← Chapters

အခန်း (၆၂၉-၆၃၂)

Vol. 40 Ch. 629-632

အခန်း (၆၂၉-၆၃၂)

Vol. 40 Ch. 629-632

အခန်း ၆၂၉ ၂ ဦး ၂ ဖက် အဆင်ပြေခြင်း

“မတိုးပါနဲ့ .. မတိုးပါနဲ့.. အားလုံးစားစရာ ရမှာပါ” တွန်းလှည်းသည် မျှော်လင့်ချက် မြို့တော်၏ လမ်း လေးများတွင် သွားလာနေရင်း ထောင့်တစ်ခုတွင် ရပ်လိုက်သည်။ အချိန်အတော်ကြာစောင့်နေခဲ့သော လူများသည် ကမူးရှူးထိုး ပြေးသွားကြသည်။

“တန်းစီပါ.. အားလုံးအတွက် လုံလောက်ပါတယ်.. မတိုးပါနဲ့.. ခိုးတဲ့သူတွေ့တာနဲ့ ဒီည ဘာမှမစားရဘူး မှတ်ပါ..” လုံခြုံရေး ယူနီဖောင်းနှင့် လူတစ်ယောက်က အော်ပြောနေသည်။

သူ့ဘေးတွင် ရပ်နေသူက သံချပ်ကာ သူရဲကောင်းတစ်ယောက်လို ၀တ်စားထားသည်။ သူ၏ အရှိန်အဝါကောင်းသော အသွင်အပြင်ကို ကြည့်ပြီး လူများက အံ့ဩမှင်သက်နေကြသည်။

သူရဲကောင်းသည် အေးစက်နေသော လှံတံကို လက်ထဲတွင် ကိုင်မြှောက်လိုက်ပြီး လှံတွင် အေးစက်သော အလင်းရောင်တစ်ခု ပြေးသွားသည်။ ထို့နောက် မြေပြင်တွင် ဆောင့်ချလိုက်သောအခါ ကြည်လင်ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဂရုစိုက်ပါ.. ဒီလမ်းက ခင်းထားတာ မကြာသေးဘူး.. ပျက်စီးမယ်” လုံခြုံရေး၀တ်စုံ၀တ်ထားသူက အော်ပြောလိုက်သည်။

သူရဲကောင်းက သူ့လှံတံကြောင့် ဖြစ်သွားသော အပေါက်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူမျက်နှာကို ထူထဲသော သံမဏိခေါင်းဆောင်းကြီးဖြင့် ကာထားသောကြောင့် သူ့မျက်နှာကိုတော့ မမြင်ရပေ။ သို့သော် သူသည် လှံကို အနည်းငယ်တော့ မြှောက်၍ ကိုင်လိုက်တာကို မြင်လိုက်ရသည်။

အာဏာပိုင်များကို ကြောက်ရသော ပြည်သူများသည် စားစရာများကို လိုချင်သောကြောင့် တန်းစီရပ်လိုက်ကြသည်။ သူတို့အများစုသည် သားရဲလေ့ကျင့်သူများ ဖြစ်ကြသော်လည်း သူတို့အားလုံးက စစ်ပွဲတွင် တိုက်ခိုက်နိုင်သူများတော့ မဟုတ်ကြချေ။

သံမဏိသူရဲကောင်းနှင့်တူသော သားရဲသည် အဖြူရောင်သံချပ်ကာ အစောင့်ဖြစ်ပြီး စစ်တပ်က အသစ်အနေနဲ့ အသုံးပြုနေသော သားရဲဖြစ်သည်။ သတင်းများအရ သူတို့ကို တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းမှ အများအပြား ထုတ်လုပ်နေပြီး စစ်တပ်မှ မှာယူထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အပတ်က နတ်ဘုရားအဆင့် မီးတောက်ညို နွားရိုင်းအကောင် ၃၀၀ ကို တောင်ပိုင်းမှ မြောက်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ရာ လွတ်ထွက်မှုများ ရှိခဲ့ပြီး အဆောက်အအုံ အသစ် မြောက်များစွာ ထိခိုက် ပျက်စီးခဲ့ရသည်။ ထို့ကြောင့် စစ်တပ်သည် ထိုနွားရိုင်းများကို ရှင်းလင်းရန် အဖြူရောင် သံချပ်ကာ အစောင့် ၁၀၀၀ ကို စေလွှတ်ခဲ့ရသည်။ ထိုစစ်ဆင်ရေးတွင် အောင်မြင်ခဲ့ခြင်းက စစ်တပ်၏ ဂုဏ်သိက္ခာနှင့် အဖြူရောင် သံချပ်ကာ အစောင့်များအတွက် နာမည်ကောင်းများ ရရှိခဲ့သည်။

အစောင့်များသည် တောင်ပိုင်းကောင်းကင်၏ ဓာတ်ခွဲခန်းများမှ ထုတ်လုပ်ထားသော နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်ပြီး အခုထပ်ပြီး မေးရိုးပျားဘီလူးဟုခေါ်သော သားရဲမှ အဆင့်မြှင့်ထားခြင်း ဖြစ်သည်။

အပြင်ဘက်လောကတွင်တော့ ဓာတ်ခွဲခန်းမှ ပညာရှင်များက ထုတ်တာဟု လူသိများသော်လည်း တကယ်က ထိုသားရဲ၏ ကောင်းဖန် အပျင်းပြေထွင်ထားခဲ့သော သားရဲဖြစ်သည်။

သားရဲအမျိုးအစားကို လေ့လာကြည့်ရင်း ကောင်းဖန်သည် ထိုပျား၏ အဆင့်မြှင့်တင်ရေး လမ်းကြောင်းတွင် မေးရိုးတို အစောင့်သားရဲလို့ ပါရှိတာကို သတိထားမိခဲ့သည်။ ထိုမှတဆင့် အဖြူရောင် သံချပ်ကာ သားရဲအဖြစ် အဆင့်မြင့်လာကာ လူတစ်ယောက်သဏ္ဍာန် သားရဲဖြစ်လာမည်ဟု ဆိုသည်။ ကောင်းဖန်သည် လူပုံစံသားရဲကို သိပ်မမြင်ဖူးသောကြောင့် စိတ်၀င်စားခဲ့ခြင်း ဖြစ်သည်။

ကောင်းဖန်သည် စိတ်၀င်စားနေတုန်းတွင် ဓာတ်ခွဲခန်းထဲ၌သာ အချိန်ကုန်လေ့ရှိပြီး သူများတွေ ဖမ်းထားသော သားရဲများကို အဆင့်မြှင့်တင်ပေးလေ့ ရှိသည်။

ထိုသားရဲများသည် ကြည့်ကောင်းစွာ အဆင့်မြင့်သွားပြီး ကောင်းကောင်းလည်း တိုက်ခိုက်လာနိုင်ပြီဆိုလျှင် ထိုသားရဲများကို များများမျိုးဖောက်ပြီး သံချပ်ကာ အစောင့်များလို အခြားနေရာများဆီ ရောင်းချလေ့ရှိသည်။

တိုက်ခိုက်ရေးစွမ်းအင်က ဒုတိယဦးစားပေးဖြစ်သည်။ အဓိကက ကြည့်ကောင်းဖို့ ဖြစ်သည်။ ထိုအချက်က ပို၍ ရောင်းရခြင်းအတွက် ပိုအသုံးဝင်သည်။

တောင်ပိုင်းကောင်းကင်၏ အရောင်းမြှင့်တင်ရေး ဌာနက အတော်လေး ဈေးကွက်ရှာဖွေရေး လုပ်ထားတာ သိသာလှသည်။ သူတို့သည် သားရဲများကို အမျိုးအစားများ ခွဲထားကြသည်။ သားရဲ အုပ်စုအေသည် လုပ်ဆောင်ချက်များကောင်းမွန်ပြီး၊ သစ္စာစောင့်သိမှု၊ ရဲရင့်မှု၊ တိုက်ခိုက်ရေး စွမ်းအင် ကောင်းမွန်မှုတို့နှင့် ပြည့်စုံသည်။ သို့သော် သာမာန်ရုပ်ရည်များသာ ရှ်ိကြသည်။ သားရဲ အုပ်စုဘီကတော့ အပျင်းထူ၊ စိတ်လိုက်မာန်ပါရှိ၊ ဒေါသကြီးပြီး တိုက်ခိုက်ရေး စွမ်းအင်ကလည်း အုပ်စုအေလောက် မကောင်းပေ။ သို့သော် ကြည့်ကောင်းသော အသွင်အပြင်များ ရှိကြသည်။

လက်တွေတွင်တော့ ကြည့်ကောင်းတာက အသုံးမ၀င်ပေ။

ဘယ်လောက်ကြည့်ကောင်းလည်း ကာကွယ်မှု မပေးနိုင်ရင် အလကားဖြစ်သည်။ ထို့ကြောင့် လူအများစုကတော့ အုပ်စုအေကို ရွေးချယ်ကြသည်။

