← Chapters

အခန်း (၆၂၅-၆၂၈)

Vol. 40 Ch. 625-628

အခန်း (၆၂၅-၆၂၈)

Vol. 40 Ch. 625-628

အခန်း ၆၂၅ နေရောင်ခြည်ဖားသားလောင်းများနှင့် ပြန်လည်ဆုံတွေ့ခြင်း

“သခင်.. ဒါက တကယ့်ကမ္ဘာကြီးပဲ.. လေကို ရှူလိုက် ..အဲဒါ အနံ့ကောင်းပဲ” သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် ရင်ဘတ်ဖိကာ တောင်ထွတ်ပေါ်တွင် ရပ်နေသည်။ ဦးလေးလျူက အဲဒီနားမှာ ရပ်နေသည်။

“မင်းက အပြင်လောကမှာ ရဲရဲဝံ့ဝံ့ လုပ်ချင်တာ ငါသိပါတယ်.. ငါ မင်းကို တားမှာ မဟုတ်ဘူး” ဟု ဦးလေး လျူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ပင်ပန်းတဲ့အခါ ပြန်လာဖို့ မမေ့နဲ့နော်”

“ ကောင်းပါပြီ.. သခင်..စိတ်မပူပါနဲ့.. အရှင်သခင်အဆင့်ရောက်ရင် ငါပြန်လာမှာပါ” လင်းတက စူးရှစွာ ရယ်မောလိုက်သည်။ “ငါ့သတင်းကောင်းကို စောင့်ပါ”

အနက်ရောင် အတောင်ပံတစ်စုံသည် ထက်ထက်သောဓားကဲ့သို့ ကောင်းကင်သို့ ပြေးတက်သွားသည်။

“သခင်…” ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ အရိပ်ပုတ်သင်ညိုလည်း သွေးဆောင်ခံလိုက်ရသည်။

“မင်းရောသွားချင်လား” ဦးလေးလျူက အရိပ်ပုတ်သင်ညို ကိုမေးလိုက်သည်။

“သခင် ကျွန်တော် အရှင်သခင်အဆင့် ရောက်တဲ့နေ့ ကတော့…”

“မင်းဒီမှာ အေးအေးဆေးဆေးနေ” အန်ကယ်လျူက ပြောလိုက်သည်။ မင်းဘာတွေ ကြံစည်နေလဲ ငါမသိဘူးထင်နေလား ငပျင်းလူမိုက်..

အရိပ်ပုတ်သင်ညို အံ့အားသင့်သွားသည်။

ဦးလေးလျူက အေးစက်စက် နှာချေလိုက်သည်။ မင်းက အပျင်းကြီးတဲ့ ပုတ်သင်ညိုပဲ.. ငါနောက်ဆုံးတစ်ခေါက် မင်းကို ပို့လိုက်တုန်းက မင်း ရွှေ့ဖို့တောငါ ပျင်းနေတာ.. အခုလည်း တစ်နေရာရာမှာ တစ်ရေးတစ်မော အိပ်ချင်နေတာမလား..

ရည်မှန်းချက်ကြီးပြီး ဆာလောင်တတ်တဲ့သူတိုင်းအတွက် အနက်ရောင်မြူခိုးကမ္ဘာကို ရောက်လာတာက ပင်လယ်ထဲကို ဝင်တဲ့ငါးနဲ့တူသည်။.. သားရဲများအားလုံးကတော့ ထိုနည်းအတိုင်း ခံစားရသည်မဟုတ်ပေ။ တချို့က အကန့်အသတ်မဲ့ ပင်လယ်ကို ကြောက်ပြီး မြေကြီးပေါ်မှာပဲ နေချင်ကြသည်။

…

“သတိထားပါ ရှေ့က သားရဲက အိပ်ပျော်နေတယ်” ဟု ကင်းထောက်တစ်ဦးက တိုးတိုးလေးပြောလိုက်သည်။

“ဟုတ်တယ် နိုးမလာဘူး.. အနည်းဆုံးတော့ အရှင်သခင်အဆင့်ဖြစ်ပုံရတယ်.. ဝန်ထမ်းတော်တော်များများ ကိုက်ခံရတာမို့ သတိထားရမယ်” ဟု အခြားကင်းထောက်တစ်ဦးက တိုးတိုးလေးပြောလိုက်သည်။

ရုတ်တရက် ကျယ်လောင်သော မိုးခြိမ်းသံသည် အထက်မှ ဆင်းသက်လာသည်။ မြေပြင်ပေါ်ရှိ အပင်များ အနည်းငယ် လှုပ်ယမ်းသွားသည်။ နှစ်ယောက်သား ချက်ချင်း ဖြူဖျော့သွားကြသည်။ သူတို့ရှေ့က မိုးခြိမ်းသံကြောင့် သားရဲက နက်နဲတဲ့ ငိုက်မျဉ်းမှုကနေ နိုးထလာသည်။

ကြက်သွေးရောင်အကြေးခွံများသည် ၎င်း၏ရှည်လျားသောလည်ပင်းကို ဖုံးအုပ်ထားသည်။ လွင်ပြင်ပေါ်ရှိ မြက်ခင်းများ မီးလောင်သွားသောအခါ ပြင်းထန်သောမီးတောက်ကြောင့် ဒိုင်နိုဆောသည် အိပ်ရာမှ ဒေါသတကြီး နိုးလာသည်။

စည်ကြီးကဲ့သို့ ထူထဲသော အချက်ပြမီးရောင်သည် ကြီးကျယ်ခမ်းနားလှသော လှံကဲ့သို့ ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။ ၎င်းသည် အဆင့် ၇၃ ပြင်းထန်သောမီးတောက် ဒိုင်နိုဆော၏ လည်ပင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်း၏လည်ပင်းကို တစ်ဝက်နီးပါးဖြတ်ကာ ခေါင်းမှလည်ပင်းအထိ အရေပြားအလွှာတစ်ခုကျန်သည်။

ရေတံခွန်လို သွေးတွေ စီးကျလာပြီး ပူပူနွေးနွေး ဖြစ်နေသည်။ ပေါက်ကွဲနေသော မီးတောက်ပုလင်းများကဲ့သို့ သွေးများသည် လမ်းကြောင်းအရပ်ရပ်သို့ စီးဆင်းနေသကဲ့သို့ မီးတောက်များ ပျံ့နှံ့သွားသည်။

ကင်းထောက်နှစ်ကောင်သည် ချက်ချင်းပင် မြက်ခင်းပြင်မှ ခုန်ဆင်းကာ ရုန်းရင်းဆန်ခတ်ဖြင့် ထွက်ပြေးသွားကြသည်။

ဒါကို ဝေဟင်မှာ ဝိုင်းပတ်နေတဲ့ တာ့ဇီက မြင်တဲ့အခါ မီးတောက်တွေကို ငြိမ်းသတ်ဖို့ လျှပ်စီးကြောင်းတွေ ထုတ်လိုက်သည်။ မကြာမီတွင် ၎င်းသည် ဒိုင်နိုဆောငှက်နှင့်တူသော်လည်း ပုံမှန်မဟုတ်သော လည်ပင်းရှည်သည့် နဂါးကြီးရှေ့သို့ ရောက်ရှိသွားသည်။ ဒေါသနှင့် မကျေနပ်မှုတို့သာ သားရဲ၏မျက်လုံးများတွင်သာ ကျန်ရှိတော့သည်။

တာ့ဇီ၏ မျက်လုံးများတွင် လူသားတို့၏ ရယ်မောခြင်းကို မြင်နိုင်သည်။ နဂါးခြေသည်းများသည် ပြင်းထန်သောမီးတောက် ဒိုင်နိုဆော၏ ဦးနှောက်ကို လျင်မြန်စွာ ဖမ်းယူသွားသည်။

“အိုကေ.. ငါတို့ နောက်ဆုံးတစ်ခု ရလိုက်တယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။

သူတို့အလုပ်က ပြီးသွားပြီဖြစ်သည်။ တကယ်တော့ အဲဒီပတ်ဝန်းကျင်မှာ အရှင်သခင်အဆင့် သားရဲတွေ အများကြီးမရှိပေ။ ကောင်းဖန်သည် ရှာဖွေရေး ဧရိယာကို တိုးချဲ့ကာ မိုင်သုံးသောင်း အချင်းဝက်အတွင်း အရာအားလုံးကို ရှင်းလင်းခဲ့သည်။ ပြင်းထန်သောမီးတောက် ဒိုင်နိုဆောအပါအဝင် ၎င်းတို့သည် အရှင်သခင်အဆင့်သားရဲ သုံးကောင်ကို ရှင်းခဲ့သည်။

