အခန်း (၇၃၇-၇၄၀)
Vol. 47 Ch. 737-740
အခန်း ၇၃၇ မသေသူအားလုံး မိုင်းတူးကျပါစို့…
၎င်း၏လက်ဖဝါးပေါ်ရှိ ဝင်္ကပါအတွင်းမှ ဖုတ်ကောင်စာခြောက်ရုပ်သည် ဝင်္ကပါထဲတွင် အပြန်ပြန်အလှန်လှန် လျှောက်သွားနေသည်။ ဝင်္ကဘာတစ်ခုလုံးအတွင်း၌ ၎င်းသည် ပုရွက်ဆိတ်ထက်ပင် သေးငယ်နေသေးသည်။
ပင်လယ်ဝတုတ်သည် သူ့လက်ထဲမှ ဝင်္ကပါကို မြှောက်လိုက်သည်။ “ဒီကောင်နဲ့ ငါတို့ဘယ်လိုအပေးအယူလုပ်သင့်လဲ”
သားရဲများသည် အနီးတဝိုက်တွင် စုရုံးလိုက်ကြသည်။
ကောင်းကင်ယံ၌ နေဝင်ချိန် တိမ်နီများသည် မှောင်မိုက်နေသော ကောင်းကင်တွင် ရောင်ပြန်ဟပ်နေသည်။ လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ရုတ်တရက် မျက်လုံးအစုံက ကောင်းကင်ထောင့်တစ်ခုစီကို သိမ်းပိုက်လိုက်သည်။ ဖုတ်ကောင်စာခြောက်ရုပ်သည် သူ့ကိုယ်သူ အရွယ်အစား ကျုံ့သွားကြောင်း သိလိုက်ရပြီး ခဏတာ အေးခဲသွားသည်။
ကောင်းကင်ရှိ အတန်းတစ်တန်းတွင် အဝါရောင်မျက်လုံးအစုံအလင်ရှိပုံရသည်။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ မျက်လုံးတစ်စုံသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး နောက်အခိုက်အတန့်တွင် ကောင်းကင်သည် မည်းမှောင်လာသည်။
ပင်လယ်ဝတုတ်သည် အဆုံးမဲ့ဝင်စားခြင်ဝင်္ကပါကို ဖယ်ထုတ်ပစ်လိုက်သည်။ ဒီကောင်နဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာကတော့ ကောင်းဖန်နှင့် ပြန်ပြီး ဆွေးနွေးရမည်။
ကျွီးယန်က “အချိန်တန်ရင် မင်း ဒီကောင်ကို သေချာပေါက်သတ်ပစ်မယ်လို့ ငါမျှော်လင့်ပါတယ်” ဟု ပြောလိုက်သည်။
ခြေတစ်ချောင်းနွားသိုးက နှိမ့်ချသောလေသံဖြင့် ဝင်ပြောလိုက်သည်။ “ငါသာဆိုရင် နဂါးဘုရင်သားတော်အတွက် လက်စားချေဖို့ သေချာပေါက် သတ်ပစ်လိုက်မှာ... ဒါပေမယ့် မင်းက အရှင်ရအောင် ဖမ်းထားတော့ မင်းဆန္ဒအတိုင်းပဲ ဖြေရှင်းလိုက်ပါ”
“အဲဒါကို မင်းဖမ်းထားတဲ့အတွက် မင်းကိုယ်တိုင်ဖြေရှင်းလိုက်ပါ..” ထာဝရညလင်းတကလည်း ၎င်းကိုကြည့်ပြီးနောက် ၎င်း၏အကြည့်ကို လွှဲလိုက်သည်။
ထို့နောက် နတ်ဆိုးကို မကြည့်တော့ပေ။ ထာဝရညလင်းတက ခေါင်းကိုမော့ပြီး အေးစက်စွာပြောလိုက်သည်။ “ပိုင်ကျဲ့ရဲ့ အလောင်းကိုတော့ ငါ့ဆီ လွှဲပေးပါ.... ငါသွားပြီးတော့ သူ့ဝိညာဉ်ကို ထုတ်ယူပြီး သူ့ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းလိုက်မယ်”
ကျွီးယန်ကအဲလိုမလုပ်ချင်ပေ။ ပိုင်ကျဲ့၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်။ ကျွီးယန်က ဘာကြောင့်ဆိုတာ မပြောနိုင်ပေမယ့် အရင်က မမြင်ဖူးတဲ့ ဒီသူကို မကြိုက်ပေ။ သူ့အကြည့်ကြောင့်လား ဒါမှမဟုတ် လှုပ်ရှားမှုကြောင့်လားဆိုတာတော့ သူကိုယ်တိုင် မသိပေ။
ပိုင်ကျဲ့၏ဝိညာဉ်သည် လေထဲမှာရပ်နေသည်။ မီးခိုးရောင် ဝိညာဉ်က သူ့မျက်နှာတစ်ခုလုံးကို ပုံဖော်ထားသည်။ လေတိုက်သောအခါ ပိုင်ကျဲ့၏ ဝိညာဉ်သည် အနည်းငယ် တုန်ယင်သွားသည်။
“စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က အချိန်အကြာကြီး ကွဲကွာနေရင် သူမရဲ့အခြေခံကို ဆိုးဆိုးဝါးဝါး ထိခိုက်သွားပြီး နတ်ဘုရားအဆင့် ရောက်ဖို့ ခက်သွားလိမ့်မယ်.. အခုအချိန်မှာတောင် ငါတို့ အချိန်တော်တော်လေး ဖြုန်းတီးနေပြီ” ဟု ထာဝရညလင်းတက ဆက်ပြောလိုက်သည်။
ကျွီးယန်က ခေါင်းညိမ့်လိုက်သည်။ ပိုင်ကျဲ့က သူ့လက်နှစ်ဖက်ကို ကြည့်ပြီး ခဏလောက် ငြိမ်နေလိုက်သည်။ ထို့နောက် ပိုင်ကျဲ့၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာချလိုက်သည်။ ထာဝရညလင်းတသည် ၎င်း၏အတောင်ပံများကိုသိမ်းပြီး အဝေးသို့ရောက်ရှိနိုင်သည့် အနက်ရောင်သက်တံအဖြစ်သို့ ပြောင်းလဲသွားသည်။ ပိုင်ကျဲ့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည်လည်း နေရာမှ ပျောက်ကွယ်သွားသည်။
ကျွီးယန်သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ၎င်း၏လက်ကို ထောက်ထားသည်။ သူသည် အလွန် စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားနေရသည်။
ခြေတစ်ချောင်းနွားသိုးသည် ၎င်း၏ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက်မထွက်ခွာသွားမီ ပင်လယ်ဝတုတ်ကို ခေါင်းညိတ်ပြလိုက်သည်။
အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ အသံများသည် စုရုံးနေသော လူအုပ်ကို ထိတ်လန့်သွားစေသည်။ သူတို့သည် အဝေးတွင် ရပ်ကာ အဖြစ်အပျက်များကို ကြည့်နေကြသည်။ တိုက်ပွဲများစွာကို ကြုံဖူးကြသော်လည်း ဤမျှကြီးမားသောတိုက်ပွဲကို မမြင်ဖူးကြပေ။
အစောပိုင်းတိုက်ပွဲရဲ့ နောက်ဆက်တွဲရလဒ်က တကယ့်ကို ပြင်းထန်လွန်းသည်။ ယင်းသည် နတ်ဘုရားတစ်ပိုင်းအဆင့်တွင် အကြီးကျယ်ဆုံးတိုက်ပွဲကို ကိုယ်စားပြုနေသည်ကို သူတို့သက်သေခံနိုင်ပေမည်။
အဆင့် ၁၀၀ ဒဏ္ဍာရီလာအဆင့် နှစ်ခါရှင်သန်သူနတ်ဆိုး၊ နတ်ဘုရားပစ္စည်းတစ်ခုကိုင်ဆောင်သည့် အဆင့် ၉၉ ထာဝရအဆင့် ထာဝရညလင်းတနှင့် နတ်ဘုရားပစ္စည်း သုံးခုကို ထိန်းချုပ်ထားသည့် နတ်ဘုရားတစ်မှ ပြန်ဝင်စားသည့် နတ်ဘုရားတစ်ပိုင်းအဆင့် တို့၏ တိုက်ပွဲဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် အချို့အဆင့်မြင့် နတ်ဘုရားတစ်ပိုင်းများသည်လည်း တိုက်ပွဲတွင် ပါဝင်ခဲ့သည်။
ကောင်းဖန်သည် ဂိုဒီကို ဆင့်ခေါ်လိုက်သည်။ ဂိုဒီထွက်လာချိန်မှာတော့ တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသည်။ “အဲဒီ ဖုတ်ကောင်စာခြောက်ရုပ်ဘယ်မှာလဲ”
