← Chapters

အခန်း (၉-၁၂)

Vol. 1 Ch. 9-12

အခန်း (၉-၁၂)

Vol. 1 Ch. 9-12

အခန်း ၉ ပေါင်၄၀၀ကလေးလို ငိုကြွေးခြင်း

တာ့ဇီ၏သနားစရာအမူအရာကြောင့် ကောင်းဖန် စိတ်တင်းထားဖို့ခက်လို့နေသည်။ တာ့ဇီ၏အဆင့်အတန်းတိုးမြှင့်ဖို့ရန်အတွက် အသားနှင့် တန်ဖိုးကြီးပစ္စည်းများလိုအပ်ပေသည်။ ဒီအညိုရောင်ကျောက်မြွေအသေကောင်သည် တာ့ဇီအတွက် သာမာန်အစားအစာများထက် ပို၍အာဟာရကြွယ်ဝရုံမျှသာဖြစ်သည်။ ဒီမြွေသေကိုသာ ရောင်းပြီး တာ့ဇီအတွက် ပို၍အာဟာရဖြစ်စေမည့် ပစ္စည်းများဝယ်ခြင်းက ပို၍အကျိုးရှိပေဦးမည်။

ထိုအချိန်အတောအတွင်း ကောင်းဖန် သူ့နောက်ဘက် မီတာ၁၀၀အကွာခန့်တွင် ရှိနေသည့် သစ်ပင်တစ်ပင်တွင် သူ့ကို အနီးကပ်စောင့်ကြည့်နေခဲ့သည့် အပြာရောင် လုံခြုံရေးယူနီဖောင်းဝတ်ထားသည့် လူတစ်ဦးရှိသည်ကို သတိမထားမိခဲ့လိုက်ပေ။

“ဒီကလေး ရည်ရှည်ကို မျှော်တွေးနိုင်စွမ်းမြင့်သားပဲ။ အညိုရောင်ကျောက်မြွေကိုရောင်းရင် သူ မဟာမိတ်ခရက်ဒစ်တစ်ဝက်လောက်တော့ရနိုင်တယ်။”

ထိုလူကတော့ ဒိုင်းပြာလုံခြုံရေးအဖွဲ့မှ ကျောင်းသားများအတွက် တာဝန်ယူရသည့် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ သူတို့က ကျောင်းသားများ၏အသက်အန္တရာယ်မရှိစေရေးအတွက်သာ စောင့်ကြည့်ပေးကြသူများဖြစ်ပြီး ကလေးထိန်းသလိုတော့ တစ်ချိန်လုံးလိုက်ကူပေးနေခြင်းမျိုးမဟုတ်ပေ။ ကျောင်းသားများ၏လုံခြုံရေးသည် သူတို့တာဝန်ဖြစ်ပေမည့် ကျောင်းသားများ၏ကိုယ်ပိုင်သားရဲများအတွက် လုံခြုံရေးကိုတော့ တာဝန်မယူပေ။ အကယ်၍များ ကိုယ်ပိုင်သားရဲတစ်ကောင်သေသွားရင်လဲ သေတာပဲပေါ့။ ဒီကျောင်းသားတွေက အထက်တန်းကျောင်းသားတွေ ဖြစ်နေကြပြီလေ။ ဒီခေတ်သစ်ကြီးမှာ အသက်၁၆နှစ်နှင့်အထက်လူငယ်များကို တရားဝင်အရွယ်ရောက်ပြီးသူများဟု သတ်မှတ်ထားပြီဖြစ်ကာ အရွယ်ရောက်သူဖြစ်တာကြောင့် သူတို့လုပ်ဆောင်သမျှကို ကိုယ်တိုင်သာ တာဝန်ခံကြရပေမည်။

တစ်ချိန်တည်းတွင်ပဲ တခြားတစ်နေရာတွင်တော့၊

ဟိုင်လန်ယွိသည် သူ၏ကိုယ်ပိုင်သားရဲဖြစ်သည့် အနက်ရောင်အမျက်ဒေါသကင်းကောင်နှင့်အတူ အနီးနားရှိသစ်တောထဲတွင် လျှောက်ပတ်ကြည့်လို့နေသည်။ အစောပိုင်းက ကောင်းဖန်နှင့်ပြဿနာတက်သည့်ကိစ္စမှာ သူ့စိတ်ထဲရှိမနေတော့ပေ။ ဒါတွေက အထက်တန်းကျောင်းသားများကြားတွေ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောထားကွဲလွဲမှုလောက်သာဖြစ်ပြီး အမှန်တကယ်ရန်ငြှိုးရန်စတစ်ခုမဟုတ်ပေ။

သူလေ့လာဖို့ရန် ရွေးချယ်ထားသည့်နေရာသည် ကောင်းဖန်ရွေးထားသည့် သစ်တောနေရာနှင့်မတူညီပေ။ ကောင်းဖန်သွားသည့် နေရာသည်က ရေကန်ဘေးမှ သစ်တောဖြစ်ကာ နေရောင်ခြည်ကောင်းကောင်းရသည်။ ထိုနေရာတွင် သစ်ပင်ကြီးများ အနှံ့အပြားရှိလို့နေသည်။ သို့ပေမည့် ဟိုင်ယွိလန်ရွေးထားသည့် နေရာသည်ကတော့ ရေကန်နှင့်တောင်ကြားထဲတွင်ရှိသည့် ရေကန်ဘေးမှ အတွင်းပိုင်းသစ်တောနေရာဖြစ်သည်။ ထိုနေရာသည်က နေရောင်ခြည်ကျရောက်မှုကျဲပါးကာ အပင်များလဲရှုပ်လို့နေသည်။

အနက်ရောင်အမျက်ဒေါသကင်းကောင်မှာ တောတွင်းတွင် အချိန်ကြာကြာမနေခဲ့ရတာကြောင့် အခုချိန်တွင် အလွန်စိတ်လှုပ်ရှားလို့နေသည်။

သူ့ရင်ဘက်သူ လက်နှစ်ဖက်ဖြင့် တီးခတ်နေတာကြောင့် ‘ဒုန် ဒုန် ဒုန်’ဟူသည့် အသံများထွက်ပေါ်လို့နေသည်။

ထို့အပြင် ခေါင်းကိုမော့ကာ နှုန်ခမ်းကိုဝိုင်းရင်း ‘အောင်း အောင်း’ဖြင့်လဲ အော်ဟစ်နေခဲ့သည်။

အနက်ရောင်အမျက်ဒေါသကင်းကောင်သည် ပျော်ရွှင်စွာခုန်ပေါက်နေခဲ့သည်။ သူ့ခြေထောက်များကို ကွေးလိုက်ဆန့်လိုက်ဖြင့် မီတာအနည်းငယ်မျှမြင့်သည်အထိ ခုန်နေခဲ့သည်။ တောထဲရှိ သစ်ပင် သစ်နွယ်များကို ခိုစီးကာ မကြာခင်တွင်ပဲ ဟိုင်လန်ယွိ၏မြင်ကွင်းထဲမှ ပျောက်သွားတော့သည်။

ထားလိုက်ပါ‌ေတော့၊ သူ့ကိုလွှတ်ပေးထားလိုက်ပါ့မယ်၊ ဟိုင်လန်ယွိတွေးလိုက်သည်။

သူအစကတော့ သူ့သားရဲကို သွားကာ ထိန်းချုပ်ဖို့ကြိုးစားရန် ကြံရွယ်ခဲ့ပေမည့် အနက်ရောင်အမျက်ဒေါသကင်းကောင်၏ သန်မာမှုအကြောင်းတွေးမိသွားခဲ့သည်။ သူ၁၀ယောက်ရှိနေလျှင်ပင် အနက်ရောင်အမျက်ဒေါသကင်းကောင် အမှန်တကယ်လုပ်ချင်နေသည့် အရာကို သူတားနိုင်မည်မဟုတ်ပေ။

ဒီကောင်က သူ၏ကိုယ်ပိုင်သားရဲဆိုသော်လည်း အတန်းထဲတွင် ဆရာပြောထားသည့် အချို့သော အကြောင်းအရာများကို မှတ်မိနေခဲ့သည်။ …..ကိုယ်ပိုင်သားရဲကို သူတို့စိတ်ကြိုက်လွတ်လပ်ခွင့်ပေးထားလိုက်ပါ။ ဟိုင်လန်ယွိ၏အဆင့်များသည် သူအမြဲတမ်းစာသင်နေတုန်း စိတ်ပျံ့လွင့်နေလေ့ရှိကာ အသေးစိတ်အချက်အလက်များကို ဘယ်တော့မှ မကြားလိုက်မိတာကြောင့် ဆိုးရွားရခြင်းဖြစ်သည်။

တကယ်တမ်း ဆရာဆိုလိုသည့်အဓိပ္ပါယ်က အလုပ်နှင့်ကစားချိန်ကို ဟန်ချက်ညီအောင်ထားခိုင်းခြင်းပင်။ ကိုယ်ပိုင်သားရဲကို သင်ကြားပေးနေချိန်တွင် ထိုသားရဲအတွက် အနားယူဆော့ကစားဖို့အချိန်ကိုလဲ သတိတရနှင့် ပေးထားဖို့ရန် လိုအပ်ပေသည်။ လေ့ကျင့်သူနှင့်ကိုယ်ပိုင်သားရဲကြား ရင်းနှီးကျွမ်းဝင်မှုများလာသည်နှင့်အမျှ လေ့ကျင်သူနှင့်သားရဲ၏ထူးခြားသော စွမ်းရည်အချို့ကိုလဲ ဖွင့်လှစ်လာနိုင်ပေလိမ့်မည်။ ထိုစွမ်းရင်သည် သားရဲလေ့ကျင့်သူတစ်ယောက် ရှင်သန်ရပ်တည်နိုင်ရန်အတွက် အရေးကြီးလှသည်။

နေ့အချိန်ကုန်ခါနီးလာသည်နှင့် ကြည်လင်လှသည့်ရေကန်ဘေးတွင် မီးပုံတစ်ခုပြုလုပ်ခဲ့ကြသည်။ မုရုန်ချိုးယဲ့က ဘက်စ်ကားအောက်ရှိ သိုလှောင်ခန်းမှနေပြီး ရွက်ဖျင်တဲ့များကို ထုတ်ယူလာကာ တစ်ဆင့်ခြင်းတပ်ဆင်ပုံကို သရုပ်ပြလို့နေသည်။ လျင်မြန်စွာပဲ ကျောင်းသားအားလုံးလဲ သူတို့၏တဲများကို ဆောက်လုပ်ပြီးစီးသွားကြသည်။ ရွက်ဖျက်တည်းတစ်ခုတွင် လိင်တူကျောင်းသားနှစ်ယောက်စီ နေ၍ရပေသည်။

ကောင်းဖန်ကတော့ အတန်းခေါင်းဆောင် ထန်ချန်ကျင်းနှင့်အတူ ရွက်ဖျက်တဲတစ်ခုကို မျှနေခဲ့သည်။ အတူနေမည့်အဖွဲ့များခွဲပြီးသွားချိန်တွင် ထန်ချန်ကျင်းတစ်ယောက် တောက်တောက်ပပပြုံးနေကာ မျက်လုံးများကပင် လင်းလက်လို့နေသည်။ ချက်ချင်းပဲ သူ့လက်ကိုဆန့်တန်းရင်း

“ထိပ်တန်းကျောင်းသားနဲ့အတူတူကျရတဲ့အတွက် ဝမ်းသာပါတယ်။”

