အခန်း (၃၃၃-၃၃၆)
Vol. 21 Ch. 333-336
အခန်း ၃၃၃ ကုန်းပုစွန်
“မစ္စတာလျူ.. ရာထူးတိုးတာကို ဂုဏ်ပြုပါတယ်” ငွေရောင်အနားကွတ်များပါသည့် မျက်မှန်ကို ၀တ်ဆင်ထားသော လူငယ်တစ်ယောက်က လှမ်းပြောလိုက်သည်။
ကျန့်ထျဲဟွမ်နှင့် လျူချန်းဟောင်တို့သည် ပြိုင်တူရပ်လိုက်ကြကာ သူတို့အနောက်ဖက်မှ လူငယ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
လျူချန်းဟောင်က ပြုံးရင်းပြောလိုက်သည်။ “မစ္စတာဟန်.. ဒီဆုံးဖြတ်ချက်က ဥက္ကဌလေးကောင်းက ချမှတ်ခဲ့တာပါ.. ကျုပ်တို့ ဘာမှ လုပ်ခဲ့တာ မရှိပါဘူး”
ဟန်ရှင်းက ခေါင်းကိုရမ်းလိုက်သည်။ “မဟုတ်ပါဘူး အထင်မလွဲပါနဲ့ .. ကျွန်တော်ကလည်း ဥက္ကဌကောင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ လာတာ မဟုတ်ပါဘူး.. ကျွန်တော့်ရဲ့ အစ်ကိုကလည်း ဒီလို အပြစ်ပေးခံသင့်တယ်လို့ပဲ တွေးတာပါ”
လျူချန်းဟောင်သည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ “ဟုတ်ပါပြီ.. ဒါဆို ဘာများ ကူညီပေးရမလဲ”
“ကျွန်တော်နဲ့ ညစာအတူလိုက်စားနိုင်မလားလို့ပါ.. ကျွန်တော် ဘိုကင်တင်ထားပြီးပါပြီ”
ကျန့်ထျဲဟောင်က ခေါင်းကိုရမ်းလိုက်သည်။ “နေပါစေတော့ .. ကျုပ်ချွေးမလေးက ဒီည အမဲသားကင် လုပ်ကျွေးမလို့တဲ့.. ဒီတစ်ခေါက် ထပ်ငြင်းရင် ကျုပ်နားညီးရတော့မှာဗျ”
“စိတ်မကောင်းပါဘူး.. ကျုပ်လည်း သူမပါရင် လိုက်ဖို့ အဆင်မပြေလို့ပါ” လျူချန်းဟောင်ကလည်း တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။
ဟန်ရှင်းက သက်ပြင်းချကာ လက်ပြလိုက်သည်။ “ရပါတယ်.. နောက်တစ်ခေါက်မှပေါ့”
…
တစ်ရက်ကုန်ဆုံးသွားသည်။ မြို့စွန်ဒေသများမှ ကိစ္စများလည်း ပြီးပြတ်သွားပြီ ဖြစ်သည်။
မဟာမိတ်အစိုးရအဖွဲ့ကတော့ ထိုဒေသကို အနီရောင်အဆင့်ဟု သတ်မှတ်ထားသည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ကောလဟာလများသည် များစွာ ထွက်ပေါ်နေကြသည်။ သို့သော် ထိုကောလဟာလများကိုတော့ တရား၀င် အတည်ပြုထားခြင်း မရှိပါပေ။
အနီးအနားမှ မြို့များကတော့ သတိထားနေကြသည်။
ကမ်းရိုးတန်းမြို့များကတော့ မကြာသေးခင်ကပင် သားရဲတိုက်ခိုက်မှုများ ကြုံတွေ့ထားကြရပြီး ဖန်ချန်းမြို့လည်း အပါအ၀င်ဖြစ်သည်။ ထိုမြို့သည် ယန့်ချန်းမြို့နှင့်လည်း သိပ်မဝေးပါချေ။
“သခင်လေး ယန့်ချန်းနဲ့ ပန့်ချန်းကနေ ကမ်းရိုးတန်းက ရေတွေကို စစ်ဆေးဖို့ အဖွဲ့တွေ လွှတ်ထားပါတယ်” ဟောင်မုက ကောင်းဖန်၏ ရုံးခန်းထဲကို ၀င်လာရင်း ပြောလိုက်သည်။ ကောင်းဖန်ကိုတော့ စာအုပ်ဖတ်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းဖန်က စာအုပ်ကို ပိတ်လိုက်သည်။ ထို့နောက် ထလိုက်ကာ ပြတင်းပေါက် အပြင်ဘက်ကို ငေးနေသည်။ မဲပြာရောင် ကောင်းကင်သည် မိုးကုတ်စက်ဝိုင်း တဆုံးတည်ရှိနေသည်။
“သားရဲတွေ ဘယ်ကလာတယ်ဆိုတာ သိပြီးပြီလား”
“နန်ဟယ်ရွာကပါတဲ့”
“နန်ဟယ်ရွာ..” ကောင်းဖန်က လိုက်ရွတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်တယ် အဲဒီရွာက ဒီကနေဆို သိပ်မဝေးဘူး.. ကျုပ်တို့ထဲက ၀န်ထမ်း ၂ ယောက်တောင် အဲဒီရွာကပဲ.. သူက ကမ်းရိုးတန်းရွာလေး.. သူတို့က ကိုယ်ပိုင်သားရဲတွေကို ခေါ်ပြီး ကမ်းရိုးတန်းဘက်ကို ကင်းလှည့်နေကြ.. ဒါပေမယ့်လည်း လုံခြုံတယ်လို့ ပြောလို့ မရနိုင်သေးဘူး”
ကောင်းဖန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် အဝေးကို ထပ်ငေးနေပြန်သည်။ “လျူချန်းဟောင်ကို ခေါ်ပေးပါ.. စက်ရုံတွေကိုတော့ ပုံမှန်အတိုင်း ပြန်လည်ပတ်မယ်.. ၀န်ထမ်းတွေကိုတော့ အချိန်ပိုကြေးပေးမယ်လို့ ပြောထားပေးပါ”
“နားလည်ပါပြီ” ဟောင်မုက ရုံးခန်းထဲမှ ထွက်သွားကာ တံခါးကို ပိတ်လိုက်သည်။
ခဏကြာသောအခါ လျူချန်းဟောင်က အခန်းထဲ၀င်လာသည်။ ကောင်းဖန်က လှည့်ကြည့်ပြီး ပြောလိုက်သည်။ “စုံစမ်းရေးဌာနကို ခေါ်ပြီး အနီးအနား ပတ်၀န်းကျင်ကို ကင်းလှည့်ပေးပါ.. သားရဲတိုက်ခိုက်ထားတဲ့ နေရာတွေ ရှိနေခဲ့ရင် ကျွန်တော့်ကို အသိပေးပေးပါ”
“စိတ်မပူပါနဲ့.. သေချာတာ၀န်ယူလိုက်ပါမယ်” လျူချန်းဟောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် “ကျုပ်မမေ့သွားခင် ပြောစရာရှိလို့ပါ.. အရောင်းဌာနက ဟန်ရှင်းက သူစုံစမ်းရေးဌာနကို ပြောင်းလို့ရမလားလို့ သိချင်လို့ပါတဲ့”
ဟန်ရှင်း.. ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနာမည်ကို ရင်းနှီးသလို ရှိနေသည်ပင်။ သူသည် မကြာသေးခင်က ကုမ္ပဏီအချက်အလက်များကို ကြည့်ထားသောကြောင့် ဖြစ်မည်ထင်သည်။
