← Chapters

အခန်း (၄၁၇-၄၂၀)

Vol. 27 Ch. 417-420

အခန်း (၄၁၇-၄၂၀)

Vol. 27 Ch. 417-420

အခန်း ၄၁၇ ဂုဏ်ပုဒ်အသစ်နဲ့ ဆရာကွမ်

ဒန်ဘီကို ပို့ပြီးသောအခါ ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများနှင့်အတူ တောင်ပိုင်းကောင်းကင်သို့ ပြန်သွားလိုက်သည်။

ဒန်ဘီ၏ ခေါင်းပေါ်တွင် မနေရတော့သော ရှောင်ကောင်းသည် ဘယ်မှာ နေရမှန်းမသိသောကြောင့် စိတ်ညစ်နေသည်။

တစ်ပတ်လုံးလုံး ရှောင်ကောသည် အမြုတေ ၂ ခုကို စုပ်ယူစားသုံးပြီး ဖြစ်သောကြောင့် အဆင့် ၄၁ ရှိသော နတ်ဘုရားအဆင့်သားရဲ ဖြစ်လာသည်။

နတ်ဘုရားအဆင့်သို့ ရောက်သွားပြီးနောက်တွင် သူ၏ အဖြူရောင်ပွင့်ဖတ်များသည် အဖြူအမည်း ရောစပ်သွားပြီး တစ်၀က်စီ ဖြစ်သွားသည်။

ရှောင်ကောသည် မြေပြင်တွင် အတန်ကြာ လူးလိမ့်လိုက်ပြီး သူ၏ အလင်းထွက်နေသော အရွက်လေး ၂ ခုသည် လေထီးလေးလို ပျံဝဲလိုက်သည်။ အရွက်လေးများသည် ကောင်းဖန်ဆံပင်နားသို့ရောက်လာပြီး ဆီလီ၏ အကြည့်ကြောင့် အဝေးသို့ ပြန်ရောက်သွားသည်။

ထို့နောက် သစ်ရွက်လေးသည် ဆက်လက်ပျံသန်းလိုက်ပြီး ဖလိန်မီ၏ ခေါင်းနားသို့ ရောက်သွားသည်။

သို့သော် ရှောင်ကောသည် သဘောမကျသဖြင့် တစ်ဖက်သို့ လှည့်လိုက်ပြန်သည်။

ခြင်္သေ့ဖြူလေးကတော့ ဉာဏ်ကောင်းပုံရပြီး အမွှေးထူသော ခေါင်းလေးရှိသော်လည်း ခေါင်းလေးသည် သေးလွန်းလှသည်။ သူ့ကိုယ်လေးသည် လက်ဖဝါး ၂ ခုစာလောက်သာ ရှိသောကြောင့် ရှောင်ကောလောက်ပင် မရှိချေ။ အဖြူရောင် ဓားသွားသားရဲကတော့ ရှောင်ကောကို တစ်မျိုးလေး လိုက်ကြည့်နေသည်။

တာ့ဇီကတော့ သူ၏ ခန့်ညားသောအသွင်‌ ပျောက်ကွယ်သွားမည် စိုးသောကြောင့် ဘယ်အပင်ကိုမှ အတင်မခံနိုင်ဘူးဆိုသည့် ရုပ်ဖြင့် ခေါင်းကို ကာထားသည်။

သူသည် အားလုံးရှေ့တွင် ဟာသလို ဖြစ်နေသည်။

“ငါလို ကြီးမြတ်တဲ့ တာ့ဇီက မင်းတို့အတွက် ဟာသ ဖြစ်နေတာလားဟ”

အစင်းလေးကတော့ ဖိတ်ခေါ်ချင်သည်။ သို့သော် ရှောင်ကောက အစင်းလေး၏ ပူလောင်‌လှသော ကျောပြင်ကို သဘောမကျပေ။ ကျောက်သားကလည်း အလွန်ပင် မာလှသည်။

ဂိုဒီကတော့ သူ့ခေါင်းပြောင်ကြီးကို ပွတ်လျက်နေပြီး ဘာမှတော့ မပြောပေ။

ရှောင်ကောသည် ဂိုဒီနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။

သို့သော် ဂိုဒီက သူ့ကို စိုက်ကြည့်နေသောကြောင့် ရှောင်ကောင်းသည် ချက်ချင်းရပ်သွားသည်။

ထို့ကြောင့် ဂိုဒီသည် အကြည့်ကို လွှဲလိုက်သောအခါ ရှောင်ကောသည် ‌ဂိုဒီခေါင်းပေါ်သို့ တိတ်တဆိတ် တက်လာပြီး အမြစ်စွဲလိုက်သည်။

ရှောင်ကော၏ အမြစ်သည် အခြားအပင်များကဲ့သို့ အမြစ်တအားစွဲသည့် ပုံစံတော့ မဟုတ်ပေ။ သူသည် ဂိုဒီခေါင်းပေါ်မှ တော်ရုံဖြင့် ပြုတ်မကျရုံလောက်သာ အမြစ်စွဲထားခြင်း ဖြစ်သည်။

“ဪ ဒါနဲ့ မင်းရဲ့ ညီမ၀မ်းကွဲက ၂ ရက်အတွင်း ဒီကို ရောက်မယ်တဲ့.. မင်းက အစ်ကိုကြီးဆိုတော့ စောင့်ရှောက်ပေးလိုက်ပါဦး” အဖိုးက ညစာစားရင်း ကောင်းဖန်ကို ပြောလိုက်သည်။

ကောင်းဖန်သည် စိတ်ထဲမှ အတွေးပွားနေမိသည်။ သူသည် အဖိုးကိုပင် တွေ့ခဲလှသူ ဖြစ်ရာ အမျိုးများနှင့်လည်း သိပ်မရင်းနှီးပေ။

တရုတ်နှစ်သစ်ကူးတိုင်းတွင်တော့ အမျိုးများသည် စုရုံး အလည်လာလေ့ရှိသည်။ တကယ်တော့ ကပ်ဆိုးကြီး ပြီးနောက်တွင် မိသားစုများသည် ပိုမိုနီးကပ်သွားခဲ့သည်ပင်။

ခေတ်ကတော့ အမြဲပြန်လည်တာချည်း ဖြစ်သည်။ ကမ္ဘာကြီးတွင် တိုးတက်ပြောင်းလဲ လာတာနှင့် အမျှ လူသားများသည်ပင် နေရာဒေသပေါ်လိုက်ပြီး အမျိုးစုံပြောင်းလဲလာကြသည်။

သို့သော် တဖြည်းဖြည်းနှင့် မိသားစုများကြား ဆက်ဆံရေးကတော့ တဖြည်းဖြည်း အေးစက်လာခဲ့ကြသည်။ ကမ္ဘာကြီးတိုးတက် လာမှုသည် လူသားများကို ပိုမိုချိတ်ဆက်မှု တိုးတက်စေနိုင်သော်လည်း လက်တွေ့တွင်တော့ ဆက်ဆံရေးများ ဝေးကွာသွားကြသလို ဖြစ်နေသည်။

နောက်ပိုင်းတွင်တော့ သားရဲလေ့ကျင့်သူများသည် မိသားစု ကောင်းစားရေးကို ပြန်လည် ထူထောင်ချင်ကြသည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဖို့ ကြိုးစားလာကြသူများ ရှိလာသည်။

ကောင်းဖန်သည် ပြီးခဲ့သည့်နှစ်က နှစ်သစ်ကူးပွဲတွင် ပြန်မလာခဲ့သောကြောင့် အဖိုးဖက်မှ ဆွေမျိုးများကို မတွေ့ဖူးချေ။

သို့သော် ကောင်းဖန်သည် အဖိုးပြောလိုက်သည့် အခါတွင်တော့ ညီမ၀မ်းကွဲဆိုတာကို စိတ်ထဲကြိုးစား ပုံဖော်ကြည့်လိုက်သည်။

လှပပြီး ပြည့်ပြည့်ဖောင်းဖောင်း မိန်းကလေး..

