာဇ်အဆင့် သားရဲမရှိဘူးလို့ ကြားတယ်” ဟု အခြားသူတစ်ဦးက ပြောသည်။ “တကယ်ဖြစ်လာရင် ငါတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“အဆင်ပြေပါတယ်” ဟု အခြားသူတစ်ဦးက ပြောလိုက်သည်။ “ဆရာကြီးဆီ အကြောင်းကြားဖို့ တစ်ယောက်ယောက် ပြန်သွားတယ်လို့ ကြားတယ်.. အဆင်မပြေသေးရင် ငါတို့ ထွက်သွားလို့ရတယ်”

“မေ့လိုက်‌‌တော့” ဟု ပထမလူက ပြောလိုက်သည်။ “မင်း ဆန္ဒရှိရင် ဒီမှာ ဆက်ပြီး စောင့်ကြည့်နိုင်တယ်... ငါတို့ကတော့ ကမ္ဘာမြေကြယ်ကို အရင်ပြန်သွားမယ်”

ဝင်္ကပါရှေ့ စင်မြင့်ပေါ်တွင် ပွက်လောရိုက်နေသည်။ တစ်ချို့က ပွဲအတွက် ဆက်နေချင်ကြပြီး တချို့ကတော့ ပြန်ပြေးချင်‌နေသည်။

အညိုရောင်အစင်းရှိတဲ့ ကမ္ဘာမြေ ဝက်ဝံသည် စျေးဆိုင်ကိုဖျက်ဆီးပြီးနောက် ပျက်ဆီးနေတဲ့ ဝင်္ကဘာ ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။

မြေပြင်က အနည်းငယ် တုန်ခါသွားသည်။

အဝေးမှ ကောင်းကင်က အဝါရောင်ဖျော့ဖျော့‌ တောက်နေသည်။ သစ်ပင်များက မြေပြင်ကို ထိခတ်သံ ထွက်ပေါ်‌ေနသည်။ လွင်ပြင်၏အဆုံး နေဝင်ဆည်းဆာအောက်တွင် သားရဲကြီးတစ်ကောင် ထွက်ပေါ်လာသည်။

သားရဲကြီးကို တွေ့လိုက်သည်နှင့် မရေမတွက်နိုင်တဲ့ နှလုံးသားများက ကြောက်ရွံ့တုန်လှုပ်သွားသည်။ ဧကရာဇ် အဆင့်ရှိ ဧရာမ သားရဲတစ်ကောင်ကို လူများစွာက ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ဒဏ္ဍာရီများအရ နတ်ဘုရားအဆင့်သားရဲများသည် ရိုင်းစိုင်းပြီး အဆင့်မြင့်သားရဲများဖြစ်သည်။ ဘုရင်အဆင့် သားရဲများသည် မြို့များကို တိုက်ခိုက်နိုင်ပြီး နယ်မြေများကို သိမ်းပိုက်နိုင်သည်။ အခြေဆိုက်မြို့ကို စောင့်ရှောက်ဖို့ ဘုရင်အဆင့် သားရဲ လေ့ကျင့်သူတွေမရှိရင် အလွယ်တကူ ပျက်စီးသွားနိုင်သည်။

ကမ္ဘာမြေကြယ်မှာ ဧကရာဇ်အဆင့်သားရဲတွေက ထိပ်ဆုံးမှာ ရှိနေသည်။ အခြားကမ္ဘာများမှာတောင် သားရဲများကို အဆင့်အမြင့်ဆုံး သားရဲများဟု သတ်မှတ်ခဲ့ကြသည်။

“ဒါဆိုဧကရာဇ် အ‌ဆင့်သားရဲတွေက ဒီလိုမျိုးလား.. ဒီနေ့တော့ တစ်ခုကို သင်ယူလိုက်ရပြီ” ဟု ကြည့်ရှုသူတစ်ဦးက ပြောလိုက်သည်။

သားရဲ‌‌ေလ့ကျင့်သူမှ ခေါ်ဆောင်လာတဲ့ သားရဲများအားလုံးသည် ၎င်းတို့၏ ပိုင်ရှင်များကို ၎င်းတို့၏ သွေးစာချုပ်များမှတစ်ဆင့် ရူးသွပ်စွာ သတိပေးလိုက်ကြသည်။

အန္တရာယ်…. အန္တရာယ်…

တိုင်များကဲ့သို့ ခိုင်ခံ့တဲ့ အညိုရောင် အစင်း ကမ္ဘာဝက်ဝံ၏ လက်များသည် မြေပြင်ကို ထိုးဖောက်ကာ မာကျောသော ကျောက်တုံးကြီးကို ကောက်နှုတ်လိုက်သည်။ အကျယ် ၂၂ ပေခန့်ရှိသော ကျောက်တုံးကြီးသည် အထက်သို့ မြောက်တက်သွားသည်။

လေထုက တင်းမာနေသည်။ ခဏကြာတော့ လေချွန်သံတစ်ခုက ကောင်းကင်ယံကို ဖောက်ထွင်းဝင်ရောက်လာသည်။

“တိုက်ခိုက်ကြ” ဝင်္ကဘာတံတိုင်းများကို စောင့်ကြပ်နေသော သားရဲ လေ့ကျင့်သူအများအပြားက အမိန့်ပေးလိုက်သည်။

သားရဲလ့ကျင့်သူ၏ တိုက်ခိုက်မှုများသည် လေထဲတွင် အဝါရောင်အလင်းဖြင့် ဖုံးလွှမ်းနေတဲ့ ဧရာမ ကျောက်တုံးကြီးပေါ်သို့ ကျလာသည်။ ကျောက်တုံးက လမ်းတစ်ဝက်မရောက်ခင်မှာ လုံးဝ ပျက်စီးသွားသည်။

ကျောက်တုံးကြီးပစ်ချခံရသောကြောင့် အညိုရောင်အစင်းရှိသော ကမ္ဘာဝက်ဝံကြီးက ဒေါသထွက်သွားသည်။ ၎င်း၏ တောင့်တင်းသော ခြေသည်းများသည် မြေပြင်ပေါ်တွင် တွယ်ကပ်နေသည်။ သူ့လက်သည်း‌တွေနဲ့ မြေပြင်ကို ခုတ်လိုက်တိုင်း လျှိုမြောင်နက်ကြီးတစ်ခု ဖြစ်သွားသည်။

အထီးကျန်ဝင်္ကပါရှိ စုဝေးရာနေရာ၏ တံခါးသည် ပွင့်လာသည်။ ရွှေရောင်အလင်းတန်းနှစ်ခုနဲ့ တက်ကြွတဲ့ အရိပ်နှစ်ခု ပြေးထွက်လာသည်။ တစ်ခုမှာ ပြောင်လက်တောက်ပနေပြီး ကြေးဝါကိုယ်ထည်နဲ့ဖြစ်သည်။

ထက်မြတ်တဲ့ အစိမ်းရောင် နဂါးလခြမ်းသဏ္ဍာန် ဓားသွားက မြေပြင်ပေါ်သို့ ဖြတ်သွားလိုက်တိုင်း လျှိုမြောင်တစ်ခု ဖြစ်သွားသည်။ ချွန်ထက်‌ေနတဲ့ဓားက မြေပြင်ပေါ်ရှိ အပျက်အစီးများကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။ ပြင်းထန်တဲ့ မီးပွားများက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်ခြင်း ရောင်ဝါ ထွက်နေသည်။

“သတ်” ကွမ်းယုက လူသတ်လိုစိတ် အပြည့်ဖြင့် တောက်ပနေသည်။

အောက်က မြင်းနဲ့ အနီရောင်တောယုန်ကြီးက ခုန်ပျံသွာသည်။ အစိမ်းရောင် နဂါးလခြမ်းဓားသည် ရွှေရောင်အရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဒေါသကြီးသော နဂါးကြီးသည် ပင်လယ်ပြင်မှ ထွက်လာပြီး သွေးထွက်သံယိုများကိုဖိတ်‌ေခါ်ရန် အသင့်ဖြစ်နေပုံရသည်။ ဓားသည် ကောင်းကင်မှ ပြုတ်ကျသွားသည်။

“သတ်”

[အထူးလက္ခ‌ဏများ]- သခင်ကွမ်သည် သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး အသက်ဝင်လာသည်။

သာမာန်အားဖြင့် သခင်ကွမ်းသည် မျက်လုံးမဖွင့်တတ်ပေ။ သူအဲဒီလိုလုပ်ရင် အသေအပျောက်ရှိ‌‌ေတာ့မည်ဖြစ်သည်။

ကောင်းဖန်က မော်ကွန်းတင်အဆင့်သို့ တိုးမြှင့်ထားသော ကွမ်ယု ကြေးရုပ်တုသည် သခင် ကွမ်၏ အထူးဝိသေသကို နိုးကြားစေသည်။ မျက်လုံးဖွင့်လိုက်သောအခါတွင် သခင်ကွမ်၏ ကြံ့ခိုင်မှုအားသည် အချိန်တိုလေးအတွင်း ငါးဆ မြှင့်တင်နိုင်သည်။