အရှင်သခင်အဆင့်သားရဲများတွင် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေရှိသည်။ ကောင်းဖန်၏အတွေ့အကြုံအရ တူညီသောနေရာတွင် အရှင်သခင်အဆင့် သားရဲ သုံးကောင်သာ အများဆုံး ရှိသည်။

ကောင်းဖန်သည် တစ်လကြာရှာဖွေမှုကို အဆုံးသတ်လိုက်သည်။ သူသည် အခြား မြေအောက် ရှာဖွေမှု ပြုလုပ်ရန် အစင်းလေး ကိုပင် စေလွှတ်ခဲ့သည်။

သူ့နောက်ကနေ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်လာသည်။

ကောင်းဖန်က သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အပေါ်က တောက်ပနေတဲ့ ရွှေရောင် ကြယ်ပွင့်တွေ ထူထပ်တဲ့ အစုလိုက် အပြုံလိုက် ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူတို့သည် အပေါ်စီးမှ စီးကျလာသော ကြီးကျယ်ခမ်းနားသော ရွှေမြစ်ကြီး အဖြစ်သို့ ပြောင်းလဲသွားကြသည်။ နေရောင်ခြည် ဖားသားလောင်းများဖြင့် ဖွဲ့စည်းထားသော မြစ်ဖြစ်သည်။ မရေမတွက်နိုင်သော နေရောင်ခြည် ဖားသားလောင်းများသည် ပေါင်းစည်းကာ အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုအဖြစ် ပေါင်းစပ်ထားသည်။

ကြီးမားသောမြင်ကွင်းကို ကြည့်ပြီး ကောင်းဖန်က ပင်လယ်ဝတုတ်ကိုခေါ်လိုက်သည်။

ဆင့်ခေါ်ခံရပြီးနောက် ပင်လယ်ဝတုတ်သည် သူ့ခေါင်းကို လှည့်လိုက်သောအခါ အံ့သြဖွယ်မြင်ကွင်းကို တွေ့လိုက်ရသည်။ “ဒါတွေက နေရောင်ခြည် ဖားသားလောင်းလေးတွေလား”

ပင်လယ်ဝတုတ်သည် နေရောင်ခြည် ဖားသားလောင်းလေးကို သိတာက မထူးဆန်းပေ။ ကောင်းဖန်က ဖားတစ်ကောင်ကို ညွှန်ပြပြီး “ဟေ့ ဖက်တီး ဒီနေရောင်ခြည် ဖားသားလောင်းလေးတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သိလား” ဟု မေးလိုက်သည်။

ပင်လယ်ဝတုတ်သည် သူ့နှုတ်ခမ်းများကို ကိုက်လိုက်သည်။ “မင်းမှာ မီးတောက်ပညတ်ချက် ဒါမှမဟုတ် မီးတောက်ပညတ်ချက်နဲ့ သားရဲရှိတယ်ဆိုရင် အဲဒါတွေကို ထိန်းချုပ်ဖို့ ကြိုးစားနိုင်တယ်.. မဟုတ်ရင်တော့ မင်းမေ့လိုက်တော့”

“ကောင်းပါပြီ” ကောင်းဖန်သည် သူ၏ရွေးချယ်ခွင့်များကို စူးစမ်းချင်သည်။ သို့သော်လည်း မဖြစ်နိုင်တာကြောင့် လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။

ပင်လယ်ဝတုတ်သည် တိတ်တဆိတ် သက်သာရာရသွားသည်။ ကျေးဇူးတင်စွာဖြင့် ကောင်းဖန်က နောက်ထပ်မေးခွန်း မထုတ်တော့ပေ။ သူလည်း ဘယ်လိုဆက်ပြီး ဖြီးရမလဲ မသိတော့ပေ။

“မင်းဘာလိုချင်သလဲ... အနီးကပ်ကြည့်ချင်တယ်လို့တော့ မပြောနဲ့နော်” ပင်လယ်ဝတုတ်ကပြောလိုက်သည်။ ဒီကောင်က ရဲရင့်လွန်းတယ်..

“ဟေး.. ငါပြောမယ်.. မင်းကြည့်လို့ရတယ်.. ဒါပေမယ့် ဖလိန်မီကို မင်းဘယ်တော့မှ မဆင့်ခေါ်ရဘူး” ပင်လယ်ဝတုတ်က သူ့ကို သတိပေးနေသည်။ “ဂုဏ်ပုဒ်တွေလိုပဲ သူတို့က တစ်ယောက်ကိုတစ်ယောက် နှောင့်ယှက်ကြတယ်.. သူတို့နှစ်ခုလုံးက မီးသားရဲတွေဆိုတော့ မင်းရဲ့ မီးသားရဲကို ခေါ်ရင် မင်းအန္တရာယ်ထဲရောက်သွားလိမ့်မယ်..ငါ့ကိုယုံကြည်ပါ”

“စိတ်မပူပါနဲ့” ကောင်းဖန်သည် ရုတ်တရက် ရပ်လိုက်ပြီးလှည့်လိုက်ကာ ပင်လယ်ဝတုတ်ကို ဝှေ့ယမ်းပြလိုက်သည်။

“ဘာကြောင့်လဲ” ပင်လယ်ဝတုတ်သည် ရုတ်တရက်သတိဝင်လာသည်။

“ဒီကိုလာ” ကောင်းဖန်ကပြောလိုက်သည် ။

ပင်လယ်ဝတုတ်သည် ကျယ်လောင်စွာအော်လ်ိုက်ရင်း သူ့ဆီသို့ ဖြည်းညှင်းစွာ တိုးလာသည်။ “မင်း ကြိုက်တာအကုန် ဟာသလုပ်လို့ရတယ်.. ဒါပေမယ့် ငါ့ကိုစီးဖို့ ဟာသမလုပ်နဲ့.. ငါက ဟာရီကိန်းနဲ့ သမုဒ္ဒရာတို့ရဲ့ နတ်ဘုရားဖြစ်တယ်...မင်းငါ့ကိုစီးရင်...”

ကောင်းဖန်ကတော့ ပင်လယ်ဝတုတ်၏ အသိဥာဏ်နှင့် ပေါင်းစပ်ရန် ချက်ချင်းရွေးချယ်လိုက်သည်။

ပင်လယ်ဝတုတ်သည် ထိတ်လန့်သွားသည်။ သူ့မျက်လုံးများသည် အရှက်တရားဖြင့် မျက်ရည်များ စီးကျလာသည်။ “မင်း… မင်းတကယ်လုပ်တယ်.. ငါကအရမ်းတုံးတာပဲ.. ဒီနေ့ရောက်မယ်ဆိုတာ ငါသိသင့်တယ်.. ငါ့ခန္ဓာကိုယ်ကို ဘယ်အချိန်က စပြီး တွေးနေတာလဲ ငါ့ကိုပြော”

“ကောင်းပြီ.. သွားကြည့်” ကောင်းဖန်သည် ပြောစရာစကားမဲ့နေသည်။

ပင်လယ်ဝတုတ်ကအမြဲတမ်း အံ့သြနေရသည်။ နောက်ဆုံးအကြိမ် ပေါင်းလိုက်တုန်းကလည်း ပင်လယ်ဝတုတ်ကလည်း ပြောစရာတွေ အများကြီးရှိခဲ့သည်။

ပင်လယ်ဝတုတ်သည် ကောင်းကင်သို့ ပျံတက်သွားသည်။ ကြီးမားသောသူ့ခေါင်းဝိုင်းနှင့် အနောက်တွင် အမြီးသေးသေးလေးသည် ပြင်းထန်စွာ တွန့်လိမ်နေသည်။

ပင်လယ်ဝတုတ်သည် ၎င်းတို့နောက်မှ လိုက်လာစဉ် ရွှေရောင်ဖားသားလောင်းလေးများသည် ရှေ့မှ ပျံသန်းသွားကြသည်။ သူတို့နောက်က ပင်လယ်ဝတုတ်ကို လျစ်လျူရှုထားကြသည်။

