အခန်း (၅-၈)
Vol. 1 Ch. 5-8
အခန်း ၅ မစ္စမုရုန်
နောက်တစ်နေ့မှာတော့ ကောင်းကင်ကြီးက ပြန်လည်တောက်ပလာပြီး နာရီ သံပါတ်သည်လဲ မြည်တီးလို့လာတာကြောင့် ကောင်းဖန် ဆိုဖာပေါ်အိပ်နေရာမှ ထလိုက်သည်။
ဟင်??သူဘယ်အချိန်တုန်းက သူ့အပေါ်စောင်ခြုံမိတာပါလိမ့်၊ကောင်းဖန် သိချင် စိတ်တို့နဲ့ သူ့ခေါင်းကိုပွတ်သတ်လိုက်ပြီး ရှုပ်ထွေးနေသည်။ ဒါနဲ့ပါတ်သတ်ပြီး ဘာမှထပ်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီး အမြန်ထကာ သူ့ကိုယ်သူသန့်ရှင်းလိုက်သည်။
သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် ကောင်းဖန် ကြိုတင်ပြင်ဆင်ထားတဲ့ အသားညှပ်ပေါင်မုန့်ကို မြန်မြန် စားလိုက်ပြီး တာ့ဇီကို ဆိုဖာအောက်မှ ဆွဲထုတ်လိုက်သည်။ တာ့ဇီက ကောင်းဖန် ဆွဲထုတ်လိုက်တဲ့နောက် ပျင်းရိစွာ ပါလာပြီး ဘာလှုပ်ရှားမှုမှမရှိဘဲ ကြမ်းပြင်ပေါ်မှာ ခြေကားယား လက်ကားယားပုံစံဖြင့် နေမြဲတိုင်းသာနေနေသည်၊ သူ့ရဲ့အဝါရောင် ခြေချောင်းတွေနဲ့ ကြမ်းပြင်ကို ခြစ်မိပြီး *ရှား….ရှား*ဆိုတဲ့အသံကို ပြုလုပ်နေတယ်။
ကောင်းဖန် သူ့၏ကြီးမားတဲ့ သားရဲကိုနေရာချကာ အသက်ပြင်းပြင်းရှုလိုက်တယ်၊ မဟုတ်သေးပါဘူး ဒီငတိက သောက်ရမ်းလေးတာဘဲ လို့ကောင်းဖန်တွေးမိလိုက်တယ်၊ ဒီငတိ ကိုယ့်ဘာသာဘဲ လမ်းလျှောက်ရမယ်၊
ကောင်းဖန် ဆောင့်ကြောင့် ထိုင်လိုက်ပြီး တာ့ဇီရဲ့ ကျောခွံကိုခေါက်လိုက် ကာကြည်လင်ပြတ်သားတဲ့ *ဒန် ..ဒန်* ဆိုတဲ့အသံထွက်လာပြီး ကောင်းဖန်က“တာ့ဇီ မင်းကိုယ့်ဘာသာ လမ်းလျှောက်ရမယ်နော် နားလည်လား။” ဟုပြောလိုက်သည်။
တာ့ဇီက သူ့ခေါင်းကိုမြှောက်လိုက်ပြီး ဦးမျှင်အစုံကို ပျင်းရိစွာ လှုပ်ယမ်းလိုက်ကာ ပြန်ကြားချက်တစ်ခုပေးလိုက်သည်။ အဲ့ဒီနောက် သူ့ရဲ့ ခြေကားယား လက်ကားယား ပုံစံအတိုင်း တစ်လက်မမှ မလှုပ်ဘဲပြန်နေလေသည်။
ကောင်းဖန် ဘာလုပ်ရမှန်းတောင် မသိတော့ဘူး၊ တချို့တချို့သော အကြောင်းတွေကြောင့် ဒီငတိက ပိုပြီး ပိုပိုပြီး ပျင်းလာသလိုဘဲ၊ ကောင်းဖန် မျက်မှောင်ကြုတ်ကာ ခဏ လောက် စဥ်းစားလိုက်တယ်။ သူ တစ်ခါကမစ္စတာကျန်းအတန်းထဲမှာ ပြောဖူးတဲ့ သားရဲနဲ့ ရင်းနှီးသူတွေ သူတို့ကိုထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့နည်းလမ်းတွေနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် တွေအကြောင်းကို ပြန်တွေးလိုက်တယ်၊ လူတွေက ဒီသတ္တဝါတွေကို မကောင်းဆိုးဝါး သားရဲတွေလို့ ခေါ်ပေမယ့် အခြေခံအားဖြင့် ၎င်းတို့က လူတွေနဲ့ ကွဲပြားကာ ခံစားသိမြင် တတ်ပြီးအာရုံခံနိုင်စွမ်းရှိတဲ့ သဘာဝရှိတယ်၊
အာရုံခံစားနိုင်စွမ်းအပြည့်နဲ့ သူတို့မှာ စိတ်ခံစားမှုတွေရှိတယ် ပြီးတော့ သဘာဝ အားဖြင့် သူတို့ဆက်ဆံရေးက ကောင်းမွန်တယ်၊ တူညီတဲ့သားရဲမျိုးစိတ်ရှိတယ်ဆိုရင် တောင် လူတွေလိုမျိုး သူတို့မှာ များစွာသော မတူညီတဲ့ ဆက်ဆံရေးတွေရှိကြတယ်။
အကယ်၍ လူတစ်ယောက်က အားနည်းပြီးသူရဲဘောကြောင်တဲ့စရိုက်ရှိရင် နှစ် အနည်းငယ်လောက် တင်းကျပ်တဲ့စစ်တပ်ထဲမှာ လေ့ကျင့်ရေးဆင်းပြီး ဒီလူရဲ့ လူမှု ဆက်ဆံရေးကိုခိုင်မာလာအောင်နဲ့ ပိုပြီးဒဏ်ခံနိုင်လာအောင်လုပ်နိုင်တယ်၊ ဒီနည်းလမ်း တစ်ခုတည်းကိုဘဲ သုံးပြီး တိုက်ပွဲအတွက် မသင့်တော်သေးတဲ့သားရဲတွေကို အထူး လေ့ကျင့်ရေးနည်းလမ်းတွေနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်သွားအောင် ပြုလုပ်နိုင်တယ်။
တာ့ဇီ ဒီလိုပျင်းရိဖို့ ငယ်လွန်းသေးတယ်၊အိမ်မှာအကြာကြီးနေနေရင် အိပ်ယာ ပေါ်ကအာလူးကောင်ရဲ့ စိတ်သဘောထား တိုးတက်ဖို့ကြာနေလိမ့်မည်၊ကောင်းဖန် နောက်တစ်ခေါက်ထိုင်ချလိုက်ပြီး တာ့ဇီကို ဆွဲဆောင်တဲ့အသံနဲ့တီးတိုးစွာပြောလိုက်တယ် “မင်းတစ်ခုခုစားချင်လား၊ ငါတို့အပြင်ထွက်ပြီး ကစားကြမလား၊အဲ့မှာ ပိုးကောင်တွေ အများကြီးရှိတယ်နော်။”
တာ့ဇီရဲ့ လှုပ်ယမ်းနေတဲ့ ဦးမျှင်အစုံက ခဏလောက်အေးခဲသွားပြီးနောက် ရုတ်တရက် ဦးမျှင်ကိုထောင်မတ်လိုက်သည်၊
သူကခေါင်းကို လှည့်လိုက်ပြီး ကောင်းဖန်ကို တည့်တည့်စိုက်ကြည့်လိုက်လာတာကြောင့် ကောင်းဖန်က ပြန်ပြုံးပြလိုက်၏။
တာ့ဇီရဲ့ လည်ပင်းပတ်လည်မှာ သားရေလည်ပတ်ရှိကာ၊၎င်း၏နောက်မှာ ငွေရောင် ချိန်းကြိုးနှင့်ပူး၍ချည်ထားပြီး ကောင်းဖန်ရဲ့လက်၌ကိုင်ထားသည်။
ကောင်းဖန် သူ့ရဲ့အနီရောင်ကျောင်းလွယ်အိတ်အား သယ်ကာ တာ့ဇီနဲ့အတူ လမ်းလျှောက်သွားရင်း လူတွေကလည်း သူတို့ကို ဖြတ်ကျော်သွားကြတယ်။
ကင်းခြေများနဲ့အတူလမ်းလျှောက်တာကိုမြင်ရတာက အနည်းငယ် ထူးဆန်း ပေမယ့် ကောင်းဖန်က ထိုမျှလောက်အာရုံစိုက်မှုကို မခံရချေ။ လက်တွေ့မှာ အိမ်ထောင်စုတိုင်းက မကောင်းဆိုးဝါးသားရဲများကို စောင့်ရှောက်ထားပြီး အန္တရာယ် ကပ်ဆိုးကြီး မတိုင်ခင်ကြောင်တွေ ခွေးတွေစောင့်ရှောက်သလိုမျိုး ကျွေးမွေး စောင့် ရှောက်နေကြပြီမဟုတ်ပါလား။
ဒီအပြင် သားရဲတွေကလည်း ပုံစံမျိုးစုံ အရွယ်မျိုးစုံရှိလာကြသည်၊ လူအများစုက နောက်မှဝင်လာတဲ့ ချစ်ဖို့ကောင်းတာ ဒါမှမဟုတ် ကြီးကျယ်ခမ်းနားသောပုံစံရှိတဲ့ သားရဲ တွေကို ရွေးချယ်ကြတယ်၊တစ်ချိန်တည်းမှာဘဲ အဲ့မှာ မတူညီတဲ့အကြိုက်ရှိသူတွေက ထူးဆန်းတဲ့သားရဲများကို ရွေးချယ်တတ်ကြတယ်၊
ဥပမာအားဖြင့် ကောင်းဖန်ရဲ့ ဘယ်ဘက်က နို့စို့ကလေးရဲ့ လက်မောင်း အရွယ် လောက်ရှိတဲ့ ထူထဲတဲ့ချိန်းကြိုးကိုကိုင်ထားသော ဖက်ရှင်ကျကျဝတ်စားထားတဲ့ အန်တီ ကြီးက သုံးမီတာ ခြောက်မီတာလောက်ရှည်တဲ့ အလတ်စားအရွယ် နှင်းဖြူခြင်္သေ့ခွေးနှင့် အတူလမ်းလျှောက်နေခြင်းပင်ဖြစ်သည်။
မှန်ပါတယ်၊ ဒီအရွယ်အစားလောက်ရှိတဲ့ခွေးကို အကြီးစား၊အလတ်စားလို့ပြောကြ ပေမယ့် အခုခေတ်ဒီအရွယ်အစားကတော့ ငယ်တဲ့ခွေးအနေနဲ့သာမှတ်ယူကြသည်။
ကောင်းဖန် သူ့ဦးတည်ချက်ဖြစ်တဲ့ရုံးဝန်ထမ်းတစ်ဦးလိုဝတ်ဆင်ထားပြီးနက်က တိုင်ချည်ထားတဲ့ လူကြီးဆီကို မြန်မြန်လျှောက်သွားလိုက်သည်။သူ၏ပုခုံးပေါ်မှာ နားနေ တဲ့ အနီရောင်နဲ့အနက်စပ်ကြက်တူရွေးက သူ့မျက်လုံးများကိုပိတ်ကာ ငိုက်နေသည်။
နှင်းဖြူခြင်္သေ့ခွေးကိုဖြတ်လာပြီးနောက် ကြက်တူရွေးက သူ၏မျက်လုံးများကိုဖွင့် ကာ လှည့်ကြည့်လိုက်ပြီး အေးစက်စွာနဲ့တွံမြည်လိုက်တယ် “သေစမ်း!!”