သူသိသလောက် သူမ၏ မျက်နှာသည် ဘဲဥပုံ ဖြစ်ပြီး လှပသော မျက်လုံးများ ရှိသည်။ သေးငယ်သော အနီရောင် ဂျက်ကက်လေးကို ၀တ်ဆင်ထားပြီး မင်းသမီးသေးသေးလေးလို ဖြစ်နေသည့် သူမပုံစံကို မှတ်မိနေသည်။

အရင်က လူကြီးများ ညစာစားနေကြချိန်တွင် ကလေးများက ဆော့ကစားခဲ့ကြသည်။

အနည်းငယ်ပိုကြီးသော ကလေးများကတော့ အသစ်အဆန်း ကစားနည်းများကို ကစားကြသည်။ သူတို့သည် ကလေးကစားနည်းများကို မကြိုက်ကြတော့ချေ။

ကောင်းဖန်၏ အမေသည် အရင်က အဖိုးအိမ်မှ နှင်ထုတ်ခံခဲ့ရဖူးသည်။ သို့သော် လူတိုင်းကတော့ အဖိုး‌၏ ဇီဇာကြောင်မှုကြောင့်မှန်း သိကြလေသည်။ ထို့‌အပြင် သူ့အမေသည် အဖိုး၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ ထို့ကြောင့် ဆွေမျိုးများသည် သူတို့ကို ချစ်ခဲ့ကြသည်။

ထို့အပြင် ဦးလေးများကလည်း ကောင်းဖန် မှတ်မိသလောက် သူ့အပေါ် ကြင်နာပေးကြသည်။ စကားပြောရာတွင်ပင် နူးညံ့ချိုသာစွာ ပြောကြသည်။

ဦးလေးများတင် မကပဲ ကောင်းဖန်၏ တစ်၀မ်းကွဲ အစ်ကို အစ်မများကလည်း ကြင်နာနွေးထွေးကြသူများ ဖြစ်လေရာ သူ၏ ၀၀ကစ်ကစ် ညီမ၀မ်းကွဲလေးသည်လည်း ထိုသို့ပဲ ဖြစ်လောက်သည်။

ကောင်းဖန်သည် မကောင်းသော အတိတ်မှ အမှတ်တရများကိုပါ ပြန်တွေးလိုက်မိသည်။ ထို့ကြောင့် အမြန်မေ့လိုက်ကာ ထမင်းလုတ်ကြီးကို ပါးစပ်ထဲသွင်းလိုက်သည်။

“ကပ်ဆိုးကြီးပြီးတာဖြင့် ကြာလှပြီ.. ဘာလို့ သူက မြို့ပြင်မှာပဲ နေနေသေးတာလဲ.. ဟွာရှားဒေသမှာ သူနေဖို့ အဆင်ပြေတဲ့နေရာ မရှိဘူးလား” ကောင်းဖန်က မေးလိုက်သည်။ သူသည် သူ့၀မ်းကွဲညီမက သူ့ထက် ၂ ရက်လောက်သာ ငယ်ကြောင်း မှတ်မိလိုက်သည်။

၂၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်အဖို့ ထိုကဲ့သို့ နေခြင်းသည် အန္တရာယ်များလွန်းနေသည်။

“မင်းအန်တီပြောတာတော့.. ကယ်ရင်က နိုင်ငံခြားမှာ ကျောင်းသွားတက်လိုက်သေးတယ်တဲ့.. သူဘွဲ့ရပြီး ပြန်ရောက်လာတာ သိပ်မကြာသေးဘူးတဲ့.. အခုဆိုသူရောက်တော့ လောက်မယ်.. သူက ကံကောင်းတဲ့ မိန်းကလေးဆိုတော့ စိတ်ပူစရာတော့ မလိုပါဘူး.. သူ့မှာ ကျင်းရှာဒေသက နတ်ဘုရားအဆင့်သားရဲ ပေါက်စလေးတောင် ရှိသေးတယ်.. သူလျှောက်လျှောက် မသွားရင် အဆင်ပြေပါတယ်”

ကောင်းဖန်သည် ခေါင်းသာညိတ်နေလိုက်သည်။ သူသည် နတ်ဘုရားအဆင့်သားရဲဆို၍ အထင်ကြီးမည် ကြံလိုက်သော်လည်း အခုတော့ ကလေးပေါက်စတဲ့..

သို့သော် တည်ငြိမ်စွာပင် နေလိုက်သည်။

“ကယ်ရင်က ရွှေရောင်ပင်လယ်ကန္တာရကို ပြီးခဲ့တဲ့ နှစ်တွေကတောင် တစ်ခါရောက်သေးတယ်တဲ့.. အဲဒါ သဲနွံနစ်နေတဲ့ ကုလားအုတ်တစ်ကောင်နဲ့ တွေ့လို့တောင် သူ့အဖွဲ့နဲ့ ကူညီခဲ့ရသေးတယ်တဲ့..

တကယ်တော့ သဲနစ်နေတာ ကုလားအုတ်အထီးတဲ့.. ဒါပေမယ့် ဘေးမှာ ကုလားအုတ် အမကလည်း ရပ်နေတယ်တဲ့..

နောက်ပိုင်းကျတော့ ကုလားအုတ် အမက နတ်ဘုရားအဆင့်သားရဲ ဖြစ်သွားပြီး ကယ်ရင်နဲ့ ပြန်တွေ့တဲ့ အချိန်မှာ သူ့ကလေးကို ပေးခဲ့တာတဲ့”

ကောင်းဖန်သည် ဇာတ်လမ်းတစ်ပုဒ်နားထောင်နေရသလို မျောပါနားထောင်နေမိသည်။

တစ်ခါတစ်ရံ ဘ၀သည် ရုပ်ရှင်ထက်ပင် ရုပ်ရှင် ဆန်နေသေးသည် မဟုတ်ပါလား။

တိရိစ္ဆာန်များသည် ကျေးဇူးပြုဖူးသူကို ပြန်ဆပ်ဖို့ ဘယ်တော့မှ မမေ့တတ်ချေ။ သားရဲများ၏ စိတ်သည် အမှန်တကယ်ပင် ရိုးရှင်းလှသည်။

ညစာစားပြီးသောအခါ ကောင်းဖန်သည် သူ့အခန်းကို သွား၍ နားလိုက်သည်။ နောက်တစ်နေ့ မနက်တွင် ကောင်းဖန်သည် ရေချိုးပြီးနောက် ထျန်းကျဲကျောင်းသို့ သွားလိုက်သည်။ သူသည် သူ့အလုပ်ကို ဘယ်တော့မှ မမေ့ပါချေ။ သူသည် တောင်ပိုင်းကောင်းကင်၏ ဒါရိုက်တာရာထူး အပြင် အခြားရာထူး တစ်ခုလည်း ရှိနေသေးသည်ပင်။ အဲဒါကတော့ ထျန်းကျဲကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်သည်။

ကောင်းဖန် ကျောင်းသို့ရောက်သောအခါ သူသည် ဂိတ်ပေါက်၀တွင် သန်မာသော ရုပ်တုကြီး ၂ ခုကို တွေ့လိုက်ရသည်။ သူတို့ကတော့ ကွမ်ယုနှင့် ချင်းချုံရုပ်တုတို့ ဖြစ်ပြီး နောက်ဆုံးတွေ့တုန်းကထက် ပိုကြီးလာသည်ဟု ထင်ရသည်။

သူတို့ရှေ့တွင် ကြေးတိုင် ၂ တိုင်ရှိနေသည်။ ထိုတိုင်များထဲမှ အစိမ်းရောင် အငွေ့များသည် ကောင်းကင်ထက်သို့ ဖြည်းညင်းစွာ ပျံတက်နေကြသည်။ သို့သော် ရုပ်တုများကတော့ မီးခိုးကြေးများ ရှိမနေပဲ တောက်ပသန့်ရှင်းနေသည်။

ကွမ်ယုရုပ်တု၏ ဘယ်ဘက်လက်မောင်းတွင် အနီရောင် လက်ပတ်တစ်ခုကို တွေ့လိုက်ရသည်။ ကောင်းဖန်သည် ကြောင်သွားသည်။

“အဲဒါဘာကြီးလဲ”

ကျောင်းမှ အရာရှိများက အမြန်၀င်ဖြေလိုက်ကြသည်။ “ကျောင်းအုပ်ကြီး လွန်ခဲ့တဲ့ ၂ ပတ်လောက်က ပိတ်ရက်တစ်ခုမှာ နတ်ဘုရားအဆင့်သားရဲ ၁ ကောင်က ကျောင်းသားတွေကို ချုံခိုတိုက်ခိုက်ခဲ့ပါတယ်.. အဲဒီအချိန်မှာ ကျောင်းသူတစ်ယောက်က အဲဒီသားရဲရဲ့ အနီးကပ်တိုက်ခိုက်မှုကို ခံရတော့မယ့် ဆဲဆဲမှာ ဆရာကွမ်ရဲ့ မြန်ဆန်တဲ့ တုံ့ပြန်မှု ကျေးဇူးနဲ့ သားရဲကို ၂ ပိုင်းပြတ်အောင် ခုတ်သတ်နိုင်ခဲ့ပါတယ်.. အဲဒါနဲ့ ကျောင်းသူရဲ့ မိဘတွေက ကျေးဇူးတင်လို့ဆိုပြီး ပိုးသား နဖူးစည်းတောင် လက်ဆောင် ပေးဖို့ လုပ်တာ.. ဒါပေမယ့် ကျွန်တော်တို့လည်း မသင့်တော်ဘူးထင်တာနဲ့ တားပါသေးတယ်.. အဲဒါတောင်မှ ဆရာကွမ်ကို အနီရောင်လက်ပတ် ရအောင် ပေးထားတာပါ”