အဆင့် ၂ ခါမြှင့်ပြီးနောက် အစောင့်သားရဲသည် စွမ်းအင် မြင့်မားလာပြီး ပုံစံကလည်း အလယ်ခေတ်က သူရဲကောင်းများပုံစံဖြစ်လာသည်။ သူတို့သည် တိုက်ပွဲ၀င်ရတော့မည်ဆိုလျှင် သံချပ်ကာက ပြန့်လာပြီး ရွှေရောင်အလင်းတန်းများက သံချပ်ကာဆီမှ ထွက်လာကာ တစ်ကိုယ်လုံးက ရွှေရောင်များ တောက်ပလာသလို ဖြစ်လာသည်။

သူတို့ပုံစံသည် ရင့်ကျက်တည်ငြိမ်ပြီး အစိုးရပိုင်းအလုပ်နှင့် ကိုက်ညီကြသည်။

တောင်ပိုင်းကောင်းကင်သည် အနက်ရောင်မြူခိုးကမ္ဘာတွင် မထင်မှတ်ပဲ အကြီးဆုံး သားရဲကုန်ကူးသူ အဖွဲ့အစည်းကြီး ဖြစ်လာသည်။ ကျီဟန့်ဝူကတော့ အစိုးရကပေးထားသော ရာထူးမှ နှုတ်ထွက်ခဲ့ပြီး တောင်ပိုင်းကောင်းကင်မှ အထက်တန်း မန်နေဂျာများအားလုံးလည်း အစိုးရထံမှ နှုတ်ထွက်သွားခဲ့ကြသည်။ သို့သော် တောင်ပိုင်းကောင်းကင်၏ အရှိန်အဝါကတော့ မကျသွားခဲ့ပေ။

ပထမအချက်မှာ ကောင်းဖန်သည် ကမ္ဘာမြေကြယ်၏ အသန်မာဆုံး သူတစ်ယောက်ဖြစ်ခြင်းကြောင့် ဖြစ်ပြီး၊ ကျီဟန့်ဝူက ဒုတိယအသန်မာဆုံးသူ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ထိုအချက်သည် ချဲ့ကားပြောဆိုခြင်းမဟုတ်သလို ကောင်းဖန်ကလည်း သူ့ဂုဏ်သူဖော်ပြီး နေသူတစ်ယောက် မဟုတ်ပေ။ သို့သော် သူ၏ အရှိန်အဝါကတော့ တဟုန်ထိုး ကြီးထွားနေတာ အမှန်ပဲ ဖြစ်သည်။

ဥပမာ ကောင်းဖန်သည် ညစာစားပွဲတွင် လေလည်မိသည် ဆိုရင်တောင် လူများက ကောင်းဖန်တစ်ယောက် အစာအိမ်ဝေဒနာ တစ်ခုခု ဖြစ်နေသလားဆိုပြီး တွေးပူကြတဲ့အဆင့်တောင် ရောက်နေပြီ ဖြစ်သည်။ ကောင်းဖန်က တစ်ခုခု စိတ်မကြည်ဖြစ်နေပုံပေါက်ရင်လည်း သူ့ကို စိတ်မကြည်အောင် လုပ်မိတဲ့သူက ဘယ်သူဖြစ်မလဲ.. အဲဒီလူက တော်တော်ကံဆိုးတာပဲ စသည်ဖြင့် တွေးနေကြတာ ဖြစ်သည်။

ကောင်းဖန်သည် သူနောက်ဆုံးပြန်ရောက်ကတည်းက တံခါးပိတ်ပြီး သားရဲများကို လေ့ကျင့်ပေးနေခဲ့သည်။ သူသည် သားရဲအသစ်များကို ဖန်တီးအောင်မြင်ရသည်ကို တဖြည်းဖြည်း ပျော်ရွှင်လာနေသည်။ တောင်ပိုင်းကောင်းကင်တွင် ရောင်းချခြင်းမပြုသည့် ရှားပါးသားရဲများကို ကိရိယာအစုံအလင်ဖြင့် တပ်ဆင်နေရာချထားသည်။ အချို့သော အဆင့်နိမ့်သားရဲများကိုသာ စျေးကွက်တွင် ရောင်းချခြင်း ဖြစ်သည်။

တောင်ပိုင်းကောင်းကင်သည် ကပ်ဆိုးကြီး မတိုင်မီကပင် အရှိန်အဝါကြီးမားခဲ့ပြီး ပိုက်ဆံရှာရာတွင် အလွန်တော်သည်ဟု နာမည်ကြီးသည်။ သို့သော် လက်နက်အသစ်များထုတ်လုပ်ဖို့၊ သုတေသန ပညာရှင်များအတွက် လခပေးဖို့ ပိုက်ဆံကလည်း လည်ပတ်ဖို့ လိုအပ်တာတော့ အမှန်ပင်။

သူတို့သည် ထိုငွေကြေးများကိုတော့ သူတို့ထုတ်ကုန်များကို လိုအပ်သည့် နိုင်ငံငယ်လေးများဆီမှ ရရှိကြသည်။

ထိုပိုက်ဆံကိုသုံးပြီး သူတို့နိုင်ငံအတွက် စစ်တပ်ကိုလည်း ထောက်ပံ့သည်။ သူတို့မလိုအပ်တော့သော လက်နက်များကို မဟာမိတ်နိုင်ငံငယ်လေးများကိုလည်း မျှဝေသည်။ သူတို့လည်း ပျော်ကြသည်။ ရောင်းသူလည်း ပျော်ရသည်။ လူတိုင်း ကျေနပ်ကြသောကြောင့် ဒါက ၂ ဦး ၂ ဖက်အဆင်ပြေသည့် နည်းလမ်း ဖြစ်ပေသည်။

တောင်ပိုင်းကောင်းကင်နှင့် အစိုးရသည် အော်ဒါများစွာကို လက်ခံရရှိကြပြီး ပူးပေါင်းမှုစာချုပ်များလည်း များစွာ ချုပ်ဆိုနေရသည်။ ပထဝီအနေအထားအရ အဓိက လူသားမျိုးနွယ် ၃ ခုသည် အနက်ရောင်မြူခိုးကမ္ဘာတွင် ပျံ့နှံနေထိုင်ကြပြီး တောင်ပိုင်းကောင်းကင်၏ အကူအညီကြောင့် မျှော်လင့်ချက် မြို့တော်က အားလုံးထဲတွင် အဖွံ့ဖြိုးဆုံး အပိုင်းဖြစ်သလို အင်အားအကြီးဆုံးလည်း ဖြစ်သည်။

အနက်ရောင်မြူခိုးကမ္ဘာသို့ သွားရောက်နေသည့် ဝိဉာဉ်ဖောင် ၃ ခုရှိသည်။ ဟွာရှား၏ ယွိကျိုးတွင် တစ်ခု၊ အာဖရိက၏ လူဆာကာတွင် တစ်ခုနှင့် ယင်ယန်ဒေသတွင် တစ်ခုဖြစ်သည်။ တကယ်တော့ ထိုဝိဉာဉ်ဖောင်များသည် အနက်ရောင်မြူခိုးကမ္ဘာကို ပို့ဆောင်ရုံသာမက ပင်လယ်ကို မျက်နှာမူသည့် အခြားကမ္ဘာများသို့လည်း ပို့ဆောင်နိုင်သည်။ သို့သော် ကောင်းဖန်သည် တောင်ပိုင်းကောင်းကင်တွင် ရှိနေသောကြောင့် လူများကတော့ အနက်ရောင်မြူခိုးကမ္ဘာတွင်သာ နေထိုင်ဖို့ ရွေးချယ်ကြသည်။

အချို့သော အာဏာရှင်များကတော့ ဟွာရှား၏ အရှိန်အဝါအောက်တွင် မနေချင်သောကြောင့် အနက်ရောင်မြူခိုးကမ္ဘာကို ရှောင်ရှားကြတာလည်း ရှိသည်။ သူတို့ကတော့ အခြားသော ကမ္ဘာများကိုပါ သိမ်းပိုက်ဖို့ မျှော်လင့်နေကြတာ ဖြစ်သည်။ ဟွာရှားကို ကျော်ပြီး၊ တောင်ပိုင်းကောင်းကင်ကို ကျော်ပြီး၊ ကောင်းဖန်ကိုပါ ကျော်ပြီး ဖြစ်သည်။

…

ဓာတ်ခွဲခန်းတွင် ပိတ်ထားသော တံခါးများ တဖြည်းဖြည်းပွင့်သွားသည်။ ကောင်းဖန်သည် အဖြူရောင်ကုတ်ကို ဝတ်ထားပြီး ဖုန်အချို့ကို ခါလိုက်သည်။ သူ့နောက်တွင် ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ဂိုဒီက လိုက်လာသည်။ ဂိုဒီသည် ခံစားချက်မဲ့နေသော ကတုံးပြောင်လူကြီးတစ်ယောက်လို မျက်မှောင်ကြုတ်နေသည်။

ဂိုဒီ၏ အနောက်တွင် လူမျက်နှာရှိသော အရပ် ၆ ပေခွဲရှိသည့် ပန်းရောင်နှင့် အဖြူရောင်စပ်ထားသည့် မြေခွေးတစ်ကောင်လိုက်လာသည်။ ထိုမြေခွေးသည် တိရစ္ဆာန်ပုံဖြစ်နေသော်လည်း ထူးခြားသည့်ပုံပန်းရှိသည်။ သူသည် မြေခွေးသာ မဟုတ်ပါက လှပသော မိန်းကလေးတစ်ယောက် ဖြစ်နိုင်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၀ လူမျက်နှာနှင့် မြေခွေး