နှင်းဖြူခြင်္သေ့ခွေးကရပ်လိုက်ပြီး ကြက်တူရွေးကိုလှည့်ကြည့်လိုက်သည်၊ သူ့မျက်လုံးတွေက မီးအိမ်ကဲ့သို့ကြီးမားပြီးစူးစမ်းလိုစိတ်ပြည့်နေသည်၊
“ငတုံးကောင် မင်းကဘာကိုကြည့်တာလဲ။” ကြက်တူရွေးရဲ့လျှာကထက်တယ်။
“ဝုတ်” နှင်းဖြူခြင်္သေ့ခွေးကပျော်ရွှင်စွာဟောင်လိုက်ပြီး ကြက်တူရွေးကို လျှက်ဖို့သူ ၏လျှာကိုထုတ်လိုက်သည်။
ကြက်တူရွေးက လိမ္မာပါးနပ်စွာ အဝေးကိုပျံသန်းသွားပြီး နှင်းဖြူခြင်္သေ့ခွေးရဲ့ သွား ရည်တွေပေနေတဲ့ရုံးဝတ်စုံနဲ့နက်ကတိုင်ကိုသေသပ်စွာ ဝတ်ဆင်ထားတဲ့ သူ့ပိုင်ရှင်ကို ချန်ကာ ထွက်သွားတော့သည်။
အမျိုးသမီးကလျင်မြန်စွာတောင်းပန်လိုက်သည်၊ လူကြီးက ရှုံ့မဲ့ကာပြုံးလိုက်ပြီး “ဒါကရပါတယ်၊ ဒါကကျွန်တော့်ရူးနှမ်းတဲ့ကြက်တူရွေးရဲ့ ညစ်ပတ်တဲ့ပါးစပ်ကြောင့် ဖြစ်တဲ့အမှားပါ ၊ ငါဒါကိုသုံးလိုက်မယ်၊ ရုံးခန်းကိုရောက်တဲ့ အခါကျမှလဲလိုက်မယ်။ ” ဟုပြောကာ သူ့ဘယ်လက်နဲ့ကိုင်ထားတဲ့လက်ဆွဲအိတ်ထဲက ရုံးသုံးဝတ်စုံအသစ်ကို ထုတ်ပြ လိုက်သည်။ သူကသေချာပြင်ဆင်ထားတာဘဲ။
ဒီသေးငယ်တဲ့အပိုင်းလေးကတော့လမ်းတွေပေါ်ကနေ့စဉ်ဘဝရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဒီကမ္ဘာသစ်မှာ လူအများအပြားက သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန် အသစ်တွေနဲ့ ညှိနှိုင်း ပြောင်းလဲကာနေတဲ့အဆင့်၌သာရှိသေးသည်၊ လူတိုင်းကသူတို့ရဲ့ဘဝမှာသားရဲများ ရောက်ရှိလာခြင်းပတ်သတ်၍ ညှိနှိုင်းဆောင်ရွက်ရန်ကြိုးစားခဲ့ကြသည်။
ရုံးဝတ်စုံရဲ့လူရဲ့နောက်မှာကြိတ်ဆုံကျောက်အရွယ်ရှိတဲ့ အရောင်စုံဖားပြုပ်နဲ့ ခုနှစ် ဆယ်အရွယ်ရှိတဲ့ အဖိုးကအတူလမ်းလျှောက်နေသည်။ ထိုဖားပြုပ်၏ကျောပေါ်တွင် ကြွက်နို့များက ပင်ပေါင်ဘောလုံးအရွယ်လောက်ရှိသည်။ ဒါက ငါးရောင်ခြည်ဖားပြုပ် ဖြစ်နိုင်ပြီး အဆိပ်မရှိတဲ့မျိုးစိပ်ဖြစ်သည်၊ အချို့သောအကြောင်းတွေကြောင့် လူတွေက ဒီလိုချစ်ဖို့ကောင်း တဲ့ ဖားပြုပ်အမျိုးအစားကိုရှာပြီးမွေးကြသည်၊ ၎င်းကခုခေတ်မှာခေတ်စားနေတဲ့ အိမ်မွေး တိရိစ္ဆာန်သားရဲဖြစ်တယ်။
ဆန့်ကျင်ဘက်အနေနဲ့ တာ့ဇီကိုပထမတွေ့ရင်တော့ သူ့ပုံက ကြမ်းတမ်းတဲ့ပုံစံပေါ် လွင်နေသည်၊ ဒါပေမယ့် သေချာဂရုတစိုက်လေ့လာကြည့်မယ်ဆိုရင်တော့ အတော်အသင့် ရုပ်ဆိုးဆိုးနှင့်ချစ်ဖို့ကောင်းတဲ့ဘက်မှာရှိတယ်။
လမ်းများတစ်လျှောက်လမ်းလျှောက်နေသူများက အများအားဖြင့် သူတို့ရဲ့ အိမ်မွေး တိရိစ္ဆာန်သားရဲတွေနဲ့လမ်းလျှောက်သွားတဲ့လူတွေဖြစ်သည်၊ ဘယ်လိုသားရဲအမျိုးအစား ဖြစ်နေပါစေ သူတို့မှာတူညီတဲ့အရာတစ်ခုရှိသည်၊ သူတို့က သူတို့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ချို့တွင် ၎င်းတို့ကိုထိန်းသောကြိုးတို့နှင့် ချည်နှောင်ထားပြီး ထိုကြိုးကို သူတို့ပိုင်ရှင်က ကိုင်ဆောင်ထားသည်။ သားရဲအများစုကသူတို့ပိုင်ရှင်တွေနဲ့ ဆက်သွယ်ထားတဲ့ ပါးလွှာတဲ့ ကြိုးကနေ အလွယ်တကူဖမ်းမိနိုင်တယ်၊ ဒါပေမယ့် ထိုကြိုးတွေကသူတို့ရဲ့သားရဲတွေကို ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ ကြိုးအသုံးပြုခြင်းက အခြားလူတွေအပေါ် လေးစားမှုရှိ စေရန်သာဖြစ်သည်။
ခဏကြာတော့ ကောင်းဖန် ကျောင်းကိုရောက်လာသည်။ ကျောင်းက သူ့အိမ်နှင့် အရမ်းမဝေးဘဲ လမ်းလျှောက်သွားရင်နာရီဝက်ခရီးလောက်သာရှိသည်။ လက်ရှိတွင် ကျောင်းအားလုံးသည် အစိုးရမှစီမံထားသော အစိုးရကျောင်းများဖြစ်သည်။ အစိုးရက ပုဂ္ဂလိကကျောင်းများဖွင့်ခြင်းကို တားမြစ်ထားသည်။
ပညာရေးကအမြဲတမ်းအရေးကြီးသည်။ အခုခေတ်တွင်ပိုလို့တောင်အရေးကြီးသေး သည်၊ ကလေးများ၏စိတ်သည် ဖြူစင်၍ လမ်းလွဲသွားရန် အလွန်ပင်လွယ်ကူလှသည်။ ကလေးဘဝတွင် စဉ်းစားနိုင်စွမ်းနှင့် အတွေးအခေါ်များကို ပုံသွင်းပြောင်းလဲရန် အကောင်း ဆုံးဖြစ်သည်။
အတိတ်ကငြိမ်းချမ်းသောကာလတွင် ပြဿနာရှာ၍ကြီးပျင်းလာသောကလေး သည် အရွယ်ရောက်သောအခါတွင်လည်း ပြဿနာများဖြင့်သာကြီးပျင်းလာပြီး လူ့အ သိုင်းအဝိုင်းတွင်လည်း ပြဿနာအသေးအမွှားအချို့ဖြစ်တတ်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီကမ္ဘာအသစ်အတွင်း လူပမာဏဘယ်လောက်ဘဲရှိတော့မယ်ဆိုတာ အနာဂါတ်အတွက် ကြိုမပြောနိုင်ဘူး။ ပြဿနာရှာတတ်သူတစ်ယောက်က အဆင့်မြင့်မကောင်းဆိုးဝါး သားရဲနဲ့ သွေးစာချုပ်ချုပ်ခဲ့ပါက အများဆုံး အသေးစားပြဿနာလေးပင်လျှင် အကြီး အကျယ်ပျက်စီးစေနိုင်သည်။
ကောင်းဖန်သည် ချန်အန်းတတိယအထက်တန်းကျောင်း တွင် ပညာသင်ယူနေပြီး ကျောင်းက ချန်အန်းမြို့ရဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ ကြည်းတပ် လေ့ကျင့်ရေးကွင်း၏ ဆင်ခြေဖုံးနားလေးတွင်ရှိသည်။ နည်းနည်းလေးဝေးဝေးသွားပါက မြို့ကနေထွက်နိုင်မည်ဖြစ်သည်။
မြို့အပြင်ဘက်တွင် နေရာအများစုက ကမ္ဘာဦးကသစ်တောများအဖြစ် ပြောင်းလဲ သွားပြီဖြစ်သည်။ တောနက်ဆိုတာ အန္တရာယ်ကြီးကာ အရာရာကို ကြိုတင်မမှန်းဆနိုင်သောနေရာပင်။
ဒါပေမယ့်ဒီဟာက ပို၍လူတိတ်ဆိတ်သောတောတွင်းနဲ့သာသက်ဆိုင်သည်။ ချန်အန်းမြို့ပတ်ဝန်းကျင်ရှိတောများနှင့် ပတ်သတ်ပြီး အစိုးရက အားလုံးရှာဖွေပြီးသား ဖြစ်သည်။ အန္တရာယ်ရှိသောမကောင်းဆိုးဝါးသားရဲများသည်လက်တွေ့ကျကျမရှိပေ။ အကယ်၍ထိုအကောင်များပေါ်လာခဲ့လျှင် ချန်အန်း၏ ထိပ်တန်းသားရဲလေ့ကျင့်ပေးသူများက အလျင်အမြန် ရှင်းပစ်မှာဖြစ်သည်။
စစ်တပ်မှ တောတွင်းအစွန်းတစ်လျှောက်တွင် တပ်စခန်းများချထားပြီး တောတွင်း မှလွတ်မြောက်နေသော မကောင်းဆိုးဝါးသားရဲများအားတားဆီးပေးသည်။ တစ်ခါတစ်ရံ အပြင်ဘက်မှမြို့ဆင်ခြေဖုံးများနားသို့ အဆင့်နိမ့်၍ ခြိမ်းခြောက်မှုရှိသောသားရဲများ လှည့် လည်သွားလာတတ်သည်။ ဒါပေမယ့် ကျောင်းကြီးများမှစီနီယာကျောင်းသားများနှင့် ချန်အန်းမြို့အတွင်းရှိများပြားလှသော သားရဲလေ့ကျင့်ပေးသူများအတွက်သာ လေ့ကျင့်ရန်အခွင့်အရေးပေးထားပေသည်။
ကျောင်းဂိတ်အပြင်ဘက်မှာ အတန်းအလိုက် ကျောင်းကားများရှိနေကာ ကားတစ် စီးချင်းစီတွင် အနက်နှင့်အနီစပ်ထားပြီး ကားကိုယ်ထည်၏ဘေးပတ်လည်တွင် လုံခြုံမှုရှိ စေရန် ခိုင်ခံ့သော သတ္ထုကွင်းတစ်ခုတပ်ထားသည်။ ထိုသံကွင်း၏ဘေးပတ်လည်တွင်ချွန် ထက်သော ဆူးချွန်များပါရှိသည်။ ဘတ်စ်ကားတစ်စီးချင်းစီ၏အပြင်ဘက်တွင် သုံးဆ လောက်ထူတဲ့ သတ္ထုပြားများ တပ်ဆင်ထားပြီး ဘတ်စ်ကားဘီးကို ဘေးအန္တရာယ်ကျ ရောက်ပြီးနောက်ပိုင်း သန္ဓေပြောင်းလဲထားသော ရာဘာပင်မှရရှိသော အထူးပစ္စည်း ဖြင့်ပြုလုပ်ထားသည်။ ဤရာဘာပုံစံသစ်မှပြုလုပ်ထားသောဘီးများသည် ပိုခိုင်ခံ့၍ ဒဏ်ခံနိုင်ပြီး အချင်းသေးသောကျည်ဆံမှ ပစ်ချက်ကိုခံနိုင်ရည်ရှိသည်။
ကောင်းဖန် အကူအညီမဲ့စွာနဲ့ ဘတ်စ်ကားကိုအကြိမ်အနည်းငယ်လောက်ထပ် ကြည့်မိလိုက်သည်။ အထူးအဆင့်နဲ့အောက်သားရဲတွေက ဒီဘတ်စ်ကားကို ခြိမ်းခြောက် နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး လို့ကောင်းဖန် ရုတ်တရက်တွေးမိလိုက်တယ်။
ကျောင်းရဲ့ဂိတ်ပေါက်ကနေ ၊
“ဒုတိယနှစ်အခန်းသုံးကကျောင်းသားတွေ ကျေးဇူးပြုပြီး ဒီဘက်ကိုလာစုကြပါ” ဟူသောအသံတစ်သံထွက်လာသည်။