သူထင်တာသေချာသည်ဆိုပါက ဟန်ရှင်းသည် ပြီးခဲ့သည့်ရက်က အပြစ်ပေးခံခဲ့ရသော လုံခြုံရေးအရာရှိ ဟန်ဖု၏ ညီဖြစ်သည်။ သူသည် ဟန်ဖု၏ ကိုယ်ရေးအချက်အလက်ကို သေချာဖတ်ထားလိုက်မိခဲ့သည်။ သို့သော် ကောင်းဖန်သည် ကျိုးကြောင်း ဆင်ခြင် တတ်သူ ဖြစ်သည်။ သူသည် ဟန်ရှင်းက ညီတစ်ယောက် အနေဖြင့် သူ့အစ်ကို၏ အမှားအတွက် တာ၀န်ယူစရာမလိုကြောင်း တွေးလိုက်သည်။
ခဏစဉ်းစားပြီးနောက် ကောင်းဖန်က ပြောလိုက်သည်။ “သူ့ကိုယ်ပိုင်သားရဲတွေက ဘယ်အဆင့်လဲ”
“ကွန်မန်ဒါအဆင့်ပါဆရာ”
“သူ့ကို စုံစမ်းရေးဌာနမှာ လက်ရွေးဆင် အဖွဲ့၀င်အဖြစ် သွင်းပေးလိုက်ပါ.. သူ့လုပ်ဆောင်ရည်ကို ကြည့်ကြတာပေါ့”
ထို့နောက် ကောင်းဖန်သည် ရုံးခန်းထဲမှ ထွက်လိုက်ပြီး ဖလိန်မီနှင့် တာ့ဇီကို ခေါ်လိုက်သည်။ သူသည် ဒန်ဘီနှင့် ဂိုဒီကိုတော့ တောင်ပိုင်းကောင်းကင် တွင်သာ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ ယခုဆိုလျှင် ဖလိန်မီနှင့် တာ့ဇီတို့သည် သားရဲအမြောက်အများကို ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့သော် ကောင်းဖန်အတွက်တော့ သက်သောင့်သက်သာ လိုက်စီး ပျံသန်းဖို့ အဆင်ပြေသူမှာ ဖလိန်မီတစ်ကောင်တည်းသာ ရှိသည်။ တာ့ဇီ၏ တောင်ပံများသည် လေထဲတွင် ပျံသန်းပါက အသံပေါင်းစုံ ထွက်နေတတ်သည်။ တောင်ပံပေါက်နေသော ကင်းခြေများကြီးကို လိုက်စီးရခြင်းသည် လေထဲတွင် အသံဆူသော မော်တော်ဆိုင်ကယ်ကို စီးရသည်နှင့် တူနေသည်။
ကောင်းဖန်သည် ဖလိန်မီကို စီးကာ တောင်ဘက်ကို ပျံသန်းလိုက်သည်။ မြို့ပြင်လမ်းများသည် သူ၏အောက်ဘက်တွင်တော့ မြို့ပြင်လမ်းများသည် တရိပ်ရိပ်ပြေးနေသည်။ သူသည် လမ်းတစ်ဖက်တစ်ချက်တွင် ဓာတ်တိုင်များ လမ်းမီးတိုင်များ လဲနေသည်ကို ငုံ့ကြည့်လိုက်သည်။
ငါးမိနစ်ခန့်ကြာသောအခါ သူတို့သည် အဝေးတစ်နေရာတွင် အဆောက်အအုံအချို့ကို ခပ်ရေးရေး တွေ့လိုက်ရသည်။
ထိုအဆောက်အအုံများသည် အနည်းငယ် သေးသည်ဟုတော့ ထင်ရသည်။ ထိုအဆောက်အအုံများသည် တောင်၏ အနောက်ဘက်တွင် ကြဲပြန့်ပြီး တည်ရှိနေကြသည်။ အဓိကလမ်းမကြီး တစ်ခုကတော့ ရွာကို ဖြတ်ပြီး ရှိနေသည်။ သို့သော် ရွာတွင် လူသူရှိပုံမရပါချေ။
ကောင်းဖန်သည် ဖလန်၏ ကျောကိုပွတ်ပေးလိုက်သည်။ ထိုအခါ ဖလိန်မီသည် ဖြည်းညင်းစွာ အောက်စိုက်ဆင်းလိုက်သည်။
တာ့ဇီက မြေပြင်ပေါ်သို့ အရင်ရောက်သည်။ သူသည် မြေကြီးနှင့် ခြေထောက်နှင့်ထိလိုက်သည်နှင့် ရွာလမ်းကြားများဆီ ပြေးသွားလိုက်သည်။
“တာ့ဇီ” ကောင်းဖန်က သွေးစာချုပ်မှ တဆင့် အော်လိုက်သည်။
တာ့ဇီက တစ်ချက်ရပ်သွားသည်။ သို့သော် နံရံကို တောက်တဲ့တစ်ကောင်လို တွယ်တက်နေပြန်သည်။
သူ၏ ခရမ်းနက်ရောင် ကိုယ်လုံးကြီးနှင့် ရွှေရောင်အတောင်ပံသည် မှုန်မှိုင်းဖုန်တက်နေသော နံရံကြီးတွင် ထင်းနေသည်။ သူသည် ဖုန်များကို အနည်းငယ် ခါလိုက်သည်။ သူသည် ပေ ၂၀ ခန့် ရှိသောကြောင့် နံရံ၏ တစ်၀က်ကိုပင် ကျော်နေသည်။
ရွာထဲတွင် လူတစ်ယောက်မျှ မရှိချေ။ လတ်ဆတ်သော သွေးများသည် မြေပြင်တွင် ပေကျံနေသည်။
ကောင်းဖန်သည် အခြေအနေကို လေထဲမှနေ၍တော့ အသေးစိတ် သိနိုင်မည် မဟုတ်ပေ။ သို့သော် သူတို့ ဆင်းသက်လိုက်သည်နှင့် အဆောက်အအုံ အများစုသည် ပျက်စီးနေသည်ကို တွေ့လိုက်ရသည်။ နံရံများသည် လဲပြိုနေပြီး အထဲမှ ပျက်စီးနေသော ပရိဘောဂများကို အတိုင်းသား မြင်နေရသည်။
ထိုရွာသည် သားရဲများ၏ ဒဏ်ကို အလူးအလဲ ခံထားရတာ သိသာလှသည်။
အရင်ကအဖြစ်အပျက်ကိုပင် ပြန်သတိရသွားသည်။ ကောင်းဖန်သည် ထိုကဲ့သို့ အခြေအနေကို လွန်ခဲ့သည့် လေးနှစ်က ကြုံခဲ့ရဖူးသည်။ သူသည် လိုက်ကာနောက်တွင် ပုန်းကာ လူများနှင့် အသွင်ပြောင်းသားရဲများ လမ်းမပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်ကို ချောင်းကြည့်ခဲ့ရသည်ကို သတိရနေမိသည်။
လူများသည် ကိုယ့်ထက်အစွမ်းအာဏာကြီးသူများနှင့် တွေ့ရပါက အားနည်းသော သွင်ပြင်ကို ခံစားခဲ့ရသည်ကို အမှတ်ရလေ့ရှိကြသည်ပင်။
ရုတ်တရတ် ကောင်းဖန်၏ နားထဲတွင် အဝေးတစ်နေရာမှ အရာတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံကို ကြားလိုက်ရသည်။ ထိုအသံသည် တိတ်ဆိတ်နေသော ရွာတွင် အလွန်ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
တာ့ဇီသည် ထိုအသံထွက်လာရာကို ချက်ချင်းပြေးထွက်သွားသည်။ သူ၏ တောင်ပံများသည် လေထဲတွင် ခရမ်းရောင် တောက်ပနေသည်။
ကောင်းဖန်သည် ထွင်းဖောက်မြင်နေရသော အရာတစ်ခုကို ပြိုကျနေသော အဝေးက အဆောက်အအုံတစ်ခုပေါ်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။
ခရမ်းရောင်သဏ္ဍာန်ကြီးသည် အဆောက်အအုံတစ်ခု၏ နံရံပေါ်မှ ပြုတ်ကျလာသည်။ အုတ်အကျိုးအပဲ့များသည် တာ့ဇီ၏ ခေါင်းပေါ်သို့ ပြုတ်ကျလာသည်။ ထိုအခါ အုတ်ပုံများကြားမှ ပုစွန်နှင့်တူသော အကောင်တစ်ကောင် လိုက်ပြုတ်ကျလာသည်။