ပင်လယ်ဝတုတ်သည် အဆုံးမဲ့ဝင်စားခြင်းဝင်္ကပါကို ထုတ်ယူလိုက်သည်။ ဖုတ်ကောင်စာခြောက်ရုပ်သည် ဝင်္ကပါမှ ထွက်ပေါက်ကို ရှာဖွေရန် ကြိုးစားနေသည်။ ၎င်း၏ဦးခေါင်းထက်ရှိ မျက်နှာများကို မြင်သောအခါတွင်တော့ ၎င်းသည် ခေတ္တရပ်သွားပြီး ၎င်းတို့အား လျစ်လျူရှုလိုက်သည်။
ဒါကိုမြင်တော့ ဂိုဒီကဝမ်းသာသွားသည်။ ဒီကောင်က ဘယ်လိုဖြစ်ပြီး သေးသေးလေး ဖြစ်သွားတာလဲ... သူ့လက်ချောင်းတွေနဲ့ ထိုးချင်ပေမယ့် ပင်လယ်ဝတုတ်က တားလိုက်သည်။
“အစကတည်းက ဝင်္ကပါက ပျက်စီးနေတာ... မင်း ဖျက်ဆီးပစ်လိုက်ရင် ငါတို့ဒုက္ခရောက်လိမ့်မယ်” ပင်လယ်ဝတုတ်က ဂိုဒီကို သတိပေးလိုက်သည်။
“အိုး...” ဂိုဒီက လက်ညှိုးကို ပြန်ဆွဲလိုက်သည်။ ထို့နောက် “ဒါဆို ငါမထိတော့ဘူး” ဟု ပြောပြီး သူ့တင်ပါးကို ကုတ်လိုက်သည်။
“ကောင်းဖန်အတွက်လည်း နတ်ဘုရားပစ္စည်းတစ်ခုရစေချင်တယ်” ဂိုဒီက တိုးတိုးလေးရေရွတ်လိုက်သည်။ ထို့နောက် ခေါင်းကို လှည့်ကာ “ငါ့အလုပ်သမားတွေ ဘာလို့ လဲသွားတာလဲ” ဟု မေးလိုက်သည်။
“အိုး.. သေခြင်းလေဆင်နှာမောင်း ရောက်လာတဲ့ အချိန်မှာ သူတို့ကို ငါတို့ မကာကွယ်နိုင်လိုက်နိုင်ဘူး” ပင်လယ်ဝတုတ်က ဝန်ခံလိုက်သည်။
နတ်ဆိုးအမြောက်အမြားသည် ၎င်းတို့နောက်မှ တောင်ကုန်း၏အတက်အဆင်းတွင် လဲနေကြသည်။ ဒီနတ်ဆိုးတွေရဲ့ အလောင်းတွေကိုကြည့်ရတာတော့ သူတို့အသက်ဆုံးရှုံးသွားပြီဖြစ်သည်။ သူတို့ရဲ့ အလောင်းတွေက မပျက်မစီးဘဲ အိပ်ပျော်နေပုံတော့ ပေါ်သည်။
“ကြည့်စရာ မလိုတော့ဘူး... သူတို့ရဲ့ ဝိညာဉ်တွေကို သေခြင်းတရားက ယူဆောင်သွားပြီ... ” ပင်လယ်ဝတုတ်က ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။
တိုက်ပွဲများစွာကြုံဖူးသော ပင်လယ်ဝတုတ်သည် သေခြင်းတရားအတွေ့အကြုံများရှိသည်။ ဤသည်မှာ အချိန်ပညတ်ချက်နှင့် အဆင့်တူတွင်ရှိသော အလွန်အဆင့်မြင့်သည့် ပညတ်ချက်ဖြစ်သည်။ သို့သော် ၎င်း၏မြင့်မားသောအဆင့်ကြောင့် ၎င်းအတွက် ကန့်သတ်ချက်များအမျိုးမျိုးရှိသည်။
ဆီလီ၏ နေရာလွတ်ပညတ်ချက်ကဲ့သို့ပင် ၎င်းသည် အစပိုင်းတွင် အားနည်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပို၍ ကြောက်စရာကောင်းလာသည်။
“ကောင်းပါပြီ” ဂိုဒီသည် မြေပြင်ပေါ်မှ ထရပ်လိုက်သည်။ ငါ့မှာ အလုပ်သမားမရှိတော့တဲ့အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်...
“ဒါဆို ဘယ်သူက မိုင်းတူးမှာလဲ” ဂိုဒီကခေါင်းကို ကုတ်လိုက်သည်။
ကောင်းဖန်၊ ပင်လယ်ဝတုတ်၊ ခြင်္သေ့ဖြူ၊ တာ့ဇီ၊ ဆီလီ၊ အလင်းလှိုင်း၊ ကြွက်၊ နဂါးပုရွက်ဆိတ်၊ ရှောင်ကောနှင့် စက္ကူဖြူတို့သည် တညီတညွတ်တည်း မျက်နှာလွှဲလိုက်ကြသည်။ ဂိုဒီ၏ နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။ သို့သော် ဂိုဒီသည် တောင်ထိပ်တွင် ထိုင်ပြီး ဂုံးဖြူးလေးကို အစာကျွေးနေသည့် ဒန်ဘီကိုမြင်သောအခါ အနည်းငယ်စိတ်သက်သာရာရသွားသည်။
ဒန်ဘီသည် အကောင်းဆုံးဖြစ်သည်။
ဂုံးဖြူလေးသည် သလင်းကျောက်များကို မျိုချလိုက်ပြီး ၎င်း၏ အခွံကို ကျေနပ်စွာ ပိတ်လိုက်သည်။ ဒန်ဘီသည် ဂုံးဖြူလေးကို ၎င်း၏ ဘယ်လက်ဖြင့် ဂရုတစိုက် ဆုပ်ကိုင်ထားပြီး မတ်တပ်ရပ်လိုက်လိုက်သည်။ ၎င်းသည် လက်အောက်ခံနတ်ဆိုးများကို အမိန့်ပေးလိုက်သည်။
ဖုတ်ကောင်များ... ထကြလော့... သူ့ညာဘက်လက်ကို မြှောက်ထားလိုက်သည်။ မသေသူများ၏ ကျယ်လောင်စူးရှသော အော်ဟစ်သံများသည် နေရာအမျိုးမျိုးမှ ပဲ့တင်ထပ်နေသည်။
မသေသူအရိုးစုများ၏မျက်လုံးအိမ်များသည် မသေနိုင်သောမီးလျှံဖြင့် လောင်ကျွမ်းသွားသည်။ မိုင်တစ်ရာအကွာအဝေးအတွင်းရှိ မြေအားလုံးသည် မသေသူများနယ်မြေအဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။
အဝေးမှကြည့်နေသော လူအုပ်ကြီးက တိတ်တဆိတ် ငေးမောနေကြသည်။ ဒါက ဘာလဲ....
“ကျွန်တော်တို့ကို အမိန့်ပေးပါ...သခင်...အင်အားကြီးရန်သူအားလုံးကို ချေမှုန်းပစ်ပါ” မရေမတွက်နိုင်သော မသေသူများသည် ဒေါသတကြီး အော်ဟစ်နေသည်။ “သတ်ပစ်... သတ်ပစ်... အသက်ရှင်ကျန်ရစ်သူအားလုံးကို ဖယ်ရှားပစ်ပါ”
သခင်က တိတ်ဆိတ်နေသောအခါ ဖုတ်ကောင်တစ်ကောင်က “တိတ်ကြ” ဟု ကျယ်လောင်စွာ အော်လိုက်သည်။
ခဏအကြာတွင် ဒန်ဘီ၏ စူးစူးရှရှ အသံသည် တောင်ထိပ်မှ ထွက်လာသည်။ “မသေသူအပေါင်းတို့..ငါ့အမိန့်ကို နားထောင်ကြ... အခုချက်ချင်း မိုင်းတူးပါ... တူးထားတဲ့ မြေအားလုံးကို သတ်မှတ်ထားတဲ့ နေရာတွေဆီ ပို့ပေးပါ..”
အားလုံး ခဏမျှ တိတ်ဆိတ်သွားသည်။ တစ်စုံတစ်ယောက်သည် ခေါင်းပေါ်မှ ရေအေးပုံးတစ်ပုံးကို လောင်းချပြီး ၎င်းတို့၏ ပူလောင်စေသော စိတ်လှုပ်ရှားမှုကို အပြည့်အဝ ငြိမ်းသတ်လိုက်သလိုပင်။ နောက်ဆုံးတော့ မိုင်းတွင်းတူးရန် လူအုပ်ကြီးသည် နာနာခံခံသွားလိုက်ကြသည်။
“ဒီကောင်ကို ငါတို့ ဘာလုပ်ရမှာလဲ” ကောင်းဖန်နှင့် သားရဲတစ်တစ်အုပ်သည် စုဝေးပြီး ဘေစင်အရွယ်အစားအထိ ကျုံ့သွားသော အဆုံးမဲ့ လူဝင်စားခြင်းဝင်္ကပါကို ကြည့်နေပြီး ထွက်ပေါက်ကို ရှာဖွေနေသည့် ဖုတ်ကောင်စာခြောက်ရုပ်ကို ကြည့်လိုက်ကြသည်။ ဖုတ်ကောက်စားခြောက်ရုပ်သည် အကြိမ်ပေါင်းများစွာ လှည့်ပတ်နေပြီဖြစ်သည်။
ဖုတ်ကောင်စာခြောက်ရုပ်သည် ၎င်း၏ ဦးခေါင်းထိပ်ရှိ အကြည့်များကို သတိထားမိလိုက်သည်။ ပတ်ဝန်းကျင်က ရောင်ဝါက ပိုလို့တောင် မှုန်ဝါးလာသည်။ ကြည့်စမ်း... ကြည့်စမ်း.. မင်းဘာကိုကြည့်နေတာလဲ... ခဏစောင့်.. ငါထွက်သွားတာနဲ့ မင်းတို့အားလုံးကို သတ်ပစ်မယ်...