“ဒါက ဧကရာဇ်ကောင်းရဲ့ အဆင့်မြှင့်တင်ထားတဲ့ သားရဲအသစ်လား.. ငါကတော့ ကြည့်တာနဲ့တောင် ဝယ်ချင်စိတ်ပေါက်လာပြီ”

“အမဲလိုက်ဌာနက အမွှေးရှည်မြေခွေးနီကို ဖမ်းမိထားတယ်တော့ ကြားမိတယ်.. ဒါပေမယ့် အတော်လေး ပြောင်းလဲသွားတာပဲ”

“ဘာလို့လဲဆိုတော့ သူတို့ ဖမ်းမိခဲ့တုန်းက ငါမှတ်မိသလောက်တော့ မြေခွေးက အထီးကြီးပါ”

“…” ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ ငါ့ရဲ့ နာမည်ပြောင်က ဘယ်လိုတောင် “ဧကရာဇ်ကောင်း” ဖြစ်သွားတာတုန်း.. သူ့ကိုယ်သူ ဘုရင်လိုတောင် တွေးမိသွားသည်။ တကယ်လို့ သူသာ သူ့ရဲ့ သူတော်စင်အဆင့် သားရဲများကို ထုတ်ပြလိုက်လျှင် သူတော်စင်ကောင်း ဆိုပြီးတော့တောင် ရာထူးတိုးသွားနိုင်သည်။ သို့သော် ကောင်းဖန်သည် စိတ်ထဲတော့ သိပ်မထားပါချေ။ နာမည်ပြောင်ဆိုသည်မှာ သူများက မှည့်ခြင်းဖြစ်ပြီး ကိုယ့်ကိုကိုယ် ခေါ်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။

“အမွှေးရှည်မြေခွေးနီတွေ ပိုဖမ်းပေးခဲ့ဦး.. အနည်းဆုံး အကောင်တစ်ရာလောက် ဖမ်းခဲ့” ကောင်းဖန်က အမဲလိုက်ဌာန၏ လက်ထောက်ဝန်ကြီးကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” လက်ထောက်ဝန်ကြီးက ခေါင်းညိတ်လိုက်သည်။

ဂိုဒီသည် သူ့ကိုယ်သူ ဂုဏ်သရေရှိ စစ်သူကြီးတစ်ယောက်လို အမူအရာဖမ်းနေသည်။ အကြည့်များက အေးစက် မာကျောပြီး ဂုဏ်ဆာနေပုံမျိုး ဖြစ်သည်။

ကောင်းဖန်က သူ့ကို စိတ်ဝင်တစားကြည့်နေသည်။ ဂိုဒီသည် အသက်ရှင်ချင်စိတ် ပြင်းပြသည်။ ထို့ကြောင့် ကောင်းဖန်သည် ပိုင်ယွမ်ကို မဆင့်ခေါ်ခဲ့ချေ။

[သားရဲအမည်] - လူမျက်နှာနှင့် မြေခွေး

[သားရဲအဆင့်] - အဆင့် ၃၇ (ကွန်မန်ဒါအဆင့်)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ/ ပြီးပြည့်စုံ

[သားရဲအမျိုးအစား] - စိတ်စွမ်းအင်

[သားရဲစွမ်းအင်] - စိတ်ဆွဲဆောင်မှုတိုးခြင်း အဆင့် ၁၊ သဘာ၀ ဉာဏ်ရည်ညဏ်သွေး အဆင့် ၁

[သားရဲဖော်ပြချက်] - အလွန် ဉာဏ်ကောင်းသော သားရဲဖြစ်ပြီး မှတ်ဉာဏ်ကောင်းသောကြောင့် သင်ယူတတ်မြောက်လွယ်သည်။ အလွန်ပင် နှစ်လို သဘောကျဖွယ်ကောင်းသည်။ သူ့ကို လူမျက်နှာဟု ခေါ်ခြင်းမှာ တကယ်လူမျက်နှာ ရှိခြင်းကြောင့် မဟုတ်ပဲ သူ၏ စွမ်းအားကြီးသော ဆွဲဆောင်မှုကြောင့် အခြားသူများက သူ့ကို လူသားအသွင် မြင်နေကြခြင်း ဖြစ်သည်။

ကောင်းဖန်သည် ထိုသားရဲကို လေ့ကျင့်ပေးပြီးနောက် ပထမဆုံး တွေးမိလိုက်သည်မှာ ယခင်ခေတ်ကဆိုလျှင် ထိုသားရဲကို မြေခွေးဝိဉာဉ်ရယ်လို့ ကိုးကွယ်ကြဦးမလား ဟူ၍ ဖြစ်သည်။ သူသည် လူမျက်နှာ မြေခွေးကို လင်းထိန်နေသော အဖြူရောင် နံရံများရှိသည့် ဓာတ်ခွဲခန်းထဲသို့ ခေါ်သွားလိုက်သည်။

ထိုအထဲတွင် အဖြူရောင်ကုတ်နှင့် သုတေသန ပညာရှင်များ၊ ဖိုင်တွဲများကို ကိုင်ထားကာ ပျာတီးပျာယာ လျှောက်နေသူ အတွင်းရေးမှူး၊ မတ်စ်ကို တပ်ထားပြီး သံတွန်းလှည်းတစ်ခုကို တွန်းနေသော ဂိုထောင်မှူးတို့ကို တွေ့ရသည်။ ထိုဓာတ်ခွဲခန်းသည် အလွန်အလုပ်များလေ့ ရှိသောကြောင့် ကောင်းဖန်ရောက်လာသည်ကိုပင် သိပ်ပြီး သတိမပြုမိကြချေ။ အားလုံးက ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ထားကြသည်။

ကောင်းဖန်သည် လူအချို့ကို ခေါ်လိုက်ပြီးနောက် အဖြူရောင်ကုတ်၀တ်ထားသော သုတေသန ပညာရှင်များသည် ကောင်းဖန်နောက်မှ မြေခွေးကို သေချာစေ့ငုလိုက်ကြသည်။ သူတို့အားလုံးသည် စိတ်အားထက်သန်ကြသူများ ဖြစ်ကြသည်။ သူတို့သည် စာဖတ်ရတာကြိုက်တဲ့သူကို ၀တ္ထုစာအုပ်တစ်အုပ် ပေးလိုက်သကဲ့သို့ သူတို့တာ၀န်များကို စိတ်ပါ၀င်စား တက်ကြွစွာ လုပ်ဆောင်နေကြလေသည်။

ကောင်းဖန်က လူမျက်နှာနှင့် မြေခွေးကို ရှေ့ကို ဆွဲခထုတ်လိုက်သည်။

“သူ့ရဲ့ သင်ယူမှုစွမ်းရည်နဲ့ မှတ်ဉာဏ်ကို လေ့လာပေးပါ”

“ဟုတ်ကဲ့ပါ သခင်လေး”

ထို့နောက် ကောင်းဖန်သည် ဂိုဒီကို ခေါ်ပြီး ထွက်သွားလိုက်သည်။ သူ၏ အဝါရောင်ရင်ဘတ်ကြီးကို ကော့ထားသည်ကို ကောင်းဖန်က မြင်သောအခါ ပြုံး၍ သူ့ရင်ဘတ်ကြွက်သားများကို ပုတ်လိုက်သည်။ “တော်လောက်ပါတော့.. ဒီလောက်ပဲ ဟိတ်ဟန်ပြတော့”

ဂိုဒီက ကောင်းဖန်ကို မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး ခဏကြာသောအခါမှ သူ့ကိုယ်မှ တင်းထားသည်များကို ဖြေလျှော့လိုက်သည်။ ကောင်းဖန်သည် နေကာမျက်မှန်နှင့် မက်စ်ကို တပ်ဆင်ပြီးနောက် ဂိုဒီကို ခေါ်ကာ တောင်ပိုင်းကောင်းကင်၏ ဘေးတံခါးပေါက်မှ ထွက်လာလိုက်သည်။

ဂိုဒီက ကြီးမားသော အပြာရောင် ဂျာကင်ရှည်ကြီးကို ၀တ်ထားသည်။ ထိုဂျာကင်ကြီးသည် အလွန်ကြီးမားသောကြောင့် လူအမြောက်အများပင် ၀င်ဆန့်နိုင်သည်။ အနီရောင် ‌ဘောင်းဘီကြီးကလည်း ကြီးမားလွန်းလှသည်။ ခေါင်းပေါ်တွင်တော့ အနက်ရောင် ဦးထုပ်ကို ဆောင်းထားပြီး သူ့မျက်နှာ တစ်၀က်လောက် ဖုံးနိုင်သော အနက်ရောင် နေကာမျက်မှန်ကို တပ်ထားသည်။ ပုတီးလုံးများကတော့ သူ့လည်ပင်းတွင် ချိတ်ဆွဲထားသည်။ ပွင့်ဟနေသော ရင်ဘတ်တွင်တော့ အပြာရောင်အကွက် ခပ်ရှုပ်ရှုပ်ရှိနေသည်။ သူ့ပုံစံသည် သေချာကြည့်ရင်တော့ ရုပ်ဖျက်ထားမှန်း သိနိုင်သော်လည်း ရုတ်တရတ်ကြည့်ရင်တော့ မသိသာတော့ပေ။

