အခန်း (၅၅၇-၅၆၀)
Vol. 35 Ch. 557-560
အခန်း ၅၅၇ ယွိကျိုးမှ လျှိုဝှက်ဆန်းကြယ်သော စွမ်းအား
"မြင်တဲ့အတိုင်းပါပဲ..... အခြေစိုက်မြို့အသီးသီးက အဖွဲ့တွေက ကွင်းထဲကို ဝင်လာနေကြပါတယ်... ပထမတန်းက ဟွားဝူ အထက်တန်းကျောင်းဖြစ်ပြီး သူတို့က ယမန်နှစ်က ပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်.... ယခုနှစ်မှာ တိတူ အခြေစိုက်မြို့မှ သုံးသင်းပါဝင်ပြီး တိတူကဆိုရင် အသင်းသုံးသင်းဖြင့် တစ်ခုတည်းသော အခြေခံမြို့ဖြစ်ပါတယ်...”
"အခု ရှေ့ဆုံးက ဟွားဝူအထက်တန်းကျောင်းဖြစ်ပြီး မနှစ်ကချန်ပီယံပါ"
အခမ်းအနားမှူး၏ လှိုက်လှိုက်လှဲလှဲဖြစ်သော အသံနှင့်အတူ စူးစူးဝါးဝါး အော်သံများနှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ကွင်းထဲမှ ထွက်ပေါ်လာတာကြားနေရသည်။
"ကျူးထျန်လဲ့… ငါ မင်းကို မျောက်တစ်ကောင် ပေးချင်တယ်!"
"ကျူးထျန်းလဲ့ မင်းက အကောင်းဆုံးပဲ....."
ကွင်းထဲမှ လူအုပ်ကြီးက ရူးသွပ်စွာ အားပေးပြီး အော်ဟစ်နေကြသည်။
လမ်းကြားတွင်ရှိနေဆဲဖြစ်သော ကောင်းဖန်က သူ့ရင်ဘက်ပေါ်လက်တင်လိုက်ပြီး “တွေ့လား… ဒါက အကောင်းဆုံး ကုသမှုပဲ” ပဲ ပြောလိုက်သည်။
သူ့နောက်မှာ ရပ်နေတဲ့ ကလေးငါးယောက်က ကျဉ်းမြောင်းတဲ့ လမ်းလေးဘေးကနေ လှမ်းကြည့်လိုက်သည်။ အဖွဲ့သားများသည် နေရောင်အောက်တွင် ရွှန်းလဲ့နေသည့် ရွှေရောင်ဝတ်စုံများဖြင့် လမ်းလျှောက်လာကြသည်။
“အသန်မာဆုံးသူတွေသာ အော်ဟစ်အားပေးခြင်းနဲ့ ထိုက်တန်ကြတယ်...” ကောင်းဖန်က အဖွဲ့ဆီသို့ ညွှန်ပြလိုက်သည်။ “ဒီနှစ်မှာ ချန်ပီယံဆုရရင် မင်းတို့ရဲ့အတန်းငယ်ကလူတွေကို နောက်နှစ်မှာလည်း ဒီလိုဆက်ဆံကြလိမ့်မယ်...”
ကလေးငါးယောက် အသက်ရှုကြပ်သွားပြီး ကြိုးစားချင်စိတ် ပြင်းပြလာကြသည်။ သူတို့သည် အခုချက်ချင်းတောင်ထွက်ပြီး ဟွားဝူ အထက်တန်းကျောင်း အဖွဲ့ကို အနိုင်ယူကာ သူတို့ရဲ့ အရည်အချင်းတွေကို သက်သေပြဖို့ ဆန္ဒရှိနေကြသည်။ ကောဟွမ်မှလွဲ၍ ကျန်လေးယောက်က နတ်ဘုရားအဆင့်သို့ တက်လာပြီးကတည်းက အခြားလေးယောက်မှာ အနည်းငယ် မာနကြီးလာကြသည်။
"ကျောင်းအုပ်ကြီး...ကျူထျန်းလဲ့က ချန်ကျန်းထန်ရဲ့ဝမ်းကွဲဖြစ်ပြီး သူ့ပရိသတ်တွေက 'နှစ်ထပ်ဘုရင်'လို့ သိကြတယ်လို့ ကျွန်တော် ကြားထားတယ်... သူက နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူပဲဟာကို သူ့ကိုယ်သူ ဘုရင်လို့ ဘယ်လိုတောင် ခေါ်ရဲတာလဲ....သူက ငတုံးပဲကို..” ဝေ့ကုန်းဖန် က ဟစ်အော်လိုက်သည်။
"ဝေ့ကုန်းဖန် သိပ်ရိုင်းစိုင်းမနေနဲ့" ဝမ်ကျူးကျူးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဝေ့ကုန်းဖန် က မျက်လုံးပြူးလိုက်သည်။ “ကျောင်းအုပ်ကလွဲရင် ငါဘာကိုမှ မကြောက်ဘူး”
“စစ်မှန်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီလိုပြောသင့်ပါတယ်…” မို့ယင်းမင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
“မှန်ကန်တဲ့လူတွေ ဘာတွေတော်တော့... မင်းတို့တွေအားလုံးက အရွယ်မရောက်သေးတဲ့ ကလေးတွေချည်းပဲ... ချန်ပီယံဖြစ်လာပြီး မင်းတို့ရဲ့လစဉ်စာမေးပွဲတွေမှာ တိုးတက်စေဖို့သာ သွားပြင်ဆင်ကြစမ်းပါ..." ကောင်းဖန်က သူတို့ကို မညှာတာပြောလိုက်သည်။
ကလေးတွေရဲ့ စိတ်အားထက်သန်မှုက ရေအေးနဲ့ လောင်းချလိုက်သလိုပဲ ငြိမ်ကျသွားတော့သည်။ ငါ့တို့မှာ လစဉ် စာမေးပွဲ တွေ ရှိနေသေးတာပဲ...
"ကျောင်းအုပ်ကြီး... ကျွန်တော်တို့က ကျောင်းဂုဏ်ကိုဆောင်ဖို့ ဂုဏ်ယူဖို့ ကြိုးစားနေတာဆိုတော့ ကျွန်တော်တို့ကို စာမေးပွဲမစစ်လို့ မရဘူးလား" ဝေ့ကုန်းဖန်က မေးလိုက်သည်။ သားရဲများမှလွဲပြီး အခြားဘာသာရပ်အားလုံးမှာ သူ့ရဲ ရလဒ်တွေက ညံ့ဖျင်းလွန်းသည်။ ထို့ကြောင့် လစဉ်စစ်ဆေးမှုများသည် သူ့အတွက် အိပ်မက်ဆိုးတစ်ခုလိုပင်။ သူ့ရလဒ်တွေ ထွက်လာတိုင်း သူ့အမေက ဆူပူကြိမ်းမောင်းတတ်သည်။
ကောင်းဖန်က ဝေ့ကုန်းဖန်ကို “မင်းက ငါ့ကို နောက်နေတာလား”
ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
ဝေ့ကုန်းဖန်က လန့်ပြီး ရှက်သွားသည်။
သူတို့နှင့် မနီးမဝေးမှာ ရှိနေတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့စကားတွေကို ကြားပြီးနောက် အရယ်မောဘဲ မနေနိုင်တော့ချေ။ ဘယ်ဘက်တွင် အနက်ရောင် ဆံပင်မြင့်မြင့်စီးထားတဲ့ မိန်းကလေးက မရယ်မိဖို့ကြိုးစားရင်း အကြည့်လွှဲသွားသည်။ သူမ၏ ပခုံးများသည် အနည်းငယ် တုန်ခါသွားသည်။
"မင်းဘာရယ်တာလဲ" ကျာကျန်းကျင်း က မကျေမနပ်နဲ့ မေးလိုက်သည်။
ဝေကုန်းဖန်က ကျာကျန်းကျင်း၏ခါးကိုဆွဲကာ သူ့နားထဲ တိုးတိုးလေးပြောလိုက်သည်။ "သူက မိန်းကလေးလေ... သူနဲ့ဘာလို့ ရန်ဖြစ်နေရတာလဲ"
"ဘာဖြစ်လဲ... သူက ငါတို့ကို ရယ်နေတာလေ" ကျာကျန်းကျင်း က လက်မခံနိုင်ဖြစ်သွားသည်။
ဝေ့ကုန်းဖန်က အံ့သြသွားသည်။
ဆံပင်စီးထားတဲ့ ကောင်မလေးက တော်တော်လေးလှသည်။ သူ့အဖွဲ့ထဲက ကောင်လေး တော်တော်များများက သူမကို ဘေးကနေ ကြည့်နေကြသည်။ သူတို့သည် သူမကို အထင်ကြီးသူများ သို့မဟုတ် တစ်စုံတစ်ခုကိုကြိုက်သူများဖြစ်ပုံရသည်။ သူမကို အထင်ကြီး လေးစားသူများသည် ကျာကျန်းကျင်း၏စကားကို မခံနိုင်ဘဲ မတ်တပ်ထရပ်လိုက်ကြသည်။
“မင်းတို့ မနှစ်က အဆင့်ရှစ်ပဲ ရတာနော်... အရမ်းကြီး မာနကြီးမနေနဲ့..."
အဆင့် ၈ နေရာကသူက အဆင့် ၁ နေရာက သူတွေကို စိန်ခေါ်ချင်နေတယ်... မင်းရဲ့ယုံကြည်မှုက ဘယ်ကရနေတာလဲ"
ကျာကျန်းကျင်ကို ဖျောင်းဖျနေတဲ့ ဝေ့ကုန်းဖန်က ချက်ချင်းပဲ ဒေါ်သထွက်သွားသည်။
"မင်းကရော အဆင့် ၇ နေရာနဲ့ မင်းအရမ်းတော်လို့ ရတယ်ထင်နေတာလား... မနှစ်တုန်းက စီနီယာ လီကျွင်းကျုံးရဲ့ သားရဲသာ အဲဒီလူရဲ့ ရိုက်နှက်မှုမျိုးမခံရရင် မင်း အဆင့် ၇ နေရာ တောင် ရမှာ မဟုတ်ဘူး”
နှစ်ဖက်စလုံးက ခဏတာ အငြင်းပွားနေခဲ့သည်။ ကောင်းဖန်က မြင်နေရတာကို ရပ်တန့်ခြင်း သို့မဟုတ် အားပေးခြင်းမရှိဘဲ ငြိမ်သက်စွာ ကြည့်ရှုနေသည်။ သူ့အတွက်ကတော့ ရယ်စရာကောင်းတဲ့ ရန်ပွဲတစ်ခုပါပဲ။ တစ်ချိန်က ငါလည်း သူတို့လိုပါပဲ...