“... ငြိမ်သွားပြီလား” ခြင်္သေ့ဖြူက မဝံ့မရဲ မေးလိုက်သည်။
“ဒါက နတ်ဆိုးနတ်ဘုရားရဲ့ နှစ်ခါရှင်သန်သူပဲ... ငါတို့ ချုပ်ထားတာတောင် တစ်ခုခု မှားသွားနိုင်မယ့် အလားအလာ အရမ်းများတယ်..” ပင်လယ်ဝတုတ်သည် ခေါင်းယမ်းလိုက်သည်။
“တော်တော် အစွမ်းထက်တယ်” ဒန်ဘီက ခေါင်းညိတ်ရင်း စိတ်ထက်သန်စွာ မှတ်ချက်ချလိုက်သည်။
သားရဲအုပ်စုက စတင်ငြင်းခုံနေကြသည်။
“ငါ့ရဲ့စိတ်ဝိဉာဉ်က သူနဲ့ စာချုပ်ကို လက်မှတ်ထိုးနိုင်လောက်အောင် မသန်မာဘူး” ဟု ကောင်းဖန်က ပြတ်ပြတ်သားသားပြောလိုက်သည်။
“အို… စာချုပ်မှာ လက်မှတ်မထိုးနိုင်ရင် ဘာလို့ ဒါကို ဆွေးနွေးနေရသေးလဲ.. ဒါက အချိန်ဖြုန်းတာပဲ.. ငါတို့ အဲဒါကို သတ်ပြီး ပြိုကွဲသွားအောင် လုပ်သင့်တယ်” ဟု ပင်လယ်ဝတုတ်က အရဲစွန့်ပြောလိုက်သည်။
“ပြဿနာက ဘယ်လိုသတ်ရမလဲ” ကောင်းဖန်သည် ပင်လယ်ဝတုတ်ကို ကြည့်လိုက်သည်။
အဆုံးမဲ့ဝင်စားခြင်းဝင်္ကပါနှင့် တံဆိပ်ခတ်ခံထားရသော်လည်း ဝင်္ကပါ၏စွမ်းအားတစ်ခုတည်းက ၎င်းကိုဖျက်ဆီးရန် မလုံလောက်ပေ။ သူ့ကို သတ်ချင်ရင် လွှတ်လိုက်တာ ဒါမှမဟုတ် သားရဲကဝင်ပြီး ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
အခု သူတို့မှာ ဒါက ပြသနာဖြစ်နေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၃၈ ပြန်လည်မွေးဖွားခြင်း
“ဘာသဘောလဲ.. ငါ့ရဲ့နတ်ဘုရားပစ္စည်းကို ဆက်သိမ်းပိုက်ထားမယ့်သဘောလား” ပင်လယ်ဝတုတ်က မေးလိုက်သည်။
“ဒီအတိုင်းပဲ ဖြစ်ရမယ်ထင်တယ်” ကောင်းဖန်လည်း မတက်နိုင်ပေ။ “မင်းဝင်ပြီးမသတ်ချင်ဘူးလား”
ပင်လယ်ဝတုတ်သည် နှစ်စက္ကန့်ကြာမျှ တုံ့ဆိုင်းသွားသည်။ “ကောင်းပါပြီ.. နတ်ဘုရားပစ္စည်းတစ်ခုလျော့သွားတာက ငါ့ရဲ့စွမ်းဆောင်နိုင်ရည်တွေကို လုံးဝမထိခိုက်စေပါဘူး”
ဖြောင့်မတ်သောပင်လယ်ဝတုတ်သည် ခေါင်းယမ်းကာ အဝေးသို့ ခုန်ဆင်းသွားသည်။
ကောင်းဖန်သည် ဝင်္ကပါကို ကောင်ယူလိုက်ပြီး ကြွက်၏ သယ်ဆောင်ရလွယ်ကူသော နေရာလွတ်တွင် ထည့်ထားလိုက်သည်။ ထိုအခါ ကြွက်၏ ရောင်ဝါသည် ကြီးမားလာသည်။ ၎င်းသည် ၎င်း၏အမြန်နှုန်းကို စမ်းသပ်ကြည့်ရာ လွန်စွာတိုးတက်လာကြောင်း တွေ့ရှိရသည်။
ဖုတ်ကောင်များသည် မကုန်ခမ်းနိုင်ပေ။ သူတို့သည် အဆုံးမရှိသော တိုက်ပွဲကို ဆင်နွှဲနိုင်သည်။ သဘာဝအားဖြင့် ယခုတွင်လည်း ၎င်းတို့သည် အဆုံးမရှိသော အလုပ်များကို လုပ်ဆောင်နိုင်ပြီဖြစ်သည်။
“ဖုတ်ကောင်တွေက အရမ်းတော်တယ်” တာ့ဇီက “သူတို့ လုံးဝမပင်ပန်ဘူး” ဟု ချီးကျူးစကားဆိုလိုက်သည်။=
ဂိုဒီသည်အနည်းငယ် စိတ်တိုသွားသည်။ သူသည် အလုပ်သမားခေါင်းဆောင် မဟုတ်တော့ပေ။ အမိန့်ပေးနိုင်သည့် အလုပ်သမားများမရှိလျှင် ကောင်းဖန်ထံမှ လုပ်အားခ ယွမ် ၃၀၀၀ ကို မစုဆောင်းနိုင်တော့ပေ။
ကောင်းဖန်က သူ့အတွက် တစ်နေ့လုပ်အားခ ယွမ် ၂၀၀၀ ပေးရင်တောင်မှ ဂိုဒီသည် မိုင်းတူးရာမှာပါဝင်ပြီး အောက်တန်းကျတဲ့ တစ်ခုခုကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပေ။
ငါ ဂိုဒီက ပိုက်ဆံသက်သက်နဲ့ ဘယ်တော့မှ အရှုံးမပေဘူး.... ပြီးတော့ ကောင်းဖန်....မင်း ငါ့ကို ပိုက်ဆံနဲ့ စော်ကားဖို့ မစဉ်းစားနဲ့..
ယောက်ျားစစ်စစ်က ပေးကမ်းစွန့်ကျဲတဲ့ ပိုက်ဆံကို မယူဘူးကွ..
“တစ်ယောက်ယောက် ငါ့ကျောကို လာနှိပ်ပေး... ငါ ယွမ် ၂၀၀၀၀ ပေးမယ်” ကောင်းဖန်၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။
“အင်း… ငါလာခဲ့မယ်... ကောင်းဖန်” ဂိုဒီသည် ခေါင်းကို မြှောက်ကာ ရွှင်မြူးသော အမူအရာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကောင်းဖန်... ဒီအားလောက်က ဘယ်လိုလဲ .. အဆင်ပြေလား.. အကြံဥာဏ်နည်းနည်းပေးချင်လား”
…
နှစ်ရက်အကြာတွင် လူအချို့က ကောင်းဖန်ကိုလိုက်ရှာကြသော်လည်း မည်သူမျှ သူ့မျက်နှာကို မတွေ့ရပေ။ အကြိမ်တိုင်း လူအားလုံးကို ကြွက်သားနှင့် ဘဲတစ်ကောင်က တံခါးဝမှတင် တားလျက်ရှိသည်။
“မင်းကဘာကိုတွေ့ချင်တာလဲ.. မင်းထပ်ပြီး ခိုးဝင်ရင် မင်းရဲ့အမွေးအားလုံးကို ငါနှုတ်ပစ်မယ်” ဂိုဒီသည် ကျောက်တုံးပေါ်တွင် ညာခြေကိုတင်ကာ ရှေ့မှလူအား ကြမ်းတမ်းစွာပြောလိုက်သည်။
“အရှင့်သား.. ဒါက ယုတ္တိမရှိဘူး... သူ့ ဘဲကတောင် စိတ်ကြီးဝင်နေတာ” သားရဲလေ့ကျင့်သူ၏ အမူအရာ ပြောင်းသွားသည်။ ဒီ ကောင်းဖန်က မိုက်ရိုင်းလွန်းတယ်.. အရှင့်သားကိုယ်တိုင် သုံးကြိမ်လာပေမဲ့ ကောင်းဖန်နှင့် တစ်ကြိမ်မျှ မတွေ့ရသေးပေ။
၎င်းသည် ထိပ်တန်းအင်ပါယာလေးခုအနက်မှ တစ်ခုဖြစ်သည့် ရှန့်ထော်အင်ပါယာ၏ ဒုတိယမင်းသားဖြစ်သည်။
“ကောင်းပြီ” ဒုတိယမင်းသားက ဂိုဒီကို အကြာကြီးကြည့်လိုက်သည်။ “ကောင်းပါပြီ မနက်ဖြန်မှ ထပ်လာခဲ့ပါမယ်.. ကျေးဇူးပြုပြီး မင်းရဲ့သခင်ကို အသိပေးပေးပါ”
ဂိုဒီသည် စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “မလိုပါဘူး.. ကောင်းဖန်က အပြင်လူကို တွေ့ချင်မှာ မဟုတ်ဘူး”
ဒုတိယမင်းသား အချက်ပြလိုက်သောအခါ သူ့နောက်မှာ လူတစ်ယောက် တက်လာပြီး ဂိုဒီကို တစ်စုံတစ်ခုကို တိတ်တဆိတ် ပေးလိုက်သည်။
သူတို့ ထွက်သွားပြီးနောက် ဂိုဒီသည် ပစ္စည်းကို မထုတ်မီ မည်သူမျှ သတိမထားမိကြောင်း သေချာအောင် ဘေး ဘယ်ညာ ကြည့်လိုက်သည်။ ထိုအရာက သစ်သားသေတ္တာတစ်ခုပင်။ သေတ္တာထဲတွင် အမာခံသလင်းကျောက်များစွာပါရှိပြီး ၎င်းတို့၏ ရောင်ဝါများမှာ အရှင်သခင်အဆင့်နှင့် သူတော်စင်အဆင့်တို့ဖြစ်သည်။
ဂိုဒီမျက်လုံးပြူးသွားသည်။ ထိုအရာများသည် တန်ဖိုးမရှိသော အမှိုက်များသာဖြစ်သည်။
ကောင်းဖန်က ဒါတွေကို တစ်လုံး ယွမ် ၉၀၀ လောက်နဲ့တောင် ဝယ်နေတာ.. ငါ့ရဲ့ တစ်နေ့လုပ်အားခတောင်မရှိဘူး...
