အခန်း (၁၈၅-၁၈၈)
Vol. 12 Ch. 185-188
အပိုင်း၁၈၅ သွေးမာန်ဟုန်ခွင်းကင်းကောင်
ဒါကဓာတ်စမ်းပစ္စည်းရဲ့အကျိုးသက်ရောက်မှုတွေလား?
ထန်ယိမြောင်ကကောင်းဖန်ကိုကြည့်လိုက်သည်၊ ဘယ်လိုဘဲဖြစ်ဖြစ် အလုပ်ဖြစ်မဖြစ် ကိုပြင်းထန်တဲ့တုန့်ပြန်မှုကိုအနည်းဆုံးတော့သူကြည့်နိုင်သည်၊ အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်သည် ဓာတ်ပစ္စည်းများကိုအသုံးပြုသောအခါတွင်ပြင်းထန်သော တုံ့ပြန်မှုတစ်ခုရှိသည်၊ စိတ်ဝင်စားစရာကောင်းတာကိုစောင့်ကြည့်ရမှဘဲဖြစ်သည်၊
နောက်ပြီး, ဆီပူအိုးထဲကိုရေတစ်စက်ထည့်ရင်တုံ့ပြန်မှုရှိလာမှာလား?
သေချာပေါက်ပေါ့၊
တူညီတဲ့တွေးခေါ်မှုပိုင်းအရ, ပစ္စည်းနှစ်ခုကိုဒီလိုမျိုးရောလိုက်သောအခါ ပြင်းထန်တဲ့ တုံ့ပြန်မှုများသည် သုတေသနပြုတန်ပါသည်၊
ဒါကိုထန်ယိမြောင်ကတန်ဖိုးထားသည်၊ သူကကျရှုံးမှာကိုမကြောက်ပေ၊ မအောင်မြင်ရင်တောင်မှဒီစမ်းသပ်မှုကနေအသုံးဝင်တဲ့အရာများစွာကိုရှာဖွေတွေ့ရှိနိုင် ပါသည်၊
အချိန်ကြာလာသည်နှင့်အမျှအနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်၏တုံ့ပြန်မှုသည် ပိုပြီးပြင်းထန်လာသည်၊ သူ့ခန္ဓာကိုယ်ထဲကသွေးတွေကိုစိုစွတ်သွားစေသလိုမျိုး သူ၏အမွှေးများလည်းစိုစွတ်သွားသည်၊ ဒါက၎င်းကိုပိုပြီးကြောက်စရာကောင်းစေသည်၊
အရင်ကသတိလစ်နေသောအနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်သည် နိုးလာတော့သည်၊ ၎င်းကနိုးလာပြီးနောက်, သာမန်ထက်လွန်ကဲစွာကြမ်းကြုတ်လာပြီး ကောင်းကင်သို့ဦးတည်ကာရူးသွပ်စွာဖြင့်ဟိန်းလိုက်သည်၊
၎င်းကသူ၏ရင်ဘတ်ကိုသန်မာသောလက်မောင်းများဖြင့်တဒုန်းဒုန်းထုကာ ကျယ်လောင်သောတဗြုန်းဗြုန်းမြည်သည့်ဆူညံသံကိုပြုလုပ်နေသည်၊
အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်သည် သိသိသာသာကိုနာကျင်နေသည်၊ ၎င်းက နံရံကိုအားဖြင့်ထုရိုက်နေသည်၊ နံရံကအထူးသတ္ထုဖြင့်ပြုလုပ်ထားတာကြောင့်, သူတို့ကအရမ်းမာကျောပြီးအနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်သည်၎င်းကို ချိုးဖျက်ကာအန္တရာယ်ပြုနိုင်စွမ်းမရှိပေ၊ သာမန်အဆင့်သားရဲတစ်ကောင်က သတ္ထုစပ်နံရံကိုဖျက်ဆီးနိုင်လျှင်တော့အတော်ကိုကြောက်စရာကောင်းလိမ့်မည်၊
အသံလုံသည့်စနစ်ဖြင့်ပင့်အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်၏အော်သံများက ထွက်လာနေဆဲဖြစ်သည်၊
နောက်ဆုံးတွင်, ထူပြစ်သောသွေးရောင်အလင်းတစ်ခုက ၎င်း၏အမွှေးများအောက်မှ စတင်ပေါ်လာသည်၊ အလင်းက၎င်း၏တစ်ကိုယ်လုံးကိုလွှမ်းခြုံနေသည်၊
“အဲ့တာတိုးမြှင့်နေတယ်၊ အဲ့တာတကယ်ကိုတိုးမြှင့်နေတယ်!” ရွှီဟေးမင်၏နှလုံးခုန်မှု ကရုတ်တရက်မြန်လာတော့သည်၊
သူ့မှာခံစားချက်တွေအမျိုးမျိုးရှိနေပေမယ့် အဲ့ဒါတွေကဘာတွေလဲဆိုတာကိုသူမပြော နိုင်ပေ၊ မနာလိုခြင်း, အားကျခြင်း,နှင့်အခြားသောရှုပ်ထွေးသောစိတ်ခံစားမှု အမျိုးမျိုး ဖြစ်သည်၊
လက်တွေ့စမ်းသပ်မှုကအောင်မြင်ခဲ့သည်၊
သွေးရောင်အလင်းတန်းတွေထဲလွှမ်းခြုံထားတဲ့ အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်ဆီက ထွက်လာတဲ့အသံသည် တဖြည်းဖြည်းသဲသဲကွဲကွဲမကြားရဘဲအသံတွေပြာနေ တော့သည်၊
ထူထဲသောသွေးရောင်လက်တစ်စုံကအလင်းထဲကထွက်လာသည်၊ ၎င်းကိုဖြတ်သွား ကာအနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်ထွက်လာတော့သည်၊
သို့ပေမယ့်,၎င်းကအနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်တော့မဟုတ်တော့ပေ၊
[မကောင်းဆိုးဝါးအမည်]-သွေးမာန်ဟုန်ခွင်းကင်းကောင်(အထူးသွေးဆင့်ကဲဖြစ်စဉ်)
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၁၀
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးစွမ်းရည်]-သွေး
[မကောင်းဆိုးဝါးနှစ်သက်မှု]-တိတ်ဆိတ်ခြင်းနှင့် ပေါ့ပါးသောဂီတ
[မကောင်းဆိုးဝါးအားနည်းချက်]-၁-အနာရင်းသွေးဘယ်ရီ,၂-နှံကောင်။
[ပြီးပြည့်စုံသောအဆင့်သို့တိုးမြှင့်ရန်အတွက်လိုအပ်ချက်များ];- အဆင့်မြင့်သွေးဆင့်ကဲဖြစ်စဉ်
၎င်းကဆင့်ကဲတိုးမြှင့်ရန်အတွက်လမ်းကြောင်းတစ်ခုသာရှိသည်၊ ဆိုလိုသည်မှာ အကယ်၍သွေးဆင့်ကဲဖြစ်စဉ်ကိုသားရဲအတွက်တစ်ကြိမ်အသုံးပြုလိုက်လျှင်, ၎င်းကနောက်ထပ်တစ်ကြိမ်ဆင့်ကဲပြောင်းလဲချင်ပါက သွေးဆင့်ကဲဖြစ်စဉ်ကိုတစ်ကြိမ် သာထပ်ပြီးအသုံးပြုလို့ရတော့မည်၊
ဒါကကောင်းဖန်ဒီလမ်းကြောင်းကိုရွေးတဲ့အကြောင်းအရင်းဖြစ်သည်၊ သွေးဆင့်ကဲဖြစ် စဉ်သည်အရမ်းကိုသီးသန့်ဆန်သည့်နည်းလမ်းဖြစ်သည်၊ ၎င်းကိုရွေးချယ်ခြင်းသည် အခြားမည်သည့်အရာကိုမျှရွေးချယ်နိုင်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်၊
တစ်နည်းဆိုရသော်, အကယ်၍တစ်စုံတစ်ယောက်ကသွေးဆေးဝါးကိုဒီနေရာမှာ ဝယ်ခဲ့လျှင်, ၎င်းတို့၏သားရဲကိုပြီးပြည့်စုံသောအဆင့်သို့မြှင့်တင်လိုပါက အခြားအဆင့်မြင့်သွေးဆေးကိုနောက်ထပ်ဝယ်ရန်လိုအပ်မည်ဖြစ်သည်၊
သွေးမာန်ဟုန်ခွင်းကင်းကောင်သည်လူအနည်းငယ်၏အာရုံစူးစိုက်ခြင်းကိုခံရသည်၊
၎င်း၏အနီရောင်အမွှေးများသည်စွဲမက်ဖွယ်ကောင်းပြီးမျက်စိကိုဖမ်းစားသည်၊ ခွန်အားကယာယီသာဖြစ်ပြီးချောမောလှပခြင်းကဘဝအတွက်ဖြစ်သည်၊
ယခင်ကရှိခဲ့သောအနက်ရောင်အမွှေးများနှင့်နှုင်းယှဉ်ကြည့်ပါကယခုရှိနေသည့် သွေးနီရောင်သည်အလွန်ထင်ရှားလှသည်၊ အလယ်တန်းကျောင်းသားတွေ သဘောကျမှာသေချာသည်၊
“ဒီဆေးကိုဖန်တီးခဲ့တာလား?” ထန်ယိမြောင်ကအံ့ဩစွာဖြင့်မေးလိုက်သည်၊
“ဟုတ်ကဲ့, သုတေသနအနေနဲ့တီထွင်ဖန်တီးမှုတွေအပါအဝင်ပေါ့၊ ကျနော်က ပါဝင်ပစ္စည်းတွေရဲ့အချိုးကျကျပေါင်းစပ်မှုကိုလည်းရှာတွေ့ခဲ့တယ်၊” ကောင်းဖန်က တည်ငြိမ်စွာဖြင့်ပြောလိုက်သည်၊ ဒါကသူ့ရဲ့ကိုယ်ပိုင်အရည်အချင်းဖြစ်သည်၊
ထန်ယိမြောင်ကပိုပြီးတောင်အံ့ဩနေသေးသည်၊ ငယ်ရွယ်သောမျိုးဆက်တွေက ယခုလက်ရှိမျိုးဆက်တွေထက်သေချာပေါက်ကိုသာလွန်မှာဖြစ်သည်၊
ကျီဟန့်ဝူကချောင်းဆိုးလိုက်သည်၊ “ဒီလိုသားရဲမျိုးဘယ်သူမှရှာမတွေ့သေးဘူး, ဟုတ်တယ်မလား?”