နောက်ဆုံးတော့ ကျောင်းသားကိုတောင် ကယ်နိုင်တဲ့ အဆင့်ရောက်နေပြီပဲ.. ကွမ်ယုရုပ်တုကလည်း ဂုဏ်ပုဒ်တစ်ခုတောင် ရနေပါလား.. ကောင်းဖန်က ပြုံးလိုက်မိသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၁၈ ရွှေရောင်သဲတောင်ပို့ ကုလားအုတ်

သူ့မျက်နှာတွင် အမည်‌မဖော်နိုင်သော ပုံစံဖြစ်နေသည်။ သို့သော် သူသည် အကောင်းဆုံး လုပ်နိုင်ခဲ့လေသည်။

“ဆရာကွမ်ကို တစ်နှစ်တာအတွက် အကောင်းဆုံး ဆရာဆုပေးဖို့ စာရင်းထည့်ထားလိုက်ပါ” ကောင်းဖန်က ဒုကျောင်းအုပ်က်ု ပြောလိုက်သည်။ သူသည် အလုပ်များနေလျှင် မေ့သွားမှာ စိုးသောကြောင့် ကြိုပြီး သတိပေးထားခြင်း ဖြစ်သည်။

ဒုကျောင်းအုပ်သည် ဘာမှ ပြန်မမေးပဲ ခေါင်းသာ ညိတ်လိုက်သည်။ သူသည် ကျောင်းအုပ်၏ အမိန့်ကို တစ်သွေမတိမ်း လိုက်နာမည့်သူ ဖြစ်သည်။

ကောင်းဖန်ကို တွေ့ပြီးနောက် ကွမ်ယုရုပ်တုသည် ကောင်းဖန်ကို ဦးညွတ် အရိုအသေ ပြုလိုက်သည်။ ထို့နောက် သူ့နေရာသို့ ပြန်သွားလိုက်သည်။

ကွမ်ယုရုက်တုသည် အစိမ်းရောင်နဂါး လခြမ်းဓားကို ကိုင်ဆောင်ထားပြီး အထင်ကြီးဖွယ် ဟန်ပန် ဖြစ်နေသည်။

ကောင်းဖန်က ကျောင်းထဲသို့ ၀င်လိုက်သောအခါ ကျောင်း၀န်းထဲတွင် အစိမ်းရောင်အပင်များကို များစွာတွေ့ရသည်။ စာကျက်နေကြသံများကိုလည်း ကြားနေရသည်။

“နောက်ဆုံး စာမေးပွဲ အခြေအနေ ဘယ်လိုလဲ”

“ဆရာ ဒါက နောက်ဆုံး လပတ် စာမေးပွဲရလဒ်တွေပါ.. အမှတ်တွေက အရမ်းတော့ မမြင့်ကြပေမယ့် ကျောင်းသားတွေက စာကြိုးစားကြပါတယ်.. သူတို့တွေ နောက်ထပ် လပတ်စာမေးပွဲမှာတော့ တိုးတက်မှုတွေ ဖြစ်လာကြမယ်လို့ ထင်ပါတယ်” ဒုကျောင်းအုပ်က မေးခွန်းကို အသင့်ဖြစ်နေသောပုံနှင့် A4 စာရွက်များကို ကမ်းပေးလိုက်သည်။

စာရွက်ထိပ်ဆုံးတွင် ဇယားတစ်ခု ရှိနေသည်။

အမှတ်မျိုးစုံနှင့် ကျောင်းသားများ၏ နာမည်များကို ထိုနေရာတွင် မှတ်တမ်းတင်ထားသည်။

အောက်ဘက်တွင်တော့ အဆင့်များကို ဖော်ပြထားသည်။ သူ့ကျောင်း၏ အမှတ်များသည် အားလုံးထဲတွင် နောက်ဆုံးရောက်နေသော်လည်း ကောင်းဖန်ကတော့ ခန့်မှန်းထားပြီး ဖြစ်သည်။

တကယ်တော့ သူတို့ကျောင်းသည် စထောင်ခါစပင် ရှိသေးသည်။ ကျောင်းသား အတော်များများသည် အသိပညာ သိပ်မကြွယ်ကြသေးသလို အရင်ကလည်း ပညာမသင်ဖူးခဲ့ကြပေ။ သူတို့သည် အလွန်ကြိုးစားကြသော်လည်း အချိန်တော့ လိုသေးပေသည်။

“အင်း.. သူတို့တွေအကောင်းဆုံး ကြိုးစားပြီး တိုးတက်မှုဖြစ်လာရင်တော့ အမြတ်ပေါ့” ကောင်းဖန်က ပြောလိုက်သည်။

“ဆရာပြောတာ မှန်ပါတယ်”

“ဆရာက တကယ်ဉာဏ်ကောင်းတာပဲ”

“နားလည်ပါပြီ.. ဆရာပြော‌တာမှန်တယ်”

ဆရာများကလည်း ဝိုင်းချီးကျူးလိုက်ကြသည်။

ကောင်းဖန်သည် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ထို့နောက် ခေါင်းကိုရမ်းကာ ပြောလိုက်သည်။ “သူတို့ကို အရမ်းလည်း ဖိအားတော့ မပေးကြပါနဲ့”

ထို့နောက် ခဏတိတ်ဆိတ်သွားပြီး ကောင်းဖန်က ဆက်ပြောလိုက်သည်။ “တကယ်တော့ စာမေးပွဲမဟာမိတ် အဖွဲ့နဲ့ ပူးပေါင်းခိုင်းခဲ့တာကလည်း အဲဒီကျောင်းတွေရဲ့ စာသင်တဲ့ပုံစံတွေ၊ ကျောင်းသားတွေကို စာသင်ယူချင်စိတ်ရှိအောင် ဘယ်လို လှုံ့ဆော်လဲဆိုတာတွေကို လေ့လာ‌နိုင်ဖို့ပါ..အရမ်းကြီး အောင်မြင်စရာ မလိုဘူး.. ဖိအားပေးလို့ တော်ရတာထက် လက်တွေ့ကျကျ တော်ကြတာကိုပဲ လိုချင်တယ်”

ထျန်းကျဲကျောင်းကို တည်ထောင်ခြင်း၏ နဂိုရည်ရွယ်ချက်ကလည်း တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းကို သစ္စာရှိပြီး အရည်အချင်း ရှိသော လူငယ်မျိုးဆက်သစ်များ ထွက်လာနိုင်ဖို့ ဖြစ်သည်။

ကောင်းဖန်သည် အနည်းငယ် ကိုယ့်ကိုကိုယ် ကြည့်သူဖြစ်ကြောင်း ၀န်ခံလေသည်။ သူသည် ကျောင်းကို လေ့လာပြီးသောအခါ နေ့လည်တွင် ပြန်ခဲ့သည်။

ဂိတ်မှ ထွက်လိုက်သောအခါ ကောင်းဖန်သည် အဖြူရောင်ရှပ်နှင့် ဂျင်းဘောင်းဘီတို့ကို ၀တ်ဆင်ထားသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် အမွှေးတိုင်များကို ကြေးတိုင်ကြီးတွင် ထွန်းညှိနေပြီး ကွမ်ယုရုပ်တုကို စကားများ ပြောနေသည်။

“ဆရာကွမ်ကယ်ခဲ့တဲ့ မိန်းကလေး ထင်တယ်” ကောင်းဖန်က ပြောလိုက်သည်။

“ဟုတ်ပါတယ် ဘယ်လိုလုပ်သိလဲ ဆရာကြီး”

“ခန့်မှန်းလိုက်တာပါ” ကောင်းဖန်က သဘောကျစွာ ပြုံးလိုက်ပြီး လှည့်ပြန်လိုက်သည်။

…

လူမည်းများစွာ တို့သည် လူဆာကာ၏ ဝိဉာဉ်ဖောင်ရှိရာ အနက်ရောင်မြူခိုးမြို့ထဲတွင် အပျက်အစီးများကြားထဲ ရယ်မောရင်း လျှောက်နေကြသည်။

သူတို့နောက်တွင် သူတို့၏ ကိုယ်ပိုင်သားရဲများ ပါလာသည်။

မြို့ထဲရှိနေရာတော်တော်များများသည် ရှာဖွေခဲ့ပြီး ဖြစ်ပြီး အနည်းငယ်သာ ကျန်တော့သည်။

သူတို့အတွက် အလွန်တန်ဖိုးကြီးသော အရာများ မရှိတော့သော်လည်း မျှော်လင့်ချက်ဖြင့် ရတနာ ရှာဖွေနေကြခြင်း ဖြစ်သည်။

“‌ဒီအခန်းသစ်က မြေအောက်တိုက်ထဲမှာ ရှိတယ်.. ဘာမှတန်ဖိုးကြီးတာတော့ မရှိဘူး.. ဒါပေမယ့မ ကာကွယ်ရေးစနစ်က အရမ်းမြင့်ပြီး အခန်းကို ဖွင့်ဖို့ အတော်ကြိုးစားလိုက်ရတယ်”