လမ်းပေါ်တွင် လူများ ဥဒဟိုသွားလာနေကြသည်။ မဝေးလှသော တစ်နေရာတွင် တောင်ပိုင်းကောင်းကင်မှ ဖွင့်လှစ်ထားသော ဆိုင်တစ်ခု ရှိနေသည်။ ထိုဆိုင်တွင် လူအများပုံနေသည်မှ ဘေးကဆိုင်များထက် ၁၀ ဆလောက်တောင် ရှိနေသည်။

လမ်းမပေါ်တွင်တော့ လူအချို့သာ ရှ်ိသည်။ လူများသည် အလုပ်လုပ်စရုလည်း သိပ်မရှိကြသောကြောင့် ပျင်းရိနေကြပုံရသည်။

ကွန်မန်ဒါအဆင့်အထက် သားရဲလေ့ကျင့်သူများသည် တောထဲတွင် သားရဲအမဲလိုက်မည့် အဖွဲ့နှင့် ပူပေါင်းနိုင်မည် ဖြစ်သည်။ ကမ္ဘာမြေကြယ်နှင့် မတူသည့် အချက်ကတော့ သားရဲများသည် အလွန်များပြားလှပြီး အသစ်များ ဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့အတွက် ကမ္ဘာသစ်တစ်ခု ဖြစ်နေသည်ပင်။

သားရဲသည် တိုက်ခိုက်နိုင်စွမ်း ကောင်းပြီး လေ့ကျင့်သူကလည်း မပျင်းရိပါက အလွယ်တကူ ကွန်မန်ဒါအဆင့်လောက်တော့ ရောက်နိုင်ကြသည်။

ပိရမစ်တစ်ခုလိုပင် ဘုရင်အဆင့်သားရဲ လေ့ကျင့်သူများကတော့ နတ်ဘုရားအဆင့် လေ့ကျင့်သူများထက် အရေအတွက် နည်းပါးသည်။ သို့သော်လည်း ရာဂဏန်းလောက်တော့ ရှိနေသည်။ ဒါကလည်း တဖြည်းဖြည်း ကြာလာရင်တော့ ပို၍ အရေအတွက် များလာဦးမှာပင်။

“ပိုများလာဦးမှာပါပဲ..” ကောင်းဖန်က စိတ်ထဲမှ ကြိတ်ပြီး သက်ပြင်းချလိုက်သည်။

ရုတ်တရတ် သူ့အိတ်ကပ်ထဲမှ ဖုန်းက ထမြည်သည်။ ကောင်းဖန်သည် ဖုန်းကို ထုတ်လိုက်ပြီး ဖြေလိုက်သည်။ “သခင်လေး.. ရှေးဟောင်းမျိုးနွယ်စုက သူတွေ လာနေပါတယ်.. မဟာမိတ်အစိုးရနဲ့ ပူးပေါင်းဆွေးနွေးဖို့လို့ ပြောပါတယ်.. ဥက္ကဌကျီက သခင်လေးကို သတင်းပို့ခိုင်းလိုက်လို့ပါ” အဖိုး၏ အတွင်းရေးမှူး လျူက ပြောလိုက်သည်။

ကောင်းဖန်က “ကောင်းပါပြီ” ဟု ပြောလိုက်သည်။ သူသည် ဖုန်းချပြီး မျက်မှောင်ကြုတ်လိုက်သည်။ မင်းတို့က ငါတို့ရဲ့ အိမ်ကို စစ်ပွဲနယ်မြေအဖြစ် အသုံးပြုချင်တယ်ပေါ့”

အင်းလေ.. အစကတည်းကလည်း မင်းတို့ ၂ ဖက်စလုံးကို ငါမနိုင်လို့တောင် ကမ္ဘာမြေကြယ်ကနေ ငါတို့ ထွက်သွားပေးခဲ့သေးတာပဲ.. အဲဒါကြောင့်လည်း ၀င်မပါခဲ့တာ..

အခုတော့ ငါတို့ကို လာရှာပြီး ဘာကို ပူးပေါင်းမယ် ပြောနေတာလဲ.. မင်းတို့ တိုက်ပွဲအတွက် ငါတို့ လူသားတွေကို အသုံးချချင်သေးတာလား..

ကောင်းဖန်က စိတ်ထဲမှ ဆဲရေးလိုက်သည်။

သူသည် အားလုံးကို ဘာလာလာရင်‌ဆိုင်နိုင်လောက်တဲ့ထိ မသန်မာသေးချေ။ သူတို့သည် ‌အရမ်းအဆင့်မြင့်သော ကွားစီနတ်ဘုရားများ၊ နတ်ဘုရားအသုံးအဆောင်များ စတာတွေ မရှိပါက ကောင်းဖန်သည် သိပ်တောင် ဂရုစိုက်နေမည် မဟုတ်ပေ။ သူသည် စားပွဲလှန်ပြီး ထထွက်လာလိုက်မည်သာ ဖြစ်သည်။

ကောင်းဖန်သည် သူ့စိတ်ကို တည်ငြိမ်သွားအောင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်သည်။ ဒေါသထွက်နေတာက တကယ်တော့ အသုံးမ၀င်ပေ။ ပိုဆိုးသော ဆုံးဖြတ်ချက်များကိုပင် ချမိနိုင်သေးသည်။

အဆင့်မြင့် အစိုးရအရာရှိများကတော့ ထက်မြက်သူများဖြစ်ကြပြီး အထောက်အပံ့များလည်း ရှိသောကြောင့် မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကိုတော့ ချကြမှာ မဟုတ်ပေ။ သို့သော် ပြဿနာက သူတို့သည် ရှေးဟောင်းမျိုးနွယ်စုများလောက် မသန်မာကြခြင်းဖြစ်သည်။

ကောင်းဖန်သည် ထိုသူများက သူတို့ကို ကောင်းကောင်းအပြောအဆို မတတ်ပဲ ပဋိပက္ခ ဖြစ်လာပါက ရန်ပွဲဖြစ်လာမည်ကို စိတ်ပူမိသွားသည်။

သူ့အနေနဲ့လည်း သူတော်စင်အဆင့် လေ့ကျင့်သူဖြစ်နေသော်လည်း ထုတ်မပြသေးပေ။ ထုတ်ပြလျှင်တော့ နည်းနည်းရှိန်သွားနိုင်ကြသော်လည်း ရေရှည်တော့ အကျိုးမရှိနိုင်သေးပေ။

အခြေအနေသည် ကျဉ်းထဲကြပ်ထဲ ရောက်နေသည်။ ကမ္ဘာမြေကြယ်တွင်တော့ အရှင်သခင်အဆင့်လောက်ဆိုရင်တောင် ထိပ်ဆုံးတွင် ကိုးကွယ်ခံရနိုင်ပြီး သူတော်စင်အဆင့်လောက်ဆိုရင်တော့ အံ့ဩလွန်း၍ မေ့ပင်လဲသွားနိုင်ကြပေမည်။

အခုချိန်တွင် အကောင်းဆုံး ဖြေရှင်းချက်ကတော့ ကွားစီနတ်ဘုရားတစ်ကောင်ကို ရှာကာ ခံတပ်အဖြစ် ယာယီထားထားဖို့ဖြစ်သည်။ ထို့ကြောင့် သားရဲတစ်ကောင်ကောင်ကိုတော့ ကွားစီနတ်ဘုရားအဖြစ် အမြန်ဆုံး အဆင့်မြှင့်တင်မှ ဖြစ်တော့မည်။ ထိုနည်းအားဖြင့် နောက်ထပ်လာမည့် တိုက်ပွဲတွင် သူတို့သည် ကြားထဲမှ မြေစာပင် ဖြစ်တော့မည် မဟုတ်ချေ။

ကောင်းဖန်သည် သေချာစဉ်းစားပြီးနောက် အဖိုးကို ဖုန်းခေါ်လိုက်သည်။ အဖိုးလည်း စိတ်ပေါ့ပါးစွာ ရှိနေမှာ မဟုတ်တာတော့ သေချာသည်။ ထို့ကြောင့် ကောင်းဖန်သည် အတွင်းမှူလျူကိုသာ စာတိုပို့လိုက်ပြီး ရှေးဟောင်းမျိုးနွယ်စုများကို တစ်ပတ်လောက် နောက်ဆုတ်ပြီးမှ လာခိုင်းဖို့ အဖိုးကို တောင်းဆိုခိုင်းလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၁ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ

“ပင်လယ်ဝတုတ် အဲဒါက မင်းရဲ့သားစဉ်မြေးဆက်ပဲ.. ကျားတစ်ကောင်က သူ့ရဲ့သားကို ဘယ်သောအခါမှ မသတ်နိုင်ဘူး.. အဲဒါကြောင့် မင်းကိုစားမှာမဟုတ်ဘူး” ကောင်းဖန်က စတုတ္ထကလေးကိုစီးနေစဉ် သူက ပင်လယ်ရေမျက်နှာပြင် ထက်တွင် ရပ်နေပြီး သူ့ခြေအောက်ရှိ အနက်ရောင်ဖြစ်လုနီးပါးဖြစ်နေတဲ့ ပင်လယ်ကို ကြည့်နေသည်။