တုံးလိုက်တာ...
ဟမ်…
ဂိုဒီသည် ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်သည်။ ဘာကြောင့် ရုတ်တရက် အဆင်မပြေဖြစ်သွားတာလဲ...
အရှေ့ဘက်ကို မော့ကြည့်လိုက်သောအခါ နေဝင်ချိန်သည် သွေးတွေလို နီရဲနေသည်။
ကြေးနီရောင် ချော်ရည်များမှ တောက်လောင်နေသော မီးတောက်များသည်စီးဆင်းလာသည်။ တဟုန်းဟုန်းတောက်နေသော ချော်ရည်များသည် မီးတောင်၏နံရံများဆီသို့ လိမ့်ကာ အပူလှိုင်းများ တိုးလာသည်။
ချော်ရည်အများအပြားသည် မီးတောင်ဝအစွန်းတွင် စုရုံးနေသည်။
သူတို့အားလုံးသည် ပိဖန်များဖြစ်သည်။ သို့သော် ဒီပိဖန်များအားလုံးသည် အရွယ်အစားကြီးမားကြသည်။ အရှည်ဆုံးမှာ မီတာ ၅၀ နှင့် အတိုဆုံးမှာ အနည်းဆုံး မီတာ ၃၀ ရှိသည်။ ၎င်းတို့အားလုံးသည် ပီဖန်မျိုးနွယ်စု၏သားရဲများဖြစ်ပြီး ၎င်းတို့အားလုံးသည် ရှေးဟောင်းမျိုးနွယ် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ပိဖန်သည် မီးတောင်အစွန်းတစ်ဝိုက်တွင် စုပြုံနေပြီး အောက်ဘက်ရှိ ချော်ရည်ပူများကို စိတ်အားထက်သန်စွာ လေ့လာနေသည်။
ဤမီးတောင်သည် ယခင်ခေတ်က ပိုင်ဟဲ့ ရေကန်ကဲ့သို့ အလွန်ကြီးမားသည်။
မီးတောင်ထိပ်ကနေ ငုံ့ကြည့်လိုက်သောအခါ ၎င်းသည်ရွှေပင်လယ်ကြီးလို ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် ပင်လယ်သည် ပွက်ပွက်ဆူလာပြီး ရွှေပင်လယ်ကြီးသည် ရောင်ခြည်များဖြာထွက်နေသည်။
ရောင်ခြည်သည် ထူထပ်ပြီး နီရဲနေသည်။
ပင်လယ်သည် အသက်တစ်ခုကိုမွေးဖွားနိုင်သည်။ ချော်ရည်ပင်လယ်သည်လည်း ထူးခြားသော အသက်တစ်ခုကို မွေးဖွားပေးနိုင်သည်။
မီးပွားများသည် ချော်ရည်မျက်နှာပြင်မှ လွင့်ပျံလာပြီး လေထဲတွင် ပျံဝဲနေသည်။ ဆန်စေ့အရွယ် ကြေးနီရောင် အစက်အပြောက်များသည် ကြည်လင်ပြတ်သားလှသည်။ ဤအခိုက်အတန့်တွင် ကမ္ဘာကြီးသည် ဇောက်ထိုးကျနေသကဲ့သို့ဖြစ်ပြီး ချော်ရည်ပင်လယ်ပြင်မှာ ကောင်းကင်သို့ ကြွတက်သွားသည်။
ထို့နောက် ကောင်းကင်ဘုံ၌ နဂါးကြီးအဖြစ် ပေါင်းစည်းသွားကြသည်။ ချော်ရည်များသည် အောင်ပွဲခံနေကာ အပူလှိုင်းများက ရွှင်မြူးနေပြီး မီးတောက်များက ကခုန်နေကြသည်။
“ဖြစ်နိုင်ပါ့မလား….” ပိဖန်သည် မျက်လုံးများ ပူလောင်နေပြီး အသံက တုန်ယင်နေသည်။
“သူမ အောင်မြင်မှာပါ” မီတာ ၅၀ မြင့်သော တောင်တန်းအရွယ် ပိဖန်ကြီးသည် ပီဖန်အုပ်ကြားတွင် ပေါ်လွင်နေသည်။ ၎င်း၏ ချွန်ထက်သော ပါးရိုးများသည် သူ့မျက်နှာမှ ထွက်ကာ ၎င်း၏ မျက်လုံးများက ထက်မြက်သော အကြည့်များ ရှိနေသည်။
အပူလှိုင်းတွေက လေထုကို ပုံပျက်စေသည်။ အောက်ဘက်ရှိ ချော်ရည်ပင်လယ်သည် အလင်းယိုင်နေသော နေရာကို ရွေ့လျားသွားပုံရသည်။
“ဟားဟားဟား” ဟု စိတ်လှုပ်ရှားနေသော ပိဖန်သည် အော်ဟစ်ကာ အတောင်ပံများကို ဖြန့်ပြီး ကောင်းကင်ပေါ်သို့ တက်ကာ လေထဲ၌ စိတ်လှုပ်ရှားစွာ ကခုန်နေသည်။
အခြားပိဖန်များသည် ဝင့်ကြွားခြင်းမရှိသော်လည်း အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
မီးတောင်ရှိရောင်ဝါသည် ပိုမို အားကောင်းလာသည်။ ကွဲလွဲချက်များသည် လေထဲတွင် အဆက်မပြတ်ပေါ်လာသည်။
တောင်ဘက်စွန်းတွင် အနီရောင် အမွေးများသည် ရေတံခွန်ကဲ့သို့ တွဲကျနေသည်။
တစ်ခုခုကို အာရုံခံလိုက်သလိုပင် အနီရောင် ကြယ်နှစ်စင်းက ရေတံခွန်ရဲ့ အရင်းအမြစ်မှာ ထွန်းလင်းတောက်ပနေသည်။ ကြယ်များအထက်တွင် ကီလိုမီတာသန်းပေါင်းများစွာကို ထိုးဖောက်ထားသည့် အနီရောင် အစွန်းနှစ်ချောင်းကို ပစ်လွှတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် မီးတောင်ထိပ်မှ သွေးများ နီရဲလာကာ အမွေးအတောင်များ ထွက်လာသည်။
အမွေးများ မီးတောင်ထဲသို့ ပြုတ်ကျသည့်အခိုက်တွင် မီးတောင်တစ်ခုလုံး လောင်ကျွမ်းသွားသည်။
ဝုန်း....
မီးတောင်မှ ကောင်းကင်သို့ အနီရောင် တိုင်တစ်တိုင် ပစ်လွှတ်လိုက်သည်။ တိမ်များသည် အနီရောင်ဆေးဆိုးထားသလို ဖြစ်နေပြီး ရိုက်ခတ်သည့်နေရာမှ လှိုင်းလုံးများ ပျံ့နှံ့သွားသည်။
စူးရှသော အော်ဟစ်သံသည် တစ်ပြည်လုံး ပဲ့တင်ထပ်သွားသည်။
အစိမ်းရောင်နှင့် အနီရောင်သဏ္ဌာန်သည် မီးတောင်မှ ပျံထွက်သွားပြီး အတောင်ပံများ ဖြန့်ကျက်ကာ လှပလှသည်။
ပုံသဏ္ဌာန်သည် အရှည် ၁၀ မီတာနီးပါးရှိသည်။ အတောင်ပံများဖြန့်ကာ မီးတောက်များ တောက်လောင်လာသည်။
၎င်း၏ အစိမ်းရောင် အမွေးများတွင် ဘဲဥပုံ သွေးနှင့်တူသော အနီရောင် အစက်အပြောက်များရှိပြီး၊ နှုတ်သီးသည် လှံရှည်ကဲ့သို့ဖြစ်သည်။ ၎င်း၏ ခြေထောက်တစ်ဖက်ကို ၎င်း၏ဗိုက်အောက်ရှိ အမွေးများထဲသို့ ဆွဲသွင်းလိုက်သည်။
ငှက်ကြီးသည် အောက်ကိုငုံ့ကြည့်လိုက်သည်။ ပေါက်ကွဲခါနီး မီးတောင်သည် ချက်ချင်းငြိမ်သက်သွားသည်။
ချော်ရည်ပင်လယ်၏မျက်နှာပြင်သည် မှန်တစ်ချပ်အဖြစ် ချောမွေ့လာပြီး ကောင်းကင်၌ ဧရာမငှက်ကြီး၏ပုံသဏ္ဍာန်ကို ထင်ဟပ်နိုင်လောက်အောင် ပြန့်ပြူးသွားသည်။
“သူက အဲဒါကို ပေးခဲ့တယ်.... ဒီမျိုးဆက်... ငါတို့ ပိဖန်က အဲဒါကို ရအောင်ကြိုးစားရမယ်”
“ဟုတ်တယ် ငါတို့မျိုးနွယ်စုတစ်ခုလုံး ပျက်သွားရင်တောင်မှပဲ”
အောက်တွင် ပိဖန်များသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
ကောင်းကင်က ငှက်ကြီးကတော့ လှည့်ပတ်ကြည့်နေသည်။ လေထုထဲက ရနံ့က သူမကို စွဲဆောင်သွားပြီး သူမရဲ့ ခန္ဓာကိုယ်က စွမ်းအားတွေ ပြည့်နှက်နေပေမယ့် သူမကတော့ ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်သည်။
သူမသည် တစ်ချိန်ကတော့ မီးတောင်အောက်ခြေတွင် အကြိမ်ပေါင်းများစွာ သေဆုံးလုနီးပါးဖြစ်ခဲ့နေသည်ကို မည်သူမျှ မသိခဲ့ကြပေ။ သူမသည် နာကျင်လွန်းလို့ ဘဝကိုအဆုံးသတ်ချင်ခဲ့သည်။ အခုတော့ အဆုံးထိ တကယ်လုပ်နိုင်ခဲ့တာကို သူမကိုယ်တိုင်တောင် အံ့သြမိသည်။
“ကောင်းဖန်.. နင်ဘယ်မှာလဲ...”