ဆူညံလာသည်နှင့်အမျှ ဝန်ထမ်းများက ၎င်းတို့ထံ ချဉ်းကပ်လာသည်။ ကောင်းဖန်က ချောင်းဟန့်လိုက်သည်။ "တော်တော့ ကွင်းထဲကို ဝင်ဖို့ အသင့်ပြင်ထား..."
ကောင်းဖန်၏ အသံက ငြင်းခုံနေကြတဲ့လူတွေရဲ့အသံကို တိတ်သွားစေသည်။ သူ့အသံက မကျယ်ပေမယ့် လူတိုင်းအတွက် ကြားရလောက်အောင် ရှင်းလင်းပြတ်သားသည်။
နားမလည်နိုင်သော တုန်လှုပ်မှုများနှင့် ယောင်္ကျားလေးများနှင့် မိန်းကလေးများသည် ပါးစပ်ပိတ်ထားလိုက်ကြသည်။ အနားရောက်လာသော ဝန်ထမ်းများက ရပ်တန့်သွားကြသည်။
မိနစ်ဝက်လောက်ကြာတော့ သူတို့နဲ့ စကားများတဲ့အဖွဲ့ဟာ လျှောက်လမ်းက ထွက်သွားပြီး ကွင်းထဲကို ဝင်သွားသည်။ မထွက်ခွာမီ ကောင်လေးအချို့က ဝေ့ကုန်းဖန် နဲ့အဖွဲ့ကို ရန်စရန် တိတ်တဆိတ် လှည့်ကြည့်လိုက်သေးသည်။
"တော်လောက်ပြီ... မင်းရဲ့လျှာကိုသုံးပြီး ပြိုင်တတ်အောင် ငါဘယ်တုန်းကသင်ပေးခဲ့တာလဲ... ကွင်းထဲမှာ သူတို့ကို အနိုင်ယူတာက စကားလုံးပေါင်းများစွာထက်တန်တယ်” ဟုကောင်းဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
အခုက သူတို့ ကွင်းထဲသို့ လျှောက်လှမ်းရမည့် အလှည့်ဖြစ်သည်။ ကွင်းနှစ်ဘက်စလုံးတွင် အော်ဟစ်အားပေးသံများ အပြည့်ဖြစ်ပြီး လက်ခုပ်သြဘာသံများကို ကြားနေရသည်။
ဝင်ခွင့်အစီအစဉ်သည် ပထမနေရာမှ ရှစ်နေရာအထိ ယခင်နှစ်၏ အဆင့်အပေါ်မူတည်နေသည်။ အချိန်အတော်ကြာအောင် အော်ဟစ်ပြီးနောက် ပရိသတ်၏ လည်ချောင်းများ ပြာလာသည်။
ကောင်းဖန်က သူ့ကို တစ်စုံတစ်ယောက် စောင့်ကြည့်နေတာကို သတိထားမိသည်။
ရှေ့ဘက်အသင်းမှ အပြာရောင်ဝတ်စုံ ဝတ်ထားသည့် အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးသည် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ကြမ်းတမ်းသော်လည်း ရိုးရှင်း သော မျက်နှာအသွင်အပြင်ရှိသည်။
တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလူ၏ သူ့မျက်နှာကို သူမမှတ်မိတော့ချေ။
ငါးသေနှင့်တူသော မျက်လုံးများသာ စိတ်ထဲစွဲသွားသည်။
ပင်လယ်ငါးဝတုတ်ကြီးအကြောင်းကို ကောင်းဖန်သတိရမိပေမယ့် တကယ်တော့ မဟုတ်ပါချေ။ ငါးဝတုတ်ကြီးက သူ့ထက် ပိုပြီး ချစ်စရာ ကောင်းသည်။
ဒုတိယက မဲနှိုက်ရန်ဖြစ်သည်။ ဟွာရှားအထက်တန်းကျောင်း ပြိုင်ပွဲ၏ စည်းမျဉ်းများသည် ရိုးရှင်းသော်လည်း ကြမ်းတမ်းသည်။ အသင်းများသည် ၎င်းတို့၏ ပြိုင်ဘက်များကို ဆုံးဖြတ်ရန်အတွက် ၎င်းတို့၏ မဲရလဒ်အပေါ် မူတည်၍ တစ်ဦးချင်း ယှဉ်ပြိုင်ရသည်။
အနိုင်ရသူများသည် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်သူများက ထွက်ခွာရမည်ဖြစ်သည်။ ဖယ်ထုတ်ခံရသည့် အဖွဲ့သည် ၎င်းတို့၏အဆင့်ကိုသတ်မှတ်ရန် အခြားနေရာတစ်ခုတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ကြောင့် မော့တူ အားကစားကွင်းတွင် အုပ်စုနှစ်စုသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ဘက်မရှိသော အသင်းများနှင့် အနိုင်ရသည့်အသင်းများဖြစ်သည်။
အတွဲလိုက်အားလုံးကို ကျပန်းစနစ်ဖြင့် ပေါင်းစပ်ထားသောကြောင့် သီအိုရီအရ ယခင်နှစ်မှချန်ပီယံသည် ပထမအကျော့တွင် ပထမအဆင့် အသင်းနှင့် ရင်ဆိုင်ရနိုင်သည်။
အသင်းများသည် သန်မာသောအသင်းများနှင့် ထိတ်တိုက်မတွေ့ရန် တိတ်တဆိတ် ဆုတောင်းနေကြသည်။ သူတို့၏အမြင်တွင် ထျန့်ကျဲကျောင်းသည် သန်မာသောအသင်းတစ်ခုဖြစ်သည်။
ဂဏန်းများသည် ၎င်းတို့၏ ဦးခေါင်းအထက် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး ရပ်သွားသည်။ ၃၇-၁..
အသင်းအားလုံးရဲ့ ရင်ခေါင်းသံတွေ ကြားလိုက်ရသည်။
လူတော်တော်များများ စိတ်သက်သာရာ ရလိုက်ကြသည်။ ဆက်လက်အနိုင်ရပါက ဟွားဝူ အထက်တန်းကျောင်းကို အနှေးနှင့်အမြန် ရင်ဆိုင်ရမည်ဟု သူတို့သိထားသော်လည်း နောက်ပိုင်းမှသာ ၎င်းတို့ကို ရင်ဆိုင်ခြင်းဖြင့် အဆင့်ပိုကောင်းလာရန် မျှော်လင့်ခဲ့ကြသည်။
မနှစ်က အဆင့် ၃၇ နေရာတွင် ရပ်တည်ခဲ့သော သူတို့အသင်းအတွက် 'သူတစ်ပါးသေစေခြင်းသည် မိမိကိုယ်ကို သေစေခြင်းထက် ပိုကောင်းသည်' ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်နေသည်။
ကောလဟာလတွေအရ ဟွားဝူအထက်တန်းကျောင်းမှ နတ်ဘုရားအဆင့်သားရဲ သုံးဦးဟာ ဒီနှစ်မှာ ယှဉ်ပြိုင်မယ်လို့ သိရသည်။ ယင်းကြောင့် လူများစွာ စိတ်ပျက်လက်ပျက် ဖြစ်ရသည်။
နတ်ဘုရားအဆင့် သားရဲတွေ... သူတို့တွေက
အထက်တန်းကျောင်းသားတွေတောင်ဟုတ်ရဲ့လား... ဒီအဖွဲ့အစည်းထဲကို အချိန်အကြာကြီး ဝင်လာခဲ့တဲ့ လူကြီးတွေတောင် ဒီလို ခွန်အားတွေ ရှိမှာ မဟုတ်ဘူး.. အခုတော့ သူတို့သည် နတ်ဘုရားအဆင့် ရောက်ခြင်းဖြင့် အဆင့်မြင့် သားရဲလေ့ကျင့်သူတွေ ဖြစ်နေပြီဖြစ်သည်။
အခြေခံမြို့ငယ်များစွာတွင် နတ်ဘုရားအဆင့်သားရဲလေ့ကျင့်သူ တစ်ဦး သို့မဟုတ် နှစ်ယောက်သာ ရှိကြသည်။
မဲနှိုက်ခြင်းကို လျင်မြန်စွာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးတွင် ကောင်းဖန်တို့ ကျောင်း၏ နံပါတ်ကို စခရင်ပေါ်တွင် မြင်တွေ့ခဲ့ရသည်။ ၈ -၇..
ပရိသတ်က ပင့်သက်ရှိုက်လိုက်ကြသည်။ ဤသည်မှာ ယခုအချိန်အထိ ဂဏန်းတစ်လုံးတည်း အသင်းနှစ်သင်းကို ရွေးချယ်ခံရသည့် တစ်ခုတည်းသောအကြိမ်ဖြစ်သည်။
ကျာကျန်းကျင်းသည် အရေးထဲ နှာမွှန်နေသည်။ "ဒါက ဘယ်လိုကံတရားလဲ"
မို့ယင်းမင်နှင့် ဝေ့ကုန်းဖန်တို့ နှစ်ယောက်စလုံး ပြုံးလိုက်ကြသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၈ အလင်းအမှောင် စုံတွဲဝံပုလွေ
ကြိုးစားလိုစိတ်ပြင်းပြသော ကလေးငါးယောက်နှင့် နှိုင်းယှဉ်ပါက လော့ယန် ရှန်းဟွား အထက်တန်းကျောင်း၏အဖွဲ့သည် မပျော်ရွှင်နိုင်ပေ။ တိုက်ပွဲတွင် အသံအကျယ်ဆုံးဖြစ်ခဲ့သည့် ကျောင်းသားနှစ်ဦးမှာ အနည်းငယ် ပျာယာခတ်သွားသည်။
သူတို့ရဲ့ ရန်ဖြစ်မှုတွေကလွဲရင် ဝေ့ကုန်းဖန် ပြောသလိုပဲ သူတို့မှာ အင်အားမရှိတာကို ရှင်းရှင်းလင်းလင်း သိသည်။ အကယ်၍ နောက်ဆုံးပြိုင်ပွဲမှာ လီကျွင်းကျုံး၏ သားရဲက ချန်ကျန်းထန်ရဲ့ သားရဲကြောင့် အရိုက်မခံရဘူးဆိုရင် သူတို့က အဆင့်ခုနစ်နေရာတောင် မရောက်နိုင်ပေ။
ဝေ့ကုန်းဖန်နှင့် သူ့အဖွဲ့၏ ရန်စသည့်အမူအရာများကို ကြည့်ရင်း ဖုစစ်ချိန် ၏အမူအရာမှာ အေးစက်သွားသည်။ သူသည် စကားများ ရန်ဖြစ်ရာတွင် အသံအကျယ်ဆုံးဖြစ်သော ကျောင်းသားဖြစ်သည်။
"ဘာကိုကြောက်တာလဲ...လီကျွင်းကျုံးက မနှစ်က သူတို့အသင်းမှာပါခဲ့တာ.... ဒီနှစ်မှာတော့ သူတို့အဖွဲ့ဝင်တွေ တစ်ယောက်မှ နာမည်မကြီးကြပါဘူး.....မနှစ်က ငါတို့ရှုံးပေမယ့်....ဒီနှစ် သူတို့ကို အနိုင်ပြန်ယူနိုင်တယ်...”