ကောင်းဖန်မှာ အခြားလူများနှင့် လက်ဆွဲနှုတ်ဆက်သည့်အကျင့်မရှိပေမည့် ငြင်းလိုက်ပါက ရိုင်းသလိုဖြစ်သွားမည်စိုးတာကြောင့် ထန်ချန်ကျင်း၏လက်ကို ပြန်ဆွဲကာ နှုတ်ဆက်လိုက်သည်။

ရွက်ဖျင်တဲထဲသို့ဝင်ပြီးသည်နှင့် ကောင်းဖန် သူ့ကျောင်းလွယ်အိတ်ထဲမှ သေချာစည်းထားသည့် မုန်ညင်းဆားရည်စိမ်ထုပ်နှစ်ထုပ်ကို ယူလိုက်ကာ တစ်ထုပ်ကိုတော့ ထန်ချန်ကျင်းထံပစ်ပေးလိုက်ပြီး ကျန်တစ်ထုပ်ကိုတော့ သူ့ဘောင်းဘီအိတ်ထဲကောက်ထည့်လိုက်သည်။

ယနေ့ညအတွက် ညစာမှာငါးကင်ဖြစ်သည်။ ငါးများသည် ကန်ထဲမှဖမ်းထားသည့် ငါးစိမ်းများသာဖြစ်သည်။

ကောင်းဖန်ဒီချက်ပြုတ်မှုအဆင့်တွေကိုကောင်းကောင်းသိသည်၊ ဒါကြောင့်သူ ဟင်းခတ် အမွှေးအကြိုင်အဖြစ် နွေငါးမုန်ညင်းဆားရည်စိမ်ထုပ်အနည်းငယ်ကိုဝယ်လာခဲ့သည်၊၊

ထန်ချင်ကျင်းက နွေငါးမုန်ညင်းဆားရည်စိမ်ထုပ်ကို အမှတ်တမဲ့ဖမ်း ယူမိလိုက်ကာသူ့ လက်ထဲမှဆားရည်စိမ်ထုပ်ကိုတအံ့တဩကြည့်နေသည်။ ထို့နောက်ကောင်းဖန်ကိုကြည့် ကာပြုံးလိုက်ပြီး ဆားရည်စိမ်ထုပ်ကိုသူ၏အိပ်ကပ်ထဲသို့ထည့်လိုက်သည်။

သူကလက်ကိုမြှောက်လိုက်ပြီး ကောင်းဖန်ပုခုံးပေါ်ကိုတင်လိုက်ကာ “သွားစို့ ၊ငါးကင်ဖို့ အချိန်ရောက်ပြီ၊” ထန်ချင်ကျင်းက သူ့ရဲ့မျက်နှာပေါ်က ပါးချိုင့်များထင်းနေအောင် ပြုံးပြ လိုက်ပြီး ပြောလိုက်သည်။

ရေအိုင်၏အစွန်ဖျားနားတွင် ရေကန်ထဲမှတစ်ပုံတခေါင်းလိုက်ကြီးဖမ်းမိထားသောငါးများ ရှိသည်။ကောင်းကင်ပေါ်သို့မပျံသန်းခင် ရေကန်၏မျက်နှာပြင်ပေါ်သို့မထင်ရှားသော တစ်စုံတစ်ခုဖြတ်ပျံသွားသည်။၎င်းကချာလည်လှည့်ကာ ဦးစိုက်ဆင်းလာသည်မှရပ်ကာ တည့်တည့်ပျံသန်းသွားပြီး ရေကန်၏အစွန်ဖျားပိုင်းတွင်ရပ်တန့်သွားသည်။ ၎င်းကမထင် ရှားသောအရိပ်မှ ကိုယ်ထင်ပြလိုက်ရာ အကြမ်းဖျင်းအားဖြင့်တစ်မီတာ ခွဲလောက်ရှည် သော ကြီးမားသည့်ငွေငှက်ကြီးတစ်ကောင်ဖြစ်နေသည်။ ချွန်ထက်သောလက်သည်းများရှိ ပြီး ကြီးမားသည့်ချိတ်များနှင့်တူသောလက်သည်းများကြားတွင် မီတာဝက်ရှိသော ငါးတစ် ကောင်ကိုကုတ်ချီထားသည်။ ငါးကိုမြေပြင်ပေါ်ချလိုက်ပြီး သူ့အလုပ်ပြီးသွားသည်နှင့် တပြိုင်နက် သူ၏သွယ်လျသောခြေတံများသုံးကာ မုရုန်ချိုးယဲ့ဘက်သို့သွားလိုက်သည်။ ထို့နောက်သူ့ခေါင်းဖြင့် မုရုန်ချိုးယဲ့ကိုပွတ်သပ်လိုက်ပြီးမှီခိုအားထားသောမျက်လုံးတွေနှင့် ကြည့်လိုက်သည်။

ဒါက ငွေတောင်ပံငှက်ဘဲ အများအားဖြင့် မြင့်သောငှက်အမျိုးအစားသားရဲဖြစ်သည်။ ငွေတောင်ပံငှက်မှာ မျိုးပွားနိုင်စွမ်း၊ များပြားလှသောအစာများကိုစားနိုင်ခြင်း၊ အလွယ် တကူမြှင့်တင်နိုင်ခြင်း နှင့် ခွန်အားကိုထိန်းသိမ်းနိုင်စွမ်းရှိကြသည်။ ဒါကြောင့် အများစုက မြှင့်တင်နိုင်စွမ်းမြင့်သော ငှက်မျိုးစိပ်သားရဲအဖြစ်ကိုပိုင်ဆိုင်သော ငွေတောင်ပံငှက်ကို ရွေးချယ်ကြသည်။

ကောင်းဖန်ဖတ်ခဲ့သောစာအုပ်များအရ ငွေတောင်ပံငှက်များသည် ပြည့်ပြည့်ဝဝအရွယ် ရောက်ချိန်အထိ တစ်မီတာအရှည်ထိသာရှည်လျားကြီးထွားနိုင်သည်။ ဒီငွေတောင်ပံငှက် ကတစ်မီတာအပြည့်နဲ့တစ်ဝက်တောင်ရှိသည်၊ အခြားမျိုးတူသားရဲတွေနှင့်ယှဥ်ကြည့်လျှင် ဒီငှက်က ကြီးမားသောငှက်ဖြစ်သည်။

[မကောင်းဆိုးဝါးအမည်] : ငွေတောင်ပံငှက်(မူကွဲကြီးထွားမှု)

[မကောင်းဆိုးဝါးအဆင့်အတန်း] : အထူးအဆင့်

[မကောင်းဆိုးဝါးအဆင့်] : အဆင့် ၁၂

ဆိုတော့_ဒါကြောင့်သီးခြား ကြီးထွားတဲ့သန္ဓေပြောင်းလဲမှုကိုတောင့်ခံနိုင်ခဲ့တာပေါ့၊ မူကွဲ သန္ဓေပြောင်းလဲခြင်းကကြီးမားတဲ့အရွယ်အစားရှိပြီးသာမန်မျိုးတူသားရဲများထက် အဆင့် လည်းပိုမြင့်ကြတယ်။ဒီဆင်ခြေဖုံးပိုင်းနေရာတွေမှာဆိုရင် အထူးအဆင့်သားရဲတွေက အစွမ်းထက်တဲ့သားရဲအစာကွင်းဆက်၏ ထိပ်ဆုံးသားကောင်နေရာရခဲ့ကြတယ်။ အဆင့်၁၂သားရဲဖြစ်ပြီးအထူးအဆင့်၊ ဒီကြီးမားတဲ့ ငွေတောင်ပံငှက်ကြီးကရေအိုင်အနီးနား တစ်ဝိုက်မှာ သူ့ရဲ့သဘာဝရန်သူသားရဲတွေနဲ့ တွေ့ဆုံခြင်းမရှိခဲ့ဘူး။

ငှက်မျိုးစိပ်သားရဲတွေဟာ ကြီးမားပြီး အကွာအဝေးလှုပ်ရှားမှုတွေမှာကျွမ်းကျင်ကာ သူတို့ ကိုလျင်မြန်စွာအထောက်အပံ့ပေးသည်။ ဤအရာကကျောင်းသားများ၏လုံခြုံရေး အတွက်ဒုတိယအလွှာအနေနဲ့ကျောင်းမှသေချာအောင်စီစဥ်ထားခြင်းဖြစ်သည်။

“ဝိုး….မစ္စမုရုန် ဆရာမမှာတော်တော်ကြီးတဲ့ငှက်ကြီးရှိတာဘဲ” လို့လီကျီကုန်းကပြော လိုက်တယ်။

အနားမှာရှိတဲ့လူတွေအားလုံး ရုတ်တရက်တိတ်ဆိတ်သွားတော့တယ်။

“ ဖတ်” လီဟုန်တုံ့က ကျယ်လောင်တဲ့အသံထွက်လာတဲ့အထိ လီကျီကုန်းရဲ့ခေါင်းနောက် ကိုရိုက်လိုက်တယ်။ “နင်စကားကိုဘယ်လိုသင့်တော်အောင်ပြောရမယ်ဆိုတာမသိဘူး လား??”လီကျီကုန်းကသူ့အစ်မကို စိတ်ပျက်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ကာ “ အစ်မ နင်ငါ့ခေါင်းကိုရိုက်နေတာ တော်လိုက်တော့နော်၊ ငါ ငါ့ဉာဏ်ရည်နိမ့်နေတာနဲ့ပတ်သတ် ပြီးသံသယ ဖြစ်နေတာ ဒါတွေက နင်ငါ့ကိုအဲ့ခေါင်းနောက်ဘဲရိုက်လို့ဖြစ်ရတာဘဲ။

“အိုး” လီဟုန်တုံ့ကသူမလက်ကောက်ဝတ်ကိုပွတ်သပ်လိုက်ကာ သူ့ကိုစိုက်ကြည့်လိုက် တယ်။ “ဘယ်လိုဘဲဖြစ်ဖြစ် ငါနင့်ကိုရိုက်ရတာ လက်တောင်နာတယ်။”

ဘယ်သူမှထိုမျှကြီးမားတဲ့ ငွေတောင်ပံငှက်ကိုတစ်ခါမှမမြင်ဖူးကြဘူး။ မကြာခင်မှာဘဲ ငွေတောင်ပံငှက်ရဲ့ဘေးပတ်လည်မှာ လူတွေစုလာကြတော့သည်။

အကယ်၍ငွေတောင်ပံငှက်ဆီမှဆိတ်ခံရမည်ကိုသာမကြောက်ရဘူးဆိုရင်တချို့ကသေချာ ပေါက် ရင်းနှီးတဲ့သားရဲအနေနဲ့မွေးမြူဖို့အရယူကြမှာဖြစ်သည်။

မုရုန်ချိုးယဲ့ကသူကရဲ့ပြည့်ဝိုင်းနေတဲ့မျက်နှာနဲ့ပြုံးပြလိုက်ကာ “ကျောင်းသားတွေ ဖြေးဖြေးလေးဘဲချဥ်းကပ်ကြ၊ လင်ချွဲ့ပုံစံကသိပ်ဆက်ဆံရေးကောင်းတာမဟုတ်ဘူး၊ မင်းတို့အားလုံးကြည့်နိုင်တယ် ဒါပေမယ့်ကျေးဇူးပြုပြီးမထိကြပါနဲ့။”

“ ဟိုင်း..ငွေတောင်ပံငှက်; အကယ်၍ကျနော်ခေါ်ရင် မင်းပြန်ပြီးတုံ့ပြန်မှာလား??” လို့ ထန်ချင်ကျင်းကနားရွက်တက်ချိတ်တော့မတတ် ပြုံးကာပြောလိုက်တယ်။

ငွေတောင်ပံငှက်ကရိုးရိုးတန်းတန်းခေါင်းကိုလှည့်လိုက်ပြီး မလိုလားတဲ့အကြည့်တွေပြည့် နေတဲ့မျက်လုံးနဲ့ကြည့်လိုက်သည်။

ထန်ချင်ကျင်းမျက်ရည်အချို့ကိုမကျအောင်ချုပ်တည်းလိုက်ရသည်၊ သူတွေးနေတာ ငှက် ကိုများမထီမဲ့မြင်ပြုမိသလားလို့လေ။

“……..”

