← Chapters

အခန်း (၈၄၁-၈၄၄)

Vol. 53 Ch. 841-844

အခန်း (၈၄၁-၈၄၄)

Vol. 53 Ch. 841-844

အခန်း ၈၄၁ ရှစ်တိ

မျက်နှာတစ်ရာနဂါးသည် ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါး၏ အသွေးအသားအားလုံးကို ဝါးမြိုသွားသည်။ ထို့အပြင် ၎င်းသည် ၎င်း၏နတ်ဘုရားဖြစ်မှုကိုလည်း စေ့စေ့စပ်စပ် ပိုင်းခြားသုံးသပ်ထားလိုက်သည်။ လုပ်ငန်းစဉ်တွင် ၎င်းသည် ခုခံမှုလုံးဝမရှိပေ။

မျက်နှာတစ်ရာနဂါး၏ ကိုယ်ခန္ဓာမျက်နှာပြင်နှင့် အသွေးအသားတို့သည် နီရဲနေသည့် ပိုးအိမ်ကြီးအဖြစ်သို့ စုစည်းသွားကြသည်။

သူတို့ထွက်သွားချိန်မှာတော့ ပိုးအိမ်နီကို ယူသွားလ်ိုက်သည်။ ဤဂြိုလ်သည် ပျက်ကျရာလမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်သည်ကို ကောင်းဖန် သိသည်။ ဤဂြိုလ်ပေါ်ရှိ သတ္တဝါအားလုံးသည် ပျက်စီးခြင်း၏ နိမိတ်လက္ခဏာများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အဲဒီနောက်မှာတော့ သားရဲတစ်ချို့သည် အာကာသဥမင်သို့မဟုတ် နေရာလွတ်အုံကြွမှု မှတဆင့် ဂြိုလ်ပေါ်မှ ထွက်ခွာသွားကြလိမ့်မည်။

၎င်းတို့ထဲမှ အချို့သည် ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း လမ်းကြောင်းပေါ်တွင် သေဆုံးကြမည် ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ အချို့သော သားရဲများသည် မရင်းနှီးသော ကမ္ဘာတစ်ခုတွင် ၎င်းတို့ကိုယ်ပိုင် မျိုးနွယ်စုများကို အောင်မြင်စွာ ဆက်လက်တည်ရှိနေစေလိမ့်မည်။

အသက်ဆက်ခြင်းသည် မတူညီသော အံ့ဖွယ်တစ်မျိုးဖြစ်သည်။

ဤဂြိုလ်၏ ခြေရာများသည် အခြားနည်းလမ်းဖြင့် တည်ရှိနေပေလိမ့်မည်။

ဖြစ်စဉ်အတွင်း စွန့်လွှတ်စွန့်စားမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ဆင်းရဲဒုက္ခများလည်း ရှိကောင်းရှိပေမည်။ သို့ရာတွင် အဆုံး၌ အောင်မြင်မှု အကျိုးကို ခံစားရလိမ့်မည်။

ပြင်းထန်သောအလင်းတန်းများသည် မျက်နှာတစ်ရာနဂါးပိုးအိမ်နီမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“သခင်…” အဆီအငေါ်မတည့်သော အသံသည် သွေးစာချုပ်မှတစ်ဆင့် ကောင်းဖန်၏နှလုံးသားဆီသို့ ပျံ့လွင့်သွားသည်။ “အတွေးအခေါ် ဖမ်းဆုပ်ခြင်း...”

“ဘာလဲ” ကောင်းဖန်၏အမူအရာသည် မိနစ်ပိုင်းအတွင်း ပြောင်းလဲသွားသည်။

ထိုအတောအတွင်း ပိုးအိမ်နီအတွင်း၌ ပြင်းထန်သောအသိစိတ်သည် ၎င်း၏ရုပ်သဏ္ဍာန်တွင် ပြန်လည်အသက်ဝင်လာသည်။ ကောင်းကင်ဘုံနဂါး၏ ဝိညာဉ်များ အားလုံး ကွဲကြေသွားသည်။ အစိတ်အပိုင်းတိုင်းသည် အသားတစ်လက်မစီအဖြစ် ကွဲသွားသည်။

ဒီလိုအချိန်တိုလေးအတွင်းမှာ ပြီးမြောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

“ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းခြင်းက အချိန်အတော်ကြာမှ ပြီးမြောက်နိုင်တာ.. ဆိုလိုတာက ကောင်းကင်ဘုံ နဂါးက အချိန်အတော်ကြာထဲက ဒီလိုလုပ်ဖို့ ကြံရွယ်ခဲ့တာပဲ” ဟု ပင်လယ်ဝတုတ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါးက ဟိုးအရင်က ဒီနည်းလမ်းကို အသုံးပြုပြီး ဂြိုလ်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ စိတ်ကူးခဲ့တာတောင် ဖြစ်နိုင်တယ်”

“မအောင်မြင်နိုင်ပါဘူး” ဟု ဂိုဒီက ပြတ်ပြတ်သားသားပြောလိုက်သည်။

“မထင်နဲ့.. အောင်မြင်ရင် လက်ရှိအနေအထားမှာတောင် ရှိနေမှာ မဟုတ်ဘူး” ပင်လယ်ဝတုတ်က ဂိုဒိကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

ဂိုဒီသည် နောက်ထပ် မပြောတော့ပေ။

“ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါးက သူ့ရဲ့ဝိညာဉ်တွေကို အပိုင်းပိုင်းခွဲပြီး သူ့ရဲ့ အသားထဲကို ထည့်ထားပြီး နောက်မှ အပိုင်းတွေကို ဘယ်လို ပြန်ပေါင်းထည့်မလဲဆိုတာတော့ငါမသိဘူး... ဒါပေမဲ့... ဒါကဘေးထွက်ဆိုးကျိုးတွေ ရှိမယ်ဆိုတာတော့ ငါသိတယ်” ဟုပင်လယ်ဝတုတ်က အသေအချာပြောလိုက်သည်။ “ဝိညာဉ်တွေက အလွန်နုနယ်ပြီး လက်ရာမြောက်တဲ့ အရာတွေပဲ.. အခုအချိန်မှာ ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးက အားနည်းနေလောက်တယ်.. သူရဲ့ ဝိညာဉ်က ပြည့်စုံသွားရင်တော့ မျက်နှာတစ်ရာနဂါးရဲ့ ဝိညာဉ်က သေချာပေါက် ဖိနှိပ်ခံရလိမ့်မယ်... ဒီလိုမျိုး ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်မလာသင့်ဘူး”

“ငါတို့ ကူညီပေးနိုင်မလား” ကောင်းဖန်က မေးလိုက်သည်။

“ငါမသိဘူး... ဝိညာဉ်အမျိုးအစားနတ်ဘုရားအကြောင်း သေချာသိတဲ့သူ တစ်ယောက်မှမရှိဘဲ အဲဒီအဆင့်ရှိတဲ့ ဝိညာဉ် တွေကို အပြန်အလှန်ဖလှယ်ဖို့ ငါတို့အတွက် ခက်ခဲလွန်းတယ်”

ဝိဥာဉ်အမျိုးအစားများကို တတ်သိနားလည်သူ....

ကောင်းဖန် ခဏလောက်စဉ်းစားလိုက်သည်။ သူ့သားရဲများထဲတွင် ဝိညာဉ်ကို ကောင်းစွာ တတ်ကျွမ်းသူ မရှိပေ။ မှော်ဦးနှောက်သည် စိတ်ဝိညာဉ် အမျိုးအစားဖြစ်ပြီး ဝိညာဉ်အမျိုးအစားနှင့် စိတ်ဝိညာဉ် အမျိုးအစားတို့သည် အလွန်ကွဲပြားသော အရာနှစ်ခုဖြစ်သည်။

ဝိညာဉ်အမျိူးအစားကို ကျွမ်းကျင်သည့် ဒန်ဘီကလည်း အနီးနားတွင် မရှိပေ။

ကောင်းဖန်၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။ သွေးစာချုပ်မှတစ်ဆင့် မျက်နှာတစ်ရာနဂါးသည် အလွန် ကောင်းမွန်သော အခြေအနေမရှိကြောင်း အစောပိုင်းတွင် သူခံစားလိုက်ရသည်။

ကောင်းကင်ဘုံနဂါးသည် တိကျသေချာသော ကြိုတင်ပြင်ဆင်မှုမရှိပါက နဂါးပုရွက်ဆိတ်၏ခန္ဓာကိုယ်ကို သိမ်းယူရန် ဆုံးဖြတ်ချက်ချမည် မဟုတ်ဟု သူယုံကြည်သည်။

နည်းလမ်းရှိသေးရင် ဒီတစ်ခုတည်းပဲ ဖြစ်နိုင်သည်။

ကောင်းဖန်က သူ့ကိုယ်သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။

နည်းနည်းအန္တရာယ်များပေမယ့် သူမစောင့်နိုင်တော့ပေ။

ကောင်းဖန်သည် သူ့မျက်လုံးများကိုမှိတ်ထားပြီး ဝိညာဉ်ကွင်းဆက်မှတဆင့် မျက်နှာတစ်ရာနဂါး၏ အသိစိတ်နှင့် ချိတ်ဆက်လိုက်သည်။

ဝိညာဉ်ပုံရိပ်ယောင်နေရာထဲတွင် ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါးသည် အနီရောင် အလင်းတန်းများ ထုတ်လွှတ်ကာ မျက်နှာတစ်ရာ နဂါး၏ကိုယ်ခန္ဓာကို ဝန်းရံထားသည်။ ၎င်း၏ ခေါင်းကိုးလုံးသည် မျက်နှာတစ်ရာ နဂါး၏ ခန္ဓာကိုယ်ကို သီးခြားစီ ရစ်ပတ်ကာ မျိုချပစ်ချင်နေပုံပင်။