ပင်လယ်ဝတုတ်ထဲတွင်ရှိနေသည့် ကောင်းဖန်သည် သူ့ဘေးမှ နေရောင်ခြည်ဖားသားလောင်းလေးများ နောက်လိုက်နေသည့် အခြား “နောက်ယောင်ခံလိုက်သူ” ရှိသည်ကို သဘောပေါက်လိုက်သည်။

ဒါက… ကောင်းဖန်က သံသယဝင်နေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၂၆ နေရောင်ခြည်ရွှေဖားပြုပ်

အခြားသော နောက်ယောင်ခံလိုက်သူများသည် အချင်းချင်း မနှောင့်ယှက်ကြပေ။ အချင်းချင်း စိတ်ချရသည့် အကွာအဝေးတွင် နေနေကြသည်။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ပြုံးပင် ပြလိုက်ကြသေးသည်။

နေရောင်ခြည် ဖားလောင်းတစ်ကောင်သည် မြစ်ထဲမှ ပြုတ်ကျသွားသည်။ အစုအဝေးကြီးသည် အလွန်စွမ်းအားကြီးမားသော်လည်း တစ်ကောင်စီကတော့ စွမ်းအင်အကန့်အသတ် ရှိကြသည်။

သူတို့သည် သူတို့စွမ်းအားထက် ကျော်လွန်သည့် အစွမ်းကို ထိန်းသိမ်းထားရသောကြောင့် သေးငယ်သော ဖားသားလောင်းလေးသည် ရွှေရောင်မြစ်၏ အဆုံးမှ ပြုတ်ကျသွားကာ ပိုပိုဝေးသွားသည်။ ဖားသားလောင်းလေးသည် အစုအဝေးနှင့် ဝေးသွားသည်နှင့် အမျှ ရရှိသော စွမ်းအင်ကလည်း ပိုနည်းသွားသည်။ ထို့ကြောင့်သူသည် ပို၍ ခက်ခဲစွာ ကူးခတ်နေရသည်။

နောက်ယောင်ခံလိုက်သူများထဲမှ တစ်ကောင်က အခွင့်အရေးကို တွေ့သွားသည်။ သူသည် ထူးခြားသော ရွှေရောင်ငှက်တစ်ကောင်ဖြစ်ပြီး အနီရောင် တောင်ပံများ ရှိကာ ၁၆ ပေ ရှည်လျားသည်။ သူသည် ထိုးဆင်းလိုက်ကာ ဒုက္ခရောက်နေသော ‌ဖားသားလောင်းကို စားရန်ပြင်လိုက်သည်။ ငှက်သည် ပျော်ရွှင်နေသည့် အသံများ ထွက်ပေါ်နေကာ နေရောင်ခြည် ဖား‌သားလောင်းများနောက်သို့ လိုက်နေသည်။

ထိုငှက်သည် ဘုရင်အဆင့် အနီရောင်ပညာရှိ သိမ်းငှက် ဖြစ်သည်။ ကောင်းဖန်သည် ထိုငှက်ကို တစ်ချက်ကြည့်ပြီး သိလိုက်ရသည်။

“ပင်လယ်၀တုတ်.. ဒီဖားသားလောင်းတွေက တကယ် ကောင်းကင်မှာ ပျံနေတာလား”

ဖားသားလောင်းများသည် အပေါ်သို့ တောက်လျှောက် ပျံသန်းနေကြသည်။ အောက်ဘက်မှ မြေပြင်ကိုတော့ မြင်တောင် မမြင်ရတော့ပေ။ တိမ်အလွှာများကိုသာ မြင်နေရတော့သည်။ နေမင်းကြီးကတော့ လက်လှမ်းမမှီနိုင်သည့် အထက်ကောင်းကင်တွင် တောက်ပနေသည်။

ကောင်းဖန်သည် သူတို့ဘယ်တော့ ပျံသန်းတာ ရပ်သွားမလဲ သိချင်နေမိသည်။ သူသည် ပထဝီကျေသူ ဖြစ်သည်။ နေ၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် သူတို့သွားဖို့ အတော်လေး လိုဦးမည် ထင်သည်။

ထိပ်ဆုံးသို့သွားနေစဉ်တွင် သူသည် ပင်လယ်၀တုတ်အား ရုန်းကန်နေရသော ဖားသားလောင်းကို ဖမ်းဖို့ အမိန့်ပေးလိုက်သည်။ ရွှေရောင်ဖားသားလောင်းလေးသည် ပင်လယ်၀တုတ်၏ ရေယက်ထဲတွင် ပိတ်မိသွားသည်။ သူသည် မည်မျှပင် ရုန်းကန်သော်လည်း လှုပ်နိုင်တာက အမြီးလေးပဲ ရှိတော့သည်။

မကြာခင်မှာ သူသည် အားကုန်သွားပုံရသည်။ သူသည် ပင်လယ်၀တုတ်၏ ရေယက်ထဲတွင် ငြိမ်သက်စွာ နားနေပြီး ဘောလုံးလေးတစ်လုံးလို ကွေးထားကာ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ နှာခေါင်းထိပ်မှ ပူစီဖောင်းပင် ထွက်နေသေးသည်။

ကောင်းဖန်က အံ့ဩသွားသည်။ ဘယ်လိုတောင် စိတ်အေးလက်အေး နေနိုင်တာတုန်းဟ..

သူတို့ပျံသန်းနေရင်း နေလုံးက တဖြည်းဖြည်း ကြီးလာသည်ကို သတိပြုမိလိုက်သည်။ ရွှေနီရောင် နန်းတော်ကြီးသည် မီးဘောလုံးကြီးပေါ်တွင် မျောလွင့် တည်ရှိနေသည်။ ရွှေရောင် အလင်းတန်းအောက်တွင် ပုံရိပ်သည် ဝေဝေဝါးဝါး ဖြစ်နေသည်။

နေရောင်ခြည်ဖားသားလောင်းများသည် နန်းတော်အတွင်းသို့ ကတိုက်ကရိုက် ၀င်သွားကြသည်။ သူတို့နောက်မှ သားရဲများကတော့ ဆက်မလိုက်ရဲကြတော့ပေ။ ကောင်းဖန်သည် ပင်လယ်၀တုတ်၏ စိတ်အခြေအနေကို အထဲမှ ခံစားမိလိုက်သည်။ နန်းတော်ထဲမှ အန္တရာယ်အငွေ့အသက်တစ်ခု ထွက်လာနေသည်။

ငါနန်းတော်နား မသွားနိုင်ဘူး.. ပင်လယ်၀တုတ်က ချက်ချင်းရပ်လိုက်သည်။

အုံးအွမ်.. ကျယ်လောင်ကြည်လင်သော ဖားအော်သံကြီးသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

နန်းတော်သည် ရုတ်တရတ် အပေါ်သို့ မြင့်တက်သွားသည်။ မျက်လုံးကျိန်းစပ်နိုင်လောက်အောင် လင်းသော ရွှေရောင်အလင်းတန်းကြီးက ကောင်းကင်ကို လွှမ်းခြုံလိုက်သည်။ ပွင့်လာနေသော အဓိကဂိတ်ကြီးများသည် နန်းတော်၏ နှုတ်ခမ်းများဖြစ်သည်။ သူ့ပါးစပ်တွင်းမှ ကျယ်လောင်သော အသံကြီးက ထွက်လာခြင်းဖြစ်သည်။

“လင်းလိုက်တာ.. မျက်လုံးတွေ ကျိန်းလိုက်တာ” ပင်လယ်၀တုတ်က ရေရွတ်လိုက်သည်။

ပင်လယ်ဘုရင်၏ ကိုက်ဖြတ်ဝါးမြိုတတ်သော သွားများကတော့ တိတ်တဆိတ် အလုပ်လုပ်နေသည်။ ရုတ်တရတ် အနက်ရောင် တွင်းပေါက် ၂ ခု ထွက်ပေါ်လာပြီး မျက်လုံးများကို ဖုံးပေးလိုက်သည်။ ထို့နောက် သူ့ဆီလာနေသော ရွှေရောင်အလင်းတန်းများကို ဝါးမြိုလိုက်သည်။ ထို့ကြောင့် ပင်လယ်၀တုတ်သည် နောက်ကွယ်မှ ရွှေရောင်ဖားပြုပ်ကြီးကို ပြတ်သားစွာ မြင်လိုက်ရသည်။

[သားရဲအမည်] - နေရောင်ခြည် ရွှေရောင် ဖားပြုတ်

[သားရဲအဆင့်] - အဆင့် ၉၉ (ကွားစီနတ်ဘုရား)