“ဟင့်အင်း, ဒီလိုလူဝံအမျိုးအစားမျိုးလက်ရှိမှာမရှိသေးဘူး” ထန်ယိမြောင်က ထိုအကြောင်းကိုစဉ်းစားလိုက်ပြီးနောက်ခေါင်းယမ်းလိုက်သည်၊
“ဒီသားရဲကိုမင်းနာမည်ပေးဖူးလား?” ကျီဟန့်ဝူကမေးလိုက်သည်၊ “မင်းကဒီသားရဲ အမျိုးအစားကိုပထမဆုံးဖန်တီးသူဘဲ၊ ဒါကြောင့်မင်းနာမည်ပေးသင့်တယ်”
“သွေးမာန်ဟုန်ခွင်းကင်းကောင်” ခဏလောက်စဉ်းစားလိုက်ပြီးနောက် ကောင်းဖန်က ဒေတာအချက်အလက်ထဲကနာမည်ကိုသာပေးဖို့ဆုံးဖြတ်လိုက်သည်၊ ဒါကသူ့ကို မရှုပ်ထွေးစေဘဲပိုလွယ်စေသည်၊
“ဆေးတွေကလုပ်ဖို့အရမ်းကုန်ကျလား?” ရွှီဟေးမင်ကမေးလိုက်သည်၊
“အရမ်းမများပါဘူး၊ တိုးမြှင့်မှုကုန်ကျစရိတ်က မဟာမိတ်ခရက်ဒစ်ခုနစ်မှတ်ပါ”
မဟာမိတ်ခရက်ဒစ်တစ်မှတ်သည် ၁၀,၀၀၀ခရက်ဒစ်ဒေါ်လာနှင့်ညီမျှသည်၊ မဟာမိတ် ခရက်ဒစ်၇မှတ်ဆိုလျှင် ၇၀,၀၀၀ခရက်ဒစ်ဒေါ်လာဖြစ်သည်၊
ဒါကဈေးချိုနေတာတော့မဟုတ်ပေ, ဒါပေမယ့်ဒါကသားရဲအတွက်ဖြစ်သည်၊ သားရဲများ၏တိုးမြှင့်ခြင်းသည်အမြဲတမ်းအဆင့်မြင့်မှုနှင့်အဆုံးသတ်သည်၊
“ငါတို့သွေးမာန်ဟုန်ခွင်းကင်းကောင်ရဲ့အဆင့်အတန်းကိုစစ်ဆေးကြည့်ရအောင်” ရွှီဟေးမင်ကပြောလိုက်သည်၊ သိပ်မကြာခင်တွင်, မျက်မှန်အနက်တပ်ထားသော လှပသည့်မိန်းကလေးကအနက်ရောင်သေတ္တာတစ်ခုဖြင့်ရောက်လာသည်၊ သူမဝတ်ထားသည့်ဓာတ်ခွဲခန်းအင်္ကျီသည်လှပမှုကိုတော့ဖုံးကွယ်မထားနိုင်ပေ၊
“ဒါကယွိကျိုးတက္ကသိုလ်ကဒုတိယကျောင်းသူ, ကျနော့်တူမလေး ရွှီချင်းဇီ၊ နွေရာသီအားလပ်ရက်မှာသူမကဒီကိုအလုပ်လာလုပ်တာ” ရွှီဟေးမင်ကပြုံးကာရှင်းပြလိုက် သည်၊ ထို့နောက်အနက်ရောင်သေတ္တာကိုယူကာဖွင့်လိုက်သည်၊ အတွင်းတွင် အထူးစီရင်ထားသည့်အနက်ရောင်ကျောက်တုံးရှိသည်၊ ရွှီဟေးမင်ကကျောက်တုံးကို ထုတ်လိုက်ပြီးနောက် အနက်ရောင်သေတ္တာကိုပိတ်လိုက်သည်၊
ကျီဟန့်ဝူနှင့်ထန်ယိမြောင်၏အကြည့်တွေက ထိုကျောက်တုံးဟာဘာအတွက်လဲ ဆိုတာကိုသိသည်၊
ကောင်းဖန်က ထိုကျောက်တုံးသည်သားရဲ၏အဆင့်အတန်းကိုစမ်းသပ်နိုင်စွမ်းရှိတာလားဆိုတာကို သိချင်နေသည်?
“ဒါကဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်ပါ၊ ဒါကစီရင်ထားတဲ့သဘာဝကျောက် တစ်မျိုးဘဲ၊ စီရင်ပြီးတဲ့နောက်, ဧကရာဇ်အဆင့်ရှိတဲ့ဘယ်သားရဲမဆိုစမ်းသပ်ပြီး အသုံးပြုလို့ရတယ်၊” ရွှီချင်းဇီကရုတ်တရက်ကောင်းဖန်အနားသို့ရောက်လာပြီး သူ့ကိုရှင်းပြလိုက်သည်၊ သူကကောင်းဖန်ကြည့်နေတာကိုတွေ့တော့ သူ့ကိုပြုံးပြလိုက် သည်၊
“သူတို့ကိုဘယ်လိုစီရင်တာလဲ?” ကောင်းဖန်ကစူးစမ်းစွာနှင့်မေးလိုက်သည်၊
ရွှီချင်းဇီကသူ့မနှုတ်ခမ်းကိုတစ်ဖက်သို့ပင့်လိုက်သည်၊ “ငါနင့်ကိုအချိန်တစ်နာရီအတွင်း တော့ရှင်းပြနိုင်မှာမဟုတ်ဘူး၊ ဘာလို့ငါတို့အချိန်ရှာပြီးအသေးစိတ်ကျကျဆွေးနွေးဖို့ မလုပ်ရမှာလဲ?”
“မလိုပါဘူး, ဒီတိုင်းမေးကြည့်တာ” ကောင်းဖန်ကသူ့ခေါင်းကိုယမ်းလိုက်သည်၊ သူ့မှာသားရဲတွေရဲ့အဆင့်တွေကိုကြည့်ဖို့အတွက်ဒေတာအချက်အလက်ဇယားရှိသည်၊ သူကဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်ကိုသုံးဖို့မလိုအပ်ပေ၊
ရွှီချင်းဇီက ကြက်သေသေသွားပြီး, သူမ၏အပြုံးကိုမျက်နှာပေါ်မှာဆက်ထိန်းထားရသည်၊
“ရလဒ်ထွက်လာပြီ၊ ဒါကအထူးအဆင့်အတန်းဘဲ!၊ ငါတို့အနက်ရောင်မာန်ဟုန်ပြင်း ကင်းကောင်အဆင့်အတန်းကို မစမ်းသပ်ခဲ့တာရှက်စရာဖြစ်သွားပြီ၊ မဟုတ်ရင်ငါတို့ ဆေးအာနိသင်ကိုချက်ချင်းအတည်ပြုနိုင်မှာဘဲ၊ ဒါတောင်ဆေးရဲ့ထိရောက်မှုက ၉၉ရာခိုင်နှုန်းအတိုင်းအတာအထိသက်သေပြနေတယ်၊” ရွှီဟေးမင်ကဝမ်းနည်းစွာဖြင့် ဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်အားကောင်းဖန်ကိုပေးကာပြောလိုက်သည်၊
ဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်သည်မှန်တစ်ချက်လိုကြည်လင်သည်အထိ ပွတ်တိုက်ပေးရသည်၊ ထိုနေရာတွင်အပြာရောင်ဖျော့ဖျော့အလင်းက အလင်းပြန်မှု အလယ်တွင်ပေါ်နေသည်၊
“အပြာရောင်ပြတာက သားရဲရဲ့အထူးအဆင့်ကိုပြတာလား?” ကောင်းဖန်ကစူးစမ်း လျက်မေးလိုက်သည်၊
“ဟုတ်တယ်၊ အကယ်၍အဲ့တာကသာမန်အဆင့်အတန်းဆိုရင်, အရောင်ကအဖြူရောင် ဖြစ်နေမှာ၊ အထူးအဆင့်ကအပြာ၊ ပြီးပြည့်စုံခြင်းအဆင့်ကခရမ်း, ထူးခြားအဆင့်က လိမ္မော်” ရွှီဟေးမင်ကရှင်းပြလိုက်သည်၊
ကောင်းဖန်ကနားထောင်နေပြီးသူ၏အမူအရာကပြောင်းလဲလာသည်၊
“ဒဏ္ဍာရီလာအဆင့်အတန်းဆိုရင်ရော?” ကောင်းဖန်ကမနေနိုင်စွာဘဲမေးလိုက်သည်၊
“ဟားဟား,ဒဏ္ဍာရီလာအဆင့်ကအရမ်းရှားတယ်၊ လူအများစုကသူတို့ဘဝတစ်လျှောက်မှာမတွေ့ဖူးသေးဘူး၊ ဒါပေမယ့်,ငါကတစ်ကြိမ်မြင်ခဲ့ဖူးရင်ကံကောင်းလို့ဘဲ၊ ငါ့အထင် ဒဏ္ဍာရီလာအဆင့်က အနီတောက်တောက်ဖြစ်မယ်ထင်တယ်၊” ထန်ယိမြောင်ကပြော လိုက်သည်၊
“ဒီဝိဉာဉ်သလင်းမီးတောင်ထွက်ကျောက်…အဆင်မပြေသလိုဘဲ”
“ဒါကအဆင်ပြေပါတယ်၊ ခင်ဗျားမှာသားရဲရဲ့အဆင့်ကိုစမ်းသပ်ဖို့ကိရိယာတစ်ခုရှိလို့ ဆေးတွေကိုအကုန်စမ်းသပ်ကြည့်ရအောင်၊” ကောင်းဖန်ကလှည့်ကာစကားပြောပြီး နောက်ဓာတ်ခွဲခန်းမှထွက်သွားတော့သည်၊ ပြန်ရောက်လာတော့သူ့လက်ထဲတွင် ဆေး၃မျိုးတောင်ပါပြီး, တစ်ခုချင်းစီကတစ်ရောင်စီဖြစ်သည်။
အဝါဖျော့, မီးခိုးဖြူရောင်, ပြီးနောက်ရွှေရောင်ညစ်ညစ်၊ ကောင်းဖန်၏လက်ထဲတွင် ရှိသောပြွန်သုံးမျိုးသည်အရောင်စုံလင်လှသည်၊
***
အပိုင်း၁၈၆ တော်ဝင်ဆေး
ကောင်းဖန်၏လက်ထဲမှဆေးပြွန်သုံးခုကိုကြည့်လိုက်ချိန်တွင် ကြည့်နေသူများ အသက်ရှုကျပ်လာတော့သည်၊
ပထမတော့သူတို့ကသူ့ကိုအလေးအနက်မထားကြဘူး၊ နောက်ဆုံးတော့, ဓာတ်စမ်း ပစ္စည်းဖန်တီးဖို့ကမခက်ပါဘူး၊ အခြေခံကျောင်းသားများပင်သူတို့လိုချင်လျှင် ဒါဇင်ပေါင်းများစွာလုပ်နိုင်သည်၊ သေချာတာပေါ့, လုပ်ထားတဲ့အရာတွေရဲ့ အရည်အသွေးတွေပေါ်မှတော့အာမခံချက်မရှိဘူး၊
ဒါပေမယ့်, ကောင်းဖန်သာမန်လူသူတစ်ဦးမဟုတ်ပေ၊
အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်နဲ့ ခုနလေးတင်ဖြစ်ပျက်ခဲ့သောအရာတွေက သူ၏အရည်အချင်းကိုပြသပြီးဖြစ်သည်၊
ဖြစ်နိုင်လား…
ကျီဟန့်ဝူတောင်ဘဲအံ့ဩနေမိသည်၊ သူကဒီဓာတ်စမ်းပစ္စည်းပြွန်သုံးခု၏တန်ဖိုးကို သူကောင်းကောင်းနားလည်သည်၊
သူ့မြေးကသူ့ကိုတကယ်ကိုအံ့ဩစရာကောင်းအောင်လုပ်ပေးလိုက်တာဘဲ…
ကျီဟန့်ဝူကသူ့မြေးကသူ့ကိုပစ္စည်းတွေရှာပေးဖို့ပြောတော့ရယ်နေခဲ့သည်၊ သူကကလေးတစ်ယောက်လုပ်သလိုတစ်ခုခုလုပ်ကြည့်ချင်တာလို့ထင်ခဲ့သည်၊ ကြည့်ရတာဟုတ်ပုံမရဘူး၊
ဒီလိုမှမဟုတ်ရင်ရောဘာဖြစ်လဲ? သူကငါ့မြေးဘဲ! သူကကျီဟန့်ဝူရဲ့မြေးဘဲ!