ဆယ်မိနစ်ကြာပြီး နောက်ဆုံးတွင် မဲနှိုက်ခြင်းအပိုင်းသည် ပြီးဆုံးသွားပြီး ကောင်းဖန်သည် ကျန်မဲပေးမှုများအား ဂရုမစိုက်နိုင်တော့ပေ။ သူ့အဖွဲ့နဲ့ အတူရှိနေပြီး နားကြပ်တပ်ကာ မျက်လုံးကိုမှိတ်ပြီး ဂီတရဲ့ စည်းချက်အတိုင်း သူ့ခြေထောက်တွေကို လှုပ်ရှားနေတော့သည်။
ကင်မရာသည် ကွင်းဘေးရှိ လူအုပ်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။ မုတ်ဆိတ်မွေးနဲ့ ဓာတ်ပုံဆရာသည် ရုတ်တရက် တစ်စုံ တစ်ခုကို သတိပြုမိပြီး မျက်လုံးများ တောက်ပလာသည်။ သူသည် သူ၏ လှုပ်ရှားမှုကို ရပ်လိုက်ပြီး လူအုပ်ထဲမှ တစ်ယောက်ထဲကို ချဲ့ကြည့်လိုက်သည်။ ထိုလူ၏မျက်နှာသည် ပိုကျယ်လာပြီး ကြည်လင်လာသည်၊ ရိုက်ချက်တစ်ခုလုံး ပြည့်လုနီးပါး ဖြစ်သွားသည်။
"ဟင်"
"အချစ်ရေ...ကြည့်ပါဦး သူမဟုတ်လား..."
"သူပြန်လာပြီလား.."
"ဟင့်အင်း... သူမဖြစ်နိုင်ဘူး.. သူသေသွားပြီလို့ အင်တာနက်မှာ ကောလဟာလတွေ ထွက်ခဲ့တယ်လေ... ဒါဆို အားလုံးက လိမ်ညာနေတာပဲ.. ဆိုရှယ်မီဒီယာက စကားတွေကို ဘယ်တော့မှ မယုံတော့ဘူး”
ထိုချန်နယ်၏ ပရိသတ် ကြည့်ရှုနှုန်းသည် အချိန်တိုအတွင်း သိသိသာသာ မြင့်တက်လာသည်။
ဟုတ်သည်။ ကောင်းဖန် ပြန်ရောက်တဲ့သတင်းဟာ လူမှုအသိုင်းအဝိုင်းတချို့မှာသာ ပျံ့နှံ့နေသည်။ သို့သော် ၎င်းသည် အခုမှ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခြင်း ဖြစ်သည်။ ကောင်းဖန်နှင့် ထျန့်ကျဲကျောင်းတို့ရဲ့ ဆက်ဆံရေးကိုလည်း ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။ သူသည်ကျောင်း၏ပထမဆုံးကျောင်းအုပ်ဖြစ်သည်။
အင်တာနက်မှာ ပွက်လောရိုက်သွားသည်။
“သူပြန်လာချင်နေတာ မဆန်းပါဘူး... ကောင်းဖန်က မနှစ်က ရလဒ်တွေကို ကျေနပ်တယ်လို့ မထင်မိဘူး...”
"သခင်ကောင်းဖန်က ကမ္ဘာမြေကြယ်ကို ပြန်လာတာ ဘုရင်လို ပိုပြီးသန်မာလာဖို့ပဲ ရှိတယ်...ထွက်ပြေးသွားတယ်လို့ ပြောတဲ့သူတွေ ဒီည သတိထားကြ...”
မဲခွဲမှုပြီးဆုံးပြီးနောက် အထက်တန်းကျောင်းပြိုင်ပွဲကို တရားဝင်စတင်လိုက်သည်။ ပထမအချီမှာ ဟွားဝူ အထက်တန်းကျောင်းနှင့် ချင်းမိန် ပထမအထက်တန်းကျောင်းကြား တိုက်ပွဲဖြစ်သည်။
ဟွားဝူအထက်တန်းကျောင်းနှင့် နှိုင်းယှဉ်ပါက ချင်းမိန် ပထမအထက်တန်းကျောင်းသည် အလွန်တင်းမာနေပြီး အဖွဲ့ဝင်များသည် ဖိစီးမှုခံရသည်။ ချင်းမိန် ပထမအထက်တန်းကျောင်းအဖွဲ့သည် ဟွားဝူအထက်တန်းကျောင်းအဖွဲ့က သားရဲ နှစ်ကောင်သာ ကွင်းပြင်သို့စေလွှတ်လိုက်သည်ကို တွေ့လိုက်ရသောအခါတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
အဖွဲ့ဝင်အများအပြားက ဟွားဝူအထက်တန်းကျောင်းအဖွဲ့အား စိုက်ကြည့်နေသည်။ ဒါက စော်ကားလွန်းတာပဲ..
ချင်းမိန် ပထမအထက်တန်းကျောင်းမှ ဆရာတစ်ဦး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ဒိုင်လူကြီးဆီသို့ ပြေးသွားပြီး တစ်စုံတစ်ခုကို တိုးတိုးပြောလိုက်သည်။ ခဏကြာတော့ အေးအေးဆေးဆေး ပြန်လာသည်။
"ဆရာကျန်း… သူတို့က ကျွန်တော်တို့ကို စော်ကားတယ်... သူတို့က ကစားသမား နှစ်ယောက်ပဲ လွှတ်လိုက်တယ်” ဟု ကျောင်းသား တစ်ဦးက ညည်းညူလိုက်သည်။
"သူတို့က အရမ်းလွန်သွားပြီ"
"သူတို့က လူတွေကို ဘယ်လိုတောင် စော်ကားနိုင်ရတာလဲ"
"တော်ပြီ...ကွင်းထဲကို ဝင်လိုက်တော့.. အဲဒါသူတို့ ကိစ္စပဲ ဒီနေရာမှာ ညည်းညူနေတာထက် သူတို့ကို အနိုင်ယူဖို့ ဗျူဟာတွေ စဉ်းစားတာက ပိုကောင်းတယ်...” ဆရာကျန်းက ဒေါသထွက်နေသော်လည်း သူသည် သူတို့၏ဆရာဖြစ်သောကြောင့် ပရမ်းပတာ မပါဝင်သင့်သည်ကို သူသိသည်။ တကယ်လို့ သူသာ သူတို့နဲ့ ပါလိုက်မယ်ဆိုရင် သူ့အဖွဲ့ဟာ ဖရိုဖရဲ ဖြစ်သွားမှာ သေချာသည်။
ဆရာကျန်း၏ စကားများသည် ကျောင်းသားများ၏ စိုးရိမ်ပူပန်မှုအပေါ် တည်ငြိမ်အေးချမ်းစေကာ ၎င်းတို့၏ ဒေါသကို တိုက်ခိုက်သည့် စိတ်ဓာတ်အဖြစ် ပြောင်းလဲသွားသည်။
သားရဲငါးကောင်လုံးကို ကွင်းအတွင်း နေရာအမျိုးမျိုးမှာ စီစဉ်ပေးလိုက်သည်။
သူတို့အားလုံးမှာ ရဲရင့်သောအကြည့်နှင့် တောက်ပသော မျက်လုံးများရှိသည်။ သူတို့၏ သခင်၏ စိတ်ခံစားမှုများကို ခံစားရသောအခါတွင်လည်း တိုက်ခိုက်ရေး စိတ်ဓာတ်များဖြင့် ပြည့်နှက်လာသည်။
ဆန့်ကျင်ဘက်တွင် ပိန်ပိန်သွယ်သွယ်နှင့် အဖြူအမည်း ဝံပုလွေ တစ်စုံက ရပ်နေသည်။ ကောင်းဖန်သည် သူတို့၏ အရည်အချင်း များကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့သည် အဆင့် ၄၀ မော်ကွန်းတင်စွမ်းရည်ဆင့် အလင်းအမှောင် စုံတွဲဝံပုလွေ ဖြစ်သည်။
[သားရဲ အမည်] - အလင်းဝံပုလွေ/ အမှောင် ဝံပုလွေ
[သားရဲ အဆင့်] - အဆင့် ၄၀
[သားရဲ စွမ်းရည်] - မော်ကွန်းတင်
[သားရဲ အမျိုးအစား] - အလင်း/အမှောင်
[သားရဲ ကျွမ်းကျင်မှု]-...