တာ့ဇီသည် ပုစွန်ကို ကောင်းဖန်ဆီသို့ ယူလာသည်။ ထိုပုဇွန်သည် ၂ ပေနီးပါးလောက်သာ ရှိသည်။ သို့သော် သာမာန်ပုဇွန်တစ်ကောင်အတွက်တော့ အနည်းငယ်ကြီးမားသည်ဟု ဆိုရလောက်သည်။
ထိုပုစွန်သည် ခြေကားယား လက်ကားယားဖြင့် တာ့ဆီကို ထိုးဆိတ်နေသည်။
[သားရဲအမည်] - ကုန်းပုစွန် (ခြေများသော အမျိုးအစား)
[သားရဲအဆင့်] - အဆင့် ၈
[သားရဲစွမ်းရည်] - အလွန်ကောင်း
[သားရဲအမျိုးအစား] - လေ
[သားရဲအခြေအနေ] - ကျန်းမာမှုရှိ (အပြင်ပိုင်းတွင် ဒေါသကြီးသော်လည်း အတွင်းစိတ်က ရှက်တတ်သူဖြစ်)
ကောင်းဖန်က ကြည့်နေသည်ကို တွေ့လိုက်သောအခါ ပုစွန်ဆီကောင်းဖန်ကို ထိုးဆိတ်မည့်ဟန် လုပ်နေပြန်သည်။
ထိုပုစွန်၏ ပုံစံသည် ထူးခြားမှုမရှိပဲ သာမာန်ပျင်းစရာကောင်းသော ပုံသာဖြစ်သည်။
ဖလိန်မီက သန်းဝေလိုက်သည်။ ထိုအရာသည် သူ့ကို ဗိုက်ပြည့်စေမည် မဟုတ်ပေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၃၄ ဆည်းဆာပင်လယ်ငါးလိပ်ကျောက်
ကွန်မန်ဒါအဆင့်သားရဲအများစုက ဆယ်ကျော်သက်လူသားတစ်ယောက်၏ အသိဉာဏ်လောက်ရှိကြသည်။ နတ်ဘုရားအဆင့်သားရဲများကမူ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသားလူတစ်ယောက်၏ အသိဥာဏ်မျိုး ရှိကြသည်။
“သွားကြစို့” ကောင်းဖန်က တာ့ဇီကိုပြောလိုက်သည်။ တာ့ဇီက အံကြိတ်ထားသည်ကို လျှော့လိုက်သည်။ ခဏလောက်တော့ ကုန်းပုဇွန်က ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင်ဖြစ်နေသည်။ သူက မြေပေါ်လဲနေပြီး သူ့ရှေ့က သားရဲများကို စိုးရိမ်စွာကြည့်နေသည်။ ခဏကြာပြီးတော့ သူ့ရဲ့ဦးမျှင်များ လှုပ်ရှားသွားပြီး အနက်ရောင်တောက်နေသော မျက်လုံးများက လည်သွားသည်။ ပုဇွန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းနိုင်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။ ဆန့်နေရင်း သူ့မျက်လုံးများက ကောင်းဖန်နဲ့ တခြားသူများ သူဘာလုပ်နေတယ်ဆိုတာ သတိထားမိရဲ့လားဆိုပြီး သူတို့ကို စူးစိုက်စွာကြည့်နေသည်။
သူဘာလုပ်လိုက်လဲဆိုတာ သားရဲသုံးကောင်သတိမထားလိုက်မိတာကို သိသွားတော့ ပုဇွန်ရင်ခုန်သွားသည်။ သူရှေ့သို့ ခြေ ၂လှမ်းထပ်ပြီး သတိကြီးကြီးနှင့် လှမ်းလိုက်သည်။ ဖလိန်မီက ရုတ်တရတ် သူ့ကိုလှမ်းကြည့်လိုက်သည်။ သူ လန့်သွားပြီး လှဲချကာ သေချင်ယောင်ဆောင်နေလိုက်သည်။
ဖလိန်မီ့ မျက်နှာပေါ်တွင် ပျင်းရိဟန်အကြည့်တချက်သာ ရှိနေသည်။ ကောင်းဖန်သာ အမိန့်မပေးထားရင် ဒီလို ပုဇွန်လေးကို သူက လှမ်းတောင်ကြည့်မည်မဟုတ်။ လက်ရွေးစင်အဆင့်အသားကသာ သူ့လို ကြိုးကြာအတွက် သင့်တော်သည်။ ဖလိန်မီက ကောင်းဖန်ကို ကျောပေါ်တင်ပြီး ကောင်းကင်ပေါ်ပျံတတ်သွားသည်။ တဖက်တွင်လည်း ပျက်စီးနေသောရွာ၏ တဖက်ခြမ်းတွင် တာ့ဇီက တောအုပ်အမှောင်ထုထဲ တိုးဝင်သွားသည်။
ပုဇွန်က ခုထိ ဘာတွေဖြစ်သွားမှန်းကို မသိသေးချေ။ သူက ဘာလို့ ကင်းခြေများကြီးရဲ့ ဓားစာခံအနေနဲ့ ရုတ်တရတ်ဖမ်းခံရတာလဲ။ သူ့ကိုဘာလို ဒီတိုင်း မစားပစ်လိုက်ကြတာလဲ၊ ဦးနှောက်ကို ၁၀၀ နာနိုစက္ကန့်လောက် အလုပ်ပေးလိုက်ပြီးနောက် ပုဇွန်လက်လျှော့လိုက်ပြီး ပင်လယ်ထဲသို့သာ နောက်ဆုတ်ဆင်းသွားလိုက်တော့သည်။
လေထဲတွင် ဖလိန်မီရဲ့မျက်လုံးများက ပုဇွန်ပေါ်တွင်သာကျရောက်နေပြီး သူ့အနီးတဝိုက်တွင် ပတ်ပျံနေသည်။ ပုဇွန်က ကောင်းကင်ပေါ်က အမည်းစက်လေးအဖြစ်ရှိနေသော ဖလိန်မီနဲ့ ကောင်းဖန်ကို လုံးဝသတိမပြုမိပေ။ ပုဇွန်က ပင်လယ်ဆီ ခပ်မြန်မြန်ပြေးသွားနေသည်။ တောင်ကုန်းပေါ်သို့တွယ်တတ်ပြီး တောင်နောက်က ရေထဲသို့ ခုန်ဆင်းသွားသည်။ ဖလိန်မီက လှိုင်းလုံးတွေအောက်က မြင်နေရသေးတဲ့ သူ့နောက်ကိုလိုက်ရင်း ကောင်းကင်ပေါ် ဆက်ပျံနေခဲ့သည်။
ပုဇွန်က ပင်လယ်ကြမ်းပြင်ကိုဖြတ်ပြီး ၁၈မိုင်လောက် တွားသွားပြီးသည့်နောက် ကုန်းမြေနဲ့ အတော်ဝေးလာ ခဲ့သည်။ ဖလိန်မီ မျက်တောင်ခတ်လိုက်သည်။ သူ ရုတ်ရတ် ပုဇွန်ကို မတွေ့တော့ပေ။ ရုတ်တရတ် အဆုံးအစ မတွေ့အောင်ပျောက်သွားသည်။ မြေအောက်ရေစီးကြောင်းက လှိုင်းလုံးများအောက်တွင် ပြင်းထန်စွာ စီးဆင်းနေသည်။
ပုဇွန်က အလွန်ပြင်းထန်စွာ မြင့်မားလှသော ရေဖိအားအောက်တွင် တစ်စစီဖြစ်သွားသည်။ “ငတုံးကောင် ရန်သူ့ထောင်ချောက်ထဲ တည့်တည့်ကို ဝင်သွားတာပဲ” ကောင်းဖန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။ ပင်လယ်မျက်နှာပြင်က မှန်လိုငြိမ်သက်နေသည်။
“ပုဇွန်ပေါ်ချန်ထားခဲ့တဲ့ အနံ့ ပျောက်သွားပြီ ကောင်းဖန်” ဖလိန်မီက ဒုက္ခရောက်နေသည့်အသံဖြင့် ပြောသည်။ “ရပါတယ်… ကွန်မန်ဒါအဆင့်သားရဲက ပုဇွန်ကိုယ်ပေါ်က မင်းအနံ့ကို သတိထားမိပါလိမ့်မယ်… ဒီကိစ္စရဲ့နောက်ကွယ်က ဘယ်သူပဲဖြစ်နေနေ သိပ်မဝေးတော့ပါဘူး… သူတို့ ငါတို့အောက်မှာ ကောင်းကောင်း ပုန်းနေနိုင်တာပဲ” အောက်က ရေပြင်ကို ငုံ့ကြည့်ရင်း ကောင်းဖန်ပြောလိုက်သည်။