ကျီဟန့်ဝူကသူ့အတွေးတွေကိုရှင်းလင်းလိုက်ကာ အခြေအနေကိုအပြည့်အဝနားလည်သွားပြီးနောက် သူ့လေသံကိုလေးနက်သည့်အသံသို့ပြောင်းလိုက်သည်၊ သူကဒီထဲမှာ ရှိတဲ့လူတွေအားလုံးကိုစူးရှတဲ့အကြည့်တွေဖြင့်ကြည့်လိုက်သည်၊ “ဒီနေ့ဖြစ်ခဲ့တာတွေ ကကုမ္ပဏီရဲ့လျှို့ဝှက်ချက်ဘဲ၊ ဖြစ်ခဲ့တာတွေကိုဘယ်သူ့ကိုမှမမျှဝေဖို့တားမြစ်တယ်”
“နားလည်ပါပြီ”သူတို့ထဲကတစ်ဦးကပြောသည်၊ “ဥက္ကဌကျီနားလည်ပါပြီ” နောက်တစ်ယောက်ကပြောလိုက်သည်၊ သူတို့အားလုံးကနားလည်ကြောင်းခေါင်းညိတ် ပြသည်၊
ကျီဟန့်ဝူကခေါင်းညိတ်လိုက်သည် , ရွှီဟေးမင်ကသူ့ရဲ့ယုံကြည်ရတဲ့လက်ထောက် တစ်ဦးဖြစ်သည်၊ ရွှီဟေးမင်အကို, ရွှီဟေးထင်သည် တောင်ပိုင်းကောင်းကင်အဖွဲ့၏ လုံခြုံရေးခေါင်းဆောင်ဖြစ်သည်၊ ရွှီဟေးမင်ကသူ့အကိုကိုလုံခြုံရေးဌာနခေါင်းဆောင် အဖြစ် ကျီဟန့်ဝူ၏ယုံကြည်မှုပမာဏကိုပုံဖော်ကြည့်နိုင်သည်၊
ကျီဟန့်ဝူအတွက်တော့, ဒီဓာတ်စမ်းပ္စည်းတွေကအသေးအဖွဲဖြစ်သည်၊ ဒီဓာတ်ပစ္စည်း တွေရဲ့အကျိုးကျေးဇူးတွေကသူ့အတွက်အကျိုးရှိစေတယ်ဆိုရင်တောင် အရေးမကြီးပေ၊ သူကတကယ်တန်ဖိုးထားတာကသူ့မြေးရဲ့လုံခြုံရေးဖြစ်သည်၊
သူ့မြေးရဲ့အရည်အချင်းတွေကိုတခြားသူတွေသိလျှင် သူ့မြေးကိုအန္တရာယ်ဖြစ်စေနိုင် သည်၊
သူ့မြေးကိုအလွန်အကျွံအကာအကွယ်ပေးတဲ့ ပြင်းထန်သောကိစ္စမျိုးကြုံဖူးသူတစ်ဦး အနေဖြင့် ကောင်းဖန်ကိုမည်သည့်အန္တရာယ်မျိုးနှင့်မဆိုထိတွေ့ခွင့်ပြုမည်မဟုတ်ပေ၊
ဒီဆေးသုံးမျိုးကိုမြေကြီးဆေးအမျိုးအစားတစ်, ရေနံဓာတုပစ္စည်းဆေးအမျိုးအစား တစ်နှင့် တော်ဝင်ဆေးဆိုပြီးနာမည်ပေးလိုက်သည်၊
ရေနံဓာတုဆေးကိုကြီးမားသောပုရွက်ဆိတ်ကိုဆိုလိုသည်၊
ကြီးမားသောပုရွက်ဆိတ်အမျိုးအစားသည်သာမန်ပုရွက်ဆိတ်အမျိုးအစားဖြစ်သည်၊ ၎င်း၏တစ်ကိုယ်လုံးအဝါညိုရောင်,၎င်း၏ခြေလက်များကရှည်လျားပြီး ၎င်း၏နှဖူးများက ကြွက်သားများဖြင့်ပြည့်နေသည်၊ ၎င်းကအများအားဖြင့် ငါးပေနှင့် ခုနှစ်ပေကြားအထိရှည်သည်၊
၎င်း၏ထူးခြားသောသွင်ပြင်လက္ခဏာမှာ၎င်း၏ခွန်အားဖြစ်ပြီး, ၎င်း၏တစ်ပန်းသာမှုက သန်မာမှုဖြစ်သည်၊ ကြီးမားသောပုရွက်ဆိတ်သည်အရင်အကောင်၏အရည်အချင်းများ ကိုလက်ခံရရှိပြီး ၎င်းတို့သည်အလေးချိန်အဆ၃၀ရှိသောအရာများကိုသယ်နိုင်စွမ်းရှိ သည်၊ ၎င်း၏အလေးချိန်ကိုတွက်ချက်ကြည့်လျှင် ၎င်း၏အလေးချိန်အဆ၃၀ရှိသော အရာတစ်ခုကိုသယ်ဆောင်နိုင်ခြင်းမှာ ကြောက်စရာကောင်းလှသည်၊
တစ်ခုတည်းသောအားနည်းချက်မှာ အလွန်လျင်မြန်မှုမရှိခြင်းဖြစ်သည်၊၎င်းက ခုခံမှုတွင်လည်းအားနည်းပြီး အကွာအဝေးတိုက်ခိုက်မှုလည်းနည်းပါးသည်၊
“အကွာအဝေးတိုက်ခိုက်မှုတွေမရှိတာက အရင်ခေတ်ကသားရဲတွေကြားမှာလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်၊” ကောင်းဖန်ကပြောလိုက်သည်၊
ပျံသန်းပြီး မီးလုံးပစ်နိုင်သည့်ဖလိမ်မီတောင်ဘဲ, အုပ်ချုပ်သူအဆင့်သို့မတိုးမြှင့်ခင် ပေါ့ပါးတဲ့အကွာအဝေးသာရှိခဲ့သည်၊ရန်သူကိုသနားစိတ်ဖြင့်သွယ်ချွန်းသောနှုတ်သီးကို သာအသုံးပြုသည်၊
“သူတို့ရဲ့လျင်မြန်သွက်လက်မှုကိုပြောင်းလဲဖို့ခက်ခဲတယ်, အဲ့တာကသူတို့ရဲ့ခန္ဓာကိုယ် ဖွဲ့စည်းပုံတစ်ခုလုံးကိုပြောင်းလဲပစ်ရလိမ့်မယ်၊ ဒါပေမယ့်သူတို့ရဲ့ခုခံနိုင်စွမ်းကိုမြှင့်တင် ဖို့ကတော့မခက်ပါဘူး” ကောင်းဖန်ကပြောလိုက်သည်၊
ရေနံဓာတုဆေးအမျိုးအစား၁ကိုထိုးသွင်းပြီးနောက်ပုရွက်ဆိတ်ကြီးသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားကာခန္ဓာကိုယ်တစ်ဝိုက်တွင်အညစ်အကြေးများစုပုံလာ သည်၊ သို့သော်ကြီးမားသောပုရွက်ဆိတ်၏ချွေးပေါက်များမှစွန့်ထုတ်ပြီးသွားတဲ့နောက်, ထိုအညစ်အကြေးများသည်ပျောက်ကွယ်သွားခြင်းမရှိပေ၊ ၎င်းတို့သည်လဲလျောင်းနေ သောခန္ဓာကိုယ်ပေါ်တွင်သံချပ်ကာကဲ့သို့ဖြစ်နေသည်၊
ကြီးမားသောပုရွက်ဆိတ်ကြီး၏ခန္ဓာကိုယ်အရောင်သည်တဖြည်းဖြည်းမှိန်ဖျော့သွားပြီး, ၎င်း၏အပြင်အခွံသည်တဖြည်းဖြည်းမာကျောလာကာ, ၎င်း၏ရုပ်လုံးကပေါ်လာ သည်၊
၁၀မိနစ်ကြာပြီးနောက်, ထို့နောက်ရုပ်လုံးကကွဲထွက်သွားသည်။
ထွက်ပေါ်လာသည်ကခဲဖြူရောင်ပုရွက်ဆိတ်၊ “ကျနော်ဒီပုရွက်ဆိတ်ကို ကျောက်နှလုံးပုရွက်ဆိတ်လို့နာမည်ပေးတယ်”
[မကောင်းဆိုးဝါးအမည်]-ကျောက်နှလုံးပုရွက်ဆိတ်
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၇
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးနှစ်သက်မှု]-ရေချို,သစ်ရည်
[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(ကြီးကျယ်ခြင်း)
ဒီအသစ်ပြောင်းလဲလာသောကျောက်နှလုံးပုရွက်ဆိတ်သည် ဗိုလ်ကျသူနှင့်တူသည်၊ ၎င်းကသူ၏အခန်းထဲတွင် အပြန်ပြန်အလှန်လှန်လျှောက်နေပြီး၎င်း၏မာကျောသော အခွံကို၎င်း၏ခြေလက်များဖြင့်အကြိမ်ကြိမ်ရိုက်နေသည်၊
“ရေချို? အဲ့တာကသကြားထည့်ထားတဲ့ရေဘဲလေ” ကောင်းဖန်ကဆီလီကိုခေါ်လိုက် သည်၊
ထို့နောက်, ဆီလီ၏ဘဝဲလက်များကိုဖယ်ခွာ၍ ခန္ဓာကိုယ်ထဲသို့ရောက်အောင်သူ၏ ညာလက်ကိုသုံး၍သူ၏လက်များဖြင့်စမ်းတဝါးဝါးလုပ်နေသည်၊
ဆီလီကသူ့သခင်ကိုမသင်္ကာမှုဖြင့်ကြည့်နေသည်၊၎င်းကသူ၏ဘဝဲလက်များဖြင့် ကောင်းဖန်၏လက်များကိုတဖတ်ဖတ်နှင့်ရိုက်နေသည်၊
“အာ, တွေ့ပြီ” ကောင်းဖန်ကသစ်သီးဖျော်ရည်အများအပြားကိုသူ၏ခန္ဓာကိုယ်ထဲတွင် ဖွက်ထားမည်မှန်းသိသည်၊
သူ၏ညာလက်ထွက်လာသည်နှင့်ဘယ်သူမှမတုံ့ပြန်မှီ ဆီလီကသစ်သီးဖျော်ရည်နံ့ကို ရနေပြီဖြစ်သည်!