အဆုံးမှာတော့ ငွေတောင်ပံငှက်က သည်းမခံနိုင်တော့ဘဲ သူ့အတောင်တွေကိုဖြန့်ကာ ပျံသန်းသွားရာ ၎င်း၏ငွေရောင်တောင်ပံအနည်းငယ်လည်းမြေပြင်ပေါ်သို့ကျကျန်‌နေခဲ့ သည်။

“မစ္စမုရုန်, ကျနော့်ကင်းကောင်ကြီးပျောက်သွားလို့!!! ကျနော့်သွေးစာချုပ်ကိုသုံးပြီးဆင့် ခေါ်ကြည့်ပြီးပြီ ဘာမှတုံ့ပြန်မလာဘူး၊ သူ့မှာတစ်ခုခုများဖြစ်နေတာလားဟင်??” ဟိုင်လန်ယွိကရုတ်တရက်ဘေးကနေတဟုန်ထိုးပြေးလာသည်၊ သူ့မျက်နှာပေါ်မှာလည်း မျက်ရည်တွေကစီးကျနေကာ သူ့ပုံစံက ပေါင်၄၀၀လောက်ရှိတဲ့ကလေးကြီးငိုနေသလိုဘဲ။

***

အခန်း ၁၀ နတ်ဆိုးရှိခိုးကောင်

“မင်းရဲ့အနက်ရောင်အမျက်ဒေါသကင်းကောင်ကဘယ်မှာလဲ၊” မုရုန်ချိုးယဲ့ကမျက်မှောင် တွေကျုံကာမေးလိုက်တယ်။ ပုံမှန်အားဖြင့်ဒီတော်ဝင်သားရဲတွေရဲ့လုံခြုံမှုက သူမလက်ထဲ မှာရှိတယ်၊ဒါပေမယ့် ဟိုင်လန်ယွိကမျက်ရည်တွေနဲ့ပြည့်လျှံနေပြီး ကလေးတစ်ယောက်လို ငိုနေတာကြောင့်သူမနှလုံးသားလေးကနူးညံ့သွားတော့တယ်။

“ဟိုဘက်မှာ” အပြာရောင်ယူနီဖောင်းဝတ်ထားတဲ့ ဒိုင်းပြာလုံခြုံရေးအဖွဲ့ကလူက သူတို့ နောက်က တောအုပ်လေးကို လက်ညိုးထိုးပြကာပြောလာသည်။

မျက်ရည်တွေကကျဆင်းနေဆဲ ဖြစ်သော်လည်းသူ့ဘေးမှာရုတ်တရက်ပေါ်လာတဲ့လူကို ဟိုင်လန်ယွိကဟောက်ကာ “ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။” ဟုမေးလိုက်သည်။

“ဘာလို့လဲဆိုတော့ငါကမင်းနောက်က မီတာတစ်ရာအကွာမှာရပ်နေတာလေ”ဒိုင်းပြာလုံ ခြုံ‌ရေးအဖွဲ့ကလူကပြုံးလိုက်သည်။

“ ဒါဆို ခင်ဗျားကျွန်တော့် ကင်းကောင်ကို ဘာလို့ပြန်ခေါ်လာမပေးတာလဲ” ဟိုင်လန်ယွိက ထိုလူအားသူ့အသံကိုကျယ်လောင်စွာအော်ဟစ်မေးလိုက်တယ်၊ သူ့ဒေါသကြောင့် သွေးကြောတွေထောင်လာတော့သည်၊၊

“ရှုး” လုံခြုံရေးကသူ၏လက်ချောင်းများကို သူ့နှုတ်ခမ်းပေါ်တင်ကာပြောလိုက်သည်။

ဟိုင်လန်ယွိ သူခန္ဓာကိုယ်မှ အေးစိမ့်နေတဲ့ရောင်ခြည်မျိုးခံစားလိုက်ရသည်၊ သူခေါင်းကို နိမ့်လိုက်သဖြင့် တိတ်ဆိတ်နေတဲ့အနက်ရောင်ပုံရိပ်ကသူ့ကိုလွှမ်းထားတော့သည်။ တခြားကျောင်းသားတွေလည်းဆူညံလာကြသည်။

သူနောက်လှည့်လိုက်ကာတစ်ခုခုကိုတိုက်မိတော့မတတ်ဖြစ်သွားသည်၊ သူခေါင်းကိုမြှင့် ကြည့်လိုက်ကာသူ့ရင်ဘတ်ထဲမှနှလုံးက အပြင်ဘက်သို့ထွက်ကျတော့မယောင်ပင်။

ကြီးမားပြီးရက်စက်ကြမ်းကြုတ်သည့် အကောင်ကြီးက ဖွင့်လိုက် ပိတ်လိုက်နှင့် စိတ်လှုပ် ရှားမှုကင်းမဲ့နေသောမျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေသည်မှာ သွေးအေးလူသတ် သမားတစ်ယောက်ကသူ၏သားကောင်ကို ငုံ့ကာကြည့်နေသလိုမျိုးဖြစ်သည်၊ အမွှေးများ ကသူ၏ပါးစပ်ထဲမှထွက်နေပြီး ထိုးထွက်နေသောသွားတွေက အဖြူရောင်တောက်ပနေသည်။

အရှေ့ဘက်တွင်ရှိသော ကြီးမားပြီးချွန်ထက်နေသောလက်မောင်းများသည် ခေါင်းဖြတ် သတ်သောဓားပြားရှည်ကြီးသဖွယ်ဖြစ်နေကာ ကမ္ဘာပေါ်တွင်အထီးအကျန်ဆုံးပန်းပု ရုပ်ထုကြီးသဖွယ်ဖြစ်နေသည်။

“ငါ့ကလေးလေးက စိတ်ဆိုးသွားပြီ၊ အထူးသဖြင့်တစ်ယောက်ယောက်က ငါ့ကိုအော်လိုက် တာတွေ့လို့လေ။” လုံခြုံရေးကြီးက ဟိုင်လန်ယွိကိုပြုံးပြလိုက်သည်၊ ဒါပေမယ့် ဒီအပြုံးက ဟိုင်လန်ယွိမျက်လုံးထဲမှာတော့ နတ်ဆိုးတစ်ယောက်အပြုံးနဲ့တူနေသည်။

“ ဆရာ ရှင်ကကျမကျောင်းသားကိုခြောက်လန့်နေတာဘဲ” မုရုန်ချိုးယဲ့ကစိတ်ဆိုး မာန်ဆိုးပြောလိုက်သည်။

ခြင်္သေ့အမေကြီးက ခြင်္သေ့ပေါက်လေးတွေကိုကာကွယ်သလိုမျိုး မုရုန်ချိုးယဲ့က ဟိုင်လန်ယွိကိုဆွဲကာသူမ‌နောက်ကိုပို့လိုက်ပြီးကာလိုက်သည်။

“ဆောရီး; ကျွန်တော် ဒီလူကြီးလူကောင်းလေးကိုခြောက်ဖို့မရည်ရွယ်ပါဘူး၊ ပြီးတော့ သူအရင်ဆုံးကျွန်တော့်ကိုလာအော်တာလေ၊ဒါကြောင့်ကျွန်တော့်သားရဲလေးက အထိတ်တလန့် ဖြစ်သွားပြီးထွက်လာတာ။” လုံခြုံရေးလူကြီးက သူ၏နတ်ဆိုးရှိခိုးကောင်ကို ဆင့်ခေါ် လိုက်တာဖြစ်သည်။ ၇ပေလောက်ရှည်တဲ့ရှိခိုးကောင်က မုရုန်ချိုးယဲ့ကိုစိုက်ကြည့်နေသည်၊ သူ့ခေါင်းကို၁၈၀ဒီဂရီလှည့်လိုက်ပြီးသူ့ရဲ့သန်မာတဲ့ခြေထောက်တွေကိုအနည်းငယ်ကွေးလိုက်သည်၊ ထို့နောက်၎င်းကအရိပ်အဖြစ်ပြောင်းသွားပြီး ပျောက်ကွယ်သွားတော့သည်။

“ဒါငါထိခိုက်မှုမရှိဘူးဆိုတာသက်သေပြဖို့လုံလောက်သွားပြီ” လုံခြုံရေးလူကြီးက သူ၏ လက်တွေကိုဖြန့်ကာ မုရုန်ချိုးယဲ့နောက်မှာရပ်နေတဲ့ အဓိပ္ပါယ်အပြည့်ပါတဲ့မျက်ဝန်းတွေ နဲ့ကြည့်လိုက်သည်။ သူကပုံမှန်တိုင်းဘဲ ပြောလိုက်တယ် “ ငါမင်းကိုပြောစရာရှိတာက ငါတို့အလုပ်က မင်းတို့တစ်ဦးချင်းစီရဲ့လုံခြုံရေးကိုဘဲတာဝန်ယူရတာ၊ မင်းရဲ့ကိုယ်ပိုင် သားရဲတွေကတော့ ငါတို့ကာကွယ်မှုအောက်မှာမရှိဘူး၊ မင်းကအရွယ်ရောက်နေပါပြီ၊ အရွယ်ရောက်သူတစ်ယောက်အနေနဲ့ မင်းရဲ့အပြုအမူတွေအတွက်တာဝန်ရှိတယ်။ မင်းမိဘတွေအလိုလိုက်သလိုဘယ်သူမှမင်းကိုအလိုလိုက်မှာမဟုတ်ဘူး”

သူကပြောပြီးနောက်, လုံခြုံရေးအစောင့်ကကောင်လေးကိုသရာ်ပြုံးပြုံးကာ ကြည့်လိုက် ပြီး လှည့်ကာထွက်သွားတော့သည်။

ဟိုင်လန်ယွိမျက်နှာကသူ့ဒေါသတွေနဲ့မှောင်မဲနေသည်။ သူ့လက်ချောင်းတွေကတင်းကျပ် သွားပြီး ခန္ဓာကိုယ်ကတုန်လှုပ်လာသည်၊ ဒါပေမယ့်သူဒေါသမထွက်ရဲဘူး။

ဟိုင်လန်ယွိကသွားတွေကိုကြိတ်လိုက်ပြီး သူ့ရင်ဘတ်တွေကနိမ့်ချည်မြင့်ချည်ဖြစ်နေ သည်။

မုရုန်ချိုးယဲ့သူမစိတ်ထဲမှာသက်ပြင်းချလိုက်သည်။ သူမကသူ့ကိုနှစ်သိမ့်ပေးချင်ပေမယ့် သူလည်းဘာပြောရမှန်းမသိဘူး၊ သူမသိတယ် ဒီလိုအလယ်အလတ်ကို့လို့ကန့်လန့်အရွယ် တွေကကိုယ့်ကိုကိုယ်တန်ဖိုးထားပြီး စိတ်မြန်လက်မြန်ရှိတဲ့အရွယ်တွေ။