ကာယဗလငါးပါးသည် သေခြင်းတရား၌သာ မဟုတ်ပေ။ စွမ်းအား၊ အမြန်နှုန်း၊ ပြတ်သားမှုနှင့် မာကျောမှုအားလုံးကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။

ဓားသည် အညိုရောင်အစင်း ကမ္ဘာဝက်ဝံ၏လည်ပင်းကို ချိန်ရွယ်ထားသည်။

ဓား၏ထိပ်ဖျားသည် ၎င်း၏နှာခေါင်းနှင့် ပါးများကို ဆုတ်ဖြဲသွားကာ အရိုးများအထိ နက်သွားသည်။ သူ့ဦးနှောက်က တစ်ဝက်နီးပါးကွဲထွက်သွားသည်။ သွေးနှင့် အသားများသည် နေရာအနှံ့ကို ပြန့်ကျဲသွားသည်။

အညိုရောင်အစင်း ကမ္ဘာမြေဝက်ဝံ သည် မတုံ့ပြန်နိုင်မီတွင် ပြင်းထန်သော အနက်ရောင်အရိပ်တစ်ခု ဖြတ်သွားသည်။ ၎င်း၏ မြန်ဆန်သော အရှိန်ကြောင့် လေထဲတွင် တိမ်တိုက်များ လွင့်ထွက်သွားသည်။

ရွှေဓားသမားသည် အညိုရောင်အစင်း ကမ္ဘာမြေဝက်ဝံ၏မျက်နှာကို ထိမှန်သွားသည်။ ပြတ်ရှဒဏ်ရာတလျှောက် အတွင်းပိုင်းကို ထိုးဖောက်ပြီး ဦးနှောက်ကို မညှာမတာ ကိုက်ဖြတ်လိုက်သည်။

အညိုရောင်အစင်းကမ္ဘာ‌ေမြဝက်ဝံ သည် မြင့်တက်လာသည်။ ၎င်းသည် လေထဲတွင် အကြိမ်အနည်းငယ် မတော်တဆ လွင့်သွားပြီး ကျယ်လောင်သောအသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပစ်ကျသွားသည်။ နောက်ဆုံးသေသွားပြီ ဖြစ်သည်။

ကွမ်ယုရုပ်ထုနှင့် ချင်းချုံ ရုပ်တုတို့သည် အညိုရောင်အစင်းကမ္ဘာ‌‌ေ မြဝက်ဝံ၏အလောင်းအနားသို့ ချဉ်းကပ်လာသည်။

[ချင်းချုံ ရုပ်တု၏ အထူးဝိသေသ]- အသေသတ် ဓားသမား။

သေချာသတ် ဓားသမားသည် ၎င်း၏နာမည်အတိုင်း သေချာ‌ေပါက်သတ်နိုင်သည့်လက်နက်ဖြစ်သည်။ သတ်ပစ်ဖို့ သေချာတဲ့ ဝှက်ဖဲတစ်ခုပင်။ လက်ထဲတွင်ရှိသော လက်နက်များကို ထုတ်လွှတ်လိုက်သောအခါတွင် ၎င်းတို့၏ စွမ်းအားသည် ချက်ချင်းပင် အားကောင်းလာသည်။ သူကထုတ်လိုက်‌သော လက်နက်များအတွက်လည်း ရန်သူရဲ့ အားနည်းချက်ကို တိုက်ခိုက်ရန် လွယ်ကူစေသည်။

ကွမ်ယုရုပ်ထုနှင့် ချင်ချူံရုပ်တုတို့၏ တန်ခိုးများသည် ၎င်းတို့၏ သမိုင်းဝင် ဒဏ္ဍာရီများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူတို့ရဲ့ အစွမ်းအစတွေကို နတ်ဆိုးတွေနဲ့ ဖြိုခွဲခံခဲ့ရသည်။ သူတို့က သန့်စင်တဲ့ အရည်အချင်းတွေ မဟုတ်တော့‌ေပ။ ကန့်သတ်ချက်များ မြင့်မားသော်လည်း လိုအပ်သည့်အခါတွင် ၎င်းတို့သည် အလွန်အစွမ်းထက်ကြသည်။

“ဧကရာဇ်အဆင့် သားရဲကောင် စက္ကန့်ပိုင်းအတွင်း အသတ်ခံရတာလား” ခြံစည်းရိုးက လူတစ်ယောက်က သူ့တံတွေးကို မျိုချပြီး စကားမပြောခင် အကြာကြီး ငြိမ်သက်နေမိသည်။

ဧကရာဇ်အဆင့်သားရဲများသည် ၎င်းတို့အတွက် နတ်ဘုရားများလို တည်ရှိနေသည်။ သို့သော် ဤဧကရာဇ်အဆင့် သားရဲကို အမှန်တကယ်ပင် စည်းလုံးသားရဲနှစ်ကောင်က စက္ကန့်ပိုင်းအတွင်း အသတ်လိုက်သည်။

ဤလူများ၏အမြင်တွင် စက္ကန့်ပိုင်းအတွင်း ၎င်းတို့သည် ဧကရာဇ်အဆင့် သားရဲကိုသတ်နိုင်သည် ဟူသောအချက်က ကိုယ်ပိုင်သားရဲ နှစ်ကောင်၏စွမ်းရည်များသည် ဧကရာဇ်အဆင့် သားရဲ ကဲ့သို့ ပြင်းထန်ကြောင်း ပြသခဲ့သည်။

အံ့သြထိတ်လန့်မှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေရှေ့မှာပဲ လီကျွင်းကျုံး က သူ့သားရဲနှစ်ယောက်ကို ပြန်ခေါ်လိုက်ပြီး အညိုရောင်အစင်းရှိကမ္ဘာမြေ ဝက်ဝံရဲ့အလောင်းကို ပြန်ယူလာခိုင်းလိုက်သည်။

“အဲဒီလူက ဘယ်သူလဲ” တစ်ယောက်ယောက်က မေးလိုက်သည်။ “သူ့ကို အစိုးရ စစ်တပ်မှာ တခါမှ မတွေ့ဖူးဘူး”

“ဟင့်အင်း… ဒီဆရာကြီးက တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းက” ဟု အခြားသူတစ်ဦးက ပြောလိုက်သည်။ “ကျွန်တော် သူ့ကို အရင်က မြင်ဖူးပေမယ့် အဲဒီတုန်းက သူ့အစွမ်းကို မသုံးခဲ့ဘူး”

“သူက အရမ်းငယ်ပုံရတယ်” ဟု အခြားသူတစ်ဦးက ပြောသည်။ “သူအသက်က ၂၀ ဝန်းကျင်ပဲရှိမယ်ထင်တယ်”

“တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းရဲ့ နက်နဲမှုက ကြောက်စရာကောင်းတယ်” ဟု တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “သူတို့ လွှတ်လိုက်တဲ့ ဘယ်သူမဆို စက္ကန့်ပိုင်းအတွင်း ဧကရာဇ်အဆင့် သားရဲကို သတ်နိုင်တယ်”

လီကျွင်းကျုံး ထွက်သွားပြီးနောက် မြို့ရိုးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

အနက်ရောင် ဇာမဏီတောင်တန်းရှိ မီးတောင်သေ၏အစွန်းတွင် အဖြူရောင် မိုးကောင်းကင်ပြာ အလင်းတန်းတစ်ခု ဆင်းသက်လာသည်။ အသံတိတ် မီးတောင်သေကြားတွင် အနက်ရောင်ကိုယ်ထည်နှင့် ၎င်း၏ဦးခေါင်းမှာ အမွေးသရဖူရှိတဲ့ ကိုးကောင်သီးသန့် ဥဒေါင်းတစ်ကောင်သည် ကြက်သွေးရောင်မျက်လုံးများကို ဖွင့်လိုက်သည်။

“တာဝန်က မအောင်မြင်ဘူးလား” သူ့အသံက ငြိမ်သက်နေသည်။ သူကဒါကို ရှင်းရှင်းလင်းလင်း မျှော်လင့်ထားပုံရသည်။ “ကောင်းပြီ..မင်း လူသားတွေရဲ့ လျှို့ဝှက်လက်နက်ကို ရှာတွေ့ပြီလား”

ကောင်းကင်ယံမှာ အလင်းများတဖျပ်ဖျပ်ခတ်နေသည်။

ဥဒေါင်း သည် စေ့စေ့စပ်စပ် နားထောင်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “အဲဒါက ရှင်းပါတယ်.. ဘုရင်အဆင့် သားရဲလေ့ကျင့်သူ နှစ်ဦးက ၎င်းတို့ရဲ့လျှို့ဝှက်လက်နက်နဲ့ ဧကရာဇ်အဆင့်က တူညီနေပုံရတယ်.. ဒီတော့ ငါကိုယ်တိုင် အဲဒီကို ပျံသန်းမယ်.. သူတို့ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၀၆ ဥဒေါင်း၏ တိုက်ခိုက်မှု