“ငတုံး ကတုံးကောင်... ငါနင့်ကိုလွမ်းတယ်....”
***
သားရဲလေ့ကျင့်သူ
အခန်း ၇၃၉ အကျိုးအမြတ်များကို ခွဲဝေပေးခြင်း
ချိုင့်ဝှမ်းတွင် ပိဖန်အကြီးအကဲများသည် ကြင်နာသောမျက်လုံးများဖြင့် ပိုးကောင်များကို စားနေသော ဖလိန်မီကို ငုံ့ကြည့်နေကြသည်။
“များများစားလေ... များများစားလေ ကြီးထွားနှုန်းမြန်လေလေ”
“စားချင်စိတ်က ကောင်းချီးတစ်ခုပဲ”
“ဒီကလေးက ငတ်နေတာ သိသာပါတယ်... သူဘယ်လောက်ပိန်လဲကြည့်” ဟု အသက်ကြီးသော အမျိုးသမီး ပိဖန်က ညင်သာစွာပြောလိုက်သည်။
“ဒီကလေးက အချိန်တိုင်း ခရီးထွက်နေရတာ.. ဒုက္ခပေါင်းများစွာကိုတော့ ခံနိုင်ရည်ရှိရမယ်...”
၃ မီတာမြင့်သော သန်မာသည့် ပိဖန်လေးတစ်ကောင်သည် မီးသလင်းပိုးကောင်းတောင်ကိုမြင်ရသဖြင့် သွားရည်များ စိမ့်ထွက်လာသည်။ “ညီမလေး... မင်းငါ့ကို မျှဝေပေးလို့ရမလား နည်းနည်းလေးပဲ..”
ပိဖန်က တိုးတိုးလေးပြောလ်ိုက်သည်။
“လူဆိုးကလေး.. မင်းကိုဘာမှမပေးတော့ဘူး.. မင်းအလုပ်က စားတာတစ်ခုထဲလား.. မင်းဘယ်လောက်ဝနေတယ်ဆိုတာ မင်းမမြင်ဘူးလား.. သွားသာလေ့ကျင့်စမ်းပါ...”
“ဒီနေ့အတွက်သတ်မှတ်ထားတဲ့ အတန်းကို မင်းတက်ပြီးပြီလား” ပိဖန်က မေးလိုက်သည်။
ပိဖန်ကြီးသည် ၎င်း၏တောင်ပံကို ပွတ်တိုက်လိုက်ပြီး ပိဖန်လေးကို အမှိုက်တစ်စလို မီတာဆယ်နှင့်ချီ၍ ဘေးဘက်သို့ တွန်းပို့လိုက်သည်။
ငတုံးပိဖန်လေးသည် စိတ်ရှုပ်စွာ မတ်တပ်ထရပ်လိုက်ပြီး ၎င်း၏ ဝိုင်းနေသာဗိုက်ကလေးကို ငုံကြည့်ပြီး ဖလိန်မီ၏ ဖောင်းကားနေသော ဗိုက်ကို ကြည့်လိုက်သည်။ “မင်းဘာလို့အရမ်းစိတ်ညစ်နေရတာလဲ”
“ကလေးလေး.. ငါတို့ကို အစွမ်းကုန် မီးနဲ့ မှုတ်ကြည့်လိုက်စမ်းပါ” ဟု ပိဖန်အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
ဖလိန်မီသည် ချီတုံချတုံဖြစ်နေပြီး သူ့ကို မထိခိုက်စေလိုပေ။
“စိတ်မပူပါနဲ့ မင်းကငါ့ကို မထိခိုက်စေနိုင်ပါဘူး ကလေးလေးရယ်” ပိဖန်အကြီးအကဲက ရယ်မောလိုက်သည်။ “လာပါ... နောက်ဆုတ်နေစရာ မလိုပါဘူး.. အခု မင်းဘယ်အဆင့်ရောက်နေလဲ ကြည့်ရအောင်”
ဖလိန်မီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး အတောင်ပံတွေကို ခတ်လိုက်သည်။ ခရမ်းရောင်မီးတောက်များ လေထဲသို့ လွင့်ပျံလာသည်။
မီးနဂါး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ အနီရောင်မီးတောက်၏ အလယ်ဗဟိုသည် အစိမ်းရောင်ဖြစ်ပြီး နောက်တွင် အပြာရောင်အလွှာတစ်ခုရှိသည်။ အပြင်ဘက်ဆုံးအလွှာသည် ခရမ်းရောင်ဖြစ်သည်။
ပိဖန်အကြီးအကဲသည် ခရမ်းရောင် လွှမ်းနေသည်။
မီးတောက်သည် ရုတ်တရက် လျော့သွားကာ အချက်တစ်ချက်ဆီသို့ အစုလိုက်အပြုံလိုက် တိုးဝင်သွားသည်။ နောက်ဆုံးတွင် ၎င်းသည် အစိမ်းရောင်ဗဟိုပြုပြီး ခရမ်းရောင် ဖန်ဂေါ်လီအဖြစ် ပြောင်းလဲသွားသည်။ ပိဖန်အကြီးအကဲသည် ဖန်ဂေါ်လီကို မျိုချလိုက်သည်။ ခဏအကြာတွင် သူသည် အစိမ်းရောင်မီးခိုးများကို သူ့နှုတ်သီးမှထုတ်လိုက်သည်။
ဖလိန်မီသည် အံ့သြသွားသည်။ သူမသည် နတ်ဘုရားတစ်ပိုင်းဖြစ်တာတောင် ဒီလို ရလဒ်သာ ထွက်သွားသောကြောင့် ဖြစ်သည်။
ငါ့မီးက အားနည်းနေတာလား.. သူက ပေါ့ပေါ့ပါးပါးပဲ မျိုချလိုက်တယ်...
တစ်စက္ကန့်လောက်တော့ ဖလိန်မီက သူ့ဘဝကို သံသယဝင်သွားမိလိုက်သည်။
“ဒီပိဖန်အိုကြီးက နတ်ဘုရားအဆင့်ပါ” နောက်ထပ် ပိဖန်အကြီးအကဲက မကြည့်နိုင်တော့တာကြောင့် အမှန်ကို ဖွင့်ပြောလိုက်သည်။
ဖလိန်မီ၏ ပါးစပ်သည် ကျယ်သွားကာ မျက်လုံးဝိုင်းဝိုင်းများနှင့် စိုက်ကြည့်နေလိုက်သည်။
“မဆိုးပါဘူး... သာမန် နတ်ဘုရားတစ်ပိုင်းတွေကတော့ မင်းရဲ့မီးတောက်တွေကို ဖမ်းဝံ့မှာမဟုတ်ဘူး.. မင်းက မင်းရဲ့လမ်းရဲ့ ၃၀ ရာခိုင်နှုန်းမှာ ရှိနေတယ်” ပိဖန် အကြီးအကဲက သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။ “ဒါပေမယ့် မင်း တိုးတက်ဖို့ လိုနေသေးတယ်”
“မင်းက နတ်ဘုရားအဆင့်လေ... ငါ နှိုင်းယှဉ်လို့ မရဘူး” ဖလိန်မီသည် စိတ်ထိခိုက်သွားသည်။
“ငါပြောတဲ့ ၃၀ ရာခိုင်နှုန်းဆိုတာ မင်းနဲ့ အဆင့်တူတွေနဲ့ခိုင်းနှိုင်းထားတာပါ” ဟု ပိဖန် အကြီးအကဲက ပြောသည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ” ဖလိန်မီသည် သူမ၏ အတောင်ပံများကို လှန်ကြည့်လိုက်သည်။ သူမသည် ယခုအချိန်တွင် အလွန် စွမ်းအားပြင်းထန်သည်ဟု ခံစားမိနေသည်။ ဂိုဒီပြောပြတဲ့ ဇာတ်လမ်းတွေမှာဆိုရင် ငါက မျိုးဆက်သစ် လူငယ်များနဲ့တောင် မယှဉ်သာတဲ့ သူတော်စင် တစ်ယောက်သာသာပဲ ရှိတာလေ..