သူမကကပ်ဆိုးကြီးမဖြစ်ခင်ကတည်းကဆရာမဖြစ်ခဲ့သည်၊ သူမဤတစ်ကြိမ်တွင်တော့ ဟိုင်လန်ယွိကို သူမအကျင့်အလျောက် ကာကွယ်ပေးခဲ့သည်။ပြဌာန်းထားသောတရားဝင် ဥပဒေအရ အရွယ်ရောက်သူများအသက်ကို၁၆နှစ်ထိလျော့ချလိုက်ပေမယ့် သူမအမြင်တွင် တော့ထိုအရွယ်များသည် ကလေးအရွယ်တွေဘဲဖြစ်သည်။

“သွားရှာကြစို့” မုရုန်ချိုးယဲ့သူမကိုယ်ပိုင်သားရဲကိုခေါ်လိုက်ကာအနက်ရောင်အမျက်ဒေါသ ကင်းကောင်ပျောက်သွားတဲ့ဘက်ကိုဦးတည်ပြီးလျှောက်သွားလိုက်သည်။

ကျောင်းသားအများစုကတွန့်ဆုတ်နေပေမယ့် နောက်ဆုံးတော့သူတို့ကိုယ်ပိုင်သားရဲများ ကိုခေါ်ဆောင်ရင်း အုပ်လိုက်ကြီးသူတို့ဆရာမနောက်ကလိုက်သွားကြတော့သည်။

သူမကစိတ်သက်သာရာရကာသက်ပြင်းချလိုက်ပြီးထိုကလေးကိုစိုးရိမ်မနေတော့ပေ။ လူအများကြီးအတူတူသွားကြပေမယ့် ဒါကဘာမှစိုးရိမ်စရာအကြောင်းမရှိဘူး။ ကောင်းဖန် လည်းလိုက်သွားပြီး ကိုယ်ပိုင်သားရဲတွေကိုခေါ်လာတာက သူ့အတွက်နည်းနည်း သက်တောင့်သက်သာမဖြစ်စေဘူး။

ကိုယ်ပိုင်သားရဲရှိသူတွေတစ်ချိန်လုံးမြို့မှာနေပေမယ့် ဘာသွေးတစ်စက်မှကျတာမမြင်ရ တာက အိမ်မွေးဝက်နှင့်တောဝက်တစ်ကောင်ခြားနားခြင်းနှင့်တူညီသည်။အိမ်မွေးဝက် တွေက တောဝက်တွေထက်ကြီးသည်ဟုထင်ရသော်လည်း အိမ်မွေးဝက်သည် တောဝက်နှင့်ရင်ဆိုင်ရပါက မသန်မစွမ်းဖြစ်သွားနိုင်သည်။

သူ့ကိုသက်တောင့်သက်သာဖြစ်စေတဲ့အရာက နတ်ဆိုးရှိခိုးကောင်ပြုလုပ်လိုက်သည့် အကိုင်းအခက်များပေါ်တွင် ပြုလုပ်လိုက်သောရှည်လျားတဲ့အရိပ်ပင်ဖြစ်သည်။ နတ်ဆိုးရှိခိုးကောင်သည်သစ်ကိုင်းပေါ်မှာရပ်လိုက်ပြီးယိမ်းထိုးကာပျောက်ကွယ်သွား သည်။ စက္ကန့်အနည်းငယ်လောက်ကြာပြီးလောက်၎င်းကအခြားသစ်ကိုင်းတစ်ခုပေါ်တွင် ထိုပုံစံအတိုင်းပြန်ပေါ်လာသည်။

မစ္စမုရုန်၏သားရဲငွေတောင်ပံငှက်ကိုယ်တိုင်ပင် နတ်ဆိုးရှိခိုးကောင်၏သားကောင်ဖြစ် သွားနိုင်သည်။

သူနတ်ဆိုးရှိခိုးကောင်၏အချက်အလက်များကိုအလျင်းသင့်ရွေးကြည့်လိုက်သည်။

[မကောင်းဆိုးဝါးအမည်] : နတ်ဆိုးရှိခိုးကောင်

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၁၅(ထိပ်တန်းအဆင့်)

[မကောင်းဆိုးဝါးအဆင့်အတန်း] : အထူးအဆင့်

[မကောင်းဆိုးဝါးစွမ်းအင်] : သစ်သား

[မကောင်းဆိုးဝါးအခြေအနေ] : ကျန်းမာ(တည်ငြိမ်)

[မကောင်းဆိုးဝါးအားနည်းချက်] မီး

ဒီသားရဲကသူတွေ့ဖူးသမျှသားရဲတွေထဲမှာ အသန်မာဆုံးသားရဲဖြစ်ပြီး အထူးအဆင့်ကိုမှ အထက်တန်းအဆင့်ဖြစ်နေသေးသည်။ဒိုင်းပြာလုံခြုံရေးမှလူတိုင်းကို နတ်ဆိုးရှိခိုးကောင် နှင့်ဆက်သွယ်ပေးထားသည်၊ နတ်ဆိုးရှိခိုးကောင်တွေရဲ့အဆင့်ကွဲပြားမှုက နှစ်ဆင့်သုံး ဆင့်လောက်သာကွာသည့်အတွက် ၎င်းတို့၏အရည်အချင်းများသည်လည်းအနည်းငယ် လောက်သာကွာခြားနိုင်သည်။

ဤမျှလောက်များပြားသော နတ်ဆိုးရှိခိုးကောင်များက မည်သည့်အုပ်ချုပ်သူသားရဲနှင့် ပင်တွေ့လျှင်ဖြစ်စေ ၎င်းတို့အတွက်အန္တရာယ်မရှိပေ။

သူတို့အနက်ရောင်အမျက်ဒေါသကင်းကောင်ရဲ့ပျောက်သွားတဲ့လမ်းအတိုင်းလိုက်လာကြ သည်၊ တောင်ရဲ့အနောက်ဘက်က ကြည်လင်လှသည့် မှန်ရေကန်သည်အရမ်းမကြီးသော်လည်း ၎င်းကို ထူထပ်သောတောအုပ်ကြီးကဖုံးလွှမ်းထားသည်။

သူတို့အတွက် အနက်ရောင်ကင်းကောင်ချန်ခဲ့တဲ့သဲလွန်စတွေ၊ အနားကသွေးအိုင်နဲ့အဝါရောင်အရည်တွေကြောင့် ရှာဖွေဖို့အချိန်သိပ်မယူလိုက်ရဘူး။

“သားရဲကဒီနားတစ်ဝိုက်မှာဘဲရှိရမယ်” မုရုန်ချိုးယဲ့က တည်ငြိမ်စွာနဲ့ညွှန်ကြားလိုက်သည်၊ “သတိထားကြ ကျောင်းသားတို့၊ သိပ်အဝေးကြီးမသွားကြနဲ့ ကိုယ့်အတန်းဖော်တွေနဲ့ဘဲ ကပ်နေကြ။”

ဒိုင်းပြာလုံခြုံရေးအဖွဲ့က သူတို့ရဲ့နတ်ဆိုးရှိခိုးကောင်တွေကို ကျောင်းသားတွေကို ကာကွယ်ဖို့ သတိပေးလိုက်ကြသည်။

ခေါင်းဆောင်တစ်ယောက်လိုဝတ်ဆင်ထားသည့် လူသည်တော့ ကျောင်းသားအဖွဲ့သွားရာလမ်းကို စိတ်ဝင်စားစရာတစ်ခုလို ကြည့်နေခဲ့သည်။ ထိုအရာ၏ပုံစံက သူစဉ်းစားထားတာနှင့် တူလှသည်။ စိတ်ပူစရာအကြောင်းမရှိဟု ထိုလူယူဆလိုက်ကာ စိတ်ကို ပြန်လျှော့ချလိုက်သည်။ ထိုအရာက ခြိမ်းခြောက်မှုလဲ မဖြစ်နိုင်သလို သူတို့၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေနိုင်သည့် အရာဖြစ်သည်။ ကလေးတွေအတွက်ကတော့…. ထိုလူ၏မျက်နှာထက်တွင် ကောက်ကျစ်စဉ်းလဲသည့် အပြုံးတစ်ခု ဖြစ်ပေါ်လို့လာသည်။ ဒီကလေးတွေတော့ ဒီည အိပ်မက်ဆိုးကြီးကို ဖြတ်ကျော်ရတော့မှာပဲ။ ဒီလမ်းမှာ သွေးစွန်းမှုလဲ ဖြစ်လာနိုင်တယ်။

မုရုန်ချိုးယဲ့ ခေါင်းကိုငုံ့ကာ သွေးစများကို စစ်ဆေးကြည့်လိုက်သည်။ သွေးစများသည် သစ်ရွက်ခြောက်များအောက်တွင် ပျံ့ကျဲနေကာ ရှေ့ခပ်လှမ်းလှမ်းမှ ရေညှိတက်နေသည့် ကျောက်တုံးအထိ ရှိနေခဲ့သည်။

“ငွေတောင်ပံငှက်၊ ရှေ့ကကျောက်တုံးကို စစ်ဆေးကြည့်လိုက်။ အန္တရာယ်တစ်ခုခု ရှိနိုင်လားဆိုတာ?” မုရုန်ချိုးယဲ့ အမိန့်ပေးလိုက်သည်။

ငွေတောင်ပံငှက်က တောအုပ်ထဲတွင် ခပ်နိမ့်နိမ့်ပျံသန်းရင်း ကြည်လင်ပြတ်သားသည့် အသံတစ်သံကိုလဲ ထုတ်လွှတ်လိုက်သည်!

အောက်ဘက်သို့ဆင်းလာသည်နှင့်အမျှ နံဘေးမှသစ်ကိုင်းသစ်ခက်များကို သူ၏ငွေရောင်အတောင်ပံများက ဓါးထက်ထက်တစ်ချောင်းပမာ ဖြတ်တောက်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ကျောက်တုံးအနောက်ဘက်ရှိ သစ်ကိုင်းတစ်ခုတွင် ဆင်းသက်လိုက်ကာ အေးစက်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည့် အကြည့်စူးစူးများဖြင့် ကြည့်လိုက်သည်။ ကျောက်တုံးအောက်ခြေဘက်သို့ စိုက်ကြည့်လိုက်ပြီးနောက် စူးရှသည့် မြည်ကြွေးသံတစ်သံကို ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းတွင်ပဲ ထိုကျောက်တုံး၏အောက်ဘက်မှနေပြီး ကလေးငိုသံတစ်သံလဲ ထွက်ပေါ်လို့လာခဲ့ပေသည်။

***

အခန်း ၁၁ ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ

လေထုထဲတွင် အပုပ်နံ့က ပျံ့လွင့်နေသည်။ လေပြင်းတစ်ချက်က မြေပြင်ပေါ်ရှိ သစ်ရွက်ပြင်ထူများကို လွင့်သွားစေသကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ အပုပ်နံ့ကိုလဲ တစ်တောလုံးပျံ့နှံ့သွားစေလေသည်။

“အွမ်း!!” ကျောင်းသားအနည်းငယ်ကတော့ ထိုပြင်းထန်လှသည့် အပုပ်နံ့ကို သည်းခံမထားနိုင်စွာဖြင့် ဒူးကွေးကာ အန်ချမိကြတော့သည်။