ဥဒေါင်းသည် အနက်ရောင် ဇာမဏီ တောင်တန်း၏ ဘုရင်မ အထွဋ်အထိပ်ဖြစ်သည်။ နှစ်ပေါင်းများစွာက သားရဲများစွာသည် သူမ၏ရာထူးအတွက် ယှဉ်ပြိုင်လိုသော်လည်း နောက်ဆုံးတွင် မီးတောင်၏အောက်ခြေတွင် အနက်ရောင်ပြာများအဖြစ် အဆုံးသတ် သွားခဲ့ကြသည်။

သူမ၏ အားကောင်းတဲ့ပိုင်ဆိုင်လိုစိတ် သဘာဝက သူမ၏ နယ်မြေကို မျက်စောင်းထိုးနေတဲ့ အခြားသားရဲများကို သည်းမခံနိုင်ပေ။ သူမသည် မည်သည့်ခြိမ်းခြောက်မှုကိုမျှလည်း သည်းမခံနိုင်ပေ။ သူမသည် အနက်ရောင် ဇာမဏီတောင်တန်းရှိ အရှင်သခင်အဆင့် သားရဲအသစ် မှန်သမျှကို ဖယ်ရှားပစ်မည်ဖြစ်သည်။

သူမက လက်သက်မွေးချင်တာကြောင့် ဘုရင်အဆင့်သားရဲများကိုတော့ သတ်မှာ မဟုတ်ပေ။ အရှင်သခင်အဆင့် သလင်းကျောက် အမြုတေက ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က လူသားသားရဲလေ့ကျင့်သူက အနက်ရောင် ဇာမဏီ တောင်တန်းဒေသသို့ ဝင်ရောက်လာသည်။ ထိုအချိန်တွင် သူတို့ကို ပုရွက်ဆိတ်များကဲ့သို့ အရေးမပါလှဟု ဥဒေါင်းက ယူဆသောကြောင့် ၎င်းတို့ကို မနှောင့်ယှက်ခဲ့ပေ။ လက်ညိုးလေးနဲ့ အလွယ်တကူ ဖိခြေလို့ရတဲ့အရာဟာ အာရုံစိုက်ဖို့ မထိုက်တန်ပေ။

အချိန်ကြာလာသည်နှင့်အမျှ လူသားတို့၏ အပြုအမူသည် သူမ၏ သတိကို တဖြည်းဖြည်း ဆွဲဆောင်လာသည်။ သားရဲလေ့ကျင့်သူများသည် သူမမျှော်လင့်ထားသည်ထက် ပိုမြန်လာသည်။ သူတို့သည် အနက်ရောင် ဇာမဏီ တောင်တန်းအစွန်းရှိ သားရဲများကို အဆက်မပြတ် အမဲလိုက်နေကြသည်။

အဆင့်မြင့်သားရဲများက လူသားများထက် ဉာဏ်ရည်နည်းသော်လည်း ဉာဏ်ရည်နှင့် အသိပညာသည် မတူညီသော အရာနှစ်ခု ဖြစ်သည်။ မိုက်မဲတဲ့ လူသားများသည် ထောင်ချောက်မျိုးစုံကို အသုံးပြုကြသည်။ သူတို့က ဘယ်လို ပူးပေါင်းဆောင်ရွက် ရမလဲနဲ့ ချောင်းမြောင်းတိုက်ခိုက်ရမလဲ ဆိုတာကိုလည်း သိရှိနေကြသည်။ ခွန်အားကွာခြားချက်က သိပ်ကြီးကြီးမားမားမဟုတ်သရွေ့တော့ သားရဲတွေကို အမဲလိုက်ဖို့က မခက်ပေ။

သားရဲများကို အမဲလိုက်ခြင်းအပြင် အချို့သောလူသားများသည် ရတနာများကိုခိုးယူရန် တောင်အတွင်းသို့ ဝင်ရောက်ကြသည်။ အစုလိုက်အပြုံလိုက် သတ်လိုက်လျှင်တောင်မှ သူတို့ဆီ တဖွဲဖွဲ ရောက်ရှိလာပေလိမ့်မည်။

သားရဲများစွာ အသတ်ခံရပြီးနောက်မှာ သားရဲ‌‌ေလ့ကျင့်သူများသည် ပိုမိုထက်မြက်လာသည်။ သို့သော် လူသားများသည် အဘယ်ကြောင့် ဤမျှလောက် ခေါင်းမာကြသလဲ ဒါမှမဟုတ် သူတို့ကို ဒီလိုသတ္တိကို ဘယ်သူပေးလဲကိုမူ မသိရသေးပေ။

ဥဒေါင်းသည် သားရဲများနှင့် ရတနာများအပါအဝင် အနက်ရောင်ဇာမဏီတောင်တန်းတစ်ခုလုံးကို သူမအပိုင်အဖြစ် မှတ်ယူထားသည်။ ရံဖန်ရံခါ ဆုံးရှုံးမှုကို လက်ခံနိုင်ပေမဲ့ တစ်စုံတစ်ယောက်က အလိုအလျောက် လုယူရန် မကြာခဏလာပါက ၎င်းကို တွန်းဖယ်လိုက်ရုံသာဖြစ်သည်။

ဒီလူသားတွေရဲ့လုပ်ရပ်များက သူမ၏အောက်ခြေစည်းကို ချိုးဖောက်နေပြီးဖြစ်သောကြောင့် ဥဒေါင်း၏မျက်လုံးများက တဖျက်ဖျက် တောက်ပလာသည်။

မကြာသေးမီက ဆိုးရွားတဲ့လူသားတွေကို အနက်ရောင်မြူခိုးကမ္ဘာမှ နှင်ထုတ်ခဲ့ပြီးပြီ။ အခုလည်း သူတို့ကပြန်လာပြီး စိတ်အနှောက် အယှက်ပေးသည်။

မီးတောင်ထဲတွင် သူမ၏ ခန္ဓာကိုယ်ကို ဆန့်တန်းကာ သူမ၏ အနက်ရောင် အမွေးများသည် ချော်ရည်ကန်ထဲမှ မြင့်တက်လာသည်။ ချော်ရည်များသည် ရေစက်များကဲ့သို့ ကျဆင်းလာသည်။ မီးတောင်အသိုက်ရှိ ဥဒေါင်းသုံးကောင်ဆီသို့ ခေါင်းကို လှည့်ကာ သူမက “ငါ အပြင်ထွက်မယ်.. အသိုက်ထဲမှာနေ.. လျှောက်မပြေးနဲ့” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ဟု ဥဒေါင်းငယ်သုံးကောင်က တညီတညွတ်တည်း ပြန်ပြောလိုက်သည်။

အဲဒီနေ့ညမှာ ရာသီဥတုက ပိုအေးလာသည်။ လ၏စက်ဝိုင်းနှစ်ခုသည် ကောင်းကင်တွင် ချိတ်ဆွဲထားသည်။ ငွေရောင်အလင်းတန်းက မြေကြီးပေါ်မှာ ထွန်းလင်းနေသည်။

မိုးကုတ်စက်ဝိုင်းတစ်လျှောက် ညကောင်းကင်ယံကို မီးနီရောင်အလင်းတန်းများက လင်းထိန်စေသည်။ နံရံမှာ ကင်းလှည့်နေတဲ့ စစ်သားတွေက ရပ်ပြီး မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်သည်။

“အဲဒါဘာလဲ…”

အထီးကျန်ဝင်္ကပါအတွင်း ရှုချင်းကျီ နှင့် လီကျွင်းကျုံး တို့သည် အလုပ်ပြီးပြီးချင်း အိမ်မပြန်ကြပေ။ ယင်းအစား သူတို့သည် ဝင်္ကပါအတွင်းရှိ ကြယ်ခုနစ်ပွင့် ဇိမ်ခံစားသောက်ဆိုင်တွင် စားသောက်ရန် စုဝေးနေကြသည်။

၎င်းသည် အထီးကျန်ဝင်္ကပါအတွင်းရှိ တစ်ခုတည်းသော ကြယ်ခုနစ်ပွင့်ဟိုတယ်ဖြစ်သည်။ ဟိုတယ်တွင် အရှင်သခင်အဆင့် သားရဲအသားများ ထောက်ပံ့ပေးထားကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း လူအများက ၎င်းကို ယခင်က မမြင်ဖူးကြသဖြင့် စားသုံးမှု နည်းပါးခဲ့သည်။

ထမင်းစားပွဲကြီးသည် အရသာများဖြင့် ပြည့်နှက်နေသည်။ သူတို့ကို တစ်ချက်ကြည့်လိုက်တာနဲ့ သွားရည်ကျစေသည်။