“ဟားဟား အထဲမှာ အဖိုးတန် ရတနာတွေများ ရှိနေလို့လား” အနည်းငယ် ပုပျပ်သော လူမည်း‌တစ်ယောက်က ပြောလိုက်သည်။

သူတို့သည် အခန်းထဲသို့ ၀င်လိုက်သောအခါ အတော်ကြီးမှန်း သိလိုက်ရသည်။

အခန်းကို မည်ကဲ့သို့ သစ်မျိုးနှင့် ကာထားမှန်း မှန်းဆ၍မရချေ။ သစ်များသည် အလွန်ခိုင်မာကြပြီး ပိုများစားထားသည့် အရိပ်အယောင်ပင် မရှိချေ။

ထိုသူများသည် အခန်းထဲတွင် နေရာအနှံ့ရှာဖွေလိုက်ကြသည်။

အထဲတွင် ဘာမှအသုံး၀င်တာမရှိပဲ အိမ်သုံးပစ္စည်းများသာ ရှိနေသည်။

သစ်သားတံခါးကြီး တစ်ခုနောက်တွင်တော့ အမည်းရောင် သံတံခါးကြီး တစ်ခု ရှိနေသည်။

သံတံခါးကြီးပေါ်တွင် ကြက်ခြေခတ်ပုံတစ်ခုကို အနီရောင်ဆေးဖြင့် သုတ်ထားသည်။ တံခါးကို လူများမဖွင့်အောင် တားထားသည့်ဟန် တူသည်။

ထိုအရာကို ပထမဆုံးမြင်သော လူမည်းတစ်ယောက်က ခေါင်းတစ်ချက်ညိတ်လိုက်သည်။ အန္တရာယ်ရှိတာကို သတိပေးထားမှတော့ မထိဘူးဟု ဆုံးဖြတ်လိုက်သည်။

ခဏကြာတော့ အဖွဲ့ကို ဦးဆောင်နေသော လူမည်းကလည်း ထိုသံတံခါးကို မြင်သွားသည်။

“ခေါင်းဆောင်.. အဲဒါက သတိပေးထားတာ ထင်တယ်.. တပ်ဆုတ်သင့်..” သူ့စကားမဆုံးမီပင် ‌သူတို့ခေါင်းဆောင်က ဒေါသထွက်နေသော မျက်နှာနှင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ “‌ဒီမြို့က စွန့်ပစ်ထားတာဖြင့် ကြာလှပြီ.. သားရဲတစ်ကောင်ကောင် ရှိနေရင်တောင် ဆာလို့ သေလောက်ပြီပေါ့”

သူသည် ပြောနေရင်းဖြင့် သံတံခါးကို တွန်းဖွင့်လိုက်သည်။

သံတံခါးကြီးသည် ကျယ်လောင်သော အသံကြီးဖြင့် ဆောင့်ပွင့်သွားသည်။

မှောင်မည်းနေသော အခန်းထဲတွင် ကြီးမားအေးစက်နေသော အမည်းရောင် စပါးအုံးမြွေကြီးသည် တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။ သူ့တွင် မည်းမှောင် အေးစက်နေသော အကြေးခွံများ ရှိသည်။ သူသည် အရေခွံများ လဲထားသောကြောင့် ထိုအရာများသည် မြေပြင်တွင် အပုံလိုက်ဖြစ်နေသည်။

လူမည်းများသည် ထိုအခန်း၏ အကျယ်ကို မခန့်မှန်းနိုင်ကြပေ။ မြွေကြီးကလည်းအမှောင်ရိပ်ထဲတွင် ပျောက်ကွယ်နေသည်။ အလင်းရောင် မှိန်ပျပျလေးကသာ တစ်နေရာမှ သေးသေးလေး တိုး၀င်နေသည်။

လူမည်းများကတော့ မြွေကြီး၏ အငွေ့အသက်ကို ခံစားမိသောကြောင့် ပါးစပ်များကို ချက်ချင်း ပိတ်လိုက်ကြသည်။

သူတို့သည် သံတံခါးကို ဂရုတစိုက် ပိတ်လိုက်ပြီး မြေတိုက်ထဲမှ ချက်ချင်း ထွက်ပြေးလိုက်ကြသည်။

သူတို့သည် ကြမ်းပြင်မှ သံဗူးခွံများကိုလည်း မကန်မိအောင် ရှောင်ရှားရင်း အထွက်လမ်းကို သစ်သားခုံတစ်ခုနှင့်ပင် ပိတ်လိုက်သေးသည်။ လူမည်းတစ်ယောက်ကတော့ သွားနေရင်း ၀တ်ထားသော ဆွယ်တာနှင့် သံတစ်ချောင်းနှင့် ညိကာ အသံတိတ် တစ်ပတ်လည်သွားသေးသည်။

နောက်တစ်နေ့တွင်တော့ လူဆာကာမြို့ထဲတွင် သတင်းတစ်ခု ပျံနှံ့နေသည်။

ထိုသတင်းကတော့ လူဆာကာ၏ မြေအောက်ခန်းတစ်ခုထဲတွင် သားရဲကြီးတစ်ကောင် ရှိနေသည်ဆိုသော သတင်း ဖြစ်သည်။

…

ကောင်းဖန်၏ မူလအစီအစဉ်သည် အနားယူပြီးနောက်တွင် ခြင်္သေ့ဖြူကို မြောက်၀င်ရိုးစွန်းဆီခေါ်သွားပြီး အဆင့် မြန်မြန် မြှင့်ပေးရန် ဖြစ်သည်။

သို့သော် ညီမ၀မ်းကွဲလာမည့် ကိစ္စကြောင့် အစီအစဉ် ပျက်သွားပြီး သူမနှင့် တွေ့ပြီးမှာ မြောက်၀င်ရိုးစွန်းကို သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ အချိန်ကလည်း ၂ ရက်လောက်သာ ဖြစ်သည်မို့ သိပ်တော့ အရေးမကြီးပါချေ။

၂ ရက်ကြာပြီးနောက် ကောင်းဖန်သည် လေဆိပ်ကိုသွားကာ သူ၏ ၀မ်းကွဲညီမကို သွားကြိုလိုက်သည်။

သူမနာမည်သည် ယောင်္ကျားလေး ဆန်နေသော်လည်း သူမသည် မိန်းကလေး ဆန်သူ ဖြစ်သည်။ သို့သော်သူမသည် တစ်ခါတလေတော့လည်း ယောင်္ကျားလေးဆန်သော စိတ်မျိုး ရှိတတ်သည်။

သူမနောက်တွင် ၂ မီတာရှိ‌သော ရွှေရောင် ကုလားအုတ် တစ်ကောင် ပါလာသည်။ ထိုကုလားအုတ်သည် ရှက်ကြောက်သလို ဖြစ်နေပြီး သခင်နောက်မှ နီးကပ်စွာ ပါလာသည်။

ဂိုဒီသည် ကောင်းဖန်နောက်မှ လျှောက်နေရင်း အားနည်းသည်ဟု ထင်ရသော လူသားမိန်းကလေးကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေသည်။ ဂိုဒီ၏ မျက်နှာသည် မာနကြီး တစ်ခွဲသားဖြင့် ရှိနေပြီး တံတွေးတစ်ချက်ပင် ထွေးလိုက်သည်။

ခိုင်လုချန်သည် ဂိုဒီ‌တံတွေးထွေးလိုက်သည်ကို မြင်ပြီး တားလိုက်မည် ကြံသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

ခိုင်လုချတ်၏ အနောက်မှ ရွှေရောင်ကုလားအုတ်လေးသည် အစကတော့ ကြောက်နေသေးသည်။ သို့သော် သူ့ရှေ့တွင် တံတွေးထွေးလိုက်သည်ကို မြင်လိုက်ရသောအခါတွင်တော့ အလွန်စိတ်ပျက်သွားသည်။

ဘာလို့ အဖိုးတန်တဲ့ရေကို ဖြုန်းတီးနေတာပါလိမ့်..