ကျောက်တုံးကြီး၏နောက်ကွယ်မှနေပြီး ကြီးမားသည့်လက်သည်များရှိသည့် သားရဲကြီးတစ်ကောင် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းသားရဲကြီးသည် ၄-၅မီတာလောက်အထိရှည်လျားကာ သူ၏ခြေထောက်ထူထူကြီးများက မြေပြင်ထက်ရှိ သစ်ရွက်ချောက်များပေါ် နင်းချေမှုကြောင့် ဆူဆူညံညံအသံများ ထွက်ပေါ်လာစေသည်။

သားရဲကြီး၏ခြေထောက်များကို အဖြူရောင်အမွှေးအမြှင်များဖြင့်ဖြင့် ဖုန်းအုပ်ထားကာ အရိုးအဆစ်များကလဲ မူမမှန်စွာဖြင့် လိမ်ကွေးလို့နေသည်။ ၎င်း၏ခန္ဓာကိုယ်ကိုတော့ အစိမ်းရင့်ရောင်အခွံမာဖြင့် ဖုံးအုပ်ထားတာကြောင့် ကျောက်တုံးတစ်တုံးပေါ်တွင် ရေညှိများတက်နေသလို ပုံစံမျိုးဖြစ်နေစေသည်။ သို့ပေမည့် ကြောက်စရာအကောင်းဆုံးကတော့ ထိုကျောခွံကြီး၏ အစင်းကြောင်းများမှတဆင့် ဦးခေါင်းများစွာ ရှိနေခြင်းဖြစ်သည်။ အဆိုပါ ကျောခွံကြီး၏အစင်းကြောင်းများကြားတွင် အဝါရောင်ပြည်ပုပ်များ တစ်စိမ့်စိမ့်ထွက်နေကာ အချို့နေရာများသည်တော့ တစ်ဝက်လောက်ခြောက်နေကာ အချို့နေရာများတွင်တော့ သစ်ရွက်များ အမှိုက်များဖြင့် ကပ်ငြိနေသည်။

၎င်း၏ခန္ဓာကိုယ်နှင့်ကပ်ထားသည့် ဦးခေါင်းအချို့သည်တော့ ထိုနေရာတွင် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့၍ ခြောက်သွေ့ကာ ပျောက်ကင်းအောင် ကုသထားသည့် အသားများနှင့်ပင် တူလှသည်။

သို့ပေမည့် အခြားသောခေါင်းများသည်တော့ လတ်ဆတ်ကာ သွေးတစ်တောက်တောက်ကျနေစဲဖြစ်ပြီး မျက်လုံးများကိုလဲ ပြူးကျယ်စွာဖွင့်ထားရင်း စိုက်ကြည့်နေဟန်ပေါ်သည်။

ဟိုင်လန်ယွိသည်တော့ မျက်ရည်များကျလုမတတ်ပင်။ ထိုလတ်လတ်ဆတ်ဆတ်ခေါင်းကြီးမှာ သူပိုင်ဆိုင်သည့် အနက်ရောင်အမျက်ဒေါသကင်းကောင်

၏ ဦးခေါင်းဖြစ်ကြောင်း အသေအချာမှတ်မိနေသည်။

ဟိုင်လန်ယွိအလွန်ဝမ်းနည်းနာကျင်သွားရတော့သည်။

အနက်ရောင်အမျက်ဒေါသကင်းကောင်ကို ဝယ်ယူရန်အတွက် များစွာ ကုန်ကျထားပေသည်။ ၎င်းသည် ကမ္ဘာပျက်ကပ်မဖြစ်ခင်အချိန်နှင့် ယှဉ်လျှင် ကားတစ်စီးတန်ဖိုးလောက်ရှိကာ ၎င်းကို လွန်ခဲ့သည့်နှစ်ရက်ကမှ ဝယ်ယူခဲ့ပေမည့် အခုတော့ သေဆုံးသွားခဲ့ပေပြီ။ ဟိုင်လန်ယွိအိမ်ပြန်ရောက်သည်နှင့် သူ့အဖေကတော့ သေချာပေါက် သေလောက်အောင် ဆူပူကြိမ်းမောင်းပေတော့မည်။

အင်း…အင်း…. ထိုထိတ်လန့်ကြောက်ရွံ့ဖွယ်ရာကြီးမားလှသည့် ကင်းခြေများကြီးဟာ မွေးကင်းစကလေးငယ်လေးတစ်ယောက်၏ ငိုသံလိုမျိုး ငိုကြွေးနေခဲ့သည်။

ဒီကောင်က ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများဖြစ်နေနိုင်မလား? ကောင်းဖန် အတန်းထဲတွင် ဆရာသင်ပေးခဲ့ဖူးသည့်အကြောင်းများကို ပြန်လည်တွေးတောလိုက်သည်။ ၎င်းကတော့ ကြောက်မက်ဖွယ်ရာသတ္တဝါများဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်သတ်သည့်သင်ခန်းစာဖြစ်ကာ ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများကတော့ အဓိပ္ပါယ်ပြည့်ဝလှသည့် ဥပမာတစ်ခုပင်ဖြစ်သည်။ ၎င်းသည်လဲ အလွယ်တကူခွဲခြားနိုင်သည့် အင်္ဂါရပ်များရှိသည့် သားရဲတစ်ကောင်ပင်ဖြစ်ကာ ကြောက်စရာကောင်းကာ ရွံစရာလဲကောင်းလွန်းသည့် အဆင့်နိမ့်ရှားပါးသားရဲများထဲတွင်ပါဝင်လေသည်။

ထိုအကြောင်းအရာများမှနေပြီး ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများသည် ရောဂါပိုးများကြောင့် ရုတ်တရက် သန္ဓေပြောင်းလဲလာသည့် သားရဲပင်ဖြစ်သည်။ တကယ်တမ်း ၎င်းသည် မူလတုန်းက ကြီးမားသည့်ကင်းခြေများမျိုးကွဲတစ်ခုသာဖြစ်သည်။ ကမ္ဘာပျက်ကပ်ကြုံတွေ့စဉ်က လူပေါင်းများစွာ သေဆုံးခဲ့ရတာကြောင့် ပြန်လည်ပြုပြင်ရေးကာလမတိုင်ခင်တွင် နေရာအများစုတွင် လူသေပုံကြီးများသာ ကျန်ရစ်ခဲ့သည်။

ကမ္ဘာပျက်ကပ်ဖြစ်ပြီး အစောပိုင်းကာလများတွင် ကြီးမားသည့်ကင်းခြေများတို့သည် အလွန်များပြားကာ အလွယ်တကူပဲ သန္ဓေပြောင်းကုန်ကြသည်။ လူသေအလောင်းများစွာရရှိနေခြင်းကြောင့် ထိုကြီးမာသည့်ကင်းခြေများအချို့သည် အချိန်ကြာမြင့်စွာ ထိုလူသေလောင်းများကိုသာ စားသောက်ခဲ့ရပြီး သူတို့၏ခန္ဓာကိုယ်ထက်တွင် လူသေခေါင်းများနှင့် တန်ဆာဆင်သည့် ဆိုးဝါးလှသော အလေ့အထများပေါ်ပေါက်လာခဲ့သည်။ ဖြစ်နိုင်တာကတော့ သူတို့ဟာ လူ့ခန္ဓာကိုယ်များကို စားသောက်ခဲ့ခြင်းကြောင့် ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများအဖြစ်သို့ မျိုးစိပ်ပြောင်းလဲသွားခြင်းဖြစ်ပေမည်။

သုတေသီများ၏အဆိုအရ ထိုသို့ဦးခေါင်းများကို တန်ဆာဆင်ခြင်းမှာ သဘာဝအလျောက် ကိုယ့်ကိုကိုယ်ကာကွယ်ရန်နှင့် ပြိုင်ဘက်များကို ခြိမ်းခြောက်လိုခြင်းကြောင့်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်ဖွယ် လူမျက်နှာကင်းခြေများတို့သည် အဆိပ်ထုတ်ခြင်းကို အဓိကပိုင်ဆိုင်ကြပြီး သူတို့၏ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် သူတို့ကိုယ်သူတို့ ခေါင်းရိုးတန်ဆာများဖြင့် အကာအကွယ်လုပ်လိုခြင်းဖြစ်ဖြစ်ပေသည်။ အရွယ်ရောက်ပြီးသား ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများသည် ၅-၆မီတာအထိ ရှည်လျားပေမည့် တောရိုင်းထဲတွင်မူ ထိုအရွယ်အစားမှာ အလယ်အလတ်မျှသာ တန်းဝင်ပေသည်။

“အားလုံး သတိထားကြ။ ဘာကြောင့်ပဲဖြစ်ဖြစ် ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများနားကို မကပ်သွားကြနဲ့။ သူ့ပါးစပ်ကနေ အဆိပ်တွေကို ၁၀မီတာထက်မက ဝေးဝေးအထိ ပစ်ထုတ်လာနိုင်တယ်။ အဲ့ဒီအဆိပ်တွေက အရမ်းပြင်းပြီး အသားတွေကို လောင်ကျွမ်းသွားနိုင်လို့ အရမ်းကြောက်ဖို့ကောင်းတယ်။” မုရုန်ချိုးယဲ့ မျက်ခုံးများကို တွန့်ချိုးရင်းပြောလိုက်သည်။ သူမ၏စိတ်အခြေအနေလဲ သိပ်မကောင်းလှပေ။ ဒါက သူမအနေနှင့်လဲ ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကို ပထမဆုံးအကြိမ်အဖြစ် မျက်မြင်ကိုယ်တွေ့ တွေ့ဖူးခြင်းမဟုတ်ပါလား။

“ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများမှာ တခြားအဆိပ်ထုတ်တဲ့ကောင်တွေထက် ပိုသာတဲ့နည်းလမ်းတစ်ခုရှိသေးတယ်။ သူ့အဆိပ်ကို ထိသွားတာနဲ့ အဆိပ်ထိတဲ့နေရာအရွယ်အစာက ပိုပြီးကြီးလာတာပဲ။ အားလုံးပဲ၊ ငါတို့တတ်နိုင်သလောက် အနားမကပ်ဖို့လိုမယ်။ ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများက သိပ်ပြီးမြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်ဘူး။ သူကအမြဲတမ်း ကျောက်တုံးကြီးတွေ လှိုဏ်ဂူကြီးတွေထဲမှာပဲ ပုန်းအောင်းနေပြီး သူ့သားကောင် အနားရောက်လာတာကိုစောင့်တတ်တယ်။ အန္တရာယ်ကင်းဖို့ ငါတို့နောက်နည်းနည်းထပ်ဆုတ်ထားသင့်တယ်။” ကောင်းဖန် နောက်သို့ ဂရုတစိုက်နှင့် ခြေနှစ်လှမ်းလောက်မဆုတ်ခင် တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။

အရင်သင်ခန်းစာတုန်းက မစ်စတာကျန်းက ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ၏ အားနည်းချက်များကို ပြောပြထားက သူတို့၏ကျောင်းမှတ်စုစာအုပ်များထဲတွင်လဲ ချရေးထားကြပြီးဖြစ်သည်။ ဒါပေမယ့် ဒီထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများမှာ နောက်ထပ်စွမ်းရည်အသစ်ရှိနေတာတို့ အသိဉာဏ်ပိုရှိနေတာတို့ ဖြစ်နေနိုင်မလားဆိုတာကိုတော့ ဘယ်သူသိနိုင်မှာလဲ။ ကောင်းဖန်ကတော့ စာအုပ်ထဲမှ စကားလုံးလေးအနည်းငယ်နှင့် ရုပ်ပုံလေးတွေပေါ်မူတည်ကာ သူ့အသက်လုံခြုံရေးကို လောင်းကြေးမထပ်လိုပေ။