“ငါ့ဟာ! ငါ့သစ်သီးဖျော်ရည်! မကောင်းတဲ့ကောင်းဖန်!” လျှပ်စီးလမ်းကြောင်းကဲ့သို့ လျှင်မြန်စွာဖြင့်ဆီလီကကောင်းဖန်၏လက်မောင်းကိုဆွဲထားရန်သူ၏ဘဝဲလက်များကို သုံး၍အသီးဖျော်ရည်များကိုသူ့လက်မှဆွဲထုတ်ရန်ကြိုးစားသည်၊ ၎င်း၏ခန္ဓာကိုယ်သည် ကြမ်းပြင်နှင့်ပြိုင်တန်းလျက်ရှိသည်၊ ဆီလီကအတော်လေးသန်မာတာကြောင့်, ကောင်းဖန်ကိုကြမ်းပြင်ပေါ်မှတရွတ်တိုက်ဆွဲနေသည်၊
ဘန်း! ကောင်းဖန်ကဆီလီ၏ခေါင်းကိုရိုက်ချလိုက်သည်,“ရေးကြီးခွင်ကျယ်လုပ်မနေနဲ့, လွှတ်စမ်း၊ ငါမင်းဆီကသစ်သီးဖျော်ရည်တစ်ခွက်ယူမယ်, ဒါပေမယ့်ငါမင်းကို မနက်ဖြန် ၁၀ခွက်ပြန်ပေးမယ်၊”
ဆီလီကရုတ်တရက်လှုပ်ရှားမှုကိုရပ်လိုက်ပြီး သူ့ခေါင်းကိုရှုပ်ထွေးစွာဖြင့်ကုပ်လိုက် သည်၊ ထို့နောက်သူကသစ်သီးဖျော်ရည်ငါးပုလင်းကိုသူ့ခန္ဓာကိုယ်ထဲမှထုတ်လိုက်သည်၊
ကောင်းဖန်ကကတိပေးပြီးသားဖြစ်သွားတာကြောင့်, ၎င်းတို့ကိုပေးလိုက်သည်၊
သူကရပ်လိုက်သည်၊ ကောင်းဖန်ကဆီလီကိုရယ်ကာကြည့်လိုက်သည်, “မင်းကဘယ်တော့မှမရှုံးဘူး, ဟုတ်တယ်မလား?”
ဆီလီကပေးချင်စိတ်မရှိဖြစ်နေသည်၊ သူ၏သခင်ကိုသစ်သီးဖျော်ရည်အာလုံးပေးရမည် ကိုစိုးရိမ်နေသည်၊
ထို့နောက်၎င်း၏ဘဝဲလက်များအားလုံးကိုမြှောက်လိုက်ပြီး, ဘေးသို့ဝဲကာကလိုက် သည်၊ “ဆယ်,ဆယ်,ဆယ်,ဆယ်,သစ်သီးဖျော်ရည်ဆယ်ပုလင်းပါကွယ်!”သူက ကောင်းဖန်ဆီသို့ပြေးသွားလိုက်ပြီး ၎င်း၏ဘဝဲလက်များကိုသုံးကာကောင်းဖန်၏ မျက်နှာကိုပတ်လိုက်သည်၊ မည်မျှပင်ခက်ခဲစွာတွန်းထုတ်ပါစေ ဆီလီထံမှရုန်းမထွက် နိုင်ပေ၊
…
သူ၏ညစ်ပတ်နေသောကုတ်အင်္ကျီကိုသေသပ်လိုက်ပြီး, ကောင်းဖန်ကချောင်းဟန့် လိုက်သည်, “အိုကေ, ငါအစောပိုင်းရှာဖွေထားတဲ့ရလဒ်က, ကျောက်နှလုံးပုရွက်ဆိတ် ကြိုက်တဲ့အရာကိုရှာတွေ့ခဲ့တယ်၊ အဲ့ကောင်ကသစ်သီးဖျော်ရည်ကိုကြိုက်တာဘဲ”
သူကပြောလိုက်ပြီး, ဖန်ခွက်ကိုအမှောင်ထဲသို့ပစ်လိုက်သည်၊ ဖန်ခွက်ကကြမ်းပြင်နှင့် ရိုက်မိပြီးကျကွဲသွားတော့သည်၊ အတွင်းမှသစ်သီးဖျော်ရည်က ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲကျနေသောဖန်ခွက်အစိတ်အပိုင်းများနှင့်ရောစပ်နေသည်၊
ကျောက်နှလုံးပုရွက်ဆိတ်သည်ခေါင်းကိုမော့ကာလေထဲတွင်ရှိသောအနံ့ကိုရှုလိုက် သည်၊ သစ်သီးဖျော်ရည်၏အနံ့အသက်ကိုဖမ်းမိသောအခါ ကျောက်ပုရွက်ဆိတ်သည် တင်လှုပ်ရှားလာတော့သည်၊ လှည့်ကြည့်လိုက်တော့ သစ်သီးဖျော်ရည်ကိုစိုက်ကြည့်ပြီး လျှောက်သွားလိုက်သည်၊ လာသောလမ်းတစ်လျှောက်တွင်ဖန်အကွဲများကပြန့်ကျဲနေ သည်၊
ကျောက်နှလုံးပုရွက်ဆိတ်ကကြမ်းပြင်ကိုစစ်ဆေးလိုက်သည်၊ ကြမ်းပြင်ရှိမှန်များက ကွဲကြေနေသည်၊
၎င်းကသူ့ခေါင်းကိုငုံ့လိုက်ပြီးတည်ငြိမ်စွာနှင့်ဖျော်ရည်ကိုသောက်တော့သည်၊ ဦးမှင်များကလှုပ်ယမ်းနေကာ သူကပျော်ရွှင်နေကြောင်းကိုပြနေသည်၊
ထို့နောက်ကောင်းဖန်ကမြေကြီးဆေးအမျိုးအစား၁နှင့် တော်ဝင်ဆေးကိုထုတ်လိုက် သည်၊ ရွှေအလင်းခွေးနှင့် တောင်ငှက်ဝံပုလွေ,အသီးသီးတွင်၎င်းတို့ကိုအသုံးပြုမည်ဖြစ် သည်၊
ရွှေအလင်းခွေးသည်သာမန်ကာနိုင်းခွေးအမျိုးအစားဖြစ်သည်၊ ၎င်း၏ဉာဏ်ရည်က ၎င်း၏အဆင့်တစ်ဝိုက်တွင်ရှိသောသားရဲများထက်အတော်လေးမြင့်မားပြီး နူးညံ့သိမ်မွေ့သောစရိုက်လက္ခဏာရှိသည်၊ ၎င်းကကလေးတွေနှင့်ဆော့ကစားရန် အတွက်ကောင်းပြီး အထူးအဆင့်ကာနိုင်းအမျိုးအစားသားရဲဖြစ်သည်၊
မြေကြီးဆေးကို ရွှေအလင်းခွေးအား မြေရွှေအလင်းသားရဲဖြစ်ရန်အတွက်သုံးမည်ဖြစ် သည်၊ ၎င်း၏ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်နှစ်ခုလုံးတိုးတက်လာချိန်တွင် ၎င်း၏အဆင့်တစ်ခုပြီးတစ်ခုတက်လာသည်၊တစ်ခုတည်းသောချို့ယွင်းချက်မှာ ၎င်း၏အမွှေးများသည်ယခင်ကကဲ့သို့ဆွဲဆောင်မှုမရှိတော့ဘဲ, အနည်းငယ်မှိုင်းသွား သည်၊ ဘယ်လိုဘဲဖြစ်ဖြစ်၎င်းသည်ရင့်ကျက်မှုကိုပေးစွမ်းသည်၊
အခြားတောင်ဝံပုလွေစာငှက်များသည် ငှက်အမျိုးအစားသားရဲများဖြစ်ပြီး အခြေခံအားဖြင့်ရှန်ချန်းတွင်တွေ့နိုင်သည်၊ ၎င်းကကပ်ဆိုးကြီးမတိုင်ခင်ရှိခဲ့သော အုန်းခွံရောင်စာငှက်မှဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်၊
ကပ်ဆိုးမတိုင်မှီက လေထုညစ်ညမ်းမှုကြောင့်အုန်းခွံရောင်စာငှက်များလျော့ပါးသွား တော့သည်၊ ဘယ်လိုဘဲဖြစ်ဖြစ် အခြားမျိုးစိတ်များနှင့်နှိုင်းယှဉ်ပါက၎င်းတို့ အရေအတွက်သည်မြင့်မားနေဆဲဖြစ်ပြီး မျိုးပွားမှုနှုန်းမြင့်မားဆဲတော့ဖြစ်သည်၊ ကပ်ဆိုးကြီးပြီးနောက် ၎င်းတို့အရေအတွက်သည်သိသိသာသာတိုးလာသည်၊
တောင်ဝံပုလွေစာငှက်ကသိပ်မကြီးပေမယ့် မြန်သည်၊ ထို့အပြင်စိတ်ဓာတ်လည်း ပြင်းထန်သည်၊၊ ၎င်း၏နှုတ်သီးအတွင်းပိုင်းကိုချွန်ထက်သောသွားများဖြင့်ဖုံးထားသည်၊ တောဝင်ဆေးကိုအသုံးပြုပြီးနောက်, ၎င်းက ဧကရာဇ်တောင်ဝံပုလွေစာငှက်ဖြစ်သွား ပြီး၎င်း၏အဆင့်အတန်းကသာမန်အဆင့်အတန်းမှ အထူးအဆင့်အတန်းသို့ ရောက်သွားသည်၊
[မကောင်းဆိုးဝါးအမည်]-ဧကရာဇ်တောင်ဝံပုလွေစာငှက်
[မကောင်းဆိုးဝါးအဆင့်အတန်း]-အထူးအဆင့်အတန်း
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၅
[မကောင်းဆိုးဝါးစွမ်းရည်]-ယင်စွမ်းရည်
[မကောင်းဆိုးဝါးနှစ်သက်မှု]-အသား,နီရဲနေသောအသား!