[ထူခြားသော ဝိသေသလက္ခဏာ] - အလင်းဒီရေ/အမှောင် ဒီရေ
သူတို့ရဲ့ ထူးခြားဆန်းပြားတဲ့ အမွှေးတွေက သူတို့ကို အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားတစ်ခုစီ ပေးသည်။
အကျိုးသက်ရောက်မှု ၁ - တောက်ပသော/အမှောင် ဒြပ်စင်၏ ခြယ်လှယ်မှုတစ်ခုစီတိုင်းသည် လေထဲတွင် တောက်ပသော/အမှောင် ဒြပ်စင်ကို ပိုမိုတက်ကြွစေပြီး ၎င်းအား နောက်တစ်ကြိမ်တွင် လေထဲရှိဒြပ်စင်များကို ပိုမိုအသက်သွင်းနိုင်စေသည်။
[သားရဲ ဖော်ပြချက်] - အလင်းဝံပုလွေ နှင့် အမှောင် ဝံပုလွေတို့သည် ကျို့လီတောရိုင်းတော၌ ကြီးပြင်းလာပြီး တူညီသော မျိုးစိတ်များ ဖြစ်သည်။ ဝံပုလွေနှစ်ကောင်တွင် အထီးက အဖြူ ဝံပုလွေဖြစ်ပြီး၊ အမက အနက်ဝံပုလွေ ဖြစ်သည်။ သို့သော် အခြားသော ဝံပုလွေသားရဲများနှင့်မတူဘဲ ၎င်းတို့သည် ၎င်းတို့၏မိတ်ဖက်နှင့် အမျိုးအနွယ်မှလွဲ၍ အခြားအရွယ်ရောက်ပြီးသောဝံပုလွေများနှင့် အုပ်စုဖွဲ့နေထိုင်ခြင်းကို မကြိုက်ပေ။
ကျို့လီ တောရိုင်းသည် ကမ္ဘာမြေကြယ်မှ ဟုတ်ပုံမပေါ်ပေ။ ဝံပုလွေများသည် အခြားကမ္ဘာမှ သားရဲများဖြစ်နိုင်သည်။
ကောင်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဟူရှန်းအဖွဲ့အစည်း နှင့် ဟွားရှာဒေသ၏စစ်ရေးဌာနသည် ဟွားဝူ အထက်တန်းကျောင်း၏ ထောက်ခံသူများဖြစ်သောကြောင့် ဤသားရဲ နှစ်ကောင်မှာ ၎င်းတို့ဟာ ဖြစ်နိုင်သည်။
ကလေးငါးယောက်သည်ဟွားဝူအထက်တန်းကျောင်း သို့မဟုတ် ချင်းမိန်ပထမအထက်တန်းကျောင်း အနိုင်ရမည်လားဟု ဆွေးနွေးနေကြသည်။
ခေါင်းလောင်းသံမြည်ပြီးသည်နှင့် အလင်းအမှောင် စုံတွဲဝံပုလွေက တစ်ကောင်စီ သီးခြားဦးတည်ချက်သို့သွားလိုက်ကြသည်။ လေတိုက်နေသောကြောင့် သူတို့ရဲ့ အဖြူအမည်း အမွေးတွေက သူတို့ရဲ့ ပျော့ပျောင်းတဲ့ ကိုယ်ထည်တွေမှာ ဖုံးအုပ်နေသည်။ သူတို့သည် သန်မာတဲ့ အဖြူအမည်း အလင်းရောင်နှစ်ခုကို ပါးစပ်ထဲတွင် ပေါင်းစပ်ကာ စွမ်းအင်က ပြင်းထန်လာသည်။
ဒါက အလင်း/အမှောင် ဒီရေဖြစ်ပြီး သူတို့က ဒီရေရဲ့ စွမ်းအားကို အသုံးချနေခြင်း ဖြစ်သည်။ ကောင်းဖန်သည် ဝံပုလွေများ၏ ပါးစပ်ထဲတွင် အရှိန်ပြင်းပြင်း ရွေ့လျားနေသော အလင်းရောင်ကို ခံစားနိုင်သည်။
အလင်း-အမှောင် ဒီရေ၏အကျိုးသက်ရောက်မှုသည် အလင်း သို့မဟုတ် အမှောင်ဒြပ်စင်များကို ခြယ်လှယ်သည့်အခါတိုင်း ဒြပ်စင်များ ပိုမိုတက်ကြွလာစေသည်။ ထို့ကြောင့် ၎င်းတို့သည် အလင်း သို့မဟုတ် အမှောင်ဒြပ်စင်ကို နောက်တစ်ကြိမ် ခြယ်လှယ်သည့်အခါတွင် နောက်ထပ်ဒြပ်စင်များကိုလည်း ခြယ်လှယ်နိုင်မည်ဖြစ်သည်။
သမုဒ္ဒရာလှိုင်းများကဲ့သို့ပင် ဒီရေအတက်အဆင်းတိုင်းသည် စွမ်းအင်ပိုမိုစုဆောင်းနိုင်သည်။
အလင်း-အမှောင် ဝံပုလွေအတွဲသည် အချင်းချင်းဆီ တိုက်ရိုက် ပြေးမလာပေ။ ယင်းအစား ၎င်းတို့သည် S ပုံသဏ္ဍာန် မျဉ်းနှစ်ကြောင်းဖြင့် ကွင်းအတွင်း တစ်ခုနှင့်တစ်ခု ဇစ်ဇတ်ပုံစံ လှုပ်ရှားမှုဖြင့် ပြေးနေသည်။
တဟုန်းဟုန်းတောက်လောင်နေသော အနီရောင်အမွေးအမှင်မျောက်ဝံသည် မြေကြီးပေါ်ကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်ရာ ပေါက်ကွဲသံများကို ဖြစ်ပေါ်လာသည်။ အမှုန်အမွှားများနှင့် ကျောက်စရစ်များ တဖောက်ဖောက်မြည်လာသည်။
အလင်း-အမှောင်ဝံပုလွေအတွဲ၏ ပါးစပ်အတွင်းမှ ဒြပ်စင်များသည် ဟိန်းဟောက်ကာ ဓာတ်ရောင်ခြည်များ ထွက်ပေါ်လာသည်။ ပွဲကြည့်ပရိသတ်များ၏ မြင်ကွင်းတွင် အဖြူအမဲ အလင်းတန်းနှစ်ခုသည် ကွင်းလယ်တွင် ပိတ်နေသော ကတ်ကြေးတစ်စုံကဲ့သို့ တောက်ပသော အလင်းတန်းများအဖြစ် ပေါက်ကွဲသွားပုံပေါ်နေသည်။ေ
အလင်းနှင့် အမှောင် ဒြပ်စင်များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ဒြပ်စင်နှစ်ခု၏ နောက်ဆုံးထိတွေ့ခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်လာသည်။ သွေးနှင့် အသားများ လွင့်ပျံလာသည်။ ဆန့်ကျင်ဘက်အသင်း၏ သားရဲငါးကောင် အနက်မှ အလွန်လျင်မြန်သော သားရဲနှစ်ကောင်သာ အချိန်မီလွတ်မြောက်နိုင်ခဲ့သည်။ အခြား သားရဲ သုံးကောင်ကို တစ်နေရာတည်းတွင် တစ်ဝက်ဖြတ်လိုက်သည်
ပြင်းထန်သောအကြမ်းဖက်မှုကြောင့် ပရိသတ်များသည် ခေတ္တတိတ်ဆိတ်သွားသည်။ ဒါက ဒီခေတ်ရဲ့ သားရဲများ၏ ကျော်ကြားမှုနှင့် ကျက်သရေဖြစ်သည်။ အလင်းအမှောင် စုံတွဲဝံပုလွေအတွဲသည် အဆင့်နိမ့် နတ်ဘုရားအဆင့် သားရဲများအတွက် ပြိုင်ဘက်ကောင်း ဖြစ်နိုင်သည်။
အောင်နိုင်သူနှင့် အရှုံးသည် ယခုအချိန်တွင် ပြတ်ပြတ်သားသား ပြတ်ပြတ်သားသား သိသာထင်ရှားနေသည်။ ဟွားဝူ အထက်တန်းကျောင်းသည် ပရိသတ်များ၏ အကြီးအကျယ် အားပေးမှုကို ရရှိနေသည်။ ရှုံးနိမ့်သူများဖြစ်သည့် ချင်းမိန် ပထမအထက်တန်း ကျောင်းအတွက်တော့ မည်သူမျှ ဂရုမစိုက်ပေ။
ကောင်းဖန်က သူ့ထိုင်ခုံကနေ ထလာရင်း အေးအေးဆေးဆေး ချီးကျူးလိုက်သည်။
သူ့ကိုကြည့်ရတာ စိတ်ကောင်းဝင်နေပုံရသည်။ "မဆိုးပါဘူး... ဒီပြိုင်ပွဲက သံသယမရှိဘဲ တစ်ဖက်သတ် ချေမှုန်းခံရမယ်လို့ ငါထင်နေပေမယ့် အခုချိန်မှာတော့ မင်းတို့မှာ ခိုင်မာတဲ့ရန်သူ ရှိနေပုံရတယ်...ဒါပေမယ့် မင်းတို့မရှုံးရဘူး... မင်းတို့ကြောင့် ငါ အရှက်မရချင်ဘူး... ငါ မင်းတို့ကို အများကြီး ရင်းနှီး မြှုပ်နှံပြီးပြီမို့လို့ မရှုံးပါစေနဲ့...."
ကလေးငါးယောက် တိတ်ဆိတ်သွားသည်။ ကျောင်းအုပ်ကြီးက ဘာကြောင့် လူဆိုးတစ်ယောက်လို ဖြစ်နေရတာလဲ..
***
သားရဲလေ့ကျင့်သူ
အခန်း ၅၅၉ လည်ပင်းညှစ် နွယ်ပင်လယ်
ခြောက်ပွဲဆက်တိုက်ကစားပြီးနောက် နောက်ဆုံးတွင် ထျန့်ကျဲကျောင်း၏အလှည့်သို့ရောက်လာသည်။
"ကျောင်းအုပ်ကြီး... နတ်ဘုရားအဆင့်သားရဲနှစ်ကောင်ကို စေလွှတ်ခဲ့တဲ့ ဟွားဝူကျောင်းလို ကျွန်တော်တို့ ဘာလို့ လိုက်မလုပ်ရတာလဲ..” ဝေကုန်းဖန်က အဲဒါကို စမ်းကြည့်ဖို့ စိတ်လှုပ်ရှားနေသည်။
ကောင်းဖန်က သူ့ကို ဂရုတစိုက်မျက်လုံးနဲ့ ကြည့်လိုက်သည်။ “မင်းဒီလိုလုပ်ဝံ့ရင် မင်းခြေထောက်ကို ငါချိုးပစ်မယ်.. မင်းရဲ့ ပြိုင်ဘက်ကို လေးစားမှုတောင် မပြနိုင်ရင် ဘာလို့ ပြိုင်ပွဲဝင်နေသေးလဲ"
ဒီစကားက အဓိပ္ပါယ်ရှိပုံရသည်။ သို့သော်လည်း ထိုလုပ်ရပ်အပေါ် ကျောင်းအုပ်ကြီး၏ အတွေးမှာ အလွန်ထူးဆန်းသည်...
သံသယမျက်လုံးငါးစုံကိုတွေ့လိုက်သောအခါ ကောင်းဖန်က ချောင်းဟန့်လိုက်ပြီး "ကောင်းပြီ....ဟွားဝူကျောင်းကို မင်းတို့အားလုံးက အနိုင်ယူချင်ကြတဲ့အတွက် ပထဆုံး မင်းတို့က ဟွားဝူကျောင်းထက် စွမ်းဆောင်ရည်နဲ့ အခြားကဏ္ဍများမှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ်....ဒီနည်းနဲ့မှပဲ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ ဟွားဝူကျောင်းရဲ့ ချန်ပီယံဘွဲ့ကို မင်းတို့ သိမ်းပိုက်နိုင်မှာ..”
ကလေးငါးယောက်လုံးက ကျောင်းအုပ်ကြီးက တကယ်တော့ သိပ်ပြီးမကောင်းကြောင်းကို ရုတ်တရက် သိလိုက်ရသည်။
"ကောဟွမ်.. မင်းက ကောင်းကင်စာကလေးကို ကွင်းထဲကို ခေါ်သွား...အစွယ်ပန်းကို ယူမသွားနဲ့..." ထျန့်ကျဲကျောင်း၏ နတ်ဘုရား အဆင့်သားရဲမှာ မုန်တိုင်းစာကလေးဖြစ်သည်ကို တစ်စုံတစ်ယောက်က သတိပြုမိကြောင်း ကောင်းဖန်က သေချာသိသည်။ ထို့ကြောင့် မုန်တိုင်း စာကလေးကို ပြိုင်ဖို့ မခေါ်ခဲ့ရင် သေချာပေါက် သံသယတွေ တိုးလာလိမ့်မည်ဖြစ်သည်။
“ကွင်းထဲကို ဝင်ပြီးရင် မင်းရဲ့ စွမ်းအားအစစ်ကို ထုတ်မပြနဲ့....နတ်ဘုရားအဆင့်ရောင်ဝါကို ပထမဆုံး ထိန်းထား...တကယ်လို့ ပြိုင်ဘက်မှာ နတ်ဘုရားအဆင့် သားရဲရှိနေရင်တော့ ကောင်းကင်စာကလေးကို ပို့လိုက်...မုန်တိုင်းစာကလေးကို တားဆီးဖို့သုံး... ကွင်းထဲမှာ နတ်ဘုရား အဆင့် သားရဲမရှိရင် နတ်ဆိုးနွယ်တောင်တက်သားရဲကို ရန်သူကို အဝေးက လည်ပင်းညှစ်ဖို့ စပျစ်နွယ်ပင်တွေကို သုံးခိုင်း..."