လူအုပ်ကြီးဆုတ်ခွာခြင်းသည် ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများအတွက် အနည်း ငယ်အနားယူရန် အခွင့်အရေးပင်ဖြစ်သည်။ နောက်ဆုံးတော့လည်း သူ့သားကောင်စာရင်း ထဲမှာလူသားကအရသာအရှိဆုံးဖြစ်သည်။

ငါးမန်းတစ်ကောင်က လူရဲ့လတ်ဆတ်တဲ့အသားကိုစားပြီး လူသားတွေရဲ့သတိထားမှုကို လျော့ချရန် နှင့် လူအသားကိုစားပြီးသောကျားတစ်ကောင်သည် သဘာဝအားဖြင့် လူသားတွေကို သူတို့သားကောင်စာရင်း၏အောက်ဆုံးတွင်ထားထားကြသည်။

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ၏မျက်လုံးများကိုပင့်ကြည့်လိုက်တော့ နေရထိုင်ရ ခက်နေတဲ့လူအုပ်ကြီးက နောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်ကြသည်။ ၎င်းက မရပ်ခင် ရှေ့သို့ခြေနှစ်လှမ်းအစမ်းထပ်လှမ်းကြည့်ပြီး သူရဲ့ဦးမျှင်တွေကိုမြှောက်လိုက်ကာသတိ အပြည့်နှင့် ထောင်မတ်လိုက်သည်။

ချက်ချင်းဘဲ လူအုပ်ကြီးက အနောက်သို့ နောက်ထပ်ခြေနှစ်လှမ်းထပ်ဆုတ်လိုက်တာကို ၎င်းကတွေ့လိုက်သည်၊

ဒါကသူ့စိတ်ကိုသက်သာလာစေသည်၊ ဘာမှစိတ်ပူစရာမလိုဘူး။

၎င်းကရူးသွပ်စေတဲ့အရာတစ်ခုကိုစတင်လိုက်ပြီး သူ၏ခြေထောက်အောက်မှ သစ်ရွက် ခြောက်တွေပေါ်ကိုနင်းလာကာ တကျွတ်ကျွတ်အသံကိုဖြစ်ပေါ်စေသည်။ ၎င်း၏ ခန္ဓာ ကိုယ်အစိတ်အပိုင်းတစ်ခုစီမှလှုပ်ရှားမှုများကြောင့် လူခေါင်းတွေနှင့်အနက်ရောင်အမျက် ဒေါသကင်းကောင်၏ခေါင်းတို့ ရွေ့လျားသွားတော့သည်။ထိတ်လန့်ဖွယ်လူမျက်နှာကင်း‌ ခြေများ၏ ချိုင့်ဝင်နေသော မျက်လုံးများက ငရဲ၏အနက်ရှိုင်းဆုံးနေရာမှ ရယ်မော နေသည့်အလား သူ့ရှေ့တွင် ရှိနေသောလူအုပ်ကြီးကိုတည့်မတ်စွာနှင့် စိုက်ကြည့်နေသည်၊

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများက ကြီးမားသောကျောက်တုံးကြီး‌နောက်မှ တည်ငြိမ်စွာထွက်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုထုတ်ဖော်ပြလိုက်သည်။ ၎င်းက လူအုပ်ကြီးဆီသို့အောင်ပွဲခံသည့် ဟိတ်ဟန်အပြည့်နှင့်လျှောက်လာကာ အဆက်မပြတ် ကလေးငိုသံကဲ့သို့သော ဆူညံသည့်အသံကိုပြုလုပ်နေသည်။ အိမ်ပိုင်ရှင်က သူရဲ့ ပစ္စည်းတွေအတွက် ကင်းလှည့်နေသလိုမျိုးပြုလုပ်နေကာ ဘာကမှရပ်တန့်လို့ရတဲ့ အခွင့် အရေးမရှိပါ၊၊

[မကောင်းဆိုးဝါးအမည်] : ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၁၂( ထိပ်တန်းအဆင့် )

[မကောင်းဆိုးဝါးအဆင့်အတန်း] : သာမန်

[မကောင်းဆိုးအားစွမ်းအင်] : အလောင်းကောင်လုပ်ခြင်း/ အဆိပ်

[မကောင်းဆိုးဝါးအခြေအနေ] : ဒဏ်ရာအသေးအမွှား ( စိတ်ကြီးဝင်နေခြင်း )

[မကောင်းဆိုးဝါးအားနည်းချက်] : ၁၊ အလင်း, ၂၊ မီး

အလင်းအမျိုးအစားနဲ့ မီးအမျိုးအစား ….ကောင်းဖန်ထိုစာလုံးနှစ်လုံးကိုအာရုံစိုက်ကြည့် လိုက်တော့ ထိုစာလုံးတွေကရုတ်တရက်တုန်ခါသွားပြီးမှေးမှိန်သွားသည်။ ထို့နောက် ၎င်း၏အောက်တွင်ရုတ်တရက်စာလုံးအသစ်ပေါ်လာသည်။

[တန်ပြန် နည်းလမ်းများ] ၁။ အလင်းပုံစံတိုက်ခိုက်ခြင်း( ထိတ်လန့်ဖွယ်လူမျက်နှာ ကင်းခြေများအား ပို၍ပျက်စီးစေနိုင်ခြင်း ) ၂။ တောက်ပသောအလင်း ( နမူနာ လူငယ်တစ် ယောက်ကို မူးမေ့စေနိုင်အောင် အကျိုးသက်ရောက်မှုကိုဖြစ်စေပြီးရေရှည်ထိတွေ့လျှင် မူကွဲသန္ဓေပြောင်းခြင်းကိုဖြစ်စေနိုင်) ၃။ အလင်းမှုန်စွမ်းအင်သုံးအိပ်ဆေးဖော်ဆေးပင်က ပြင်းထန်သောဒဏ်ရာရစေနိုင်သော စွမ်းအားအပြည့်တွန်းလှန်ခြင်းတွင်အသုံးပြု နိုင်သည်……

ဒီအောက်မှာနောက်ထပ်အများကြီးရှိနေသေးတာဘဲ ဒါပေမယ့် ဒီဟာနဲ့တင်ကောင်းဖန် အတွက်အံ့ဩဖို့ လုံလောက်နေပြီ။ ဒီလောက်များပြားတဲ့သတင်းအချက်အလက်တွေက ကောင်းဖန်ဖတ်တဲ့စာအုပ်တွေထဲမှာတစ်ခုမှဖော်ပြမထားဘူး။ တချို့စာအုပ်တွေဆို ဒီထဲက နည်းလမ်းအချို့ကိုရွေးချယ်ကောက်နှုတ်ထားတာဘဲဖြစ်နိုင်တယ် ဒါပေမယ့် အများစုကသေချာပေါက် ကောင်းဖန်တစ်ခါမှမမြင်ဘူးတဲ့ အချက်အလက်အပိုင်းအစ အသစ်တွေဖြစ်နိုင်သည်။

ထိုအချိန်မှာဘဲ ဘယ်သူမှသတိမထားမိခင် ကြီးမားတဲ့ရှိခိုးကောင်တွေကတစ်ကောင်ချင်း သစ်ကိုင်းတွေပေါ်မှာပေါ်လာကြသည်။

ဒီသားရဲတွေက ဒိုင်းပြာလုံခြုံရေး ကိုယ်စားလှယ်လုပ်ငန်းက စံပြုသုံးသော နတ်ဆိုး ရှိခိုးကောင် ဖြစ်သည်၊ နတ်ဆိုးရှိခိုးကောင်တွေ၏ အချက်အလက်များအရ တစ်ကောင် ချင်းစီတိုင်းက ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများသားရဲကို ဇီဝိန်ချွေပေးနိုင်သည်။

အခုတော့ကောင်းကင်ကလည်းမှောင်မဲလာပြီဖြစ်ပြီး အလင်းမှုန်လေးနည်းနည်းသာ တောအုပ်ထဲသို့ကျရောက်နေသည်။ မီးရှုးတိုင်မှအလင်းအနည်းငယ်နှင့် ထိုအလင်းမှုန်တို့ ပေါင်းစည်းနေပေမယ့် နတ်ဆိုးရှိခိုးကောင်တွေကတော့ အမှောင်နှင့်ပြည့်ဝစွာ တသားထဲ ကျနေကြသည်။

“ခေါင်းလောင်းစာကလေး” မုရုန်ချိုးယဲ့ရုတ်တရက်အော်လိုက်သည်။

ငွေတောင်ပံငှက်ကတိတ်ဆိတ်စွာနဲ့သစ်ကိုင်းပေါ်မှာအနားယူနေပြီးရုတ်တရက် ငွေရောင် အလင်းတန်းလေးလိုမျိုးထိုးဆင်းလာသည်၊ ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများက ဘာမှမတုံ့ပြန်ရသေးခင် ငွေငှက်က ကင်းခြေများ၏နောက်ကျောမှပျံသန်းသွားသည်၊ ၎င်း၏နောက်ကျောပေါ်ကပြည်ဖုတစ်ဖုကဖြတ်ခံလိုက်ရပြီး အဝေးကိုလွင့်ထွက်သွား သည်။

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ၏နောက်ကျောမှပေါက်ထွက်လာသော အဝါရောင် ပြည်များသည်စတင် စီးကျလာသည်။စီးကျလာခြင်းကြောင့် ပြည်နာကပိုပြစ်လာပြီး အဝါရောင်မှ အဝါညစ်ညစ်အရောင်ကိုပြောင်းသွားတော့သည်။ ဒီပြစ်နေတဲ့အရည်တွေက ဒဏ်ရာတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး ပိတ်သွားသည်။

လူမျက်နှာကင်း‌ခြေများသားရဲက ရုတ်တရက်ညည်းသံကြည်လောင်စွာထွက်လာပြီး ကောင်းကင် ပေါ်သို့ဦးတည်၍ဆိုးညစ်သောအရည်မည်းများကိုထုတ်လွှတ်လိုက်သည်။ ဒါကလုံးဝကို လွဲချော်သွားခဲ့သည် ။

ထိုအရည်များမြေပြင်ပေါ်သို့ကျလာသောအခါ သစ်ရွက်များတစ်ရွေ့ရွေ့နှင့်ခြောက်သွေ့ လောင်ကျွမ်းသွားပြီး မီးခိုးငွေ့များအဖြစ်အပေါ်သို့တက်လာတော့သည်။

***

အခန်း ၁၂ မူကွဲနတ်ဆိုးရှိခိုးကောင်

ငွေတောင်ပံငှက်သည် သစ်တောများအတွင်း ဖြတ်သန်းပြေးလွှားနေပုံက ငွေရောင်အလင်းတန်းလေးတစ်ခုနှယ်ထင်ရပြီး ကြီးမားလှသည့် လူမျက်နှာကင်းခြေများကို ပစ်မှတ်ထားနေခဲ့သည်။

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများသည်လဲ သူ၏ခေါင်းထက်မှ ငွေရောင်အလင်းတန်းသဏ္ဍာန်ထိုးဆင်းလာသည့် ငှက်ကြောင့် သူ၏ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ဟကာ ဟိန်းဟောက်လိုက်သည်။

ငွေတောင်ပံငှက်ကတော့ လုံးဝကြောက်ရွံ့သွားခြင်းမရှိပါဘဲ ထိုငွေရောင်အလေးတန်းလေးက ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများကို ဖြတ်တိုက်လိုက်တာကြောင့် မြေပြင်ထွက်သို့ သွေးများ ပတ်ဖြန်းသွားတော့သည်။

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ၏ဒါရာများမှာ ပို၍ ပို၍ပြင်းထန်လာကာ နောက်ဆုံး ပြင်းထန်လွန်းလှသည့် နာကျင်မှုများကြောင့် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ကျောက်တုံးခြေရင်းသို့ပြေးသွားကာ လူးလှိမ့်ငိုကြွေးနေတော့သည်။

ထိုအချင်းအရာကြောင့် ငွေတောင်ပံငှက်လဲ သူ၏တိုက်ခိုက်နှုန်းကို ပိုလို့ပင် တိုးမြှင့်လိုက်လေသည်။

ကင်းခြေများ၏မျက်လုံးထဲတွင်တော့ ကောက်ကျစ်ကာ လိမ်လည်လှည့်ဖျားလိုသည့် အရိပ်အယောင်များထင်ဟက်နေကာ သူ၏ခန္ဓာကိုယ်အလယ်ပိုင်းကို ခုံးလိုက်သည်။

ငွေတောင်ပံငှက် နောက်တစ်ကြိမ် ထိုးဆင်းတိုက်ခိုက်လာသည့် အချိန်တွင်ပဲ ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများက ရုတ်တရက် ခုန်ထလိုက်သည်က လေးကြိုးမှပစ်လွှတ်လိုက်သည့် မြှားတစ်စင်းလိုပင်။

ဘန်း!