ဘတ်စ်ကားတစ်စီးရဲ့ရှေ့မှာ အနီရောင်ဆံပင်နဲ့အမျိုးသမီးတစ်ဦး၊ ငါးပေခြောက် အရပ်အမြင့်ရှိပြီး အနက်ရောင်သားရေအင်္ကျီနဲ့ အောက်ခြေက ခေါင်းလောင်းပုံစံဂျင်း ဘောင်းဘီကိုဝတ်ဆင်ထားသည်။သူမက သစ်သားနဲ့ပြုလုပ်ထားတဲ့ ဆိုင်းဘုတ်အသေး လေးကိုကိုင်ထားကာ “ဒုတိယနှစ်အခန်းသုံး” ဟူ၍ဖြစ်သည်။
“မင်္ဂလာနံနက်ခင်းပါ မစ္စမုရုန်” ကောင်းဖန်သူမဆီပြေးသွားလိုက်ပြီး ယဥ်ကျေးစွာ နှုတ်ဆက်လိုက်တယ်။
ပေါင်နှစ်ရာ့ငါးဆယ်အောက်မလျော့သောအလေးချိန်ရှိသည့်မုရုန်ချိုးယဲ့ကပြုံးကာ ခေါင်းငြိမ့်ပြသည်။ သူမကနူးညံ့သောအသံဖြင့် “အာ ကောင်းဖန် မင်းရောက်လာပြီလား၊ ကျောင်းကားပေါ်အရင်တက်လိုက်တော့”ဟုပြောသည်။
ဆရာ/ဆရာမတွေကြိုက်နှစ်သက်တဲ့ ကျောင်းသားအမျိုးအစားနှစ်မျိုးရှိတယ်-အမှတ်ကောင်းတဲ့ကျောင်းသားနဲ့ ကျီစယ်တတ်တဲ့ကျောင်းသားတွေဘဲ။
ကောင်းဖန် အရင်တုန်းကပုံစံက သာမာန်ဘဲဖြစ်သည်။အဲ့ဒီနောက်မှာတော့ သူ့အဆင့်တွေကကျောင်းခန်းထဲမှာ ထိပ်ကဖြစ်လာပြီး အဆင့်နံပါတ်လေးရှိသည်။ ဆရာတွေရဲ့စိတ်ထဲမှာသူကတိတ်ဆိတ်ပြီး ပြဿနာမရှာတတ်တဲ့ ကျောင်းသား တစ်ယောက် ဖြစ်သည်။
ကျောင်းကားပေါ်တက်လိုက်တော့ အရင်ရောက်နှင့်ပြီးသောကျောင်းသား အချို့ ကိုကောင်းဖန်တွေ့လိုက်ရသည်။ ကောင်းဖန်အများအားဖြင့် တစ်ယောက်တည်းအနေ များ၍ အခြားကျောင်းသားတွေနဲ့သာမန်ဆက်ဆံရေးသာရှိသည့် အတန်းထဲကသာမညောင် လူလေးတစ်ယောက်ဖြစ်သည်။
အနည်းဆုံးဒါကကောင်းဖန်တွေးထားတာဘဲဖြစ်သည်။ တကယ့်အမှန်မှာတော့ ကောင်းဖန်သူ့မိဘတွေသေဆုံးပြီးနောက်ပိုင်း သူ့အဆင့်တွေတက်လာကာ အဆင့်လေး ထိတက်သွားကတည်းက သူ့အတန်းဖော်တွေရဲ့မျက်လုံးထဲမှာ ထူးချွန်သောကျောင်းသား အဖြစ်မြင်နေပြီဖြစ်သည်။
အခုတော့ ကောင်းဖန်ရဲ့ညာလက်မှာတွဲချည်ထားတဲ့ခရမ်းရောင်ကျောပြင်နှင့် အဝါ ရောင် ခြေထောက်ရှိသောကင်းခြေများက အတန်းဖော်တွေရဲ့အာရုံကိုဖမ်းစားထားသည်။
“ဝါး ဒါလေးကအရမ်းချစ်ဖို့ကောင်းတာဘဲ။”
“ဘယ်လိုတောင် သေးတဲ့ ကင်းခြေများလေးလဲ”
“ဝါး ဒါက ခရမ်းရောင်ကျောပြင်နဲ့အဝါရောင်ခြေချောင်းတွေရှိတဲ့ ကင်းခြေများဘဲ ဟုတ်တယ်မလား၊ ဒါက သာမန်အဆင့်တွေထဲမှာအမြင့်ဆုံးသားရဲဘဲ၊ ကောင်းဖန်ရဲ့ မိသားစုက ဒီလိုအစွမ်းထက်တဲ့သားရဲနဲ့ရင်းနှီးသူတွေ ဖြစ်နေတာလား။”
“ကောင်းဖန်က မိဘမဲ့မဟုတ်ဘူးလား?” သူ့လက်မှာကိုင်ထားတာ ခရမ်းရောင် ကျောပြင်နဲ့အဝါရောင်ခြေချောင်းတွေရှိတဲ့ ကင်းခြေများကို သူဘယ်ကရမှာမလို့လဲ?၊ သူငှားထားတာဖြစ် လောက်မယ် ဟုတ်တယ်မလား?” ရုတ်တရက်မသင့် လျော်သော စကားသံကြောင့် ကျောင်းကားအတွင်းရှိလေထုကအေးခဲသွားတော့သည်။
***
အခန်း ၆ အနက်ရောင်အမျက်ဒေါသကင်းကောင်
ကောင်းဖန် ခေါင်းမော့လိုက်ကာ ကျောင်းကားနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ နောက်ကျောတန်းတွင်တော့ နဖူးထက်သို့ ဆံပင်ခွေကျနေဟန်ဖြင့် ဂျင်းဘောင်းဘီကျပ်ကျပ်၊ ပန်းပွင့်ရိုက်ရှက်အင်္ကျီကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက် ရှိလို့နေသည်။သူ့နားနှစ်ဖက်တွင်လဲ နားကပ်များပင် ဝတ်ဆင်ထားသေးသည်။ ထိုကောင်လေးက သူထိုင်နေသည့် ထိုင်ခုံအပြင် ဘေးတစ်ဖက်တစ်ချက်စီမှ ထိုင်ခုံတစ်လုံးစီ၏ နောက်မှီပေါ်ကိုပါ လက်ကို ဆန့်တန်းတင်ထားရင်း မာနထောင်လွှားဟန်ဖြင့် ထိုင်လို့နေသည်။ သူ၏ဘေးတွင်တော့ အနက်ရောင်တိမ်တိုက်များနှယ် အုပ်အုပ်မှိုင်းမှိုင်း အကောင်တစ်ကောင် ထိုင်နေသည်။ ထိုကောင်ကြီးထု်ငနေတာတောင်မှ ကောင်လေးထက် ခေါင်းတစ်လုံးစာပိုမြင့်နေစဲပင်။
ထိုကောင်လေး၏နာမည်သည်ကတော့ ဟိုင်လန်ယွိပင်ဖြစ်သည်။
အတန်းထဲမှာဆိုလျှင် ဟိုင်လန်ယွိနှင့်ကောင်းဖန်တို့သည် ဝင်ရိုးစွန်းနှစ်ဖက်နှယ် ဆန့်ကျင့်ဘက်၌ ရှိနေကြသူများဖြစ်သည်။ ထို့ကြောင့်လဲ ဟိုင်လန်ယွိသည် အဆင့်ကောင်းသည့်ကျောင်းသားများကို မျက်နှာချင်းဆိုင်ကို မဆိုင်ချင်လောက်အောင် မနှစ်မြို့ခဲ့ပေ။
ဟိုင်လန်ယွိ သူ၏ဘေးရှိအနက်ရောင်အမျက်ဒေါသကင်းကောင်ကို ဂုဏ်ယူနေဟန် မျက်နှာပေးဖြင့် ကြည့်နေရင်း ခပ်ဟဟရယ်လိုက်သည်။
ထိုအနက်ရောင်အမျက်ဒေါသကင်းကောင်ကို ဒီနှစ်မှာပင် သူ၏ဖခင်ထံမှ မွေးနေ့လက်ဆောင်အဖြစ် ရရှိထားခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင်တော့ သူ၏ပထမဆုံး ကိုယ်ပိုင်သားရဲလဲဖြစ်သည်။ လူတစ်ယောက်သည် ၁၈နှစ်ပြည့်ပြီးသွားလျှင် သွေးစာချုပ်တစ်ခု ချုပ်ဆိုင်နိုင်ပေသည်။ မဟာမိတ်အစိုးရမှနေပြီး ထုတ်ဝေထားသော သုတေသနရလဒ်များအရ အသက်၁၈နှစ်ပြည့်ပြီးမှ သွေးစာချုပ်ချုပ်ဆိုခြင်းကသာ ခန္ဓာကိုယ်ကို မည်သို့မျှထိခိုက်စေမည်မဟုတ်ဟုပင်။ ထို့အတွက်ကြောင့် ဤရလဒ်ကို အမှီပြုကာ ကျောင်းများအားလုံးသည် ကျောင်းသားများကို အသက်၁၈နှစ်မပြည့်သေးဘဲနှင့် သွေးစာချုပ်ချုပ်ဆိုခြင်းမပြုလုပ်ရန်အတွက် တားမြစ်ထားကြသည်။
ယခုနှစ်တွင်ပဲ အသက်၁၈နှစ်ပြည့်သွားသည့် ဟိုင်လန်ယွိကို သူ၏ဖခင်က မြို့လယ်ရှိသားရဲကုန်သွယ်ရေးစင်တာတွင် အနက်ရောင်အမျက်ဒေါသကင်းကောင်ကို ဝယ်ပေးရန်အတွက် သားဖြစ်သူကို ခေါ်ဆောင်သွားပေးခဲ့သည်။
အနက်ရောင်အမျက်ဒေါသကင်းကောင်သည် သာမာန်အဆင့်သားရဲတစ်ကောင်သာဖြစ်သော်လည်း သာမာန်အဆင့်များထဲတွင်တော့ အဆင့်မြင့်ဆုံးသားရဲများစာရင်းတွင် ပါဝင်သည်။ ၎င်းကို စနစ်တကျ လေ့ကျင့်ကာ အဆင့်တက်အောင် ပြုလုပ်ပေးခြင်းဖြင့် လက်ရွေးစင်အဆင့်သို့ တိုးမြင့်နိုင်ချေမြင့်မားပေသည်။
သားရဲအဆင့်များကို [သာမာန်အဆင့်]၊ [လက်ရွေးစင်အဆင့်]၊ [အုပ်ချုပ်သူအဆင့်]စသည်ဖြင့် အဆင့်ဆင့်ခွဲခြားသတ်မှတ်ထားသည်။
တစ်ဆင့်ချင်းစီတိုင်းတွင်လဲ သားရဲများကို နောက်ထပ်မတူညီသည့်အဆင့်များ ခွဲခြားထားပြန်ကာ၊ [သာမာန်အဆင့်]၊ [ထူးကဲအဆင့်]၊ [ပြီးပြည့်စုံအဆင့်]စသည်ဖြင့်ပင်။
သားရဲအဆင့်များတင်မကသေး ၎င်းတို့၏ အဆင့်အတန်းကိုတော့ဖြင့် တိုက်ခိုက်နိုင်စွမ်းရည်ပေါ်တွင်လဲ မူတည်ကာ သတ်မှတ်သေးသည်။
သားရဲတစ်ကောင်၏အဆင့်ကို သားရဲတစ်ကောင်၏ကျင့်ကြံခြင်းအဖြစ် မြင်နိုင်ကာ အဆင့်အတန်းကိုတော့ မျိုးစိပ်လဲတူ အဆင့်လဲတူသည့်သားရဲများကြားမှ တိုက်ခိုက်စွမ်းရည် ခြားနားချက်အဖြစ် ရှုမြင်နိုင်သည်။ ဥပမာအားဖြင့်ဆိုရသော် ဒဏ္ဍာရီအဆင့်စွမ်းအားကြီးသည့်ဇာတ်ကောင်သည် ၎င်းနှင့်အဆင့်အတန်းတူသည့် သာမာန်အဆင့်ထောင်ချီကို အနိုင်ယူနိုင်ကာ ပို၍အဆင့်မြင့်သည့် ပြိုင်ဘက်များကိုတောင်မှ တစ်ခါတစ်ရံအနိုင်ယူနိုင်သေးသည်။
ကောင်းဖန် ဟိုင်လန်ယွိနှင့်သူ့ဘေးရှိ အနက်ရောင်အမျက်ဒေါသကင်းကောင်ကို တစ်ချက်ကြည့်ရင်း ကျရာတစ်နေရာတွင် ဝင်ထိုင်လိုက်သည်။
ဟိုင်လန်ယွိကတော့ သူ့ကိုကြောက်သည်ဟု မှတ်ယူလိုက်ကာ တဟားဟားအော်ရီရင်း လေလေးတချွန်ချွန်နှင့်အူမြူးနေတော့သည်။
ကောင်းဖန် သူ့ခြေထောက်နားတွင်ထိုင်နေသည့် တာဇီကိုသာ ချော့မြူနေခဲ့သည်။ သူ တာဇီ၏ဦးမျှင်တစ်ဖက်ကို အရင်းမှနေ အဖျားတိုင်အောင် ဆက်တိုက် အပေါ်အောက် ပွတ်ပေးနေသည်။
တာ့ဇီလဲ တဖြည်းဖြည်း အေးဆေးငြိမ်သက်လာကာ မျက်လုံးများလဲ မှေးဆင်းလို့လာတော့သည်။ သူ့ခန္ဓာကိုယ်မှတဆင့်ရှိနေသည့် အဝါရောင်လက်သည်းများသည်လဲ ကျေနပ်အားရဟန်ဖြင့် အနည်းငယ်လှုပ်ခါလို့နေသည်။