“မင်းရဲ့ ခန္ဓာကိုယ်ကို ပေးပါ.. ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါးအဖြစ်ပဲ ငါ့ရဲ့ဂုဏ်သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားအောင် လုပ်ဆောင်တာက အကောင်းဆုံးလို့ ငါထင်တယ်” ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးကြီးက လောဘကြီးစွာပြောလိုကိသည်။

မျက်နှာတစ်ရာနဂါးသည် ခေါင်းငုံ့မခံပေ။ ၎င်းသည် ၎င်း၏လက်များကို ဖြတ်ကာ ၎င်း၏ဦးခေါင်းကို ကာကွယ်ပြီး ခေါင်းကိုလုံး ကောင်းကင်ဘုံနဂါးမှ လုံးလုံးဝါးမျိုမသွားစေရန် ငြင်းဆန်နေသည်။

“မင်းဘာလို့ကန့်ကွက်နေသေးတာလဲ.. ငါ မင်းအပေါ်မှာ အတွေးကိုသိမ်းပိုက်ခြင်းကို ဘာကြောင့် သုံးတယ်လို့ မင်းထင်တာလဲ.. ငါ အနည်းဆုံး ၈၀ ရာခိုင်နှုန်း မသေချာရင် မင်းအပေါ်မှာ အတွေးကိုသိမ်းပိုက်ခြင်းကို ဘယ်လိုလုပ် အသုံးချနိုင်မလဲ...” ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးက ရူးသွပ်နေသော အသံဖြင့် ပြောလိုက်သည်။ “အသွေးအသား၊ အရိုး၊ အစွမ်းအစတိုင်းကို ငါပိုင်တယ်... အခု ငါ့ရဲ့ရုပ်ခန္ဓာကို မင်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တာနဲ့ ငါက မင်းပဲ.. မင်းလည်း ငါပဲ.. ဒါကြောင့် ငါ့ဝိညာဉ်က စွမ်းအားကို အပြည့်အဝအသုံးချနိုင်တာ... ငါက အဆင့်မြင့် နတ်ဘုရားပဲ.. မင်းလို အလယ်အလတ်အဆင့် နတ်ဘုရားက ငါ့အပေါ် ဘယ်လို တွန်းလှန်နိုင်မှာလဲ”

စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် မျက်နှာတစ်ရာနဂါး၏ နဖူးပေါ်၌ အနီရောင် တံဆိပ်ရိုက်နှိပ်သွားသည်။

ထို့နောက် ပုံရိပ်ယောင် အလင်းတန်းတွေ ပေါက်ကွဲသွားသည်။ မျက်နှာတစ်ရာနဂါး၏ခန္ဓာကိုယ်သည် ချက်ချင်း ဖောင်းပွလာပြီး ၎င်းအတွင်းမှ ဝိညာဉ်စွမ်းအားများ ချက်ချင်းတိုးပွားလာသည်။

ဝိညာဉ်ပင်လယ်ရှိ ဝိညာဉ်များသည် ၎င်းတို့၏ မူလအခြေအနေတွင် ပေါ်လာသည်။ စိတ်ဝိညာဉ်သည် ပို၍ အားကောင်းလေလေ ရုပ်ပိုင်းဆိုင်ရာ ကြီးမားလေဖြစ်သည်။

အဲဒီမတိုင်ခင်က မျက်နှာတစ်ရာနဂါးသည် ကောင်းကင်ဘုံနဂါး၏ တစ်ဝက်လောက်တောင် မကြီးပေ။ သို့သော် ၎င်း၏ ဝိညာဉ်စွမ်းအား သိသိသာသာ မြင့်တက်လာပြီးနောက် မျက်နှာတစ်ရာနဂါး၏ ရုပ်ပိုင်းဆိုင်ရာ အရွယ်အစားသည် သိသိသာသာ ကြီးလာသည်။

“မင်း..” ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါး အံ့ဩသွားသည်။ စိတ်ဝိညာဉ်စွမ်းအားက ဒီလို အဆများစွာ ပွားနိုင်လား..

မျက်နှာတစ်ရာနဂါး၏ မျက်လုံးများတွင် တုန်လှုပ်မှု အနည်းငယ် ထွက်ပေါ်လာသည်။

သွေးစာချုပ်၏အခြားတစ်ဖက်ရှိ သခင်၏ထွက်သက်ဝင်သက်ကို အာရုံခံလိုက်သောအခါ မျက်နှာတစ်ရာနဂါးသည် မော့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။

“ဒါကို ငါစောင့်နေတာ”

“ဟင့်အင်း”

…

ပိုးအိမ်နီသည် လျင်မြန်စွာ တွန့်သွားပြိး ၎င်း၏မျက်နှာပြင်ပေါ်ရှိ အရောင်သည် တဖြည်းဖြည်း မှိုင်းမှိုင်းလာသည်။ အတွင်းမှ မျက်နှာတစ်ရာနဂါးသည် သန့်ရှင်းစွာ စုပ်ယူထားသည်။

မျက်နှာတစ်ရာနဂါး၏ရုပ်သဏ္ဍာန်သည် မြေပြင်ပေါ်တွင် လဲကျနေသည်။ ၎င်း၏ကိုယ်ထည်၏မျက်နှာပြင်ကို ပန်းပွင့်ပုံစံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားသည် ယခင်ကထက် သုံးပုံတစ်ပုံခန့် ကြီးလာသည်။

အကြီးမားဆုံးပြောင်းလဲမှုမှာ ၎င်း၏နောက်ကျောရှိ အတောင်ပံတစ်စုံ၏အသွင်အပြင်ဖြစ်သည်။ အတောင်ပံများကို အနက်ရောင် အကြေးခွံများဖြင့် ပြုလုပ်ထားသည်။

ထို့အပြင် မျက်နှာတစ်ရာနဂါး၏ဦးခေါင်းထိပ်မှ ကောက်နေသာ နဂါးချိုတစ်စုံလည်း ပေါက်လာသည်။

“ကောင်းဖန်… မျက်နှာတစ်ရာနဂါးက…” ပင်လယ်ဝတုတ်က သတိထားပြီး မေးလိုက်သည်။

“ဒါက အောင်မြင်တာဖြစ်လောက်တယ်” ဟု ကောင်းဖန် က သေချာစွာပြောလိုက်သည်။

ကောင်းဖန်၏စကားကိုကြားသောအခါတွင် ပင်လယ်ဝတုတ်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ မျက်နှာတစ်ရာနဂါးသည် မျက်လုံးများကိုဖွင့်ကာ လက်နှစ်ဖက်ဖြင့် ထောက်ပြီး မြေပြင်မှထထိုင်လိုက်သည်။

ဦးခေါင်းက အနည်းငယ်လေးလံနေသည်။ ထို့နောက်တွင် သားရဲများ၏ ကြောက်ရွံ့ထိတ်လန့်မှု သို့မဟုတ် စောင့်ကြည့်နေသော အကြည့်များအောက်တွင် မတ်တပ်ရပ်ကာ ကောင်းဖန်ရှေ့ရှိ နေရာဆီသို့ လျှောက်လာသည်။

ထို့နောက် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး သစ္စာရှိစွာ ခေါင်းငုံ့လိုက်သည်။ “အရေးယူဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်”

“ငါရလာသမျှက မင်းတိုတွေဆီက လာတာဆိုတော့ မင်းတို့ ငါ့ကို ဘာမှ ကျေးဇူးတင်စရာ မလိုပါဘူး...ငါ့သားရဲတွေထဲက ဘယ်သူက အခုလို့ အခြေအနေမျိုးနဲ့ ကြုံနေပါစေ ငါ အရေးယူမှာပါ” ဟု ကောင်းဖန်က ပြုံးပြီး ရှင်းပြလိုက်သည်။

မျက်နှာတစ်ရာနဂါးသည် ကောင်းဖန်၏ နားထင်ရှိ ဆံပင်ဖြူများကို ကြည့်ကာ ခေါင်းကို လေးနက်စွာ ငုံ့ထားသည်။

ကောင်းဖန်ကို ဒန်ဘီပေးခဲ့သည့် မကြာမီ ပျက်စီးတော့မည် ဂြိုလ်တွေအကြောင်း အချက်အလက်တွေက စုစုပေါင်း ဂြိုလ် ၁၇ ခုကို ဖော်ပြထားသည်။ ကောင်းကင်ဘုံနဂါး၏ ဂြိုလ်ကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရသည်မှာ အလွန်ရှားပါးသော သာဓကတစ်ခုဖြစ်သည်။

ဖျက်ဆီးပစ်တော့မည့် ဂြိုလ်အများစုတွင် အဆင့်မြင့်နတ်ဘုရားများသည် ဂြိုလ်ပေါ်တွင် မွေးဖွားလာရန် အလွန်ရှားပါးသောကြောင့် ဖြစ်သည်။

ဂြိုလ်အရင်းအမြစ်၏ စွမ်းအားသည် အဆင့်မြင့်နတ်ဘုရားများကို ဖန်တီးနိုင်သည်ဟု ဆိုထားသည်။ ဂြိုလ် ရင်းမြစ်သည် အလွန်အဖိုးတန်သော်လည်း လက်တွေ့တွင် အရေးကြီးဆုံးမှာ နဂါးတစ်ကောင်၏ မွေးရာပါ ပင်ကိုယ်စွမ်းရည်ဖြစ်နေဆဲ ဖြစ်သည်။

စွမ်းရည်သည် သုညရှေ့မှ နံပါတ်ဖြစ်သည်။ အရည်အချင်းမရှိရင် နံပါတ်က အမြဲတမ်း သုညပင်။

…

ရှစ်တိ၏မြေမျက်နှာသွင်ပြင်သည်ထူးခြားသည်။ ချင်းမင်းဒေသသည် ၎င်း၏ အနောက်ဘက်တွင် တည်ရှိသည်။ ချင်းမင်းဒေသသည် ရှစ်တိဒေသတစ်ခုလုံးတွင် အမြင့်ဆုံးဒေသဖြစ်သည်။ ထို့အပြင် အနောက်ဘက်သို့ ဦးတည်သွားလေလေ မြေပြင်အနေအထား မြင့်မားလေလေဖြစ်သည်။ ထို့ကြောင့် “ချင်းမင်းဒေသသို့ ဒေါင်လိုက်ဝင်ရောက်ခြင်း” ဟူသော စကားစုဖြစ်လာခဲ့သည်။