ငွေတောင်ပံငှက်မှာ ကင်းခြေများ၏အမြှီးဖြင့် ပုတ်ထုတ်ခံလိုက်ရကာ ဘေ့စ်ဘောတစ်လုံးပမာ လွင့်ထွက်သွားတော့သည်။

ချက်ချင်းပင် ကင်းခြေများ၏အမြှီးမှ အနက်ရောင်နှင့်အဝါရောင် ရောယှက်နေသည့် ပြည်ပုပ်ရည်များမှာ ငွေတောင်ပံငှက်သို့ ပတ်ဖျန်းလိုက်သလိုဖြစ်သွားတော့သည်။

ငွေတောင်ပံငှက်မှာ အဝေးသို့ ရိုက်ထုတ်ခံလိုက်ရတာကြောင့် နာကြည်းစွာအော်ဟစ်ရင်း မြေပြင်သို့ ကျဆင်းသွားတော့သည်။

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများသည်တော့ ချက်ချင်း ငွေတောင်ပံငှက်ဆီသို့ ဆက်လိုက်သွားကာ သူ၏အမြှီးမှ များပြားလှသည့်ပြည်ပုပ်အရည်များဖြင့် ပတ်ဖျန်းလိုက်ပြန်သည်။

ထိုပြည်ပုပ်ရည်များသည် မြေပြင်ထက်သို့လဲ ကျဆင်းသွားကာ အလွန်ရွံ့ရှာစက်ဆုပ်ဖို့ကောင်းလှသည်။

ငွေတောင်ပံငှက် ထပ်မံပျံသန်းချင်ပေမည့် ထိုပြည်ရည်များက သူ၏အမွှေးများကို ကော်သဖွယ်မြေပြင်နှင့် ကပ်ညိနေစေတာကြောင့် တောင်ပံကိုမဖြန့်နိုင်ခဲ့ပေ။ အချို့သော အမွှေးအတော်များဆိုလျှင် အနက်ရောင်အရည်များကြောင့် ပုပ်သို့လို့သွားတော့သည်။

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများသည်လဲ ငွေတောင်ပံငှက်ကဲ့သို့ပင် အဆင့်၁၂ရှိသည့် သားရဲဖြစ်တာကြောင့် ၎င်းတို့နှစ်ကောင်မှာ အဆင့်တူများဖြစ်သည်ဟု ဆိုနိုင်သည်။ ဒါ့အပြင် ငွေတောင်ပံငှက်သည်က အထူးအဆင့်ဖြစ်ကာ သာမာန်အဆင့်ဖြစ်သည့် ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများထက် တစ်ဆင့်မြင့်နေသေးသည်။ ဒါကြောင့်မို့ သာမာန်အဆင့်ကင်းခြေများက တိုက်ပွဲတွင် အနိုင်ရသွားသည်မှာ လက်မခံနိုင်စရာရလဒ်ပင်။

အောင်နိုင်သူကို ဘယ်တော့မှ အဆင့်သတ်မှတ်ချက်များနှင့် မဆုံးဖြတ်နိုင်ဘဲ တိုက်ခိုက်သည့်အတွေ့အကြုံနှင့် ပတ်ဝန်းကျင်အနေအထားများက ပို၍သက်ရောက်မှုရှိသည်။ ယခုတော့ ထိုအချက်ကို ကောင်းဖန် လက်တွေ့ကျကျနားလည်လို့သွားပေပြီ။

ကင်းခြေများသည် အတော်လေးစဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိသူဖြစ်သည်။ အစပိုင်းတွင် သူဘယ်လောက်ပဲ ပြန်တိုက်ခိုက်ဖို့ ကြိုးစားပါစေ ကျရှုံးနေတာကြောင့် ခွန်အားကို ချွေတာဖို့ရန်အတွက် ထွက်ပြေးခဲ့ပေသည်။

ထို့နောက် ရန်သူဘက်က သတိအနေအထားအနည်းငယ်လျော့သွားသည်နှင့် သူ၏ခန္ဓာကိုယ်ကို အသုံးပြုကာ သေစေနိုင်လောက်သည့် တိုက်ခိုက်မှုအပြင်းစားကို လုပ်ဆောင်ခဲ့သည်။

တာ့ဇီသည်တော့ ဒေါသတကြီးအော်ဟစ်နေသည့် ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများကို သတိအနေအထားဖြင့် စောင့်ကြည့်လို့နေသည်။

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ကာ ဘေးတွင်ရှိနေသည့် တာ့ဇီနှင့် တာ့ဇီကို ဆွဲထားသည့် ကောင်းဖန်တို့ကို ဖျက်ခနဲတစ်ချက်လှမ်းကြည့်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦးကို လျစ်လျူရှုကာ တစ်ဖက်ပြန်လှည့်သွားပြီးနောက် ငွေတောင်ပံငှက်ကို သူ၏လက်သည်းများဖြင့် ထိုးစိုက်လိုက်တော့သည်။

မုရုန်ချိုးယဲ့သည်တော့ သူမပါးစပ်ကို လက်ဖြင့်ထိန်းအုပ်ကာ မျက်ရည်များကျဆင်းလာတော့သည်။

ငွေတောင်ပံငှက်သည် လွန်ခဲ့သည့်၂နှစ်ကတည်းက သူမနှင့်အတူရှိနေခဲ့ခြင်းဖြစ်ကာ ထိုငွေတောင်ပံငှက်ကလေးကို ဝယ်ယူကာ အိမ်သို့ခေါ်ဆောင်ခဲ့သည့် နေ့ကိုပင် အခုထိ အမှတ်ရနေစဲဖြစ်သည်။ ၎င်းမှာ သူမလက်များထဲတွင် ကြောင်ပေါက်လေးတစ်ကောင်ပမာ နူးညံ့လွန်းနေခဲ့သည်။

ပြီးခဲ့သည့်၂နှစ်လုံး ငွေတောင်ပံငှက်ကို သူမအမြဲတမ်းလေ့ကျင့်ရန် ခေါ်ဆောင်သွားကာ မြို့ဆင်ခြေဖုံးနေရာများ၊ လယ်ပြင်များတွင် အပြင်းအထန်လေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့သည်။ ငွေတောင်ပံငှက်ကလေး တဖြည်းဖြည်း ကြီးထွားလာသည်ကို သူမ၏ကလေးတစ်ဦးနှယ် စောင့်ကြည့်နေခဲ့ရသူလဲဖြစ်သည်။

အခုများတော့ ငွေတောင်ပံငှက်မှာ မြေပြင်ထက်တွင် အားနည်းစွာလဲလျောင်းလို့နေရင်း မုရုံချိုးယဲ့ရှိရာသို့ ခံစားချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်လို့နေလေသည်။

“တော်လောက်ပြီ။ အခန်းဆက်ပြဇာတ်တစ်ပုဒ်ကြည့်နေရသလိုပဲ။” ခေါင်းဆောင်က ခေါင်းရမ်းလိုက်သည်။

အမိန့်တစ်ခုရရှိလိုက်သလိုပဲ သစ်ကိုင်းများထက်မှ အဖွဲ့မှာ အနည်းငယ်စတင်လှုပ်ရှားလာကြသည်။

ထို့နောက်တွင်တော့ အရိပ်တစ်ခုက တောအုပ်ကြီးထဲသို့ စူးရှသည့်အော်ဟစ်သံတစ်သံနှင့် အတူ ဖြတ်သန်းလို့သွားသည်။

ဝှစ်!

ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများ၏ ခန္ဓာကိုယ်မှာ တုန်ရီလာခဲ့ပြီး သူ့ခေါင်းသည်လဲ ကောင်းကင်ပေါ်သို့ လွင့်တက်သွားတော့သည်။

ကင်းခြေများ၏ခေါင်းမှာ လေထဲတွင် တစ်ပတ်လောက်လည်သွားပြီးနောက် မြေပြင်ထက်သို့ ပြန်လည်ကျဆင်းလာတော့သည်။ ရုတ်တရက် အခြေအနေတွေအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရပြီးနောက် ခေါင်းပြတ်သွားသည့်နေရာမှ သွေးများတလဟောဖြာထွက်လာသည်။

အချိန်များရပ်တန့်သွားသလိုပင်။ တစ်ဆက်တည်းလိုလိုပဲ ခရမ်းရောင်ဖျော့ဖျော့ ဓါးသဏ္ဍာန်ရှည်လျားသည့် လက်မောင်းများကို ကြက်ခြေခတ်ပုံစံထားထားသည့် ရှိခိုးကောင်ပုံရိပ်က မြေပြင်ထက်သို့ ဆင်းသက်လာတော့သည်။

[မကောင်းဆိုးဝါးအမည်] : မူကွဲနတ်ဆိုးရှိခိုးကောင်

[မကောင်းဆိုးဝါးအဆင့်] : အဆင့်၂၀(ထိပ်တန်းအဆင့် )

[မကောင်းဆိုးဝါးအဆင့်အတန်း] : ပြီးပြည့်စုံခြင်းအဆင့်

အဆင့်၂၀(အထူးအဆင့်) ပြီးပြည့်စုံခြင်းအဆင့်အတန်း ;အုပ်ချုပ်သူအဆင့်ထိရောက်ဖို့လို အပ်ချက်ရှိနေတဲ့သားရဲတွေနဲ့ကြည့်တွေ့တာဘဲ၊ အုပ်ချုပ်သူအဆင့်ထိမြှင့်တင်ဖို့ဆိုတာ အချိန်တစ်ခုဘဲလိုအပ်သည်၊ နောက်ထပ်တစ်ဆင့်ဘဲဆိုရင် အုပ်ချုပ်သူအဆင့်ကို ဖြစ်ဖို့ သေချာနေပြီ။