တာ့ဇီအေးဆေးတည်ငြိမ်ကာ သက်သောင့်သက်သာရှိပုံရသွားဟန်ပေါ်နေချိန်တွင် ကောင်းဖန်သည်က တကယ်တမ်း သူ့စိတ်ထဲတွင် ပေါ်ထွက်နေသည့် သားရဲအချက်အလက်များကို ဖတ်ရှုနေခြင်းဖြစ်သည်။
[မကောင်းဆိုးဝါးအမည်] : အနက်ရောင်အမျက်ဒေါသကင်းကောင်
[မကောင်းဆိုးဝါးအဆင့်] : အဆင့် ၈
[မကောင်းဆိုးဝါးအဆင့်အတန်း] : သာမာန်အဆင့်
[မကောင်းဆိုးဝါးစွမ်းရည်] : ခွန်အား၊ မြေ
[မကောင်းဆိုးဝါးအခြေအနေ] : ကျန်းမာ(မကျေနပ်)
[မကောင်းဆိုးဝါးအားနည်းချက်] : ၁။ အဆိပ်၂။ ဆူးထန်ပင်မှဆူးများတွင် အနက်ရောင်အမျက်ဒေါသကင်းကောင်ကို ပြင်းထန်သည့်နာကျင်မှုဒဏ်ဖြစ်ပေါ်စေသည့် အဆိပ်အတောက်များပါရှိ။
[ထူးကဲအဆင့်သို့တက်ရန်လိုအပ်ချက်များ] : ……
ကောင်းဖန် လျှို့ဝှက်စွာနဲ့ *ဆူးထန်းပင်* ကိုသူ့မှတ်ဉာဏ်ထဲမှာမှတ်လိုက်ပြီး တစ်ချိန်ထဲမှာဘဲ အဲ့အပင်ကိုဘယ်မှာရှာရမလဲ စဉ်းစားနေသည်။
ဆူးထန်းပင်တွေက ကပ်ဆိုး ကြီးပြီးသွားပြီးနောက် အသစ်ပြောင်းလဲ ဖြစ်ပေါ် လာတဲ့အပင်တွေဖြစ်ပြီး မူရင်းထန်းပင်အမျိုးအစားပင်ဖြစ်သည်။ထန်းပင်အမျိုးစုများ သည် ကြီးမားသော အပင်အုပ်စုဖြစ်ပြီး ခြံစည်းရိုးဝါး၊ အလက်စန္ဒြားထန်းပင်နှင့် တရုတ် ယပ်တောင် ထန်းပင်အမျိုးအစားတို့ပါဝင်သည်။
ဆူးထန်းပင်များသည်မရှားပါးပါ။ ထန်းပင်မှမည်သည့်အပင်မျိုးစိတ်ပြောင်းလဲ၍ ထွက်ပေါ်လာသည်ဆိုတာကိုဆုံးဖြတ်ရန်မဖြစ်နိုင်သော်လည်း ထန်းပင်မျိုးစိတ်အပင်များ ကိုတောင်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရောင်းချကြသည်။မြို့ထဲမှာတောင် အချို့ ထန်းပင်များစိုက်ပျိုးထားတာကြောင့် ထိုအပင်များကရှားပါးသောအပင်များမဟုတ်ပါ။
ဒါပေမယ့် ဆူးထန်းပင်တွေရဲ့အရွက်ကျောရိုးတွေမှာအကြောသေစေနိုင်တဲ့အဆိပ် အနည်းငယ်ပါဝင်သည်၊ဒါကြောင့် ဆူးထန်းပင်တွေကိုမြို့တွင်းမှာ အပြီးဖယ်ရှားလိုက်တာ ဖြစ်သည်။ တစ်ပင်ကိုရှာဖွေဖို့အတွက်ဆိုရင် တောရိုင်းမြေရိုင်းတစ်ခုသို့ သွားရှာရသည်။
ဒီလေ့လာရေးခရီးအတွင်း သူတို့ကသဲကန္တာရဘက်ကိုဦးဆောင်ခေါ်သွားသည်။ ဒါကြောင့်သူတို့လမ်းတစ်လျှောက်ဆူးထန်းပင်အချို့ကိုရှာတွေ့နိုင်မယ်လို့ထင်တယ်။ ထိပ်တန်းကျောင်းသားတစ်ယောက်အနေနဲ့ ဆူးထန်းပင်တွေကဘယ်လိုပတ်ဝန်းကျင် အခြေအနေနဲ့ ကြီးထွားဖို့ပိုပြီး သင့်တော်သလဲဆိုတာရော၊ ဘယ်လိုအရွက်တွေကိုစု ဆောင်းရမလဲဆိုတာကိုရောကောင်းဖန်ဆက်ပြီးစဥ်းစားနေတော့သည်။
အနောက်တန်းမှာတော့ အနက်ရောင်အမျက်ဒေါသကင်းကောင်က အကြောင်းမရှိ ရုတ်တရက် နှာထချေလေသည်။၎င်းကသူ့ရဲ့နှာခေါင်းနဲ့ သူရဲ့သန်မာကျစ်လစ်တဲ့ ကြွက် သားရှိတဲ့လက်မောင်းတစ်ဖက်နဲ့ပွတ်သတ်လိုက်ပြီးတော့ သူ့ရဲ့နှာရည်တွေကို ဟိုင်လန်ယွိရဲ့ခန္ဓာကိုယ်နှင့်ရိုးရိုးသားသားသုတ်ပစ်လိုက်သည်။
“ရိုင်းလိုက်တဲ့ကောင် မင်း….”ဟိုင်လန်ယွိ အရမ်းဒေါသထွက်သွားတော့သည်။ သူက အနက်ရောင်အမျက်ဒေါသကင်းကောင်ရဲ့ ဖျော့တော့နေတဲ့အဝါရောင်မျက်လုံးတွေ ကိုလှည့်ကြည့်လိုက် သူ့ရဲ့ပေါင်ထက်ကြီးတဲ့လက်မောင်းတွေကိုကြည့်လိုက်လုပ်နေသည် ၊ဟိုင်လန်ယွီ ကအင်တင်တင်နဲ့ ပြုံးပြလိုက်ပြီး အနက်ရောင်အမျက်ဒေါသကင်းကောင်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး “နောက်တစ်ခါဒီလိုမလုပ်နဲ့ ဟုတ်ပြီလား၊ လိမ်လိမ်မာမာနေ”
အနက်ရောင်အမျက်ဒေါသကင်းကောင်က ဒီတစ်ခါတော့ လူလိုပုံစံပီသစွာနဲ့ နှာထပ်ချေလိုက်ပြီး ဟိုင်လန်ယွိကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
ဟိုင်လန်ယွိအနည်းငယ် စိတ်မကောင်းဖြစ်သွားသည်၊ သူကသူ့ရဲ့မျက်လုံးတွေကို ဘတ်စ်ကားအရှေ့ဘက်သို့ပြန်ပို့လိုက်ပြီး ရုတ်တရက်သူ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုမြင်လိုက်ရသည်။
“ဝတုတ်” ဘတ်စ်ကားက ဟိုင်လန်ယွိရဲ့ရုတ်ရုတ် ရုတ်ရုတ်အသံနဲ့ ပြည့်သွားပြန် သည်။ ဘတ်စ်ကားပေါ်အသစ်ရောက်လာတဲ့တစ်ယောက်က အရမ်းလည်းအရပ်မရှည် အနည်း ငယ်အသားပေါတဲ့ ဝတုတ်ကောင်လေးဖြစ်သည်။
“ရို့၊ ဒီတစ်ယောက်ကငါ့အဖေဝယ်ပေးတဲ့တစ်ယောက်နဲ့ဆင်တယ်။” ဟု ဝတုတ် ကောင်လေးကိုပြောလိုက်သည်။ သူကဟိုင်လန်ယွိရဲ့အကောင်းဆုံးသူငယ်ချင်းအနည်း ငယ်၏ထဲကတစ်ယောက်ဖြစ်သည်။ သူ့နာမည်က ချန်းဟန်ချောင် ဖြစ်သည်။
ကပ်ဆိုးကြီးမတိုင်ခင် ထိုနှစ်ယောက်က အလယ်တန်းကျောင်းကတည်းက ကောင်း မွန်တဲ့ဆက်ဆံရေးရှိသူတွေဖြစ်သည်။
ချန်းဟန်ချောင်ရဲ့ဘယ်ဘက်ပုခုံးပေါ်မှာထိုင်နေတဲ့ သေးငယ်တဲ့ပန်းရောင် သားရဲ ပေါက်စလေးက အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့လက်ဖဝါးအရွယ် သာရှိသည်။ ၎င်း၏ အရေပြား အောက်တွင်သေးငယ်သောအကြေးခွံများရှိသည်ဟုထင်ရသည်။
သူ့ရဲ့အနက်ရောင်မျက်လုံးများကထင်ရှားနေပြီးခွန်အားအပြည့်နှင့်၎င်းကပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်နေသည်၊သူကတစ်ခါတစ်ရံ တစ်ပွက်ပွက်မြည်သော အသံကို ပြုလုပ်နေသည်။
ဒါပေမယ့်ဒါကအကုန်မဟုတ်သေးဘူး_ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ထို သေးငယ်တဲ့သားရဲ ပေါက်စလေးကရဲ့ခန္ဓာကိုယ်ပတ်လည်ကမကြာခဏ လျှပ်စီးထွက်နေ ကာတဖြောက်ဖြောက်အသံမြည်နေသည်။ ဒြပ်စင်စွမ်းအင်များကိုပိုင်ဆိုင်ထားသော ထို သားရဲပေါက်လေးသည် ၎င်းအရွယ်ရောက်သည့်အခါတွင်အနည်းဆုံး အုပ်ချုပ်သူအဆင့် သားရဲအဖြစ်သို့ ရောက်လောက်ပြီဖြစ်သည်။
အုပ်ချုပ်သူအဆင့်သားရဲ! ဟိုင်လန်ယွိ အသက်ရှုရပ်မတတ်ဖြစ်သွားသည်၊ သူ့ရဲ့ မိသားစုကချမ်းသာတယ် ဒါပေမယ့် အနက်ရောင် အမျက်ဒေါသကင်းကောင်နှင့် ရင်းနှီး နိုင်စေရန်ဝယ်နိုင်ဖို့လောက်ဘဲ၊ နည်းနည်းလေးဘဲချမ်းသာတာပါ၊ သူ့ရဲ့ ရင်းနှီးမှုအဆင့်ကို မြှင့်တင်ရန် အုပ်ချုပ်သူအဆင့်သို့တိုးမြှင့်မပေးမှီ ပြီးပြည့်စုံခြင်းအဆင့်သို့တိုးမြှင့်ပေးရန် နည်းလမ်းများကိုရှာဖွေရမှာဖြစ်သည်။
ဒီလိုနည်းလမ်းလုပ်ဖို့နည်းလမ်းရှာတာကအကောင်းဆုံးဘဲ၊ ဒါပေမယ့် တကယ့် အမှန်မှာတော့ သူနဲ့ရင်းနှီးတဲ့ သားရဲကို ပြီးပြည့်စုံခြင်းအဆင့်ကိုမြှင့်တင်ခြင်းနဲ့ အုပ်ချုပ်သူ အဆင့်ကိုတိုးမြှင့်ခြင်း နည်းလမ်းများကိုလက်တွေ့တွင်တော့မတွေ့ရှိပါ။ အရွယ်ရောက်ပြီး အုပ်ချုပ်သူအဆင့် သားရဲနဲ့တစ်ရင်းတစ်နှီးနေဖို့ဆိုတာ ပိုက်ဆံနဲ့ပေးဝယ်လို့ရတဲ့အရာ မဟုတ်ဘူး၊ စွမ်းအား အတော်အသင့်ရှိတဲ့သူတစ်ဦးနှင့်ပါတ်သတ်နေ၍သာဖြစ်သည်။
ကောင်းဖန်အနောက်ဖက်ကိုလှည့်ကာ ချန်းဟန်ချောင်ရဲ့ပုခုံးပေါ်မှာရှိတဲ့ထို ပန်းရောင်သားရဲလေးကိုကြည့်လိုက်ရင်း သူ့စိတ်ထဲမှာ ဇယားတစ်ခုစတင်ပေါ်လာတော့ သည်။
[မကောင်းဆိုးဝါးအမည်] : လျှပ်စီးရောင်ပြန်ဝက်ဝံ(အရွယ်ရောက်အကောင်ပေါက်အ ဆင့်)
[မကောင်းဆိုးဝါးအဆင့်] : အဆင့် ၅
[မကောင်းဆိုးဝါးအဆင့်အတန်း] : အထူးအဆင့်( ယခုအဆင့်;အရွယ်ရောက်လုနီးပါး၊ အုပ်ချုပ်သူအဆင့်သို့ဝင်ရောက်လုနီးပါးဖြစ်ပြီး သာမန်အဆင့်သို့လျော့သွားနိုင်)
[မကောင်းဆိုးဝါးစွမ်းရည်] : လျှပ်စစ်
[မကောင်းဆိုးဝါးအခြေအနေ] : ကျန်းမာ(တွေဝေမိန်းမော)
[မကောင်းဆိုးဝါးအားနည်းချက်] : ၁။ အရွယ်ကြီးထွားနေချိန် ရေပမာဏများစွာ ပါဝင် သောအစာကိုစားသုံးခြင်းသည်အုပ်ချုပ်သူအဆင့်သို့တက်ရန်ကျဆုံးနိုင်သည် ၂။ အရွယ်ရောက်နေချိန် သုံးသော…….)