ဖလိန်မီက ပင်လယ်ကိုပိုမြင်ရအောင် အောက်သို့ဖြည်းဖြည်းစီနိမ့်ဆင်းလိုက်သည်။ ကောင်းဖန် ရုတ်တရတ် ပင်လယ်က သူတို့ဆီ ဖြည်းဖြည်းချင်း တက်လာနေသည်ဟု ခံစားလိုက်ရသည်။ သူက ဖလိန်မီ့ခေါင်းကို မြန်မြန်ပုတ်လိုက်ပြီး “ထပ်မနိမ့်နဲ့တော့ အပေါ်နည်းနည်းပြန်တတ်”
ဖလိန်မီက နာခံစွာခေါင်းညိမ့်လိုက်ပြီး အပေါ်သို့ ပျံတတ်လိုက်သည်။ ရုတ်တရတ်အောက်က ရေပြင်က ပေါက်ကွဲသွားသည်။ တည်ငြိမ်နေသော ပင်လယ်မျက်နှာပြင်ပေါ်သို့ ကြီးမားလှသော ပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး လေပေါ်သို့တက်လာသည်။ ပါးစပ်ထဲတွင် သွားများအပြည့်ဖြစ်နေသည်။
သားရဲကြီးက ပါးစပ်ဟလိုက်သောအခါ အဆုံးမရှိအောင် မှောင်မိုက်နေသော လည်ချောင်းကို မြင်လိုက်ရသည်။ သူက ၂ဖက်လုံးက အဖြူရောင်နဲ့အနက်ရောင်တောင်ပံတွေကို ဖြန့်ပြီး ပင်လယ်မျက်နှာပြင်ပေါ် ခုန်တတ်လာသည်။ လှိုင်းများထန်သွားသည်။ ဖလိန်မီ သူ့ကို လေထဲတွင် ရပ်သွားအောင်ဆွဲစုပ်ယူနေသည့် အားတစ်ခုကို ခံစားလိုက်ရသည်။ ပါးစပ်ကြီးက သူတို့နား တစ်ဖြည်းဖြည်းနီးလာသည်။ သူကြောက်လန့်တကြား တောင်ပံများကို ခတ်လိုက်သည်။ သူနဲ့ ကောင်းဖန်ဘေး လေထဲတွင် မီးတောက်များ ဝေ့ဝဲလာသည်။ ကောင်းဖန် အောက်က ပါးစပ်ကို ငုံ့ကြည့်လိုက်သည်။ မင်းဘာလို့ ဒီကောင်ကြီးကို မီးနဲ့တိုက်ခိုက်ဖို့ ကြိုးစားနေတာလဲ… ဒီလို အရေထူတဲ့သားရဲကို ခံစားရအောင်လုပ်ဖို့က မဖြစ်နိုင်ဘူး။
ကောင်းဖန် ရွံရှာဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သားရဲ၏ပါးစပ်မှ ပုတ်အဲ့နံစော်သော အနံ့ကိုရလိုက်သည်။ ရုတ်တရတ် လျှပ်စီးတချက်လက်လာသည်။
တာ့ဇီကို လျှပ်စီးကွင်းကဝိုင်းပတ်ထားသည်။ ကင်းခြေများက လျှပ်စီးအဖြစ်ပြောင်းလဲသွားပြီးနောက် တာ့ဇီက သူ့သခင်ကိုတိုက်ခိုက်နေသည့်သူရှိရာ ပင်လယ်မျက်နှာပြင်ဆီ အရှိန်ပြင်းပြင်းသွားလိုက်သည်။ တာ့ဇီ ကြီးမားသော ပင်လယ်သားရဲကြီးဖြင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။ ပင်လယ်သားရဲ နောက်သို့ယိုင်သွားပြီး တာ့ဇီရဲ့တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်က အကြေးခွံတချို့ကို ဆွဲနှုတ်လိုက်သလိုဖြစ်သွားသည်။ အောက်မှ အသားထူထူပေါ်လာသည်။
ပင်လယ်သားရဲက ကျယ်လာင်စွာ အော်ဟစ်လိုက်ပြီး သူ့ပါးစပ်ကြီးက ဖလိန်မီနဲ့ ကောင်းဖန်ဘေးကနေ ပွတ်ကာသီကာဖြတ်သွားသည်။ ပင်လယ်သားရဲ၏အတောင်ပံက သူ့ကို လေထဲတွင်ယာယီသာ ထိန်းထားနိုင် သည်ဖြစ်ပြီး ဖလိန်မီနဲ့ တာ့ဇီတို့လို တကယ်ပျံသန်းနိုင်သည် မဟုတ်။
“ကောင်းဖန်ကိုများ လာထိရဲတယ်ပေါ့… မင်းကို လျှပ်စစ်လျှော့တိုက်ပစ်မယ် ခွေးသား” တာ့ဇီက အော်လိုက်သည်။ ပင်လယ်သားရဲ၏ပေါ်နေသော အသားနေရာကို တိုက်ခိုက်လိုက်ပြီး လျှပ်စီးကြောင်းက ဒဏ်ရာကို ထွင်းဖောက်သွားသည်။ သားရဲ၏ဒဏ်ရာဘေးမှ အသားများက အနက်အဖြစ်သို့ပြောင်းသွားသည်။
ပင်လယ်သားရဲက ရေထဲသို့ တွန့်ဆုတ်စွာ ပြန်လှဲချလိုက်သည်။ သူ ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး ကောင်းဖန်ထင်သလို ရေပွက်ဖြစ်မသွားခဲ့ချေ။ တာ့ဇီက ဖလိန်မီဆီ ပျံသွားပြီး ပြောလိုက်သည် “‘ဒီကောင်တွေကများ ငါ့ကောင်းဖန်ကို စားချင်ကြသေးတယ်… ထပ်ဖမ်းမိကြည့် ငါတကယ် လုပ်ပစ်မှာ”
သေခြင်းနဲ့အနီးကပ်ကြုံလိုက်ရသော ကောင်းဖန်က တာ့ဇီကို ကြင်နာစွာကြည့်လိုက်ပြီး သူ့ခေါင်းကိုပွတ်ရင်း “ကျေးဇူးပါ” လို့ပြောလိုက်သည်။ တာ့ဇီက ခေါင်းကိုမော့ပြီး အောင်နိုင်သူပုံစံဖြင့် ရင်ကိုကော့လိုက်သည်။ ကောင်းဖန်က ဖလိန်မီဖက်ကို လှည့်လိုက်ပြီး “နောက်တစ်ခါ ဘယ်သွားနေလဲမကြည့်ပဲ အတောင်ပံပဲ စွတ်ခတ်မနေနဲ့… တချို့ သားရဲတွေက မပျံနိုင်ပေမယ့် မင်းကို လေထဲ ခုန်ဖမ်းနိုင်တယ်”
ဖလိန်မီက တောင်းပန်ဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။ ကောင်းဖန် တည်ငြိမ်နေသော ပင်လယ်ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် စိုးရိမ်သည့်ဟန် ပေါ်နေသည်။
[သားရဲအမည်] - ဆည်းဆာပင်လယ်ငါးလိပ်ကျောက်
[သားရဲအဆင့်] - အဆင့် ၄၆ (နတ်ဘုရားအဆင့်)
[သားရဲ စွမ်းရည်] - အလွန်ကောင်း
[သားရဲအမျိုးအစား] - ရေ
[သားရဲ စွမ်းအင်] - ရေအထူးကျွမ်းကျင် အဆင့် ၃၊ အရေခွံမာကျောမှု အဆင့် ၂၊ လျို့ဝှက်အရေခွံ အဆင့် ၁၊ အဆုတ်အားကောင်းမှု- အဆင့် ၁
[သားရဲ အခြေအနေ] - မပြင်းထန်သော ဒဏ်ရာရ (ဒေါသထွက်နေ)
[သားရဲဖော်ပြချက်] - အတောင်ပံဖြန့်ခြင်းက ပေ ၁၆၀ ထိရောက်နိုင်၊ အရွယ်အစားကြီးသော်လည်း ရေထဲတွင်ပေါ့ပါးစွာ သွားလာနိုင်၊ အိတ်ကပ်လို ပါးစပ်ဖြင့် သားကောင်များကို မျိူချနိုင်