[သားရဲစွမ်းရည်] - ဒဏ္ဍာရီအဆင့်

[သားရဲအမျိုးအစား] - မီး/ နေ

[သားရဲစွမ်းအင်] - နေမီးတောက် အဆင့် ၁၀၊ မီးတောက် ထိန်းချုပ်မှု အဆင့် ၁၀၊ မီး ခံနိုင်မှု အဆင့် ၁၀၊ အဆုတ်အားကောင်းခြင်း အဆင့် ၉၊ စွမ်းအင် တိုးတက်မှု အဆင့် ၈

[နတ်ဘုရား အစိတ်အပိုင်းများ] - အတွင်းကလီစာများ၊ အရည်ပြား၊ မျက်လုံးများ၊ ခြေထောက်များ

[သားရဲနယ်ပယ်] - နေနယ်ပယ်

[အထူးဝိသေသ လက္ခဏာများ] - နေကို မြိုချခြင်း

[သက်ရောက်မှု ၁] - နေရောင်ခြည် ရွှေဖားပြုပ်သည် နေ၏ စွမ်းအင်ကို စုပ်ယူ၍ သန်မာအောင် ပြုလုပ်နိုင်သည်။

[သက်ရောက်မှု ၂] - နေရောင်ခြည် ရွှေဖားပြုပ်သည် နေကို ခဏပိတ်ဆို့ နိုင်ပြီး နေမျက်နှာပြင်ရှိ နေမီးတောက်များကို အပြည့်အ၀စုပ်ယူနိုင်သည်။ အချိန်တိုအတွင်း စွမ်းအင်မြင့်မားနိုင်သော်လည်း အသုံးပြုပြီး နောက်တွင်တော့ အချိန်တစ်ခုထိ အားနည်းသွားတတ်သည်။

ရွှေရောင်ဖားပြုပ်

ရတနာများကို စုဆောင်း‌သော ရွှေရောင်ဖားပြုပ်

[သက်ရောက်မှု ၁] - ရတနာများ၏ တည်နေရာကို အာရုံခံနိုင်စွမ်း ရှိသည်။

[သက်ရောက်မှု ၂] - နေရောင်ခြည် ရွှေဖားပြုပ်သည် တောက်ပသော အရာများကို စားသုံးရတာကို ကြိုက်ပြီး သူ့အစာအိမ်ထဲတွင် သိုလှောင်ထားတတ်သည်။ သူသည် တောက်ပသော အရာများကို ပိုစားသုံးလေလေ လှုပ်ရှားမှုများ ပိုနှေးကွေးလေ ဖြစ်တတ်သည်။ သို့သော် ခုခံရေးစွမ်းအင်များကတော့ ပိုအားကောင်းလာသည်။

[ဖော်ပြချက်] - ကောင်းကင်နှင့် ကမ္ဘာမြေမှ မွေးဖွားလာသော နေရောင်ခြည် ရွှေဖားပြုပ်သည် နေ၏ စွမ်းအင်ကို စုပ်ယူရတာကြိုက်ပြီး တည်ငြိမ်သော စရိုက်လက္ခဏာ ရှိသည်။

သူသည် ငြိမ်သက်စွာ ထိုင်နေပြီး သူ့ဆီကူးခတ်လာနေသော ဖားသားလောင်းများကို ကြည့်နေသည်။ သူသည် နောက်ယောင်ခံလိုက်သူများကို မမြင်နိုင်သော်လည်း ကောင်းဖန်ကတော့ သူ့ကို ကြည့်နေသည်ဟု ခံစားနေရသည်။

နေရောင်ခြည် ရွှေဖားပြုပ်သည် ထိုင်နေရင်းဖြင့် ပါးစပ်ကြီးကို ဟလိုက်သည်။ ထိုအခါ ဖားသားလောင်းများသည် သူ့ပါးစပ်တွင်းသို့ တစ်ကောင်ပြီး တစ်ကောင် ၀င်သွားကြသည်။ သူတို့သည် ခရီးမှ ပြန်လာသူများလို ကတိုက်ကရိုက် ၀င်သွားနေကြသည်။

ဖား‌သားလောင်းများ ၀င်နေစဉ်တွင် ရွှေရောင်မီးတောက်အလွှာတစ်ခုသည် ရွှေဖားပြုပ်ကို လွှမ်းခြုံလာသည်။ ထို့နောက် မီးတောက်သည် ဖြန့်ကျက်လာရာ ဖားပြုပ်သည် ဓာတ်မီးအကြီးစားကြီးလို တောက်ပ‌လာသည်။

ဖားပြုပ်တစ်ကိုယ်လုံးကို မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ မီးတောက်များသည် အလျှံပြင်းပြင်း တောက်လောင်နေသည်။

ကောင်းဖန်သည် တွန့်လိမ်နေသော မီးတောက်များကို ကြည့်နေမိသည်။ မီးတောက်များသည် ပို၍ပင် ဖြန့်ကျက်အားကောင်းလာသည်။ ကြောက်မက်ဖွယ် အပူချိန်သည် မြစ်အနောက်မှ သားရဲအချို့ကို စက္ကန့်ပိုင်းအတွင်း ပြာများဖြစ်သွားစေသည်။

အပြာရောင် အကာအရံ အလွှာလေးတစ်ခုက ပင်လယ်၀တုတ်ကို အပူဒဏ်မှ ကာကွယ်ပေးထားသည်။

“သေစမ်း.. ဘာလို့ ဒီလောက်တောင်ပူတာလဲဟ” ပင်လယ်၀တုတ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

နေရောင်ခြည် ဖားသားလောင်းများအားလုံးသည် အတူတကွ စုဝေးလိုက်ပြီး နေမီးတောက် ပေါက်ကွဲမှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ တောက်လောင်နေသော မီးတောက်များကြားတွင် ကောင်းဖန်သည် ရွှေရောင်ချိန်းကြိုးများကို ခပ်ရေးရေး မြင်နေရသည်။

“ဒီသားရဲက သူ့ကိုယ်ကို လေ့ကျင့်ဖို့ နေမီးတောက် ပညတ်ချက်ကို သုံးနေတာ.. သူနတ်ဘုရား ဖြစ်လာတော့မယ်” ပင်လယ်၀တုတ်က ထိုမြင်ကွင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ငါတို့ ဒါကို ရင်မဆိုင်နိုင်ဘူး.. သွားရအောင်”

“မင်းပဲ အရင်က နတ်ဘုရား ဖြစ်ဖူးတယ်ဆို.. သတ္တိကြောင်လိုက်တာ” ကောင်းဖန်က ပြောလိုက်သည်။

“ငါ့အရင်က အခြေအနေနဲ့ဆိုရင်တော့ ဒီကောင်ကို ဆော်နိုင်တာပေါ့” ပင်လယ်၀တုတ်က ဒေါသတကြီး အော်လိုက်သည်။ “ဒါပေမယ့်အခုတော့ အရင်လို မဟုတ်တော့ဘူးလေ.. ပုံမှန်ဆိုရင် ကွားစီနတ်ဘုရားတွေက ပညတ်ချက်တွေကို ဆန့်ကျင်တာမျိုးလည်း မလုပ်ရဲကြဘူး.. မဟုတ်ရင် ငါ ငါးကြွပ်ကြွပ်ကြော် ဖြစ်သွားလိမ့်မယ်”

“ဟုတ်ပါပြီ ဟုတ်ပါပြီ.. အတိတ်ကို တူးဆွတာတော်ပါတော့” ကောင်းဖန်က ပြောလိုက်သည်။

ဖားပြုပါကတော့ နေနှင့်လတို့၏ အဆီအနှစ်များကို မြိုချလိုက် ပြန်ထုတ်လိုက် လုပ်နေသည်။ မီးဒြပ်စင်များသည် မီးတောက် အခိုးအငွေ့များအဖြစ်သို့ပြောင်းသွားပြီး သူ့ပါးစပ်ထဲ ၀င်နေသည်။ ဖားပြုပ်၏ စွမ်းအင် အငွေ့အသက်က ပို၍ပင် ကြီးမားလာသည်။ စွမ်းအင် အလွှာများ တစ်ထပ်ပြီး တစ်ထပ် ဖုံးလွှမ်းနေသလို ဖြစ်နေသည်။