ပင်လယ်ဝတုတ်က တုန်လှုပ်သွားပြီး “ပြောရတော့ခက်တယ်.. သူနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးမျိုး တစ်ခါမှ မရှိဖူးဘူး”

“မင်းတို့ဆက်ဆံရေးက မကောင်းဘူးဆိုရင် အကြောင်းပြချက်တော့ ရှိရမယ်.. ဘယ်သူကမှ အကြောင်းပြချက်မရှိဘဲ မုန်းတီးနေမှာ မဟုတ်ဘူး” ကောင်းဖန်က ပင်လယ်ဝတုတ်၏ ခေါင်းကို ပုတ်လိုက်သည်။

ပင်လယ်ဝတုတ်က ခဏလောက် တိတ်ဆိတ်သွားသည် “သူ့အမေနဲ့ ဆက်ဆံရေးရှိတုန်းက သူ့ကိုမွေးခဲ့ပေမယ့် အမေကြောင့် ကလေးကို အရမ်းမချစ်ခဲ့လို့ ဗိမာန်တော်ထဲက မောင်းထုတ်လိုက်တာ”

“အိုး…” ကောင်းဖန်သည် ကလေးအပေါ် အပြစ်မတင်နိုင်သလို ရုတ်တရက် ခံစားလိုက်ရသည်။ ဒါက ပင်လယ်ဝတုတ် ရဲ့ ပြဿနာပဲ..

“မင်း သူကိုမောင်းထုတ်ပြီးနောက်ထက် မမြင်မိတော့ဘူးလား” ကောင်းဖန်က မေးလ််ိုက်သည်။

“နှစ်ခါလောက်တော့တွေ့ဖူးတယ်...” ပင်လယ်ဝတုတ်က ဘာသိဘာသာ ပြောလိုက်သည်။ “ပင်လယ်ထဲမှာ သူ ကောင်းကောင်းအလုပ်လုပ်နေတာကိုတော့ မြင်မိတယ်.. သူက ငါနဲ့ သူ့အမေရဲ့ လက်ဆောင်အချို့ကို အမွေဆက်ခံခဲ့တယ်.. ပင်လယ်ထဲမှာ သဘာဝရန်သူ များများစားစားတော့ မရှိပါဘူး.. သူက ငါ့ရဲ့သားစဉ်မြေးဆက်ဆိုတာ သူတို့တွေ သိထားရင်တော့ မသေသရွေ့ ပစ်မှတ်ထားမှာ မဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ် အဲဒါ မင်းရဲ့ အမျိုးအနွယ်ပဲ.. မင်းဘာလို့ မင်းရဲ့ကလေးကို မင်းဂရုမစိုက်တာလဲ” ကောင်းဖန်သည် ပင်လယ်ဝတုတ်ကို အံ့ဩမိသည်။ ဤသည်မှာ ၎င်း၏သားအပေါ် မကြင်နာခြင်း၏ အကျိုးဆက်ဖြစ်သည်။

“အဲဒီလိုဆို ငါနဲ့ ဆက်ဆံရေးကောင်းတိုင်း မင်းရော ငါ့သားရဲ လုပ်မှာလား” ပင်လယ်ဝတုတ်က အေးစက်စွာ အော်လိုက်သည်။

ကောင်းဖန် သေသေချာချာစဉ်းစားပြီး ပင်လယ်ဝတုတ် ပြောတဲ့စကားက အမှန်ပဲဆိုတာ သိလိုက်သည်။ သူသည် နတ်ဘုရားတစ်ပိုင်း အနည်းငယ်ကိုသာ သိသည်။ ကောင်းဖန်နှင့် ဆက်ဆံရေးရှိသည့် တစ်ဦးတည်းသောသူမှာ ပင်လယ်ဝတုတ်၏ သားပေါက်ဖြစ်သည်။ သူနှင့် မသက်ဆိုင်ပါက အခြားသော နတ်ဘုရားတစ်ပိုင်းများက သူ့ကို အဘယ်ကြောင့် ကူညီပေးမည်နည်း။ သူသည် အတင်းအကြပ် ဖြားယောင်းခြင်း သို့မဟုတ် စိတ်ခံစားမှုကို အသုံးပြုရနိုင်သည်။

ထို့အပြင် လေပြင်မုန်တိုင်းရေမှော်ပင့်ကူသည် နတ်ဘုရားမှ ဆင်းသက်လာသူဖြစ်သောကြောင့် သာမန် နတ်ဘုရားတစ်ပိုင်းထက် ပိုအစွမ်းထက်ရမည်ဖြစ်သည်။

ကောင်းဖန်က သူ့မေးစေ့ကို ပွတ်သပ်ပြီး ပင်လယ်ဝတုတ်ကို ပြောလိုက်သည်။ “မြင်မြင်ချင်းတော့ မစားသင့်ဘူးပေါ့... အဲဒီလိုမလုပ်ရင်တော့ လွယ်လိမ့်မယ်.. ထူးထူးခြားခြား အရည်အချင်းတွေရှိတဲ့ မင်းရဲ့သားလို သားရဲတစ်ကောင်က ငယ်စဉ်ကတည်းက သူငယ်ချင်းအနည်းငယ်တော့ ရှိသင့်တယ်‌လေ.. သူက နှစ်ပေါင်းထောင်ချီ ဒါမှမဟုတ် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိနိုင်ပေမဲ့ သူရဲ့စိတ်က အရမ်းရင့်ကျက်နေမှာ မဟုတ်တဲ့အပြင် ငယ်စဉ်ကတည်းက ဖခင်မေတ္တာကို မခံစားခဲ့ရဘူးဆိုတော့ အခု သူ့အဖေကိုတွေ့ရင် အရမ်းပျော်နေမှာတော့ သေချာတယ်”

ပင်လယ်ဝတုတ်က တုန်လှုပ်သွားသည်။ “မင်း အဲဒီလောက်တောင် အလေးအနက်ထားနေတာလား.. မင်းက ဘာလို့ ဒီလောက် ခေါင်းမာနေတာလဲ.. ဒီအကြောင်း မင်းကို ငါ အကြိမ်ကြိမ် ပြောပြီးပြီ”

“ဟုတ်တယ် ငါတို့အားလုံးဒီမှာရှိနေတုန်း တစ်ခုခု အကျိုးရှိချင်လို့ပါ” ကောင်းဖန်က တည်ငြိမ်စွာပြောလိုက်သည်။ “အခု ဒီကိုရောက်ဖို့တောင် ငါးရက်လောက်ကြာတယ်... နဂါးမရဏချိုင့်ဝှမ်းကိုသွားဖို့ဆို အရမ်းနောက်ကျသွားပြီ”

ပင်လယ်ဝတုတ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မင်းရဲ့ သားရဲဖြစ်ရတာက ဘဝရဲ့ ကံဆိုးမှု ရှစ်ကြိမ်ရှိတာနဲ့ တူတယ် သိလား” ငါးကြော်ဖြစ်လာတာထက် ပိုဆိုးတဲ့ ငရဲပြည်မှာနေနေရသလိုပဲ..

“သွားကြရအောင်” ကောင်းဖန်သည် လေထဲသို့ ခုန်ဆင်းပြီး လက်ဖျောက်တီးလိုက်ပြီး လေးယောက်မြောက် ကလေးကို နေရာလွတ်သိုလှောင်ခန်းထဲ ထည့်လိုက်သည်။

ပင်လယ်ဝတုတ်က သက်ပြင်းချလိုက်ပြီး ပင်လယ်ထဲသို့ လိုက်သွားသည်။ ၎င်းသည် ကောင်းဖန်နှင့် ထိတွေ့ခဲ့ရပြီး ကောင်းဖန်သည် ၎င်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခဲ့ရသည်။ သူက “ပင်လယ်တွင်းနက်ကြီးထဲ သွားကြစို့.. အမဲလိုက်ခံရခြင်းရဲ့ ခံစားချက်ကို မင်းကို ငါခံစားခွင့်ပေးမယ်” ဟု ပြောလိုက်သည်။

“မင်းရဲ့သားကို မင်းမကြိုက်ဘူးလို့ မင်းပြောတယ်.. ဒါပေမယ့် သူရဲ့တည်နေရာကို မင်းသိနိုင်တယ်မလား.. အဲဒါက ဆက်နွှယ်မှုမဟုတ်ရင် ဘာလဲဆိုတာ ငါမသိတော့ဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။

ပင်လယ်ဝတုတ်သည် အေးစက်စက် အသံထွက်လ်ိုက်သည်။ “နတ်ဘုရားအားလုံးက သူတို့ရဲ့ မျိုးဆက်ရဲ့ ရာထူးတွေကို ရိပ်မိနိုင်ပါတယ်.. ထူးထူးခြားခြား ဘာမှမရှိပါဘူး.. နောက်ပြီး ငါ့သားမဟုတ်ဘူး ငါ့သမီးဟ”