[ပြီးပြည့်စုံခြင်းအဆင့်သို့တက်ရန်လိုအပ်ချက်များ] :……
ကောင်းဖန် သူ၏အကြည့်တွေကိုဖယ်ခွာလိုက်ပြီး သူ၏စိတ်ထဲတွင် ထိတ်လန့်သွား ရသည်။ ထိုလျှပ်စီးရောင်ပြန်ဝက်ဝံလေး၏တောက်ပသောလျှပ်စီးအစွမ်းတို့က မည်မျှအထိအစွမ်းထက်လာမည်သာမက ဒါထက်ပင် သူ့စွမ်းရည်ကသူထင်တာထက်ပို ပြီးတောင်ကြောက်ဖို့ကောင်းသောကြောင့်ဖြစ်သည်။
တာ့ဇီသည်ပုံမှန်အားဖြင့် ခရမ်းရောင်ကျောပြင်နှင့်အဝါရောင်ခြေချောင်းများသာရှိ သော ကင်းခြေများလေးသာဖြစ်သည်။ သူသာ ၎င်း၏အဆင့်ကိုမြှင့်တင်ပေးပြီး နောက် ထပ် ပို၍ပို၍တိုးတက်အောင်ဆက်လက်လုပ်ဆောင်ပါက အဆုံး၌မည်သည့်ဆင့်ကဲ ပြောင်းလဲမှုမျိုးများရရှိမည်နည်း။
ကောင်းဖန်ငုံ့ကြည့်လိုက်ပြီး တာ့ဇီ၏ခေါင်းလေးကို နူးညံ့ကြင်နာစွာ ပွတ်သတ် လိုက်ကာ သူ့သိချင်သည်များကိုတွေးနေသည်။ လူအများစုက သူတို့ရဲ့သားရဲများနှင့်ရင်း နှီးကျွမ်းဝင်မှုစွမ်းရည်သည် သူတို့၏အလားအလာကို ဆုံးဖြတ်ပေးသည့်အတွက်ကြောင့် သူတို့နှင့်ရင်းနှီးသူသားရဲတွေကို အစွမ်းကုန်ဂရုစိုက်ကြသည်။
***
အခန်း ၇ သွေးနှင်းပန်းပင်
သားရဲလေ့ကျင့်သူတစ်ဦးချင်းစီ၏ခွန်အားသည်က သိပ်တော့ အထင်ကြီးစရာမရှိပေ။ နောက်ပိုင်းအဆင့်များတွင် ကိုယ်ပိုင်သားရဲများသည် ၎င်းကိုလေ့ကျင့်ပေးသူ၏ ရှင်သန်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်ဟု ပြောထားသော်လည်း တကယ်တမ်း ကိုယ်ပိုင်ရှင်သန်နိုင်စွမ်းရည်ကို တိုးမြှင့်လိုက်ခြင်းသာ။ တစ်နေ့တာကုန်ဆုံးချိန်တွင် စစ်မှန်သည့်တိုက်ပွဲတစ်ခုပြုလုပ်ရာ၌ သားရဲလေ့ကျင့်သူများသည် သူတို့၏ကိုယ်ပိုင်သားရဲများအပေါ်ကိုသာ မှီခိုကြရသည်။
သားရဲလေ့ကျင့်သူတစ်ဦး သွေးစာချုပ်ချုပ်ဆိုနိုင်သည့် သားရဲအရေအတွက်မှာ ထိုလေ့ကျင့်သူ၏စိတ်ဝိညာဉ်စွမ်းအားသန်မာမှုအပေါ်တွင် မူတည်ပေသည်။ ကိုယ်ပိုင်သားရဲကပို၍ အင်အားကြီးလာလေ လေ့ကျင့်ပေးသူလဲ အာဟာရပြည့်လာကာ နောက်ထပ်သော ကိုယ်ပိုင်သားရဲစာချုပ်များ ချုပ်ဆိုနိုင်ဖို့ရန်အတွက် သားရဲလေ့ကျင့်သူ၏ စိတ်ဝိညာဉ်စွမ်းအား ပို၍ ကြီးထွားသန်မာလာပေမည်။
တနည်းအားဖြင့်ဆိုရသော် အရာအားလုံးမှာ တစ်ခုနှင့်တစ်ခု စပ်ဆက်လို့နေသည်။ သွေးစာချုပ်များချုပ်ဆိုရန်အတွက် စိတ်ဝိညာဉ်စွမ်းအား တိုးပွားလာဖို့ရန် လိုအပ်ပေသည်။ သွေးစာချုပ်တွင် သွေးကကြားခံဆိုသော်လည်း တကယ်တမ်းတွင်တော့ လူသားနှင့်သားရဲတို့၏ စိတ်ဝိညာဉ်ချင်း ချိတ်ဆက်ထားခြင်းသာဖြစ်သည်။
သေချာတာပေါ့၊ ဒီချိတ်ဆက်မှာက နှစ်ဦးနှစ်ဖက်လုံးအတွက် လုပ်ဆောင်ခြင်းပါ။ သားရဲလေ့ကျင့်သူဘက်ကသာ မိမိ၏ကိုယ်ပိုင်သားရဲကို ထိန်းချုပ်ရန်အတွက် ရက်စက်ကြမ်းကြုတ်ကာ အကြမ်းဖက်သည့် နည်းလမ်းများကို အသုံးပြုခဲ့လျှင် ထိုကိုယ်ပိုင်သားရဲကလဲ အဆက်မပြတ် ခုခံမှုများပြုလုပ်လာပေလိမ့်မည်။ ထိုသို့ဖြင့် ကိုယ်ပိုင်သားရဲက သားရဲလေ့ကျင့်သူ၏ စိတ်ဝိညာဉ်ကိုပါ ဝန်တစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ အကယ်၍များ ကိုယ်ပိုင်သားရဲများစွာကသာ သားရဲလေ့ကျင့်သူ၏ ထိန်းချုပ်မှုကို ခုခံတွန်းလှန်မှု များပြားလာပါက ပြင်းထန်ဆိုးဝါးလွန်းသည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်သာ…..
ငါ အဆင့်နိမ့်ကိုယ်ပိုင်သားရဲအများကြီးရှာလိုက်ပြီး သူတို့ရဲ့အဆင့်တွေကို မြှင့်တင်ပေးလို့ရတာပဲ… ကောင်းဖန်တစ်ယောက် ရုတ်တရက်ဆိုသလို သူ့စွမ်းရည်ကို အသုံးချကာ အမြတ်ထုတ်ဖို့ရန်တွေးမိလိုက်သည်။
မဖြစ်သေးဘူး။ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီလိုဆို အရမ်းသိသာသွားမှာ။
ကောင်းဖန် ခပ်မြန်မြန်ပဲ သူ့စိတ်ထဲမှအတွေးများကို ပြန်ရှင်းထုတ်လိုက်သည်။ သူထိုသို့မလုပ်နိုင်ပေ။ လောလောဆယ်အတွက်ပေါ့။ ကိုယ်ပိုင်သားရဲများ ပျိုးထောင်ဖို့ရန်က အရင်းအမြစ်များစွာလိုအပ်ကာ ယခုအချိန်တွင်တော့ သူ့ဘက်က မတတ်နိုင်သည့်အရာများသာဖြစ်သည်။ ကောင်းဖန်တွင် သူ့စွမ်းရည်ကို ထုတ်ဖော်ကာ အခြားသော အင်အားကြီး အစုအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလိုသည့် ရည်ရွယ်ချက်လဲ မရှိပေ။ သူ၏စွမ်းရည်ကို အခြားသူများသိသွားပါက သားရဲမွေးထုတ်သည့် စက်တစ်ခုအဖြစ် အသုံးချခံရကာ ဘဝကြီးအဆုံးသတ်သွားမည်ကို စိုးရိမ်မိပေသည်။
“အားလုံးရောက်ကြပြီလား? အတန်းခေါင်းဆောင်ရေ လူစစ်လိုက်ပါဦး။” ဘက်စ်ကားပေါ်တက်လာသည့် သူတို့ဆရာမမုရုန်ချိုးယဲ့က အတန်းမော်နီတာ ထန်ချန်ကျင်းကိုပြောလိုက်သည်။
ထန်ချန်ကျင်းသည် ပျော့ဖက်ဖက်နှင့်သေးကွေးသည့် ကောင်လေးတစ်ယောက်ပင်ဖြစ်ကာ သူပြုံးလိုက်ချိန်တွင်တော့ ပါးချိုင်းထင်းထင်းလေးများကို မြင်တွေ့နိုင်ပေသည်။ ထန်ချန်ကျင်းသည် အတန်းထဲမှလူများနှင့် အမြဲတမ်းအဆင်ပြေပြေရှိကာ အဆင့်ကောင်းသလို လူမှုဆက်ဆံရေးတွင်လဲ ပြောနေစရာပင်မလိုလောက်အောင် ရင်းနှီးကျွမ်းဝင်ဖို့ လွယ်ကူသူဖြစ်တာကြောင့် သူ့ကို အတန်းမော်နီတာအဖြစ် ရွေးချယ်တင်မြှောက်ဖို့ရန် အချိန်သိပ်မလိုခဲ့ပေ။
“မစ္စမုရုန်၊ အားလုံးစုံပါပြီ။ တစ်ယောက်ယောက်တက်လာသွားတိုင်း ကျွန်တော် အတန်းသားစာရင်းမှာ မှတ်ထားပြီးသားပါ။” ထန်ချန်ကျင်းက အပြုံးလေးဖြင့်ပြောရင်း မစ္စမုရုန်ထံသို့ အတန်းသားစာရင်းကို ကမ်းပေးလိုက်သည်။
မစ္စမုရုန်လဲ ခေါင်းညိတ်လိုက်ကာ ကားမှလက်ကိုင်ကို ဖမ်းကိုင်ထားရင်း ပြတင်းပေါက်မှ ခေါင်းထွက်ကာ အော်ပြောလိုက်သည်။
“ဒါရိုက်တာကြီး၊ ကျွန်မတို့အခန်းက ကျောင်းသားတွေ စုံသွားပြီနော်။ ထွက်လို့ရပြီ။”
ထို့နောက် မစ္စမုရန်လဲ ကားထဲသို့ခေါင်းပြန်သွင်းကာ မောင်းသူထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်တော့သည်။
ပထမတန်းတွင်ထိုင်နေသည့် ထန်ချန်ကျင်းသည်တော့ မစ္စမုရုန် ဘက်စ်ကားဂီယာကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိုးရင်း ချောမွေ့စွာစတင်ရွေ့လျားလိုက်တာကြောင့် မေးရိုးပြုတ်ကျမတတ် အံ့ဩသွားတော့သည်။
တကယ့်ကို အတွေ့အကြုံရှိတဲ့ ယာဉ်မောင်းပဲ…
ဘက်စ်ကား၏မီးခိုးပိုက်မှနေပြီး အသံများထွက်လာပြီးနောက် သတ္တဝါရိုင်းကြီးတစ်ကောင်နှယ် ဘက်စ်ကားမှာ စတင်ထွက်ခွာတော့သည်။
နောက်ဘက်အနီးတွင်တော့ အပြာရောင်ကားနှစ်စီးရှိနေသည်။ ကားများ၏ဘေးပတ်လည်တွင်က အဖြူရောင်ဒိုင်းလွှာမှလွဲ၍ ကျန်ကိုယ်ထည်အားလုံးအပြာရောင်များသာ။ ၎င်းတို့သည်ကတော့ ဒိုင်းပြာလုံခြုံရေးကုမ္ပဏီမှဖြစ်သည်။
သူတို့အမြန်နှုန်းဖြင့် ခရီးထွက်လာခဲ့ကြတာကြောင့် မိနစ်အနည်းငယ်အတွင်းတွင်ပဲ မြို့ဆင်ခြေဖုံးရှိ ရေကန်အစွန်အဖျားသို့ ရောက်လာခဲ့သည်။
“ဟုတ်ပြီ၊ ငါတို့ရောက်ကြပြီး၊ ကျောင်းသားတို့ ဆင်းကြရအောင်။”
ရှီး…ဆိုသည့်အသံတစ်သံနှင့်အတူ ဘက်စ်ကား၏ အရှေ့နှင့်အနောက်တံခါးများပွင့်လာကာ တစ်ချိန်တည်းတွင်ပဲ တောက်ပသည့်နေရောင်ခြည်များကလဲ တံခါးပေါက်များမှ တစ်ဆင့် ဘက်စ်ကားအတွင်းသို့ တိုးဝင်လာတော့သသည်။
“ဒါ…ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ! ဒါက ဆင်ခြေဖုံးနေရာဆိုတာပေါ့!” အတန်းထဲမှ ခပ်ဝဝကောင်လေးတစ်ယောက်ကဆိုသည်။ သူသည် အခြေအနေအချိန်အခါနှင့်ကိုက်ညီအောင် မပြုမူတက်သည့် လူများထဲမှ တစ်ဦးပင်ဖြစ်သည်။ သူ ဆက်တိုက်ဆိုသလို သူ့လက်များကို ပွတ်သပ်နေရင်း၊
“ဒါက… ဒါကသိပ်ကိုစိတ်လှုပ်ရှားစရာကောင်းတာပဲ။”
ထိုအချိန်တွင်ပဲ မြင်းမြှီးပုံစံဆံပင်ချည်ထားကာ မျက်မှန်တပ်ထားသည့် ကောင်မလေးက မျက်နှာသေဖြင့် ကောင်လေး၏ခေါင်းကို ထုတ်လိုက်ကာ၊
“လီကျီကုန်း၊ အပိုတွေလုပ်မနေနဲ့။”