ထို့နောက် မီးတောက်ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်သွားပြီး လေထုထဲတွင် ပျံ့နှံသွားသည်။ ရွှေရောင်အလင်းတန်းသည် ကောင်းကင်တွင် ပြည့်နှက်နေပြီး မီးတောက်များက ဆက်လက်တောက်လောင်နေသည်။

ဖားပြုပ်ကတော့ အဆင့် ၁၀၀ ကို ချိုးဖောက်သွားပြီ ဖြစ်သည်။ သူသည် ကွားစီနတ်ဘုရား ဖြစ်လာသည်။ ပြီးပြည့်စုံသော နတ်ဘုရားအောက်အဆင့်တွင်တော့ ရှိသေးသော်လည်း အသန်မာဆုံးသားရဲများ၏ ထိပ်ဆုံးဖြစ်လာသည်။

ဖားပြုပ်၏ အရွယ်အစားကလည်း ပိုကြီးမားသွားသည်။ သူသည် ကြမ်းတမ်းသော အရေပြားတွင် လပ်မှိန်မှိန် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ ဖားကြီးသည် ကျယ်လောင်စွာ တွန်လိုက်ပြီးနောက် သူ့အောက်မှာ အနီရောင် မီးလုံးကြီးကို လှုပ်ခါလိုက်သည်။

ကောင်းဖန်သည် ဖားကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်ကို သတိပြုမိလိုက်သည်။ သို့သော် တကယ်တော့ သူ့အနောက်ဖက်ကို ကြည့်နေခြင်းသာ ဖြစ်သည်။

သူသည် ပါးစပ်ကြီးကို ဟလိုက်သည်။ ထို့နောက် အနောက်ဖက် မိုးကုတ်စက်ဝိုင်းဆီသို့ ကြီးမားသော ရွှေရောက်သက်တံ့ကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ပျောက်ကွယ်သွားတော့သည်။

အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက် ကြောက်မယ်ဖွယ် စွမ်းအင်အငွေ့အသက်ကြီးသည် အနောက်ဖက်စွန်းမှ နိုးထလာသည်။ ထို့နောက် အဆုံးမရှိသော အပြာရောင် အလင်းတန်းသည် အနောက်ဖက်မှ အရှေ့ဖက်သို့ စတင်ဖြန့်ကျက်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၂၇ နတ်ဘုရား စနစ်များ

“သွားကြ” အလွန်ပင် အရှိန်အဝါ အာဏာကြီးမားပုံရသည့် အမျိုးသားတစ်ယောက်အသံသည် ပင်လယ်၀တုတ်နှင့် ကောင်းဖန်တို့၏ စိတ်အာရုံအတွင်း မြည်ဟိန်းသွားသည်။ ပင်လယ်၀တုတ်သည် ၂ စက္ကန့်လောက် ကြောင်သွားသည်။ ထို့နောက် သူသည် တုန်ယင်လာပြီး ခေါင်းကိုဝှက်ကာ ဘာစကားတစ်လုံးမှ မပြောပဲ ပြန်လှည့် ထွက်ပြေးလိုက်တော့သည်။

“ပင်လယ်၀တုတ် မင်းက အရှက်အကြောက် ကြီးလွန်းတာလား” ကောင်းဖန်က ပြောလိုက်သည်။

“သူတို့ ဘယ်သူလဲ ဆိုတာ ငါနောက်ဆုံးတော့ သိသွားပြီ.. ငါမင်းကို ဘာမှ အသေးစိတ်မရှင်းပြခင် အရင်ဆုံး ဘေးလွတ်ရာကို ထွက်ပြေးရအောင်” ပင်လယ်၀တုတ်က အလျင်စလို လေသံဖြင့် ပြောလိုက်သည်။

သူတို့နောက်တွင် ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။

အေးစက်သော စီးကြောင်းများနှင့် အပူလှိုင်းများသည် ပင်လယ်၀တုတ်၏ အနောက်ဘက်ကို တစ်ခုပြီး တစ်ခု ၀င်တိုက်နေကြသည်။ ပင်လယ်၀တုတ်ကတော့ တစ်စုံတစ်ခုကို မသဲမကွဲ ရေရွတ်နေသည်။အလွန် ပူပြီး အလွန် အေးသော တိုက်ခိုက်မှုများသည် လေထုထဲတွင် သွားနေကြသည်။ သူ့နောက်ကျောမှ အကြေးခွံများသည် ဆန့်ကျင်ဘက် စွမ်းအား ၂ ခုဖြင့် အတိုက်ခံနေရပြီး ကွဲကြေသည့် အသံများ ထွက်ပေါ်နေသည်။ ပင်လယ်ဝတုတ်သည် သားရေဘောလုံး တစ်လုံးလို ဖြစ်နေသည်။ သူ့နောက်ကျော ကြွက်သားများသည် ကျုံ့လိုက် ဆန့်လိုက်ဖြစ်နေသည်။

သို့သော် တွန်းကန်အားရသွားပုံ ရသည်။ ပင်လယ်၀တုတ်သည် ထိုတွန်းအားကြောင့် ပို၍ပင် မြန်မြန်ဆန်ဆန် ပျံသန်းနိုင်နေသည်။ တိမ်တိုက်များကို ထွင်းဖောက်နေသောကြောင့် အပေါက်များ ဖြစ်ပြီး ကျန်ခဲ့သည်။ သူသည် အနောက်လည်း လှည့်ကြည့် လှည့်ကြည့် ဖြစ်နေသည်။

ကောင်းကင်တွင် ရွှေရောင် ညနေဆည်းဆာနှင့် ရေခဲပြာရောင် တိမ်မြူများ ထိပ်တိုက်တွေ့နေသည်။ နေနှင့် လတို့၏ ခပ်ရေးရေး ပုံရိပ်များကလည်း မျက်နှာချင်းဆိုင် ဖြစ်ပေါ်လာသည်။ နေက အရှေ့ဘက်တွင် ဖြစ်ပြီး လကအနောက်ဘက်တွင် ဖြစ်သည်။

ရေခဲပြာရောင် မြူခိုးများက လကို၀န်းရံထားသည်ကို ကောင်းဖန်က ကြည့်နေရင်း ပင်လယ်၀တုတ်၏ အမြင်အာရုံမှ တဆင့် ကြီးမားသော မျက်လုံးကြီး ၂ ခုကို မြင်လိုက်ရသည်။ ထိုမျက်လုံးကြီးများသည် အနက်ရောင်မြူခိုးကမ္ဘာ၏ ညမြင်ကွင်းတွင် တွေ့ရသော လကြီး ၂ စင်းနှင့် တူလှသည်။

ပင်လယ်၀တုတ်သည် ကောင်းကင်မှ ပြုတ်ကျလာနေရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သောအခါ သူ့ဗိုက်ကြီးသည် ငါးပူတင်းတစ်ကောင်လို ပြားသွားသည်။ ထိုအခါ ပို၍ပင် မြန်ဆန်စွာ ကျဆင်းလာသည်။ သူတို့အောက်တွင် သိပ်သည်းသော တောအုပ်တစ်ခု ရှိနေသည်။

သူတို့ပြုတ်ကျတော့မည့် တောအုပ်တွင် သစ်ကိုင်းများသည် ကြမ်းတမ်းစွာ လှုပ်ခါနေကြပြီး ကြီးမား‌သည့် တောမြွေကြီးသည် ကျည်ဆန်တစ်ခုလို တိုးထွက်လာသည်။ သူသည် ပင်လယ်၀တုတ်ကိုစားရန် ပါးစပ်ကြီးကို ဟထားသည်။

သို့သော် ပင်လယ်၀တုတ်၏ အကြေးခွံကို ထိလိုက်သည်နှင့် သူ့သွားများ ကြေမွသွားသည်။ ထို့နောက် မိုးကြိုးပစ်ခံလိုက်ရသလို ခုန်ထွက်သွားတော့သည်။

…

ကောင်းဖန်သည် ပင်လယ်၀တုတ်ကိုယ်ထဲမှ ထွက်လာပြီး အသက်၀၀ရှူလိုက်သည်။ “ပင်လယ်၀တုတ်.. ခုနက ဘာကြီးတုန်း”

“တောထဲ‌က မြွေဟောက်လေး တစ်ကောင်ပါ”

“.. နေရောင်ခြည် ရွှေဖားပြုပ်နဲ့ ကောင်းကင်က ဟာတွေကို ပြောနေတာကွ”