ဘယ်ဘက်က အစိမ်းရောင်နဂါးပုရွက်ဆိတ်အသားတစ်ပန်းကန်မှ ရနံ့က သူတို့ကို ဆွဲဆောင်နေသည်။ အသားဖြူက အရည်ရွှမ်းသည်။ ညာဘက်က ဘောလုံးအရွယ်အစားရှိ ဂျယ်လီကဲ့သို့သော ဟင်းလျာကို အာဟာရဓာတ်ကြွယ်ဝတဲ့ အဆီအနှစ်များဖြင့် ထုပ်ပိုးထားသည်။ ထိပ်တွင် ကြေမွသော ရေခဲအလွှာတစ်ခု ရှိသည်။ ဒီ မြစ်ဝါကျွဲ၏ မျက်လုံးအိမ်ဟင်းက ဟိုတယ်၏ အထူးသီးသန့်ဖြစ်သည်။

နောက်ဆုံးဟင်းက အမြဲတမ်း အကောင်းဆုံးပင်။ ၎င်းသည် များသောအားဖြင့် ဘုရင်အဆင့် ထိပ်ပိုင်းသို့မဟုတ် ဧကရာဇ်အဆင့် သားရဲ၏ ဝမ်းတွင်းကလီစာကို ဂရုတစိုက်ရွေးချယ်ထားသည်။

“သခင်လေး အရှင်သခင်အဆင့် သားရဲရဲ့အသားက ကိုင်တွယ်ရခက်လွန်းတယ်” လီကျွင်းကျုံးက ကောင်းဖန်ကို ရှင်းပြရင်း အသဲအသန် ပြုံးလိုက်သည်။ “ဒါကို ဘုရင်အဆင့်သားရဲရဲ့ အရူးမီးနဲ့ဘဲ ချက်ပြုတ်လို့ရတယ်.. မီးကို ချက်ပြုတ်ရာမှာ သုံးလို့ရပေမယ့် အရသာက ကျေနပ်စရာ မရှိဘူး”

“ပြဿနာမရှိပါဘူး” ကောင်းဖန်က ခေါင်းခါလိုက်သည်။

သူသည် ခဏတာ ဝေးကွာသွားပြီးနောက် အလည်အပတ် ပြန်လာခဲ့သည်။ အထီးကျန်ဝင်္ကပါ၏ တိုးတက်မှုကို စစ်ဆေးရန် သူဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဖြစ်နိုင်လျှင် ပင်လယ်ဝတုတ်မှာရှိတဲ့ အဆုံးမဲ့ လူဝင်စားခြင်း ဝင်္ကပါမှ နတ်ဘုရားအုတ်ချပ်ကို အထီးကျန်ဝင်္ကပါဆီယူဆောင်လာရန် ကောင်းဖန် အသင့်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ ဤနေရာသည် ခိုင်ခံ့သော အခြေစိုက်စခန်း ဖြစ်လာနိုင်လျှင် ပို၍ စိတ်ချနိုင်မည် ဖြစ်သည်။

ယင်းမတိုင်မီက အဆုံးမဲ့လူဝင်စားခြင်း ဝင်္ကပါသည် ပင်လယ်ဧကရာဇ်၏ ကိုက်စားသောသွားများနှင့် မျက်နှာချင်းဆိုင်တွေ့သောအခါ ၎င်းသည် နတ်အုတ်ချပ်များအားလုံး၏ စွမ်းအားကို ထုတ်ယူခဲ့သည်။ ထိုအချိန်မှစ၍ ပြင်ပဝင်္ကပါများအားလုံးသည် ၎င်းတို့၏ နတ်ဘုရားဂုဏ်ကို ဆုံးရှုံးသွားကြသည်။

ဝင်္ကဘာတွင် ၎င်း၏မူလ စိုးမိုးနိုင်စွမ်းမရှိတော့ပေ။ ထို့အတွက်ကြောင့် သူတို့က ဝင်္ကပါကို အသွင်ပြောင်းကာ ချဲ့ထွင်နိုင်သည်။

သို့သော် နတ်ဘုရားအုတ်ချပ်များကိုနေရာပြန်ချထားခြင်းက ပြဿနာရှိမှာ မဟုတ်ချေ။ နတ်ဘုရားပစ္စည်းကို အသုံးပြုခြင်းမှတပါး အဆုံးမဲ့ဝင်စားခြင်း ဝင်္ကပါ၏ပတ်ဝန်းကျင်နှင့် မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲ၍မရတော့ပေ။

“သခင်လေး ဒီဝင်္ကပါကို အရင်က လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက ကောင်းချီးပေးခဲ့ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကောင်းချီးရဲ့ တန်ခိုးက ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး…” ရှုချင်းကျီ ကောင်းဖန်ကို ပြောနေတုန်း ရုတ်တရက် ဆက်သွယ်ပြောဆိုသူ အသံထွက်လာသည်။

“ကြီးကြပ်ရေးမှူးကို သတင်းပို့ပါတယ်... အရှင်သခင်အဆင့် သားရဲတစ်ကောင် ချဉ်းကပ်လာနေပါတယ်”

ပြင်းထန်သော အချက်ပေးသံသည် ဝင်္ကဘာအထက်တွင် ပဲ့တင်ထပ်သွားသည်။

“ဘာမှမဟုတ်ပါဘူး” ဟု တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “မနေ့ကပဲ သားရဲတစ်ကောင် အသတ်ခံရတာ မဟုတ်လား.. မြို့ရိုးကို သွားကြည့်ရအောင်... မနေ့က ရှင်းရှင်းလင်းလင်းမမြင်ရဘူး”

ဝင်္ကဘာပေါ်မှ ခေါင်းလောင်းသံ ရှစ်ကြိမ် မြည်လိုက်သည်။ အဆင့် ရှစ် အချက်ပေးသံ ဖြစ်သည်။ ၎င်းသည် အဆင့်မြင့် တိုက်ခိုက်မှု ဖြစ်သည့် အရှင်သခင်အဆင့် သားရဲ တစ်ကောင်ကို ကိုယ်စားပြုသည်။

စောစောက ပြုံးပြီး စကားစမြည်ပြောကြသူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။ သူတို့သည် နေရာလွတ်အက်ကွဲကြောင်း၏ ဦးတည်ရာ ဆီသို့ တိတ်တဆိတ် လျှောက်လာကြသည်။ ထို့နောက် စပြေးလာသည်နှင့်အမျှ သူတို့၏ ခြေလှမ်းများသည် ပိုမြန်လာသည်။

လူတွေက တွန်းထိုးနေကြပြီး သားရဲကောင်တွေက ရှေ့ကို တိုးလာသည်။

“ငါ့ကို ဖြတ်သန်းခွင့်ပေးပါ!”

“မြန်မြန်လုပ်.. ငါ့ကိုမတားနဲ့”

“ပြေးတော့.. မင်းဘာလို့ဒီမှာရပ်နေတာလဲ”

ဟော်တယ်အခန်းထဲက လေထုက ချက်ချင်း တင်းမာသွားသည်။ အရှင်သခင်အဆင့်သားရဲတစ်ကောင် ရောက်ရှိလာကြောင်းကို ကြားလိုက်ရသောအခါတွင် သခင်လေးကို ယုံကြည်နေတာတောင် စိတ်ဓာတ် အလွန်ကျသွားကြသည်။

အကယ်၍ ဧကရာဇ်အဆင့်သားရဲတစ်ကောင်ကို ဆရာကြီးအဆင့်ဟု သတ်မှတ်ပါက အရှင်သခင်အဆင့်သည် ဒဏ္ဍာရီပုံပြင်များ ဖြစ်လာမည်ဖြစ်သည်။

ကောင်းဖန်သည် ယိုဟူမျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်းနဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ အစစ်အမှန်အသေးစိတ်အချက်အလက်များကို လူအနည်းငယ် ရွေးချယ်ထားတဲ့ အုပ်စုကသာ သိသည်။

“ဒါက အရှင်သခင်အဆင့်ပါပဲ” ဟု ကောင်းဖန်က ရုတ်တရက် အသားတစ်ပိုင်းကို ယူလိုက်ပြီး သူ့ပါးစပ်ထဲ ထည့်ရင်း ပြောလိုက်သည်။ “မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ”

“သခင်လေး.. အရှင်သခင်အဆင့် သားရဲကို အရင်ဖမ်းပြီးမှ အစားဆက်စားမလား “ ရှုချင်းကျီက သတိကြီးကြီးနဲ့ မေးလိုက်သည်။

ကောင်းဖန်က ခေါင်းယမ်းလိုက်ပြီး တူကိုချကာ ပျင်းရိစွာ ဆန့်ထုတ်လိုက်သည်။

“အနက်ရောင် ဇာမဏီတောင်တန်းမှာရှိတဲ့ တစ်ကောင်ထဲသော အရှင်သခင်အဆင့်စာငှက်ငယ်လေးကို သတိရမိတယ်” ဟု ခြင်္သေ့ဖြူကိုခေါ်ဖို့ လက်ညိုးကို ချိုးရင်း ပြောလိုက်သည်။