မို့ယင်းမင်က ပြုံးလိုက်သည်။ “နားလည်ပါပြီ ကျောင်းအုပ်ကြီး... ကျွန်တော်တို့ရဲ့ စွမ်းရည်အစစ်ကို ဖုံးကွယ်ထားလိုက်ပါမယ်.. ကျွန်တော်တို့ သိပါပြီ"
"ပရိသတ်များနှင့် မိတ်ဆွေတို့ခင်ဗျား... နောက်တစ်ပွဲကတော့ ထျန့်ကျဲကျောင်း နဲ့ လော့ယန်ကျောင်းဖြစ်ပါတယ်...”
၎င်းတို့သည် ပြိုင်ပွဲပထမအကျော့အတွက် မဲနှိုက်တဲ့အခါ ထူးခြားတဲ့နံပါတ်တွေရသည့် အသင်းနှစ်သင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏အဆင့်သတ်မှတ်ချက်များသည် တစ်ခုနှင့်တစ်ခု အလွန်နီးစပ်ပြီး ယခင်ပြိုင်ပွဲများတွင် ၎င်းတို့အနက်မှ တစ်ဦးက အဆင့်ခုနစ်ဖြစ်ပြီး အခြားတစ်ခုက အဆင့်ရှစ်ဖြစ်သည်။
သူတို့နှစ်ဖွဲ့က အဆင့်တဆင့်ပဲ ကွာသည်။ ထို့ကြောင့် ၎င်း၏ ပြိုင်ပွဲသည် နဂါးနှင့် ကျားတို့ကြား ရန်ပွဲကဲ့သို့ လည်ပင်းလှီးဖြတ်ပြိုင်ပွဲ ဖြစ်လာမည်ဟု ယုံကြည်ကြသည်။
လွတ်လပ်သော မဟာမိတ်အဖွဲ့၏ ဇိမ်ခံအိမ်ကြီးတစ်ခုတွင် ဧည့်ခန်းတစ်ခုလုံးပြည့်လုနီးပါးကို ဇိမ်ခံသားရေဆိုဖာတစ်ခုက သိမ်းပိုက်ထားပြီး၊ စတုရန်းကိုက်ဒါဇင်များစွာအကွာအဝေးတွင် အညိုရောင်မှိုင်းမှိုင်း တိရိစ္ဆာန်အရေခွံ၊ ရေတံခွန်ကဲ့သို့ ထူထပ်သော အမွေးများရှိနေသည်။ အထူးကုသမှုကို ခံယူပြီးနောက် သူက နောက်သို့ ညင်ညင်သာသာ မတ်မတ်ထိုင်လိုက်ပြီး ၎င်း၏ တင်ပါးသည် ဆိုဖာနှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။
ဆိုဖာပေါ်တွင် အနက်ရောင်ဆံပင်နှင့် မျက်လုံးထောင့်စွန်းမှာ အရေးအကြောင်းများရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက “ဘယ်သူအနိုင်ရမယ်ထင်လဲ” ဟု အခိုင်အမာမေးလိုက်သည်။
သူ့ဘေးတွင် အနက်ရောင် အကျီဝတ်ထားသည့် အသက်အရွယ်တူ အမျိုးသားတစ်ဦးရှိသည်။
သူ့ဦးခေါင်းက ဆိုဖာပေါ် မှီနေပြီး ခြေထောက်တွေကို ဖြည်းညှင်းစွာ လှုပ်ရင်း “မတော်တဆမှု မရှိသရွေ့တော့ ထျန့်ကျဲကျောင်းက အောင်ပွဲခံမှာ သေချာတယ်.. နောက်ဆုံးတော့ ဒီကလေး ပြန်လာပြီလေ.. ဒါကြောင့် သူတို့ ဘယ်လိုအနိုင်ရမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့" ဟု ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းလုပ်ခဲ့တာက နည်းနည်းတော့ တွန့်တိုတယ်"
စောစောကပြောနေကြသော လူလတ်ပိုင်းအရွယ်က သူ့ညီလေးကို တစ်ချက်ကြည့်လိုက်သည်။
"ကောင်းဖန်က ဘယ်အသင်းအတွက် ရပ်တည်မယ်ဆိုတာ မဆုံးဖြတ်ထားဘူး.. မင်းက သူ့ကို ဟဲ့ဝေ နဲ့ တွဲခိုင်းနေတာ"
အနက်ရောင်ဂျာကင်အင်္ကျီဝတ်ထားသည့် အမျိုးသားက သူ့အစ်ကိုကိုကြည့်ပြီး သမ်းဝေလိုက်သည်။ “ကောင်းပြီလေ..နောက်တစ်ကြိမ်မှာ ငါ့ရဲ့ ရည်ရွယ်ချက်တွေကို မဖော်ပြမိဖို့ ပိုသတိထားလိုက်မယ်” သူကစကားပြောပြီးတာနဲ့ ဆိုဖာပေါ်ကနေ ထရပ်လိုက်သည်။
လူလတ်ပိုင်းအရွယ်လူသည် တစ်ခုခုကို ဆက်လက်ပြောခါနီးအချိန်တွင် အနက်ရောင်အကျီ ဝတ်အမျိုးသားသည် ဇီးကွက်တစ်ကောင်ကဲ့သို့ ခေါင်းကို ရုတ်တရက် ၁၈၀ ဒီဂရီနီးပါး လှည့်ကာ ဆိုဖာပေါ်တွင်ထိုင်နေသော သူ့အစ်ကိုကို စိုက်ကြည့်လိုက်သည်။
“စစ်ထူးမိသားစုရဲ့ စည်းမျဉ်းတွေကို မမေ့နဲ့.. မင်းက အစ်ကိုအကြီးဆုံး.. မင်းက မွေးကတည်းက မိသားစုရဲ့ အရှင်သခင်ဖြစ်ပြီး ဂုဏ် သိက္ခာအားလုံးကို ရခဲ့ပေမယ့် ငါက စစ်ထူးမိသားစုက အမှောင်ထဲမှာ ကြီးပြင်းလာတဲ့ ခွေးတစ်ကောင်သာသာပဲ..ငါ့ကို လူစကားကို နားလည်ဖို့ မင်းမျှော်လင့်နေသေးတာလား"
အနက်ရောင်အင်္ကျီဝတ်လူ၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ကြောက်စရာကောင်းလာသည်။ “ငါမင်းကို တစ်ခုပြောပါရစေ.. ခွေးက ရူးသွားတဲ့အခါ ဘယ်သူကိုမဆို ကိုက်လိမ့်မယ်... ငယ်ငယ်တုန်းကလို သဘောထားနဲ့ ဆုံးမတာတွေ မလုပ်နဲ”
ထို့နောက် လက်ကိုဝှေ့ယမ်းကာ နောက်ပြန်လှည့်မကြည့်ဘဲ အိမ်ထဲမှ ထွက်သွားလိုက်သည်။
သူ့အစ်ကိုရဲ့ကျောပြင်ကို ထောင့်တစ်ဝိုက်မှာ ပျောက်ကွယ်သွားတာကို ကြည့်ရင်း သူ့စိတ်တွေ ငြိမ်သွားသလို ဖြည်းဖြည်းချင်း ပြန်ကျသွားတော့သည်။
…
လော့ယန် ကျောင်းမှ ကျောင်းသားတစ်ယောက်က " ဒါက အမှားဟုတ်မဟုတ်တော့ မသိဘူး ဒါပေမယ့် ထျန့်ကျဲကျောင်းက ငါတို့နဲ့ မျက်နှာချင်းဆိုင်က သားရဲက ငါ့ကို ထူးဆန်းတဲ့ ခံစားချက်ကို ပေးနေတယ်" လို့ ပြောလိုက်သည်။
"ဘာခံစားချက်လဲ" သူ့ဘေးနားက တစ်ယောက်ယောက်က မေးလိုက်သည်။
"ထူးထူးဆန်းဆန်းနဲ့ လေးနက်တဲ့ ခံစားမှု" စကားစပြောသော ကျောင်းသားက ပထမ ပြုံးလိုက်သည်။ “မှားတာဖြစ်နိုင်ပါတယ်.. ငါအရမ်းစိတ်ရှုပ်နေလို့ ဖြစ်နိုင်တယ်..."