ကုလားအုတ်သည် လည်ပင်းကို ဆန့်လိုက်ပြီး လည်ချောင်းတစ်ချက် ခပ်လိုက်သည်။ ထို့နောက် ဂိုဒီရှိရာဆီသို့ တံတွေးပေါင်း မြောက်များစွာ ထွေးထုတ်လိုက်သည်။ သနားစရာကောင်းဖန်ကတော့ ထိုအနီးကပ်တိုက်ခိုက်မှုတွင် စက်ကွင်းမလွတ်လိုက်ပေ။

[သားရဲအမည်] ရွှေရောင်သဲတောင်ပို့ ကုလားအုတ်

[သားရဲအဆင့်] - ၃၂ (ကွန်မန်ဒါ)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ

[သားရဲအမျိုးအစား] - သဲ/ မြေ

[သားရဲဖော်ပြချက်] - ကန္တာရတွင် နေသော တိရိစ္ဆာန်ဖြစ်ပြီး နူးညံ့သော်လည်း အကြမ်းခံသည်။ ရေအရင်းအမြစ်များကို နှစ်ခြိုက်သည်။ သူ့အတွက် ရေသည် အလွန်အဖိုးတန်သော ရင်းမြစ်ဖြစ်ပြီး ရေဖြုန်းတီးသူများကို အလွန်မုန်းတီးလေ့ရှိသည်။ သူစိတ်တိုလာလျှင် တံတွေးဖြင့် လှမ်းထွေးတတ်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၁၉ သွေးလွှမ်းသော ရွှေရောင် ကော်ဇောသားရဲ

ကောင်းဖန်သည် ကုလားအုတ်များ ဒေါသထွက်သည့်အခါ‌ ဒေါသထွက်တတ်သည်ကို သိထားပြီး ဖြစ်သည်။ ထိုအရာသည် သူတို့ဒေါသကို ဖော်ပြသည့် အရာဖြစ်သည်။ ‌သို့သော် ကောင်းဖန်သည် ထိုရွှေရောင် ကုလားအုတ်လည်း ထိုကဲ့သို့ ခေါင်းမာတတ်လိမ့်မည်ဟုတော့ မထင်မိချေ။

သူ့ကို နာမည်ပြောင်တောင် စဉ်းစားသင့်တယ်.. သံမဏိခေါင်းလေးဆို ကောင်းမလား..

တံ‌တွေးထွေးခံလိုက်ရသော ဂိုဒီသည် ကုလားအုတ်လေးကို ဒေါသတကြီး ကြည့်လိုက်သည်။ သူသည် ဒေါသထွက်စွာဖြင့် တစ်ချက်မြည်ကြွေးလိုက်သည်။

ပြင်းထန်သောလေသည် ဂိုဒီပါးစပ်ထဲမှ ထွက်ပေါ်လာကာ ဟာရီကိန်းမုန်တိုင်း အဖြစ်သို့ ပြောင်းသွားသည်။ သူသည် တံထွေးမြောက်များစွာကို စုစည်း လိုက်ပြီး ချန်ခိုင်လုနှင့် ကုလားအုတ်ဆီ ပစ်လွှတ်လိုက်သည်။

ချန်ခိုင်လုသည် အနည်းငယ် စိတ်ညစ်သွားသည်။ သူမသည် မျက်နှာမှ တံထွေးများကို သုတ်လိုက်ပြီး “အစ်ကိုကြီး” ဟု မကျေမနပ် ပြောလိုက်သည်။

ကောင်းဖန်သည် ရယ်မောလိုက်ပြီး ဂိုဒီ၏ တင်ပါးကို ပုတ်လိုက်သည်။ “ညီလေးရယ် ကြင်ကြင်နာနာ ဆက်ဆံစမ်းပါကွာ”

ဂို‌ဒီကတော့ မတုန်မလှုပ်ဖြစ်နေပြီး သူ၏ မျက်နှာသေကြီးသည် ဘာတွေပဲဖြစ်နေနေ လေ့ကျင့်ထားသည့်အလား အူကြောင်ကြောင် နိုင်လှသည်။

ဂိုဒီသည် သူ့တင်ပါးကို ညင်သာစွာ ကိုင်လိုက်ပြီး အရှေ့ကို တိုးကာ ကုလားအုတ်လေးကို တစ်ချက်ပုတ်လိုက်သည်။

“ညီလေး.. မင်းက အရင်ကြင်နာပြခဲ့တာနော်.. ဟုတ်တယ်မလား”

“ဒါ.. ဒါက ဦးလေးကျွိလား” ချန်ခိုင်လု၏ အနောက်တွင် ဆယ်ကျော်သက်အရွယ် ‌မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက် ရှိနေသည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ပါး ၂ ဖက်ပင် နီရဲနေသည်။

ဂိုဒီ၏ ခေါင်းပြောင်ကြီးပေါ်တွင် အပြာရောင် တက်တူးတစ်ခု ရှိပြီး ကြီးမားသော ချိန်ကြိုးကြီး ၂ ခုကို ရင်ဘတ်တွင် ပတ်ထားသည်။ နောက်ကျောတွင်လည်း ရဲတင်းတစ်ခု ရှိနေသည်။ သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။ ကပ်ဆိုးကြီး ပြီးနောက်တွင် ကောင်လေးအတွက် သားရဲများသည် ဟီးရိုးများလို ဖြစ်နေသည်။

ကောင်းဖန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြ လိုက်သည်။ သူသည် ချန်ခိုင်လုကို တည့်တည့်စိုက်ကြည့်လိုက်သောအခါ သူမသည် စိတ်မသက်မသာ ဖြစ်သွားသည်။

“တက္ကသိုလ်မှာ စာဆက်သင်မှာလား” ကောင်းဖန်က မျက်မှောင် ကြုတ်ကာ လည်ချောင်းတစ်ချက်ရှင်းပြီး ဆက်ပြောလိုက်သည်။ “ဆက်ပြီး စာသင်ဖို့တော့ လိုတယ်နော်.. ဒီခေတ်ကြီးမှာတောင် အသိပညာဆိုတာမျိုးက သိထားလေ ကောင်းလေ--"

“ယွိကျိုးတက္ကသိုလ်မှာ စာရင်းသွားပြီးပါပြီ.. နောက်နှစ်ကျရင် စတက်နိုင်ပြီးတော့ အစ်ကိုကြီးရဲ့ ဂျူနီယာ ဖြစ်လာတော့မှာပါ” ချန်ခိုင်လုက ကောင်းဖန်ကို ဖြတ်ပြောလိုက်သည်။

“မင်းစကားပြောတဲ့ လေသံကလည်း ငါ့အဖေအတိုင်းပဲ”

ကောင်းဖန်သည် ယွိကျိုးတက္ကသိုလ်ဆိုသည့် စကားကြားတော့မှ ‌ကျောင်းမသွားတာ ဘယ်လောက်တောင် ကြာနေပြီလဲဟု စဉ်းစားမိသွားသည်။ သူသည် အတွေးထဲတွင် ဆက်နစ်မျောသွားသည်။ အစကတော့ သူ့မိဘများ၏ ဆန္ဒအလျောက် တက္ကသိုလ်တွင် စာသင်ယူရဖို့သည် သူ၏ အိပ်မက် ဖြစ်ခဲ့သည်။

အခုတော့ သူသည် ကျောင်းတွင်လည်း စာသိပ်မသင်ခဲ့ရပဲ တစ်နှစ်လုံးတွင် ၅ ခါလောက်တောင် မသွားမိချေ။ ထို့ကြောင့် သူသည် ကျောင်းတွင် မကပ်တာများသည်။ သို့သော် ဘွဲ့ယူဖို့တော့ လျှောက်ထားဦးမှဟု တွေးလိုက်မိသည်။

“ငါက မကြာခင် ဘွဲ့ယူရတော့မှာ.. ကံကောင်းပါစေ ဂျူနီယာလေး” ကောင်းဖန်က အားပေးစကား ပြောလိုက်သည်။

ချန်ခိုင်လုသည် ဘာပြန်ပြောရမှန်း မသိတော့ချေ။

သူတို့အိမ်ကို ရောက်လာသော ၀မ်းကွဲညီမလေးသည် ဂိုဒီ၊ တာ့ဇီ၊ ဖလိန်မီ စသည့်အဖွဲ့သားများကိုသာမက အရာအားလုံးကို စိတ်၀င်စားနေသည်။ ဒါတောင် ကောင်းဖန်၏ အောင်မြင်မှု သင်္ကေတ ဖြစ်သည့် ဒန်ဘီကို မတွေ့ရတာ နှမြောစရာကောင်းလှသည်။

“အစ်ကိုကြီးက သားရဲကို ဖွက်ထားတာလား” ဟွမ်းမိုနှင့် ကျင်းရှာဒေသတို့တွင် လူများသည် ဖုတ်ကောင်အမျိုးအစားများ သားရဲများကို ဆန့်ကျင်ကြပြီး ဘာသာရေးအယူအရလည်း လက်မခံကြသောကြောင့် ချန်ခိုင်လုသည် ၀မ်းနည်းစွာ‌ မေးလိုက်သည်။

သူမသည် ထိုဒေသ ၂ ခုသည် ဖုတ်ကောင် အမျိုးအစား သားရဲများကို တွေ့ခဲလှသည်။ ဒေသခံများက တွေ့တာနှင့် သတ်ပစ်ကြသောကြောင့် ဖြစ်သည်။