၆ ပေ ၅ လက်မ ရှည်လျားသော ခြင်္သေ့ဖြူ ပေါ်လာသောအခါ အပူချိန်သည် ဒီဂရီများစွာ ကျဆင်းသွားသည်။

“ဖျက်ဆီးပစ်.. စာငှက်ငယ်နဲ့ မင်းရဲ့ဆက်ဆံရေးက သိပ်မကောင်းဘူးဆိုတာကို ငါမှတ်မိတယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။

ခြင်္သေ့ဖြူသည် မျက်လုံးများကို ကျဉ်းမြောင်းကာ သွေးနီရောင်လျှာကို ညှစ်ထုတ်ကာ နှုတ်ခမ်းကို သပ်လိုက်သည်။ “တကယ်တော့ ငါတို့က အိမ်နီးချင်းဟောင်းတွေပါ။”

သူသည် လေကို တဖျပ်ဖျပ်ခတ်လိုက်ပြီး မြောက်ဘက်သို့ မျက်နှာမူလိုက်သည်။ “ငါ့အိမ်နီးချင်းဟောင်းက ဒီမှာပဲ” ဟုပြောရင်း သူ့မျက်လုံးထဲမှာ အေးစက်နေတဲ့ အရိပ်အယောင်ကို မြင်နေရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၀၇ ဖိနှိပ်ခြင်း

လူများစုဝေးရာ အထီးကျန်ဝင်္ကပါသည် ရှေ့တည့်တည့်တွင်ရှိသည်။ ဒါကို ဥဒေါင်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများသည်မှေးကျဉ်းသွားသည်။ ဒီနေရာက ခြင်္သေ့ဖြူရဲ့နယ်မြေဖြစ်တာကို သတိရမိသော်လည်း ယခုအခါမှာတော့ လူသားများအတွက် စုဝေးရာနေရာဖြစ်နေသည်။

ကြောင်လေးကို မတွေ့တာကြာပြီ.. ဒါက လူသားတွေအတွက် အစားအစာဖြစ်လာနိုင်တယ်..

ဝင်္ကဘာမှ ရေခဲပြာရောင် တောက်လာသည်။ နှင်းမြူများသည် ဥဒေါင်း၏ မီးတောက်မီးလျှံများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ကောင်းကင်ကို အနီနှင့် အပြာဟူ၍ နှစ်ပိုင်းခွဲထားသည်။

“မင်း…” ဥဒေါင်းက အံ့အားသင့်သွားသည်။ ခြင်္သေ့ဖြူက လူစုဝေးရာနေရာမှ ထွက်လာသည်။

ဥဒေါင်း၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်ကို မြင်နိုင်သည်။ သူမက ဒေါသတကြီးနဲ့ “မင်း လူသားတွေရဲ့ လက်ပါးစေတစ်ယောက် ဖြစ်လာပြီး မင်းက သားရဲတွေကို အရှက်ရစေတာပဲ” ဟု ပြောလိုက်သည်။

ခြင်္သေ့ဖြူက ထိတ်လန့်သွားသည်။ မင်းဘာပြောတယ်.. ငါက ဘာဖြစ်လာတယ်။ ငါဘာမှမပြောရသေးဘူးလေ နင်ဘာကို စိတ်ဆိုးနေတာလဲ...

“အခုသေလိုက်တော့” ဥဒေါင်းသည် ၎င်း၏ အတောင်ပံများကို ဖွင့်လိုက်သည်။ ၎င်း၏ အတောင်ပံများကြား ချော်ရည်မှ မီးတောက်များထွက်လာပြီး သူ့နောက်မှ ခြင်္သေ့ဖြူ နှင့် အထီးကျန်ဝင်္ကပါဆီသို့ ဥက္ကာပျံကဲ့သို့ ပစ်လွှတ်လိုက်သည်။

ခြင်္သေ့ဖြူ က အော်ဟစ်လိုက်သည်။ ငါက အရင်နှစ်တွေတုန်းကလို ဧကရာဇ်အဆင့် သားရဲတစ်ယောက်လို့ မင်းထင်နေတာလား..

သူ့ပါးစပ်မှ ထိတ်လန့်တုန်လှုပ်ဖွယ် အသံလှိုင်းများ ထွက်ပေါ်လာသည်။

ခြင်္သေ့ဖြူ အနားတစ်ဝိုက်မှ အေးတဲ့ အပြာရောင် နယ်ပယ်တစ်ခုပေါ်လာပြီး မီးပင်လယ်ကို ဖုံးလွှမ်းသွားသည်။ နယ်ပယ်အတွင်း မီးတောက်များ အားနည်းလာပြီး နောက်ဆုံးတွင် လုံးဝငြိမ်းသွားသည်။

သူတော်စင် အဆင့်သားရဲများသာ နယ်ပင်တစ်ခုကို အကောင်အထည်ဖော်နိုင်သည်။ ခြင်္သေ့ဖြူ၏ တိတ်ဆိတ်နေသော နှင်းခဲ နယ်ပယ်သည် နယ်ပယ်အစစ်အမှန်မဟုတ်သော်လည်း နယ်ပယ်အစစ်နှင့် သိပ်မကွာလှပေ။ မပြည့်စုံသော နယ်ပယ် ဖြစ်လျှင်ပင် နယ်ပယ်တစ်ခုဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ နယ်ပယ်သည် သီးသန့်ဖြစ်ပြီး ပြင်းထန် ဖိနှိပ်ချုပ်ချယ်တဲ့ သက်ရောက်မှုရှိသည်။ နယ်ပယ်အတွင်းရှိ အခြားသော အစိတ်အပိုင်းများကို ဖြိုခွင်းနိုင်သည်။

ခြင်္သေ့ဖြူ က ဟိန်းဟောက်လိုက်ပြန်သည်။ အေးခဲနေတဲ့ လေဆင်နှာမောင်းသည် ဥဒေါင်းဆီသို့ ရွေ့လျား သွားသည်။

ခြင်္သေ့ငယ်လေး ဘယ်အချိန်ထဲက အရှင်သခင်အဆင့်ကို ချိုးဖောက်သွားတာလဲလို့ ဥဒေါင်းက ရင်တထိတ်ထိတ်ဖြင့် တွေးတောနေမိသည်။

“အိုး.. တိုက်ဆိုင်လိုက်တာ” ဥဒေါင်း၏ မျက်လုံးများသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ဖော်ထုတ်ပြသလာသည်။ “ငါကလည်း အရှင်သခင်အဆင့် ဧကရာဇ် သားရဲ ဦးနှောက် ရှိတာ ကြာပြီ”

အရှင်သခင်အဆင့်ရှိသူ၏ ဦးနှောက်ကို နောက်ဆုံးစားခဲ့သည့်အချိန်ကို သူမ မမှတ်မိတော့ပေ။ လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ပုံရသည်။

သူမ၏ အတောင်ပံများကို မီးခိုးပါးပါးဖြင့် ဖုံးအုပ်ထားသည်။ သူတို့က အောက်ဘက်ကို ခုတ်နေတဲ့ မီးတောက်ဓားနှင့်တူသည်။ အေးခဲနေတဲ့ လေဆင်နှာမောင်း နှစ်ပိုင်းကွဲသွားသည်။ အဖြူရောင်ဖြင့် ဖုံးအုပ်ထားတဲ့ ခြေသည်းမွေးများက ဥဒေါင်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည် ။

သူမ၏ ညာဘက်မျက်လုံးကို ခြစ်မိသွားသည်။ ငှက်ကလေးရဲ့ခေါင်းက လည်ထွက်သွားသည်။ သူမသည် အရှိန်အဟုန်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

လေထဲမှာ သဲတွေ ပြည့်သွားသည်။

ခြင်္သေ့ဖြူက ဟိန်းဟောက်လိုက်ပြီး အမြင့်အထိ တက်သွားသည်။ ၎င်း၏ ထူထဲသော ညာဖက်လက်ကို မြင့်တင်လိုက်ပြီး မိုးခြိမ်းသံဖြင့် ဆင်းသက်လာသည်။ ကောင်းကင်က နှင်းတွေကျလာသလိုပဲ လေထဲမှာ ရှည်လျားတဲ့ အရိပ်အယောင်တွေ ချန်ထားခဲ့သည်။

နက်နဲတဲ့ ရေခဲများသည် မြေပြင်ပေါ်တွင် ပေါက်ကွဲသွားသည်။ ကျောက်စက်ပန်းဆွဲများသည် ပွင့်နေသော ရေခဲပန်းကဲ့သို့ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။ ရေခဲများသည် အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့သွားကာ သုံးစတုရန်းမိုင်အကွာရှိ လွင်ပြင်များတွင် ရေခဲပုံဆောင်ခဲများ ကျန်ရစ်ခဲ့သည်။ ဥဒေါင်းသည် ရေခဲပုံဆောင်ခဲထဲတွင် အေးခဲနေသည်။