လီကျီကုန်းကတော့ ဒေါသတကြီးပြန်တုန့်ပြန်လာခဲ့သည်။
“လီဟုန်တုံ့၊ သိပ်မလွန်လာနဲ့! နင်သာ ငါ့အစ်မဟုတ်နေရင် ငါဘယ်တော့မှ….” စကားမဆုံးသေးခင်တွင်ပင် လီဟုန်တုံ့၏ အေးစက်လှသည့် အကြည့်များက လီကျီကုန်းထံသို့ရောက်ရှိလာတာကြောင့် လီကျီဖန်းတစ်ယောက် အေးခဲလို့သွားကာ၊
“ငါဘယ်တော့မှ နင့်ကို အသံမြင့်ပြီးမပြောရဲပါဘူး။” လီကျီဖန်းဆက်ပြောလိုက်သည်။
ကောင်းဖန် တာ့ဇီကိုဘတ်စ်ကားပေါ်မှ ကူညီ၍ချပေးဖို့ကြိုးစားလိုက်သည်၊ သူ့၏ဦးမျှင် များက စိတ်လှုပ်ရှားကာ ပတ်ချာလည်ယမ်းနေတော့သည်။တာ့ဇီက အခြားပတ်ဝန်းကျင် အသစ်တစ်ခုသို့ရောက်ရှိနေခြင်းကြောင့် ချီတုံချတုံဖြစ်နေသည်၊ကောင်းဖန်က နောက်ဆုံးမှာ တော့ တာ့ဇီကို ဘတ်စ်ကားပေါ်ကနေ အတင်းတွန်းချလိုက်တော့သည်။
ဘတ်စ်ကားထဲမှ ထွက်လာသည်နှင့်တာ့ဇီကကိုယ်ကိုတည့်မတ်၍ကောင်းဖန်ပေါ်တက်ဖို့မ ကြိုးစားမှီ ကောင်းဖန်၏ပတ်ပတ်လည်ကိုစက်ဝိုင်းပုံစံကသုတ်ကရုတ်ပတ်ပြေးနေတော့ သည်၊ ကောင်းဖန်ကအေးစက်စွာနဲ့ သူ့ကိုယ်ပေါ်တက်ဖို့ကို ငြင်းဆန်လိုက်သည်။
ဒါက သူပထမဆုံးတာ့ဇီစိတ်လှုပ်ရှားနေတာကို မြင်ရတာဘဲ။ ကောင်းဖန်ရယ်ဖို့ပင် မတတ် နိုင်ခဲ့ပါ။
“ဝေါင်း” ရက်စက်ကြမ်းကြုတ်တဲ့ပေါက်ကွဲနေတဲ့ဟိန်းသံကို ကောင်းဖန်၏နောက်မှကြား လိုက်ရသည်၊ ကောင်းဖန်ရဲ့နားစည်တွေက ထိုအားအင်အပြည့်နဲ့ဟိန်းသံလှိုင်းကြောင့် ပေါက်ထွက်တော့မလိုဘဲ။၎င်းကတာ့ဇီကိုစိတ်တိုနေခြင်းပင်၊ သူ့ခန္ဓာကိုယ်က တည့်တည့် မတ်မတ်ထွက်ပေါ်လာပြီး ကောင်းဖန်ရဲ့နောက်သို့ ခေါင်းကိုညွှတ်ကာကြည့်လိုက်သည်၊
တာ့ဇီက အနက်ရောင်အမျက်ဒေါသကင်းကောင်ရဲ့ ပေါင်ကိုကိုက်လိုက်သည်၊ထိုပုံရိပ်က မျက်လုံးထဲမှာစွဲကျန်နေတော့သည်၊ ဒါကလျင်မြန်တဲ့လှုပ်ရှားမှုဖြစ်ပြီး ပုစဉ်းတစ်ကောင် ရေပေါ်မှာဥ ဥသလိုမျိုးကိုမြန်သည်၊
အနက်ရောင်အမျက်ဒေါသကင်းကောင်က လူကဲ့သို့ပုံစံမျိုးမျက်မှောင်ကြုံ့လိုက်ပြီး သူ့ပေါင်ကိုဆုပ်ကိုင်လိုက်ကာ စူးကနဲအဆက်မပြတ်အော်တော့သည်။
သူတို့ဘေးနားမှာရပ်နေတဲ့ဟိုင်လန်ယွိကအစက ကောင်းဖန်ရဲ့ကံဆိုးမိုးမှောင်ကျမှုကို ကြည့်ရင်းပျက်ရယ်ပြုနေခဲ့သည်၊ သူ့နှင့်ရင်းနှီးသော သားရဲအကိုက်ခံရသည်ကိုမြင်သော အခါ သူ့အပြုံးတွေကနေ ဒေါသဖြစ်တဲ့အပြုအမူကိုပြောင်းသွားတော့သည်၊ ဒါအတွက်သူ ကခံရသလိုသရုပ်ဆောင်ကာပြောကာနီး ထိုအော်သံကိုကြားတဲ့ မုရုန်ချိုးယဲ့က သူတို့ကို ဆူလိုက်ကာ “ မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ? ဖြစ်နေတာတွေ ငါဘာမှမမြင် ဘူးလို့တော့မထင်နဲ့နော်၊ ဟိုင်လန်ယွိ မင်းမှာအခုရင်းနှီးတဲ့သားရဲလည်းရှိနေပြီ ပြီးတော့ သားရဲလေ့ကျင့်ပေးသူတစ်ယောက်လည်းဖြစ်နေပြီ! သားရဲလေ့ကျင့်ပေးသူတစ်ယောက် အနေနဲ့ကိုယ့်သားရဲကတခြားလူတွေကိုလန့်အောင်လုပ်နေတာကို ထိန်းပေးရမှာမဟုတ် ဘူးလား၊ ကောင်းဖန် မင်းလည်းမင်းရဲ့ ကင်းခြေများပေါက်စက လူတွေကိုအလွယ်တကူ မကိုက်အောင် သေချာထိန်းထားပါ။”
နှစ်ဖက်လုံးဆူခံလိုက်ရတာဖြစ်ပေမယ့် မုရုန်ချိုးယဲ့က ကောင်းဖန်ရဲ့ ရလဒ်ကောင်းတွေ ကြောင့်ဘက်လိုက်တာကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။
နောက်ဆုံးမှာတော့ အနက်ရောင် အမျက်ဒေါသကင်းကောင်ကို သူ့သခင်ကအင်တင် တင်နဲ့ခေါ်သွားတော့တယ်။ဒါကြောင့်၎င်းက မကျေမနပ်ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ဟိုင်လန်ယွိကိုဦးတည်ကြည့်လိုက်တယ်၊ ပြောရရင်တော့ “မင်းငါ့ကို အဲ့ဒီငကြောက် ကောင်တွေဆီပြန်ပို့ပေး၊ ငါ့ကိုကိုက်တဲ့ ကင်းခြေများပေါက်စကို အဆုံးသတ်ပြီးရင် မင်း ငါ့ကို ပြန်ခေါ်လိုက်၊ မင်းကဘယ်လိုသခင်မျိုးလဲ?”ဟု ပြောနေသရောင်ပင်။
၎င်းကမပျော်မရွှင်နဲ့ ခုန်ဆွခုန်ဆွလုပ်နေကာ တအီအီမြည်နေသောအသံကိုလုပ်နေတော့ သည်။
အနက်ရောင်အမျက်ဒေါသကင်းကောင်က ၇နှစ်၈နှစ်လောက်ကလေးတွေလို အတော် အသင့် ဉာဏ်ထက်ပြီးတော်သည်၊သူ့ရဲ့ခံစားချက်တွေက အခြားသူတွေမြင်ရန်အတွက် သူ့မျက်နှာမှာအထင်းသားပေါ်နေသည်။ အခုတော့ သူ့မျက်နှာကရှုံ့မဲ့နေပြီး သူ့မျက်ခုံးတွေ ကတွန့်ချိုးနေသည်က သူ၏ခပ်ရှည်ရှည်မျက်နှာပေါ်တွင်အထင်းသားပေါ်နေသည်။
ကောင်းဖန် အနက်ရောင်အမျက်ဒေါသကင်းကောင်ကို သေချာစွာစူးစိုက်ကြည့်လိုက်တော့ သူ့စိတ်ထဲမှာ ဇယားတစ်ခုပေါ်လာပြန်သည်၊ [မကောင်းဆိုးဝါးအခြေအနေ] ကပြောင်းလဲ နေပြီး “ကျန်းမာ(အဆင်မပြေဖြစ်)”မှ “ အနည်းငယ်နာကျင်( စိတ်ဓာတ်ကျ ) (အဆိပ်မိ) ဟူ ၍မြင်လိုက်ရသည်။
နောက်ဆုံးစာလုံး (အဆိပ်မိ) ဆိုသောစာတန်းမှာ အနီရောင်အလင်းပြန်နေပြီးအချိန် ကြာလာသည်နှင့်အမျှထိုအရောင်မှာမှေးမှိန်လာတော့သည်၊ တစ်ချိန်တည်းမှာပင်သူ့ရှေ့မှ ၎င်း၏အခြေအနေသည် နောက်ဆုံးတွင် “ မပြင်းထန်သောဒဏ်ရာ”မှ “အသေးစားဒဏ်ရာ” အဖြစ်သို့ပြောင်းသွားသည်။
………….
“ဒါကသွေးနှင်းပန်းမြက်ပင်မဟုတ်လား၊ ဒီအပင်က ကပ်ဆိုးကြီးအတွင်းမှာ ပြောင်းလဲ လာပြီး နှင်းပန်းမြက်ပင်အသေးစားအမျိုးစုထဲကတစ်ခုဘဲ။ ဆင့်ကဲပြောင်းလဲမှုတွေ မဖြစ်ခင်ကတည်းက ဒီအပင်တွေက အဆုတ်ကိုအားကောင်းစေပြီး ချောင်းဆိုးရာမှာ ကုသရန်ဆေးအဖြစ်အသုံးဝင်တယ်။ ပြောင်းလဲသွားသော သွေးနှင်းပန်းမြက်ပင်တွင် ကိုယ်တွင်းပိုင်းဒဏ်ရာအတွက်ကုသဖို့အစွမ်းရှိပြီး အထူးသဖြင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းကို ကုသပေးတယ်။သွေးနှင်းပန်းမြက်ပင်၏အမြစ်အနည်းငယ်ကိုစီရင်ကာ သွေးကုန်ခမ်းမှုကိုကူညီနိုင်ပြီး ဒဏ်ရာများကိုပြန်လည်သက်သာစေရန် ကူညီပေးတယ်။” ကောင်းဖန်က ခပ်ကျုံ့ကျုံ့လေးထိုင်လိုက်ကာ သူ့ခြေထောက်နားက သွေးနီရောင်ပန်းပွင့် တွေကို စွဲစွဲလန်းလန်းကြည့်နေသည်၊
နှင်းပန်းမြက်ပင်တွေကို ယန်ကျဲချောင်လို့ခေါ်ပြီး ကပ်ဆိုးကြီးမတိုင်ခင် တွေ့မြင်နေကျ အပင်မျိုးဖြစ်သည်၊ ထိုအပင်တွေကိုလမ်းပေါ်တွေမှာ မကြာခဏတွေ့ရတတ်သည်၊ လမ်းတလျှောက်ကပန်းခင်းတွေမှာ ကြက်သွန်မိတ်လိုအပင်မျိုးတွေ အစီအရီ ရှိနေ ကြသည်၊ ထိုအပင်တွေကိုတော့နှင်းပန်းမြက်ပင်တွေလို့ခေါ်သည်။
သွေးနှင်းပန်းမြက်ပင်တွေရဲ့ အကြောင်းကို “အသစ်ထုတ်ဝေသော သန္ဓေပြောင်းလဲခြင်း ရုက္ခဗေဒ အပင်များ” ဟူ၍ ကပ်ဆိုးကြီးပြီးနောက် အလယ်တန်းကျောင်းသား/သူများ ဖတ်ရမည့်စာအုပ်ထဲတွင် ရှာဖွေနိုင်သည်။
ဘယ်အချိန်မှာဘဲဖြစ်ဖြစ် အသိဉာဏ်သည် အကျိုးရှိသောစွမ်းအားတစ်ခုအဖြစ် နံပါတ်၁ တွင်ရပ်တည်လျှက်ရှိသည်။ လက်ရှိထူးခြားဆန်းကျယ်ပြီးစိတ်ကူးယဥ်ဆန်သောကမ္ဘာ ကြီးထဲတွင်ပင် အသိပညာနှင့်သိပ္ပံပညာသည် နောက်ကျကျန်မနေခဲ့ပါ။
သိပ္ပံပညာနှင့် နည်းပညာသည်တူညီသောအရာများမဟုတ်ပါ၊နည်းပညာသည်သိပ္ပံပညာ ၏ရလဒ်သာဖြစ်သည်၊ သိပ္ပံပညာသည်လူတစ်ယောက်၏ကိုယ်ပိုင်ဗဟုသုတ၊ သတင်း အချက်အလက်များကိုရှာဖွေခြင်းနှင့်စုဆောင်းခြင်း၊ တွေးခေါ်နိုင်စွမ်းနှင့် ခွဲခြမ်းစိတ်ဖျာ ခြင်း၊ ပြန်လည်ရှာဖွေလေ့လာရန်နည်းလမ်းများပင်ဖြစ်သည်။၎င်းသည်လူတစ်ယောက် ၏အသိပညာဗဟုသုတတိုးပွားခြင်းနှင့် ထိုအရာများကိုမိမိကိုယ်ပိုင်ဖြစ်စေခြင်းသည် ကောင်းမွန်သော အကျိုးရလဒ်နှင့်တိုးတက်မှု ကိုဖြစ်စေသည်၊
ဒါကဘယ်တော့မှနောက်ကျကျန်မနေခဲ့မဲ့ အကြောင်းအရာတစ်ခုဘဲဖြစ်သည်။
***
အခန်း ၈ အညိုရောင်ကျောက်မြွေ
ကောင်းဖန် သူရှာဖွေတွေ့ရှိသမျှ ပညာဗဟုသုတများဖြင့် မိဘများကို ပြန်လည်ရှင်သန်လာစေရန် နည်းလမ်းရှာဖို့အတွက် မျှော်လင့်ထားခဲ့တာကြောင့် စိတ်အားထက်သန်စွာ လေ့လာသင်ယူနေခဲ့သည်။
ဒါကြောင့်ပဲ ကောင်းဖန်လို ပညာရေးကိုလုံးဝစိတ်မဝင်စားသည့် ‘ငါးသေကောင်’လို ကျောင်းသားကနေပြီး ကျောင်း၏ထိပ်တန်းကျောင်းသားတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းသွားခြင်းဖြစ်သည်။