နဝမြောက်ကောင်းကင်ဘုံရှိ သက်ရှိသတ္တဝါအများစုအတွက် ရှစ်တိသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်သည်။ အကြောင်းမှာ ရှစ်တိရှိသက်ရှိများသည် နဝမြောက်ကောင်းကင်ဘုံတွင် အလွယ်တကူ ပေါ်လာမည် မဟုတ်သောကြောင့်ဖြစ်သည်။

ချင်းမင်းဒေသတွင် စိတ်ဝိညာဉ်စည်းတံဆိပ်ရေတွင်း တစ်ခုရှိသည်။ ရေတွင်းဟု ခေါ်သော်လည်း လက်တွေ့တွင် မိုင်တစ်ရာကျော် ဧရိယာကို သိမ်းပိုက်ထားသည်။ ၎င်း၏မျက်နှာပြင်ဧရိယာသည် ကြီးမားသောရေကန်ကြီးနှင့် နှိုင်းယှဉ်နိုင်သည်။ ရေတွင်း၏ နှုတ်ခမ်းကို သံကြိုးများစွာဖြင့် ဖုံးလွှမ်းနေပြီး ရေတွင်းသည် မည်းနက်နေကာ အဆုံးမရှိပေ။ စိတ်ဝိညာဉ်စည်းတံဆိပ်ရေတွင်း ဟူသော စာလုံးကို ရေတွင်းနံဘေးတွင် ကျောက်ပြားတစ်ပြားဖြင့် စိုက်ထူထားသည်။

အနီရောင် လက်ဖဝါးသည် ကျောက်ပြားပေါ်ရှိ စကားလုံးများပေါ်တွင် ပွတ်သတ်နေသည်။ ပေ ၃၀ ကျော်မြင့်သော ချိုရိုးတစ်ချောင်းနှင့် ထူးဆန်းသောရုပ်သဏ္ဍာန်သည် ၎င်း၏မျက်နှာတွင် အသွင်အပြင်မရှိ၍ သွေးဖြင့် ခြယ်သထားသည့် ပုံပေါက်နေကာ “မင်းပြောသလိုပဲ ရပ်စဲခြင်း အမြစ် ပြန်ပေါ်လာတာကို ငါလည်းမယုံနိုင်ဘူး... လက်တွဲဖော်ဟောင်းကြီး.. ငါတို့ အတူတူလက်တွဲပြီး ပြန်တိုက်ဖို့ အချိန်တန်ပြီထင်တယ်” ဟု ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၄၂ စာတစ်စောင်

ရေတွင်းပေါ်ရှိ သံကြိုးများအားလုံး ကွဲကြေသွားကာ အစိမ်းရောင်အလင်းတန်းများက တိမ်များပေါ်သို့ ကျရောက်လာသည်။

အဆုံးမရှိသော အစိမ်းရောင်အလင်းတန်းများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ချင်းမင်းဒေသတစ်ခုလုံး ဤအစိမ်းရောင်အလင်းတန်းကို မြင်တွေ့နိုင်သည်။

အနက်ရောင် ဓားရှည်တစ်ချောင်းသည် ရေတွင်းထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။ ဓားသည် အစွန်းရှစ်ဖက်ရှိကာ အစွန်းတစ်ဖက်စီရှိ ဓားရိုးတွင် အနက်ရောင်ဆူးတစ်ခုစီပါရှိသည်။ ထူထဲနက်မှောင်သော တိမ်တိုက်ကို ကိုင်ဆောင်ကာ တောင်ကုန်းအောက်ခြေမှ အညိုရောင်လက်မောင်းတစ်ခု ထွက်လာသည်။

ချင်းမင်းမှလွဲ၍ ကျန်ဒေသကိုးခုစလုံးသည် ထူးဆန်းသော ဖြစ်စဉ်များကို မြင်တွေ့လိုက်ရသည်။ လေနှင့် တိမ်များသည် အရောင်ပြောင်းသွားကာ ကမ္ဘာကြီးသည် ပြောင်းပြန်ဖြစ်သွားသည်။

အလွန်ရှေးကျသော သတ္တဝါကြီးသည် အိပ်ရာမှ ထလာသည်။

…

နဝမမြောက်ကောင်းကင်ဘုံနှင့် အသူရာချောက်နက်တို့ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့စက်ဝန်းစစ်မြေင် လမ်း၏တစ်ဖက်တွင် အမှောင်ထဲမှာ အင်အားကြီးအဖွဲ့အစည်းတစ်ခုက ထိုလမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။

“ရပ်စဲခြင်းအမြစ်” တစ်ယောက်ယောက်က ပြောလိုက်သည်။ “ဒီလိုပေါ်လာတာကို မယုံနိုင်ဘူး..”

“ကမ္ဘာ့လင်းနို့... ဥမင်ကို သွားကြည့်လိုက်..”

ထိုအမိန့်ကြောင့် အမှောင်ထဲတွင် လေပြင်းများ တိုက်ခက်သွားသည်။ အလွန်ကြီးမားသော အစိမ်းရောင်လင်းနို့ကြီး တစ်ကောင်သည် ၎င်း၏အတောင်ပံများကိုဖြန့်ကာ အာကာသဥမင်၏ မျက်နှာပြင်ပေါ်တွင် ဖြေးဖြေးမှန်မှန် ချင်းကပ်သွားသည်။

သို့သော် အစိမ်းရောင်လင်းနို့သည် အာကာသဥမင်ကိုဖြတ်ပြီး တစ်ဖက်ခြမ်းမှ ကမ္ဘာဆီမသွားလိုက်ရပေ။ ယင်းအစား ၎င်း၏ဝမ်းဗိုက်တွင် အပေါက်ငယ်များ ပွင့်လာပြီး ၎င်းတို့ထဲမှ ကြည်လင်စေးပျစ်သော အရည်များ ဖျန်းခနဲ ထွက်လာသည်။ အရည်များသည် အာကသဥမင်၏ မျက်နှာပြင်တွင် တွယ်ကပ်နေသည်။ ၎င်းသည် အလင်းပြန်သော မျက်နှာပြင်အဖြစ် စုစည်းရန် အာကာသဥမင် အောက်သို့ ကျဆင်းသွားသည်။ နာရီဝက်ကြာတော့ မှန်တစ်ချပ် ဖြစ်သွားသည်။

အာကာသဥမင်၏အရောင်များသည် တဖြည်းဖြည်း အရောင်ဖျော့လာပြီး ပွင့်လင်းလုနီးပါးဖြစ်လာသည်။

တစ်ရက်ကြာတော့ အာကာသဥမင် ပျောက်သွားသည်။ နဝမမြောက်ကောင်းကင်ဘုံနှင့် အသူရာချောက်နက်ကမ္ဘာ နှစ်ခုစလုံးတွင် အာကာသဥမင် မရှိတော့ပေ။

ကမ္ဘာစက်ဝန်းစစ်မြေပြင်မှ နဝမမြောက်ကောင်းကင်ဘုံလူများသည် အာကာသဥမင်သည် အမှန်တကယ် ပျောက်ကွယ်သွားသည်ကို ထိတ်လန့်စွာတွေ့ရှိလိုက်ရသည်။

ဘာကြောင့် ရုတ်တရက် ပျောက်သွားရတာလဲ...

အာကာသစွမ်းအင်များထူးချွန်သည့် သားရဲများသည် အာကာသဥမင် အမှန်တကယ် ပျောက်ကွယ်သွားကြောင်း စူးစမ်းရှာဖွေတွေ့ရှိလိုက်သည်။ ၎င်းသည် အသူရာချောက်နက်ကမ္ဘာ၏ အစီအစဉ်အချို့မဟုတ်ပေ။

“ရပ်စဲခြင်းအမြစ်ကြောင့် ကြောက်လန့်သွားတာဖြစ်နိုင်တယ်... ရပ်စဲခြင်းအမြစ်က အရမ်းကူးစက်တတ်တယ်လို့ ကျွန်တော်ကြားပါတယ်” ဟု အတွေ့အကြုံရှိ သက်ရှိရုပ်ကြွင်းတစ်ခုမှ ပြောလိုက်သည်။

နဝမမြောက်ကောင်းကင်ဘုံကို နှစ် ၁ သောင်းကျော် နှောင့်ယှက်နေခဲ့သည့် အသူရာချောက်နက်ကမ္ဘာသည် အလွယ်တကူ ဖယ်ထုတ်ခံလိုက်ရသည်။ လူများသည် ဒါအတွက် ပွဲကျင်းပသင့်သလား မသိတော့ပေ။

ရပ်စဲခြင်းအမြစ်၏ ကပ်ဆိုးကြီး တဖြည်းဖြည်း ပျံ့နှံ့လာသည်နှင့်အမျှ လင်းမျိုးနွယ်စုလူမျိုးသည် အခြားမျိုးနွယ်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ အင်အားက နည်းသောကြောင့် ၎င်းတို့ကို ပို၍ထိခိုက်စေသည်။ ထို့ကြောင့် ရပ်စဲခြင်းအမြစ်လက်အောက်ရှိ သားရဲများသည် လင်းမျိုးနွယ်စုကို တိုက်ခိုက်ရန် အရူးအမူးဖြစ်နေခဲ့ကြသည်။

လင်းမျိုးနွယ်စုသည် လူများစွာဆုံးရှုံးခဲ့ပြီး နိုင်ငံများစွာသည် ကွဲသွားကြသည်။ ရပ်စဲခြင်းအမြစ်၏စွမ်းအားကို သဘောကျသူအချို့သည် စေတနာ့ဝန်ထမ်း လမ်းပြများဖြစ်လာသည်။

အချိန်တိုအတွင်း ရပ်စဲခြင်းအမြစ်၏ ကောင်းချီးများကြောင့် လမ်းပြများ အားလုံးသည် ကြီးမားသော စွမ်းအားများကို ရရှိခဲ့ကြသည်။ ၎င်းသည် သဘာဝကို ပြောင်းလဲရန်ပင် ခွင့်ပြုပေးသည်။ များစွာသောသားရဲများနှင့် ကိုယ်ပိုင်သားရဲများသည် ပိုသန်မာသည့် ပြိုင်ဘက်များကို တိုက်ခိုက်ရန် စွမ်းအင်များပင်ရရှိကြသည်။

၎င်းတို့သည် သားရဲများနှင့် ကိုယ်ပိုင်သားရဲများ၏ စွမ်းအားများကိုတော့ တိုက်ရိုက်မတိုးမြှင်ပေးပေ။ ဒါက သူတို့ကို ချပ်ဝတ်တန်ဆာ အပိုဆောင်းပေးတာနဲ့ ပိုတူသည်။

ဤအပိုချပ်ဝတ်တန်ဆာကြောင့် ၎င်းတို့၏ အဖျက်စွမ်းအားသည် အလွန်ကြောက်စရာကောင်းလာသည်။

…

“ရှေ့က လူသားမျိုးနွယ်စုနယ်မြေပဲ..”