[ထူးခြားအဆင့်သို့မြှင့်တင်ရန်လိုအပ်ချက်များ]-တော်ဝင်ဆေးကိုအသုံးပြုထားသော ကြောင့်ပြီးပြည့်စုံသောအဆင့်အထိတိုးတက်စေရန်တူညီသောဆေးကိုသာအသုံးပြုရန် လိုအပ်သည်၊ ဆေးကိုအသုံးပြုခြင်းသည် ဧကရာဇ်အဆင့်သို့တိုးမြှင့်ရန်အတွက် ခက်ခဲစေသည်၊
ထိုသားရဲ၏တိုးတက်မှုကိုတွေ့ပြီးနောက်စောင့်ကြည့်နေသူများကအံ့ဩနေတော့သည်၊
ရွှီချင်းဇီကသူမဦးလေး၏ဓာတ်ခွဲခန်းတွင်အချိန်ဖြုန်းနေခဲ့သည်၊ သူမလေ့လာလေလေ, သားရဲပျိုးထောင်မှုလုပ်ငန်းသည် အရည်အချင်းပေါ်တွင်အမှန်တကယ်မူတည်မှန်း သူမခံစားမိလေလေဖြစ်သည်၊
အခုသူမကသားရဲတစ်ကောင်ကိုကြည့်နေသလိုမျိုးကောင်းဖန်ကိုကြည့်နေတော့သည်။
***
အပိုင်း၁၈၇ မိုးကြိုးနတ်ဘုရားခရု
ကျီဟန့်ဝူကအရမ်းကိုပျော်ရွှင်နေသည်၊ မျိုးဆက်သစ်လူငယ်တွေတစ်ခုခုအောင်မြင် တာကိုမြင်တဲ့အခါ အသက်ကြီးကြီးလူအိုတွေခံစားဂုဏ်ယူမှုမျိုးဖြစ်သည်၊
ကျီဟန့်ဝူသည်ကောင်းဖန်မှထပ်မံသုတေသနပြုပြီးနောက်ဒီဓာတ်စမ်းပစ္စည်းပြွန်သုံးခု ထဲမှ-သွေးသားသတ်ဆေး,မြေကြီးဆေးအမျိုးအစား၁နှင့်ရေနံဓာတုဆေးအမျိုးအစား၁ တို့ကိုထုတ်လုပ်ပြီးရောင်းချဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်သည်၊
“တော်ဝင်ဆေးကပိုပြီးတန်ဖိုးရှိတယ်, ဒါကြောင့်ငါတို့မရောင်းသေးဘူး,” ကျီဟန့်ဝူက ညင်သာစွာပြောလိုက်သည်၊ ထို့နောက်သူကကောင်းဖန်၏ခေါင်းကိုထိလိုက်သည်၊ “အနာဂါတ်မှာ, မင်းပစ္စည်းတွေလိုချင်တယ်ဆိုရင်, မင်းအဘိုးကိုသာမေးလိုက်၊ ပြီးတော့,မင်းရဲ့အနာဂါတ်စမ်းသပ်မှုရလဒ်တွေအားလုံးကိုအဘိုးကိုဘဲပြောဖို့လိုတယ်၊ မင်းကုမ္ပဏီကဘယ်သူ့ကိုမဆိုတင်ပြစရာမလိုဘူး”
ပြီးတော့ကျီဟန့်ဝူကကောင်းဖန်၏အဘိုးဖြစ်ပြီး, တခြားသုံးယောက်ဘက်မှကြည့်မယ် ဆိုလျှင်, ကောင်းဖန်ကိုချစ်ခြင်းမေတ္တာနှင့်ဂရုစိုက်ကြောင်းပြောနေတဲ့ပုံလို့မမြင်ကြပေ၊၊
သူတို့ကဓာတ်ခွဲခန်းထဲကနေထွက်လာပြီး, ထန်ယိမြောင်ကသက်ပြင်းချလိုက်သည်, “ကြည့်ရတာသူကဒီ၂နှစ်အတွင်းမှာငါ့တို့ကိုကျော်တက်သွားပုံဘဲ”
“ဟုတ်တယ်၊ ခုခေတ်ငယ်ရွယ်တဲ့လူငယ်တွေကကြောက်စရာကောင်းချက်” ရွှီဟေးမင်၏မျက်နှာတွင်မဖတ်နိုင်သောအမူအရာရှိသည်၊ “သူကငါ့နဲ့သိပ်မဝေးတော့ မှာကြောက်နေပြီ”
ရွှီချင်းဇီကသူ့ဦးလေးတို့နောက်မှလိုက်လာသည်၊ သူက သူတို့ရဲ့စကားများကို နားထောင်ရင်းလေးလေးနက်နက်စဉ်းစားနေမိသည်၊
…
“အဘိုး,တောင်ပိုင်းကောင်းကင်အဖွဲ့မှာ စီစဉ်တဲ့လေ့လာရေးခရီးစဉ်တွေရှိလား?” ကောင်းဖန်ကထိုသုံးယောက်ထွက်သွားပြီးနောက်သူ့အဖိုးကိုသက်သေပြဖို့လုပ်လိုက် သည်၊
တခြားသောသုတေသီတွေနဲ့မတူဘဲ, သူသည်သားရဲများ၏ဆင့်ကဲဖြစ်စဉ်အပေါ်တွင် သုတေသနပြုလုပ်ရန်မလိုအပ်ပေ၊ သူသည်၎င်းတို့အား မျက်လုံးများဖြင့်တစ်ကြိမ်သာ ကြည့်လိုက်ရန်လိုအပ်သောကြောင့်ဓာတ်ခွဲခန်းတွင်နေရခြင်းသည်သူ့အတွက် အချိန်ဖြုန်းခြင်းသာဖြစ်သည်၊ လေအေးပေးစနစ်ကိုသူတစ်ယောက်တည်းခံစားဖို့သာ ရှိသည်၊
ကောင်းဖန်သည်လျှို့ဝှက်ဆန်းကြယ်ပြီးအမျိုးအမည်မသိသောတောရိုင်းများနှင့် ထိုနေရာရှိသားရဲအများအပြားအပြင် ဆန်းသစ်သောအပင်များနှင့်သာမန်ထက် လွန်ကဲသောသတ္ထုများကိုတွေးတောနေမိသည်၊
သားရဲအမဲလိုက်လောကတွင်လူသိများသော အထူးကမ္ဘာ့အမဲလိုက်သူများအဖွဲ့ရှိသည်၊
ကမ္ဘာ့အမဲလိုက်သူများအကုန်လုံးတွင် သူတို့၏ကိုယ်ပိုင်ခေါင်းစဉ်ရှိသည်၊ သားရဲလေ့ကျင့်သူအုပ်စုထဲတွင်ကျော်ကြားသူများဖြစ်ကြသည်၊ ၎င်းတို့သည် အထူးခြားဆုံးနှင့်စွမ်းအားအရှိဆုံးသားရဲလေ့ကျင့်သူအဖွဲ့အစည်းလည်းဖြစ်သည်၊
လှုပ်ရှားလုပ်ဆောင်မှုမရှိသောသားရဲလေ့ကျင့်ပေးသူအများစုနှင့်မတူဘဲ ၎င်းတို့သည် တောင်၏အနက်ရှိုင်းဆုံးအပိုင်းများသို့သွားကြပြီး လူသားများအခြေမချရသေးသည့် အမည်မသိနေရာများကိုစူးစမ်းလေ့လာကြသည်၊
သူတို့ကကမ္ဘာ့ရှာဖွေသူများဖြစ်ပြီး တောရိုင်းမြေများ၏စစ်သည်များဖြစ်သည်၊
စစ်တပ်ကအခြေစိုက်စခန်းမြို့များကိုခုခံကာကွယ်ရန်လူသားမျိုးနွယ်ကို ကာကွယ်ရန်လိုအပ်သည်၊ ယခုအချိန်အထိလူသားများစူးစမ်းလေ့လာခဲ့သော လူသိများသည့်ဧရိယာတစ်ဝက်နီးပါးကိုကမ္ဘာ့အမဲလိုက်သူများအဖွဲ့ကရှာဖွေပေးထား ခြင်းဖြစ်သည်၊
လေ့လာရေးခရီးများ? ကျီဟန့်ဝူကကောင်းဖန်ကိုစိုက်ကြည့်လိုက်သည်၊
“မင်းကငယ်ငယ်လေးကတည်းကအမြဲတမ်းတောရိုင်းထဲမှာကြည့်ဘဲ” ကျီဟန့်ဝူက ကောင်းဖန်ကိုအပြစ်တင်သလိုစနောက်ကာပြောလိုက်သည်၊
ကျီဟန့်ဝူသည်လွန်ခဲ့သည့်နှစ်သစ်ကူးကာလတွင် ကောင်းဖန်ကသစ်ပင်တက်ခြင်း, အိမ်နောက်ဖေးရှိရေကန်တွင်ငါးဖမ်းခြင်း, ပုစဉ်း,ယင်များအားဖမ်းလေ့ရှိသည်ကို သတိရမိသွားသည်၊
“မင်းတောရိုင်းထဲကိုမသွားခိုင်းနိုင်ဘူးလို့တော့မဟုတ်ဘူး,ဒါပေမယ့် မင်းရဲ့သားရဲတွေ ကိုပိုလေ့ကျင့်ဖို့လိုတယ်၊ မင်းရဲ့သားရဲတွေတိုက်ခိုက်မှုကအရမ်းသဘာဝဆန်လွန်း တယ်” ကျီဟန့်ဝူကကောင်းဖန်ကိုပြောလိုက်သည်၊
ကျီဟန့်ဝူကကောင်းဖန်သည်အရည်အချင်းရှိသောသားရဲပျိုးထောင်သူဖြစ်တာကြောင့် စမ်းသပ်မှုတွေပြုလုပ်ပြီးဓာတ်ခွဲခန်းထဲတွင်နေရန်အတင်းအကျပ်ဖိအားပေးမယ် မဟုတ်ပေ၊
ဆန့်ကျင်ဘက်အနေနှင့်,ကျီဟန့်ဝူသည်အလွန်လေးစားမှုများတိုးတက်လာသည်၊
“တကယ့်တောရိုင်းက အခြေစိုက်မြို့အနီးကတောအုပ်မဟုတ်ဘူး၊ နေရာတိုင်မှာ အန္တရာယ်တွေရှိနေတာကြောင့် အဘိုးရဲ့ခွင့်ပြုချက်မရခင်,မင်းတောအုပ်ထဲကို မသွားရဘူး၊ မဟုတ်ရင်မင်းခြေထောက်တွေကိုချိုးပြီးအိပ်ရာထဲမှာနေခိုင်းလိုက်မယ်” ကျီဟန့်ဝူကကောင်းဖန်ကိုအေးစက်စွာပြောလိုက်သည်၊