ရေခဲပြင်ထဲမှာ အက်ကွဲကြောင်းတွေ တဖြည်းဖြည်းပေါ်လာသည်။ ဥဒေါက်က ပေါက်ကွဲတော့မည့် ပေါက်ကွဲစေတတ်တဲ့ အတားအစည်းတစ်ခုနှင့်တူလှသည်။

ခြင်္သေ့ဖြူက သနားညှာတာမှုကင်းစွာဖြင့် ၎င်းအပေါ်၌ ထိုင်နေသည်။ ထို့နောက် တိတ်ဆိတ်နေသော နှင်းခဲနယ်ပယ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုစွမ်းအားအားလုံးကို ဥဒေါင်းကို ဖိနှိပ်ရန် အသုံးပြုခဲ့သည်။

“ငါ့ကို လွှတ်ပေး” ဟု ရေခဲပုံဆောင်ခဲအတွင်း ရုန်းကန်လှုပ်ရှားနေသည့် ဝိညာဉ်တစ်ကောင် ပြောနေတာကို ကြားနိုင်သည်။

ခြင်္သေ့ဖြူက သမ်းလိုက်သည်။ “မလုပ်ဘူး”

“ငါတို့ တစ်ယောက်ကို တစ်ယောက် သိနေတာကြာပြီပဲ.. သူငယ်ချင်းလို့ သတ်မှတ်လို့ရပါတယ်” ဟု ဥဒေါင်းက ပြောလိုက်သည်။

“ငါ့မှာ ငါ့ကို သေလုနီးပါ သတ်မယ့် သူငယ်ချင်းမျိုး မရှိဘူး.. ဒါကြောင့် အဲဒီ အဓိပ္ပါယ်မရှိတာကိုဖယ်လိုက်” ဟု ခြင်္သေ့ဖြူက အော်ဟစ်လိုက်သည်။

အထီးကျန်ဝင်္ကပါ၏ တံခါး ပွင့်သွားပြီး ကောင်းဖန်၊ ရှုချင်းကျီနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ ထွက်လာကြသည်။

“ငါတို့ထွက်မလာခင် ထမင်းအရင်စားသင့်တယ်လို့ ငါပြောခဲ့တယ်.. ဒါပေမဲ့ မင်းတို့ကတော့ မယုံကြည်ခဲ့ဘူး” ကောင်းဖန်က မကျေမချမ်းပြောလိုက်သည်။

[သားရဲ အမည်]- ဥဒေါင်း

[သားရဲ အဆင့်]- ၇၇ ( အရှင်သခင်)

[သားရဲ စွမ်းရည်ဆင့်]- မော်ကွန်းတင်စွမ်းရည်ဆင့်

[သားရဲ အမျိုးအစား]- မီး/အမှောင်

[သားရဲ စွမ်းအင်]- မြေအောက်ကမ္ဘာမီး အဆင့် ၆၊ ချွန်ထက်တဲ့ အမွေး အဆင့်၄ ၊ မာကြောတဲ့ ထိုးဖောက်မှု အဆင့် ၄

[သားရဲ အားနည်းချက်]- ရေခဲ

[အထူး လက္ခဏာများ]- မကောင်းမှုကျူးလွန်သူ (ဥဒေါင်းအများစုသည် မြေအောက်ကမ္ဘာတွင်မွေးဖွားပြီး ဝိညာဉ်များကို ဝါးမျိုသည်။)

[အကျိုးသက်ရောက်မှု ၁]- ဥဒေါင်း၏တိုက်ခိုက်မှုသည် ဝိဉာဉ်ကို နောက်ထပ်နှစ်ဆပျက်စီးစေနိုင်သည်။

[အကျိုးသက်ရောက်မှု ၂]- မကောင်းမှုကျူးလွန်သူ ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို လွှတ်လိုက်ခြင်းဖြင့် စိတ်ဝိညာဉ်ကို များစွာထိခိုက်စေသည်။

[သားရဲ ဖော်ပြချက်]- ငရဲတွင်ရှိသော ဥဒေါင်းများသည် နေရာလွတ်အက်ကြောင်းများမှတဆင့် အနက်ရောင်မြူခိုးကမ္ဘာထဲသို့ ဆွဲသွင်းခံရသည်။ သူတို့သည် သားရဲ ဦးနှောက်ကို စားပြီး ချော်ရည်ထဲတွင် ရေချိုးခြင်းကို နှစ်သက်ကြသည်။ သူတို့ရဲ့ အစားအစာကို အကာအကွယ်ပေးနိုင်သည်။

ဥဒေါင်းသည် ထပ်၍ထွက်လာသည်။ ဒီတစ်ကြိမ်တော့ ခြင်္သေဖြူက ၎င်းကို ဆက်လက်မနှိမ်နင်းပေ။

ငှက်ကလေး၏ ဒေါသမီးတောက်များက ရေခဲများကို ကွဲကြေသွားစေသည်။

၁၀ မိုင်နီးပါးပျံသန်းပြီးနောက် ပတ်ဝန်းကျင်နေရာသည် အရိုးဖြူငရဲအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ ကောင်းကင်သည် မည်းမှောင်လာပြီး မြေပြင်သည် လူသူကင်းမဲ့နေတဲ့ သင်္ချိုင်းကုန်းဖြစ်လာသည်။

အဖြူရောင်အရိုးခြေသည်းများ မြေကြီးထဲမှ ထွက်ပေါ်လာသည်။ အဝေးမှာ တောင်တွေလောက်မြင့်တဲ့ သင်္ချိုင်းတွေ အများကြီးရှိသည်။

သူမ သတိပြန်ရလာသောအခါ သစ္စာဖောက်ခြင်္သေ့ဖြူနှင့် ရွံရှာဖွယ်လူသားများ ပျောက်ကွယ်သွားသည်။

ဥဒေါင်းသည် ထိတ်လန့်စွာ အော်ဟစ်ပြီး မြေအောက်ကမ္ဘာမီးကို အစုလိုက်အပြုံလိုက်ကြီးကို မှုတ်ထုတ်လိုက်သည်။

သူမသည် ကောင်းဖန်နှင့် ကျန်သူများရှိရာသို့ ပျံသန်းသွားသည်။ သူတို့အဲဒီမှာမဟုတ်ဘူးလား..

ရုတ်တရက် လည်ပင်းနောက်ဘက်ရှိ ဆံပင်များထောင်သွားသည်။ အေးစက်ပြီး စိုစွတ်နေတဲ့ အရာတစ်ခုက သူမခေါင်းနောက်သို့ တိတ်တဆိတ် ရောက်ရှိလာပြီး သူမရဲ့လည်ပင်းနောက်ဘက်သို့ ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူမ ခေါင်းကို အမြန်လှည့်လိုက်ပေမဲ့ ဘာမျှမတွေ့ပေ။

အဝေးမှ ကျီးအာသံကို ကြားလိုက်ရသည်။

အဝေးက သင်္ချိုင်းက အလယ်မှာ ကွဲသွားသည်။ အတွင်းမှ အနက်ရောင် သားရဲတစ်ကောင် ပြေးထွက်လာသည်။

တွားသွားနေတဲ့ ပုံစံ ဥဒေါင်းကြီး ထွက်လာသည်။ ပျံထွက်သွားသည့်အရာသည် သူမနှင့်တူသော်လည်း ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွေးများသည် မညီမညာဖြစ်နေပြီး ရင်ဘတ်မှာ စုတ်ပြဲနေပြီး အတွင်းပိုင်းအရိုးများကို ဖော်ထုတ်ထားသည်။

သူမ၏မှန်ပုံရိပ်ဖြစ်သည့် ဤဥဒေါင်းသည် တူညီနေတဲ့ မြေအောက်ကမ္ဘာမီးကို ထုတ်လွှတ်လိုက်သောကြောင့် သူမမယုံနိုင်စွာ ကြည့်နေမိသည်။

ကောင်းဖန်နှင့် ကျန်လူများသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ရူးသွပ်စွာ အော်ဟစ်ကာ မီးတောက်များကို ကွင်းပြင်ထဲသို့ မှုတ်ထုတ်လိုက်သည့် ဥဒေါင်းကို တိတ်တဆိတ် ကြည့်ရှုနေသည်။ ခဏအကြာတွင် ရုတ်တရက် ကောင်းကင်မှ ပြန်လှည့်လာပြီး ရူးသွပ်သွားသလို ရှုံ့မဲ့နေတဲ့ မျက်လုံးတွေနဲ့ မြေပြင်ပေါ် ဆင်းသက်လာသည်။

ရှုချင်းကျီက ကောင်းဖန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဘာတွေဖြစ်နေတာလဲဆိုတာ သူမမသိပေမယ့် ဒါက သခင်လေးရဲ့လှည့်ကွက်ဆိုတာ သူမသိသည်။

ဥဒေါင်းကမျက်လုံးကို ပြန်ဖွင့်လိုက်သည်။ ရုန်းကန်နေရသော အခြား ဥဒေါင်းငှက်သည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။