ရာနှင့်ချီသောသူများသည် နဝမမြောက်ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြယ်ကို ဆက်သွယ်ထားသည့် အာကာသဥမင်သို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ရပ်စဲခြင်းအမြစ် ဆင်းသက်လာချိန်မှစ၍ လင်းမျိုးနွယ်စုနယ်မြေတွင် အခြေချနေထိုင်ကြသည့် လူသားများသည် ကမ္ဘာမြေကြယ်သို့ တဖြည်းဖြည်း ပြန်ပြောင်းလာကြသည်။ နဝမမြောက်ကောင်းကင်ဘုံ၏ လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းရန် လူနည်းစုသာ ကျန်ခဲ့သည်။

“လူသားမျိုးနွယ်စုနယ်မြေမှာ ငါတို့ဘာတွေရမယ်ထင်လဲ”

“ကြီးမြတ်တဲ့ရပ်စဲခြင်းအမြစ်က ငါတို့ကို ဆုလာဘ်တွေပိုပြီး ပေးလိမ့်မယ်”

ဤလူတစ်ရာသည် လင်းမျိုးနွယ်စုမှဖြစ်သည်။ ၎င်းတို့အားလုံးသည် ရပ်စဲခြင်းအမြစ်ထံ အညံ့ခံထားသော လင်းမျိုးနွယ်စုများ ဖြစ်သည်။

သူတို့၏လက်ကျန်သိစိတ်အနည်းငယ်က သူတို့မျိုးရိုးကို မတိုက်ခိုက်ရန် တားဆီးထားသည်။

ဒါပေမယ့် အဲဒီ ဒဏ္ဍာရီလာ သားရဲမျိုးနွယ်စုတွေကို တိုက်ခိုက်ဖို့က မဖြစ်နိုင်ပါပေ။

ဒဏ္ဍာရီလာသားရဲ မျိုးနွယ်စုများကို ၎င်းတို့၏ အားနည်းသော အစွမ်းသတ္တိဖြင့် တွန်းလှန်ခြင်းသည် ၎င်းတို့၏ သေခြင်းတရားကို ရှာဖွေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုသည် အားနည်းသည့် လူသားမျိုးနွယ်ကို အနိုင်ကျင့်ရန် ဖြစ်သည်။

ထို့အပြင် လူသားမျိုးနွယ်စုနှင့် လင်းမျိုးနွယ်စုတို့၏ ပဋိပက္ခသည် ရာစုနှစ်များစွာကြာရှည်ခဲ့သည်။ တော်တော်များများက ဒါကိုစဉ်းစားပြီးရင် ပိုတရားမျှတတယ်လို့ ခံစားရသည်။

“လူသားမျိုးနွယ်စုက တော်တော်ချမ်းသာတယ်လို့ကြားတယ်.. သူတို့က ငါတို့ဆီက ပိုက်ဆံအများကြီးရခဲ့တယ်” လင်းမျိုးနွယ်စုက ပြုံးလိုက်သည်။

“ဟာဟား.. ငါတို့ ငွေသွားရှာကြမယ်” အခြား လင်းမျိုးနွယ်စုက ပြန်ပြုံးပြလိုက်သည်။

ဤ လင်းမျိုးနွယ်စုလူများသည် အာကာသဥမင်အနီးသို့ ရောက်သောအခါ အာကာသဥမင် အထက်ကောင်းကင်မှ သတိပေးချက်တစ်ခုထွက်ပေါ်လာသည်- “မင်းဒီမှာဘာလာလုပ်တာလဲ”

လင်းမျိုးနွယ်စုထဲက တစ်ယောက်က ခေါင်းကို မော့ပြီး သူ့မျက်နှာပေါ် အပြုံးနဲ့ “ငါတို့ ဘာလုပ်နေတာလဲ.. မကြာခင် သိလာလိမ့်မယ်” ဟု ပြောလိုက်သည်။

ထို့နောက် သူ့နောက်မှ ရွှေဆူးလိပ်ကြီးက ၎င်း၏ညာလက်ကို မြှောက်လိုက်သောအခါ မရေမတွက်နိုင်သော ရွှေချည်မျှင်များကို ၎င်း၏လက်ဖဝါးမှ ပစ်လွှတ်လိုက်သည်။

“မိုက်ရိုင်းလိုက်တာ” စူးစူးရှရှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

တောက်ပသော လျှပ်စစ်ပိုက်ကွန်တစ်ခု ပြုတ်ကျလာသည်။ ဤလူတစ်ရာ ရပ်တည်သည့်နေရာသည် မိုးကြိုးနွံဖြစ်လာသည်။

မိုးကြိုးပိုက်ကွန်မှေးမှိန်သွားသောအခါ မီးလောင်ထားသော အလောင်းများသာ ကျန်ရှိတော့သည်။

“ဒါက တတိယအသုတ်ပါ” တစ်စုံတစ်ယောက်က အပေါ်မှ ခုန်ဆင်းကာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

တစ်ဖက်မှ အခြားသူတစ်ဦးက “အကြောင်းတစ်ခုခုကြောင့် မကြာသေးမီက လင်းမျိုးနွယ်စုတော်တော်များများက လူသားမျိုးနွယ်စု နယ်မြေထဲကို ဝင်ချင်လာကြတယ်” ဟု ပြောလိုက်သည်။

“သူတို့ ခိုလှုံဖို့ ရှာနေတာ ဖြစ်နိုင်တယ်”

“ကြည့်ရတာတော့ မဟုတ်ဘူး.. သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိပုံရတယ်”

“ဒါကို သွားသတင်းပို့ပါ.. မကြာသေးခင်က နယ်စပ်တွေ ပိုပြီး မငြိမ်မသက်ဖြစ်လာတယ်လို့..”

ဤအခိုက်အတန့်တွင် မြစိမ်းရောင်သဏ္ဍာန်တစ်ခုသည် အဝေးမှသူတို့အနီးသို့ ချဉ်းကပ်လာသည်။

တောရိုင်းလေလှိုင်းများက သူတို့ဆီသို့ လှိမ့်ဆင်းလာပြီးနောက် ဆူညံနေသော နဂါးအော်သံနှင့်အတူ အတောင်ပံများသည် တိမ်များကို ပြောင်းလဲစေသည်။

“အိုး မဖြစ်ဘူး” လူသားမျိုးနွယ်စုမှ ကင်းသမားသည် အလွန်နီရဲလာပြီး သူခံစားလိုက်ရသော ရောင်ရမ်းမှုကြောင့် သူ့ခန္ဓာကိုယ်အား အားနည်းသွားစေပြီး သူ၏ ခွန်အား ၆၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်တော့သည်။

သူသည် သူ့လက်ထဲတွင်ရှိသော ခလုတ်ကို နှိပ်ရန် ခွန်အားရှိသမျှကို အသုံးပြုလိုက်ရသည်။ ဤလူသားမျိုးနွယ်စု ကင်းသမားသည် သူ၏စွမ်းအားအားလုံးကို အသုံးချပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသော်လည်း သက်သာရာရစွာ ရယ်မောလိုက်သည်။

…

“သတင်းက နယ်စပ်ကလာတာ.. အသွင်ပြောင်းမျိုးနွယ်တစ်ချို့က ကမ္ဘာမြေကြယ်ထဲကို ခိုးဝင်ဖို့ကြိုးစားတာတွေ့ပေမယ့် ချင်းထျန်းနဂါးကြီးနဲ့ ထိပ်တိုက်တွေ့ပြီး မောင်းထုတ်ခံလိုက်ရတယ်” နောက်ဆုံးသတင်းက ကျီဟန့်ဝူ၏စားပွဲပေါ်မှာ တင်ထားသည်။

ကျီဟန့်ဝူသည် သူ့အလုပ်တွေ ပြီးသွားတော့ ဒီသတင်းကိုကြည့်ဖို့ အိမ်ပြန်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖုတ်ကောင်တစ်ကောင်ကို ခေါ်လိုက်ပြီး သူ့အတွက် မက်ဆေ့ချ်ပို့ပေးဖို့ တောင်းဆိုလိုက်သည်။

သူသည် ဖုတ်ကောင်မှတဆင့် ဒန်ဘီကို ဆက်သွယ်ခဲ့ပြီး ထို့နောက် ဒန်ဘီသည် ကောင်းဖန် သို့ မက်ဆေ့ချ်ပေးပို့လိုက်သည်။