သူ့တွင် အိပ်မက်ရှိလာပြီဖြစ်တာကြောင့် ရည်မှန်းချက်လဲရှိလာခဲ့သည်။ ၎င်းရည်မှန်းချက်သည်ကတော့ သူ၏မိဘများကို ပြန်လည်အသက်ရှင်သန်လာစေရန် လုပ်ဆောင်ဖို့ပင်။
သူသာ သာမာန်လူတစ်ဦးအတိုင်းပဲ ဆက်လက်နေထိုင်ဖို့ ရွေးချယ်လိုက်ပါက သူ့ရည်မှန်းချက်ကို ပြည့်မြောက်အောင် ဆောင်ရွက်နိုင်ဖို့ရန် အခွင့်အလမ်းလဲ ရှိတော့မည်မဟုတ်ပေ။
သွေးနှင်းပန်းမြက်ပင်၏ အောက်ခြေမှ နှင်းဖြူရောင် ပင်စည်ပွားများပေါ်လာသည်အထိ ကောင်းဖန် မြေကြီးကို တူးဆွနေခဲ့သည်။ ၎င်းမှာ ပင်စည်အောက်ပိုင်းတွင် သေးငယ်သည့် မုန်လာဥလေးများစွာ တည်ရှိနေသကဲ့သို့ပင်။ ဒီလို အပင်သေးသေးလေး၏ မြေအောက်ထဲတွင် ယခုလို အမြစ်များစွာရှိနေမည်ဟု စိတ်ကူးကြည့်ဖို့ရန်ပင် ခဲယဉ်းလှသည်။
သွေးနှင်းပန်းမြက်ပင်များအကြောင်းကို ကောင်းဖန် လေ့လာဖတ်ရှုထားခဲ့ဖူးသော်လည်း ယခုမှ ပထမဆုံးအကြိမ် ကိုယ်တိုင်မြင်တွေ့ကိုင်တွယ်ဖူးခြင်းဖြစ်သည်။
တာ့ဇီသည်တော့ ကောင်းဖန်အနားတွင် အသည်းအသန်လှည့်ပတ်ရင်း စပ်စုနေခဲ့ကာ သူ၏ဦးမျှင်အစုံသည်လဲ တစ်ချိန်လုံးလှုပ်ရမ်းနေခဲ့သည်။ ကောင်းဖန်၏လက်ထဲမှ သွေးနှင်းပန်းမြက်ပင်ကို တာ့ဇီ အသေအချာစိုက်ကြည့်နေပြီးနောက် ကောင်းဖန်၏ တံတောင်းနားသို့ တိုးဝှေ့ကာ သနားစရာကောင်းသည့် ခွေးလေးတစ်ကောင်ပမာ ကောင်းဖန်ကို စိုက်ကြည့်နေတော့သည်။
ကောင်းဖန် ရယ်ရုံသာရယ်လိုက်နိုင်တော့သည်။ သူကအစကတည်းက သွေးနှင်းပန်းမြက်ပင်ကို လေ့လာရုံသာလေ့လာပြီး တကယ်တမ်း သူနှင့်ယူဆောင်သွားဖို့ရန် စိတ်ကူးမရှိထားခဲ့ပေ။ ဒါပေမယ့် တာ့ဇီက စားချင်နေမှတော့ ဘာလို့ မကျွေးနိုင်ရမှာလဲ? သွေးနှင်းပန်းမြက်ပင်၏ အမြစ်ပိုင်းစလေးကို ကောင်းဖန် လက်ထဲတွင် ကိုင်ထားရင်း တာ့ဇီကို ကျွေးလိုက်သည်။ တာ့ဇီလဲ သူ့ပါးစပ်ကြီးကို အကျယ်ကြီးဟကာ တမြုပ်မြုပ်ဖြင့်ဝါးနေပြီး ပါးစပ်ထောင့်မှနေ အမြစ်ကိုဝါးရာမှ ထွက်လာသည့်အရည်ကြည်များပင် စီးကျလို့လာသည်။
ကင်းခြေများတို့သည် မူလကတည်းက အစုံစားသတ္တဝါများဖြစ်ကာ တချို့ဆိုလျှင် ရေညှိများကိုတောင် စားကြသေးတာကြောင့် သွေးနှင်းပန်းမြက်ပင်၏ အမြစ်ကလေးနည်းနည်းပါးပါး စားလိုက်ရုံဖြင့် ဘာပြဿနာမှမရှိနိုင်ပေ။
ထို့နောက် ကောင်းဖန် ရှာဖွေရေးလုပ်နေသည့် ကန်ဘေးမှ တောအုပ်ငယ်လေးထဲတွင် အပင်မျိုးစုံပေါက်ရောက်နေတာကြောင့် ဧဒင်ဥယျာဉ်ကြီးထဲသို့ ရောက်ရှိနေသည်ဟု အိပ်မက်မက်နေသလိုပင် ထင်နေမိသည်။ သူစာအုပ်ထဲတွင်သာ မြင်တွေ့ခဲ့ဖူးသည့် အပင်အမျိုးအစားအစုံမှာ ယခု သူ့မျက်စိရှေ့တွင် ရှိနေခဲ့ပေပြီ။ ၎င်းတို့ထဲတွင် အသွင်ပြောင်းသွားသည့် အပြာရောင်အညွှန့်ရှိသည့် စက္ကူပန်းပင်များပင် ရှိလို့နေသေးသည်။
ဤတောအုပ်ငယ်လေးမှာ ကောင်းဖန်အတွက်တော့ အဖိုးမဖြတ်နိုင်သည့် ရတနာသိုက်လေးတစ်ခုနှယ်။
ကောင်းဖန်နောက် တောက်လျှောက်လိုက်နေခဲ့သည့် တာ့ဇီ ရုတ်တရက်ရပ်တန့်သွားကာ သူ၏ဦးမျှင်အစုံသည်လဲ တာဝါတိုင်နှစ်ချောင်းပမာ အပေါ်ဘက်သို့ ဖြောင့်မတ်စွာ ထောင်သွားခဲ့သည်။ ၎င်း၏မျက်လုံးများသည်လဲ သတိအနေအထားဖြင့် တလက်လက်တောက်ပသွားသည်။
ကောင်းဖန်၏ အနောက်ဖက်မှ ချုံပုတ်မှထွက်လာသည့် တရှဲရှဲအသံက သူ့ကို သတိအနေအထားဖြစ်သွားစေခြင်းပင်။ အစိမ်းရင့်ရောင်ချုံပုတ်များမှာ အဆတ်မပြတ်လှုပ်ယမ်းလို့နေသည်။ တုန်ခါလှုပ်ယမ်းနှုန်းနှင့် ချုံပုတ်၏အရွယ်အစားကိုကြည့်ကာ ထိုတရှဲရှဲဖြစ်အောင် ပြုလုပ်နေသည့်တစ်စုံတစ်ရာမှာ အလွန်အမင်းတော့ ကြီးမားသည့်အရာမဟုတ်ကြောင်း ကောင်းဖန် သိနေသည်။
တာ့ဇီမှာ ရှေ့မှောက်ရှိအရာကို အာရုံခံစားနေပေမည့် ချုံပုတ်ထဲမှ တစ်စုံတစ်ရာသည်တော့ ဆက်ပြီး အရှေ့သို့ တိုးရဲပုံမရပေ။ ခဏလောက်တွန့်ဆုတ်နေခဲ့ပြီးနောက်တွင်တော့ ချုံပုတ်လှုပ်ယမ်းနေမှု ရပ်တန့်သွားခဲ့သည်။ ထိုချုံပုန်နောက်ကွယ်မှ တစ်စုံတစ်ရာသည် ပြန်ပြီးဆုတ်ခွာဖို့ရန် ကြိုးပမ်းနေပုံပင်။
တာ့ဇီသည်တော့ စိတ်လှုပ်ရှားနေကာ ချုံပုတ်ထဲသို့ အတင်းတိုးဝင်ချင်နေဟန်ပေါ်ပေမည့် ကောင်းဖန်က တားထားခဲ့သည်။ ထိုချုံပုတ်နောက်ကွယ်မှ တစ်စုံတစ်ရာနောက်လိုက်ရင်း တာ့ဇီ ထောင်ချောက်မမိသွားနိုင်ပါဘူးဟု မပြောနိုင်ပေ။ ထိုအမည်မသိရသေးသည့် တစ်စုံတစ်ရာက တမင်တကာ တာ့ဇီကို တိုးဝင်လာဖို့ရန် မျှားခေါ်နေခြင်းမျိုးလဲ ဖြစ်နိုင်သည်။
ဒီလိုသားရဲများ၏ စဉ်းစားဉာဏ်ကို လျှော့မတွက်ထားသင့်ပေ။ သားရဲအများစုသည် ဉာဏ်ရည်မြင့်မားခြင်းမရှိသော်လည်း စဉ်းစားဉာဏ်နှင့်တော့ မတူပေ။
ကောင်းဖန် တာ့ဇီကို ဆွဲကာ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ အနားတွင် အခြားဘာအန္တရာယ်မှ မရှိလောက်ဘူးဆိုသည်ကို သေချာ ကြည့်ရှုပြီးနောက်တွင်တော့ ကျောက်ခဲလေးတစ်လုံးကို ကောက်ယူလိုက်သည်။
ထို့နောက် ကျောက်ခဲကို ချုံ့ပုတ်ထဲသို့ လှမ်းပစ်လိုက်လေသည်။
ရှူး…ရှူး
ချုံပုတ်က ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလာကာ ၎င်းထဲတွင်ရှိနေသည့် တစ်စုံတစ်ရာက ထိတ်လန့်သွားဟန်ပင်။
ခဏအကြာတွင်တော့ ချုံပုတ်ထဲမှနေပြီး မီးခိုးရောင်သဏ္ဍာန်ရှိတစ်စုံတစ်ရာက ရုတ်တရက် ခုန်ထွက်လာသည်။ ရှီး….! ထိုအရာက ကောင်းဖန်ဆီသို့ ချက်ချင်းဦးတည်သွားတော့သည်။
ကောင်းဖန်လဲ သတိကြီးစွာဖြင့် တပြိုင်တည်း နောက်သို့ဆုတ်လိုက်ကာ တာ့ဇီသည်တော့ ထိုမီးခိုးရောင်သဏ္ဍာန်ပေါ်သို့ ခုန်အုပ်လိုက်သည်။ တာ့ဇီ၏အရှိန်သည်လဲ မနှေးလှပေ။
ခရမ်းရောင်နှင့် မီးခိုးရောင်တို့ လေထုထဲတွင် လျင်မြန်လှသော အရှိန်ဖြင့် တိုက်မိသွားကာ ကောင်းဖန်၏သာမာန် မျက်စိဖြင့်တော့ ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။ သူဘက်ကနေပြီး လေထဲတွင် ခရမ်းရောင်နှင့်မီးခိုးရောင်တို့ အချင်းချင်း ရှုပ်ထွေးနေသည်ကိုပင် ဝိုးတဝါးမြင်တွေ့နေရသည်။
ခဏအကြာတွင်တော့ တစ်ကောင်နှင့်တစ်ကောင် ဖမ်းချုပ်နိုင်သွားပုံရကာ မြေပြင်ပေါ်သို့ နှစ်ကောင်လုံး ရောက်ရှိလာတော့သည်။ တာ့ဇီ၏ထောင်ချီသည့် ခြေချောင်းများက အညိုရောင်နှင့်မီးခိုးရောင် ရောစပ်ထားသည် စပါးအုံးမြွေတစ်ကောင်ကို တင်းတင်းချုပ်ထားခဲ့သည်။
ကမ္ဘာမြေကြီးကပ်ဘေးမကျခင်တုန်းကတော့ ၎င်းကို စပါးအုံးဟု ခေါ်ဆိုကြပေမည့် အခုခေတ်တွင်တော့ ၎င်းသည် သာမာန်မြွေတစ်ကောင်မျှသာ။
ထိုမီးခိုးညိုရောင်စပါးအုံးမြွေသည် ၃မီတာလောက်ရှည်လျားပေမည့် တာ့ဇီသည်တော့ ၂မီတာသာ ရှည်သည်။ ထို့အတွက်ကြောင့် တာ့ဇီ၏နောက်ဘက်တွင်တော့ အမြီးတစ်ချောင်း ရုန်းကန်လှုပ်ယမ်းလို့နေသည်ကို တွေ့မြင်နိုင်ပေသည်။
ထိုမြွေကို ကြည့်လိုက်သည်နှင့် ကောင်းဖန်စိတ်ထဲ အချက်အလက်ပြဇယားတစ်ခု အလိုအလျောက်ပေါ်ထွက်လာခဲ့သည်။
[မကောင်းဆိုးဝါးအမည်] : အညိုရောင်ကျောက်မြွေ
[မကောင်းဆိုးဝါးအဆင့်] : အဆင့်၆
[မကောင်းဆိုးဝါးအဆင့်အတန်း] : သာမန်
[မကောင်းဆိုးဝါးစွမ်းအင်] : မြေကြီး
[မကောင်းဆိုးဝါးအခြေအနေ] : ကျန်းမာ( အထိတ်တလန့်ဖြစ် )
[မကောင်းဆိုးဝါးအားနည်းချက်] : ၁၊ သစ်သား ၂၊မြွေတွံတွေးမြက်ပင်သည် အညိုရောင် ကျောက်မြွေကိုတွန်းလှန်ရန်အတွက်အကောင်းဆုံးအပင်ဖြစ်သည်၊ ထိုအပင်အရေအတွက် များများကို၎င်းအားမြင်သာအောင်ပြလိုက်မည်ဆိုလျှင် အညိုရောင် ကျောက်မြွေ၏လှုပ် ရှားမှုများသည် နှေးကွေးသွားပြီး ၎င်း၏ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တောင့်တင်း သွားမည်သာဖြစ်သည်၊
[အထူးအဆင့်သို့မြှင့်တင်ရန်လိုအပ်ချက်များ] : ……..