“ဪ.. အဲဒါကို မေးတာလား.. ခဏလေး” ပင်လယ်၀တုတ်သည် ဘေးဘီပတ်၀န်းကျင်ကို စေ့ငုလိုက်ပြီး တစ်နေရာတွင် သူ့အကြည့်က ရပ်တန့်သွားသည်။ သူသည် ကောင်းဖန်နှင့် သိပ်မဝေးသော နေရာတွင် ရှိသည့် ချုံပုတ်ကို စိုက်ကြည့်နေသည်။

“ထွက်လာခဲ့စမ်း” ပင်လယ်၀တုတ်သည် သူ၏ ရေယက်များကို မြေကြီးတွင် ရိုက်ချလိုက်သည်။ ထိုအခါ အစိမ်းရောင်သဏ္ဍာန်လေးတစ်ခုသည် ချုံပုတ်ထဲမှ ထွက်လာပြီး ကောင်းဖန်ခြေထောက်နားဆီ အပြေးအလွှား ရောက်လာသည်။ သူသည် စိုစွတ်နီရဲနေသော မျက်လုံးများဖြင့် ကောင်းဖန်ကို စိုက်ကြည့်နေသည်။ ‌သူသည် ကောင်းဖန်ကို တုန်ရီစွာကြည့်နေပြီး သူ့အမွှေးအတောင်များက ခြင်္သေ့တစ်ကောင်လို ဖောင်းပွပွလေး ဖြစ်နေသည်။

[သားရဲအမည်] - ကြက်တူရွေးစိမ်း

[သားရဲစွမ်းရည်] - ပုံမှန်

[သားရဲအဆင့်] - အဆင့် ၈

[သားရဲအမျိုးအစား] - သစ်သား

[သားရဲအခြေအနေ] - ကျန်းမာရေးကောင်း (ကြောက်လန့်နေ)

[သားရဲဖော်ပြချက်] - တုံးအသော ငှက်ဖြစ်ပြီး ရှက်ကြောက်တတ်သူ ဖြစ်သည်။ အခြားသော အသံများကို တုပရာတွင် ထူးချွန်သည်။ တစ်ခုခု ဒုက္ခရောက်ပါက သူသည် သူ့ကို ခြိမ်းခြောက်နေသော အရာဆီသို့ ပြေးသွားကာ သူ့ကို ကြီးမားသော သားရဲကြီးတစ်ကောင်ကောင်၏ အသံကို လုပ်ကာ ခြောက်လှန့်မောင်းထုတ်တတ်သည်။

ကောင်းဖန်က ဆွံ့အသွားသည်။ ဘာကောင်တုန်းဟ.. ကောင်းဖန်သည် ထိုကဲ့သို့ အားနည်းသော သားရဲကို မတွေဖြစ်တာ နှစ်အတော်ပင် ကြာပြီဖြစ်သည်။ ယခင်က သူ့နောက်သို့လိုက်သော ချစ်စရာ သားရဲအုပ်စုလေးများသည်ပင် ယခုတော့ ကြီးမား သန်မာနေ‌ကြပြီဖြစ်သည်။ အလင်းလှိုင်းသည်ပင် ဒီကောင်လေးထက် အရပ်ပိုရှည်သေးသည်။

“ဝုတ်” ကြက်တူရွေးစိမ်းလေးသည် တစ်လက်မလောက်သာ ရှိပြီး သူသည် ခုန်ဖို့ကိုပင် သူ၏ ခြေထောက်တိုတိုလေးများကို ရုန်းကန်နေရသည်။ သူသည် တောင်ပံလေးများကို ပြင်းထန်စွာခတ်ရင်း မာန်ဖီဟိန်းဟောက်နေသည်။ သူ့အသံကတော့ ဖျားလောက်စရာ ဖြစ်သည်။

သူသည် အော်ဟစ်နေရင်း ကောင်းဖန်ကိုလည်း စိုက်ကြည့်နေသေးသည်။ သူသည် ကောင်းဖန်နှင့် ပင်လယ်၀တုတ်ကို စိုက်ကြည့်နေရင်း ခေါင်းက ဘယ်ညာယိမ်းနေသည်။ ထိုရုပ်ဆိုးဆိုး အကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာ အလွန်အားနည်းပုံပေါက်သည်။ သူသည် ခဏလောက် ခုန်လိုက်ရုံဖြင့်ပင် မောပန်းနေလေသည်။ ထို့ကြောင့် မြေပြင်တွင် ထိုင်ချလိုက်သည်။ သူသည် သူ့ကံကြမ္မာကို ကြိုမြင်နေသည့်အလား တွေတွေကြီး ထိုင်နေတော့လေသည်။

ကောင်းဖန်သည် ဒီသားရဲလေး လက်ရှိအဆင့်သို့ ရောက်အောင်ပင် ဘယ်လိုအဆင့်မြှင့်ထားလဲ ရှာလို့ပင် မရချေ။ ကံကောင်း၍သာ ဒီအဆင့်ရောက်နေပုံရသည်။

ကောင်းဖန်သည် ကုန်းပြီး ကြက်တူရွေးစိမ်းလေးကို ပွတ်သပ်ပေးလိုက်သည်။ “မင်းလောက်အကောင်လေးက ငါ့အတွက် သွားကြားညပ်စရာတောင် မရှိပါဘူးကွာ”

ကြက်တူရွေးစိမ်းလေးသည် ကောင်းဖန်ထွက်သွားသည်ကို ခေါင်းလေးလှည့်ပြီး ကြည့်လိုက်သည်။ ဖြစ်ပျက်သွားသော အကြောင်းအရာများအတွက် သူ့ဦးနှောက်လေးက လိုက်မမှီတော့ချေ။ ကောင်းဖန် အဝေးသို့ရောက်သွားတာ သေချာတော့မှ သူသည် ကုန်းရုန်းထလိုက်ကာ ပျော်ရွှင်စွာ တောင်ပံများကို ခတ်လိုက်သည်။ ငါနောက်ထပ်ရန်သူ တစ်ယောက်ကို ခြောက်လှန့်နိုင်ပြန်ပြီပဲ..

ထိုအချိန်တွင် အနီးအနားမှ သစ်ပင်ထိပ်တွင် သွားအနည်းငယ် ကျိုးနေသည့် ကြီးမားသော တောမြွေကြီးသည် ကောင်းဖန်တို့ကို ကြည့်လိုက်သည်။ ထို့နောက် မြေပြင်တွင် ခုန်ပေါက်နေသော ကြက်တူရွေးစိမ်းလေးကို လှည့်ကြည့်လိုက်သည်။ မြွေကြီး၏ အေးစက်သော မျက်လုံးများသည် တဖြည်းဖြည်း နူးညံ့လာသည်။

မြွေကြီးသည် ကြက်တူရွေးစိမ်းလေးကို တိုက်ခိုက်ဖို့ လုပ်နေသော မီးခိုးရောင် ဝံပုလွေတစ်ကောင်၏ အရိုးများကို သူ့အမြီးကြီးဖြင့် ချိုးလိုက်သည်။ ထို့နောက် သူ့အမြီးကြီးဖြင့် ဝံပုလွေကို သစ်ပင်ထိပ်ဆီ ယူဆောင်လိုက်ပြီး အောက်တွင် ခုန်ပေါက်နေသော ကြက်တူရွေးလေး မကြောက်အောင် လုပ်ပေးလိုက်လေသည်။

…

ကောင်းဖန်က ခေါင်းကို လှည့်ပြီး မေးလိုက်သည်။ “သူ့ရဲ့ မူလရင်းမြစ်ကဘာလဲ”

“ဟီလီအိုနဲ့ ဆယ်လင်းတို့ရဲ့ နတ်ဘုရားစနစ်လို့ ခေါ်တယ်” ပင်လယ်၀တုတ်က အသက်ကို ၀၀ရှူလိုက်သည်။ “နတ်ဘုရား ၂ ပါးနဲ့ နောက်လိုက်တွေက ဖော်ဖော်ရွေရွေသိပ်မရှိပဲ တမူထူးခြားကြတယ်.. ဒါပေမယ့် အဲဒီ နတ်ဘုရား ၂ ပါးက မဟာရန်ဘက်ကြီးတွေပဲ.. သူတို့တွေ့တိုင်း အချင်ချင်း သေအောင် သတ်ကြတာပဲ”

“နေနဲ့ လရဲ့ ပညတ်ချက်တွေကို ကျွမ်းကျင် တတ်မြောက်ထားတဲ့ သားရဲတွေ အကုန်လုံးက အဲဒီ နတ်ဘုရား စနစ်တွေရဲ့ အောက်မှာ ရှိကြတာလား” ကောင်းဖန်က မေးလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ပင်လယ်၀တုတ်က ဆွံ့အသွားသည်။ “ဖြစ်နိုင်ချေတော့ များတာပေါ့.. ဒါပေမယ့် သူတို့ကို ငါမြင်လိုက်တာနဲ့ သူတို့ရဲ့ ပုံစံအစစ်အမှန်တွေကိုတော့ ငါခန့်မှန်းနိုင်တယ်..