ကောင်းဖန်က, ကျနော့်မှလျှို့ဝှက်နည်းတစ်ခုရှိတယ်, ကြယ်နက္ခပြောင်းရွှေ့ခြင်းလေ၊ အဘိုးကကျနော့်ခြေထောက်တွေကိုချိုးချင်ရင် ကျနော့်ရဲ့သားရဲခြေထောက်တွေကို အရင်ချိုးရမယ်…, ကောင်းဖန်ကတွေးမိလိုက်သည်။
ကောင်းဖန်သည်တာ့ဇီတွင်ရှိသောရာနဲ့ချီသည့်ခြေထောက်များနှင့် အစင်းလေးတွင်ရှိ သောခြေထောက်ရှစ်ချောင်းနှင့် ဆီလီ၏မရေမတွက်နိုင်သောဘဝဲလက်များကို မတွေးဘဲမနေနိုင်ပေ၊
ဖလိမ်မီအတွက်ကတော့… သူ့ကိုပြောစရာကိုမလိုတော့ဘူး၊
“မင်းရဲ့တာ့ဇီကလျှပ်စီးအမျိုးအစားဘဲ၊ ပြီးတော့သူ့မှာလျှပ်စီးစွမ်းရည်သိပ်ပြီး အများကြီးမရှိပေမယ့်အဲ့တာတွေကိုတိုက်ခိုက်မှုတွေမှာအသုံးပြုနိုင်တယ်၊ အခုသူတို့အသုံးပြုတဲ့ပုံစံကအရမ်းအခြေခံကျလွန်းတယ်” ကျီဟန့်ဝူကခေါင်းခါပြီး ခဏလောက်ရပ်လိုက်သည်၊ “မနက်ဖြန်ခြောက်နာရီကနေစပြီးအိပ်ယာကထ၊ မင်းရဲ့သားရဲတွေအကုန်လုံးကိုခေါ်လာခဲ့၊ အိုး,မင်းရဲ့အိပ်ခန်းထဲကဗွီဒိုထဲမှာအားကစား ဝတ်စုံတစ်ချို့ရှိတယ်၊ မနက်ဖြန်ဝတ်ခဲ့”
…
နောက်တစ်နေ့မနက်မိုးလင်းချိန်တွင်ကောင်းဖန်သည်အားကစားဝတ်စုံကိုဝတ်ဆင်ပြီး သူနှင့်သားရဲများကိုရေကန်ဘေးသို့ခေါ်သွားသည်၊
သူ့အဘိုးကရေကန်ဘေးတွင်စောင့်နေပြီးဖြစ်သည်၊ သူကအချိန်ကိုကြည့်လိုက်သည်, 5:57AM။
“ပထမဆုံးအကြိမ်၃၀ဒိုက်ထိုး” ကျီဟန့်ဝူကညင်သာစွာပြောလိုက်သည်၊
ကောင်းဖန်ကရှုပ်ထွေးနေသောအကြည့်ဖြင့်ကြည့်လိုက်သည်၊
“ငါမင်းကိုခြောက်နာရီမှာလာဖို့ပြောလိုက်တယ်, ပြီးတော့မင်းကခြောက်နာရီ အတိအကျမှာလာတယ်၊ မင်းကအတော်လေးအချိန်မှန်တာဘဲ၊ မင်းကအရမ်းအချိန်မှန် တာကြောင့်, အကြိမ်၃၀ဒိုက်ထိုးဖို့ဆုချတယ်”
ကောင်းဖန်အံ့ဩသွားနေပေမယ့်, ဘာမှတော့မပြောပေ၊
သူ့ရဲ့သားရဲများ၏တုံ့ပြန်မှုဖြင့်သူ၏ကာယခွန်အားကိုမြှင့်တင်ပေးကာကောင်းဖန်သည် အကြိမ်၃၀ကိုလွယ်ကူစွာအဆုံးသတ်လိုက်သည်၊ သူပြီးသွားတော့,နှလုံးခုန်ကလည်း သာမန်ဖြစ်နေသည်,ပြီးတော့မျက်နှာကလည်းနီမနေပေ၊
“ဒီနေ့ကမ္ဘာကြီးမှာ, ပိုပြီးယုံကြည်အားထားရတဲ့အရာကငွေကြေးနဲ့အာဏာမဟုတ်ဘူး၊ ဒါတွေအားလုံးကအရာဝတ္ထုတွေသပ်သပ်ဘဲ၊” ကျီဟန့်ဝူကကောင်းဖန်၏မျက်လုံးများ ကိုစိုက်ကြည့်ကာပြောလိုက်သည်၊ “တကယ်မင်းမှီခိုလို့ရတဲ့တစ်ခုတည်းသောအရာက ကိုယ်ပိုင်ခွန်အားဘဲ”
သူစကားပြောနေစဉ်တွင်, ကျီဟန့်ဝူကသူ၏ညာလက်ကိုဆန့်လိုက်ပြီး လက်ချောင်းများကိုဖြန့်လိုက်ကာလက်သီးများကိုဆုပ်လိုက်သည်၊ “ခွန်အားကအယုံကြည်ရဆုံးအရာဘဲ၊ ခွန်အားမရှိဘဲနဲ့,အဘိုးကဘယ်လိုလုပ် တောင်ပိုင်းကောင်းကင်အဖွဲ့ကိုအုပ်ချုပ်နိုင်မှာလဲ!”
“ဒါကသားရဲတွေတင်လေ့ကျင့်ပေးရဖို့လိုအပ်တာမဟုတ်ဘူး၊ မင်းကိုယ်တိုင်ရဲ့ ခန္ဓာကိုယ်ကိုလည်းလေ့ကျင့်ဖို့လိုအပ်တယ်၊”
“အာ,ဒါပေမယ့်ကျနော်တို့လူသားတွေကဘယ်လောက်ဘဲခက်ခက်ခဲခဲလေ့ကျင့်ပါစေ, သားရဲတွေကိုတော့ဘယ်တော့မှအနိုင်မရနိုင်ဘူးပလေ” ကောင်းဖန်ကကို့ရို့ကားရား ပြောလိုက်သည်၊
“အဲ့လိုလား?” ကျီဟန့်ဝူကအပြုံးကြီးကြီးပြုံးလိုက်သည်၊ သူရဲ့ဘယ်ဘက်ခြေထောက် ကိုရုတ်တရက်ကြာပွတ်တစ်ချောင်းလိုဆန့်ထုတ်လိုက်သည်၊ ဝါးတားနေသောပုံရိပ် တစ်ခုကိုသာမြင်လိုက်ရသည်၊ မြည်သံတစ်ခုပါ ပါဝင်လာသည်၊ သူတို့နောက်က သစ်ပင်ကရုတ်တရက်ပေါက်ထွက်သွားခဲ့သည်၊
ဒီလိုသန်မာပြီးမာကျောတဲ့သစ်ပင်ကကန်ချက်တစ်ချက်ကြောင့်ကျိုးသွားတယ်!
ကောင်းဖန်ကအံ့ဩလွန်း၍စကားမပြောနိုင်ဖြစ်သွားသည်၊ ဒါကအရမ်းကိုရက်စက် တာဘဲ။
သာမန်အဆင့်အနက်ရောင်မာန်ဟုန်ပြင်းကင်းကောင်ကတောင် ထိုသစ်ပင်ကို တစ်ချက်ထဲနဲ့မချိုးနိုင်လောက်ပေ၊
“အခုအဘိုးရဲ့ခွန်အား၃၀ရာခိုင်နှုန်းကိုဘဲသုံးရသေးတယ်၊” အဘိုးကြီးကျီက သူ့လက်နှစ်ဖက်စလုံးကိုနောက်ပစ်ထားလိုက်သည်၊ ကျီဟန့်ဝူ၏တိုပြီး,ငွေရောင်သန်း နေသောဆံပင်များ၏နောက်တွင် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်၊ လေပြင်းလေညင်းကရေကန်မှတိုးဝှေ့လာပြီး ကျီဟန့်ဝူရဲ့အင်္ကျီတွေလွင့်နေတော့သည်၊
သူ့မြေးဖြစ်သူက သူ့ကိုကိုးကွယ်နေတဲ့အကြည့်တွေနဲ့ကြည့်ရင်းကြည်နူးနေမိသည်၊
ရေကန်ထဲမှာရောင်ပြန်ဟပ်နေတဲ့ကျီဟန့်ဝူကိုကောင်းဖန်ကရှုပ်ထွေးစွာနှင့်ငေးကြည့် နေမိသည်၊ ဒါငါသိတဲ့သူလား?
“သားရဲတွေဆီကနေရတဲ့တုံ့ပြန်မှုခွန်အားကနည်းပေမယ့် ငါတို့ရဲ့သားရဲတွေ လုံလုံလောက်လောက်အားကောင်းတယ်ဆိုရင် တုံ့ပြန်မှုကနေတစ်ဆင့်ငါတို့ကိုပေးတဲ့ စွမ်းအင်ပမာဏကလည်း များများတိုးပွားလာမှာဘဲ”
“သန်မာတဲ့ခန္ဓာကိုယ်က အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါမြန်မြန်ထွက်ပြေးနိုင်စေတယ်”
ကောင်းဖန်ကပြင်းထန်စွာဖြင့်ခေါင်းညိတ်လိုက်သည်၊ သူ့အဘိုးပြောတာတွေက အကုန်မှန်တယ်လို့သူခံစားရသည်၊ အဘိုးပြောတာတွေကြားပြီးတဲ့နောက်, ကောင်းဖန်ကရုတ်တရက်လေ့ကျင့်ခန်းလုပ်ဖို့ကိုစိတ်ဝင်စားသွားတော့သည်၊
“အဘိုးတို့ကသားရဲလေ့ကျင့်သူတွေဘဲ၊ ငါတို့ရဲ့ကိုယ်ပိုင်အသက်တွေကိုကာကွယ်ဖို့က အရေးကြီးဆုံးအရာဘဲ၊ ငါတို့ကအသက်ရှင်နေသ၍, တိုက်ခိုက်မှုရဲ့အကျပ်အတည်းက နေအခြေအနေကိုပြောင်းလဲဖို့အခွင့်အရေးရှိတယ်၊”
သူစကားပြောပြီးနောက်, ကောင်းဖန်၏သားရဲတွေကိုလှည့်ကြည့်လိုက်သည်၊ “တာ့ဇီက လျှပ်စီးအမျိုးအစားဘဲ၊ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ၊ ငါ့မှာကူညီနိုင်မဲ့သားရဲရှိတယ်၊”
“မိုးကြိုးနတ်ဘုရားခရု!” ကျီဟန့်ဝူကညင်သာစွာပြောလိုက်သည်၊
ရေကန်၏အဆုံးတွင်ကြီးမားသောလှိုင်းလုံးကြီးများစတင်ဖြစ်ပေါ်လာသည်၊ ကြီးမားသောပုံရိပ်တစ်ခုက လျှပ်စီးများအလင်းများဖြင့်ပေါ်လာပြီးရေကန်မှ ဖြေးညင်းစွာတက်လာသည်၊
ကောင်းဖန်၏မျက်လုံးကပြူးကျယ်လာတော့သည်၊ အရင်ကတစ်ခါမြင်ဖူးတယ်၊ အဲ့တာတကယ်ကိုသူ့အဘိုးရဲ့သားရဲဘဲ!