ဖလိန်မီသည် သူမ၏ ၀တုတ် ခပ်၀ိုင်းဝိုင်းပုံမပေါ်စေရန် ကြိုးစားလိုက်သည်။
“အနီးစပ်ဆုံး ဥပမာတစ်ခုကို ရွေးကြည့်ရအောင်.. လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ စစ်မြေပြင်မှာ တောက်ပတဲ့ တိုက်ပွဲကို တွေ့မြင်ခဲ့ရတယ်.. အဲဒါက မင်းရဲ့သခင်နဲ့သက်ဆိုင်နေတယ်မလား” ပိဖန် အကြီးအကဲက ပြောလိုက်သည်။ ကောင်းဖန်နှင့် ဖလိန်မီ၏ဆက်ဆံရေးကို သိရှိပြီးကတည်းက ပိဖန်မျိုးနွယ်စုသည် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ကောင်းဖန်အကြောင်းစုံစမ်းရန် လူများကို လျှို့ဝှက်စေလွှတ်ခဲ့ဖူးသည်။
“ကောင်းဖန်.... သူတို့ ဘာဖြစ်သွားကြလဲ” ဖလိန်မီ ရုတ်တရက် လန့်သွားသည်။
ပိဖန် အကြီးအကဲသည် ထိုတိုက်ပွဲအတွင်း ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ဖလိန်မီအား ပြောပြလိုက်သည်။
ဖလိန်မီက မှင်သက်သွားသည်။
“မင်းရဲ့စွမ်းရည်တွေက သာမန် နတ်ဘုရားတစ်ပိုင်းတွေထက် ပိုအားကောင်းပေမယ့် မင်းနဲ့ သူတို့ သုံးယောက်ကြားမှာ ကွာဟချက်တစ်ခု ရှိနေသေးတယ်” ဟု ပိဖန် အကြီးအကဲက ပြောသည်။ “သူတို့က နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်မှာ ရှိနေတယ်.. မင်းက သူတို့နဲ့ ယှဉ်ရင် နည်းနည်းတော့ အားနည်းသေးတယ်”
ဖလိန်မီ မကျေမနပ်ဖြစ်မိလိုက်သည်။ သူမသည် မှော်အစွမ်းအချို့နှင့် ထွက်ပေါ်လာပြီး ကောင်းဖန်၏ အဖွဲ့သားများ၏ ခေါင်းဆောင် ဖြစ်လာလိမ်မည်ဟု တစ်ချိန်က ထင်မိခဲ့သည်။
“မင်းအတွက် အစီအစဉ်တစ်ခုကို ငါတို့ ဖန်တီးပြီးပြီ... အစီအစဉ်မှာဖော်ပြထားတဲ့ ပန်းတိုင်အားလုံးကို မင်းအောင်မြင်နိုင်ရင် မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က သူတို့ကို ကျော်တက်သွားလိမ့်မယ်” ပိဖန်အကြီးအကဲက ဖလိန်မီ၏ စိုးရိမ်ပူပန်မှုကို သတိပြုမိပုံရသည်။
ဖလိန်မီသည် သံသယဝင်သွားသည်။
“မင်းလို မုန်လာဥနီလေးကို ငါတို့က ဘာလို့လိမ်ရမှာလဲ” ပိဖန်အိုကြီးက သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။
….
စစ်မြေပြင်သို့ ကောင်းဖန်ရောက်နေသည်မှာ တစ်နှစ်ခွဲကျော်ကြာပြီဖြစ်သည်။ ထိုအချိန်အတွင်းတွင် စစ်မြေပြင်၏ အနောက်ဘက်စွန်းရှိ လူများနှင့် နတ်ဆိုးများ အားလုံးသည် ထူးဆန်းသောအုပ်စုများအကြောင်း ကြားသိထားကြသည်။
ဒီဂိုဏ်းက အုပ်စုနဲ့မနေချင်ဘူး... သူတို့ထဲ့က တစ်ယောက်က သရဲတစ္ဆေများကို ဆင့်ခေါ်နိုင်စွမ်းရှိတယ်...အလောင်းကောင်တွေကို ဖုတ်ကောင်အဖြစ် ပြန်လည်အသက်သွင်းနိုင်တယ်...
ဒါပေမယ့် ပြဿနာက ဒီလူတွေက ဖုတ်ကောင်းတွေကို မိုင်းတွင်းတူခိုင်းနေတာပဲ..
အဲဒါက လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေသည်။ ဒါက အဓိပ္ပါယ်မရှိပေ။
မိုင်းတွင်းမှ ဖုတ်ကောင်များကြားတွင် ထိပ်ပြောင်ဘဲခေါင်းဆောင်တစ်ကောင်ရှိသည်။ တောင်ကြီးအရွယ်အစားနှင့် အလွန်ကြောက်စရာကောင်းသော သားရဲတစ်ကောင်လည်း ရှိသည်။ အခြားသူများက မြေအောက် သို့မဟုတ် ကောင်းကင်မှပင် ချဉ်းကပ်လာသည့်အခါတိုင်း သူသိသည်။
အခြားသော နတ်ဘုရားတစ်ပိုင်းသားရဲများစွာလည်း ရှိသည်။
သူတို့အမြင်တွင် ဂိုဒီနှင့် အခြားသူအားလုံးသည် အလွန်ရက်စက်ပြီး ကြောက်စရာကောင်းကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုဒေသသို့ မည်သည့်နတ်ဆိုးများမျှ ချဉ်းကပ်ရန် ဆန္ဒမရှိကြတော့ပေ။
“အကျိုးအမြတ်တွေကို ခွဲဝေဖို့ အချိန်တန်ပြီ.. မင်းတို့ရဲ့ ဝေစုကို လာယူကြ” ကောင်းဖန်က အော်ပြောလိုက်သည်။
မျက်စိတမှိတ်အတွင်းမှာပင် ကောင်းဖန်နားတွင် သားရဲများဝိုင်းရံလာကြသည်။
သူသည် တစ်လတစ်ကြိမ်ဆုလာဘ်များခွဲဝေပေးလေ့ရှိသည်။
ပြင်ဆင်ထားသည့် သားရဲများအသီးသီး မိမိတို့၏ ပန်းကန်များကို ထုတ်ယူလိုက်ကြသည်။
ဂိုဒီသည် လက်ဆေးဇလုံကို ထုတ်ကာ မြေကြီးပေါ်တွင် တင်လိုက်သည်။
“ငါ့စားချင်စိတ်က တိုးလာတယ်”
ဂိုဒီသည် ၎င်း၏လက်မောင်းကို ကုတ်လိုက်သောအခါ ညစ်ပတ်နံဟောင်းနေသော အကွက်များပေါ်လာသည်။
“ဂိုဒီ.. မင်းဘာလို့ဒီလောက်တောင် စုတ်ချာနေရတာလဲ” တာ့ဇီက စက်ဆုပ်စွာ မေးလိုက်သည်။
“မင်းအလုပ်မဟုတ်ဘူး.. ဖလိန်မီမှ ငါ့ကို မမြင်နိုင်တာ..ငါ့ဘာသာ ပျော်နေတာပဲ... ဖလိန်မီကလည်း ငါ့အနားမှာမရှိဘူး.. ငါဘာလို့ ဝတ်စားနေရမှာလဲ...တခြားဘဲမလေးတွေကို သွေးဆောင်ဖို့လား”
အလင်းလှိုင်းသည် ဂိုဒီပြောတာ ကျိုးကြောင်းဆီလျော်သည်ဟု တွေးမိလိုက်သည်။
ခြင်္သ့ဖြူသည် အလင်းလှိုင်း၏ခေါင်းကို လက်ဖြင့်ရိုက်လိုက်သည်။ “သူပြောတာကို နားမထောင်နဲ့”
ထို့နောက် ခြင်္သေ့ဖြူသည် အလင်းလှိုင်းက ပန်းကန်လုံးတစ်လုံးကို ထုတ်ယူလိုက်သည်ကို မြင်ပြီး သက်ပြင်းချလိုက်သည်။ သူသည် နုံအလွန်းနေသေးသည်။
ခြင်္သေ့ဖြူသည် ဖိအားအိုးတစ်လုံးကို ထုတ်ပြီး မြေပြင်ပေါ် ချလိုက်သည်။ လေးလံသောဖိအားအိုးသည် ကြမ်းပြင်ပေါ်တွင် လှိမ့်သွားသည်။