မြွေတွံတွေးမြက်ပင်?….စင်စစ်အားဖြင့်အညိုရောင်ကျောက်မြွေ နေထိုင်သောနေရာ အနား တဝိုက်တွင် မြွေတွံတွေးမြက်ပင်သည်ထိုနေရာအနီးတွင် ပေါက်ရောက်နေနိုင် သည်။ သူ့အတွက်တော့ သေရေးရှင်ရေးအခြေအနေမှာ မြွေတွံတွေးမြက်ပင်ကို အပြေးအလွှား သွားရှာရမယ်??? ဒါကအရမ်းကိုရိုးရှင်းပြီးခက်ခဲတဲ့တာဝန်ဘဲ။ အခုတော့ တာ့ဇီနဲ့အညို ရောင်ကျောက်မြွေက မတိုးသာမဆုတ်သာအခြေအနေကိုရောက်နေကြပြီ၊ သူက မြွေတွံတွေးမြက်ကိုသွားရှာနေစဉ် အခြားသားရဲတစ်ကောင်ဆီပြေးသွားမိလျှင် ဇာတ်လမ်း ထဲကဇာတ်ကောင်လို သူတွင်ရွေးချယ်စရာမရှိပေ၊
သူမြက်ပင်ကိုရှာမရသည့်အခြားအကြောင်းအရင်းနောက်တစ်ခုမှာ ယခုလက်ရှိ ဖြစ်နေသည်ကို ကိုင်တွယ်ဖြေရှင်းနေရခြင်းကြောင့်ဖြစ်သည်။ တာ့ဇီက အညိုရောင်ကျောက်မြွေထက် အဆင့်နိမ့်သော်လည်း ဒါကအဆင့်တစ်ခုဘဲဖြစ်ကာ သားရဲအဆင့်အတန်းကတော့ မခြားနားတာကြောင့် စွမ်းအားတွင်လည်း သိပ်ကွာမည်မဟုတ်ပေ။
ထို့အပြင်သာမန်အဆင့်သားရဲများကြားတွင် ခရမ်းရောင်ကျောပြင်နှင့် အဝါရောင်ခြေချောင်းရှိသောကင်းခြေများက အညိုရောင်ကျောက်မြွေနှင့်ယှဉ်လျှင်အဆင့်အတန်းက ပို၍မြင့်သည်။ တာ့ဇီက ထိုမေးရိုးကျယ်သောသတ္တဝါ၏နေရာတွင် အညိုရောင်ကျောက် မြွေ၏ခေါင်း နောက်၌နစ်မြုပ်နေသည်ကို ကောင်းဖန်မြင်ရသည်။ တာ့ဇီ၏အစွယ်များက မြွေ၏အသားထဲတွင် အတွင်းထဲထိနက်နေအောင်နစ်မြုပ်နေသည်။ ဒါကတာ့ဇီအတွက် အသင့်တော်ဆုံးပုံစံဖြစ်ပေမယ့် အညိုရောင်ကျောက်မြွေရဲ့ခေါင်းကတော့ အနည်းငယ် လှုပ်ရတုန်းဖြစ်နေသည်၊သူကိုက်နိုင်သမျှက တာ့ဇီ၏နောက်ကျောမှအခွံကိုသာဖြစ်သည်၊
အညိုရောင်ကျောက်မြွေက သူ့ရဲ့ပါးစပ်ကိုကျယ်ကျယ်ဖွင့်လိုက်ပြီး ခရမ်းရောင်ကျောပြင် ကိုကိုက်ရန် အားထုတ်လိုက်သည်။သူ့ရဲ့မေးရိုးအနိမ့်ပိုင်းက ၁၈၀ဒီဂရီလောက်ထိ ဖွင့်ထား လုနီးပါးဖြစ်တာကြောင့် ပြုတ်ထွက်တော့မလိုပင်။ ထို့နောက်၎င်းက ကျောခွံကိုပြင်းထန် စွာကိုက်ချလိုက်သည်။
၎င်း၏အစွယ်က ကျောခွံကိုဖြတ်မသွားခဲ့ပေ၊ အညိုရောင်ကျောက်မြွေက လူပုံစံနှင့်တူကာ ကြည့်ရသည်မှာကျောက်ခဲတစ်ခဲကို ပါးချနေသလိုမျိုးခက်ခဲနေသည်၊ သူ့ရဲ့မျက်လုံးတွေက ပြူးကျယ်နေပြီး ပါးစပ်ကဖွင့်ကာကိုက်ထားရသောပုံစံကြောင့် သူ့ပုံစံကတောင့်တင်း နေသည်၊
ထိုအချိန်တွင် အညိုရောင်ကျောက်မြွေသည် အလွန်ထိခိုက်နေသောအနေအထားတွင် ရှိသည်။ သူ့ခန္ဓာကိုယ်က တာ့ဇီရဲ့ထောင်ဂဏန်းလောက်ရှိသော ခြေချောင်းများကြားပိတ် မိနေပြီး ခြေသည်းများက ၎င်း၏ခန္ဓာကိုယ်ထဲတွင်နစ်မြုပ်နေသည်၊ ဘယ်လောက်ဘဲ လှုပ်ယမ်းနေပါစေ အဲ့ထဲကမလွတ်နိုင်ဘူး၊ တာ့ဇီရဲ့အစွယ်တွေက မြွေရဲ့ခန္ဓာကိုယ်ထဲသို့ စူးကောက်တစ်ခုလို ထိုးထည့်ထားကာ အဆိပ်ပမာဏအများအပြားကိုလည်း အဆက်မ ပြတ်ထိုးသွင်းနေသည်။
ကောင်းဖန်အမြင်ထဲတွင်တော့ အညိုရောင်ကျောက်မြွေ၏အခြေအနေသည် အနီရောင် အလင်းများဆက်၍တောက်ပနေသည်၊ ၎င်း၏အခြေအနေသည်အစဉ်မပြတ်ဆိုးရွားနေကာ အခြေအနေကကျဆင်းနေရာမှ “ အနည်းငယ်ဒဏ်ရာ” မှ “ သေးငယ်သောဒဏ်ရာ” ထိုမှ “အလယ်အလတ်ဒဏ်ရာ”မှ “ ပြင်းထန်သောဒဏ်ရာများ” အဖြစ်သို့ပြောင်းသွား သည်၊အညိုရောင်ကျောက်မြွေသည် သူ၏အသက်လေးအတွက်ရုန်းကန်လှုပ်ရှားနေကာ မြေပြင်ပေါ်သို့လှိမ့်ချပြီး သစ်ပင်နှင့်တိုက်မိသဖြင့် သစ်ပင်၏အခေါက်များ မြေပြင်ပေါ်သို့ ကျလာကာ ၎င်းထံမှငြီးသံထွက်လာတော့သည်။
ဒဏ်ရာများကဆိုးရွားသောကြောင့် အဆုံးမှာတော့ အညိုရောင်ကျောက်မြွေက အရှုံးပေး လိုက်တော့သည်၊ ၎င်းကမြေပြင်ပေါ်တွင်တိတ်ဆိတ်စွာလဲလျောင်းနေပြီး ဘဝကိုအရှုံးပေး လိုက်သလို ဗလာမျက်လုံးတွေနှင့် စိုက်ကြည့်နေတော့သည်၊
“အပြင်းအထန်ဒဏ်ရာ” ဆိုသောစာလုံးသည် ရုတ်ခြည်းတောက်ပလာပြီးယခုအချိန် တွင်တော့ စာလုံးက အနီရင့်ရင့်အဖြစ်သို့ပြောင်းသွားသည်၊ စာလုံးများက သူတို့ကိုယ်တိုင် သွေးထုတ်ယူသွားသလို အနီရောင်အရောင်က တဖြည်းဖြည်းပျောက်ကွယ်သွားတော့ သည်၊အဆုံးမှာတော့ စာလုံးကအနက်ရောင်သို့ပြောင်းသွားပြီး “ သေစေနိုင်သောဒဏ်ရာ” အဖြစ်သို့ပြောင်းသွားတော့သည်။
၁၀မိနစ်လောက်ကြာတော့ “သေစေနိုင်သောဒဏ်ရာ”ဆိုသော စာလုံး၏အရောင်ကသိသိ သာသာမှေးမှိန်သွားကာ “သေဆုံးခြင်း”ဆိုသော ခဲဖြူရောင်စာလုံးသာကျန်နေခဲ့သည်။
မြွေများတွင် ၎င်းတို့၏အာရုံကြောနှင့်ပတ်သတ်၍ တမူထူးခြားသောအချက်တစ်ချက်ရှိပြီး ရုတ်တရက်တိုက်ခိုက်မှုကို တုံ့ပြန်ရန်ဆိုသည့်အချက်ဖြစ်သည်။ ၎င်းအင်္ဂါအစိတ်အပိုင်း သည်သေဆုံးပြီးချိန်တွင်တောင် ရှင်နေသည့်အစိတ်အပိုင်းဖြစ်ပြီး သူတို့၏ခေါင်းပတ်လည် ရှိအာရုံခံအင်္ဂါတွေကပြိုကွဲမသွားသေးဘဲ သူတို့တွင်သေစေနိုင်သောခြိမ်းခြောက်မှုရှိနိုင် သေးသည်ကိုဆိုလိုသည်။ မြွေအများအပြားတွင် အင်အားပြည့်ဝနေသောအဆိပ်ရှိသဖြင့် မြွေသေပြီးနောက်ပိုင်းမြွေကိုက်ခံရခြင်းကြောင့်သေဆုံးခြင်းသည် ရှားမည်မဟုတ်ပေ။
အညိုရောင်ကျောက်မြွေလိုအဆိပ်ပြင်းသည့်မြွေ၏ချွန်ထက်သောအစွယ်များက ကိုက် လိုက်လျှင် အသားထဲသို့ချိတ်တစ်ခုသဖွယ်နစ်မြုပ်နေနိုင်သည်။
ကောင်းဖန် တုတ်ရှည်တစ်ချောင်းကိုကောက်ယူလိုက်ပြီး အညိုရောင်ကျောက်မြွေကို တို့ကြည့်လိုက်ကာစမ်းသပ်လိုက်သည်။
အညိုရောင်ကျောက်မြွေကမြေပြင်ထက်တွင် အမူအရာမဲ့စွာလဲလျောင်းနေရာမှ ရုတ်တ ရက်လန်သွားကာ တုတ်ချောင်းပေါ်သို့ဆိုးရွားစွာပြုတ်ကျသွားသည်၊ ကောင်းဖန် တုတ်ချောင်းကိုယမ်းပြီး ဘယ်လောက်ဖယ်ဖယ် အညိုရောင်ကျောက်မြွေကိုမလှုပ်နိုင်ပေ၊ ဘယ်လိုဘဲဖြစ်ဖြစ်၎င်းရဲ့မျက်လုံးတွေက အဖြူမှိုင်းမှိုင်းဖြစ်နေပြီး အသက်မရှိတော့သည့် လက္ခဏာကိုပြနေသည်၊ မြွေကထိုပုံစံကိုခဏလောက်ထိန်းထားပြီး တုတ်ချောင်းကိုကိုက် လိုက်သည်။
ကောင်းဖန်နာရီအနည်းငယ်လောက်စောင့်လိုက်ပြီး နောက်ဆုံးတုတ်ချောင်းကိုသုံးပြီး အညိုရောင်ကျောက်မြွေအသေကောင်ကိုလှည့်ပတ်ကြည့်နေသည်၊ နောက်တော့သူ နိုင်လွန်အိတ်ကိုထုတ်ကာ အညိုရောင်ကျောက်မြွေကိုထည့်လိုက်သည်။ လက်တွေ့ကျကျ ကြည့်မည်ဆိုလျှင် သားရဲအသေကောင်၏အစိတ်အပိုင်းအားလုံးသည် တန်ဖိုးရှိသည်။ သူလုပ်ရမည်က မြွေကိုဈေးကောင်းရရန်အတွက် အထူးကောင်းမွန်သောဈေးဆိုင်ကြီးများ သို့ပို့ရမည်ဖြစ်သည်၊
တာ့ဇီသူ့ရဲ့အပေါ်ပိုင်းကိုမြှောက်လိုက်ပြီး ကောင်းဖန်ပေါ်သို့လှန်ချလိုက်သည်၊ သူက အညိုရောင်ကျောက်မြွေအသေကောင်လေးကို သွားရည်ကျလုမတတ် စိုက်ကာ ကြည့်နေတော့သည်။
***