ပင်လယ်ငါးလိပ်ကျောက်ကြီးပဲ။ ကောင်းဖန်အခုမှ သားရဲကောင်ကြီးက ဘာလို့ တွေ့ဖူးသလိုဖြစ်နေလဲဆိုတာ သိသွားသည်။ ကမ္ဘာမပျက်ခင်တုန်းကတောင် ပင်လယ်ငါးလိပ်ကျောက်များက အရွယ်အစားကြီးမားကြကြောင်း လူသိများသည်။ အရွယ်ရောက်ပြီးသားအကောင်က အနည်းဆုံး၂၆ ပေထိ ခုန်ပျံနိုင်သည်။ သူက တောင်ပံ ၂ဖက်ပါသော အဝိုင်းပြားကြီးလို ပုံစံရှိပြီး အနောက်တွင် အမြီးသွယ်သွယ်တစ်ချောင်းပါသည်။ ရှေ့တွင် အကြွေစေ့ထည့် ပိုက်ဆံအိတ်လို ကွဲနေသော ပါးစပ်ပါရှိသည်။
ပင်လယ်က တကယ်ကို ဆန်းကြယ်သောနေရာဖြစ်သည်။ ငါ ဒီမှာ နတ်ဘုရားအဆင့်သားရဲကို ဒီလောက် မြန်မြန်တွေ့ရတာကို အရမ်အံ့သြမနေသင့်ဘူးထင်တယ်ဟု ကောင်းဖန် တွေးလိုက်မိသည်။ ရှေ့တွင် အကြွေစေ့ထည့် ပိုက်ဆံအိတ်လို ကွဲနေသော ပါးစပ်ပါရှိသည်။
ပင်လယ်က တကယ်ကို ဆန်းကြယ်သောနေရာဖြစ်သည်။ ငါ ဒီမှာ နတ်ဘုရားအဆင့်သားရဲကို ဒီလောက် မြန်မြန်တွေ့ရတာကို အရမ်အံ့သြမနေသင့်ဘူးထင်တယ်ဟု ကောင်းဖန် တွေးလိုက်မိသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၃၅ လှိုင်းများအောက်မှ အသံ
“မဖြစ်ဘူး ငါးလေး.. မသွားပါနဲ့” ဆစ်လီက တရှုပ်ရှုပ်ငိုကြွေးရင် ပြောနေသည်။ မျက်ရည်စက်များသည် သူ၏ လက်များဆီသို့ ကျဆင်းနေသည်။
ကောင်းဖန်က သူ့မျက်နှာမှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ “ငိုမနေနဲ့တော့ ဂျယ်လီငါး အရူးကောင်လေး”
ဆစ်လီသည် အနည်းငယ် ဒေါပွသွားသည်။ သူသည် ဆစ်လီဟုနာမည် အပေးခံရသည်ကို ဘာမှမပြောသော်လည်း အရူးကောင်ဟုတော့ အခေါ်မခံနိုင်ပါချေ။
သူသည် လက်များကို မလိုက်ပြီး ကောင်းဖန်ကို ထ ရိုက်ဖို့ လုပ်လိုက်သည်။ သို့သော် ကြိုသိထားသော ကောင်းဖန်က ရှောင်လိုက်သဖြင့် ချော်ကျသွားသည်။ “နင့်ကို မုန်းတယ် ကောင်းဖန်”
“ဖလိန်မီ.. ရေမျက်နှာပြင်ကို မီးဘောလုံးပစ်ကြည့်”
ငါးလိပ်ကျောက်ကြီး၏ မေးရိုးများမှ အသည်းအသန် လွတ်ထွက်ထားသော ဖလိန်မီသည် ခုန်ပေါက်နေသော ရင်ကို ငြိမ်အောင်ပင် ကြိုးစားနေသည်။ သူသည် ပင်လယ်ပြင်ဆီ သူ၏ အမုန်းတရားများကို စုစည်းပြီး ကြီးမားသော မီးလုံးကြီးကို ပစ်လွှတ်လိုက်သည်။
ရေအပြည့်ဖြည့်ထားသော ပူဖောင်းထဲကို အပ်ဖြင့် ဖောက်လိုက်သလို ဖြစ်သွားသည်။
ထိုနေရာတွင် ကျယ်လောင်သော ပေါက်ကွဲမှုကြီး ဖြစ်သွားကာ လေထဲတွင်ပင် ရေများသည် ၁၃ ပေခန့် မြောက်တက်သွားသည်။ ဖြူဖွေးသော လက်စွပ်ပုံ ရေလှိုင်းများသည် အရပ်လေးမျက်နှာသို့ ဖွာကြဲသွားသည်။ မီးလုံးကြီးကျသွားသောနေရာတွင် သူ၏ နှစ်ဆခန့်ကြီးမားသော အပေါက်ကြီးသည် ရေမျက်နှာပြင်တွင် ဖြစ်ပေါ်သွားသည်။ အငွေ့များသည် ပိန်းပိတ်မှောင်သွားသည်။
ထိုအရာများသည် အင်အားကြီးမားလှသော်လည်း သမုဒ္ဒရာကြီးကတော့ အဆပေါင်းများစွာ ပိုကြီးမားသောကြောင့် အရာမထင်သလိုပင် ဖြစ်သွားသည်။
ကျန်ရှိသော သမုဒ္ဒရာရေပြင်တွင် လှိုင်းလေးများ ဟိုဟိုသည်သည် ထရုံလောက်သာ ဖြစ်သွားသည်။
ကောင်းဖန်သည် ရေအောက်ပြတိုက်တစ်ခုကို ရောက်နေပြီး ကြမ်းပြင်အောက်မှ ငါးကြီးက သူ့ကို ကြည့်နေသလိုပင် သူသည် ခံစားနေရသည်။
သို့သော် ဖလိန်မီ၏ မီးလုံးကြီးက ရေအောက်ကမ္ဘာထဲမှ အကောင်များကို လန့်ဖြပ်သွားစေပုံတော့ ပေါ်သည်။ တစ်ဖက်ခြမ်းသည် မှောင်မဲသွားပြီး ငါးများသည် အကောင်ရေများစွာ အုပ်စုလိုက် ထွက်ပြေးနေကြခြင်း ဖြစ်သည်။ သို့သော် သူတို့သည် တစ်ခုခုကို တွေ့လိုက်သလို ရုတ်တရတ် ရပ်တန့်သွားကာ အခြားတစ်ဖက်သို့ လှည့်ပြေးသွားကြသည်။ ကောင်းဖန်သည် ထိုငါးများ ထိတ်လန့်တကြား ထွက်ပြေးကူးခတ်နေကြသည်ကို မြင်နေရသည်။
[သားရဲအမည်] - ပန်းရောင်ကျည်ဆန်လင်းပိုင်
[သားရဲအဆင့်] - အဆင့် ၂၀
[သားရဲစွမ်းရည်] - သာမာန်
[သားရဲအမျိုးအစား] - အလင်း
[သားရဲစွမ်းအင်] - အားဖြည့် အဆင့် ၁
[သားရဲအခြေအနေ] - ကျန်းမာမှုရှိ (စိတ်လှုပ်ရှားနေ)
[သားရဲဖော်ပြချက်] - ပန်းရောင်ကျည်ဆန်လင်းပိုင်သည် ပုလင်းနှာခေါင်းလင်းပိုင်မျိုးနွယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူတို့သည် ရေထဲတွင် မြန်ဆန်စွာ ကူးရသည်ကို သဘောကျတတ်သည်။
ကောင်းဖန်သည် ရေအောက်မှ အရိပ်မည်းကြီးမှာ လင်းပိုင်အုပ်ဖြစ်ကြောင်း မြင်နေရသည်။
“ကောင်းဖန် ကောင်းဖန်.. အဲဒီပန်းရောင် ငါးလေးတွေက ချစ်စရာကောင်းလိုက်တာ” ဖလိန်မီက ပြောလိုက်သည်။
ဆစ်လီသည် ဖလိန်မီပြောလိုက်သော စကားကို ကြားသောအခါ ငိုမဲ့မဲ့ပင် ဖြစ်သွားသည်။ နင်က အိမ်ကို ငှက်သေကောင်တွေ ယူလာနေကျ လုပ်နေပြီးတော့ အခုကျတော့ ငါးကို အိမ်ခေါ်ချင်နေပြန်ပြီလား.. နင်က ငါအသီးဖျော်ရည်ကြိုက်မှန်းသိလို့ သက်သက်လုပ်နေတာ ငါသိတယ်..