၁၉ ခုမြောက် ဂြိုလ်ကို ဖျက်ဆီးပစ်လိုက်သည့် ကောင်းဖန်က လက်ခုပ်တစ်ချက်တီးလိုက်သည်။

သေခါနီးဂြိုလ်ကို ဖျက်ဆီးလိုက်ပေမယ့် ဂြိုလ်ကတော့ ရှိနေဆဲပင်။

ဂြိုလ် ၁၉ စင်းကို ဖျက်ဆီးပြီးနောက် ကောင်းဖန်အတွက် ယခုအချိန်သည် အသစ်အဆန်း မဟုတ်တော့ပေ။

သူ့သတ်မှတ်ချိန်ပြည့်သွားပြီ သူ့နေ့စဉ်အလုပ်တွေ ပြီးသွားသလို ခံစားရလိုက်သည်။

“အဘိုးဆီက စာလား” ကောင်းဖန်က စာကိုဖွင့်လိုက်ပြီး အမြန်ထုတ်လိုက်သည်။

အကြောင်းအရာများကို ဖတ်ပြီးနောက် ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူက စာအိတ်ကို ဖယ်လိုက်ပြီး တာ့ဇီ၏ ခေါင်းကို ပုတ်လိုက်သည်။ “သွားကြရအောင်... ငါတို့ အိမ်ပြန်ကြမယ်”

သူသည် အခြား သားရဲများကို သားရဲနေရာလွတ်ထဲသို့ ထည့်ကာ တာ့ဇီ၏ နောက်ကျောကို တက်လိုက်သည်။ တာ့ဇီသည် ယခုအခါတွင် မီတာ ၁၀၀၀ နီးပါးရှည်နေပြီး ၎င်းတွင် အတောင်ပေါင်း ရာနှင့်ချီရှိနေပြီဖြစ်သည်။ ၎င်း၏ ခရမ်းရောင်အတောင်ပံများကို ရှုပ်ထွေးသောပုံစံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ကြီးမားသောကိုယ်ထည်သည် ကောင်းကင်၌ တောင်ငယ်တစ်ခုနှင့်တူသည်။ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် လျှပ်တစ်ပြက် ပျောက်ကွယ်သွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၄၃ မင်းကိုထုတ်လိုက်ပြီ…

“လူသားမျိုးနွယ်စုကို ကာကွယ်ပေးတဲ့ အဆင့်မြင့်နတ်ဘုရားကို ငါတွေ့ခဲ့တယ်.. ငါကျိန်ရဲတယ်” လင်းမျိုးနွယ်စု အဆင့်မြင့် သားရဲလေ့ကျင့်သူက ပြောလိုက်သည်။

“…”

“အဲဒါကြောင့် မင်းကို ငါတို့နဲ့ ပူးပေါင်းဖို့ ပြောတာ.. လူသားမျိုးနွယ်စုတစ်ခုလုံးက ငါတို့ရဲ့ အပိုင်ဖြစ်လာလိမ့်မယ်... သူတို့က ဘီလီယံနဲ့ချီ ရှိတယ်လို့ ကြားတယ်... တကယ်လို့ သူတို့ကို စတေးလိုက်ရရင် ရပ်စဲခြင်းအမြစ်ကနေ ငါတို့ရမယ့် အကျိုးအမြတ် ဘယ်လောက်တောင် ရှိမယ်လို့ ထင်လဲ”

“မင်ရှူကျီ... မင်း အလောတကြီးဖြစ်နေပြီထင်တယ်” ဟု သူ့ဘေးတွင်ထိုင်နေသော ဆံပင်အပြာရောင်နှင့် အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အလောတကြီးဖြစ်တယ်... မင်းကမှ နှေးနေတာ... မင်းရဲ့ စရိုက်နဲ့ ဘယ်လိုလုပ် အဆင့်မြင့် နတ်ဘုရား ဖြစ်လာလဲ မသိဘူး... မင်းအရင်ကလည်း မပြိုင်ခဲ့ဘူး... အခုလည်း မင်းမပြိုင်သေးဘူး... ဒါက ခွေးစားကမ္ဘာပဲ... မင်းဘာကိုစောင့်နေတာလဲ”

“မဟုတ်ဘူး...ငါဘာမှမလုပ်ခင်မှာ အရာအားလုံးကို တွေးတောဖို့ပဲလိုတယ်” ဟု ဆံပင်အပြာရောင်နှင့်အမျိုးသားက ဖြည်းညှင်းစွာပြောလိုက်သည်။

“ဒီနှစ်တွေပြီးတော့ မင်းဘာလို့ အင်ပါယာကို မတည်ဆောက်တာလဲ.. အဲဒီတုန်းက ငါတို့ငါးယောက်ထဲမှာ မင်းနဲ့ ရွှဲ့ကျိန်ကပဲ အင်ပါယာမတည်ထောင်ခဲ့ဘူး... ရွှဲ့ကျိန်းက ရန်လိုပြီး ဧကရာဇ်ဖြစ်ဖို့ မသင့်တော်တာကြောင့်ဆိုရင်တောင် မင်းက ငါတို့ထဲက အသန်မာဆုံးပဲ”

“အခု ငါတို့သုံးယောက်က ထိပ်တန်းအင်ပါယာတွေရဲ့ ဧကရာဇ်တွေ ဖြစ်လာကြပေမယ့် မင်းကတော့ ဒီလူသူကင်းမဲ့တဲ့ရွာမှာ ဆက်ပြီးနေထိုင်နေခဲ့တယ်... မင်းနာမည်ကို အခုဘယ်သူသိလဲ.. မင်းကိုဘယ်သူမှတ်မိသေးလဲ..”

“ဒါပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ မကြာသေးခင်ကပဲ သေဆုံးသွားခဲ့တယ်” ဟု ဆံပင်အပြာရောင်နှင့် အမျိုးသားက ဖြည်းညှင်းစွာပြောလိုက်သည်။

မင်းရှူကျီသည် စကားမပြောတော့ဘဲ ရပ်တန့်လိုက်သည်။

“မင်းလည်း ရှုံးသွားပြီ” ဆံပင်အပြာရောင်နှင့်သူက ဆက်ပြောလိုက်သည်။

မင်ရှူကျီသည် ရုတ်တရက်ထလာပြီး မျက်မှောင်ကြုတ်ကာ “မင်းအဲဒါကို မပြောလို့ မရဘူးလား” ဟု မေးလိုက်သည်။

“အဲဒီတုန်းက မင်းကို ငါတိုက်ခိုက်နိုင်ခဲ့တယ်” ဆံပင်ပြာရောင်နှင့် အမျိုးသားက လက်ဖက်ရည်ကို သောက်လိုက်သည်။

“ဒီတောင်ပေါ်မှာပဲ မင်းရဲ့ဘဝတစ်ခုလုံးကို ဖြုန်းတီးပစ်နေလိုက်တော့” မင်ရှူကျီသည် မဆိုင်းမတွ ပြောလိုက်ကာ တောင်ပေါ်မှ ဆင်းလာသည်။

မင်ရှူကျီ၏ နောက်ကျောကို ကြည့်ရင်း ဆံပင်အပြာရောင် အမျိုးသားသည် လေးနက်သော အမူအရာ ရှိသည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်မိသည်။

မင်ရှူကျီဝေးသွားပြီးနောက် ဆံပင်အပြာရောင်အမျိုးသားက ပါးစပ်ကိုဖွင့်ကာ ပတ်ကျိဖြူတစ်ကောင်ကို ထွေးထုတ်လိုက်သည်။ ပက်ကျိ၏ဦးခေါင်းပေါ်တွင် အဝါရောင်ဦးချိုတစ်ခုပါသည်။ ၎င်း၏ ရှည်လျားသောလက်တံနှစ်ခုသည် မျက်လုံးများကို ဖုံးအုပ်ထားသည်။ သူ့ပါးစပ်ထဲက အဖြူရောင် လျှာလေးလိုဖြစ်သည်။

ထို့နောက် ပက်ကျိ၏အဖျားသည် မည်းလာသည်။ ဆံပင်အပြာရောင်နှင့်လူက ပက်ကျိကို မျိုချလိုက်ပြီးသူ့မျက်လုံးတွေက လေးနက်လာသည်။

ကြက်သွန်ဖြူတောင်မှ ထွက်သွားပြီး မင်ရှူကျီသည် သူ့သားရဲရှိသည့် လမ်းကြောင်းပေါ်ကို တက်သွားလိုက်သည်။

မင်ရှူကျီက သူ့သားရဲကို စီးလိုက်ပြီး “ငါက

အရန်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်သေးတာပဲ” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထို့နောက် မင်ရှူကျီသည် မျက်ခုံးပင့်လိုက်သည်။ ဒဏ္ဍာရီလာ သားရဲများသည် ကိုင်တွယ်ရန် မလွယ်ကူပေ။ မဟုတ်ရင် သူ ချန်ရှန်းယင်ကို ရှာဖို့ လာမှာ မဟုတ်ပေ။

လင်းမျိုးနွယ်စုနိုင်ငံသည် လက်ရှိတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရသည်။ မီးသည် မိုးရွာသကဲ့သို့ ကောင်းကင်မှ ကျလာနေပြီး ကမ္ဘာကြီးသည် အဆုံးမရှိသော မီးတောက်ပင်လယ်ကြီး ဖြစ်လာသည်။

ပင်လယ်၏အလယ်ဗဟိုတွင် မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံတစ်ကောင်သည် မြို့ထဲတွင်ရပ်နေသည်။ သူက အနက်ရောင် တောင်ငယ်တစ်ခုလို မီတာ ၁၀၀ နီးပါးမြင့်သည်။

နတ်ဆိုးဝက်ဝံသည် ၎င်း၏ လက်နှင့် ချော်ရည်ကို ခပ်သောက်လိုက်သည်။ အနီရောင် ချော်ရည်များက ၎င်း၏မုတ်ဆိတ်မွေးများမှတဆင့် ၎င်း၏ရင်ဘတ်ပေါ်သို့ စီးကျသွားသည်။

“မင်းဒီမှာ ဘာလုပ်နေတာလဲ.. ကတိဖျက်ချင်လို့လား” မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံက သတိကြီးကြီးနဲ့ “မင်းငါ့ကို ကတိပေးခဲ့တယ်…” ဟု ပြောလိုက်သည်။

“မဟုတ်ဘူး.. နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောချင်လို့ပါ” ဟု မင်ရှူကျီက မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။ အနီးနားရှိ အသွင်ပြောင်းမျိုးနွယ်စုကို သတ်ပစ်ရန် သူ့အောက်ရှိ သားရဲများသည် အက်ဆစ်ဖျန်းလိုက်သည်။

မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံ၏ မျက်လုံးများတွင် သံသယအရိပ်အမြွက်များပြည့်နေသည်။

….