“ဒါပေမယ့် ဒီပညတ်ချက်မှာတော့ ဆယ်လင်းရဲ့ ပညတ်ချက်တွေကို ထိန်းချုပ်တဲ့ သားရဲနဲ့ ဟီလီအိုရဲ့ ပညတ်ချက်တွေကို ထိန်းချုပ်တဲ့သားရဲတို့ ဘာမှမပြောပဲ စပြီးတိုက်ခိုက်ကြတာကို မြင်ရင်တော့ အဲဒီမှာ သူတို့ရဲ့ အဓိကရင်းမြစ်ကို သိနိုင်မှာပဲ”

“ဪ.. ဟုတ်ပြီ” ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ပင်လယ်၀တုတ်.. မင်းတို့လို နတ်ဘုရားတွေမှာရော အဖွဲ့အစည်းတွေရှိတာလား.. မင်းကရော ပင်လယ်နတ်ဘုရားစနစ်ကနေ လာတာလား”

ပင်လယ်၀တုတ်သည် ကောင်းဖန်စကားကို ချက်ချင်း ပြန်မဖြေပဲ ခုန်ဆွ ခုန်ဆွ လုပ်နေသည်။ “ပင်လယ်နတ်ဘုရားစနစ်ဆိုတာတော့ မရှိပါဘူး.. သမုဒ္ဒရာပညတ်ချက်နဲ့ ဆက်နွယ်တဲ့ နတ်ဘုရားတွေတော့ ရှိတယ်.. ဒါပေမယ့် ဘယ်သူကမှ အချင်းချင်း မရိုသေကြတော့ ခေါင်းဆောင်ရယ်လို့ မရှိဘူး”

“နတ်ဘုရားစနစ်.. နားထောင်လို့တော့ ကောင်းတယ်.. ဒါပေမယ့် အဲဒါက တကယ်တော့ နတ်ဘုရားတွေရဲ့ အစုအဝေး အဖွဲ့အစည်း တစ်ခုပါပဲ.. တကယ့် နတ်ဘုရား စစ်စစ်ကတော့ နတ်ဘုရားစနစ်လို ရှုပ်ရှုပ်ထွေးထွေးထဲ ၀င်မပါကြပါဘူး.. ပြီးတော့ ပညတ်ချက်တွေကို ထိန်းချုပ်တဲ့ စွမ်းအင်က သူတို့ရဲ့ ခွန်အားအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိတယ်.. ဒါပေမယ့်လည်း အားနည်းတဲ့ သူတွေ အုပ်စုလိုက်ပေါင်းနေလည်း အားကောင်းလာမှာတော့ မဟုတ်ပါဘူး..” ပင်လယ်၀တုတ်က ရှင်းပြနေသည်။

ကောင်းဖန်၏ အကြည့်ကို သတိထားမိသောအခါ ပင်လယ်၀တုတ်က ဒေါသထွက်သွားသည်။ “ဘာလို့ ဒီလိုကြည့်နေတာလဲ.. ဟိုဘက်လှည့်နေ”

“မလှည့်ချင်ပါဘူး” ကောင်းဖန်က ခေါင်းယမ်းလိုက်သည်။ သူသည် တစ်ခုကိုပဲ စဉ်းစားနေမိသည်။ ပင်လယ်ဝတုတ်သည် နတ်ဘုရားစနစ်ကို အားနည်းသူများ ပေါင်းထားသည့် အဖွဲ့အစည်းတစ်ခုဟု ပြောခဲ့သည်။ သို့သော် ပင်လယ်၀တုတ်သည် နတ်ဘုရားအဖွဲ့အစည်းမှ သားရဲ ၂ ကောင်တိုက်ခိုက်တာကို မြင်တုန်းကတော့ သူများထက်ပိုမြန်အောင် ထွက်ပြေးခဲ့သည်။

ထားလိုက်ပါတော့.. ပင်လယ်၀တုတ်လို ဒေါသလက်တစ်ဆစ်ကို မလှောင်တော့ပါဘူး..

“ဟီလီအိုနဲ့ ဆယ်လင်းတို့ရဲ့ နတ်ဘုရားစနစ်တွေအပြင် ပိုကောင်းတဲ့ နာမည်ကြီး နတ်ဘုရားစနစ်တွေလည်း ရှိသေးတယ်.. အရိပ် နတ်ဘုရားစနစ်၊ တောအုပ် နတ်ဘုရားစနစ်၊ တောင်ဘုရားစနစ် တို့ပေါ့” ပင်လယ်၀တုတ်က ပြောလိုက်သည်။

“ဒါအကုန်ပဲလား” ကောင်းဖန်က အံ့ဩသွားသည်။ ဘာလို့ လူတွေနားထဲမှာ ရင်းနှီးလွယ်တဲ့ အမှောင်နတ်ဘုရားနစ်တို့ အလင်း နတ်ဘုရားစနစ်တို့ မရှိရတာလဲ.. အရိပ်နတ်ဘုရားစနစ်ကမှ ကြားဖူးသေးတယ်..

“ဟုတ်တယ်.. နတ်ဘုရားစနစ်တိုင်းမှာ နတ်ဘုရားတွေရဲ့ ဘုရင်လည်း ရှိတယ်.. အဲဒီ နတ်ဘုရားစနစ် ၅ ခုမှာပဲ ဘုရင်ရှိပြီး တူညီတဲ့ အမျိုးအစားတွေရဲ့ ပညတ်ချက်တွေကို သတ်မှတ်နိုင်တာ..” ပင်လယ်၀တုတ်က ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၂၈ အရန်ပုံပြင် (ငှက်နှင့်မြွေ)

နွေးထွေးသော သစ်ပင် အခေါင်းပေါက်ထဲတွင် လူတစ်ယောက် လက်သီးဆုပ်အရွယ်လောက်ရှိသော အစိမ်းရင့်ရောင် ဥလေးများ ၁၂ ခုလောက် ရှိနေသည်။ သစ်ပင်အခေါင်းပေါက်၏ အ၀င်၀တွင် ပါးလွှာသော ရွှံစေးလွှာဖြင့် ပိတ်ထားသည်။ ရွှံ့ထဲတွင် ကောက်ရိုးအနည်းငယ်လည်း ရောထွေးနေသည်။

အပေါက်အပြင်ဘက်တွင် ငှက်ဥသူခိုးဟု နာမည်ကြီးသော ငှက်တစ်ကောင်၏ အသံကို ကြားနေရသည်။

ထိုငှက်သည် နောက်ထပ်တုံ့ပြန်သံကို မကြားရသောအခါ ပျော်ရွှင်သွားသည်။ သူသည် ရွှံ့စေးဖြင့် ပိတ်ထားသော အခေါင်းပေါက်ဆီသို့ သတိထားပြီး ကပ်သွားလိုက်ကာ လက်သည်းဖြင့် ဂရုတစိုက် ကုတ်ခြစ်လိုက်သည်။ ထို့နောက် မကြာမီ သစ်ပင်အခေါင်းပေါက်တွင် ကြီးမားသော အပေါက်ကြီး ဖြစ်လာသည်။

သူသည် သစ်ပင်အခေါင်းထဲသို့ ချောင်းကြည့်လိုက်သည်။ သူသည် ‌ဥများကို တွေ့သောအခါ မျက်လုံးများ တောက်ပသွားသည်။

ရွှင်မြူးတက်ကြွနေသော ငှက်ဥသူခိုး၏ အသံသည် တစ်တောလုံး ပျံ့နှံသွားသည်။

သူ၏ ချွန်ထက်သော နှုတ်သီးကို ဥခွံကို ထိုးဖောက်လိုက်သောအခါ အထဲမှ အဝါရောင် ခပ်ပျစ်ပျစ် အနှစ်များ ထွက်လာသည်။

ထို့နောက် သစ်ပင်အခေါင်းပေါက်ထဲမှ ဥခွံလေးများသည် တစ်လုံးပြီးတစ်လုံး ပြုတ်ကျလာတော့သည်။

ခဏကြာသောအခါ ခေါင်းသေးသေးလေး တစ်လုံးသည် ချုံပုတ်ထဲမှ ပြူထွက်လာသည်။ ထို့နောက် စပ်စုနေသော မျက်လုံးလေး ၂ လုံးဖြင့် လိုက်ကြည့်နေသည်။

ဘာသံကြီးလဲ..