“ချစ်စရာကောင်းတယ်..” ကောင်းဖန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
သူသည် ရေထဲမှ ကူးခတ်နေသော အရာများကို ဘာမှမပြောပဲ စိုက်ကြည့်နေသည်။ လူတော်တော်များများသည် သူတို့၏ ပုံစံကို စိတ်၀င်စား နှစ်သက်ကြနိုင်သော်လည်း ကောင်းဖန်ကတော့ ထိုအကောင်များသည် ကမ္ဘာအဆိုးဆုံး အနိုင်ကျင့်တတ်သူတွေ ဖြစ်ကြောင်း သိနေသည်။ ထိုအချက်သည် တစ်ကမ္ဘာလုံးမှ လင်းပိုင် သုတေသန ပညာရှင်တွေအတွက် အငြင်းပွားစရာ ဖြစ်ခဲ့သေးသည်။
ကောင်းဖန် ဖတ်ဖူးသည်ကတော့ လင်းပိုင်ထီးများသည် အဆ ၄၀ ထိ တိုက်ခိုက်နိုင်စွမ်း မြင့်မားသည်ဟု သိထားသည်။ (အဲဒါနဲ့ ပတ်သက်ပြီး စိတ်၀င်စားလို့ ပိုသိချင်ရင် လင်းပိုင်တွေက တခြားမျိုးစိတ်တွေကို တိုက်ခိုက်တဲ့ အကြောင်းတွေ အင်တာနက်မှာ ရှာကြည့်နိုင်ပါတယ်) ကောင်းဖန်သည် ထိုကဲ့သို့ ငဆိုးကောင်များကို လူများက ချစ်ခင်ကြသည်ကို နားမလည်နိုင် ဖြစ်နေသည်။ ထိုအကောင်များ၏ ချစ်စရာကောင်းသော သွင်ပြင်ကြောင့်တော့ အဓိက ဖြစ်ကြမည် ထင်၏။
လင်းပိုင်များသည် ကောင်းဖန်၏ အတွေးများကို ကြားသွားသည့်မလား ပန်းရောင်လင်းပိုင်တစ်ကောင်သည် ရေထဲမှ ခုန်ထွက်လိုက်ကာ ရေထဲသို့ ဗွမ်းခနဲ့ ပြန်ကျသွားသည်။
ကောင်းဖန်သည် သိပ်၍ စိတ်မလှုပ်ရှားသည့် အသံဖြင့် ရေရွတ်လိုက်သည်။
ကောင်းဖန်သည် အခြားသူများ၏ အမြင်ကိုလည်း ဂရုမစိုက်ပါချေ။ သူသည် သေချာဂရုမစိုက်မိပါက ထင်ရာစိုင်းနိုင်သည် ထိုကဲ့သို့ လင်းပိုင်များနှင့်လည်း သွေးစာချုပ် ချုပ်ချင်သည့် စိတ်ကူးမရှိပါချေ။
“ဒီလောက် ချစ်ဖို့ ကောင်းတာကို ငါစားတောင် စားရက်ပါ့မလားပဲ” ဖလိန်မီက မျက်လုံးများ အရောင်တောက်စွာ ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်..” ကောင်းဖန်က ရေရွတ်လိုက်သည်။
သူတို့အောက်က ရေပြင်သည် တည်ငြိမ်နေသလို ထင်ရသော်လည်း ကောင်းဖန်ကတော့ တစ်ခုခု အန္တရာယ် အငွေ့အသက်ကို ခံစားမိနေသည်။ သူသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေသည့် ကြီးမားသော မျက်လုံးကြီးကို အာရုံခံမိနေသည်။
ကောင်းဖန်သည် ရေပြင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ရုတ်တရတ် နက်ပြာရောင် ရေပြင်သည် လှုပ်ခတ်လာသည်။ ခဏတွင်းချင်းမှာပင် မိုင်တစ်ရာခန့် ကျယ်သော ဖြူဖျော့ဖျော့ အရာကြီး တစ်ခု ထွက်ပေါ်လာပြီး ကျွန်းကြီး တစ်ကျွန်း ပေါ်လာသလိုပင် ဖြစ်သွားသည်။
ကောင်းဖန်သည် အခြေအနေကို ရိပ်စားမိလိုက်သောကြောင့် “သွားတော့” ဟု အော်လိုက်သည်။ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သော ဖလိန်မီနှင့် တာ့ဇီတို့ကလည်း ပြန်လှည့်ပြေးလိုက်ကြသည်။
ကောင်းဖန်တို့ ထွက်သွားသောအခါ အောက်မှ အရာကြီးသည် ငြိမ်ကျသွားကာ သူတို့ပျံသန်း ထွက်ပြေးသွားရာမှ ကျန်ခဲ့သည့် အနီရောင်နှင့် ခရမ်းရောင် အလင်းတန်းများကို တိတ်တဆိတ် ကြည့်နေလိုက်သည်။
ကောင်းဖန်သည် ထိုအရာကြီးမှာ သူတို့ထွက်သွားသည်ကို စိတ်ပျက်သွားတာလား ဒေါသထွက်သွားတာလား ဝေခွဲမရဖြစ်နေလေသည်။
“သူထွက်သွားပြီ .. ဒါပေမယ့် သူက လူသားတွေကို ဒီနေရာကို ခေါ်လာဦးမှာ.. ဒီနေရာမှာ တစ်ခုခု ဖြစ်တော့မယ်” ထိုအသံကြီးက ပင်လယ်ပြင်တွင် လူအများကြီးက ရေရွတ်နေသလို ပဲ့တင်ထပ်နေသည်။
ကြီးမားသော ရေသားရဲကြီးများသည် ရေငုပ်သင်္ဘောကြီးများကဲ့သို့ တိတ်တဆိတ် ရွေ့လျားနေကြသည်။ ထိုရေလှိုင်းများအောက်သို့ တစ်ချက်ရောက်သွားလျှင်ပင် ထိူသူ၏ နှလုံးသားသည် ထုတ်ချင်းပေါက်သွားနိုင်သကဲ့သို့ ဖြစ်နေသည်။ ရေအောက်ကမ္ဘာသည် ကြောက်မက်ဖွယိ အတိပြီးသွားသည်။
အဝေးရောက်တော့မှ ကောင်းဖန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် အကြီးအကျယ် မျက်နှာ ပျက်ယွင်းနေသည်။ ကုန်းပေါ်တွင်ကား သားရဲနှင့် တိုက်ခိုက်နေရလျှင် ပုန်းစရာ နေရာမရှိပေ။ သူတိုက်ခိုက်ရသည့် သားရဲကို မြင်တွေ့နေရသည်။ သို့သော် ပင်လယ်ကတော့ မတူပေ။ ရေအောက်တွင် ပုန်းကွယ်နေသော အရာများကိုတော့ သူလုံး၀အချက်အလက် ကြည့်နိုင်မည်ပင် မဟုတ်ချေ။
သို့သော် ကောင်းဖန်သည် စိတ်ကို လျှော့လိုက်သည်။ ဒါလည်း လမ်းစလုံး၀ပျောက်နေတာတော့ မဟုတ်သေးပါဘူး.. အနည်းဆုံးတော့ ဒီနားတစ်ဝိုက်မှာ ဒီကောင်ကြီး ရှိနေတာ သိလိုက်ရတာပေါ့.. ကောင်းဖန်က တွေးလိုက်သည်။
တောင်ပိုင်းကောင်းကင် ဌာနချုပ်သို့ ပြန်ရောက်သောအခါ ကောင်းဖန် သူမြင်ခဲ့ ကြားခဲ့ရသည့် အရာများကို ယန့်ချန်းမြို့၏ စစ်တပ်ခရိုင်ကို ပြောပြလိုက်သည်။
စစ်တပ်ခရိုင်ထဲတွင် ကျန်းရွှမ့်ကျဲသည် သူ၏ ရုံးခန်းထဲတွင် ပျင်းရိစွာ ထိုင်နေသည်။ ဌာနထဲမှ အခြားသူများသည် စစ်ဆင်ရေး ထွက်သွားကြသည် ဖြစ်ပြီး သူတစ်ယောက်တည်းသာ ရုံးထိုင်နေရခြင်း ဖြစ်သည်။
“ပျင်းလိုက်တာကွာ” သူက ညည်းညူလိုက်သည်။ သူသည် စားပွဲပေါ်တွင် တက်အိပ်လိုက်ရာ မျက်နှာကြက်ရှိ လည်နေသော ပန်ကာကိုသာ စိုက်ကြည့်နေသည်။
သူ့အတွက် တစ်ခုတည်းသော လုပ်စရာမှာ လေ့ကျင့်ရေးကိုသာ ဆင်းပြီးရင်း ဆင်းနေရခြင်း ဖြစ်သည်။ သူလုပ်ခဲ့ရသော စစ်ဆင်ရေးများသည် ဝေးသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် သူ၏ ဖုန်းမြည်လာသည်။