“ပြန်လာပြီလား.. အထဲကိုမဝင်ချင်ဘူးလား” ကျီဟန့်ဝူက ကောင်းဖန်၏ ပုခုံးကို ပုတ်ရင်း မေးလိုက်သည်။

“မဟုတ်ဘူး.. ကျွန်တော် ညစ်ပတ်နေတယ်..သူတို့ကို ကံကြမ္မာဆိုးနဲ့ မညစ်ပတ်စေချင်ပါဘူး” ကောင်းဖန်က ခေါင်းခါလိုက်သည်။

“မင်းကို မကြိုက်တဲ့သူ ဘယ်သူမှမရှိပါဘူး”

“ကျွန်တော့်ကို ကျွန်တော် လက်မခံနိုင်လို့ပါ”

ကောင်းဖန်က သူ့လက်တွေကို အိတ်ကပ်ထဲထည့်လိုက်ပြီး အဘိုးယူလာသည့် အစားအသောက်နဲ့ အဝတ်အစားတွေကို နေရာလွတ်ထဲထည့်ဖို့ ဆီလီကို ပြောလိုက်သည်။

“ဒီကောင်ကို ကျွန်တော် ဂရုစိုက်လိုက်မယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။

နှစ်ရက်အကြာတွင် မင်းယုနိုင်ငံ ကောင်းကင်တွင် မင်ရှူကျိနှင့် မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံတို့သည် ကမ္ဘာမြေကြယ် အာကာသဥမင် နားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။

ရပ်စဲခြင်းအမြစ်မှ ကူးစက်ခံရသူအားလုံးသည် အထူးစွမ်းအားကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဤစွမ်းအားရှိခြင်းသည် ကူးစက်ခံရသူများ အချင်းချင်းလည်း နားလည်သဘောပေါက်နိုင်စေသည်။

တစ်ယောက်နဲ့တစ်ယောက် ရှိနေတာကိုလည်း သူတို့ ခံစားနိုင်သည်။

မင်ရှူကျီသည် သိပ်အားမနည်းသည့်သူတစ်ယောက် အရှိန်အဟုန်ပြင်းပြင်းဖြင့် ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။

သူသည် ခဏလောက်ဗလာဖြစ်သွားပြီး တိတ်တိတ်လေး ညည်းညူလိုက်သည်။ ကိတ်မုန့်က ဒီလောက်မကြီးပေ။ နောက်ထပ်လူများကြား ခွဲရန် မလုံလောက်ပေ။

နီးကပ်လာသောအခါ မင်ရှူကျီသည် နောက်ပေါက်အသစ်ကို တွေ့လိုက်ရသည်။ မိကျောင်းနှင့် ခပ်ဆင်ဆင် တူသော်လည်း လုံးဝန်းပြီး ခြေနှစ်ချောင်းရှိသည်။ ကြည့်ရတာ အရမ်းထူးဆန်းသည်။

“ဟယ်လို သူငယ်ချင်း... မင်းကို သိပ်မရင်းနှီးဘူးပဲ” မင်ရှူကျီက နွေးထွေးစွာ ချဉ်းကပ်လိုက်သည်။

သူတို့သည် ဤသားရဲမှ ရပ်စဲခြင်းအမြစ်၏ ရောင်ဝါကို ခံစားလိုက်ရသည်။ ရပ်စဲခြင်းအမြစ်၏ ရောင်ဝါကို ဖုံးကွယ်ခြင်း တုပခြင်းများ မပြုနိုင်သောကြောင့် မင်ရှူကျီသည် ယခင်က မမြင်ဖူးသော်လည်း ဤလူကို သံသယမ၀င်မိပေ။

သို့သော် မင်ရှူကျီကတော့ အေးစက်စက် ဆက်ဆံခံလိုက်ရသည်။

ပင်လယ်ဝတုတ်က ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။ မင်ရှူကျီသည် အနည်းငယ် စိတ်မချမ်းသာသော်လည်း ထိုလူသည် မျှဝေခံစားမည့် ပုံမရသဖြင့် ဝမ်းသာမိလိုက်သည်။

ဒါပေမယ့် မင်ရှူကျီက တစ်ခုခုတော့ လွဲနေတာကို ခံစားလိုက်ရသည်။ ဒီကောင် ဘာလို့ သူ့နောက်ကို လိုက်နေတာလဲ...

တုံ့ဆိုင်းသွားပြီးနောက် မင်ရှူကျီသည် ပင်လယ်ဝတုတ်ထံသို့ ပျံသန်းသွားကာ “မင်းပြောစရာရှိရင် ငါ့ကိုပြော.. ငါတို့နောက်ကို လိုက်စရာမလိုဘူး” ဟု ပြောလိုက်သည်။

မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံကလည်း ချဉ်းကပ်လာသည်။ အဆင့်မြင်နတ်ဘုရားနှစ်ကောင်သည် ပင်လယ်ဝတုတ်ကို ဘယ် ညာမှ ညှပ်ထားသည်။

ပင်လယ်ဝတုတ်က “ငါကလည်း သွားချင်တဲ့နေရာကိုပဲ ဦးတည်နေတာပဲ” ဟု အသံတိုးတိုးနဲ့ ပြောလိုက်သည်။

ဦးတည်ချက်တူတာလား....

ဒီကောင်က လူသားမျိုးနွယ်စုကို ဦးတည်သွားတာလား...

မင်ရှူကျီသည် တစ်စက္ကန့်မျှ ကြောင်သွားသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ သူ့ရှေ့က ပုံပျက်နေသည့် ငါးကြီးရဲ့ ပါးစပ်ကို ဖွင့်လိုက်သော်ကြောင့် ရုတ်တရက် အမှောင်ဖုံးသွားသည်။ နေရာတိုင်းမှ ထူးဆန်းသော ဆွဲဆောင်မှုတစ်ခုက သူ့အသားကို ဆွဲဆုတ်ထားသောကြောင့် လှုပ်မရတော့ပေ။

ဒါတင်မကဘဲ လေထဲမှာရှိသည့် ဒြပ်စင်နှင့် စည်းမျဉ်းလှိုင်းတွေ အားလုံးကို လွှမ်းခြုံထားသည်။ ဤအရာက သူစွမ်းအားများကို အသုံးမရ ဖြစ်စေသည်။ သူသည် ဤလှောင်အိမ်ထဲတွင် ရုပ်ပိုင်းဆိုင်ရာ အင်အားသက်သက်ဖြင့်သာ ဖြိုခွင်းနိုင်သည်။

“မင်းဘာလုပ်နေတာလဲ” မင်ရှူကျီသည် ထိတ်လန့်ကာ ဒေါသဖြစ်သွားသည်။ ၎င်းသည် ဝါးမျိုခြင်းစည်းမျဉ်းကို အသုံးပြုထားသည်။

ဤအဆင့်မြင့်စည်းမျဉ်းအမျိုးအစားသည် အလွန်ရှားပါးပြီး ၎င်းသည် အလွန်ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

ဒါပေမယ့် ပိုလို့တောင် မမျှော်လင့်ထားတာကတော့ သူ ရုတ်တရက် တိုက်ခိုက်ခံရမည်ဆိုတာကို ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် ရပ်စဲခြင်းအမြစ်၏လက်အောက်ခံများဖြစ်သောကြောင့် အခြေအနေအများစုတွင် ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်မည် မဟုတ်ပေ။ ရပ်စဲခြင်းအမြစ်သည်လည်း ဒါကို ထောက်ခံလိမ့်မည် မဟုတ်ပေ။ ၎င်း လက်မှလွတ်သွားပါက ရပ်စဲခြင်း အမြစ်သည် သူတို့ကို အပြစ်ပေးလိမ့်မည်။

မင်ရှူကျီသည် သူ့ခေါင်းကိုလှည့်ပြီး မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံက သူ့ကို ကူညီပေးဖို့ စောင့်ဆိုင်းလိုက်ပေမယ့် မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံက နောက်ထပ် အဆင့်မြင့်နတ်ဘုရား ဖြစ်သည့် ခြင်္သေ့နှင့် မျက်နှာခြင်းဆိုင်နေရသည်ကို မသိလိုက်ပေ။

“မင်းငါ့ကိုမသတ်နိုင်ဘူး..မလုပ်နဲ့..မလုပ်နဲ့.. ငါ့ရတနာတွေ အကုန်ပေးမယ်...”