ချန်ခိုင်လုနှင့်အတူပါလာသူသည် သူမ၏ မောင်၀မ်းကွဲတစ်ယောက်ဖြစ်သည်။ သူသည် လေဆိပ်တွင် သူမနောက်မှ ပါလာသော အိုက်ကျွေ့ရီဖြစ်သည်။

သူသည် ယခုနှစ်တွင် ၁၇ နှစ် ပြည့်မည်ဖြစ်သည်။ စဉ်းစားကြည့်လျှင် သနားစရာတော့ကောင်းလေသည်။ သူသည် တခြားသူများက ကိုယ်ပိုင်သားရဲများနှင့် လေ့ကျင့်နေကြသည်ကို နေ့တိုင်း ထိုင်သာ ကြည့်နေရသည်။ သူသည် ၅ နှစ်လုံးလုံးစောင့်ရဦးမည်ပင်။

သူသည် သားရဲများအကြောင်းကိုတော့ စာတွေ့ဖြင့် အတော်လေး သိထားပြီး ဖြစ်သည်။ သူသည် သားရဲတစ်ကောင်ကို မြင်လိုက်သည်နှင့် သခင်ထက်ပင် ထိုသားရဲအကြောင်းကို ပိုသိနိုင်သူ ဖြစ်သည်။ သူ့အိမ်တွင် ရှားပါးသားရဲများအကြောင်း စုဆောင်းထားမှုတွေလည်း အပုံလိုက်ရှိနေသည်။

ထိုကဲ့သို့သော သူ့တွင် ကိုယ်ပိုင်သားရဲမရှိသည်က သနားဖို့တော့ကောင်းသည်။ သူ့မိသားစုသည် ကိုယ်ပိုင်သားရဲ၀ယ်ဖို့ မိသားစုထံမှပင် ပိုက်ဆံများကို ခိုးမည်စိုးသောကြောင့် သူ့ကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

ထိုအတောအတွင်း ကောင်းဖန်၏ အဖိုးသည် အနက်ရောင် မြူခိုးကမ္ဘာသို့ သွားကာ ကျောက်စိမ်း‌မိကျောင်းနှင့် မိုးကြိုးခွံနတ်ဘုရားတို့ကို ခေါ်သွားပြီး စီးပွားရေးလမ်းခင်းနေသောကြောင့် အိမ်တွင် ရက်အတန်ကြာ ရှိမည်မဟုတ်ပေ။

ထို့ကြောင့် ကောင်းဖန်သည် ထိုအတောအတွင်း ၀မ်းကွဲငယ်လေးများနှင့်နေရင်း အိမ်တွင် နေဖို့ ဆုံးဖြတ်လိုက်သည်။

“သခင်လေးကောင်း.. ကျုပ်ကို ရှာနေတာလား” ဟွမ်းယာက ရဲရင့်စူးရှသော အကြည့်ဖြင့် ၀င်လာသည်။ သူ့နောက်တွင် ဝိဉာဉ်နီမြင်းက လိုက်ပါလာသည်။ ထိုမြင်းသည် ဟွမ်းယာ၏ နတ်ဘုရားအဆင့်သားရဲ (မီး-လေ ကျေးသွေးရောင် သွေးပူစစ်မြင်း) ဖြစ်သည်။ သူ့တွင် လေနှင့် မီး စွမ်းအင်များပိုင်ဆိုင်ပြီး ထူးခြားသော သားရဲဖြစ်သည်။

“အင်း ဒီအတောအတွင်း အတော်လေးကြိုးစားနေတာကို မြင်ခဲ့ရပါတယ်” ကောင်းဖန်က ခေါင်းညိတ်၍ ပြောလိုက်သည်။ ကောင်းဖန်သည် ဟွမ်းယာကို ရင်းမြစ်ရှာဖွေရေး ဌာနတွင် တာ၀န်ပေးခဲ့ရာ ဟွမ်းယာကလည်း ခိုင်းသမျှ အလုပ်တိုင်းကို ကျေပွန်သည်။ ထို့ကြောင့်လည်း ကောင်းဖန်သည် ဟွမ်းယာကို ယုံကြည်ပြီး သူ၏ လူယုံအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

“အကောင်းဆုံးကြိုးစားသွားပါ့မယ် သခင်လေးကောင်း” ဟွမ်းယာက လေးစားသမှုဖြင့် ပြောလိုက်သည်။

ကောင်းဖန်ကလည်း ခေါင်းညိတ်၍ ပြုံးလိုက်သည်။ “ကျွန်တော်ကလည်း သိပ်ပြီး ဆုမချဖြစ်ဘူး.. အဖွဲ့အစည်းမှာက လုပ်ရည်ကိုင်ရည်ကောင်းရင် ဆုပေးတဲ့စနစ်ရှိတယ်လေ.. အခု ကျွန်တော့်အတွက်လည်း လုပ်ပေးနေတာဆိုတော့ ဆုချရမှာပေါ့”

ပြောပြီးသောအခါ ကောင်းဖန်က လက်ခုပ်တီးလိုက်သည်။ ထိုအခါ ကောင်းဖန်နောက်တွင် ရပ်နေသော ဂိုဒီသည် ‌ကြမ်းပြင်မှ ရွှေရောင်ကော်ဇောကို ကုန်းကောက် လိုက်သည်။ ကော်ဇောသည် ၂၅ စတုရန်းပေ ပတ်လည်ရှိ‌ပြီး သွေးနီရောင် အကွက်များဖြင့် ပုံဖော်ထားသည်။ ထိုအကွက်များကို ပေါင်းစပ်လိုက်လျှင် မျက်လုံးပုံ ဖြစ်သွားသည်။

“ဒါက.. ဟွမ်းယာသည် နားမလည်နိုင် ဖြစ်နေသည်။

“ဒါက ခင်ဗျားရဲ့ ကိုယ်ပိုင်သားရဲပဲ.. သေချာလေး ကြည့်လိုက်ပါ‌ဦး..” ကောင်းဖန်က ဂိုဒီကိုင်ထားသော ကော်ဇောကို ဟွမ်းယာအား ပေးခိုင်းလိုက်သည်။

ဟွမ်းယာသည် ကော်ဇောကို ကိုင်ပြီးနောက် ပစ်ချကြည့်လိုက်သောအခါ ကော်ဇောသည် ‌ကြမ်းပြင်ပေါ်သို့လိမ့်ဆင်းသွားသည်။ ထို့နောက် သူသည် ပြန်ထလိုက်ကာ ဟွမ်းဟာကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

ဟွမ်းယာသည် ကော်ဇောကို ၂ စက္ကန့်လောက် စိုက်ကြည့်လိုက်ပြီး ခေါင်းကို ပြန်မော့လိုက်သည်။

“ဒါက နတ်ဘုရားအဆင့်သားရဲပဲ.. သဘောကျတယ်ဆိုရင် သွေးစာချုပ် ချုပ်လိုက်တော့” ကောင်းဖန်က ပြောလိုက်သည်။

ဟွမ်းယာသည် မျက်လုံးများ အရောင်တောက်သွားသည်။ “ဒါက နတ်ဘုရားအဆင့်သားရဲလား”

“ရှောင်‌တုန်းကတော့ ကျွန်တော့်ကို မလိမ်လောက်ပါဘူး”

ဟွမ်းယာသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် “ကျေးဇူးတင်ပါတယ် ရှောင်တုန်း” ဟု ပြောလိုက်သည်။

ကောင်းဖန်အတွက် ကော်ဇောကို ထိန်းသိမ်းထားရသည်မှာ သိပ်မခက်လှချေ။ ဂိုဒီ၏ လက်သီးနှင့် အဆင့်ကိုလည်း ကြောက်နေရခြင်းကြောင့် ပါသည်။

သူတို့ဘေးတွင် တီဗီထိုင်ကြည့်နေသော အိုက်ကျွေ့ရီက အံ့ဩနေသည်။ “ကိုယ်ပိုင်သားရဲတွေကို လက်ဆောင်ပေးတာက ခေတ်စားနေတာလား”

“နတ်ဘုရားအဆင့်သားရဲကိုတောင် လက်ဆောင်အဖြစ် ပေးနေပြီလား”

“ဘယ်လိုလုပ်ရင် ဒီလို ရနိုင်မှာလဲ”

အိုက်ကျွေ့ရီ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေသည်။ သူသည် သူ့၀မ်းကွဲအစ်ကိုကို ကြည်ညိုလေးစားစိတ်များလည်း တဖွားဖွား ပေါ်ပေါက်နေသည်။

၃ ရက်ခန့်နားပြီးနောက် ကောင်းဖန်သည် ဒီတိုင်း နေရတာ အလွန်ပျင်းလာသည်။ အိမ်မှာနေပြီး အချိန်ဖြုန်းနေရတာ သူ့စတိုင် မဟုတ်ပါချေ။ သူသည် ၀မ်းကွဲများနှင့် စကားပြောပြီးနောက် ခြင်္သေ့ဖြူ၊ အဖြူရောင်ဓားသွား သားရဲ၊ ဆီလီ၊ ဖလိန်မီ၊ ရှောင်ကောင်းတို့နှင့်အတူ မြောက်ဘက်သို့ ခရီးသွားရန် ပြင်ဆင်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၄၂၀ ရေခဲသားရဲ သူရဲကောင်း