သောက်ရမ်းသန်မာတာဘဲ။ အတန်းထဲကကျောင်းသားအများစုကကြောက်မက်ဖွယ် နတ်ဆိုးရှိခိုးကောင်သားရဲကိုမနာလိုစွာနဲ့ကြည့်နေကြသည်။သူတို့မျက်လုံးထဲမှာတော့ ငွေတောင်ပံငှက်တင်ကိုဘဲတော်တော်သန်မာတဲ့ကိုယ်ပိုင်သားရလို့ထင်နေပြီ၊ ပြီးတော့ ထိတ်လန့်ဖွယ်လူမျက်နှာကင်းခြေများကတော့ ငှက်ကိုရှုံးသွားလို့ဖြုံနေလောက်ပြီ။

ဒါပေမယ့်စွမ်းအားပြည့်ဝတဲ့ကင်းခြေများကဒုတိယတစ်ကြိမ်နတ်ဆိုးရှိခိုးကောင်ရဲ့သတ် တာကိုခံလိုက်ရပြန်သည်။

“ဒါ….ဒါက အုပ်ချုပ်သူအဆင့်ကိုယ်ပိုင်သားရဲလား” ကျောင်းသားတစ်ယောက်က မေးရိုး ကြီးအောက်ပြုတ်ကျသည့်အတိုင်းမေးလာသည်။

“မဟုတ်ဘူး၊ ဒါပေမယ့်နီးစပ်တယ်။” ချန်ဟန်ချောင်က မူကွဲနတ်ဆိုးရှိခိုးကောင်ကိုသေချာ ကြည့်ကာဖြေလာသည်၊

ဟိုင်လန်ယွိဘက်ကိုဖြတ်ခနဲကြည့်မိပြီး သူ့ရဲ့ဟာသဉာဏ်လည်းပျောက်ဆုံးနေသည်၊ ချန်ဟန်ချောင်ကဟိုင်လန်ယွိပုခုံးကိုပုတ်ကာ “ ဟား….တအားလည်းဝမ်းနည်းမနေပါနဲ့ ကွာ။” လို့ပြောကာနှစ်သိမ့်လိုက်သည်။

ခဏလောက်စဉ်းစားပြီးနောက် ချန်ဟန်ချောင်က “ ငါငါ့အဖေကိုနောက်တစ်ခါ သူအလုပ် သွားတဲ့အချိန်ကျရင် မင်းအတွက်သားရဲပေါက် အသစ်လေးမေးပေးမယ်လေ၊” လို့ပြော လိုက်တယ်။

“ကျေးဇူး” ဟိုင်လန်ယွိကမျက်ရည်တွေနဲ့သူ့နှုတ်ခမ်းကိုဆူလိုက်ကာပြောလိုက်သည်။

“ဒါကဘာမှမဟုတ်ပါဘူး၊ ငါတို့က ညီနောင်တွေဘဲကို” ချန်ဟန်ချောင်တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။

“ဟုတ်ပြီ ငါ့ညီနောင်ကြီး”

……

ကောင်းဖန်တိတ်ဆိတ်စွာလှည့်လိုက်သည်၊ သူကိုယ်သူပြန်ဖက်လိုက်ပြီး သူ့နောက်ကျော ဘက်က ကြက်သီးထနေတာကိုဖုံးလိုက်သည်။ သူ့နှလုံးထဲမှာတော့ တစ်ခုခုက မူမမှန်တာ ကိုခံစားနေရသည်။

ညီနောင်….ဘာညီနောင်တွေလဲ။ကောင်းဖန်ရှုပ်ထွေးသွားသည်၊

သူ့မိဘတွေကွယ်လွန်ပြီးတဲ့နောက်,အမျိုးတွေကရှားရှားပါးပါးလာလည်ကြတယ်။သူ့ချစ်ရတဲ့အဖိုးကလည်းပျောက်သွားတယ်။ကပ်ဆိုးကြီးဖြစ်တုန်းကအဖိုးကအင်္ဂလန်ကသူဝယ် ထားတဲ့နေရာမှာအားလပ်ရက်ခရီးထွက်သွားနေခြင်းဖြစ်သည်။ သူအသက်ရှင်ကျန်ရစ်ဖို့ဆို တာမဖြစ်နိုင်သလောက်ဘဲ။

ငါ့အတွက်တခြားညီနောင်တွေဆိုတာမလိုအပ်ဘူး၊ ငါ့မှာသူတို့ရှိတယ် ဒါနဲ့တင်လုံလောက် တယ်။

ကောင်းဖန်သူ့လက်မောင်းထဲကတာ့ဇီကိုကြည့်လိုက်ရင်း သူ့မျက်နှာပေါ်မှာလုပ်မယူထား တဲ့အပြုံးတစ်ခုပေါ်လာသည်။ တာ့ဇီကခေါင်းကိုမြှင့်ကာ အိပ်ပျော်နေပြီး သူ့ဦးမျှင်အစုံက လေတိုက်နေတာကြောင့်ယိမ်းထိုးနေတယ်။ သူကကောင်းဖန်ရဲ့လက်မောင်းထဲမှာနွမ်းလျ စွာနဲ့လဲလျောင်းနေပြီး အတွင်းဘက်ကိုလှည့်လိုက်ကာမှီလိုက်သည်။

“မလှုပ်နဲ့,......ငါမင်းကိုပွေ့ဘဲပွေ့ထားနိုင်တာ။”

ကောင်းဖန်က တာ့ဇီကိုအောက်ချပေးလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ ဒီကောင် တော်တော်လေးတာဘဲ။ ကြည့်လိုက်ရင်သိပ်မသိသာပေမယ့် သူကနှစ်မီတာလောက်ထိ ရှည်ပြီးတော့ အလေးချိန်ကပေါင်တစ်ရာထက်ကျော်တယ်။

ဟိုင်လန်ယွိရဲ့ မတော်တဆမှုပြီးတဲ့နောက် တခြားကျောင်းသားတွေက နိုးနိုးကြားကြားရှိ လာကြသည်။ သူတို့ကိုယ်ပိုင်သားရဲတွေ လျှောက်ထွက်သွားတာတွေခွင့်ပြုမှာမဟုတ်ဘူး။

ကောင်းဖန် ဒူးကိုညွှတ်ကာထိုင်လိုက်ပြီး တာ့ဇီရဲ့ကျောရိုးအကာ ပေါ်ကိုပွတ်ပေးလိုက် တယ်။ သူ့ရဲ့အေးနေတဲ့ကျောရိုးအကာက သံလိုဘဲ။

ကောင်းဖန် ကျောက်ခဲကိုကောက်ယူလိုက်ပြီး တည့်မတ်စွာရပ်လိုက်တယ်၊ သူ့မျက်လုံး တွေကိုကျဉ်းမြောင်းလိုက်ပြီး အကွာအဝေးတစ်ခုကိုစူးစိုက်ကြည့် လိုက်ကာ၊သူ ကျောက်တုံးကို လေထဲသို့မြင့်မြင့်ပစ်လိုက်တယ်။ သူ့ဘေးမှာ, စိတ်ခံစားချက်ချင်း ဆက်သွယ်ထားတဲ့ တာ့ဇီက အပြေးအလွှားထွက်သွားသည်။ ကင်းခြေများရဲ့ အရှိန်က တခြားသားရဲတွေနဲ့ အရွယ်အစားအတူတူလောက်ဘဲမလို့ တအားနှေးမနေဘူး။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူကမီတာတော်တော်ဝေးဝေးကိုရောက်နေပြီ။

စက္ကန့်အနည်းငယ်အတွင်းမှာဘဲ ၎င်းကအရှေ့ကိုခုန်လိုက်ကာ သူ့ခန္ဓာကိုယ်ကိုတင်းတင်း ကျပ်ကျပ်ကွေးလိုက်ပြီး ရုတ်တရက် ဆတ်ခနဲကောက်ဆွဲလိုက်တယ်။ သူ့ရဲ့ချွန်ထက်တဲ့ သွားတွေနဲ့ကြိတ်ထားပြီးသူ့ပါးစပ်ထဲမှာကျောက်ခဲကိုကိုက်ကာ ပစ်လိုက်တဲ့နေရာကို ပြန်လာတော့သည်။

တာ့ဇီကမြန်မြန်ပြန်ပြေးလာပြီး ကျောက်ခဲကိုကောင်းဖန်ရဲ့လက်ထဲသို့ထည့်လိုက်ပြီး သူ့ရဲ့ဦးမျှင်တွေကိုလှုပ်ယမ်းလိုက်ကာ သူကဆုရသင့်သလိုပုံစံမျိုးလုပ်ပြနေသကဲ့သို့ ဖြစ်နေသည်၊ ကောင်းဖန်သူ့ခေါင်းကိုပုတ်လိုက်သည်က ဆုဖြစ်သည်။

“ မင်းတို့က ပါတီကျင်းပနေကြတာလား?” အသံကသူ့နောက်ကသစ်ပင်မှထွက်ပေါ်လာ သည်။ကောင်းဖန်လှည့်လိုက်တော့ ဒိုင်းပြာလုံခြုံရေးအဖွဲ့ခေါင်းဆောင်ကသစ်ကိုင်းပေါ်မှာ ဆောင့်ကြောင့်ထိုင်နေပြီး သူ့ကိုစိတ်ဝင်တစားကြည့်နေမှန်း သိသွားတော့သည်။

“အမ်….မဟုတ်ပါဘူး ကျနော်ကတာ့ဇီရဲ့အမြန်နှုန်းနဲ့သူ့ရဲ့တိကျမှန်ကန်မှုကို စစ်ဆေး နေတာ” ကောင်းဖန်သူ့မျက်ခုံးတွေကိုပင့်ကာဖြေလိုက်၏။

ဖွီး….

ကောင်းဖန်သူ့ လှောင်ရယ်သံကိုကြားလိုက်တယ်ဆိုတာသေချာတယ်။

“တဆိတ်လောက်…..ဒါကဒီတိုင်း…..မင်းလေ့ကျင့်တဲ့နည်းလမ်းက အိမ်မှာကစားနေ သလိုမျိုးရီစရာကောင်းတယ်။” ခေါင်းဆောင်က သူ့မျက်နှာကိုပုတ်လိုက်သည်။ ဒါကသူ့အတွက်အတော်ရယ်စရာကောင်းသည်။

“အရိုးသားဆုံးပြောရမယ်ဆိုရင်, မင်းရဲ့လေ့ကျင့်တဲ့နည်းလမ်းက တကယ့်ကိုကလေး တစ်ယောက်ကစားနေသလိုမျိုးဘဲ၊ ပျင်းဖို့ကောင်းပြီး အချိန်ဖြုန်းနေသလိုမျိုး” ခေါင်းဆောင်က သူ့ခေါင်းကိုခါလိုက်ပြီး ကောင်းဖန်ကိုသေချာစူးစိုက်ကြည့်လိုက်ကာ “မင်းဘယ်တော့မှ မင်းရဲ့ကိုယ်ပိုင်သားရဲကိုဒီလိုနည်းလမ်းနဲ့မလေ့ကျင့်ရဘူး၊ အထူးသဖြင့် မင်းကိုယ်ပိုင်သားရဲက ရက်စက်ပြီးခရမ်းရောင်ကျောခွံနဲ့အဝါရောင်ခြေချောင်းတွေပါတဲ့ ကင်းခြေများဖြစ်နေရင် မင်းကသူ့စွမ်းအင်အလားအလာကို အလေအလွင့်ဖြစ်သွားအောင် လုပ်သလိုမျိုးဖြစ်နေလိမ့်မယ်။”

“ဒါဆို ကျနော်ဘယ်လိုလုပ်ရမလဲ” ကောင်းဖန်ရဲ့မျက်လုံးတွေကရုတ်တရက်တောက်ပ လာတော့တယ်။

***

All Chapters