ဝါးမျိုခြင်းစည်းမျဉ်းသည် သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ကူးစက်သွားပြီး မင်ရှူကျီသည် သူ့ကိုယ်သူ အားနည်းလာသည်ဟု ခံစားလိုက်ရသည်။ ဝါးမျိုခြင်း စည်းမျဉ်းသည် သူ့စွမ်းအားများကို တဖြည်းဖြည်းဝါးမျိုးသွားသည်။

“ရပ်စဲခြင်းအမြစ်က ပြစ်ဒဏ်ပေးမှာကို မကြောက်ဘူးလား” မင်ရှူကျီက ခက်ခက်ခဲခဲပြောလိုက်သည်။

“ပြစ်ဒဏ်... မဟုတ်ဘူး... မဟုတ်ဘူး.. မင်းမှားနေပြီလို့ ငါထင်တယ်” ပင်လယ်ဝတုတ်က ပြောလိုက်သည်။ “သူဌေးအတွက် ဝန်ထမ်းအားလုံးက မတူဘူးလေ... ငါလို ထူးချွန်တဲ့ ဝန်ထမ်းတွေက မင်းလိုလူတွေနဲ့ ဆက်ဆံမှုမျိုးနဲ့ လုံးဝကွဲပြားတယ်”

ဝါးမျိုခြင်းစည်းမျဉ်းသည် မျက်စိမှိတ်ချောက်ချားဖွယ်အလင်းရောင်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ မင်ရှူကျီသည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း အော်သံကျယ်ကျယ်ကို ထုတ်လွှတ်လိုက်ပြီး ဝါးမျိုခြင်းစည်းမျဉ်၏ ကူးစက်မှုကို အစွမ်းကုန် တွန်းလှန်လိုက်သည်။

သူ့နောက်မှာတော့ တာ့ဇီက တိတ်တဆိတ် ခေါင်းညိတ်ပြပြီး နှုတ်ခမ်းပေါ်မှာ လိမ္မာပါးနပ်တဲ့ အပြုံးတစ်ခုရှိနေသည်။

ခရမ်းရောင် မိုးခြိမ်းသံတစ်ခုသည် မင်ရှူကျီနား မြေပြင်တစ်လျှောက် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

မိုးကြိုးက မင်ရှူကျီကို ထိလိုက်တာနဲ့ ပြင်းထန်သည့်နဂါးတစ်ကောင်လို တောက်လောင်သွားသည်။ ပေါက်ကွဲနေသော လျှပ်စီးများသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၄၄ လိပ်နက်

လျှပ်စီးနှင့်ပစ်ခံလိုက်ရသည် မင်ရှူကျီသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ တာ့ဇီ၏မိုးကြိုးစည်းမျဉ်းသည် အဆင့်မြင့်နတ်ဘုရား ဖြစ်လာပြီးနောက် ပြင်းထန်သောအဖျက်စွမ်းအားရှိသည်။

စည်းမျဉ်းများအားလုံးတွင်ပင် မိုးကြိုးစည်းမျဉ်သည် အစွမ်းအထက်ဆုံး အဖျက်အဆီးစွမ်းအားအဖြစ် အဆင့်သတ်မှတ်ထားသည်။

မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် ဂိုဒီနှင့် တိုက်ပွဲတွင် မိနေပြီး မင်ရှူကျီနားတွင်လည်း သားရဲနှစ်ကောင် အုပ်စုဖွဲ့နေသည်ကို တွေ့လိုက်ရသည်။ သူသည် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းကို မြှောက်လိုက်ပြီး သတိပေးသည့် ဟိန်းဟောက်သံ ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ဖြည်းညှင်းစွာ ကျောခိုင်းလိုက်သည်...

“ဒီမှာနေချင်ရင် မင်းလည်းနေနိုင်တယ်” ပင်လယ်ဝတုတ်နှင့် ပေါင်းစပ်ထားသည့် ကောင်းဖန်သည် မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံကို တစ်ချက်ကြည့်လိုက်သည်။

နှုတ်ခမ်းပေါ်မှ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုပေါ်လာပြီး လက်ကို ဖြန့်လိုက်သောအခါ အဝေးရှိ အနတ္တအာကာသတွင် အဖြူရောင်အလင်းတန်း ဖုံးအုပ်သွားသည်။ မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံနောက်ရှိ အနတ္တအာကာသသည် ပုံပျက်သွားပြီး ကြီးမားသော သတ္တဝါကြီး ပျက်ကျလာသည်။

မြေပြင်သည် ကွဲထွက်သွားပြီး ချော်ရည်များ တအိအိတက်လာသည်။

လောင်မြိုက်သော အပူလှိုင်းများသည် မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံနောက်မှ ထွက်ပေါ်လာသည်။ ဤရောင်ဝါသည် မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံ၏ ကိုယ်ပိုင်ရောင်ဝါနှင့် ဆင်တူပြီး မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံသည် ၎င်းကို မှတ်မိသည်။ ချော်ရည်စည်းမျဉ်း...

၎င်းသည် သူ့ကို နတ်ဘုရားဖြစ်လာစေသည့် အဓိကစည်းမျဉ်းလည်းဖြစ်သည်။

ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် ၎င်း၏လက်နှစ်ဖက်ကို နောက်ပြန်လှည့်ကာ ပြင်းထန်စွာ ထိုးသတ်လိုက်သည်။

ကွဲနေသော ကျောက်တုံးများ လွင့်ပျံသွားသည်။

ဒါပေမယ့် သူ့နောက်ကသားရဲက တစ်လက်မလောက်မရွေ့ဘဲ သူ့နေရာမှာ ခိုင်မြဲစွာရပ်နေသည်။

လှည့်ကြည့်လိုက်သောအခါ မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် ထိုသားရဲ၏အသွင်အပြင်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။

အားစိုက်ထုတ်ပြီး ဦးခေါင်းကို မြှောက်ကာ လည်ပင်းကို ဆန့်ထုတ်လိုက်သည်။ အရပ်ရှည်တယ်ဟ..

ဒီထောင့်ကနေကြည့်ရင် အလုံးစုံကိုတောင် မမြင်နိုင်ပေ။ သို့သော် ၎င်း၏ ပြင်းထန်သော အာရုံခံစားမှုများကြောင့် မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝသည် ထိုအရာ၏ အစစ်အမှန်ပုံစံ၏ အရွယ်အစားသည် မည်မျှထိတ်လန့်စရာ ကောင်းသည်ကို တစ်နည်းနည်းဖြင့် သဘောပေါက်သွားသည်။

ဒီအရွယ်....

မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် တံတွေးမျိုချလိုက်သည်။

တကယ်တော့ အရွယ်အစားသည် စွမ်းအားနှင့် မညီမျှပေ။ သို့သော် ယေဘူယျရှုထောင့်မှကြည့်လျှင် အရွယ်အစားသည် အထူးသဖြင့် ကြီးမားသောပြိုင်ဘက်သည် သင့် ခွန်အားနှင့်တန်းတူ ရှိသောအခါတွင် အရွယ်အစားသည်လည်း ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုကို ထင်ဟပ်နိုင်သည်။

အဲဒီအခါမှာ အင်မတန်မှ အဆင်မပြေတဲ့ အခြေအနေရှိသည်။ ဥပမာ အခုလိုဖြစ်သည်။

မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံ၏ မီတာတစ်ရာမြင့်သော ခန္ဓာကိုယ်သည် ၎င်း၏အရွယ်အစားနှင့် ဆန့်ကျင်ဘက်ဖြစ်သော သွက်လက်တက်ကြွမှုနှင့်အတူ ရုတ်တရက် ပေါက်ကွဲသွားသည်။

သူသည် လျင်မြန်သောဝတုတ်ကဲ့သို့ မြေပြင်ပေါ်တွင် လှိမ့်နေသည်။

၎င်း၏ တိုင်နှင့်တူသော လက်နက်များကို မြေပြင်တွင် တူးထားသည်။ မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် တုံ့ပြန်မှုစွမ်းအားနှင့် ဦးတည်ချက်ပြောင်းကာ အပြင်သို့ ပြေးသွားသည်။

ရုတ်တရက် မြေပြင်ကကွဲထွက်သွားပြီး ချော်ရည်များ ထွက်လာသည်။

ချော်ရည်များသည် သာမန်ချော်ရည်များနှင့်မတူဘဲ ရွှေရောင်နှင့်တူသည်။ လေထဲမှာ ရှိနေသည့် အချိန်တွင် ကြောက်စရာကောင်းသည့် အပူကို ထုတ်လွှတ်သည်။ ချော်ရည်များသည် ဧရာမရွှေလက်ကြီးဖြစ်လာပြီး မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံကို ရိုက်လိုက်သည်။

မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် ရှောင်တိမ်းလိုက်ပြီး ထွက်ပြေးသွားသည်။ သို့သော် ရွှေရောင်ချော်ရည်သည် ထူထဲသော ချပ်ဝတ်တန်ဆာကဲ့သို့ ၎င်း၏အရေပြားတွင် ကပ်ထားသည်။

မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံ၏ မျက်လုံးများတွင် ကောက်ကျစ်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။ လူမိုက်... ငါထိန်းချုပ်ထားတဲ့ စည်းမျဉ်းတစ်ခုက ချော်ရည်စည်းမျဉ်းဆိုတာကို မင်း မသိစေရဘူး... ဤချော်ရည်အနည်းငယ်သည် အခြားနတ်ဘုရားများကို ထိခိုက်ပျက်စီးစေနိုင်သည်။ သို့သော် ၎င်းသည် သူ့အတွက်တော့ အိမ်ပြန်ရေချိုးသကဲ့သို့ဖြစ်သည်။

အောက်မြေပြင်သည် အဆက်မပြတ် အက်ကွဲနေပြီး ချော်ရည်များ ထွက်လာသည်။ ချော်ရည်များအားလုံးသည် မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံ၏အရေပြားတွင် ကပ်နေသည်။

ချော်ရည်များ ခြောက်သွားသော်အခါ မီခိုးရောင်မှော်ကျောက်များ ဖြစ်လာသည်။

မှော်ကျောက်တုံးများ ပို၍ပို၍များလာသောအခါ ၎င်းတို့သည် ပိုမိုလေးလံလာသည်။

မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် နောက်ဆုံးတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ သူသည် ဧရာမ လိပ်ခွံကို ထမ်းထားသလိုမျိုး တဖြည်းဖြည်းနဲ့ နှေးကွေးလာသည်။ ပြိးတော့ ဒီလိပ်ခွံက ကြောက်စရာကောင်းတဲ့နှုန်းနဲ့ ပိုပိုပြီးလေးလာသည်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော ဆွဲငင်အားတစ်ခုသည် ၎င်း၏အရှိန်ကို ထိန်းထားနိုင်သော အောက်ခံမှ ထွက်ပေါ်လာသည်။