တစ်ဖက်တွင် ဟွားဝူကျောင်းမှ ဆရာက သူ့ဘေးနားမှ ခေါင်းပြောင်လူတစ်ဦးကို “မင်းတစ်ခုခုကိုတွေ့ပြီလား” ဟု မေးလိုက်သည်။
ခေါင်းပြောင်နဲ့လူက ခေါင်းယမ်းသည်။ “သားရဲတွေထဲမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိသေးပါဘူး.. သူတို့က ငါတို့ ရထားတဲ့ သတင်းအချက်အလက်တွေထဲက သားရဲတွေပါပဲ” ဟု ပြောလိုက်သည်။
" ငါပြောသလိုပဲ.. လွန်ခဲ့တဲ့ သုံးနှစ်ကမှ လွတ်မြောက်လာတဲ့ လူတစ်ယောက်ကို ဘာလို့ ဒီလောက် အာရုံစိုက်ဖို့ လိုတာလဲ" ဟွားဝူ ကျောင်းက တာဝန်ခံဆရာက ရယ်မောလိုက်သည်။
"အဲဒီက ကျီဟန့်ဝူကို ထူးခြားတဲ့ တစ်စုံတစ်ယောက်လို့ ယူဆမိနေတုန်းပဲ.. ကောင်းဖန်ကတော့ ဒီလို အဘိုးကောင်းတစ်ယောက်ရတာ ကံကောင်းတယ်"
စပျစ်နွယ်ပင်များဖြင့် ဖွဲ့စည်းထားသည့် နတ်ဆိုးနွယ်တောင်တက်သားရဲ၏ ခြေထောက်များသည် အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ၎င်းတို့ကို သယ်ဆောင်လာစဉ် မရပ်မနား တွန့်လိမ်နေသည်။
"သတိထား...နတ်ဆိုးနွယ်တောင်တက်သားရဲရဲ့ တိုက်ခိုက်ရေး အဆင့်က အရမ်းမြင့်တယ်..ထျန့်ကျဲကျောင်းက ကျောင်းတွင်း ခြေစစ်ပွဲမှာ ဒုတိယနေရာရရှိခဲ့တာ.. တိုက်ရိုက်တိုက်ခိုက်တာမှာ မကောင်းပေမယ့် ဒီလို အဆင့်မြင့်မြင့်ကို ရယူနိုင်တဲ့ နတ်ဆိုးနွယ်တောင်တက်သားရဲက သေချာပေါက် ထူးချွန်မှာပဲ.. ပိုသတိထားကြ.. လွယ်တဲ့အလုပ်ကို ကျရှုံးအောင် မလုပ်နဲ့” ဟု လော့ယန်ကျောင်း ခေါင်းဆောင်က သူ့အဖွဲ့ကို ပြောလိုက်သည်။
“ကောင်းပြီ.. စိတ်မပူပါနဲ့ ခေါင်းဆောင်.. ကျွန်တော်တို့နားလည်ပါတယ်” ကျန်အဖွဲ့သားများအားလုံးက ခေါင်းညိတ်ကြသည်။
နတ်ဆိုးနွယ်တောင်တက်သားရဲ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း နိမ့်ဆင်းလာသည်။
ထို့နောက် နိမ့်သထက်နိမ့်လာပြီး ၎င်း၏ကိုယ်ထည်မှ ဖိသိပ်ထားသော စပျစ်နွယ်ပင်များသည် ကွင်းတစ်ခုလုံးကို ပြည့်စေရန် အဆက်မပြတ် ပြန့်ကျဲနေပြီး အတွင်းမှ စပျစ်နွယ်ပင် အမြောက်အမြားသည် ချဲ့ထွင်ကာ ဖြန့်ကျက်ထားသည်။
လော့ယန်ကျောင်းအဖွဲ့သည် ထောင်ချောက်များရှိမရှိကို မသိသောကြောင့် အလျင်စလိုမလုပ်သော်လည်း ၎င်းတို့၏ မီးသားရဲအချို့ကို အပြင်ဘက်ရှိ စပျစ်နွယ်ပင်များကို ပိတ်ဆို့ရန် ရည်ရွယ်၍ မီးမြွေများကို မှုတ်ထုတ်စေလိုက်သည်။ သို့သော်လည်း စပျစ်နွယ်ပင်များသည် မီးမြွေများကို မဆိုင်းမတွဖြတ်ကျော်သွားကာ မီးလောင်နေသော နွယ်ပင်များသည် ရှေ့သို့ ဆက်လက် တိုးလာသည်။
ထိုးထွင်းသိမြင်နိုင်စွမ်းရှိသော သားရဲလေ့ကျင့်သူသည် တစ်စုံတစ်ခု မမှန်တော့သည်ကို သတိပြုမိလိုက်သည်။ ဒီ နတ်ဆိုးနွယ်တောင်တက်သားရဲက နတ်ဘုရားအဆင့်ကို ဖြတ်ပြီးသွားပြီဖြစ်ရမယ်.. ကွန်မန်ဒါအဆင့် နတ်ဆိုးနွယ်တောင်တက်သားရဲက ဒီစပျစ်နွယ်ပင်များစွာကို မထုတ်နိုင်လောက်ဘူး..
"အရွက်တစ်ထောင် နှံကောင်.. စပျစ်နွယ်ပင်တွေကို ဖြတ်လိုက်” တူညီသော သားရဲလေ့ကျင့်သူက အမိန့်ပေးလိုက်သည်။
လူသားတစ်ယောက်၏ အရပ်အမြင့်နှင့် အစိမ်းရောင် နှံကောင်တစ်ကောင်သည် ဘေးမှ ထွက်လာပြီး ပိန်လှီသော အတောင်ပံ တစ်စုံသည် ရုတ်တရက် ပွင့်ထွက်သွားသည်။
နေရောင်အောက်တွင် အစိမ်းရောင်အရိုးစုပေါ်ရှိ ထင်ရှားသောအတောင်ပံများသည် သတ္တုရောင်တောက်တောက်များကို ထုတ်လွှတ်နေသည်။
"အရွက်တစ်ထောင် နှံကောင်ရဲ့ အတောင်တွေက အဖိုးတန်တယ်.. သူ့ရဲ့ အတောင်တွေက ပါးလွှာပေမယ့် သန်မာတယ်.. အရည်အသွေးလည်း ပြီးပြည့်စုံတယ်” ဟု အခြား သားရဲလေ့ကျင့်သူက ချီးကျူးလိုက်သည်ေ
အရွက်တစ်ထောင် နှံကောင်သည် ၎င်း၏ လွှနှင့်တူသော ဓားကြီးနှစ်ချောင်းကို ကန့်လန့်ဖြတ်သဏ္ဍာန်ဖြင့် မြှောက်လိုက်သည်။ နောက်အခိုက်အတန့်တွင် ၎င်း၏တောင်ပံများသည် အရှိန်အဟုန်ဖြင့် တုန်ခါသွားပြီးနောက် ပျောက်ကွယ်သွားကာ လေထဲတွင် မှုန်ဝါးသောအရိပ်တစ်ခုသာ ကျန်ရစ်သွားသည်။
သူ့ ဦးတည်ရာကို ချဲ့ထွင်နေသော စပျစ်နွယ်ပင်အချို့သည် အရိပ်လင်းနေ့သည့်အခိုက်တွင် ပြတ်တောက်သွားသည်။ အရွက်တစ်ထောင် နှံကောင်၏ အရှိန်သည် နှေးကွေးသွားသည်ကို တွေ့မြင်နိုင်သည်။ နွယ်ပင်တွေက ခံနိုင်ရည်ရှိတယ်ဆိုတာ သေချာနေသည်။
အရွက်တစ်ထောင် နှံကောင် သားရဲလေ့ကျင့်သူ၏မျက်နှာသည် မှောင်မဲသွားသည်။
“ဒီနွယ်ပင်တွေက အရမ်းသန်မာတယ်.. အရွက်တစ်ထောင်နှံကောင်က နွယ်ပင်တွေကို ခုတ်ဖြတ်ဖို့ အားထုတ်မှုအများကြီး လိုအပ်နိုင်တယ်"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. သူတို့ရဲ့ အဆင့်ကွာခြားချက်က ကြီးကြီးမားမားမဟုတ်ဘူးဆိုရင် နတ်ဆိုးနွယ်တောင်တက်သားရဲရဲ့ စပျစ်နွယ်ပင်တွေကို ဖြတ်ပစ်ဖို့ ဆိုတာ ကိတ်မုန့်ပိုင်းတစ်ခုလိုပဲဖြစ်နေရမှာ.." ဘေးနားက လူတစ်ယောက်က ခေါင်းခါလိုက်သည်။
“ဒါဆို … ငါတို့ကိုဖြတ်ကျော်တက်နေတဲ့ နတ်ဆိုးနွယ်တောင်တက်သားရဲက အဆင့်မြင့်နတ်ဘုရားအဆင့်ကိုတက်နေပြီလား...” ရုတ်တရက် တစ်စုံတစ်ယောက်က ပြောလိုက်သည် ။
အခြားလူအနည်းငယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “ဒါက မကောင်းတော့ဘူး” သို့သော် ဤအချိန်တွင် နတ်ဆိုးနွယ်တောင်တက်သားရဲ၏ နွယ်များသည် အဆင်အပြင်တစ်ခုအဖြစ်ပြီးမြောက်သွားပြီဖြစ်သည်။
များပြားလှသော စပျစ်နွယ်ပင်များသည် ကွေ့ကောက်နေသော မြင့်မားသည့် တံတိုင်းတစ်ခုအဖြစ် ဝန်းရံထားသည့် ထောင်ချောက်ထဲမှာ ပိတ်ထားသည်။ စပျစ်နွယ်ပင်များသည် ကြီးမားသော ဘောလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး အတွင်းထဲမှာ သူတို့ကို ဖမ်းမိသွားပုံရသည်။
ဒီလိုမဖြစ်နိုင်ဘူး… ဒါက ဘယ်လိုဖြစ်နိုင်ရတာလဲ.. ငါတို့ကိုရှင်းရှင်းလင်းလင်းပြောထာတဲ့ အချက်အလက်က ထျန်းကျဲကျောင်းရဲ့ နတ်ဘုရားအဆင့်သားရဲက မုန်တိုင်းစာကလေးဆို.. ဘယ်လိုလုပ် နတ်ဆိုးနွယ်တောင်တက်သားရဲအဖြစ် ရုတ်တရက် ဘယ်လိုလုပ် ပြောင်းသွားရတာလဲ..
သူတို့က မုန်တိုင်းစာကလေးအတွက်သာ ပြင်ဆင်ထားကြခြင်းဖြစ်သည်။
“ငါတို့ မင်းတို့ကို နှောက်ယှက်စရာ မလိုတော့ဘူးလို့ ထင်တယ်... တိုက်ပွဲကပြီးသွားပြီ.." ဝေ့ကုန်းဖန်က ရယ်လိုက်သည်။ သူသည် နတ်ဆိုးနွယ်တောင်တက်သားရဲ၏ သားရဲလေ့ကျင့်သူဖြစ်သည်ြ
“အရင်တုန်းက နတ်ဆိုးနွယ်တောင်တက်သားရဲက ဒီအံ့သြစရာကောင်းတဲ့ စွမ်းရည်ကို တီထွင်နိုင်ပါ့မလားလို့ ငါ တွေးမိသေးတယ်.. အရင်ကတော့ အရည်အချင်းမရှိလို့ မဖွံ့ဖြိုးနိုင်ပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က နတ်ဘုရားအဆင့်ကို ရောက်သွားပြီးနောက် အချိန်အတော်ကြာအောင် တိတ်တဆိတ် စမ်းသပ်ခဲ့တယ်… ဒါကြောင့် ဒီနေ့ သူ့ရဲ့ နယ်ပယ်ကို ချဲ့ထွင်ချိန်ရောက်ပြီလေေ
နတ်ဆိုးနွယ်တောင်တက်သားရဲ၏ ခန္ဓာကိုယ်အတွင်းရှိ နွယ်ပင်များသည် လုံးဝနီးပါး ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး ၎င်း၏ နောကကျောနှင့် ခြေလက်လေးချောင်းတို့သည် ကျဲသွားကာ ခြေထောက်ပေါ်ရှိ နွယ်ပင်များလည်း ပျောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
အမြင့်လေထဲတွင် နွယ်ပင်အားလုံးနီးပါးသည် ၎င်း၏ခန္ဓာကိုယ်အတွင်းမှ လွင့်ထွက်သွားသည်။
လေထုသည် ခေတ္တ တင်းမာလာသည်။ မရေမတွက်နိုင်သော စပျစ်နွယ်ပင်များသည် အရူးအမူးခုန်နေသော မြွေဟောက်များကဲ့သို့ လေထဲတွင် အရူးအမူး လွင့်နေသည်။
“လည်ပင်းညှစ်—နွယ်သမုဒ္ဒရာ!”