ကျန်းရွှမ့်ကျဲသည် ဖုန်းကို ကောက်ကိုင်လိုက်သည်။ “ဘယ်သူလဲ.. အိုး.. ဪ.. ဆရာ--“ သူသည် ချက်ချင်းပင် ထရပ်လိုက်သည်။ “ဟုတ်ကဲ့ ကျွန်တော်အားပါတယ်.. တိုက်ပွဲ၀င်ဖို့ အမြဲတမ်း အဆင်သင့်ပါဆရာ”
စစ်တပ်သည် ကောင်းဖန်ထက်ပင် ပိုလျင်မြန်စွာ တုံ့ပြန်ကြသေးသည်။ ကောင်းဖန်သည် ထိုတုံ့ပြန်မှုကို အံ့ပင် မအံ့ဩတော့ပါချေ။ စစ်တပ်တွင်လည်း ဖိအားတော်တော် ပေးခံခဲ့ရသည် မဟုတ်ပါလား။
ကောင်းဖန်၏ တွေ့ရှိမှုကို သိလိုက်ရသည်နှင့် တစ်ပြိုင်နက် စစ်တပ်သည် စေလွှတ်လိုက်သော အဖွဲ့ထံ စုံစမ်းရေးမှူး ၂ ယောက်ကိုပါ ထည့်လိုက်သည်။ သူတို့သည် ကောင်းဖန်ညွှန်ပြသော နေရာမှာ ထူးဆန်းနေရုံသာမက အလွန်ကြီးမားသော ရေသားရဲကြီးများလည်း များစွာ ရှိနေကြောင်း သိလိုက်ရသည်။
တည်ငြိမ်သော သမုဒ္ဒရာမျက်နှာပြင်ကတော့ သူတို့ကို တိုက်ပွဲခေါ်နေပြီ ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၃၃၆ အားနည်းချက်
မက်မွန်ပင်လယ်အော်.. ထိုနေရာသည် ကောင်းဖန်နှင့် တွေ့ခဲ့သော ငါးလိပ်ကျောက်ကြီး၏ ပိုင်နက်ဖြစ်သည်။
ထိုနေရာတွင် လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ဆိပ်ခံတံတားဆောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်သည်။ သို့သော် အစီအစဉ် ပျက်သွားသောကြောင့် နဂိုအတိုင်း ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုနေရာမှ ရေသည် အတော်လေးနက်သည်ဟု ပြော၍ရသည်။ ထိုနေရာတွင် ရေမျက်နှာပြင်က ကုန်းမြေထက် ကျယ်ရုံသာမက သဘာ၀သယံဇာတများနှင့်လည်း ပြည့်နှက်နေသည်။
ထို့ကြောင့်လည်း ရေထဲမှ သားရဲများသည် ကုန်းပေါ်က သားရဲများထက် များပြားနေခြင်း ဖြစ်သည်။
တည်ငြိမ်သော ပင်လယ်ရေအောက်တွင် ထိုနားတစ်ဝိုက်ရှိ ရေသားရဲများသည် ရုတ်တရတ် ပေါင်းစည်းစုစည်း ခြင်းကို ခံလိုက်ရသည်။ ထူးဆန်းသည်မှာ သူတို့သည် အချင်းချင်း မတိုက်ခိုက်ကြပဲ သင့်မြတ်နေကြခြင်း ဖြစ်သည်။
ရေအောက်သားရဲများ၏ ပုံစံအရိပ်များကို ရေအောက် အာရုံခံစနစ်မှ တဆင့် ဖန်သားပြင်တွင် မြင်နေရသည်။ သူတို့၏ ပုံစံအစစ်အမှန်များကိုတော့ မတွေ့ရသော်လည်း သူတို့၏ အရွယ်အစား၊ ပုံစံ၊ ပြုမူနေထိုင်ပုံစသည်တို့ကိုတော့ အရိပ်များမှ တဆင့် မြင်နေရသည်။ သူတို့သည် ထိုစစ်ဆေးမှုမှ တဆင့် သားရဲအမျိုးအစားများနှင့် အရေအတွက်များကိုပါ ခန့်မှန်းတွက်ချက်နေကြသည်။
သူတို့သည် ထိုအချက်အလက်များမှ တဆင့် သားရဲစွမ်းရည်များနှင့် အဆင့်များကိုပါ အကြမ်းဖျင်းသဘော တွက်လိုက်ကြသည်။
ထိုအချက်အလက်များသည် အထောက်အကူတော့ ဖြစ်နိုင်သော်လည်း ထိုကဲ့သို့ အနည်းငယ်သော စုစည်းမှုလေးကို စစ်ဆေးကြည့်ရုံဖြင့်ပင် စစ်တပ်သည် ခေါင်းစားသွားတော့သည်။
“ဘာလို့ ဒီသားရဲတွေက တစ်နေရာတည်း အစုခံထားရတာတောင် မတိုက်ခိုက်ကြတာလဲ” နားမလည်နိုင် ဖြစ်နေသော သုတေသီတစ်ယောက်က သူ၏ မျက်မှန်ကို နားမလည်နိုင်စွာ ပင့်တင်လျက် ပြောလိုက်သည်။
“ဖြစ်နိုင်ချေကတော့ တစ်ခုပဲ ရှိတယ်.. သူတို့ထက် အများကြီး အဆင့်အများကြီးမြင့်တဲ့ သားရဲတစ်ကောင် ရှိနေပြီး အုပ်ချုပ်ထားလို့သာ ဒီလို ရန်မပြုကြတာ ဖြစ်နိုင်တယ်” ယန့်ချန်း စစ်တပ်၏ အကြီးအကဲတစ်ယောက် ဖြစ်သည့် ၀မ်ကျဲက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အခန်းထဲတွင် သက်ပြင်းချသံများ လွှမ်းမိုးသွားသည်။
ထိုနေရာတွင် နတ်ဘုရားအဆင့်သားရဲ နှစ်ကောင်သာ ရှိနေသည်။ ထိုသားရဲ နှစ်ကောင်ကပင် အချင်းချင်း ခိုက်ရန် ဖြစ်ပွားခြင်း မရှိပဲ အေးဆေးစွာ ကျော်ဖြတ်သွားကြသည် ဆိုလျှင်..
ထိုနှစ်ကောင်ထဲမှ တစ်ကောင်သည် ကောင်းဖန်ပြောခဲ့သော ငါးလိပ်ကျောက်ကြီး ဖြစ်သည်။ နောက်တစ်ကောင်ကတော့ သဲအရိပ်ကော်ဇော ငါးမန်း ဖြစ်ပြီး သူ၏ ကိုယ်သည် ပေ ၁၀၀ ခန့် ရှိသည်။ ထိုငါးမန်းသည် သူ၏ အရွယ်အစားနှင့်ဆိုလျှင် အခြားသော ထူးခြားအသွင်ပြောင်း ဖြစ်စဉ် မရှိပါက နတ်ဘုရားအဆင့်သားရဲ ဖြစ်ဖို့ အလားအလာ များနေသည်။
ရုတ်တရတ် သူတို့ရှိနေသော အခန်းငယ်လေးထဲသို့ လေတစ်ချက် တိုက်လိုက်သလို ခံစားလိုက်ရသည်။
ထိုင်နေသော သူများအားလုံးသည် ကျောရိုးထဲထိစိမ့်ကာ ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
ဖန်သားပြင်ပေါ်တွင် အရွယ်အစားမျိုးစုံနှင့် အစိမ်းရောင်အလင်းတန်းပုံစံ သဏ္ဍာန်များသည် နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။
ထိုအရာသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်း ဖြစ်ပြီး ဖန်သားပြင် တစ်ခုလုံးတွင် အစိမ်းရောင်များဖြင့် ပြည့်သွားသည်။ ထိုအရောင်သည် လှပလွန်းသောကြောင့် ကြည့်နေသူများသည် ရင်သပ်ရှုမော ဖြစ်နေကြသည်။
သူတို့ကြည့်နေသော ရေအောက်ကြည့်ကိရိယာသည် အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။ သက်ရှိတိုင်းတွင် သံလိုက်စက်ကွင်း ရှိသောကြောင့် သက်ရှိတစ်ခုခုနှင့် တွေ့တိုင်း အလင်းလှိုင်းကို ထုတ်လွှတ်ပေးနေပြီး သူတို့ဖက်မှ ဖန်သားပြင်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ဖန်သားပြင် တစ်ခုလုံး ပြည့်သွားလောက်သည်ထိ ဖြစ်နိုင်ဖို့ ဆိုသည်မှာ..