အမှောင်ထဲမှာ ပုန်းနေတဲ့ ဒန်ဘီက သေခြင်း စိတ်ဝိဉာဉ် နယ်ပယ်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်သည်။

“စာငှက်ငယ်လေး... မင်း အခြေအနေကို နားလည်သင့်တယ်” ဟု ခြင်္သေ့ဖြူက သူ့မျက်နှာပေါ်သို့ ခုန်တက်လာစဉ် ပျင်းရိစွာ ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၀၈ မီးကို ဂရုစိုက်

“ညီမလေး.. ဒါက ဘာကိုရှာနေတာလဲ” ဂိုဒီက ဥဒေါင်းမျက်နှာကို ရိုက်လိုက်သည်။

“မင်းအစ်ကို.. ငါ ဂိုဒီက လက်ညိုးတောင်မထိုးရသေးဘူး” ဂိုဒီက မောက်မာစွာ ပြောင်နေသော ခေါင်းကို ပွတ်လိုက်သည်။ “ငါ မင်းကို တိုက်ခိုက်ရင် မင်းမျက်စိတင်မကဘူး.. လက် ဒါမှမဟုတ် ခြေတစ်ချောင်း ဆုံးရှုံးသွားလိမ့်မယ်”

စကားပြောပြီးနောက် ဂိုဒီသည် ခေါင်းကိုလှည့်ကာ ကောင်းဖန်နှင့် ဒန်ဘီတို့အား “ငါပြောတာမှန်တယ်မလား ကွန်မန်ဒါကောင်းနဲ့ အစ်ကို ဒန်ဘီ” ဟု ပြောလိုက်သည်။

ခြင်္သေ့ဖြူက မယုံနိုင်လောက်အောင် ခံစားနေရသည်။ အရင်တုန်းကတော့ ဥဒေါင်း နဲ့ တိုက်ခိုက်တုန်းက အသတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာ မီးစွမ်းအားကို အာရုံပြောင်းအောင် ကူညီရန် အခြားသားရဲများ ရှိခဲ့သောကြောင့် အဆင်ပြေခဲ့သည်။ ထိုအချိန်တွင် ဤငှက်သည် အရှင်သခင်အဆင့် သားရဲတစ်ကောင်ပင် မဟုတ်သေးပေ။

ခြင်္သေ့ဖြူသည် ယခင်က အနက်ရောင်ဇာမဏီ တောင်တန်း၌ အရှင်သခင်အဆင့် မရှိတာကို မှတ်မိနေသေးသည်။ အုပ်စိုးရှင်အဆင့် စိုးမိုးသူလည်း မရှိခဲ့ပေ။ သို့သော် အရှင်သခင်အဆင့် မှလွဲ၍ ဧကရာဇ်အဆင့်သားရဲကောင်ရေ ဒါဇင်များစွာရှိသောကြောင့် ထိုအခြေအနေသည် “သာမာန်တိုက်ပွဲဝင်နေသော စစ်ဘုရင်များ” နှင့် ဆင်တူသည်။ အဲဒီအခါမှာ ဥဒေါင်းက ထိပ်ကနေ ပေါ်ထွက်လာသည်။

ရိုးရိုးသားသားပြောရရင် ငှက်က ဘယ်လိုရောက်လာမှန်းမသိပေ။ သူမသည် အနက်ရောင်ဇာမဏီ တောင်တန်းတွင် ရုတ်တရက် ပေါ်လာပြီး အခြားသားရဲများကို စတင်တိုက်ခိုက်သည်။ နှစ်အနည်းငယ်အတွင်း သူမသည် အနက်ရောင်ဇာမဏီ တောင်တန်းတွင် အရှုပ်အထွေးတစ်ခုကို ဖန်တီးခဲ့သည်။

ဥဒေါင်းသည် ပိုသန်မာလာခဲ့သည်။ တစ်နေ့တွင် သူမသည် အရှင်သခင်အဆင့်သို့ ချိုးဖောက်သွားသည်။

ထိုအချိန်တွင် ဒဏ္ဍာရီစွမ်းရည်ဆင့် ခြင်္သေ့ဖြူသည် အောင်မြင်မှုတစ်ခုအတွက် အလားအလာအရှိဆုံး ဧကရာဇ်အဆင့်သားရဲအဖြစ် ဂုဏ်တင်ခံခဲ့ရသည်။ သူ့ကိုယ်သူလည်း တွေးထားသည်။ မည်သူမျှ ဥဒေါင်း၏ လျှို့ဝှက်အောင်မြင်မှုကို မမျှော်လင့်ထားခဲ့ပေ။

ထုံးစံအတိုင်း ခြင်္သေ့ဖြူက သည်းမခံနိုင်ပေ။ သူက ဥဒေါင်းကို ဝန်းရံတိုက်ခိုက်ရန် အခြား ဧကရာဇ်အဆင့် သားရဲခုနစ်ကောင်ကို ခိုးကြောင် ခိုးဝှက်ဖြင့် ခေါ်ခဲ့သည်။ သို့‌သော် သူတို့ တယောက်ပြီးတယောက် အသတ်ခံရတာနဲ့ ပြီးသွားခဲ့သည်။ ဥဒေါင်းသည် သူမ၏ အစွမ်းသတ္တိကို ပြသပြီး ရန်သူအားလုံးကို ဖျက်ဆီးခဲ့သည်။

ခြင်္သေ့ဖြူသည် ကံကောင်းခဲ့သည်။ သို့သော် သူသည် အနက်ရောင် ဇာမဏီ တောင်တန်း၌ မနေနိုင်တော့ပေ။ သူလွတ်မြောက်ရန်အခွင့်အရေးကိုရှာတွေ့ပြီး အထီးကျန်ဝင်္ကဘာကို လုယူလိုက်သည်။ သူသည် ငြိမ်သက်စွာအိပ်ရန် ဝင်္ကဘာကိုအသုံးပြုခြင်ခဲ့သည်။ ပြီးတော့ အရှင်သခင်အဆင့်ကိုချိုးဖောက်ပြီးနောက်မှာ ပြန်တိုက်ခိုက်ချင်လာသည်။

ခြင်္သေ့ဖြူသည် သူ့ကို လုပ်ကြံသူက ဒီဥဒေါင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သတိရမိသည်။ ထိုအရာကို သူတွေးလိုက်သောအခါ ခြင်္သေ့ဖြူသည် ပို၍ စိတ်မချမ်းသာဖြစ်လာသည်။ သူသည် ဥဒေါင်း၏ဦးခေါင်းကို သူ၏လက်သည်းဖြင့် ရိုက်ပုတ်လိုက်ပြီး သူမသည် သတိမေ့ စေလုနီးပါးဖြစ်သွားသည်။

“အားနည်းလွန်းတယ်” ခြင်္သေ့ဖြူက အေးစက်စွာ အော်ဟစ်လိုက်သည်။ “ဒီနှစ်တွေမှာ မင်း အများကြီး တိုးတက်မလာပါဘူး... ငါက အဆင့် ၇၈ မှာရှိနေပြီ... ဒါတောင် မင်းအဆင့်က ၇၇ မှာရှိနေတုန်းပဲ”

ခြင်္သေ့ဖြူသည် ကောင်းဖန်နှင့် သွေးစာချုပ်ချုပ်ဆိုခြင်းသည် သူ့ဘဝ၏ အလိမ္မာဆုံးရွေးချယ်မှုဖြစ်ကြောင်း ရုတ်တရက် ခံစား လိုက်ရသည်။ ကောင်းဖန်သည် တစ်ခါတစ်ရံတွင် မယုံကြည်ရသော်လည်း မကြာခဏဆိုသလို အားကိုးအားထားပြုနိုင်သည်။ အနည်းဆုံးတော့ သူ့ရဲ့ လမ်းညွှန်မှုအောက်မှာ သူ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာသည်။

ဂိုဒီ နှင့် ခြင်္သေ့ဖြူ တို့သည် ဥဒေါင်း ကို လှောင်ပြောင်လိုက်ကြသည်။

“ငါ့ကို သတ်လိုက်.. ငါ့ကို စော်ကားတာက မင်းကို သူရဲကောင်းတစ်ယောက် မဖြစ်စေဘူး” ဟု ဥဒေါင်းက ကျယ်လောင်စွာ ပြောလိုက်သည်။

“ဒါဆို မင်းဆန္ဒတွေ ဖြည့်ဆည်းပေးမယ်..” ခြင်္သေ့ဖြူသည် ပြုံးလိုက်ပြီး လည်ပင်းပေါ်တွင် ခြေသည်းများကို တင်လိုက်သည်။ လုပ်ရမှာက လည်ချောင်းကို အားနည်းနည်းနဲ့ ဖောက်လိုက်တာပဲ ဖြစ်သည်။