အလင်းလှိုင်းသည် သူ့လက်ထဲက ဖန်ခွက်ကို ကြည့်လိုက်ပြီး မြေပြင်ပေါ်တွင်ချထားသည့် ပေါင်ချိန်အိုး၊ လက်ဆေးဘေစင်၊ အမှိုက်ဂေါ်ကြီးနဲ့ ရေချိုးကန် တို့ကို ဆက်ကြည့်ရင်း အတွေးထဲ နစ်မြုပ်သွားတော့သည်။
“ဒီပစ္စည်းတွေကို မင်းဘယ်ကရလာတာလဲ” ကောင်းဖန်သည် အံ့ဩသွားသည်။
ထိုအရာများသည် ဤနေရာတွင် ပေါ်မလာသင့်ပေ။
ကောင်းဖန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ ထို့နောက် မျက်နှာပျက်သွားကာ အိမ်နောက်ဘက်သို့ လျှောက်သွားသည်။ ရေခူတစ်ကောင်သည် နံရံဘေးတွင် ဖျော်ရည်ကို တိတ်တဆိတ် သောက်နေသည်။
ဆီလီသည် ပုလင်းအလွတ်ကို နေရာလွတ်ထဲသို့ထည့်ပြီးနောက် ၎င်း၏နေရာမှ ကုန်သေတ္တာတစ်လုံးကို ထုတ်ကာ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
“ဆီလီ အရမ်းပင်ပန်းနေပြီ” ဆီလီသည် မြေပြင်ပေါ်ရှိ ကုန်သေတ္တာကို ကြည့်ရင်း အသက်ရှူထုတ်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ကောင်းဖန်၏ တိမ်ဖုံးနေသော အမူအရာကို ဖမ်းဆုပ်ရန် ခေါင်းကို မော့လိုက်သည်။
“…”
***
သားရဲလေ့ကျင့်သူ
အခန်း ၇၄၀ အကျိုးအမြတ်များကို ခွဲဝေပေးခြင်း (အပိုင်း-၂)
“ကောင်းဖန်...ငါ့ကို ရှင်းပြခွင့်ပြုပါ” ဆီလီသည် ထိတ်လန့်တုန်လှုပ်သွားပြီး ကောင်းဖန်ကိုယ်ပေါ်ကို ပီကေလိုတွယ်တက်သွားသည်။
ကောင်းဖန်သည် သူ့လက်များကို ပြင်းထန်စွာ ဆောင့်တွန်းလိုက်သောအခါ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ကောင်းဖန်က အုံ့မှိုင်းသောအမူအရာဖြင့် မေးလိုက်သည်။ “သူတို့ကို အဲဒီအိုးတွေ၊ ဒယ်အိုးတွေ၊ ရေချိုးကန်တွေ ပေးခဲ့တာလား”
“မဟုတ်ဘူး... ငါမလုပ်ခဲ့ပါဘူး...” ဆီလီက ချက်ချင်း ငြင်းလိုက်သည်။
“နောက်တစ်ခါ မင်းလိမ်ရင် မင်းရဲ့လက်တံတွေကို မလှုပ်စေနဲ့” ကောင်းဖန်က တည်ငြိမ်စွာပြောလိုက်သည်။
“ဟင်” ဆီလီငုံကြည့်လိုက်သောအခါ သူ့လက်တံများသည် မလှုပ်နေပေ။
“ငါ့လက်တွေက မလှုပ်နေပါဘူး” ဆီလီက သတ္တိရှိရှိ ပြောလိုက်သည်။
“ဟုတ်တယ်... မင်း ဝန်ခံလိုက်တာပဲ” ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ဒါနဲ့.. မင်းဘာလို့ ဒီကုန်သေတ္တာကို ထုတ်လိုက်တာလဲ”
ဆီလီသည် ဝမ်းသာအားရဖြင့် ကောင်းဖန်ထံ တိတ်တဆိတ် ပျံဝဲလာပြီး သူ့နားထဲသို့ တိုးတိုးလေး တီးတိုးပြောလိုက်သည်။ “ဒါက ကုန်စည်ပို့ဆောင်တဲ့ ကွန်တိန်နာမဟုတ်ပါဘူး… ဒါက ငါ့စားစရာပန်းကန်ပဲ”
အဲဒီနောက် ဆီလီသည် သူ့ကိုယ်သူ တခစ်ခစ်ရယ်နေသည်။
“ငါ့စားချင်စိတ်က အရမ်းကြီးတယ်”
သို့သော် သူ့ကိုယ်သည် ထိုကုန်သေတ္တာ၏ ထက်ဝက်မျှပင် မရှိပေ။
“ဒီကိုလာ” ကောင်းဖန်က ဆီလီကို လက်ယပ်ခေါ်လိုက်သည်။
ဆီလီ ပြေးသွားပြီး “ဘာလဲ” ဟု မေးလိုက်သည်။
ကောင်းဖန်သည် ဆီလီ၏ ခန္ဓာကိုယ်ထဲသို့ လက်တစ်ဖက်ကို ထည့်လိုက်ပြီး အနည်းငယ်ရှာဖွေပြီးနောက် တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
“အခုကစပြီး ဒါက မင်းရဲ့ ပန်းကန်ပဲ” ကောင်းဖန်က သူ့လက်ထဲက ကလေးနို့ဘူးကို ဝှေ့ယမ်းပြီး ပြုံးပြလိုက်သည်။
“???”
“နင်ငါ့ကို လှည့်စားတာပဲ” ဆီလီသည် ရုတ်တရက် စိတ်ဆိုးသွားပြီး ကောင်းဖန်ကို ရိုက်လိုက်သည်။
ကောင်းဖန်က ပြောလိုက်သည်။ “မင်း ငါ့ကို ရိုက်တယ်ဟုတ်လား... ဒီလမှာ မင်းဘာမှလည်း မလုပ်ဘူး.... မင်းလုပ်တာက မင်းအခန်းထဲမှာ တိတ်တိတ်လေး သောက်ပြီး ခေါင်မိုးပေါ်မှာ နေပူခံတာပဲ ရှိတယ်.. မင်းက နေရောင်ခြည်စွမ်းအင်နဲ့ အစာချက်ပြီးနေရလို့်လား”
“ဒါကို ငါမစားရလဲ ဘာမှမဖြစ်ဘူး.. ငါက တစ်နေ့ကို ချည်မျှည်ပန်းအရည်တစ်ပုလင်းပဲ သောက်ရင်ရတယ်” ကောင်းဖန်က ပခုံးတွန့်ပြလိုက်သည်။
ဆီလီသည် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးနောက် ပြောချင်စိတ်တွေ ရုတ်တရက် ပျောက်သွားသည်။
ကောင်းဖန်က ပိုပိုပြီး စိတ်အနှောက်အယှက်ဖြစ်သွားသည်။
“ကောင်းဖန်... မင်း လျူဝေဆေးပြားတွေကို နောက်ဆုံးအကြိမ် တိတ်တိတ်လေး စားနေတာ ငါတွေ့တယ်” ရုတ်တရက် ဆီလီက အော်လိုက်သည်။
“ဟမ်”
“ဟမ်”
“အိုး”
အဝေးမှ ခိုးကြောင်ခိုးဝှက် နားထောင်နေသော သားရဲများသည် တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိကာ ကပ်သီးကပ်သက်နိုင်သော အမူအရာများဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
ဤနေရာတွင် “ကပ်သီးကပ်သက်နိုင်သော” သည် ကောင်းဖန်၏ကိုယ်ပိုင်အမြင်ဖြစ်သည်။
ဒီမြင်ကွင်းကို လှည့်ကြည့်လိုက်တော့ ကောင်းဖန်၏မျက်နှာပျက်သွားသည်။
“ဂိုဒီ… ဒါမင်းကို ပေးတာ” ကောင်းဖန်သည် ကလေးနို့ဘူးကိုထုတ်ကာ ပဲကဲ့သို့ အသားသလင်းကျောက်များကို ပုလင်းထဲသို့ စွန့်ပစ်လိုက်သည်။ သူက ပုလင်းတစ်ဝက်ကိုဖြည့်ပြီး “ဒါက မင်းအတွက်ပဲ” ဟု ပြောလိုက်သည်။
“ဘာလို့ ကလေးနို့ဘူးလဲ” ဂိုဒီသည် ဒေါသထွက်သွားသည်။ ငါလို ဘဲသားရဲက ကလေးနို့ဘူးထဲက အစာကို စားတဲ့အဆင့်ကို ကျဆင်းသွားပြီလား.. ငါသတ်ခဲ့တဲ့ နတ်ဆိုးတွေ သိသွားရင် ငါ့ကို လှောင်ပြောင်ကြမှာ သေချာတယ်... ငြိမ်းချမ်းစွာ မသေနိုင်ကြလောက်ဘူး...