၎င်း၏ချွန်ထက်နေသောခရမ်းရောင်ဉီးချိုတံလေးသည်အမြင့်ကိုညွှန်ပြနေပြီး, ၎င်း၏ ခရုပတ်ပုံစံသည်ကောင်းကင်သို့မြင့်မားစွာထောင်တက်နေသည်၊၎င်း၏ကြီးမားသော ကျောခွံသည်မိုးကြိုးနတ်ဘုရားခရု၏ချိုဖြစ်သည်၊ တောက်ပေနေသော လျှပ်စီးဓာတ် သည်၎င်း၏ခန္ဓာကိုယ်တစ်လျှောက်တွင်ပြေးနေပြီးကြီးမားထူထဲသောခြေသည်းတစ်စုံသည်၎င်း၏ကျောခွံမှထွက်လာပြီးရေကန်၏အစပ်တွင်အနားယူနေသည်၊ ခြေသည်းနှစ်စုံမှလျှပ်စီးအလင်းထွက်လာပြီး တွင်းနက်နှစ်ခုကိုဖန်တီးလိုက်သည်၊
ကောင်းဖန်၏ရှေ့မှာဘဲသားရဲ၏အချက်အလက်ကချက်ချင်းပေါ်လာသည်၊
[မကောင်းဆိုးဝါးအမည်]-မိုးကြိုးနတ်ဘုရားခရု
***
အပိုင်း၁၈၈ လေ့ကျင့်ရေး
[မကောင်းဆိုးဝါးအမည်]-မိုးကြိုးနတ်ဘုရားခရု
[မကောင်းဆိုးဝါးအဆင့်]-အဆင့်၃၉
[မကောင်းဆိုးဝါးအဆင့်အတန်း]-ထူးခြားအဆင့်
[မကောင်းဆိုးဝါးစွမ်းရည်]-လျှပ်စီး/ရေ
[မကောင်းဆိုးဝါးအခြေအနေ]-ကျန်းမာ(တည်ငြိမ်)
[မကောင်းဆိုးဝါးကျွမ်းကျင်မှုများ]-မိုးကြိုးထိန်းချုပ်နိုင်ခြင်းအဆင့်၃, ရေထိန်းချုပ်ခြင်း အဆင့်၂, ကျောခွံမာကျောမှုအဆင့်၃။
[ထူးခြားသောပင်ကိုလက္ခဏာများ]-လျှပ်စီးကျောခွံ(စွမ်းရည်၁, တုန်လှုပ်မှုမရှိသော စွမ်းရည်; မိုးကြိုးထိန်းချုပ်ခြင်း+1, စွမ်းရည်၂, လှုပ်ရှားမှုရှိသောစွမ်းရည်;၎င်း၏ ကျောခွံ အတွင်းတွင်သိမ်းဆည်းထားသောလျှပ်စီးစွမ်းအင်အားလုံးကိုအပြည့်အဝထုတ်လွှတ် ပေးပြီးအချို့သောအကွာအဝေးအတွင်းတွင်း ဘေးအန္တရာယ်ဖြစ်စေသောမိုးကြိုး မုန်တိုင်းကိုဖြစ်ပေါ်စေသည်၊
[ဒဏ္ဍာရီလာအဆင့်သို့မြှင့်တင်ရန်လိုအပ်ချက်များ]
စိမ်းပြာရောင်ခြေထောက်သည်၎င်း၏ကျောခွံအောက်မှထွက်နေသည်၊ လျှပ်စီး လက္ခဏာက၎င်း၏အပေါ်တွင်ကခုန်နေသည်ကိုမြင်ရသည်၊ ၎င်း၏မဲနက်နေသော အခွံပေါ်တွင်ငွေဖြူရောင်အလင်းဖျော့ဖျော့ကနှေးကွေးစွာနှင့်အရောင်လက်နေသည်၊
“ဒီမိုးကြိုးနတ်ဘုရားခရုကို ပင်လယ်ထဲကနေအဘိုးရှာတွေ့ခဲ့တာ” အဘိုးကျီက မိုးကြိုးနတ်ဘုရားခရုကိုညွှန်ပြကာပြောလိုက်သည်၊ “သူကတအားတော့မသန်မာဘူး, ဒါပေမယ့်သူ့မှာကြင်နာတဲ့စရိုက်ရှိတယ်၊ သူကတာ့ဇီကိုလေ့ကျင့်ပေးဖို့လုံလောက် တယ်”
တာ့ဇီကမိုးကြိုးနတ်ဘုရားခရုကိုကြောက်ရွံ့စွာဖြင့်ကြည့်လိုက်သည်၊ ထို့နောက်သူက လျင်မြန်စွာဖြင့်ကောင်းဖန်၏ခြေထောက်နောက်သို့သွားလိုက်သည်၊ ဘယ်လိုဘဲဖြစ်ဖြစ်,၎င်းကအရမ်းကြီးလွန်းသည်,ဒါကြောင့်သူဘယ်လိုဘဲပုန်းကွယ်ဖို့ ကြိုးစားနေပါစေ, ၎င်းကအမြဲတမ်းမြင်သာနေသည်၊
“မိုးကြိုးနတ်ဘုရားခရု, ဒီကင်းခြေများရဲ့လျှပ်စီးစွမ်းရည်ကိုလေ့ကျင့်ပေးဖို့အတွက် မင်းမှာတာဝန်ရှိတယ်။”
မိုးကြိုးနတ်ဘုရားခရုကခေါင်းညိတ်လိုက်သည်၊ အခွံကအပေါ်အောက်နှစ်ကြိမ်ရွေ့နေ တာကိုမြင်နိုင်သည်၊
“သွားလုပ်၊ မိုးကြိုးနတ်ဘုရားခရုစွမ်းရည်ကမင်းနဲ့တူညီတယ်၊ ဒါကမင်းရဲ့စီနီယာမှန်း မင်းသိသင့်တယ်နော်, ပြီးတော့မင်းစီနီယာရဲ့စကားကိုလည်းနားထောင်ဖို့လိုတယ်, နားလည်လား?” ကောင်းဖန်ကနူးညံ့စွာဖြင့်လှည့်ပြောလိုက်ပြီးနောက် တာ့ဇီ၏ခေါင်း ကိုညင်သာစွာဖြင့်ပုတ်လိုက်သည်၊
တာ့ဇီကတော့ကြောက်ရွံ့နေဆဲဖြစ်သည်၊ ၎င်းကသတိရှိစွာနှင့်မိုးကြိုးနတ်ဘုရားခရုကို ကောင်းဖန်၏ခြေထောက်များကြားထဲမှကြည့်နေသည်၊ ၎င်းကသူကိုယ်တိုင်သွားဖို့ မလုပ်နိုင်ဖြစ်နေသည်၊
ကောင်းဖန်က ရွေးချယ်စရာမရှိဖြစ်ကာ,ဒမ်ဘီကိုတာ့ဇီအားသယ်သွားရန်ပြောလိုက် သည်၊
လေထဲတွင်ကိုင်ဆောင်ထားခြင်းခံရသောတာ့ဇီက, သူ့ဘဝအတွက်ရုန်းကန်နေရှာ သည်၊ ကောင်းဖန်၏ခေါင်းထဲတွင်၎င်း၏အသံကိုကြားနေရသည်, “မင်းကငါ့ကိုမလိုချင် တော့ဘူး, မင်းကပြောင်းလဲသွားပြီ!”
“ငါမပြောင်းလဲပါဘူးဟ!” ကောင်းဖန်ကမပျော်မရွှင်ဖြစ်ကာပြောလိုက်သည်၊ “ဘာလို့တုန်းဆိုတော့မင်းကအရမ်းကြောက်နေတာကိုး! ဒီလိုသတ္တိနည်းတဲ့သားရဲ တစ်ကောင်ကငါ့ဆီမှာဘယ်လိုလုပ်ရှိနိုင်မှာလဲ!”
“ငါကမင်းဆီကနေသင်ထားတာလေ!” တာ့ဇီကဒေါသထွက်စွာဖြင့်ကြည့်လိုက်ပြီး ခြိမ်းခြောက်သောလက်ဟန်ခြေဟန်များလုပ်ပြနေသည်၊
“ဟက်, ရယ်ချင်စရာဘဲ!ငါဘယ်တုန်းကကြောက်ဖူးလို့တုန်း? ငါကအနိုင်မခံအရှုံးမပေး တဲ့စိတ်ရှိတယ်ကွ၊ ငါ့ဘဝမှာဘယ်တုန်းကမှနောက်မဆုတ်ဖူးဘူး!” ကောင်းဖန်က ချက်ချင်းပင်တာ့ဇီ၏ပါးစပ်ကိုပိတ်ရန်အတွက်ဒမ်ဘီကိုအမိန့်ပေးလိုက်သည်၊ ထို့နောက် သူကမိုးကြိုးနတ်ဘုရားခရုဘက်သို့လှည့်ကာဖြောင့်မတ်စွာဖြင့်ပြောလိုက် သည်, “ကျနော့်ဆီကဒီမနာခံတဲ့သားရဲကို လေ့ကျင့်ပေးဖို့အတွက်ခင်ဗျားလက်ထဲ အပ်လိုက်ပါပြီ၊ ကျေးဇူးပြုပြီး ဘာကိုမှထိန်းချုပ်မထားပါနဲ့!”
သူက သူ၏နောက်ဆုံးစကားလုံးလေးလုံးကိုအထူးအလေးပေးပြောလိုက်သည်၊
မိုးကြိုးနတ်ဘုရားခရုသည်၎င်း၏ကိုယ်ပိုင်အခွံကို ၎င်း၏ခြေထောက်များဖြင့်ရိုက်လိုက် ပြီးတဒုတ်ဒုတ်ထုတဲ့အသံကိုပြုလုပ်လိုက်သည်၊
ကျီဟန့်ဝူကသူ့ခေါင်းကိုလှည့်ကာပြုံး၍, ကောင်းဖန်ကိုပြောလိုက်သည်, “မိုးကြိုးနတ်ဘုရားခရုကပြောတယ်, ကိစ္စမရှိပါဘူး၊ သူ့လက်ထဲကိုသာအပ်လိုက်ပါတဲ့”
တာ့ဇီကသူ၏ပါးစပ်များကိုပိတ်ခံထားရတာကြောင့်သွေးစာချုပ်ကိုသုံး၍ သူ၏အတွေးများကိုကောင်းဖန်ဆီသို့ပို့လွှတ်လိုက်သည်၊ ကောင်းဖန်တစ်ဖက်လှည့်ကာ မကြားချင်ယောင်ဆောင်လိုက်သည်၊
“အဘိုး, အစင်းလေး, ဒမ်ဘီနဲ့ဖလိမ်မီကိုရော?”
ကျီဟန့်ဝူကရေကန်ဘက်သို့လက်ခုပ်တီးလိုက်သည်၊ ကျယ်လောင်သောအသံကြီးက ထွက်ပေါ်လာပြီး, ရေနဂါးဖြူကလှိုင်းများထဲမှပေါ်လာသည်၊ နဂါးကလေထဲတွင် ပျံဝဲနေပြီး, ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကမြေပြင်ပေါ်တွင်ကြီးမားသောအရိပ်ကို ကျနေစေသည်၊ နဂါး၏ပျံသန်းမှုကြောင့်ထွက်ပေါ်လာသောလေသည် ၎င်းတို့ ပတ်ဝန်းကျင်ရှိမြက်ခင်းများကိုပြန့်ကျဲသွားစေသည်၊
ဖလိမ်မီမှလွဲ၍, ကျန်တဲ့သားရဲတွေနဲ့ ရေနဂါးဖြူတို့အနီးကပ်တွေ့ဆုံမှုမှာပထမဆုံး အကြိမ်ဖြစ်သည်၊
ဆီလီ၏ဘဝဲလက်များသည်ဖြောင့်တန်းသွားကာ၎င်း၏ခန္ဓာကိုယ်ကတောင့်သွားပြီး ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်, “သူကတိုးတိုးလေးရေရွတ်လိုက်သည်, “ဘယ်လိုတောင်ကြီးတဲ့ငါးကြီးလဲ…”
“ဒမ်ဘီကဖုတ်ကောင်အမျိုးအစားဖြစ်ပြီးတော့, သူကအနီးကပ်တိုက်ခိုက်မှုအမျိုးအစား ဖြစ်တယ်၊ အစင်းလေးကိုဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ?”