“သမီး” ကောင်းဖန် အနည်းငယ် အံ့သြသွားသည်။

ကျန်သောခရီးတစ်လျှောက်တွင် ပင်လယ်ဝတုတ်သည် တိတ်ဆိတ်နေပြီး စိုးရိမ်ပူပန်နေပုံပေါ်သည်။ နောက်ဆုံးတွင် ပင်လယ်ဝတုတ်သည် ပင်လယ်နက်ကိုဖြတ်၍ စီးဆင်းနေသော ချောက်ကြီးတစ်ခုတွင် ခေတ္တရပ်ပြီး အောက်ဘက်ရှိ ကတုတ်ကျင်းကို ငုံ့ကြည့်လိုက်သည်။ သူသည် အမြီးကို အပြန်ပြန်အလှန်လှန် လှုပ်ယမ်းရင်း တွင်းကြီးတစ်ခုထဲကို သဲဖြူဖြူတွေကို တင်ပါးနဲ့ လှည်းထည့်လိုက်သည်။

ကောင်းဖန်က သူ့ကို ဖိအားမပေးပေ။ ပင်လယ်ဝတုတ်ကို အတင်းအကြပ်လုပ်လိုက်တာက အဓိပ္ပါယ်မရှိမှန်း သူသိသည်။ ဒီအခက်အခဲကို သူ့ဘာသာသူ ဖြတ်ကျော်ဖို့ လိုအပ်သည်။ ခဏအကြာတွင် ပင်လယ်ဝတုတ်သည် အသက်ပြင်းပြင်းရှူပြီး ရေထဲတွင် ပူဖောင်းများ ဆက်တိုက်မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဘာမှ မပြောဘဲ ထွင်းနက်ထဲ သတ္တိရှိရှိ ခုန်ဆင်းသွားသည်။

ကောင်းဖန်၏အမြင်အာရုံ အပါအဝင် အရာအားလုံးကို အမှောင်ထုက ဖုံးသွားသည်။ ပင်လယ်၏အနက်သည် အလင်းဝင်ရောက်ရန် မဖြစ်နိုင်ဘဲ ပိုမိုနက်ရှိုင်းလာလေလေ ပင်လယ်ဝတုတ်ကို အမှောင်ထုက ဝါးမျိုသွားလေလေဖြစ်သည်။

အချိန်အတော်ကြာပြီးနောက်… အရှိန်ပြင်းပြင်းဖြင့် ပင်လယ်ရေနက်ကျောက်ဆောင်နံရံကို တစ်စုံတစ်ခုက ပုတ်နေသကဲ့သို့ ပုတ်ခတ်သံတစ်ခုထွက်ပေါ်လာသည်။

ပင်လယ်ဝတုတ်သည် ၎င်း၏အမြီးကို မကြာခဏ လှန်လေ့ရှိသောကြောင့် ၎င်း၏အမြီးသည် ထူထဲသောပိုက်ကွန်တစ်ခုတွင် ညိနေသည်။ ပင်လယ်ဝတုတ်က တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။ သူသည် လွတ်မြောက်ချင်ပေမဲ့ ပိုက်ကွန်နဲ့ ဝိုင်းရံထားတာကြောင့် မလွတ်မြောက် နိုင်တာကို တွေ့လိုက်ရသည်။ နက်ရှိုင်းသောပင်လယ်ပြင်တွင် အလင်းရောင် ရှစ်ခု လင်းလာသည်။

“ငါအိပ်နေတဲ့အချိန်မှာ ပိုးကောင်တွေက ငါ့ကိုဘာကြောင့် အနှောက်အယှက်ဖြစ်နေတာလဲလို့ တွေးနေမိတယ်” စူးရှသော အသံသည် နက်ရှိုင်းတဲ့နေရာမှ ထွက်ပေါ်လာသည်။

“မင်းက ငါ့ရဲ့ ချစ်လှစွာသော ဖေဖေပဲ” တစ္ဆေမီးလို စိမ်းမြရောင်မျက်လုံး ရှစ်လုံးသည် ပင်လယ်ဝတုတ်ထံတွင် ထွန်းလင်းတောက်ပနေပြီး ဦးခေါင်းခွံကို ဖောင်းကားစေသည်။ “မင်းရဲ့သမီး ဗိုက်ဆာနေလို့ ကိုယ်တိုင် စားဖို့ လာပေးတယ်လို့ ယူဆလိုက်ရမလား...ဟားဟားဟား”

ရူးသွပ်စွာရယ်မောသံသည် ပင်လယ်၏အောက်ခြေတွင် ပဲ့တင်ထပ်ကာ စူးရှသောအသံသည် နားထဲသို့ နာကျင်စွာ ထိုးဖောက်ဝင်ရောက်လာသည်။ “တစ်ချိန်က ဒီနတ်ဘုရားက ဘယ်လောက် သနားစရာ ကောင်းလိုက်တာလဲဆိုတာ ကြည့်ရအောင်.. မင်းက သူတော်စင်ပဲ.. မင်းက သူတော်စင်အဆင့်ပဲ.. ငါ့အိမ်နောက်ဖေးက စားစရာလောက်ပဲ ရှိတာပါလား.. မင်းအခု ဘယ်လောက်တောင် သနားစရာကောင်းနေပြီလဲ ကြည့်စမ်း”

ပြင်းထန်သော အင်အားသည် ပြင်းထန်သောလှိုင်းများကို ဖယ်ထုတ်လိုက်သည်။ နှစ်ဖက်စလုံးရှိ ကျောက်နံရံများ ပြိုကျပြီး ကျောက်တုံးကြီးများသည် ရေစီးကြောင်းဖြင့် ပတ်ပတ်လည်တွင် လွင့်နေသည်။

ပင်လယ်ဝတုတ်သည် မုန်တိုင်းထဲတွင် လွင့်မျောနေသော လှေတစ်စင်းနှင့်တူနေပြီး ၎င်းနောက်ကွယ်မှ မမြင်နိုင်သောရေပိုက်ကွန်တွင် ကပ်နေသည်။ သူသည် စိတ်ပျက်အားငယ်မှုအပြည့်နဲ့ “ကောင်းဖန် မင်းငါ့ကို ငါ့သင်္ချိုင်းဆီ လွှတ်လိုက်ပြီ” ဟု အသနားခံလိုက်သည်။ “အဖေနဲ့သမီးဆက်ဆံရေးက ဘယ်လိုလဲတွေ့ပြီလား.. မင်းက ငါ့ကို အမြဲတမ်း အားပေးနေပေမယ့် အခုတော့ ငါ့ကို ဘယ်လောက်စားချင်နေလဲ ကြည့်စမ်းပါဦး”

“ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ... ညံ့လိုက်တာ.. ငါမင်းကို အလွယ်တကူသတ်နိုင်တယ်.. မရေမတွက်နိုင်အောင် အပိုင်းပိုင်းဖြတ်ပြီး မင်းကို မျိုချနိုင်တယ်သိလား..” မာနကြီးသောအကြည့်ဖြင့် လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ပင်လယ်ဝတုတ်ကို ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး ၎င်း၏သွယ်လျသော အပြာနှင့် အနက်ရောင် ပင့်ကူခြေထောက်များသည် ရေပိုက်ကွန်ပေါ်သို့ လှမ်းတက်နေသည်။

အထူးသဖြင့် ပင့်ကူအမြဲမုန်းတီးခဲ့သော သားကောင်သည် ၎င်း၏ဖခင်ဖြစ်နေတာကို သိလိုက်ရသောအခါတွင် ၎င်းသည် ကစားရတာကို နှစ်သက်နေပုံရသည်။

ထိုအချိန်တွင် ပင်လယ်ဝတုတ်သည် တုန်လှုပ်ခြောက်ခြား နေသော အခြေအနေတွင် ရှိနေသည်။ ကောင်းဖန် သက်ပြင်းချလိုက်သည်။ ဒါကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပုံရသည်။ သူသည် ပင်လယ်ဝတုတ်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည်။

ကောင်းဖန်က မျက်လုံးမှိတ်ချလိုက်ပြီး ပင်လယ်ဝတုတ်၏ ခေါင်းဝိုင်းပေါ်ရှိ ပဲတောင့်ပုံသဏ္ဍာန် မျက်လုံးကြီးများက စိတ်ခံစားချက်များ ပြည့်နှက်လာသည်။ ၎င်း၏ ရန်လိုသောအသံသည် ခံစားချက်အပြည့်ဖြင့် သံလိုက်ဓာတ်လို ဖြစ်လာသည်။

“မင်းသိပါတယ်.. အမှန်ကတော့ ဒါက ငါနှစ်ပေါင်းများစွာ နောင်တရခဲ့တဲ့ အရာတစ်ခုပါပဲ.. ငါနတ်ဘုရားအဆင့်ကနေ ပြုတ်ကျပြီး ငါ့ကိုယ်ခန္ဓာ ပျက်ဆီးသွားချိန်မှာတောင် ဒီကိစ္စက ငါ့နှလုံးသားထဲက နက်နဲတဲ့ဆူးပင်ဖြစ်နေတုန်းပဲ”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၃၂ ကောင်းဖန်.. ငါမင်းကို လျှော့တွက်ခဲ့တယ်…