ကြီးမားသော အရိပ်တစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ မျက်လုံးတစ်ဖက်နတ်ဆိုးဝက်ဝံသည် ၎င်း၏ခေါင်းကို မော့လိုက်သောအခါ အမှောင်ထုကို မြင်လိုက်ရသည်။ နေရာတိုင်းတွင် အဆုံးမရှိ အမှောင်ထု ဖုံးလွှမ်းထားသည်။

ဧရာမတောင်တန်းကြီးတစ်ခု ကောင်းကင်ကနေ ပြုတ်ကျလာသည်။

မင်ရှူကျီသည် အော်ဟစ်လိုက်သည်။ ဝါးမျိုခြင်း စွမ်းအားကို တွန်းလှန်ရန် သူ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့ရသည်။ သူသည် သူ့အားပစ်ချလာသည့် မိုးကြီးများကို ခံနိုင်စွမ်းမရှိပေ။

သူ့အား အဆိပ်ပြင်းသော မြွေများကဲ့သို့ ချည်နှောင်ထားသော ဤမိုးကြိုးများကိုသာ ကြည့်သာကြည့်နေနိုင်သည်။

သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ မိုးကြိုးများ၏ စွမ်းအားများသည် သူ့ခန္ဓာကိုယ်ကို လုယူသွားသည်။ ဝါးမျိုခြင်းစွမ်းအား ပြိုပျက်သွားသည်ကို စောင့်ဆိုင်းနေရသည်။

မင်ရှူကျီသည် မလွန်စိတ်ဝင်တစားဖြစ်နေသည်။ ဘယ်သူလဲ... ငါ့ကိုသတ်ချင်နေတာ ဘယ်သူလဲ...

မင်ရှူကျီသည် လွန်ခဲ့သော ရက်အနည်းငယ်က နင်တောင်ချန်က သူ့အား ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားသည်။

“သူတို့ နှစ်ယောက်သေခဲ့တယ်..”

ဒီနေ့တော့ မလွန်ဆန်နိုင်တော့ဘူး...

မင်ရှူကျီသည် “ငါလည်းသေရင်... နင်တောင်ချန်က ကဲ့ရဲ့ရှုံ့ချပြီး “သူတို့ သုံးယောက်သေပြီလားလို့ ပြောမှာ သေချာတယ်” ဟု ရေရွတ်လိုက်သည်။

နောက်ဆုံးတွင် မင်ရှူကျီသည် ငိုကြွေးကာ ခုခံမှု ဆုံးရှုံးသွားသည်။ မိုးကြိုးများသည် အဆိပ်ပြင်းသော မြွေများကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဖမ်းစားနိုင်သော အစွမ်းသတ္တိရှိသည်။

မင်ရှူကျီကို အဆုံးမဲ့ ကြောက်မက်ဖွယ် အလင်းတန်းများက ဖုံးလွှမ်းထားသည်။

ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်မှိန်ဖျော့သွားသောအခါ မင်ရှူကျီကို မမြင်ရတော့ပေ။

ပင်လယ်ဝတုတ်သည် အဝေးက ပေါ်လာပြီး တစ်စုံတစ်ခုကို ဝါးရင်း သူ့မျက်လုံးများ အေးစက်သွားသည်။

ကောင်းကင်သည် မှောင်မိုက်နေပြီး အနတ္တအာကာသထဲတွင် ပြင်းထန်ပြီး ဆိုးဝါးသော ရောင်ဝါတစ်ခု ပေါ်လာသည်။

အနတ္တအာကာသသည် လက်တံတစ်ခုကြောင့် ကွဲအက်သွားသည်။ ကွဲအက်သွားသော အနတ္တအာကာသအတွင်း တစ်ဖက်ခြမ်းရှိ ထူထပ်သော တိမ်တိုက်များတွင် ပုန်းအောင်းနေသည့် အသိဉာဏ်ကို ကျော်လွန်၍ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို မြင်တွေ့နိုင်သည်။

ရပ်စဲခြင်းအမြစ်...

ရပ်စဲခြင်းအမြစ် အရင်းမြစ်အတွက် အဆင့်မြင့်နတ်ဘုရားများသည် နတ်ဘုရားဘုရင်ဖြစ်သောကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ မည်သည့်နတ်ဘုရားဘုရင်မဆို မည်သည့်နေရာတွင်မဆို နတ်ဘုရားစနစ်တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်သော သတ္တဝါဖြစ်သည်။

အကယ်၍ နတ်ဘုရားအဆင့်သည် မည်သည့်ဂြိုလ်တွင်မဆို ထိပ်တန်းအဆင့်ဖြစ်ပါက နတ်ဘုရားဘုရင်သည် အစားအသောက်ပိရမစ်၏ ထိပ်တွင် ရပ်တည်နေသည်။

ကောင်းဖန်သည် ဂြိုလ်ဟောင်းတစ်ဒါဇင်မှ စွမ်းအားအမြစ်ကို ရပ်စဲခြင်းအမြစ်မှ ယူခဲလျှင် သူ၏အဖွဲ့သည် အဆင့်မြင့်နတ်ဘုရားများသာ ဖြစ်သည်။ သူတို့နှင့် နတ်ဘုရားဘုရင်အဆင့်တွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိသည်။

အထူးနည်းလမ်းဖြင့် ၎င်းတို့အား ရပ်စဲခြင်း အမြစ်က စောင့်ကြည့်ခဲ့ကြောင်း ကောင်းဖန်သည် ခံစားနိုင်သည်။

တစ်ချိန်တည်းမှာပင် ကောင်းဖန်နှင့် သားရဲများ၏ ရင်ဘတ်ပေါ်ရှိ ကြာပန်းများ ပြုတ်ကျသွားသည်။

အပေါ်မှာ ဖုံးလွှမ်းထားသည့် သေစေနိုင်လောက်သည့် ခြိမ်းခြောက်မှုသည် ကြာပန်းတွေကနေတစ်ဆင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်လယ်ထဲကို မကူးစက်မီ ဖြည်းဖြည်းချင်း မှိန်ဖျော့သွားသည်။

ကောင်းဖန်က ဒါသည် ဘာကိုဆိုလိုသည်ကို နားလည်သည်။

ဒီတစ်ကြိမ်ပဲ..

“ရပ်စဲခြင်းအမြစ်ရဲ့ လက်ပါးစေ” ဟု ခပ်ဖျော့ဖျော့အသံက အဝေးကနေ ထွက်လာသည်။

စကားလုံးတိုင်းတွင် သူ့အသံက နည်းနည်းပိုကျယ်လာသည်။ နောက်ဆုံး စကားလုံးကို ပြောလိုက်သောအခါတွင် သူပေါ်လာသည်။

ကြေးနီရောင်လိပ်ကြီးသည် အနက်ရောင်နဂါးဦးခေါင်းနှင့် ကျောပေါ်တွင် လဲလျောင်းနေသည်။ ၎င်း၏ ထူထဲသောလိပ်ခွံကို နဂါးပုံစံများဖြင့် ဖုံးအုပ်ထားသည်။

“မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်မြင့်နတ်ဘုရားဖြစ်လာပြီး... နတ်ဘုရားဘုရင်ဖြစ်လာဖို့ ကောင်းမွန်တဲ့ အနာဂတ်တွေ ရှိတယ်... ဘာ့ကြောင့် ရပ်စဲခြင်းအမြစ်ရဲ့ လက်ပါးစေဖြစ်လာတာလဲ” လိပ်နက် အရမ်းစိတ်ပျက်သွားသည်။

“မင်း လမ်းမှားနေပြီမို့ ငါဆက်လုပ်မယ်...”

သူ့စကားမပြီးခင်မှာ လိပ်နက်သည် ပျောက်ကွယ်သွားသည်။ လိပ်ခွံပေါ်တွင် လဲလျောင်းနေသော အနက်ရောင် နဂါးကြီးသည် ၎င်း၏ ပါးစပ်ကြီကို ဖွင့်ကာ ပင်လယ်ဝတုတ်ထံ ခုန်ဆင်းလာသည်။

စိုစွတ်အေးစက်သော အနက်ရောင်နဂါးကြီးသည် ပင်လယ်ဝတုတ်မှ ဆယ်စင်တီမီတာအောက်သာ ကွာဝေးပြီး ၎င်း၏ချွန်ထက်သော အစွယ်များသည် အနက်ရောင် အရည်များဖြင့် ရွှဲနစ်နေသည်။ ပင်လယ်ဝတုတ်၏ ဦးခေါင်းတစ်ခုလုံးသည် နက်ရှိုင်းသော ရေခဲပြင်တွင် အေးခဲသွားသည်။

ဒါပေမယ့် လိပ်နက်က တစ်လက်မလောက်တောင် ရှေ့မတိုးလာပေ။ အမြစ်နှင့်တူသော အရွက်တစ်ရာသည် အနတ္တအာကာသထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး အနက်ရောင်လိပ်ကို အာကာသ၏တစ်ဖက်ခြမ်းမှ ခိုင်ခံ့စွာချည်နှောင်ထားသည်။

ရပ်စဲခြင်းအမြစ်မှ ကျေနပ်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းဖန်သည် ထိုကဲ့သို့ အဆီများသော အသားတုံးကို စွဲဆောင်နိုင်သည့်အတွက် ကျေနပ်သွားပုံရသည်။

ကောင်းဖန်က စိတ်ရှုပ်သွားသည်။ ငါက ငွေနည်းနည်းလောက်နဲ့ပဲ ပြေးချင်တာ... မင်းက ငါ့ကို ပိုပြီး လူမိုက်ဖြစ်စေချင်တာလား...

All Chapters