အစိမ်းရောင် ကြက်တူရွေးလေးသည် ချုံပုတ်ထဲက ထွက်လာသည်။ သူသည် သတိကြီးစွာ ထားပြီးလည်း နေနေသေးသည်။ သူသည် ထူထဲသော မြက်ခင်းပြင်ပေါ်တွင် ခဏတာ ပြေးလွှားပြီးနောက် သူ့၀မ်းဗိုက်ထက်ကြီးသော အစိမ်းရင့်ရောင် ဥလေးတစ်လုံးကို ရှာတွေ့သွားသည်။

ကြက်တူရွေးစိမ်းလေးသည် အံ့ဩတကြီးဖြင့် တောင်ပံကို ဖြန့်လိုက်သည်။ ဥကြီးက အကြီးကြီးပဲ.. သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ဥကို မလိုက်ကာ သူ့အသိုက်ဆီသို့ သွားလိုက်သည်။

သူ့အသိုက်ဆီသို့ ရောက်သောအခါ ကြက်တူရွေးစိမ်းလေးသည် တံတွေးမျိုချလိုက်သည်။ သူသည် ဘယ်ရီသီးများနှင့် လတ်ဆတ်သော အရွက်များကိုသာ ကြိုက်တတ်သော်လည်း တစ်ခါတလေတွင်တော့ သေးငယ်သော ပိုးကောင်လေးများ၊ တိကောင်များနှင့် အင်းဆက်လေးများကို စားတတ်သည်။

သူသည် ပိုးကောင်များကို ဖမ်းရတာတော့ မလွယ်ကြောင်း သိသည်။ ထို့ကြောင့်လည်း သိပ်မစားဖြစ်ခြင်း ဖြစ်သည်။

ဒီဥကြီးက တော်တော် အရသာရှိမှာပဲ..

ကြက်တူရွေးသည် တံတွေးမျိုချလိုက်ပြီးနောက် အသိုက်လေးထဲတွင် ပျော်ရွှင်စွာ ကခုန်လိုက်သည်။ ငါဘယ်က စရမလဲ.. ကြက်တူရွေးသည် ကြံရာမရ ဖြစ်နေသည်။ သူသည် ဥလေးပေါ်ကို ခုန်တက်လိုက်ပြီး ဥကို နှုတ်သီးဖြင့် ဖောက်လိုက်သည်။ ဥက ဘေးကိုယိုင်သွားပြီး အက်ရာလေးပေါ်သွားသည်။

ကြက်တူရွေးစိမ်းလေသည်း အနောက်ကို ပြန်ယိုင်သွားသည်။ သူသည် ခေါင်းကို ယမ်းလိုက်ပြီး ပြန်ကြိုးစားဖို့ အသင့်ပြင်လိုက်သည်။

‌ထို့နောက် ဥက ပွင့်ထွက်သွားသည်။

ကြက်တူရွေးစိမ်းလေးသည် ကောက်ရိတ်သိမ်းတော့မည့် လယ်သမားတစ်ယောက်လို ပျော်ရွှင်စွာ ပြုံးလိုက်သည်။ အနက်ရောင် အက်ကြားလေးထဲမှ သေးငယ်သော အစိမ်းရောင်ခေါင်းလေး ထွက်ပေါ်လာသည်။

ကြက်တူရွေး၏ အပြုံးက ရပ်တန့်သွားသည်။ သူသည် သေးငယ်သော မျက်လုံးလေးများက မယုံနိုင်စွာ ပြူးကြောင်သွားသည်။ ထို့နောက်သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လည်ပင်းမှ အမွှေးများလည်း ထောင်တက်သွားသည်။

အစိမ်းရောင်မြွေလေးက ကြက်သေသေနေသည်။ သူသည် ကြက်တူရွေးကို ကြည့်လိုက် ပတ်၀န်းကျင်ကို ကြည့်လိုက်နှင့် နားမလည်နိုင် ဖြစ်နေသည်။

ကြက်တူရွေးသည် သတ္တိမွေးလိုက်သည်။ သူသည် အတောင်များကို လက်သီးဆုပ်လို လုပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။

မြွေလေးသည် ဥထဲမှထွက်လာပြီး ကြက်တူရွေးကို ပတ်လိုက်ကာ ကြက်တူရွေး၏ မျက်နှာကို ယက်လိုက်သည်။

ကြက်တူရွေးကတော့ စိတ်ဓာတ်ကျစွာဖြင့် အဝေးကိုသာ ငေးမျှော်ကြည့်နေတော့သည်။ ထိုသို့ဖြင့် မြွေစိမ်းလေးသည် အသိုက်လေး၏ ဒုတိယမြောက် ပိုင်ရှင် ဖြစ်လာသည်။ နေ့စဉ်နေ့တိုင်း ကြက်တူရွေး အပြင်ထွက်ရှာသမျှ အစာတိုင်းတွင် သူ့အတွက် ဝေစုလည်း ပါလာသည်။

မြွေလေးသည် တဖြည်းဖြည်းကြီးလာသောအခါ စားချင်စိတ်များကလည်း ပိုများလာသည်။ ကြက်တူရွေးက ဘယ်လောက်ပဲ ကြိုးစားပါစေ မြွေလေး၏ အစာအိမ်ကို ပြည့်သွားအောင် မစွမ်းဆောင်နိုင်တော့ပေ။

ထိုသို့ဖြင့် ဆောင်းရာသီရောက်လာပြီး မြွေလေးက ဆောင်းခိုတော့သည်။ ကြက်တူရွေးက ၀မ်းနည်း ငိုကြွေးလိုက်သည်။ သူမွေးမြူပျိုးထောင်ခဲ့သော မြွေလေး သေသွားပြီ ဟူ၍ ဖြစ်သည်။ သို့သော် ငိုနေရင်း ပါးစပ်ကတော့ ပြင်နေသေးသည်။

ဆောင်းခိုနေသော မြွေ၏ အကြေးခွံသည် အလွန်မာကျောလှသည်။ ကြက်တူရွေးသည် မြွေလေးကို စားလို့ မရမှန်း သိသွားသောအခါ ပို၍ပင် ၀မ်းနည်းပက်လက် ငိုကြွေးနေတော့သည်။

၃ ရက်တာ ငိုကြွေးပြီးနောက် နှလုံးသားမရှိသော ကြက်တူရွေးသည် မြေကြီးထဲတွင် မြှုပ်နှံထားသော မြွေလေးကို မေ့လိုက်ကာ သာမာန်ဘ၀ကို ပြန်လည် စတင်လိုက်သည်။

နောက်တစ်နှစ် နွေရာသီရောက်သွားသောအခါတွင်တော့ မြွေလေးသည် မြေကြီးထဲမှ နိုးထလာသည်။ သူသည် ထိုအခါတွင် ရူးနှမ်းနေသော ကြက်တူရွေးစိမ်းက သူ့အမေ မဟုတ်မှန်း သိသွားပြီ ဖြစ်သည်။

သူသည် ဘေးဘီကို ကြည့်လိုက်ပြီးနောက် သူသည် အသိုက်ကိုကြည့်ကာ ဖြည်းညင်းစွာ တက်သွားလိုက်သည်။ ထို့နောက် သူ အသိုက်ထဲမှ ပြန်ထွက်လာပြီး ၁၀ မိနစ်ခန့်ကြာသောအခါ ကြက်တူရွေးက အသိုက်ထဲသို့ ဘယ်ရီသီးတစ်လုံးနှင့်အတူ ခုန်ပေါက်ပြီး ပြန်၀င်သွားသည်။

မြွေနှင့်ငှက်တို့ လမ်းကြောင်းလွဲသွားကြသည်။

***

All Chapters