လေက အော်ဟစ်နေပြီး အရူးအမူး အမြွှာနွယ်ပင်များသည် ၎င်းတို့၏ အဆုံးစွန်သော အရှိန်အဟုန်ဖြင့် ပေါက်ကွဲကာ အတွင်းဘက်သို့ ညှစ်လိုက်ကြသည်။ ကြီးမားသော နေရာကြီးသည် တစ်ခဏအတွင်း အလွန်သေးငယ်သွားသည်။
စပျစ်နွယ်ပင်များရဲ့ အပြင်ဘက်တွင် တိမ်ဖြူဖြူကြီးတစ်ခု ထွက်လာပြီး လေထုကြီးတစ်ခုလုံး လွင့်ထွက်သွားသည်။
ပေါက်ကွဲနေသော တိမ်တိုက်များမှ အော်သံများသည် အားကစားကွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၆၀ ယိုဟူ လူမျိုးစု
မို့ယင်းမင်က "မင်းရဲ့ဒီအရည်အချင်းက တော်တော်လေးအဆင့်မြင့်တယ်” ဟု ပြောလိုက်သည်။
“ဒါက ဖြစ်သင့်တယ်လေ.. မင်း သန်မာလား မသန်မာဘူးလားက ယာယီပဲ.. ဒါပေမယ့် မင်းက မိုက်လားမမိုက်လားက ထာဝရ တည်မြဲ တဲ့အရာပါပဲ" ဝေ့ကုန်းဖန်၏ အသံသည် ဖိနှိပ်ထားသော အရိပ်အမြွက်တစ်ခုကြောင့် ငြိမ်သက်သွားသည်။ သို့သော် ဒီနေ့ ဒီလုပ်ရပ်က သူ့ကို အရမ်း ပျော်ရွှင်စေတာ ထင်ရှားသည်။
"ခဏလေး...မင်းသူတို့ရဲ့သားရဲအားလုံးကိုသတ်ပစ်တော့မလို့လား" ရုတ်တရက် မို့ယင်းမင်က တစ်ခုခုကို တွေးမိလိုက်သည်။ အသက်ရှင်ခြင်းနှင့်သေခြင်းတို့သည် စည်းဝိုင်းထဲတွင် ရှိကြသော်လည်း ကျွမ်းကျင်မှု၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပုံရသည်။
ဒါကလော့ယန် ကျောင်းအဖွဲ့တစ်ခုလုံးကို ပျက်စီးစေမှာ မဟုတ်ဘူးလား...
"ငါတို့ အရှုံးပေးတယ်" ဟု လော့ယန်းကျောင်းမှ ကိုယ်စားလှယ်က အလျင်အမြန်ပြောလိုက်သည်။
အရှုံးပေးကြောင်း တောင်းဆိုချက်ကို လက်ခံရရှိပြီးနောက် ဒိုင်လူကြီးက တိုက်ပွဲပြီးဆုံးကြောင်း ကြေညာပြီး ခေါင်းလောင်းကို တီးခတ်လိုက်သည်။
စပျစ်နွယ်ပင်များသည် ပင်လယ်ထဲသို့ ဒီရေတက်လာသကဲ့သို့ နတ်ဆိုးနွယ်တောင်တက်သားရဲ၏ကိုယ်ထဲသို့ ပြန်ဆုတ်သွားသည်။
ပုံမှန်မဟုတ်သော ကြီးမားသောဘောလုံးများထဲ အသားလုံးများကဲ့သို့ ညှစ်ခံထားရသောကြောင့် သွေးစေးများအချို့သည် ကြမ်းပြင်ပေါ်သို့ စိမ့်ထွက် နေသည်။
မြည်သံအပြီးတွင် ရွှံ့နှင့်တူသော ရိုင်းစိုင်းသည့် အဝါရောင်သားရဲတစ်ကောင်သည် သူကာကွယ်ထားသော သားရဲများအပေါ်မှ ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်သည်။
သစ်သားအမျိုးအစားများသည် မြေအမျိုးအစားများနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး နတ်ဘုရား အအဆင့် ရွံထူသော အဝါရောင် ရွှံသားရဲကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိစေသည်။
ပြိုင်ဘက်တွင် အခြားသော နတ်ဘုရားအဆင့် သားရဲရှိခြင်းက အဖွဲ့အတွင်းရှိ အခြားသော သားရဲများကို ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအား ဆုံးရှုံးသွားနိုင်ချေ မြင့်မားသော အခွင့်အရေးရှိနေသည်။
“နတ်ဆိုးနွယ်တောင်တက်သားရဲကို နတ်ဘုရားအဆင့် တက်နေပြီလို့ တစ်ခါမှ မထင်မိဖူးဘူး.. ကောင်းဖန် ရောက်လာတဲ့ အချိန်မှာပဲ ဖြစ်လာတာပဲ…”
နတ်ဆိုးနွယ်တောင်တက်သားရဲသည် တစ်ချက်တည်းဖြင့် နတ်ဘုရားအဆင့်သို့ တက်သွားသောအခါ လော့ယန်းကျောင်းသည် ၎င်းတို့၏ လေးစားမှုတိုးလာပြီး ထျန့်ကျဲကျောင်းကို အလေးအနက်ထားသူများလည်း တိုးလာသည်။ ထျန့်ကျဲကျောင်းသည် ယခုအခါတွင် ချန်ပီယံဆုရယူရန် သူတို့၏အကြိုက်ဆုံးဖြစ်လာသည်။
ဒါက ကောင်းဖန်စိတ်ပူတဲ့ကိစ္စမဟုတ်ပေ။ တိုက်ပွဲအပြီးတွင် ကောင်းဖန်သည် ကလေးငါးဦးအား အားကစားကွင်းမှ ခေါ်ယူလိုက်သည်။ ဟဲ့ဝေသည် ကလေးငါးယောက်ကို သီးခြားနေရာတစ်ခုသို့ ခေါ်ဆောင်ရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။ သူက ကောင်းဖန်ကို လာဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ငြင်းပယ်ခံလိုက်ရသည်။
ကလေးငါးယောက် ထွက်သွားတာကို ကြည့်လိုက်ပြီး ကောင်းဖန်သည် သူ့ကြွက်သားတွေကို ဖြေလျှော့ဖို့ သူ့ပခုံးကို ခါလိုက်သည်။
သူ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကောင်းဖန်က သူ့ဦးတည်ချက်ကိုတွေ့ပြီး ထွက်သွားလိုက်သည်။ အမှောင်ထဲမှ မျက်လုံးများ၏ အလေးချိန်ကို သူခံစားလိုက်ရသည်။
အမှောင်ထဲမှာ ဝှက်ထားတဲ့ ဆူးလိုပဲ နေရာတိုင်းမှာ အန္တရာယ်ရှိနေသည်။
ကောင်းဖန်ကသမ်းလိုက်သည်။ သူ့အနီးရှိလူစည်ကားသော ဟိုတယ်များကို တစ်ချက်ကြည့်ပြီးနောက် ကောင်းဖန်က ကျယ်ဝန်းသော တက္ကစီတစ်စီးကို လှမ်းခေါ်လိုက်ပြီး "ကောင်းမွန်တဲ့ လေထုနဲ့ တိတ်ဆိတ် ငြိမ်သက်တဲ့ ဟိုတယ်ကို ရှာပေးပါ" ဟု ပြောလိုက်သည််
ရှောင်ဟွားနှင့် အခြားသူများသည် ထရပ်ကားပေါ်တက်လိုက်ပြီး ကောင်းဖန်က ကားနောက်ခန်းတွင် ထိုင်နေသည်။
တက္ကစီပေါ်က ရေဒီယိုက အသံလွှင့်နေသည်။ “နောက်ဆုံး အစီရင်ခံစာအရ ကမ္ဘာမြေဟာ အဆက်မပြတ် ပြောင်းလဲနေကြောင်း သိပ္ပံပညာရှင်များက သတိပြုမိခဲ့ပါတယ်.. လာမယ့်ရက်များမှာ အချို့နေရာများတွင် နေရာဒေသဆိုင်ရာ မငြိမ်မသက်မှုများ ဆက်တိုက် ဖြစ်ပေါ်နိုင်ပါတယ်"
“ဒီနေ့ တိတူ စံတော်ချိန် မနက် ၇ နာရီမှာ တောင်ပင်လယ်ဧရိယာမှာ မရှာဖွေရသေးတဲ့ ဘုရင်အဆင့် သားရဲတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်.. ယာယီအားဖြင့် ၎င်းကို အစိမ်းစားဝေလငါးလို့ အမည်ပေးထားပါတယ်.. အစိမ်းစားဝေလငါးရဲ့ ဗီဇပြောင်းလဲမှုဟာ ကမ္ဘာပျက်ကပ် မတိုင်မှီ ပင်လယ်ရဲ့ ဂေဟစနစ်ပတ်ဝန်းကျင်ကို ပျက်စီးသွားစေတဲ့ ရေနံယိုဖိတ်မှုကြောင့် ဖြစ်နိုင်ကြောင်း အချို့သော ပညာရှင်တို့က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်"
"မနေ့က တိတူ စံတော်ချိန် ညကိုးနာရီမှာ ကျင်းရှာဒေသအစိုးရနှင့် အခြားသောကမ္ဘာမှ ကောင်းကင်မြစ် လူမျိုးစုတို့ဟာ နှစ်နိုင်ငံ သားရဲများ၏ယဉ်ကျေးမှု ဆိုင်ရာမျိုးပွားခြင်းနှင့် ကျင်ရှားဒေသလုံခြုံရေးအတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို သဘောတူညီခဲ့ကြပါတယ်"
ကောင်းဖန်သည် ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတွင်ထိုင်ကာ ပြတင်းပေါက်မှ တိတ်တဆိတ်ကြည့်နေသည်။ လမ်းပေါ်မှာ ကလေးတွေရဲ့ လက်ကို ကိုင်ထားတဲ့ လူကြီးတွေရှိကြပြီး သားရဲများလည်း နေရာတိုင်းလိုလိုမှာ ရှိနေသည်။
ကောင်းဖန်သည် ယန်ဇီမြစ်အမွေးတိုဝက်ဝံက လမ်းပေါ်တွင် အပြာရောင်နေကာဖြင့် လက်ကမ်းကြော်ငြာ ဝေပေးနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ကြီးမားသော လက်တိုအင်္ကျီကို ၀တ်ထားသော်လည်း ၎င်းသည် ဝက်ဝံပေါ်ရှိ တင်းကျပ်သောရှပ်အင်္ကျီနှင့်တူနေသည်။