“မင်းမလိုချင်ဘူးလား... ဒါဆို ငါ တာ့ဇီကို ပေးလိုက်မယ်”
“.. ငါလိုချင်တယ်... ငါလိုချင်တယ်”
ကလေးနို့ဘူးကိုကိုင်ရင်း ဂိုဒီသည်ခေါင်းကို တစ်ဖက်သို့ ခါယမ်းကာ အချိန်အတော်ကြာ စဉ်းစားနေသည်။ ဤပုလင်းသည် ဂိုဒီ၏ လက်ဖဝါးအရွယ်အစားပင်မရှိချေ။ ဂိုဒီသည် ပုလင်းကို ဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။
ပုလင်းထဲက အနံ့ထွက်လာသည်။ ဖန်ခွက်မှတစ်ဆင့် အသားသလင်း၏ အစေ့အဆန်တစ်ခုစီသည် ဝိုင်းနေပြီး၊ ချောမွတ်ကာ ကြည်လင်ပြတ်သားသည်။
ဂိုဒီသည် ၎င်းတို့အားလုံးကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
လိမ္မာရေးခြားဆုံး အလင်းလှိုင်းကတော့ ရှယ်ယာအများဆုံးရရှိသည်။ ကောင်းဖန်က အလင်းလှိုင်းသည် အလုပ်ကြိုးစားသူဖြစ်သောကြောင့် ဆုချီးမြှင့်သင့်သည်ဟု ဆိုသည်။
အလင်းလှိုင်းသည် ဘေစင်အပြည့်ကို ပြန်ယူလာသည်။ ယနေ့တွင် သူသည် အကြီးကျယ်ဆုံး အနိုင်ရသူဖြစ်သည်။
သူသည် ခေါင်းတစ်ခုလုံးကို ဘေစင်ထဲ မြှုပ်ပစ်လိုက်ပြီး ဝေလငါးတစ်ကောင်လို မျိုချလိုက်သည်။ ခဏကြာတော့ အသားသလင်းကျောက်တွေ အကုန်ကုန်သွားသည်။
သူ၏အရွယ်အစားကြောင့် ဤပန်းကန်ကို အပြီးသတ်ရန် အနည်းငယ်ကြိုးစားလိုက်ရသည်။
အစာစားပြီးနောက် သူ၏ဗိုက်ဖောင်းလာသော်လည်း မြင်သာသောနှုန်းဖြင့် လျင်မြန်စွာ ချပ်ရပ်သွားသည်။
သူ၏ နှာခေါင်းများ၊ နားများနှင့် ပါးစပ်များမှ အဖြူရောင် အခိုးအငွေ့ အများအပြား မှုတ်ထုတ်လိုက်သည်။
ထိုအချိန်တွင် သူ၏ ရောင်ဝါသည် တဖြည်းဖြည်း ကြီးထွားလာသည်။ ပုလင်းတစ်ဝက်သာရှိသော ပုလင်းကို ရေဖြည့်လိုက်သကဲ့သို့ ရေပမာဏသည် အဆက်မပြတ် မြင့်တက်လာသည်။
နောက်ဆုံးတော့ ကန့်သတ်ချက်တစ်ခုကို ကျော်လွန်ပြီး တည်ဆောက်လိုက်သောအခါ ပေါက်ကွဲသွားသည်။
သူ၏ရောင်ဝါသည် ပေါက်ကွဲသွားပြီး အဆင့် ၉၃ သို့ တိုးလာသည်။
လွန်ခဲ့သောနှစ်ဝက်တွင် သူ၏အဆင့်သည် နတ်ဘုရားတစ်ပိုင်း၏အစဖြစ်သည့် အဆင့် ၉၁ မှ ၉၂ သို့တိုးလာခဲ့သည်။ ယနေ့တွင် အခြားအဆင့်တစ်ခုကိုကျော်ဖြတ်ကာ သူ၏အငွေ့အသက်သည် ပို၍ပင်ပြင်းထန်လာသည်။
ဤအမြန်နှုန်းသည် အခြားနတ်ဘုရားတစ်ပိုင်း ၉၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အလွန်မြန်သည်။ အခြားနတ်ဘုရားတစ်ပိုင်းမျာသည် မြှင့်တင်ရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် အရင်းအမြစ်များ မရှိသောကြောင့် အချို့သည် အဆစ်တစ်ဆင့်သို့ ရောက်ရန် နှစ်ရာချီကြာတတ်သည်။
နတ်ဘုရားတစ်ပိုင်း သို့မဟုတ် နတ်ဘုရားတစ်ပိုင်းအောက်ရှိသားရဲများအတွက် မြှင့်တင်ခြင်း၏ အဓိကအချက်မှာ ခန္ဓာကိုယ်အား အားကောင်းရန်နှင့် စွမ်းအင်တည်ဆောက်ရန် စွမ်းအားအမျိုးမျိုးကို စုပ်ယူခြင်း ဖြစ်သည်။
သို့သော် နတ်ဘုရားတစ်ပိုင်းအတွက် လိုအပ်သော စွမ်းအင်သည် စိုးရိမ်ဖွယ်ရာ ပမာဏဖြစ်သည်။ လေထဲရှိ ဒြပ်စင်များကို ဖြည်းညှင်းစွာ စုပ်ယူခြင်းသည် နတ်ဘုရားတစ်ပိုင်းအတွက် အလွန် အချိန်ကုန်သော အလုပ်ဖြစ်သည်။
အသားသလင်းကျောက်နှင့် အသက်အနှစ်သာရ အများအပြားကို ရယူနိုင်ခြင်းကြောင့်သာ ကောင်းဖန်၏ သားရဲများသည် အဆင့်များကို ခုန်ပျံကျော်လွှားကာ မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
တာ့ဇီသည် အဆင့် ၉၅ တွင်ရှိပြီး အခြားသူများ၏အစားအစာများကို ခိုးကြောင်ခိုးဝှက် စားလေ့ရှိသော ဂိုဒီထက် တစ်ဆင့်ပိုမြင့်သည်။
ဂိုဒီသည် အလုပ်သမားခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ယဇ်ပလ္လင်စင် ပေါ်သို့ တက်နေရခြင်းကို နှစ်သက်သည်။ တခါတရံ အသားသလင်းကျောက် နှစ်ခု တစ်ခုက သူ့အတွက် နောက်တစ်ခုက ဖလိန်မီ အတွက် ယူထားတတ်သည်။
ကောင်းဖန်သည် ဤငတုံးဘဲ၏ အသားသလင်းကျောက်များကို မြှုပ်နှံထားသည့်နေရာကို အတိအကျသိသည်။
အစင်းလေးသည် စကားအများကြီး မပြောပေမယ့် အရာအားလုံးကို မြင်သည်။ ဤအရာအားလုံးကို ကောင်းဖန်ထံသို့ သတင်းပို့ထားခြင်း ဖြစ်သည်။
ကောင်းဖန်က သိပေမယ့် ဘာမှ မပြောခြင်း ဖြစ်သည်။
တစ်ဖက်တွင် အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ပေါ်တွင်ပွင့်နေသည်။
အက်ကွဲကြောင်းမှ မရေမတွက်နိုင်သော အသူရာချောက်နတ်ဆိုးများ ခုန်တက်လာသည်။
“နေ့ရက်တွေကို ရေတွက်လိုက်ရင် ဒီနေ့က အသူရာချောက်နက်နဲ့ သွေးစွန်းစစ်ပွဲရက်ပဲ” တာ့ဇီနှင့် အဖွဲ့သားများ စိတ်လှုပ်ရှားနေကြသည်။ မိုင်းတွင်းမှလွဲ၍ အသားနှစ်သာရကို သိုလှောင်ရန် တစ်ခုတည်းသောနည်းလမ်းအတွက် ဤနတ်ဆိုးများကို အားကိုးရသည်။
ကောင်းဖန်က ဒီနတ်ဆိုးတွေရဲ့ အလောင်းတွေက သတ်တဲ့သူနှင့် သက်ဆိုင်တယ်ဟုသာ ပြောထားသည်။ သူက အသားအနှစ်သာရ တစ်ပိုင်းကိုမှ မယူပေ။
ဒါကြောင့် သူတို့အားလုံး အရမ်းစိတ်လှုပ်ရှားကြခြင်း ဖြစ်သည်။
“သခင်... ကျွန်တော် အရင်သွားလိုက်မယ်” အလင်းလှိုင်းက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်တွင် လွင့်စင်နေသော အဖြူရောင်မီးရောင်တစ်ခုလို ဖြစ်လာသည်။ သူ၏အနား တစ်ဝိုက်တွင် လေသည် ဒြပ်စင်များ ရောထွေးနေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
သတ္တဝါအားလုံး၏ ထွက်သက်သည် သူ၏ လက်ဖဝါးထဲတွင် ရှိနေသည်။ လေစီးကြောင်းများသည် သူ၏ခြေရင်းအောက်တွင် ဦးညွှတ်နေသည်။
ဓားသွားတစ်ရံလို လက်နှစ်ဖက်ကို မြှောက်ထားသည့် အလင်းလှိုင်းသည် စစ်သူရဲလေးတစ်ယောက်လိုပင်ဖြစ်နေသည်။
မည်းမှောင်ပြီး တောက်ပနေသော ဓားသွားများဖြင့် ၎င်းရှေ့မှ နေရာကို ဆုတ်ဖြဲပစ်လိုက်သည်။
ဓားသွားများမှ ငွေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲသွားသည်။ တစ္ဆေဓားသွား....
လေစီးကြောင်းများ ကွဲအက်ကာ တစ္ဆေဓားသွား ပတ်ပတ်လည်တွင် ရှုပ်ယှက်ခတ်နေပြီး ဓါး၏ ခွန်အားဖြစ်လာသည်။
ရှေ့လေသည် ပေါက်ကွဲသွားသည်။
အာကာသသည် ကမောက်ကမ ဖြစ်နေပုံရသည်။ တစ္ဆေဓားသွားနှစ်ချက်ကို X ပုံစံဖြင့် ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။
နက်နဲသော အက်ကွဲကြောင်းနှစ်ခုသည် သဘာဝအတိုင်း ကောင်းကင်တွင် ပေါ်လာသည်။ ကောင်းကင်ကြီးက ကွဲသွားသလိုပင်။
နတ်ဆိုးစစ်တပ်ကြီးတွင် ကြီးမားသော ကွက်လပ်များ ပေါ်လာသည်။
တစ္ဆေဓားသွား ထိမှန်တဲ့အခိုက်အတန့်တွင် မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ ကွဲထွက်သွားသည်။
တစ္ဆေဓားသွားသည် မှေးမှိန်သွားသည်။ လေထုသည် အချိန်အတော်ကြာအောင် ပျက်ယွင်းသွားသည်။
အသူရာချောက်နက် အက်ကွဲကြောင်းမှ ထွက်လာသော နတ်ဆိုးများသည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် အလင်းလှိုင်းကို ရူးသွပ်စွာ စွဲချက်တင်လိုက်ကြသည်။