“ဒရုန်းတွေ ပိုလွှတ်လိုက်” ၀မ်ကျဲက တည်ငြိမ်စွာ ပြောလိုက်သည်။
ဒရုန်းများသည် ကောင်းကင်တွင် လျင်မြန်စွာ ပျံသန်းနေကြပြီး ရေမျက်နှာပြင်အထက် ကိုက် ၁၀၀၀ ခန့်အကွာတွင် ရပ်လိုက်ကြသည်။ နောက်ဆုံး၌ ဖန်သားပြင်တွင် အစိမ်းရောင် ပုံရိပ်များအစား ကြည်လက် ပြတ်သားသော မြင်ကွင်းများ ပေါ်လာပြီး မူမမှန်သော ကျွန်းတစ်ခုပုံပေါ်လာသည်။
ထိုအရာကြီး၏ အရွယ်အစားသည် အနီးစပ်ဆုံး စတုရန်းပေ မီလံယံလောက်ချီကာ ရှိနိုင်ပြီး ပုံစံမှာ ထူးခြားနေသည်။
သေချာသည်ကတော့ ထိုအရာကြီးသည် သက်ရှိဖြစ်ပြီး အမည်မဖော်နိုင်သော သက်ရှိသားရဲကြီး တစ်ကောင် ဖြစ်သည်။
ထိုအရာကြီး၏ ကြောက်မက်ဖွယ် ကြီးမားသော သဏ္ဍာန်ကြီးကြောင့် ထိုင်နေသူအပေါင်းသည် အာစေများပင် မိနေသလို ဖြစ်နေကြသည်။
…
“ဒါက စစ်တပ်သုံးဒရုန်းကနေ အပေါ်စီးက ရိုက်ထားတဲ့ ပုံပါဆို.. စားလို့ မရဘူး” ကောင်းဖန်က တာ့ဇီ၏ ခေါင်းကို ရိုက်လိုက်သည်။ “အဲဒါကြောင့် ပါးစပ်ကို ပိတ်ထားလိုက်တော့”
“မရဘူး.. စားချင်လို့ပါဆို.. ငါ့ကို မစားခိုင်းရင် နင်က တကယ့်ကောင်းဖန် အစစ်မဟုတ်တော့ဘူး” တာ့ဇီက ဂျီကျနေသည်။
“ဒီမှာလေ.. ဒါက ဓာတ်ပုံပါလို့ဆို.. မင်းကဘယ်လို စားမှာလဲ” ကောင်းဖန်သည် ခေါင်းများပင် ကိုက်တက်လာသည်။
“မဟုတ်ဘူး.. အဲဒါက ၂ ကိုက် ကိုက်ခံထားရတဲ့ လပေါင်မုန့်ကြီးပါဆို.. ဘယ်သူစားထားတာလဲ မသိဘူး” ခေါင်းမာသော တာ့ဇီသည် အစိမ်းရောင်ဓာတ်ပုံကို ထောက်ကာ ထောက်ကာ ပြောနေလိုက်သည်။
ဖလိန်မီကတော့ ဘေးတွင် ခြေဖျားထောက်ကာ ကခုန်နေသည်။ သူတို့ ၂ ကောင်သည် တစ်ခုခုကို ကြိုညှိထားကြပုံရသည်။
ကောင်းဖန်သည် ဆစ်လီ၏ ဇုန်ထဲတွင် ထည့်ထားသော ချိုချိုစပ်စပ် အသားတစ်ခု ထုတ်ပြီး ပစ်လိုက်သည်။ တာ့ဇီသည် ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီး ထိုအသားနောက်ကို လိုက်သွားသည်။ သူသည် လေထဲတွင် လျှပ်စီးကဲ့သို့ လျင်မြန်နေသည်။ ထို့နောက် သူသည် စိတ်ကျေနပ်စွာဖြင့် ထောင့်တစ်နေရာတွင် ထိုင်စားနေတော့သည်။ သူသည် သေချာမကြည့်ပါက ကော်ဂီ အမျိုးအစား ခွေးနှင့်ပင် မှားနိုင်သည်။ ခြေထောက် တိုတို လေးများကြောင့် ဖြစ်သည်။
ထို့နောက် ကောင်းဖန်သည် ဆစ်လီထံမှ ငါးဆားနယ်တစ်ကောင်ကို ထုတ်လိုက်ပြန်သည်။ ဖလိန်မီ၏ မျက်လုံးများသည် ချက်ချင်းတောက်ပသွားပြီး သူ၏ လည်ပင်းကြီး၏ ကောင်းဖန် ရွေ့သည့်နောက်သို့ လိုက်နေသည်။ သူသည် သွားရည်များပင် တရစပ် စီးကျနေသည်။
သို့သော် ကောင်းဖန်သည် ငါးကို သူ့ပါးစပ်ထဲထည့်လိုက်ကာ ဝါးပစ်လိုက်သည်။ ငါးသည် အနည်းငယ် ခြောက်နေသောကြောင့် မနည်းပင် မျိုချလိုက်ရသည်။
“စစ်တပ်က ငါတို့ကို အဲဒီသားရဲတွေ နှိမ်နင်းဖို့ အတူတူ ပူးပေါင်းမယ်ဆိုပြီး လာကမ်းလှမ်းတယ်.. မင်းတို့ ဘယ်လိုသဘောရလဲ” ကောင်းဖန်က သူ၏ သားရဲများကို မေးလိုက်သည်။
ထိုအမေးကို ပြန်ဖြေရန်အတွက် တာ့ဇီသည် ထောင့်တစ်နေရာတွင် အသားကို ထိုင်စားပြီး အလုပ်ရှုပ်နေသည်။
ဖလိန်မီကတော့ ကောင်းဖန်သူ့ကို လှည့်စားသည်ကို ဒေါသထွက်နေဆဲ ဖြစ်သည်။ ကောင်းဖန်က ငါ့ကို ဘာထင်နေတာလဲ.. တာ့ဇီလို အရူးကောင် ထင်နေတာလား..
ဂိုဒီကတော့ မျက်မှောင်ကြုတ်လိုက်သည်။ ရေပင် မကူးတတ်သောအကောင်အဖို့ သူသည် ဘာမှတ်ချက်မှ မပေးနိုင်ပါချေ။
ဒန်ဘီကတော့ စိတ်အားထက်သန်နေပုံဖြင့် တောင့်တောင့်ကြီး ရပ်နေသည်။ သူကတော့ သူ၏ သခင် စေလိုရာကို လုပ်မည့် သူသာ ဖြစ်သည်။
ဆစ်လီကတော့ ကောင်းဖန်၏ နားရွက်တစ်ဖက်ကို ကိုက်လိုက်သည်။ ကောင်းဖန်ငါ့ရဲ့ အချိုရည်ကို ထပ်သောက်ထားလို့ကတော့ ကောင်းကောင်းဆုံးမပစ်မယ်..
ကောင်းဖန်သည် ဆစ်လီကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်ကာ သူ၏ မျက်နှာကို ဖျစ်ညှစ်နေသည်။ “ငဆိုးကောင် ထမလုပ်နဲ့နော်”
ဆစ်လီသည် ကောင်းဖန်လက်ထဲတွင် ပေါင်မုန့်ပုံ၊ ဖက်ထုပ်ပုံ စသည်ဖြင့် အမျိုးမျိုး ဖြစ်နေသည်။
“အဲဒီတော့ တွေ့တဲ့အတိုင်းပဲ.. ကျွန်တော်က လက်မခံတာ မဟုတ်ပဲနဲ့ ကျွန်တော့်သားရဲတွေက မတိုက်ခိုက်ချင်ကြတာပါ.. သူတို့လည်း တိုက်ပွဲ၀င်ရတာတွေ များနေတော့ အနားယူချင်နေကြတယ် ထင်ပါတယ်” ကောင်းဖန်က ယူနီဖောင်း၀တ် ပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေသော စားပွဲဘက်သို့ လှည့်ကာ တောင်းပန်သလို ပြောလိုက်သည်။
အရာရှိများသည် တစ်ခုခု ပြောမည့်ဟန် ပြင်လိုက်သော်လည်း ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေကြသည်။
“တောင်ပိုင်းကောင်းကင် အုပ်စုက ကုမ္ပဏီလေး တစ်ခုသာ ဖြစ်ပြီးတော့ လုပ်နိုင်တာထက် ပိုကျော်လွန်တဲ့အရာတွေကို ဘယ်တော့မှ ကျူးကျော်ပြီး လုပ်လေ့ မရှိပါဘူး.. ကျွန်တော်ကိုယ်တိုင်ကလည်း ဥပဒေကို လိုက်နာပြီး အခွန်ကိုပါ ပုံမှန်ဆောင်တဲ့ နိုင်ငံသားတစ်ဦးပါ.. အဲဒါကြောင့် ပြည်သူကောင်းတစ်ယောက်ဟာ မဟာမိတ်ကောင်း တစ်ယောက် ဖြစ်လာချင်မှလည်း ဖြစ်လာနိုင်မှာပါ” ကောင်းဖန်က တည်ကြည်စွာ ပြောလိုက်သည်။ “ပြီးတော့ ကျွန်တော်က ကျွန်တော့်သားရဲတွေမရှိရင် သာမာန်ပျော့ညံ့တဲ့ ကောင်လေးတစ်ယောက်ပါပဲ”
ယူနီဖောင်း၀တ်အရာရှိများသည် သက်ပြင်းများ ချနေကြသည်။ ကောင်းဖန် လုပ်ကြံပြောနေသည်ကို သိသော်လည သူတို့သည် ဒီအချိန်တွင်တော့ လူကြီးဆန်ဆန် ဆက်ဆံရမည် ဖြစ်သည်။ “ကျင်းချောင်အခြေစိုက်စခန်းနဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတိုင်းဟာ စစ်တပ်ရဲ့ ဖြေရှင်းရမယ့် အရာတွေချည်းပါပဲ.. ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရင်ဆိုင်ရမယ့်အရာက သားရဲတွေ ဖြစ်နေပါတယ်.. ကျုပ်တို့ပေးထားတဲ့ အချက်အလက်တွေကိုလည်း ဖတ်ပြီးပြီလို့ ထင်ပါတယ်.. ပြောထားသလိုပဲ.. ရင်ဆိုင်ရမယ့် အရာက သာမာန်မဟုတ်ပါဘူး.. ဒီနေရာကစလို့ မက်မွန်ပင်လယ်အော်အထိက အန္တရာယ်အငွေ့အသက်တွေချည်းပါပဲ.. အဲဒါကြောင့် တရုတ်ပြည်ရဲ့ ရှိရှိသမျှ အတော်ဆုံး သားရဲလေ့ကျင့်သူတွေကိုလည်း စုစည်းနေပါတယ်.. ပြောရရင် တစ်ကမ္ဘာလုံးအထိတောင် ဒီခြိမ်းခြောက်မှုတွေက ဖြစ်နိုင်ပါတယ်.. မင်းက နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူတစ်ယောက်ပါ မစ္စတာကောင်း.. ဒီအခက်အခဲကို အတူဖြေရှင်းပြီး မင်းရဲ့ ကုမ္ပဏီအတွက်တော့ ယန့်ချန်းအတွက်ပါ လုံခြုံမှုကို ပေးစွမ်းနိုင်ဖို့ အကူအညီတောင်းပါတယ်”
***
စာစဉ် ၂၁ ပြီး၏။