လမ်းပေါ်တွင် စျေးဆိုင်ဖွင့်ထားသူများလည်းရှိသည်။ ဆိုင်များရှေ့တွင် မျက်နှာတစ်ရာ ကြက်တူရွေးသည် ချစ်စရာကောင်းပြီး လမ်းသွားလမ်းလာများကို ရယ်မောအောင်လုပ်နေသည်။ ကြက်တူရွေး၏ နှုတ်သီးတွင် သံပန်းကန်လုံးတစ်လုံး ချိတ်ဆွဲထားသည်။ တစ်ယောက်ယောက်က ပန်းကန်ထဲကို ပိုက်ဆံတွေထည့်လိုက်တိုင်း ကြက်တူရွေးက အချောလေး ဒါမှမဟုတ် ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်လို့ ချီးမွမ်းဖို့ အဲဒီလူတွေဆီ အပြေးအလွှား သွားလေ့ရှိသည်။
ကမ္ဘာပျက်ကပ်အစောပိုင်းအဆင့်တွင် ဤနတ်ဆိုးများသည် ပြင်းထန်သောသားရဲများဖြစ်ကြကြီး သာမန်လူများ ရှောင်ရှားခဲ့ကြသောလည်း ယခုအချိန်တွင် ၎င်းတို့သည် ဤအဆင့်သို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။ ကောင်းဖန်သည် လူသားများ၏ လိုက်လျောညီထွေမှုရှိသောစွမ်းရည်များ အားကောင်းသည်ဟုသာ ခံစားရသည်။
ဒါက ရှေးခေတ် မျိုးနွယ်စုများ ပြန်လာရခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။ မူလတွင် လူသားများသည် ကမ္ဘာမြေ၏ ဘုရင်နှင့် နတ်ဘုရား အဆင့်သားရဲများကို ကြောက်ရွံ့ခဲ့ကြသော်လည်း ရှေးခေတ်မျိုးနွယ်စုများ ပြန်ရောက်လာခြင်းကြောင့် လူသားများ နေထိုင်သည့်မြို့ကို ဘုရင်နှင့် နတ်ဘုရားအဆင့်သားရဲများမှ တိုက်ခိုက်ခြင်း ခံရမည်ကို လူသားများ မစိုးရိမ်ကြတော့ပေ။
ဤသုံးနှစ်အတွင်း လူသားမျိုးနွယ်၏ ကြီးထွားမှုသည် ယခင်ငါးနှစ်ထက် များစွာ မြန်ဆန်ခဲ့သည်။ အစာကွင်းဆက်၏ ထိပ်ပိုင်းဖြစ်ရန် ယုံကြည်မှုကို ထပ်မံတွေ့ရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။
ကောင်းဖန်သည် အနက်ရောင်မြူခိုးကမ္ဘာ၏ တောင်များနှင့် မြစ်များတွင် မရေမတွက်နိုင်သော သားရဲများကို မြင်ဖူးသည့် တစ်ဦးတည်းသော သူဖြစ်သည်။ ရှေးခေတ်က မျိုးနွယ်စုတွေကို အနက်ရောင်မြူခိုးကမ္ဘာမှ နှင်ထုတ်ရတဲ့ အကြောင်းအရင်းကို သူသိသည်။
ရှေးခေတ်မျိုးနွယ်စုများသည် ၎င်းတို့စိတ်ကူးထားသည့်အတိုင်း 'အလုံးစုံသောတန်ခိုးရှင်' ဖြစ်နိုင်လားတော့ မသိပေ။ အကယ်၍သာ ၎င်းတို့သည် အမှန်တကယ် အစွမ်းထက်နေပါက ထိုနှစ်တွင် ကမ္ဘာမြေကို အဘယ်ကြောင့် ပြန်ထွက်သွားချင်ကြသနည်းဆိုတာတော့ မပြောတတ်ပေ။ နောက်ဆုံးတော့ ဒါက သူတို့ရဲ့ မွေးရပ်မြေပင်။
ကောင်းဖန်သည် ဆက်လက်တွေးတောရန် ပျင်းလွန်းသဖြင့် အေးမြသောလေတိုက်နေစဉ်တွင် တရားထိုင်သည့်ပုံစံဖြင့် မျက်လုံးကို မှိတ်ထားလိုက်သည်။
တက္ကစီသမားက ခေါင်းလှည့်ပြီး "အစ်ကို..ကျွန်တော်တို့ရောက်ပြီ..အစ်ကိုရှာနေတဲ့ သာယာပြီး တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ ဟိုတယ်”
ကောင်းဖန်သည် မရေမတွက်နိုင်သော ဒီရေသံများ ကြားရသောအခါတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပြီး အဝေးမှ မိုးကုတ်စက်ဝိုင်းကို မြင်လိုက်ရသည်။ သူတို့ဘေးမှာ နွေရာသီအပန်းဖြေစခန်းတစ်ခုရှိနေသည်။ နွေရာသီ အပန်းဖြေစခန်းသည် အလွန်ကြီးမားပြီး တောင်ခြေမှ တောင်ထိပ်အထိ တည်ဆောက်ထားသည်။ ဒါပေမယ့် ဒီတောင်ဟာ သိပ်မြင့်တာ မဟုတ်ပဲ ပေ ၆၅၀ လောက်သာမြင့်ပြီး တောင်ကြီးလို့ ဆိုကြပေမယ့် တကယ်တော့ ဒါဟာ တောင်ကုန်းကြီးတစ်ခုဖြစ်သည်။
"အဲဒါဘယ်လိုလဲ.. ကျေနပ်ရဲ့လား" တက္ကစီဒရိုင်ဘာက ပြုံးပြီးမေးသည်။
ကောင်းဖန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။ "မင်းက တက္ကစီသမားမဟုတ်ဘူးပဲ"
တက္ကစီဒရိုင်ဘာက မငြင်းဘဲ “အိုး.. မင်းဘယ်လိုပြောနိုင်ရတာလဲ" ဟု ပြောလိုက်သည်။
"မင်းက တက္ကစီမောင်းသမားဆိုရင် ခါးကြောပြတ်တာနဲ့ လည်ပင်းအကြောပြတ်တာတွေ ဘာလို့ရှိမနေတာလေ"
တက္ကစီသမားသည် ခဏတာ အံ့အားသင့်သွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "အထင်ကြီးစရာပဲ"
“ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ.. ငါက ယင်ယိုးပါ.. ယိုဟူလူမျိုးနဲ့ပူပေါင်းဖို့ မင်းကို ဖိတ်ခေါ်ပါရစေ"
"မင်းတို့ မျိုးနွယ်က ပေါ့ပေါ့ပါးပါးနဲ့ လူတွေကို စုဆောင်းနေတာလား..
မားကတ်တင်းအဖွဲ့အစည်းတစ်ခုလို ခံစားရတယ်” ဟု ကောင်းဖန်က သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပြောလိုက်သည်။
ယင်ယို၏ မျက်နှာပေါ်ရှိ အမူအရာမှာ ခဏတာ တင်းမာသွားသော်လည်း မကြာမီမှာပင် ပုံမှန်ပြန်ဖြစ်လာသည်။ “အလားအလာ အပြည့်ရှိပါတယ်... တကယ်တော့ ငါတို့ရဲ့ ယိုဟူ မျိုးနွယ်စုဟာ ကမ္ဘာပေါ်မှာ သုံးနှစ်ရှိနေပြီလေ.. မင်းထွက်သွားပြီးပြီးချင်း ငါတို့ ကမ္ဘာမြေပေါ်ရောက်လာတာ.. ယိုဟူလူမျိုးစုက ယခု မင်းတို့ရဲ့ ဟွားရှားဒေသ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာ...
“တကယ်တော့ ငါက ကမ္ဘာမြေက သားရဲလေ့ကျင့်သူ အများစုကို သုတေသနပြုပြီးပြီ.. မျိုးနွယ်စုအချို့က မင်းကို နှာစေးနေကြပေမယ့် ငါကတော့မတူဘူး... ကမ္ဘာမြေကြီးရဲ့ လူဦးရေက များပြားပြီး ဒီလောက်များပြားတဲ့ လူဦးရေမှာတောင် ပေါ်လွင်ထင်ရှားအောင် စွမ်းဆောင်နိုင်သူက တကယ့် ပါရမီရှင်များပဲလေ.. ငါတို့နဲ့ ယှဉ်ရင် မင်းတို့ ချို့တဲ့နေတာက အချိန်ပဲရှိတာ..
“ငါက လူတိုင်းကို ခေါ်ယူတာ မဟုတ်ပါဘူး.. ထူးချွန်ထက်မြက်ပြီး ပါရမီရှင်များသာ ငါတို့ ယိုဟူမျိုးနွယ်စုမှာ ပါဝင်ခွင့် ရှိတာ"
"မင်းရဲ့ ယိုဟူမျိုးနွယ်က မျိုးနွယ်စုအားလုံးထဲမှာ ကောင်းကောင်းမလုပ်နိုင်တဲ့ အမျိုးအစားပဲ" ကောင်းဖန်က ရုတ်တရက် ပြောလိုက်သည်။
ယင်ယိုက အေးခဲသွားပြီးနောက် သူ့မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ "မင်း ဘာကိုဆိုလိုတာလဲ"
"မဟုတ်ရင် မင်း ဒီလောက်အဆင့်ပဲရှိတဲ့ ထုံချိန် ကို ဘာလို့ယူလာတာလဲ... စိုးရိမ်ဖွယ်ရာပဲ... မင်းတို့ရဲ့မျိုးရိုးဗီဇမှာ ချို့ယွင်းချက် တစ်ခုခု ရှိနေလို့လား.. မင်းတို့ရဲ့သားစဉ်မြေးဆက်တွေရဲ့ မျိုးရိုးဗီဇတွေ တိုးတက်ကောင်းမွန်လာစေဖို့ မင်းတို့ကို ကူညီပေးဖို့ ကမ္ဘာမြေက လူသားတွေကို လိုအပ်နေတာလား.. " ကောင်းဖန် သက်ပြင်းချရင်း ပြောလိုက်သည်။
ယင်ယိုက ကောင်းဖန်ကို သင့်လျော်သော လေးစားမှု ပေးထားပြီးပြီဟု ထင်ခဲ့သော်လည်း ထိုမျှလောက် မတုန်မလှုပ်ဖြစ်နေမယ်လို့ သူ မမျှော်လင့်ပေ။ "မင်းတင်မကပဲ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းနဲ့ မင်းမိသားစုက ဒီနေ့ မင်းရဲ့စကားအတွက် ပေးဆပ်ရမယ်ဆိုတာ မင်းသိလား"
***
စာစဉ် ၃၅ ပြီး၏။