ကောင်းဖန်သည် ယခုအခါ ၎င်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်သော်လည်း ကောင်းဖန်၏အမြင်အရ ပင်လယ်ဝတုတ်ပေါ် လှည့်ပတ်သွားလာနေသည့် လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ၏ ခြေလှမ်းတွေ ရပ်တန့်သွားသည့်အခိုက်အတန့်ကို မြင်တွေ့နိုင်သည်။

“နေ့ရောညပါ နေနဲ့လ သံသရာစက်ဝိုင်းသစ်တစ်ခုစတိုင်း.. အဲဒီအေးစက်နေတဲ့ ဘုရားကျောင်းထဲမှာ ငါ့နှလုံးသားက ကြာပွတ်နဲ့ ရိုက်ထားသလို ခံစားခဲ့ရတယ်... ငါ့ကိုယ်ငါ ထပ်ခါထပ်ခါ မေးခွန်းထုတ်နေမိတယ်” ပင်လယ်ဝတုတ်၏သေးငယ်သောမျက်လုံးများသည် နက်ရှိုင်းစွာ စိတ်လှုပ်ရှားနေသည်။ ဤမျက်လုံးငယ်များသည် ၎င်း၏ဆွဲဆောင်မှုအရှိဆုံးအရာဖြစ်သည်။

“တကယ်ကို မင်းကိုယ်မင်း မေးခွန်းထုတ်နေခဲ့တာလား” လေပြင်းမုန်တိုင်းရေမှော်ပင့်ကူက လှောင်ပြောင် သရော်လိုက်သည်။ “ချစ်လှစွာသော ဖေဖေရယ် မင်းဘယ်တုန်းက လိမ်ညာတတ်လာတာလဲ”

သမီးက တော်တော် ဉာဏ်ကောင်းတာပဲ.. ပင်လယ်ဝတုတ်သည် ဤစကားကို ကြားလိုက်ရသောကြောင့် ရုတ်တရက် အတော်လေး သဘောကျသွားသည်။

“ကမ္ဘာပေါ်မှာ ငါနောင်တရစရာတစ်ခုရှိခဲ့ရင် အဲဒီနေ့က ဘုရားကျောင်းမှာ ငါပြောခဲ့တဲ့ စကားပဲ” ပင်လယ်တတုတ်၏ မျက်နှာပေါ်ရှိ အမူအရာမှာ မပြောင်းလဲဘဲ ၎င်း၏ အသံသည် တုန်လှုပ်စပြုလာသည်။ “အဖေတစ်ယောက်အနေနဲ့ သမီးကို အရမ်း အေးအေးစက်စက် ပြောခဲ့မိတယ်”

ပင်လယ်ဝတုတ်က အံ့ဩသွားသည်။ ဒါက အရှက်မဲ့လွန်းတယ်ဟု ခံစားနေရသည်။

“ဖေဖေက မင်းအပေါ်မှာ အမှားလုပ်လိုက်တာပါ.. အဖေ မှားပါတယ်” ဟု ကောင်းဖန်က နာကျင်စွာပြောပြီး ပင်လယ်ဝတုတ်ရဲ့ မျက်လုံးလေးတွေက မျက်ရည်တွေနဲ့ မှုန်ဝါးနေအောင် လုပ်ပြလိုက်သည်။

ခဏနေအုံး..ခွေးကောင်.. ဒါ ငါ့သမီးဟ.. ပင်လယ်ဝတုတ်က ရုတ်တရက် တုံ့ပြန်လိုက်သည်။

ကောင်းဖန်..မင်းက သူခိုးပဲ.. မင်းငါ့ကို အခွင့်ကောင်းယူနေတာလား.. မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပဲ..

အဓိပ္ပါယ်မရှိတာ မလုပ်နဲ့.. ငါက မင်းရဲ့မိသားစုကို ကယ်တင်ဖို့ ကူညီနေတာ.. ကောင်းဖန်က ပင်လယ်ဝတုတ်ကို သွေးစာချုပ်ကတစ်ဆင့် အပြင်ထွက်ပြီး ပြဿနာမဖြစ်အောင် သတိပေးနေလိုက်သည်။ ပင်လယ်ဝတုတ်သည် ဒေါသထွက်နေသော်လည်း ဤအချိန်သည် သူပေါ်လာပြီး ပြဿနာများ ဖန်တီးရန် အချိန်မဟုတ်ကြောင်း သိသောကြောင့် ကောင်းဖန်၏ ဇာတ်ဝင်ခန်းကို ကြည့်ရှုရန် စိတ်ပင်လယ်ထဲတွင်သာ တိတ်တဆိတ် ပုန်းနေလိုက်သည်။

လေပြင်းမုန်တိုင်းရေမှော်ပင့်ကူ၏ ခန္ဓာကိုယ်သည် ဟာသတစ်ခုကြားခဲ့ရသလို တုန်ခါသွားသည်။ ကျယ်လောင်သော ရယ်မောသံများက ပင်လယ်နက်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“မင်းမှားတာကို ဝန်ခံမှာလား.. မင်းကတကယ်ပဲ ငါ့အဖေရော ဟုတ်ရဲ့လား”

ရယ်မောပြီးနောက် လေပြင်းမုန်တိုင်းရေမှော်ပင့်ကူသည် ရေပိုက်ကွန်ပေါ်တွင် ညင်သာစွာ နင်းပြီး ပင်လယ်ဝတုတ်ထံသို့ လျှောက်သွားလိုက်သည်။ ၎င်း၏မျက်လုံးများနှင့် အလွန်နီးကပ်သောအကွာအဝေးတွင်တော့ ကောင်းဖန်သည် နောက်ဆုံးတွင် ၎င်းကို မြင်နိုင်သွားသည်။

သိပ်မကြီးပေ။ အချင်း ၆၅ ပေလောက်တော့ ရှိသည်။ ပင့်ကူ၏ခြေထောက်များသည် ၎င်း၏အရွယ်အစားအများစုဖြစ်တာကြောင့် ၎င်း၏ကိုယ်ခန္ဓာသည် ၎င်း၏အရွယ်အစားတစ်ခုလုံး၏ သေးငယ်သောအချိုးအစားဖြစ်သည်။ ၎င်း၏ အနက်ရောင် ကိုယ်ထည်သည် နက်မှောင်သော အရိပ်များ ပြည့်နှက်နေ၍ ရှေ့မျက်နှာစာကိုသာ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ခန္ဓာကိုယ်က အမှောင်ထဲမှာ ပုန်းနေပြီး ပုံသဏ္ဌာန်ကိုသာ မြင်နိုင်သည်။

၎င်း၏မျက်လုံးရှစ်လုံးသည် ၎င်း၏မျက်နှာရှေ့တွင် စက်ဝိုင်းပုံတစ်ပိုင်းရှိပြီး ၎င်း၏ပါးစပ်ရှိ သွားများသည် သိပ်ပြီး စိတ်၀င်စားစရာ မဟုတ်သော်လည်း သူ့အာရုံကိုဖမ်းစားနိုင်သည်မှာ ပင့်ကူခြေသည်းများပင်ဖြစ်သည်။

သေးသွယ်သော ပင့်ကူခြေသည်းများသည် အလှတရားတစ်ခုလို ဖြစ်ပြီး ပြီးပြည့်စုံသော လူသတ်သမားများနှင့်တူသည်။ ချွန်ထက်သော အကိုင်းအခက်များသည် သွယ်လျသောဆာမူရိုင်းဓားများကဲ့သို့ အဆစ်များပေါ်တွင် လခြမ်းပုံသဏ္ဌာန်ရှိသော အချွန်အတက်အစင်းများ အသီးသီးအပေါ်သို့ ချိတ်ထားသည်။ လူတွေကိုသတ်ဖို့အသုံးပြုတဲ့အခါ သူ့ရဲ့ခြေသည်းတွေဟာ လျင်မြန်ပြီး လှပနေလိမ့်မည်။

“ချစ်လှစွာသော ဖေဖေ.. မင်းက နည်းနည်းလေး ချစ်စရာကောင်းတာကို ငါ ရုတ်တရက် တွေ့လိုက်ရတာပဲ..” လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ၎င်း၏မျက်နှာကို ရွှေ့လိုက်သည်၊ အအေးနှင့် စိုစွတ်သော ခံစားမှုသည် ပင်လယ်ဝတုတ်၏ အကြေးခွံများပေါ်တွင် ပျံ့နှံ့သွားသည်။

အဲဒီနောက်မှာတော့ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူရဲ့ ခြေလေးချောင်းကို ဖြောင့်တန်းနေအောင် ဆန့်ထုတ်လိုက်သည်။ ဒါက ထင်ယောင်ထင်မှားဖြစ်နိုင်ပေမယ့် အခုအချိန်မှာတော့ ကောင်းဖန်က ပင်လယ်ထဲမှာ ဆန့်တန်းပြီး လှပပြေပြစ်တဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ဒါက တကယ်တော့ ပင့်ကူတစ်ကောင်ပါပင်။ ကောင်းဖန် ကြက်သီးထသွားသည်။ ဒါက သူ့အပေါ် သက်ရောက်နေသော ပင်လယ်ဝတုတ်၏ အာရုံအမြင် ဖြစ်သည်။

“သူ ငါ့ကို မမုန်းဘူးလား” ပင်လယ်ဝတုတ်သည် ရှုပ်ထွေးသော အခြေအနေတွင် ရှိနေသည်။ ဒီလူမိုက် ကောင်းဖန်က သူ့ကို အရှက်မဲ့ပြီး ဒေါသထွက်စေတဲ့အရာတွေကို ဆက်တိုက်ပြောခဲ့ပြီး အခုဘာဖြစ်သွားတာလဲ..