“ခဏလေး.. ငါနောက်နေတာ” ဥဒေါင်းသည် ရုတ်တရက် နောက်ပြန်ဆုတ်သွားသည်။

မီးတောင်ထဲမှာရှိနေဆဲ ဥဒေါင်းလေး ၃ ကောင်အကြောင်း သူမတွေးမိလိုက်သည်။ သူမသေဆုံးသွားပါက ရက်စက်ကြမ်းကြုတ်သော အနက်ရောင် ဇာမဏီ တောင်တန်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ မရေတွက်နိုင်သော သားရဲများသည် ၎င်းတို့ကို စားချင်‌ေနကြသည်။

“အိုး” ခြင်္သေ့ဖြူသည် လှောင်ပြောင်လိုက်သည်။

သူမရှင်းပြတာကို နားမထောင်ချင်ပေ။ ယခု သူလိုချင်သမျှက ငှက်ကလေးကို သတ်ပစ်ရန်ဖြစ်သည်။

“ငါက အနက်ရောင် ဇာမဏီတောင်တန်းရဲ့ဘုရင်ပဲ” ဥဒေါင်းက လေးနက်စွာပြောလိုက်သည်။ “အနက်ရောင် ဇာမဏီတောင်တန်း မှာ ငါပြောသမျှ ဖြစ်တယ်... တောင်တန်းကို ထိန်းချုပ်နိုင်အောင် ငါကူညီပေးနိုင်တယ်.. အနက်ရောင် ဇာမဏီတောင်တန်းဘုရင်အဖြစ် နောက်ထပ် သားရဲတစ်ကောင်ကို ပြန်လည်မွေးမြူဖို့ဆိုတာ အချိန်ကုန်ပြီး ပင်ပန်းရလိမ့်မယ်.. အဆင်သင့်ရှိနေတဲ့ဟကာ ပိုကောင်းပါတယ်.. မင်းက လူသားတွေ အကျိုးပြုဖို့ ရှာနေတာ မဟုတ်ဘူးလား..”

ကောင်းဖန်က ဒီဥဒေါင်းက အလွန်ဉာဏ်ကောင်းသည်ဟု တွေးလိုက်မိသည်။

ခြင်္သေ့ဖြူကို ရပ်တန့်ဖို့ ကောင်းဖန်က ပြောလိုက်သည်။ “မဟုတ်ဘူး.. ငါပိုင်ဆိုင်တဲ့ စားသောက်ဆိုင်က ထမင်းချက်ဖို့ လိုအပ်နေသေးတယ်... မီးကို ဂရုစိုက်လို့ရတယ်”

ဥဒေါင်းကို မည်သည့်ရှင်းပြချက်မှ မပေးဘဲ ကောင်းဖန်က ဒန်ဘီကို သူမကို ဆွဲထုတ်သွားခိုင်းလိုက်သည်။ ဒန်ဘီ၏ ကြောက်မက်ဖွယ် ကောင်းသော အရိပ်အယောင်မှ သူတော်စင်အဆင့်ကို အာရုံခံမိပြီးနောက် ဥဒေါင်း လုံးဝကြေကွဲသွားသည်။

အချိန်အတော်ကြာသွားပြီဟု သူမကို သူမသတိပေးရင်း “ခဏနေဦး” ဟု အော်ဟစ်လိုက်သည်။

မီးတောင်ထဲတွင် သူမ၏ အသိုက်အမြုံများကို မထားခဲ့နိုင်မှန်း သူမသိသည်။ သူတို့ကို ခေတ္တထားထားခဲ့တာက အဆင်ပြေပေမယ့် အချိန်ဆွဲထားရင် ဒုက္ခရောက်လိမ့်မည်။

“အနက်ရောင်ဇာမဏီတောင်တန်းရဲ့ မီးတောင်ဝမှာ ငါ့မှာ သားသမီး သုံးယောက်ရှိသေးတယ်” စီရင်ချက်ချပြီးနောက်တွင် သူမ၏ ခွန်အားများ ကုန်ဆုံးသွားပုံရသည်။

ကောင်းဖန်က သူမကို ပြန်ကြည့်လိုက်သည်။

သူမကမိခင်တစ်ယောက်ဖြစ်တာကြောင့် သူမသေမှာကို ကြောက်နေတာ အံ့သြစရာမဟုတ်ပေ။

“ကောင်းပြီ.. ဒန်ဘီ သူ့ကို ခဏလောက် ပြန်ခေါ်ခဲ့လိုက်” ဟု ကောင်းဖန်က ပြောလိုက်သည်။ “သတိရအုံး...ဒီည မီးကိုဂရုစိုက်ဖို့ စားသောက်ဆိုင်မှာ ထမင်းချက်ဖို့ လိုနေသေးတယ်”

ဥဒေါင်းနှင့် ဒန်ဘီတို့ အဝေးသို့ ပျံသန်းသွားပြီးနောက် ရှုချင်းကျီ တိုးတိုးလေးပြောပြီး “သခင်လေး.. သူ့မှာ ငယ်ရွယ်တဲ့ သားသမီးတွေရှိလို့ အရှုံးပေးလိုက်ရတာလေ.. ရှင့်မှာ သူ့ကို ကိုင်တွယ်နိုင်တဲ့နည်းရှိပြီးသာကို ဘာလို့ တိုက်ရိုက်မပြောတာလဲ…” ဟု ပြောလိုက်သည်။

“မလိုပါဘူး” ကောင်းဖန်က သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

ညနေပိုင်းတွင် ဒန်ဘီနှင့် ဥဒေါင်တို့က အနက်ရောင်ဇာမဏီတောင်တန်းမှ ပြန်လာကြသည်။ ဥဒေါင်း၏နောက်ဘက်တွင် ရှုပ်ယှက်ခတ်နေသော ငှက်လေးသုံးကောင်ရှိသည်။ သူတို့က တုန်တုန်ယင်ယင်နဲ့ ဝိုင်းဖွဲ့နေပြီး သူစိမ်းတွေကို ကြည့်နေကြသည်။

ဒေါသမျက်လုံးတွေကြားမှ ကောင်းဖန်သည် အထွားဆုံးကလေးငယ်ကို ကောက်ယူလိုက်သည်။ ဤဒေါင်းလေး များ၏ အနက်ရောင်အမွေးများ ကောင်းစွာ ကြီးထွား‌ေနကြသည်။ သူတို့သည် သွယ်လျသော ကျီးကန်းတစ်ကောင်နှင့်တူသည်။ ကလေးငယ်ဖြစ်နေသော်လည်း ငန်းအရွယ်ဖြစ်သည်။

“ငါ့ကို သွားခွင့်ပြုပါ... လွှတ်ပါ ဒါမှမဟုတ်ရင် အမေ့ကို ရိုက်ခိုင်းလိုက်မယ်” ဒေါင်းကလေးက ဒေါသတကြီး ပြောလိုက်သည်။

ကောင်းဖန်က ၎င်း၏ ဦးနှောက်လေးကို လှန်လိုက်သည်။ “နောက်ထပ် အဓိပ္ပါယ်မရှိတာတွေပြောတာနဲ့ ငါမင်းကိုစားမယ်.. ဂိုဒီ ဒီကိုလာ”

ကြောက်စရာကောင်းတဲ့ ထိပ်ပြောင်နေတဲ့ ဂိုဒီကို လှမ်းမြင်လိုက်ရုံနဲ့ ဒေါင်းလေး ပါးစပ်ပိတ်ဖို့ လုံလောက်သွားသည်။ ခဏအကြာတွင် ကောင်းဖန်က သူ့လက်ထဲက ဒေါင်းကလေး တုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။

“ဒီငှက်လေးကို လိုချင်တဲ့သူရှိလား” ကောင်းဖန်က ရှုချင်းကျီနဲ့ ကျန်သူတွေကို မေးလိုက်သည်။

ကောင်းဖန်၏ မေးမြန်းမှုများကို ကြားသောအခါတွင် လူများ စိတ်ဝင်တစားရှိလာသည်။ ဒါတွေအားလုံးက အရှင်သခင်အဆင့် သားရဲတစ်ကောင် အသိုက်ထဲကဖြစ်သည်။ ၎င်းကို မွေးမြူထားသရွေ့ ၎င်းသည် အရှင်သခင်အဆင့် သားရဲအဖြစ် ကြီးထွားရန် အလားအလာရှိသည်။

ဥဒေါင်းကို ချီတုံချတုံ စိုက်ကြည့်ပြီးနောက် ရှုချင်းကျီ ဒေါင်းကလေးဆီသို့ ပြေးသွားပြီး ခေါင်းကို ထိလိုက်သည်။ သူက တိုးတိုးလေး ပြောလိုက်သည်“ငါ့နောက်ကိုလိုက်ချင်လား”

ငှက်ကလေးသည် သဘာဝအားဖြင့် အလိုမရှိပေ။ သို့သော် မိခင်၏ မျက်လုံးများတွင် သတိပေးသည့် အရိပ်အယောင်ကို မြင်လိုက်ရသည်။ ထို့ကြောင့် မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် သူသည် မကျေမနပ် ခေါင်းညိတ်ရုံသာ ရှိတော့သည်။

All Chapters