“ကျနော်တို့အဖွဲ့ရဲ့အသင်းဖွဲ့စည်းပုံက အလယ်မှာနေရာယူဖို့တစ်ယောက်ကျန်နေသေး တယ်” ကောင်းဖန်ကအနည်းငယ်မျှတုံ့ဆိုင်းမှုမရှိဘဲပြောလိုက်သည်၊
အစင်းလေးကဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ တိုက်ခိုက်မှုများကိုပို၍ခံနိုင်ရည်ရှိ လာသည်၊ အခုတော့, အစင်းလေး၏အသွင်အပြင်ပေါ်အခြေခံ၍ ပင့်ကူဟုတ်မဟုတ်ကို ပြောဖို့ခက်သည်၊ သူ့ကကြီးမားတဲ့ဂဏန်းတစ်ကောင်နဲ့ပိုတူသည်၊
အစင်းလေးက ပင့်ကူမျှင်များကိုပစ်လွှတ်နိုင်သည်၊ အရင်တိုက်ပွဲအနည်းငယ်တုန်းက, အစင်းလေးကသူ၏ပင့်ကူမျှင်များကိုကောင်းကောင်းအသုံးပြုခဲ့သည်၊ သူ့ရဲ့ ရန်သူအများစုလှုပ်ရှားမှုများသည်, အစင်းလေး၏ပင့်ကူမျှင်များထိမှန်ပြီးနောက် ကြီးမားသောကန့်သတ်ချက်ဖြစ်သွားစေသည်၊
“ ဒါကတခြားသူတွေရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုကန့်သတ်နိုင်တဲ့tankဘဲ” ကျီဟန့်ဝူက ခေါင်းညိတ်လိုက်သည်။
ကောင်းဖန်ကသူ့အဘိုးရဲ့အင်တာနက်အသုံးအနှုန်းတွေအားသက်သက်သာသာဖြင့် ပြောသွားသည်ကိုကြားလိုက်ရတာကြောင့်အံ့ဩနေတော့သည်၊
“ငါတို့ကသူ့ရဲ့ထိန်းချုပ်နိုင်မှုနဲ့တန်ပြန်တိုက်ခိုက်မှုကိုလေ့ကျင့်ပေးရမယ်၊ နဂါးဖြူ, ဒမ်ဘီကိုသွားပြီးလေ့ကျင့်ပေးလိုက်ပါ”
ကောင်းကင်မှရေနဂါးဖြူသည် မြေပြင်ပေါ်မှာရှိတဲ့သူတွေကိုအထင်သေးစွာဖြင့် ကြည့်လိုက်သည်၊ ဒါပေမယ့်, သူ့သခင်ကအမိန့်ပေးပြီးတာကြောင့်, သူကဘာမှ ပြန်မပြောတော့ပေ၊
ကျီဟန့်ဝူက ဆီလီကိုဘာအာရုံစိုက်မှုမှမရှိဘဲကြည့်လိုက်သည်၊
ကျီဟန့်ဝူကဖလိမ်မီ၏စွမ်းရည်ကိုသိသည်၊ သူကခဏလောက်တိတ်နေပြီးနောက် ပြောလိုက်သည်, “ ဖလိမ်မီ, တာ့ဇီနဲ့အတူတူသွားပြီးလေ့ကျင့်ချည်၊ မိုးကြိုးနတ်ဘုရား ခရုကရေနဲ့လျှပ်စီးအမျိုးအစားဆိုပေမယ့် နှစ်ခုလုံးကဒြပ်စင်အမျိုးအစားတွေဘဲ, ဒါကြောင့်အများစုကတူကြတယ်”
ကျီဟန့်ဝူကပြောပြီးသွားတဲ့နောက် ဖလိမ်မီကမိုးကြိုးနတ်ဘုရားခရုဆီသို့သွားကာ အချိန်ဖြုန်းတော့သည်၊
တစ်ဖက်တွင်လည်းရေနဂါးဖြူသည်လည်းလေ့ကျင့်ရေးစနေပြီဖြစ်သည်၊
ဒမ်ဘီကအကြောက်တရားဆိုတာဘာမှန်းမသိတဲ့အတွက် ဒမ်ဘီကကြောက်ရွံ့မှုမရှိပါ၊ သူကကောင်းကင်ပေါ်ရှိရေနဂါးဖြူအားပြင်းထန်စွာအော်ဟစ်လိုက်သည်၊
ရေနဂါးဖြူကြီးသည် ပျင်းရိစွာသမ်းလိုက်သည်၊ ၎င်း၏အမြီးကိုပွတ်တိုက်ကာ၎င်း၏ အရိပ်သည်မြေပြင်ပေါ်တွင်လျင်မြန်စွာလှုပ်ရှားနေသည်၊ ရုတ်ခြည်းလျင်မြန်စွာ ရွေ့လျားမှုကအဆင့်၈လေအရှိန်ကိုဖန်တီးလိုက်သည်၊
ဒမ်ဘီကလျင်မြန်စွာဖြင့်မြေပြင်ပေါ်သို့ကျသွားတော့သည်၊ သူ့ခန္ဓာကိုယ်ကရေကန် ဘေးဘက်ရှိမြက်များကိုချိုးချေမိလိုက်ပြီး မြေပြင်ကပြင်းထန်စွာတုန်ခါသွားသည်၊
အစင်းလေးသည်နှစ်ကြိမ်မျက်တောင်ခတ်လိုက်ပြီး,တုန်ခါမှုကြောင့်ဟန်ချက်ညီ အောင်လုပ်လိုက်သည်၊၎င်းကတံတွေးကိုမြိုလိုက်ပြီး ၎င်း၏လက်သည်းများကို အသုံးပြုကာသဲသဲမဲမဲမြေကြီးကိုတူးလိုက်သည်၊ ၎င်းကသင်ကြားထားမှုမရှိဘဲ မြေကြီးအမျိုးအစားကိုသုံးလိုက်သည်၊ မြေကြီး၏အောက်ကစတင်စိုစွတ်လာပြီး, အစင်းလေးကလျင်မြန်စွာအပေါက်တူးကာထိုထဲတွင်ဝင်ပုန်းလိုက်သည်၊
ရေနဂါးဖြူသည်၎င်း၏ခြေသည်းများကိုသုံး၍အစင်းလေးကိုတူးထုတ်လိုက်သည်၊ ၎င်းကအစင်းလေးတည်ရှိသောမှန်ကန်တိကျသည့်နေရာကိုတူးထုတ်ခြင်းဖြစ်သည်၊ အစင်းလေးသည်မြေပြင်ပေါ်သို့ကျသွားသောအခါ ၇ကြိမ်၈ကြိမ်လောက်လိမ့်သွားပြီး မြေကြီးနှင့်ရိုက်မိသွားသည်၊
အစင်းလေးကစိတ်တုန်လှုပ်သွားသည်၊ ၎င်းက, ငါကမလောဘူးလေ, ဘာလို့အတင်းအကြပ်လုပ်နေတာလဲ?
အစင်းလေးကသူ၏လက်သည်းများကို ရေနဂါးဖြူထံသို့ဆန့်ထုတ်လိုက်သည်၊ စူးရှသောပင့်ကူခြေသည်းအတန်းလိုက်က မြေပြင်ကိုဖမ်းဆုပ်လိုက်ပြီး,ရှေ့ဘက် ခြေနှစ်ချောင်းမြေပြင်ပေါ်သို့အရှိန်ပြင်းစွာဖောက်ဝင်လိုက်သည်၊ ပြန်ကန်ထွက်သော ခွန်အားကိုအသုံးပြု၍, ၎င်းကလေထဲသို့ပျံဝဲလိုက်သည်၊ အစင်းလေး၏သွေးနီရောင် မျက်လုံးများကအရောင်လက်လာသည်၊ ငါ့ရင်ထဲကပြင်းထန်တဲ့စိတ်ကိုဒီလိုနှိုးဆွလိုက် တယ်ပေါ့၊ ဒီလိုအခြေအနေမျိုးမှာငါနာကျင်ရရင်တောင်-
ဘန်း!
အရောင်လက်နေသောရေနဂါးဖြူ၏ခြေသည်းများကအစင်းလေး၏လေးထောင့်ပုံစံ နှဖူးဖြင့်ရိုက်မိသွားသည်၊ အစင်းလေးကပြင်းထန်သောအင်အားကြောင့်မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်၊
လေထဲတွင်တော့, ရေနဂါးဖြူ၏ခြေသည်းသုံးခုကသူတို့၏ပုံစံအတိုင်းတောက်ပစွာ တည်ရှိနေသည်၊
မြေပြင်ပေါ်တွင်တော့, အစင်းလေးကနှေးကွေးစွာနှင့်ထလိုက်သည်၊ ဒီထက်ပိုပြီး မလေ့ကျင့်ချင်တော့ဘူး၊ အိမ်ကိုပြန်ပြီးဘဲအိပ်တော့မယ်၊
ရေနဂါးဖြူကအစင်းလေး၏နှဖူးကိုပုတ်ချလိုက်ချိန်တွင်,ဒမ်ဘီကထိုအခွင့်အရေးကို ယူကာ၎င်းထံသို့ခုန်လိုက်သည်၊ သူကသူ၏လက်သီးနှစ်ဘက်စလုံးကိုမြှောက်လိုက်ပြီး ၎င်းတို့ကို ရေနဂါးဖြူထံသို့ဒုံးကျည်တစ်ခုလိုပစ်ထုတ်လိုက်သည်၊ လက်သီးနှစ်ဖက် ကျရောက်သွားရာနေရာတွင်, သတ္ထုပစ္စည်းချင်းထိရိုက်မိသည့်အသံထွက်ပေါ်လာသည်၊
ဒမ်ဘီကသူသတ္ထုတစ်ခုကိုရိုက်မိသွားသလိုခံစားလိုက်ရသည်၊ ပြန်ကန်ထွက်သောအား သည်ဒမ်ဘီဆီသို့ပြန်ရောက်သွားပြီးသူကိုလေထဲသို့လွင့်ထွက်သွားစေသည်၊ ရေနဂါးဖြူကြီးသည်၎င်း၏မျက်နှာတွင်အံ့အားသင့်နေသောပုံစံဖြစ်နေသည်၊ ၎င်းကတကယ်ရိုက်မိသွားခဲ့တာဖြစ်သည်၊
၎င်း၏ဝမ်းဗိုက်တည်ရှိရာနေရာတွင် လက်သီးထိုးချက်နှစ်ရာကိုပြသနေသည်၊ သူက အချိန်အနည်းငယ်လောက်အသက်ရှုလိုက်ပြီးနောက်, အဖြူရောင်အရာများက ပျောက်သွားတော့သည်၊
ဒမ်ဘီ၏မျက်လုံးထဲတွင်မီးတောက်များတောက်လောင်လာတော့သည်၊ အကယ်၍ သူကပစ်မှတ်ကိုရိုက်နိုင်လျှင် သူလုပ်တာကောင်းသည်ဟုဆိုလိုသည်!၊ သူက လက်သီးများကိုမြှောက်လိုက်ပြီးတိုက်ခိုက်ရန်အတွက်အသင့်ဖြစ်နေပြီဖြစ်သည်၊
သိပ်မဝေးသောအကွာအဝေးတွင်, သေးငယ်သောအနီရောင်လူဝံလေးကသစ်ပင်ကိုင်း ကိုကိုင်ထားလိုက်ပြီးအရည်လဲ့နေသောမျက်လုံးများဖြင့်ဒမ်ဘီကိုစိုက်ကြည့်နေသည်, “ဖေဖေ,ဖေဖေက,အရမ်းအင်အားကြီးတာဘဲ!”