“ထားလိုက်တော့.. ငါဒီနေ့စိတ်ကောင်းဝင်နေတယ်...မင်းရဲ့အသက်ကို ချမ်းသာပေးမယ်.. ဒါပေမယ့် မင်းရဲ့ပန်းပွင့်လို စကားတွေက နောက်တစ်ကြိမ်မှာ အလုပ်မဖြစ်တော့ဘူး” လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် အဆုံးမရှိသော သမုဒ္ဒရာတွင်းနက်ကြီးထဲသို့ ပြန်တက်သွားသည်။

“မင်းသိပါတယ်..လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြောခဲ့တဲ့ စကားတွေက ရင့်သီးခဲ့ပေမယ့် စဉ်းစားကြည့်ရင် အဲဒီတုန်းက အရမ်းဂုဏ်ယူခဲပါတယ်..” ကောင်းဖန် သက်ပြင်းချလိုက်သည်။ ပင်လယ်ဝတုတ်၏ ဦးခေါင်းလုံးကို သူ့ဒရာမာဇာတ်ကားအတွက် ဖန်တီးထားရသည်။ “ဒါကြောင့် မင်းက ငါ့သမီးဖြစ်တယ်ဆိုတဲ့ ဇာတ်လမ်းကို သမုဒ္ဒရာတစ်ခွင်လုံးမှာရှိတဲ့ အဆင့်မြင့်သားရဲတွေဆီ ဖြန့်ဝေလိုက်ရုံပါပဲ.. ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငါ့ရဲ့ဂုဏ်သတင်းကို ဂုဏ်ယူနေကြတုန်းဖြစ်လို့ပါ”

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ၎င်း၏ခြေလှမ်းများ နှေးကွေးသွားသည်။

“ငါ အခု ဒုက္ခရောက်နေတယ်.. ကမ္ဘာကြီးမှာ ငါ့ကို ဟန့်တားနိုင်တဲ့ တစ်ခုတည်းသောအရာက မင်းပဲ” ဟု ကောင်းဖန်က ကြင်နာစွာပြောလိုက်သည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ဟာသကောင်းတစ်ခုကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ “ငါ မင်းကို ကူညီမယ် ထင်လား .. အခုတောင် မင်းကိုစားဖို့ ငါမစောင့်နိုင်တော့ဘူး”

“ဒါဆို ငါ့ကိုစားပါ” ကောင်းဖန်က ရုတ်တရက်ပြောလိုက်သည်။ “ငါမထီမဲ့မြင်ပြုခဲ့ဖူးတဲ့ ပုရွက်ဆိတ်တွေထက် မင်းစားတာခံရတာကို ပိုကြိုက်ပါတယ်... တကယ်တော့ မင်းက ဒီကမ္ဘာမှာ ငါ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးပါပဲ”

ပင်လယ်ဝတုတ်ကြီး ထိတ်လန့်သွားသည်။ ဒါ ငါ့ခန္ဓာကိုယ်လေ..

ကောင်းဖန်...မင်း အဲဒါကို ရပ်လိုက်တာ ပိုကောင်းမယ်.. ပင်လယ်ဝတုတ်က သူ့ရဲ့ စိတ်ပင်လယ်ထဲကို စူးစူးရဲရဲ အော်လိုက်သည်။

စိတ်ချ... ငါဘာလုပ်နေတယ်ဆိုတာ ငါသိတယ်.. ကောင်းဖန်က ပင်လယ်ဝတုတ်ကို အခုလောလောဆယ် ဒုက္ခမရောက်အောင် ထိန်းထားဖို့ လိုအပ်နေသည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် ခဏမျှ ငြိမ်သက်သွားပြီးနောက် ၎င်း၏ ကျယ်လောင်သော အသံသည် ဖြည်းညှင်းစွာ ထွက်လာသည်။ “ဒါဆို မင်းပြောတာက မင်းကို ငါက စားတာကို ခံချင်တာလား”

“ငါက မင်းစားတာကိုခံချင်တာပါ”

ပင်လယ်ဝတုတ်ကတော့ ‌သွေးပျက်နေသည်။ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူက ခေါင်းကိုလှည့်လိုက်သည်။ “ဟုတ်တယ်.. မင်းကသာ ငါ့ရဲ့ အစာဖြစ်နိုင်တယ်.. အခြားသားရဲတွေက အရည်အချင်းမပြည့်မီဘူး.. ငါ့အစားအစာကို ဘယ်သူက လုယက်ချင်မှာလဲဆိုတာတော့ ငါသိချင်တယ်”

ထို့နောက် လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူသည် သမုဒ္ဒရာတွင်းနက်ကြီးဆီသို့ ဆက်လျှောက်သွားလိုက်သည်။ “ဒီမှာ ခဏစောင့်.. နောက်ဖေးဥယျာဉ်ကို သန့်ရှင်းရေးလုပ်လိုက်အုံးမယ်.. ငါထွက်သွားတဲ့အခါ အစားအသောက်တွေ အဆင်မပြေမှာစိုးလို့”

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူထွက်သွားသောအခါ ပင်လယ်ဝတုတ်သည် ၎င်း၏ခန္ဓာကိုယ်ကို တစ်ဖန်ပြန်၍ သိမ်းပိုက်သွားသည်။ ဘာပြန်ပြောရမှန်းကို မသိတော့ဘဲ သူ့စိတ်ထဲမှ အတွေးတိုင်းကိုပေါင်းကာ စာကြောင်းတစ်ကြောင်းထဲသာ ပြောနိုင်တော့သည်။ “ကောင်းဖန်... ကောင်းဖန်.. ငါ မင်းကို လျှော့တွက်မိခဲ့တယ်”

ကောင်းဖန်က မျက်လုံးပြူးသွားသည်။ မင်းရဲ့မိသားစုပြဿနာကို မင်းပဲဖန်တီးခဲ့ပြီး မင်းအစားငါရှင်းပေးနေတာလေ..

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူက ပင်လယ်ဝတုတ်ကိုမြင်ပြီး ချက်ချင်းသတ်ပစ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ကျေနပ်အောင်ကြိုးစားပြီး ဆက်ဆံရေးကို ပြန်လည်ရယူဖို့ နည်းလမ်းတစ်ခုခုရှိမရှိကို ဦးစားပေးရှာရမှာ ဖြစ်သည်။ ဒါပေမယ့် ပင်လယ်ဝတုတ်ကို သတ်ဖို့တိုက်ရိုက် မကြိုးစားဘူးဆိုရင်တော့ ပင်လယ်ဝတုတ်အတွက် ခံစားချက်တွေရှိနေဆဲလို့ဆိုလိုသည်။ အချစ်က အမုန်းပွားစေနိုင်သည် မဟုတ်ပါလား။

ငယ်ငယ်ကတည်းက အဖေရဲ့အချစ်ကို ဆုံးရှုံးခဲ့ရတဲ့ ကလေးတစ်ယောက်ဟာ သူ့အဖေကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ သူ့အဖေရဲ့ အချစ်ကို တောင့်တနေမှာပင်။

ပင်လယ်ဝတုတ်သည် ခေါင်းမာပြီး ၎င်း၏ စိတ်ဓာတ်ကို မပြောင်းလဲဘဲ ၎င်း၏ ကိုယ်ရေးကိုယ်တာ အောင်မြင်မှုများအကြောင်းသာ အမြဲပြောခဲ့သည်။ သူသည် မှားမှန်းသိပေမယ့် ဂုဏ်သိက္ခာရှိရှိ ထိန်းထားဖို့ပဲ ကြိုးစားနေသည်။ တကယ်တော့ ကိုယ့်အမှားကို ဝန်ခံပြီး အကြောင်းအရာတွေကို ပြောဖို့က မခက်ပေ။ သူတို့သည် မိသားစုများဖြစ်သည် မဟုတ်ပါလား။

ဆန့်ကျင်ဘက်အနေနဲ့ ကောင်းဖန်အတွက်တော့ ဒီအကြောင်းက အရမ်းရိုးရှင်းသည်။ သူသည် ယောက်ျားတစ်ယောက် ဖြစ်ပြီး အာဏာရှင်တစ်ဦးမဟုတ်ပေ။ အမှန်က အမှန် အမှားက အမှားပင်။ သူမှားသည် ဆိုလျှင် ဝန်ခံမည်။ ရှက်စရာ ဘာမှ မရှိပေ။ မှားမှန်းသိပေမယ့် အလျှော့မပေးနိုင်တော့တာကသာ ပိုဆိုးသည်။

သို့သော် ပင်လယ်ဝတုတ်၏ စရိုက်ကိုပြောင်းလဲရန် တစ်ရက်နှစ်ရက်ထက်ပိုကြာမည်ကို ကောင်းဖန် သိထားသောကြောင့် အချိန်လိုအပ်နေလေသည်။

All Chapters