မြောက်၀င်ရိုးစွန်းသို့ ခရီးထွက်ရသည်မှာ အလွန်ပင် အေးလှသည်။ ထို့ကြောင့် ကောင်းဖန်သည် ဖလိန်မီအား သူ၏ မီးတောက်များဖြင့် နွေးထွေးစေရန် ခေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် ဖလိန်မီသည် ပျံသန်းနိုင်သောကြောင့် ထိုအချက်ကလည်း သက်သောင့်သက်သာ ဖြစ်ရစေသည်ပင်။

ကောင်းဖန်သည် ပေါ့ပေါ့ပါးပါး သွားနိုင်ရန်အတွက် သိပ်မကြီးသော သားရဲများကိုလည်း မခေါ်လာခဲ့ပေ။

အဖြူရောင် ဓားသွားသားရဲသည် ၃ ပေအောက်သာ ရှိသည်။ ‌ခြင်္သေ့ဖြူလေးကလည်း လူတစ်ယောက် လက်ဖဝါး ၂ ခုစာသာ ရှိသည်။ ရှောင်ကောကလည်း ပေါ့ပေါ့လေး ဖြစ်သလို ဆီလီကတော့ ပို၍ပင် ပေါ့သေးသည်။ သူတို့အားလုံးသည် ၀န်မကြီးသော ကိုယ်ပိုင်သားရဲများ ဖြစ်ကြသည်။

“အာတိတ်မှာ မင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ မရှိရင်တောင် တောင်၀င်ရိုးစွန်းမှာတော့ ရှိမှာပါ” ကောင်းဖန်က ခြင်္သေ့ဖြူလေးကို သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။

“အရင်ဆုံး အဝေးဆုံးမှာရှိတဲ့ မြောက်ပိုင်း အနက်ရောင် နဂါးစခန်းမြို့ကို သွားရမယ်.. ပြီးမှ မြောက်ပိုင်းကို ဆက်သွားရမယ်.. အချိန်တော့ မဆွဲကြရအောင်.. စောစောထွက်ပြီး မြန်မြန် ပြန်လာမယ်” ကောင်းဖန်က ဆက်ပြောလိုက်သည်။

အာတိတ်ဒေသသည် လည်ပတ်၍ ကောင်းသော နေရာမဟုတ်ချေ။ အေးစိမ့်သော ရာသီဥတုနှင့် အဆုံးမရှိသော နှင်းများသည် လှပသလို ထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိစရာ ကောင်းလှသည်။

လေယာဉ်ကို ၁၀ နာရီ စီးပြီးနောက် အနက်ရောင် နဂါးစခန်းမြို့သို့ ရောက်ကြသည်။ ထိုမြို့သည် ဟွာရှားဒေသမှ ကြည့်လျှင် မြောက်ဘက်ရှိ အဝေးဆုံး ‌နေရာဖြစ်သည်။

လေယာဉ်ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ ခမ်းနားပြီး မည်းမှောင်နေသော မြစ်ကြီးက တောင်တန်းများကြားတွင် နဂါးကြီးတစ်ကောင်လို ဖြတ်သန်းစီးဆင်းနေသည်ကို တွေ့နိုင်သည်။ တောင်ခြေတွင်တော့ မြစ်ကြီးကို အလယ်မှာထားကာ ၂ ခြမ်းကွဲနေသော မြို့ကြီးကို တွေ့နိုင်သည်။

သိပ်သည်းစည်ကားလှသော သစ်သားအိမ်များ၊ မြစ်ပေါ်တွင် ဆောက်လုပ်ထားသည့် အမျိုးမျိုးသော အဆောက်အအုံများသည် ကြီးမားသော အနက်ရောင် မြစ်ကြီးနှင့် လိုက်ဖက်စွာ ရှိနေကြသည်။

မြစ်ရေပြင်သည် များပြားလှသော အဆောက်အအုံများ အတားအဆီးများကြောင့် ငြိမ်သက်နေသလိုတော့ ရှိနေသည်။

ကောင်းဖန်သည် ထိုမြင်ကွင်းကို အံ့ဩမှင်သက်နေမိသည်။ တောင်တန်းများကြားမှ အမည်းရောင် နဂါးကြီးကို လေ့ကျင့်ပေးနေသော ရဲရင့်သည့် သားရဲလေ့ကျင့်သူကြီးလို သူ့ကိုယ်သူ ခံစားနေရသည်။

လေယာဉ်သည် ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ ကောင်းဖန်သည် လေယာဉ်မှ ဆင်းလိုက်သောအခါ အေးစက်‌လှသော လေများကို ရှူရှိုက်မိလိုက်သည်။ “ဒီက ရာသီဥတုက တော်တော် အေးတာပဲ”

ထို့နောက် ဖလိန်မီ၏ ကျောပေါ်တွင် စီးနင်းလာသော ကောင်းဖန်သည် ဆီလီထံမှ အအေးဒဏ်ကာ အနွေးထည်ကို ထုတ်ယူလိုက်ပြီး မတ်စ်ကိုလည်း တပ်လိုက်ကာ လက်အိတ်များကိုပါ စွပ်လိုက်သည်။ ထို့နောက် ဖလိန်မီ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး “သွားရအောင်” ဟုပြောလိုက်သည်။

ဖလိန်မီသည် ရှည်လျားစွာ ကြွေးကြော်လိုက်ပြီး ကောင်းကင်ဆီသို့ ပျံတက်လိုက်သည်။

…

ကောင်းကင်မှ ကျဆင်းလာသော နှင်းများသည် ပိုမိုထူထပ်လာပြီး လေသည် ပို၍ အေးစိမ့်လာသည်။ ကောင်ဖန်နှင့် အခြားကိုယ်ပိုင်သားရဲများက အဆင်ပြေသော်လည်း ရှောင်ကောကတော့ ကွေးနေအောင် သူ့ကိုယ်သူ ဖက်ထားကာ တုန်ယင်နေသည်။

ခြင်္သေ့ဖြူလေးသည် ရှောင်ကောကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်သည်။ ထိုအခါ အပြာရောင် အလင်းလွှာတစ်ခုသည် ရှောင်ကောနားတွင် ပေါ်လာပြီး ပြင်ပလေထုနှင့် မထိတွေ့အောင် ပိုင်းခြားပေးလိုက်သည်။ အေးစက်သော လေထုကို ထိုအပြာရောင် တံတိုင်းလေးက စုပ်ယူလိုက်သည်။

တစ်လခွဲလောက် ပျံသန်းပြီးသောအခါ ကြီးမားသော အဖြူရောင် လွင်ပြင်များကိုသာ မြင်ရတော့သည်။ သူတို့အောက်တွင်လည်း နှင်းလွင်ပြင်ကြီးသာ ရှိနေသည်။ ကောင်းဖန်သည် မြေပုံထုတ်ကြည့်လိုက်သောအခါ အာတိတ်ရောက်နေပြီကို သိလိုက်ရသည်။

“ဆင်းရအောင်” သူတို့သည် ရောက်လာပြီ ဖြစ်သောကြောင့် ရတနာများကို အချိန်ယူကယ ရှာရတော့မည် ဖြစ်သည်။

ကောင်းဖန်သည် ထိုရတနာများကို ဘယ်လိုရှာရမှန်း မသိချေ။ ထို့ကြောင့် ခြင်္သေ့ဖြူလေး၏ အာရုံခံနိုင်စွမ်းကိုသာ အားကိုးရမည် ဖြစ်သည်။

ခြင်္သေ့ဖြူလေးသည် ကောင်းဖန်လက်ထဲမှ အတင်းခုန်ဆင်းလိုက်သည်။ ထို့နောက် မြေပြင်ကို နမ်းရှုပ်ရင်း အမြီးလေးကို ပျော်ရွှင်စွာ ယမ်းလိုက်သည်။ လေထုထဲတွင် ပြည့်နှက်နေသော ရေခဲဓာတ်များသည် ခြင်္သေ့ဖြူလေးက်ု ပို၍ တက်ကြွစေသည်။

တကယ်တော့ အာတိတ်ဒေသတွင် ရတနာများ များပြားစွာ ရှိသည်။ ခြင်္သေ့ဖြူလေးသည် လက်သည်းများကို ထုတ်ကာ ရေခဲပြင်ကို တူးလိုက်သည်။ သူ့လက်သည်းလေးများသည် သိပ်မကြီးသော်လည်း ရေခဲကိုတော့ မြန်ဆန်စွာ ထိုးခွဲနိုင်သည်။ ၁၀ မိနစ်ခန့်ကြာသောအခါ တွင်းနက်နက်တစ်ခုပင် ဖြစ်ပေါ်လာသည်။

နာရီ၀က်ခန့်ကြာသောအခါ ခြင်္သေ့ဖြူလေးသည် တွင်းထဲမှ ပြန်ထွက်လာပြီး သန့်စင်သော ရေခဲကျောက်တစ်ခုကို ပါးစပ်က ကိုက်လာသည်။

“တွေ့ပြီ တွေ့ပြီ” ခြင်္သေ့ဖြူလေးသည် လမ်းတစ်လျှောက် ပစ္စည်း အမြောက်အများ ရှာတွေ့သော်လည်း လုံလောက်သေးခြင်း မရှိပဲ နတ်ဘုရားအဆင့်ကိုသာ သူတို့အစွမ်းများ မပြယ်ခင် ကူညီပေးနိုင်မည် ဖြစ်သည်။

ခြင်္သေ့ဖြူလေးသည် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သူသည် မျက်နှာကို လက်သေးသေးလေးများဖြင့် အုပ်ကိုင်ထားသည်။

“စိတ်မပူပါနဲ့.. အာတိတ်ဒေသက အကြီးကြီးဆိုတော့ မင်းလိုချင်တာ ရှာတွေ့နိုင်မှာပါ.. ဆက်ပြီး ရှာကြည့်ရအောင်” ကောင်းဖန်က အားပေးလိုက်သည်။

အဆုံးမရှိနိုင်အောင် ကျယ်ပြန့်သော ရေခဲပြင်ကြီးသည် မှောင်ရီပျိုးစ အချိန်ရောက်သောအခါ ထူးခြားသည့် အမြင်သစ်ကို ပေးစွမ်းသည်။ မိုးကုတ်စက်ဝိုင်းမှ မှောင်မိုက်သော အရိပ်များကြောင့် ကောင်းကင်တွက် မှောင်ရိပ်သမ်းလာပြီး ရေခဲပြင်မှ အလင်းပြန်သောအခါ လှပသည့် ရှုခင်းကို ပေးစွမ်းနေသည်။ ပြာလွင်လွင် ဆည်းဆာရိပ်ကလည်း ပန်းချီကားတစ်ချပ်လို စကြာ၀ဠာကြီးကို ပုံဖော်ထားသလိုပင်။ ထိုအချိန်တွင် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။

ကောင်းဖန်အနားသို့ ကပ်သွားသောအခါ ရေခဲများဖြင့် ပြုလုပ်ထားသော ခမ်းနားသည့် ရဲတိုက်ကြီးကို တွေ့လိုက်ရသည်။ ခြင်္သေ့ဖြူလေးကို ပထမဆုံး စတွေ့ခဲ့ရသည့် ရေခဲရဲတိုက်လေးနှင့် မတူစွာပင် ရှုမငြီးနိုင်အောင် လှပသော ရဲတိုက်ကြီး ဖြစ်သည်။

ရဲတိုက်ပတ်ပတ်လည်တွင် ငွေရောင်သစ်ပင်များ ရှိနေသည်။ ထိုငွေရောင်အပင်များတွင် ရွှေရောင် အပွင့်များ ပွင့်နေသည်။ ရဲတိုက်ကြီး၏ ၀င်ပေါက်ကိုတော့ ပိတ်ထားပြီး အထဲတွင် တစ်ခုခုကို ဖုံးကွယ်ထားသလို ဖြစ်နေသည်။

“ငါတို့လူသားတွေ ဆောက်နိုင်တဲ့ ရဲတိုက်မျိုးတော့ မဟုတ်ဘူးကွ” ကောင်းဖန်က အသံကို နှိမ့်၍ ပြောလိုက်သည်။

“နေရာကြီးက အကြီးကြီးပဲ.. ပြီးတော့ ရေခဲတွေနဲ့ ချည်းပဲ လုပ်ထားတာ.. ပုံမှန်သားရဲ တစ်ကောင်ကလည်း ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး”

“လူတွေဆိုရင်လည်း အခုခေတ်ပေါ် ပစ္စည်းတွေနဲ့တောင် ဒီလိုပုံစံရဲတိုက်မျိုးတော့ ထွက်အောင် လုပ်လို့ရမှာ မဟုတ်ဘူး.. “ ကောင်းဖန်သည် ထိုရေခဲများမှာ အလွန် ခိုင်ခံ့ အေးခဲနေမည်ကို ခံစား‌မိနေသည်။

ထိုအချိန်တွင် ဂိတ်တံခါးကြီးသည် တစ်ယောက်ယောက်က ဖွင့်လိုက်သလို ပွင့်သွားသည်။ ကောင်းဖန်သည် သတိအနေအထားဖြင့် ကြည့်လိုက်သည်။

လူသူမနေသော ရေခဲပြင်ကြီးထဲတွင် ဒီလို ရေခဲနန်းတော်ကြီး ရှိနေသည်ကပင် ထူးဆန်းလှပြီ ဖြစ်ပြီး အထဲတွင် တစ်ခုခု ရှိနေမည် ဆိုတာလည်း သေချာသည်။

ခြေသံတစ်ခုသညါ ရဲတိုက်အတွင်းမှ ပဲ့တင်ထပ်လာသည်။

နောက်ဆုံးတွင် ခြေသံသည် ဂိတ်တံခါးနှင့် ၂ လှမ်းလောက် အကွာတွင် ရပ်သွားသည်။

နေရောင်အောက်တွင် ကောင်းဖန်သည် ငွေဖြူရောင် သဏ္ဍာန်တစ်ခုကို နေကို ကျောပေးလျက်သား အနေအထားဖြင့် သူတို့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။

ထိုအရာနောက်တွင် အပြာရောင် ၀တ်ရုံသည် လေနှင့်အတူ လွင့်ပါနေသည်။ သူ၏ ငွေရောင်လှံသည် အလွန်ထက်လှပြီး ချွန်ထက်သော ဓားသွားသည် ရေပြင်တစ်ခုလို ချောမွတ်နေသည်။

[သားရဲအမည်] - ရေခဲသားရဲ သူရဲကောင်း (ပိတ်လှောင်ခံထားရ]

[သားရဲအဆင့်] - အဆင့် ၅၁ (ဘုရင်အဆင့်)

[သားရဲစွမ်းရည်] - ထူးခြားကောင်းမွန်

[သားရဲအမျိုးအစား] - ရေခဲ

[သားရဲစွမ်းအင်] - မိုးသောက်ဓားသွား အဆင့် ၅၊ မာကျောသံချပ်ကာ အဆင့် ၄၊ ရေခဲစွမ်းရည် အဆင့် ၄

[သားရဲဝိသေသ လက္ခဏာ] - ရေခဲဓားသွား (စွမ်းအားကြီးသော ရေခဲအားသည် လက်နက်နှင့် ချိတ်ဆက်ထားပြီး ကြီးမားသော အဖျက်စွမ်းအင် ရှိသည်။

သက်ရောက်မှု ၁ - တိုက်ခိုက်မှု၊ အဖျက်စွမ်းအင်များကို ပိုမိုတိုးမြှင့်နိုင်

သက်ရောက်မှု ၂ - ရေခဲဓားသွားနှင့် ထိမိသူ ဘယ်သူမဆို ရေခဲပျက်စီးခြင်း သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။ အချိန်ကြာလာလေ ပိုပြီး ပျက်စီးလာမည် ဖြစ်သည်။

ရေခဲပိတ်လှောင် နှလုံးသား (ငြိမ်သက်သော နှလုံးသားသည် ကြောက်ရွံ့ခြင်း မရှိ တည်ငြိမ်သည်)

သက်ရောက်မှု ၁ - စိတ်ထိန်းချုပ်မှုကို ပယ်ဖျက်နိုင်၊ ကြောက်စိတ်ဖြစ်အောင် လုပ်၍ မရနိုင်

သက်ရောက်မှု ၂ - စိတ်ဝိဉာဉ် ထိခိုက်မှုကြောင့် အားနည်းမှု မရှိနိုင်

[သားရဲ ဖော်ပြချက်] - ရေခဲသားကဲ သူရဲကောင်းသည် ပိတ်လှောင်ခံထားရသော တိုက်ရည်ခိုက်ရည် ကောင်းသည့် သားရဲ ဖြစ်သည်။ ရဲရင့်သည်။ အကြောက်အလန့် မရှိပဲ သစ္စာရှိသည်။

“ထွက်သွားပါ လူသားတို့” ရေခဲသားရဲ သူရဲကောင်း၏ ခေါင်းတွင် ထူထဲသော ရေခဲ ခေါင်းဆောင်းကြီး ရှိနေပြီး အပြာရောင် အလင်းတန်းလေးတစ်ခုက‌သာ အထဲမှ သူတို့ကို ကြည့်နေသည်ကို မြင်ရသည်။

***

All Chapters